မ်က္ႏွာခြဲစိတ္မႈျပဳလုပ္ၿပီးတဲ့ေနာက္ ပတ္စ္ပုိ႔ထဲကဓာတ္ပုံနဲ႔ မတူညီတာေၾကာင့္ ေလဆိပ္မွာဒုုကၡေရာက္ၾကသူမ်ား

Posted on

တရုတ္ဆုိရွယ္မီဒီယာေတြေပၚမွာ ေရပန္းစားသြားတဲ့အျဖစ္ တစ္ခုပါ။ တရုတ္ အမ်ဳိးသမီး ၃ေယာက္ယာ ကုိရီးယားႏုိင္ငံမွာ ပလတ္စတစ္ဆာဂ်ရီနည္းနဲ႔ မ်က္ႏွာလွပေအာင္ ျပဳျပင္ခြဲစိတ္အၿပီး တရုတ္ႏုိင္ငံအျပန္ေလဆိပ္မွာ ဒုကၡေရာက္ခဲ့ၾကတာပါ။ သူတုိ႔ရဲ႕ ခြဲစိတ္ၿပီးတဲ့မ်က္ႏွာေတြဟာ ပတ္စ္ပုိ႔ထဲက မ်က္ႏွာနဲ႔ လုံး၀တူညီမႈမရွိတာေၾကာင့္ ေလဆိပ္အရာရွိေတြက အတုေတြလုိ႔ သတ္မွတ္ခဲ့လုိ႔ပါ။

ကမာၻေပၚမွာ ေတာင္ကုိရီးယားႏုိင္ငံဟာ မ်က္ႏွာခြဲစိတ္မႈေနရာမွာ ပထမတန္းဆုိတာ အားလုံးသိၿပီးျဖစ္မွာပါ။ သူတုိ႔ႏုိင္ငံက လူတုိင္းရဲ႕ ၂၀% အထက္ဟာ ခြဲစိတ္ၿပီးသူေတြျဖစ္တဲ့အထိ တြင္က်ယ္ပါတယ္။ တရုတ္ ဂ်ပန္ နဲ႔ အျခားအာရွႏုိင္ငံ အမ်ားစုက ပုိက္ဆံခ်မ္းသာၿပီး မ်က္ႏွာလွပခ်င္တဲ့သူေတြဟာ ကုိရီးယားႏုိင္ငံမွာ ခြဲစိတ္ေလ့ရွိတာဟာ အေလ့အက်င့္တစ္ခုလုိေတာင္ ျဖစ္ေနပါၿပီ။ အဲဒီက ဆရာ၀န္ေတြကလည္း မ်က္ရိုး ၊ ႏွာေခါင္း ၊ မ်က္ႏွာေတြသာ မက အျခားခႏၶာကုိယ္အစိတ္အပုိင္းေတြကိုပါ ျပဳျပင္ႏုိင္တဲ့ အစြမ္းရွိပါတယ္။ အခု တရုတ္အမ်ဳိးသမီး ၃ေယာက္ဟာ လည္း ႏွာေခါင္း နဲ႔ မ်က္ႏွာအျပင္ အရြယ္တင္ၿပီး အေရးအေၾကာင္းကို ေလ်ာ့ေစတဲ့ Botox ေဆးေတြပါ ထုိးခဲ့ၾကပါတယ္။ မ်က္ႏွာခြဲစိတ္မႈေတြဟာ ခြဲစိတ္ၿပီးေပမယ့္ လုိခ်င္တဲ့မ်က္ႏွာရဖုိ႔ ရက္နဲ႔ခ်ီၿပီး အခ်ိန္ေစာင့္ရပါတယ္။ သူတုိ႔ကေတာ့ မေစာင့္ပဲ မ်က္ႏွာကို ျပဳျပင္အၿပီး ေလဆိပ္ကေန မိခင္ႏုိင္ငံကုိ ျပန္ဖုိ႔လုပ္တဲ့အခါမွာေတာ့ ပတ္စ္ပုိ႔ထဲက မ်က္ႏွာနဲ႔ နည္းနည္းေတာင္ မတူညီတာေၾကာင့္ ဒုကၡေရာက္ခဲ့ၾကျခင္းျဖစ္ပါတယ္။

ဒီလုိ အျဖစ္ေတြဟာ ကိုရီးယားေလဆိပ္ေတြမွာ ျဖစ္ေနၾက ျပသနာျဖစ္ပါတယ္။ ဒီျပသနာကို ေျဖရွင္းဖုိ႔အတြက္ ခြဲစိတ္ခဲ့တဲ့ေဆးရုံ ေဆးခန္းေတြမွာ ခြဲစိတ္မႈ မွတ္တမ္းေတြကို ထားရွိခုိင္းပါတယ္။ ဒီမွတ္တမ္းေတြထဲမွာ ဘယ္ႏုိင္ငံ က ဘယ္သူဘယ္၀ါဟာ ဘယ္ေဆးရုံမွာခြဲခဲ့တယ္ဆုိတာ ဓာတ္ပုံ အခ်ိန္အခ်က္အလက္ေတြ ျဖည့္သြင္းထားရပါတယ္။ အမ်ဳိးသမီးေတြဟာ သူတုိ႔ခြဲစိတ္ခဲ့တဲ့ ေဆးရုံကို ဆက္သြယ္ၿပီး အဲဒီမွတ္တမ္းေတြကုိ ျပသေပးဖုိ႔ အကူအညီေတာင္းခဲ့ပါတယ္။ ဒါေပမယ့္ မွတ္တမ္းေတြျပသခဲ့တာေတာင္ အရာရွိေတြက ယုံၾကည္ျခင္းမရွိခဲ့ပါဘူး။ မူရင္းမ်က္ႏွာနဲ႔ မယုံႏုိင္ေလာက္ေအာင္ ကြဲျပားေနလုိ႔ျဖစ္ၿပီး ဒီအတြက္ နာရီေပါင္းမ်ားစြာ ၾကန္႔ၾကာခဲ့ရပါတယ္။ ဒါေၾကာင့္လည္း အြန္းလုိင္းေပၚမွာ ျပန္႔သြားခဲ့တာျဖစ္ၿပီး အမ်ားစုကေတာ့ သူတုိ႔ရဲ႕ ခြဲစိတ္မႈအေပၚမွာ ျပစ္တင္ေ၀ဖန္လွ်က္ရွိပါတယ္။

————-

မျက်နှာခွဲစိတ်မှုပြုလုပ်ပြီးတဲ့နောက် ပတ်စ်ပို့ထဲကဓာတ်ပုံနဲ့ မတူညီတာကြောင့် လေဆိပ်မှာဒုက္ခရောက်ကြသူများ (unicode)

တရုတ်ဆိုရှယ်မီဒီယာတွေပေါ်မှာ ရေပန်းစားသွားတဲ့အဖြစ် တစ်ခုပါ။ တရုတ် အမျိုးသမီး ၃ယောက်ယာ ကိုရီးယားနိုင်ငံမှာ ပလတ်စတစ်ဆာဂျရီနည်းနဲ့ မျက်နှာလှပအောင် ပြုပြင်ခွဲစိတ်အပြီး တရုတ်နိုင်ငံအပြန်လေဆိပ်မှာ ဒုက္ခရောက်ခဲ့ကြတာပါ။ သူတို့ရဲ့ ခွဲစိတ်ပြီးတဲ့မျက်နှာတွေဟာ ပတ်စ်ပို့ထဲက မျက်နှာနဲ့ လုံးဝတူညီမှုမရှိတာကြောင့် လေဆိပ်အရာရှိတွေက အတုတွေလို့ သတ်မှတ်ခဲ့လို့ပါ။

ကမ္ဘာပေါ်မှာ တောင်ကိုရီးယားနိုင်ငံဟာ မျက်နှာခွဲစိတ်မှုနေရာမှာ ပထမတန်းဆိုတာ အားလုံးသိပြီးဖြစ်မှာပါ။ သူတို့နိုင်ငံက လူတိုင်းရဲ့ ၂၀% အထက်ဟာ ခွဲစိတ်ပြီးသူတွေဖြစ်တဲ့အထိ တွင်ကျယ်ပါတယ်။ တရုတ် ဂျပန် နဲ့ အခြားအာရှနိုင်ငံ အများစုက ပိုက်ဆံချမ်းသာပြီး မျက်နှာလှပချင်တဲ့သူတွေဟာ ကိုရီးယားနိုင်ငံမှာ ခွဲစိတ်လေ့ရှိတာဟာ အလေ့အကျင့်တစ်ခုလိုတောင် ဖြစ်နေပါပြီ။ အဲဒီက ဆရာဝန်တွေကလည်း မျက်ရိုး ၊ နှာခေါင်း ၊ မျက်နှာတွေသာ မက အခြားခန္ဓာကိုယ်အစိတ်အပိုင်းတွေကိုပါ ပြုပြင်နိုင်တဲ့ အစွမ်းရှိပါတယ်။ အခု တရုတ်အမျိုးသမီး ၃ယောက်ဟာ လည်း နှာခေါင်း နဲ့ မျက်နှာအပြင် အရွယ်တင်ပြီး အရေးအကြောင်းကို လျော့စေတဲ့ Botox ဆေးတွေပါ ထိုးခဲ့ကြပါတယ်။ မျက်နှာခွဲစိတ်မှုတွေဟာ ခွဲစိတ်ပြီးပေမယ့် လိုချင်တဲ့မျက်နှာရဖို့ ရက်နဲ့ချီပြီး အချိန်စောင့်ရပါတယ်။ သူတို့ကတော့ မစောင့်ပဲ မျက်နှာကို ပြုပြင်အပြီး လေဆိပ်ကနေ မိခင်နိုင်ငံကို ပြန်ဖို့လုပ်တဲ့အခါမှာတော့ ပတ်စ်ပို့ထဲက မျက်နှာနဲ့ နည်းနည်းတောင် မတူညီတာကြောင့် ဒုက္ခရောက်ခဲ့ကြခြင်းဖြစ်ပါတယ်။

ဒီလို အဖြစ်တွေဟာ ကိုရီးယားလေဆိပ်တွေမှာ ဖြစ်နေကြ ပြသနာဖြစ်ပါတယ်။ ဒီပြသနာကို ဖြေရှင်းဖို့အတွက် ခွဲစိတ်ခဲ့တဲ့ဆေးရုံ ဆေးခန်းတွေမှာ ခွဲစိတ်မှု မှတ်တမ်းတွေကို ထားရှိခိုင်းပါတယ်။ ဒီမှတ်တမ်းတွေထဲမှာ ဘယ်နိုင်ငံ က ဘယ်သူဘယ်ဝါဟာ ဘယ်ဆေးရုံမှာခွဲခဲ့တယ်ဆိုတာ ဓာတ်ပုံ အချိန်အချက်အလက်တွေ ဖြည့်သွင်းထားရပါတယ်။ အမျိုးသမီးတွေဟာ သူတို့ခွဲစိတ်ခဲ့တဲ့ ဆေးရုံကို ဆက်သွယ်ပြီး အဲဒီမှတ်တမ်းတွေကို ပြသပေးဖို့ အကူအညီတောင်းခဲ့ပါတယ်။ ဒါပေမယ့် မှတ်တမ်းတွေပြသခဲ့တာတောင် အရာရှိတွေက ယုံကြည်ခြင်းမရှိခဲ့ပါဘူး။ မူရင်းမျက်နှာနဲ့ မယုံနိုင်လောက်အောင် ကွဲပြားနေလို့ဖြစ်ပြီး ဒီအတွက် နာရီပေါင်းများစွာ ကြန့်ကြာခဲ့ရပါတယ်။ ဒါကြောင့်လည်း အွန်းလိုင်းပေါ်မှာ ပြန့်သွားခဲ့တာဖြစ်ပြီး အများစုကတော့ သူတို့ရဲ့ ခွဲစိတ်မှုအပေါ်မှာ ပြစ်တင်ဝေဖန်လျှက်ရှိပါတယ်။

Leave a Reply