ကမာၻ႔ေၾကာက္စရာ အေကာင္းဆုံး သရဲအိမ္ (သုိ႔) ဂ်ပန္က Labyrinth of Fear

Posted on

သတၱိေကာင္းပါတယ္ဆုိတဲ့သူေတာင္ ေၾကာက္လန္႔ေအာ္ရတဲ့ သရဲအိမ္ကေတာ့ ဂ်ပန္ႏုိင္ငံ ဖူဂ်ီေတာင္ေျခရင္းက Fuji-Q Highland Theme Park ထဲမွာရွိတဲ့ Labyrinth of Fear လုိ႔ေခၚတဲ့ သရဲအိမ္ပဲျဖစ္ပါတယ္။ ၀င္ေရာက္ဖူးသူတုိင္းကေတာ့ ေသြးျပတ္မတတ္ေၾကာက္စရာေကာင္းလြန္းတဲ့ေနရာလုိ႔ မွတ္္ခ်က္ေပးၾကၿပီး ေတာ္ရုံသတၱိမရွိပဲနဲ႔ေတာ့ ၀င္ဖုုိ႔မလြယ္တဲ့ေနရာပါ။ သရဲအိမ္ျဖစ္ေပမယ့္ ၄၅မိနစ္ကေန ၁နာရီခန္႔ လမ္းေလွ်ာက္ရမယ့္ ၁ကီလုိမီတာ ခရီးျဖစ္ပါတယ္။

၁နာရီေတာင္မျပည့္တာ ေအးေဆးပါလုိ႔ထင္ေနရင္ေတာ့ မွားသြားပါလိမ့္မယ္။ ဒီအထဲကုိ၀င္ၿပီးရင္ ၾကာခ်ိန္ ၁နာရီဟာ အဲဒီထက္အမ်ားႀကီးပုိၾကာတယ္လုိ႔ ထင္ရတဲ့အထိေၾကာက္လန္႔ဖုိ႔ေကာင္းေအာင္ ေျခာက္မွာျဖစ္ပါတယ္။ ေတာ္ေတာ္မ်ားမ်ား အဆုံးအထိ မေလွ်ာက္ရဲပဲ လမ္းတစ္၀က္ထြက္ေပါက္ကေန ျပန္ျပန္ေျပးခ်င္စိတ္ျဖစ္ေလ့ရွိပါတယ္။ ဒါေပမယ့္ တစ္ေယာက္တစ္ေလကလြဲရင္ ျပန္မထြက္ၾကပဲ ေၾကာက္ေၾကာက္နဲ႔ ၿပီးေအာင္သြားေလ့ရွိပါတယ္။ အေၾကာင္းကေတာ့ ၀င္ေၾကးေပးထားရတဲ့အျပင္ ေၾကာက္လန္႔ရတဲ့အရသာကို ခံစားခ်င္ၾကလုိ႔ပါတဲ့။ ဒီထဲကုိ၀င္ၿပီး ေအးေအးေဆးေဆးထြက္လာႏုိင္တဲ့သူကိုေတာ့ အရမ္းသတၱိေကာင္းတဲ့သူလုိ႔ ဆုိႏုိင္ပါတယ္။

သရဲအိမ္ဆုိတာကေတာ့ ႏွစ္ထပ္ရွိတဲ့အိမ္တစ္လုံးျဖစ္ၿပီး စြန္႔ပစ္ေဆးရုံတစ္ရုံအတုိင္း ျပဳလုပ္ထားတာျဖစ္ပါတယ္။ ထူးျခားထိတ္လန္႔ဖြယ္ရာ ျမင္ကြင္းေတြ ၊ ေၾကာက္လန္႔ဖုုိ႔ေကာင္းတဲ့ အသံနဲ႔ လွ်ပ္တျပက္ေပၚလာတတ္တဲ့ သရဲေတြ ၊ ေသဆုံးေနတဲ့သူေတြ ၊ ဆရာ၀န္ သူနာျပဳ သရဲေတြ စတဲ့ေျခာက္ျခားစရာ အျပင္အဆင္နဲ႔ ဖန္တီးထားတဲ့ ဒီသရဲအိမ္ထဲမွာ မီတာ ၉၀၀ ခန္႔လမ္းေလွ်ာက္ရမွာျဖစ္ပါတယ္။ တခါတရံ ကုိယ့္ေရွ႕ကုိ အေလာင္းေတြ သရဲေတြ ဘုန္းခနဲဆုိ ျပဳတ္က်တတ္တာလည္း ႀကဳံေလ့ရွိပါတယ္။ မီးအလင္းအေမွာင္ နဲ႔ အသံစနစ္ကလည္း တကယ့္အျပင္နဲ႔ ထပ္တူ ေျခာက္ျခားဖုိ႔ေကာင္းေအာင္ ဖန္တီးထားပါတယ္။ အရမ္းေၾကာက္ဖုိ႔ေကာင္းလုိ႔ ေရွ႕ဆက္မသြားရဲေတာ့ သူမ်ားရွိေနရင္လည္း စုိးရိမ္ဖုိ႔မလုိပါဘူး။ ႏႈတ္ထြက္လက္ေလွ်ာ့တယ္(Retire) လုိ႔ အမွတ္အသားျပဳထားတဲ့ အေပါက္ကေန အျပင္ကိုျပန္္ထြက္လုိ႔ရပါတယ္။

ဒီသရဲ အိမ္ရဲ႕ ၀င္ေၾကးကေတာ့ ဂ်ပန္ေငြ ယန္း ၁၀၀၀ (US 9$) ျဖစ္ပါတယ္။ လူေတြဟာ ေၾကာက္ေပမယ့္ ေၾကာက္တဲ့အရသာကုိခံစားခ်င္တာေၾကာင့္ ဒီနာမည္ႀကီး သရဲအိမ္ဟာ အၿမဲလူျပည့္ေနေလ့ရွိၿပီး ကုိယ့္အလွည့္ေရာက္ဖုိ႔ နာရီနဲ႔ခ်ီၿပီး ႀကဳိေစာင့္ရေလ့ရွိပါတယ္။ အထဲ၀င္ၿပီးသူအမ်ားစုဟာ သရဲအိမ္ထဲ၀င္တာကို ေမ့သြားၿပီး သရဲေျခာက္တဲ့ေဆးရုံတစ္ရုံကုိ ေရာက္သလုိ ေအာ္ဟစ္ငုိယုိေလ့ရွိပါတယ္။ တခ်ဳိ႕ေယာကၤ်ားေလးေတြဆုိရင္ ေၾကာက္လန္႔ေဒါသထြက္ၿပီး သတိလက္လႊတ္ျဖစ္ကာ သရဲေယာင္ေဆာင္ထားတဲ့ ၀န္ထမ္းေတြကို ထုိးႀကိတ္တဲ့အထိ ျဖစ္ေလ့ရွိပါတယ္။ သြားေရာက္စမ္းသပ္ခ်င္သူမ်ား ကေတာ့ ဂ်ပန္ႏိုင္ငံ Fujiyoshida မွာရွိတဲ့ Fujikyu-Highland က သရဲအိမ္မွာစမ္းသပ္ႏုိင္ပါတယ္။ အစမ္းၾကည့္လုိသူေတြအတြက္ေတာ့ ေအာက္မွာ ဗီဒီယုိကုိ တင္ေပးလုိက္ပါတယ္။

————–

ကမ္ဘာ့ကြောက်စရာ အကောင်းဆုံး သရဲအိမ် (သို့) ဂျပန်က Labyrinth of Fear (unicode)

သတ္တိကောင်းပါတယ်ဆိုတဲ့သူတောင် ကြောက်လန့်အော်ရတဲ့ သရဲအိမ်ကတော့ ဂျပန်နိုင်ငံ ဖူဂျီတောင်ခြေရင်းက Fuji-Q Highland Theme Park ထဲမှာရှိတဲ့ Labyrinth of Fear လို့ခေါ်တဲ့ သရဲအိမ်ပဲဖြစ်ပါတယ်။ ဝင်ရောက်ဖူးသူတိုင်းကတော့ သွေးပြတ်မတတ်ကြောက်စရာကောင်းလွန်းတဲ့နေရာလို့ မှတ်ချက်ပေးကြပြီး တော်ရုံသတ္တိမရှိပဲနဲ့တော့ ဝင်ဖို့မလွယ်တဲ့နေရာပါ။ သရဲအိမ်ဖြစ်ပေမယ့် ၄၅မိနစ်ကနေ ၁နာရီခန့် လမ်းလျှောက်ရမယ့် ၁ကီလိုမီတာ ခရီးဖြစ်ပါတယ်။

၁နာရီတောင်မပြည့်တာ အေးဆေးပါလို့ထင်နေရင်တော့ မှားသွားပါလိမ့်မယ်။ ဒီအထဲကိုဝင်ပြီးရင် ကြာချိန် ၁နာရီဟာ အဲဒီထက်အများကြီးပိုကြာတယ်လို့ ထင်ရတဲ့အထိကြောက်လန့်ဖို့ကောင်းအောင် ခြောက်မှာဖြစ်ပါတယ်။ တော်တော်များများ အဆုံးအထိ မလျှောက်ရဲပဲ လမ်းတစ်ဝက်ထွက်ပေါက်ကနေ ပြန်ပြန်ပြေးချင်စိတ်ဖြစ်လေ့ရှိပါတယ်။ ဒါပေမယ့် တစ်ယောက်တစ်လေကလွဲရင် ပြန်မထွက်ကြပဲ ကြောက်ကြောက်နဲ့ ပြီးအောင်သွားလေ့ရှိပါတယ်။ အကြောင်းကတော့ ဝင်ကြေးပေးထားရတဲ့အပြင် ကြောက်လန့်ရတဲ့အရသာကို ခံစားချင်ကြလို့ပါတဲ့။ ဒီထဲကိုဝင်ပြီး အေးအေးဆေးဆေးထွက်လာနိုင်တဲ့သူကိုတော့ အရမ်းသတ္တိကောင်းတဲ့သူလို့ ဆိုနိုင်ပါတယ်။

သရဲအိမ်ဆိုတာကတော့ နှစ်ထပ်ရှိတဲ့အိမ်တစ်လုံးဖြစ်ပြီး စွန့်ပစ်ဆေးရုံတစ်ရုံအတိုင်း ပြုလုပ်ထားတာဖြစ်ပါတယ်။ ထူးခြားထိတ်လန့်ဖွယ်ရာ မြင်ကွင်းတွေ ၊ ကြောက်လန့်ဖို့ကောင်းတဲ့ အသံနဲ့ လျှပ်တပြက်ပေါ်လာတတ်တဲ့ သရဲတွေ ၊ သေဆုံးနေတဲ့သူတွေ ၊ ဆရာဝန် သူနာပြု သရဲတွေ စတဲ့ခြောက်ခြားစရာ အပြင်အဆင်နဲ့ ဖန်တီးထားတဲ့ ဒီသရဲအိမ်ထဲမှာ မီတာ ၉၀၀ ခန့်လမ်းလျှောက်ရမှာဖြစ်ပါတယ်။ တခါတရံ ကိုယ့်ရှေ့ကို အလောင်းတွေ သရဲတွေ ဘုန်းခနဲဆို ပြုတ်ကျတတ်တာလည်း ကြုံလေ့ရှိပါတယ်။ မီးအလင်းအမှောင် နဲ့ အသံစနစ်ကလည်း တကယ့်အပြင်နဲ့ ထပ်တူ ခြောက်ခြားဖို့ကောင်းအောင် ဖန်တီးထားပါတယ်။ အရမ်းကြောက်ဖို့ကောင်းလို့ ရှေ့ဆက်မသွားရဲတော့ သူများရှိနေရင်လည်း စိုးရိမ်ဖို့မလိုပါဘူး။ နှုတ်ထွက်လက်လျှော့တယ်(Retire) လို့ အမှတ်အသားပြုထားတဲ့ အပေါက်ကနေ အပြင်ကိုပြန်ထွက်လို့ရပါတယ်။

ဒီသရဲ အိမ်ရဲ့ ဝင်ကြေးကတော့ ဂျပန်ငွေ ယန်း ၁၀၀၀ (US 9$) ဖြစ်ပါတယ်။ လူတွေဟာ ကြောက်ပေမယ့် ကြောက်တဲ့အရသာကိုခံစားချင်တာကြောင့် ဒီနာမည်ကြီး သရဲအိမ်ဟာ အမြဲလူပြည့်နေလေ့ရှိပြီး ကိုယ့်အလှည့်ရောက်ဖို့ နာရီနဲ့ချီပြီး ကြိုစောင့်ရလေ့ရှိပါတယ်။ အထဲဝင်ပြီးသူအများစုဟာ သရဲအိမ်ထဲဝင်တာကို မေ့သွားပြီး သရဲခြောက်တဲ့ဆေးရုံတစ်ရုံကို ရောက်သလို အော်ဟစ်ငိုယိုလေ့ရှိပါတယ်။ တချို့ယောင်္ကျားလေးတွေဆိုရင် ကြောက်လန့်ဒေါသထွက်ပြီး သတိလက်လွှတ်ဖြစ်ကာ သရဲယောင်ဆောင်ထားတဲ့ ဝန်ထမ်းတွေကို ထိုးကြိတ်တဲ့အထိ ဖြစ်လေ့ရှိပါတယ်။ သွားရောက်စမ်းသပ်ချင်သူများ ကတော့ ဂျပန်နိုင်ငံ Fujiyoshida မှာရှိတဲ့ Fujikyu-Highland က သရဲအိမ်မှာစမ်းသပ်နိုင်ပါတယ်။ အစမ်းကြည့်လိုသူတွေအတွက်တော့ အောက်မှာ ဗီဒီယိုကို တင်ပေးလိုက်ပါတယ်။

 

 

Leave a Reply