ျမန္မာႏိုင္ငံ၏ ပထမဆံုး ေလသူရဲ (သုိ႔) မီးပံုးပ်ံ ဦးေက်ာ္ရင္

Posted on

ဦးေက်ာ္ရင္သည္ ျမန္မာႏိုင္ငံ၏ ပထမဆံုး ေလသူရဲ ျဖစ္ေပသည္။ တခ်ိန္က ျမန္မာတစ္ျပည္လံုးတြင္ ဟိုးေလးတေက်ာ္ ထင္ရွားခဲ့၍ တစ္ဦးတည္း ေပၚထြန္းခဲ့ဖူးေသာ သူတစ္ဦး ျဖစ္ေပသည္။ ျမန္မာစာမွ်သာ တတ္ေသာ ပံုဆြဲဆရာဘ၀မွ ေန၍ မီးပံုးပ်ံကို ႀကံစည္ျပဳလုပ္ၿပီးလွ်င္ ၁၉၂၉-ခုႏွစ္မွ ၁၉၃၉-ခုႏွစ္အထိ (အသက္ ၅၆ႏွစ္မွ ၆၆ႏွစ္အထိ) ၁၀-ႏွစ္အတြင္း မီးပံုးပ်ံ ၅-လံုးျဖင့္ အႀကိမ္ေပါင္း ၅၅-ႀကိမ္မွ် ျမန္မာျပည္ အႏွံ႔အျပား လွည့္လည္စီးျပခဲ့ေလသည္။

ဦးေက်ာ္ရင္ကို ၁၅ ဇန္နဝါရီ ၁၈၇၄ တြင္ ထားဝယ္ခ႐ိုင္ ေလာင္းလံုၿမိဳ႕နယ္ ပန္းတလဲ႐ြာ၌ ဖြားျမင္ခဲ့သည္။ မိဘမ်ားမွာ လယ္သမားႀကီး ဦးေ႐ႊဘြားႏွင့္ ေဒၚမင္းရယ္တို႔ ျဖစ္ၾကသည္။ ေမြးခ်င္း ခုနစ္ဦးအနက္ ပဥၥမေျမာက္ ျဖစ္၏။ ငယ္စဥ္က ေအာက္ေရျဖဴေက်း႐ြာ ဘုန္းေတာ္ႀကီးေက်ာင္းတြင္ ပညာ ဆည္းပူးခဲ့ၿပီး အစိုးရစစ္ ေလးတန္း ဝင္ေရာက္ ေျဖဆို ေအာင္ျမင္ခဲ့သည္။ ဉာဏ္ပညာ ထက္ျမက္ေသာ ေမာင္ေက်ာ္ရင္ကို နယ္လွည့္ ပညာဝန္ ဦးထြန္းအုန္းက ေတြ႕ရွိသြားရာမွာ ပညာ ဆက္လက္ သင္ယူႏိုင္ရန္ ဆရာေတာ္ႏွင့္ မိဘမ်ားကို ခြင့္ပန္လ်က္ ေခၚေဆာင္ သြား၏။

ေမာင္ေက်ာ္ရင္သည္ သတၲမတန္းကို ပ်ဥ္းမနားၿမိဳ႕မွ ေအာင္ျမင္ခဲ့ၿပီး အလယ္တန္း ဆရာအျဖစ္ အမႈထမ္းခဲ့သည္။ ထိုစဥ္အတြင္း အဂၤလိပ္စာကို ႀကိဳးစား ေလ့လာကာ ဝါသနာ ပါေသာ ပံုဆြဲဆရာ ရာထူးအတြက္ စာေမးပြဲ ဝင္ေရာက္ ေျဖဆို ေအာင္ျမင္ခဲ့သည္။ ဤသို႔ျဖင့္ ဦးေက်ာ္ရင္သည္ ထားဝယ္ အထက (၁) ၌ ပံုဆြဲဆရာ ျဖစ္လာခဲ့သည္။ အသက္ ၃၁ ႏွစ္ အ႐ြယ္တြင္ ဦးေက်ာ္ရင္၊ ေဒၚမမႏွင့္ အိမ္ေထာင္က်ကာ ထားဝယ္ၿမိဳ႕၌ အေျခစိုက္ ေနထိုင္ ခဲ့သည္။ ထိုစဥ္က သတင္းစာမ်ားတြင္ ႏိုင္ငံျခား ေလယာဥ္ ပ်က္က်မႈ သတင္းမ်ား မၾကာခဏ ပါရွိရာ ဦးေက်ာ္ရင္က စက္ပ်က္၍ ေလယာဥ္ ထိုးက်သည့္တိုင္ အက်ေကာင္း၍ အေသအေပ်ာက္ နည္းမည့္ နည္းလမ္းမ်ားကို ၾကံဆခဲ့သည္။ ထို႔ေနာက္ ေလယာဥ္ ပံုစံငယ္မ်ား ထုတ္လုပ္ စမ္းသပ္ၾကည့္၏။ ဤသတင္း သူရိယ သတင္းစာ၌ ပါလာၿပီးေနာက္ ျမန္မာျပည္ ဘုရင္ခံ႐ံုးမွ တဆင့္ အဂၤလန္ ေလေၾကာင္း ကုမၸဏီ တခုက ေလယာဥ္ပံုစံ ေရးဆြဲ ေပးရန္ ဆက္သြယ္ လာခဲ့သည္။

ေလယာဥ္ ကုမၸဏီႏွင့္ ဦးေက်ာ္ရင္တို႔ အၾကား စာအဆက္အသြယ္ ျပဳေနၾကစဥ္ ပထမ ကမာၻစစ္ႀကီး ျဖစ္လာခဲ့သည္။ စစ္ၿပီးဆံုး သြားေသာ အခါ ေလေၾကာင္း ကုမၸဏီႏွင့္ အဆက္အသြယ္ ျပတ္သြား၏။ ေလေၾကာင္း ကုမၸဏီ ဖ်က္သိမ္းလိုက္၍ ျဖစ္မည္ ထင္ပါသည္။ ထိုစဥ္အတြင္း ပုဂၢိဳလ္တဦးက ျမန္မာ့အလင္း သတင္းစာ၌ ေဆာင္းပါး တပုဒ္ ေရးသားခဲ့သည္။ ယင္းေဆာင္းပါးတြင္ “ထားဝယ္မွ ေမာင္ေက်ာ္ရင္ ဆိုသူ တဦးသည္ ေလယာဥ္ပ်ံ လုပ္တတ္သည္ဟုကား ဝါခဲ့ဖူးေသာ္လည္း ယခုအခါ ေသသလား၊ ရွင္သလား မသိ တိမ္ျမဳပ္ သြားေလၿပီ” ဟု ခ်ိဳးႏွိမ္စြာ ေရးသား ေဖာ္ျပခဲ့ေလသည္။ ဦးေက်ာ္ရင္က သူရိယ သတင္းစာမွပင္ ေဆာင္းပါးျဖင့္ ျပန္လည္ ေခ်ပ ေရးသားခဲ့၏။ ဦးေက်ာ္ရင္၏ ေဆာင္းပါး၌ “မိမိသည္ ေလယာဥ္ပ်ံ လုပ္တတ္သည္ဟု မၾကြားဝါခဲ့ေၾကာင္း၊ ေကာင္းကင္၌ ေလယာဥ္ပ်ံမ်ား စက္ပ်က္သြားေသာ အခါတြင္ ထိုးက် ပ်က္စီးျခင္း မရွိရေအာင္ ျပဳလုပ္ႏိုင္ေသာ နည္းကို စာေရးသားခဲ့ေၾကာင္း၊ ျမန္မာ ျမန္မာခ်င္း အထင္ေသးသည္မွာ ဝမ္းနည္းဖြယ္ရာ ေကာင္းေၾကာင္း၊ ယခု မိမိ မေသေသး၍ မိမိ အစြမ္းကို ေစာင့္ၾကည့္ ေစလိုေၾကာင္း” စသျဖင့္ ျပန္လည္ ေခ်ပ စိန္ေခၚခဲ့သည္။

ဦးေက်ာ္ရင္သည္ မိမိ၏ အစြမ္းကို ျပသႏိုင္ေရး အတြက္ အဖက္ဖက္မွ စဥ္းစားသည္။ အသက္ ၅၅ ႏွစ္တြင္ ပင္စင္ ယူလိုက္ၿပီးေနာက္ သူ၏ စိတ္ထဲ၌ စြဲလန္းေနေသာ မီးပံုးပ်ံ စီး၍ စြန္႔စားရန္ အၾကံအစည္ကို စတင္ အေကာင္အထည္ ေဖာ္ေတာ့သည္။ ဦးေက်ာ္ရင္က ဦးစြာ မီးပံုးပ်ံ ပံုစံ ထုတ္လုပ္သည္။ ထို႔ေနာက္ တပည့္ လက္သားမ်ားႏွင့္အတူ ဇာတိ ပန္းတလဲ႐ြာသို႔ သြားေရာက္ကာ အေတာင္ ၈၀ ရွိ ပိတ္အုပ္ ၂၄ အုပ္ကို အသံုးျပဳၿပီး မီးပံုးပ်ံႀကီး ခ်ဳပ္လုပ္သည္။ မီးပံုးပ်ံႀကီး ၿပီးစီးသြားေသာအခါ မီးခိုးမိႈင္းသြင္းၾကည့္ရာ အျမင့္ အေတာင္ ၃၀၊ လံုးပတ္ အေတာင္ ၁၀ဝ ရွိၿပီး ထန္းပင္ ထိပ္ဖ်ားခန္႔ ျမင့္၍ ႐ုန္းကန္မႈ ေကာင္းေၾကာင္း ေတြ႕ရသည္။ သို႔ေသာ္ သတင္းက ေပါက္ၾကားသြား သျဖင့္ ထားဝယ္ အေရးပိုင္က ဦးေက်ာ္ရင္ကို မီးပံုးပ်ံ မစီးရန္ တားျမစ္ခဲ့သည္။ ဦးေက်ာ္ရင္က ထပ္မံ ခြင့္ေတာင္းေသာ္လည္း မရရွိ သို႔ျဖင့္ တနသၤာရီတိုင္း မင္းႀကီးထံသို႔ ခြင့္ေတာင္းျပန္ရာ မရရွိခဲ့ေပ။

ေနာက္ဆံုးတြင္ ျမန္မာျပည္ ဘုရင္ခံသို႔ အက်ိဳးအေၾကာင္း ျပ၍ ခြင့္ေတာင္းသည္။ ဘုရင္ခံက ခြင့္ျပဳသျဖင့္ ၁၉၂၉ ခုႏွစ္၊ မတ္လတြင္ ထားဝယ္ၿမိဳ႕ ၾကက္စားျပင္ရပ္ လယ္ကြင္း အတြင္း၌ မီးပံုးပ်ံ စီးရန္ ျပင္ဆင္ေတာ့သည္။ အေရးပိုင္ ကိုယ္တိုင္ ဦးေက်ာ္ရင္အား မီးပံုးပ်ံ စီးမည့္ ေနရာသို႔ ေမာ္ေတာ္ကားျဖင့္ ေခၚေဆာင္ လာေပးပါသည္။ မီးပံုးပ်ံ မိႈင္းဝလွ်င္ ဆိုင္းႀကိဳးကို ျဖဳတ္ေပးလိုက္ရာ မီးပံုးပ်ံ အဝ သံေခ်ာင္းေခြ၌ ခ်ည္ေႏွာင္ထားေသာ ႀကိဳးတန္းျဖင့္ ဆက္သြယ္ထားသည့္ သံဘားတန္းကို ကိုင္လ်က္ ဦးေက်ာ္ရင္ မီးပံုးပ်ံႏွင့္ အတူ မိုးေကာင္းကင္ထက္သို႔ တစတစ ျမင့္တက္ သြားပါသည္။ ပရိသတ္မ်ားက လက္ခုပ္ဩဘာ တီး၍ ေအာ္ဟစ္ အားေပးၾကသည္။ မီးပံုးပ်ံႀကီးမွာ ႏွစ္မိုင္ခန္႔ အထိ ျမင့္တက္သြားၿပီး ၾကက္စားျပင္ရပ္မွ တမိုင္ခန္႔ ကြာေဝးေသာ ေနရာသို႔ ျပန္က်လာခဲ့သည္။

ဦးေက်ာ္ရင္၏ သတင္းမွာ ျမန္မာတျပည္လံုး ပ်ံ႕ႏွံ႔ သြားခဲ့ၿပီးေနာက္ ၁၉၃၀ ျပည့္ႏွစ္တြင္ ရန္ကုန္ၿမိဳ႕ National Sporting Club၏ ႀကီးၾကပ္မႈျဖင့္ ကန္ေတာ္ႀကီး အလယ္ကြ်န္း၌ မီးပံုးပ်ံ စီးျပခဲ့သည္။ မီးပံုးပ်ံႀကီး တက္ခါစတြင္ ႀကိဳးမွာ ယမ္းလႈပ္ ေနရာ ဦးေက်ာ္ရင္မွာ သစ္ပင္၊ သစ္ကိုင္းမ်ားႏွင့္ ႐ိုက္မိေတာ့သည္။ သစ္ပင္ တပင္၏ အကိုင္းတြင္ ဆြဲခို က်န္ရစ္သျဖင့္သာ အသက္ေဘးမွ လြတ္ေျမာက္ ခဲ့ရေသာ္လည္း သစ္ကိုင္း ပဲ့က်သျဖင့္ ေအာက္ေျခ ဂဝံ ေက်ာက္တံုးႏွင့္ ထိခိုက္မိကာ ဒဏ္ရာ အနည္းငယ္ ရရွိသြားသည္။

ဤအျဖစ္အပ်က္ကို သတင္းစာ၌ ေဖာ္ျပရာတြင္ ဦးေက်ာ္ရင္က အနာေပ်ာက္လွ်င္ ထပ္ၿပီး စီးျပပါမည္ဟု ကတိျပဳေၾကာင္း ေဖာ္ျပ ပါရွိ၏။ ယင္းေနာက္ ရန္ကုန္ၿမိဳ႕တြင္ သံုးႀကိမ္တိုင္ ေအာင္ျမင္စြာ စီးျပခဲ့ပါသည္။ ရရွိသမွ် ေငြအားလံုးကိုလည္း ကုန္က်စရိတ္မွ်သာ ႏႈတ္ယူၿပီး ၿမိဳ႕မေက်ာင္း ေဆာက္လုပ္ေရး ရန္ပံုေငြသို႔ လွဴဒါန္းခဲ့သည္။
၁၉၃၄ ခုႏွစ္တြင္ ၿမိတ္ၿမိဳ႕၌ မီးပံုးပ်ံ စီးနင္း ျပသခဲ့စဥ္ကလည္း ပင္လယ္တြင္းသို႔ က်ေရာက္ခဲ့ရသည္။ မီးပံုးပ်ံမွာ လိုသလို ထိန္းေက်ာင္း၍ ရႏိုင္သည္ မဟုတ္ဘဲ ျမင့္လိုသမွ် ျမင့္တက္ၿပီး က်ခ်င္သည့္ ေနရာ၌ က်သည္။ သို႔ေၾကာင့္လည္း အလြန္ အႏၱရာယ္မ်ားလွေသာ လုပ္ငန္းဟု ဆိုႏိုင္ပါသည္။ မည္သို႔ ဆိုေစကာမူ ဦးေက်ာ္ရင္ကား အသက္ ၆၆ ႏွစ္ အ႐ြယ္ ကြယ္လြန္ခ်ိန္ အထိ ျမန္မာျပည္ အရပ္ရပ္၌ မီးပံုးပ်ံ (၅၅) ႀကိမ္ စီးနင္း ျပသခဲ့ပါသည္။ ရရွိသမွ် ေငြေၾကး အားလံုးကိုလည္း လူမႈေရး ရန္ပံုေငြ အျဖစ္ လွဴဒါန္းခဲ့၏။

ဦးေက်ာ္ရင္ မီးပံုးပ်ံ စီးျပေသာ အခါ ဦးေက်ာ္ရင္ကို အားက်ၾကသူမ်ား အလွ်ိဳလွ်ိဳ ေပၚေပါက္လာခဲ့သည္။ ထင္ရွားခဲ့သူ တဦးမွာ စတန္႔မင္းသား ခ်စ္ေဆြႀကီးပင္ ျဖစ္ပါသည္။ ေအဝမ္း ဖလင္မွ ဒါ႐ိုက္တာ ဦးတင္ေမာင္ ႐ိုက္ကူးေသာ ျမဂႏိုင္ ႐ုပ္ရွင္ ဇာတ္ကားတြင္ မီးပံုးပ်ံ စီး၍ ထြက္ေျပးခန္း တခန္း ပါရွိ၏။ ပုလိပ္မ်ား (ယခုေခတ္ ရဲတပ္ဖြဲ႕ဝင္မ်ား) လိုက္လာသျဖင့္ လူဆိုးျဖစ္သူ စတန္႔မင္းသားက ေရွ႕မွ ထြက္ေျပးရရာ စမ္းေခ်ာင္း ပဒုမၼာကြင္း အေရာက္တြင္ မီးပံုးပ်ံ စီးရန္ ဟန္ျပင္ေနေသာ ဦးေက်ာ္ရင္အား တြန္းဖယ္ကာ လူဆိုးက မီးပံုးပ်ံ စီး၍ ထြက္ေျပးသြားပံု ျဖစ္သည္။ လူဆိုး၏ ေနရာတြင္ စတန္႔မင္းသား ခ်စ္ေဆြႀကီးက မီးပံုးပ်ံ စီး၍ ပါဝင္ သ႐ုပ္ေဆာင္ခဲ့ျခင္း ျဖစ္သည္။

မီးပံုးပ်ံ စီးျပမႈမ်ား ဟိုးေလးတေက်ာ္ ျဖစ္လာခ်ိန္တြင္ အမ်ိဳးသမီး လူစြမ္းေကာင္း တဦး ေပၚေပါက္ လာျပန္ပါသည္။ ထိုအမ်ိဳးသမီးမွာ တာေမြ၊ ဗ်ိဳင္းေရအိုးစင္ရပ္၊ ရတနာလမ္းေန ဇာတ္ပို႔ အမ်ိဳးသမီး သ႐ုပ္ေဆာင္ ေဒၚျမႀကီး၏ သမီး မတင္ႏု ဆိုသူ ျဖစ္ပါသည္။ မတင္ႏုမွာ အသက္ ၂၀ ႏွစ္ အ႐ြယ္သာ ရွိေသးေသာ္လည္း ရဲစြမ္းသတၲိႏွင့္ ျပည့္စံုသူ ျဖစ္သည္။ ျမန္မာ အမ်ိဳးသမီး မတင္ႏုက မီးပံုးပ်ံ စီးနင္း ျပသမည္ ျဖစ္ေၾကာင္း သတင္းမ်ား ပ်ံ႕လြင့္လာေသာ အခါ ၿဗိတိသွ် အစိုးရကပင္ စိုးရိမ္မကင္း ျဖစ္လာခဲ့သည္။ အမ်ိဳးသားမ်ားပင္လွ်င္ အသက္အႏၱရာယ္ ႀကီးမားလွေသာ မီးပံုးပ်ံ စီးနင္းျခင္း အမႈကို ျမန္မာ အမ်ိဳးသမီး မတင္ႏုအား ၿဗိတိသွ်တို႔က ခြင့္မျပဳခဲ့ေပ။ သို႔ေသာ္ မတင္ႏုမွာ ေနာင္တြင္ မီးပံုးပ်ံ မတင္ႏုဟု အမည္ တြင္ခဲ့ပါသည္။

မီးပံုးပ်ံ ဦးေက်ာ္ရင္ကို အားက်သူမ်ားထဲတြင္ ဦးေက်ာ္ရင္၏သား ဦးေက်ာ္လင္းလည္း အပါအဝင္ ျဖစ္ပါသည္။ ဦးေက်ာ္လင္းသည္ အသက္ ၁၅ ႏွစ္သား အ႐ြယ္ ၆ ႏိုဝင္ဘာ၊ ၁၉၂၉ တြင္ ဖခင္ႏွင့္အတူ ထားဝယ္ၿမိဳ႕၌ မီးပံုးပ်ံျဖင့္ စီးနင္း လိုက္ပါခဲ့ဖူး၏။ ဦးေက်ာ္ရင္ ကြယ္လြန္ သြားၿပီးေနာက္ ႏွစ္အတန္ၾကာ မီးပံုးပ်ံ စီးနင္းမည့္သူ မေပၚေပါက္လာခဲ့ေပ။ ဤသို႔ျဖင့္ ၁၉၅၉ ခုႏွစ္မွ စ၍ နတ္တလင္းၿမိဳ႕ တန္ေဆာင္တိုင္ မီးထြန္းပြဲေတာ္ က်င္းပေရး ေကာ္မတီက မီးပံုးပ်ံကို လူကိုယ္တိုင္ စီးနင္း ျပသႏိုင္လွ်င္ ဆုေငြ တေထာင္ေပးမည္ ျဖစ္ေၾကာင္း သတင္းစာမ်ားမွ ေၾကညာခဲ့သည္။ သို႔ေသာ္ မည္သူတဦး တေယာက္မွ် ေပၚထြက္လာခဲ့ျခင္း မရွိေပ။
ေနာက္ဆံုးတြင္ တန္ေဆာင္တိုင္ မီးထြန္းပြဲ က်င္းပေရး ေကာ္မတီသည္ ရန္ကုန္ၿမိဳ႕တြင္ ေနထိုင္သည့္ မီးပံုးပ်ံ ဦးေက်ာ္ရင္၏ သားမ်ား ျဖစ္ၾကေသာ ဦးေက်ာ္လင္းႏွင့္ ဦးေက်ာ္ဆန္း (ကာတြန္း ေက်ာ္ဆန္း) တို႔အား သြားေရာက္ ေတြ႕ဆံု ေမတၲာ ရပ္ခံခဲ့ရသည္။ ညီအစ္ကို ႏွစ္ဦးသည္ မီးထြန္းပြဲ က်င္းပေရး ေကာ္မတီ၏ ေမတၲာရပ္ခံခ်က္ကို လက္ခံခဲ့ၿပီးေနာက္ ၂ ႏိုဝင္ဘာ၊ ၁၉၆၀ (တန္ေဆာင္မုန္း လျပည့္ေန႔) တြင္ နတ္တလင္းၿမိဳ႕ အထက္တန္းေက်ာင္းဝင္း အတြင္း၌ ဦးေက်ာ္လင္း ကိုယ္တိုင္ မီးပံုးပ်ံ စီးနင္း ျပခဲ့သည္။

ဦးေက်ာ္လင္းသည္ ျပည္ေထာင္စု အလံေတာ္ကို ေဝွ႔ရမ္းလ်က္ မီးပံုးပ်ံ ေအာင္ျမင္စြာ စီးနင္း ျပသခဲ့ရာ နတ္တလင္းၿမိဳ႕ေန လူထုက တခဲနက္ အားေပးခဲ့ၾကသည္။ ဤသတင္း ကို ၄၊ ၁၀၊ ၁၉၆၀ ထုတ္ ျမန္မာ့အလင္း သတင္းစာ၌လည္း အက်ယ္တဝင့္ ေရးသား ေဖာ္ျပခဲ့သည္။ ဦးေက်ာ္လင္းက ဖခင္အား ေက်းဇူးဆပ္သည့္ အေနျဖင့္ မီးပံုးပ်ံ စီးျပရျခင္း ျဖစ္ေၾကာင္း၊ ယခုေခတ္ လူငယ္မ်ား မီးပံုးပ်ံ စီးျခင္းကို ျမင္ဖူး ၾကားဖူးသူပင္ အလြန္ နည္းပါးသြားၿပီ ျဖစ္ေၾကာင္း၊ ေနာင္တြင္ ဤကဲ့သို႔ ထပ္မံ စီးနင္းျပသရန္ မရည္႐ြယ္ပါေၾကာင္း ရွင္းလင္း ေျပာၾကားခဲ့သည္။ ၁၉၃၉ ခုႏွစ္၊ ဧၿပီလ ၃ ရက္တြင္ ဇာတိခ်က္ျမွဳပ္ျဖစ္ေသာ ထား၀ယ္ၿမိဳ႕တြင္ ကြယ္လြန္သြားသည္။ ကြယ္လြန္ခ်ိန္တြင္ အသက္ ၆၆ ႏွစ္ အ႐ြယ္ရွိၿပီ ျဖစ္သည္။ စာေရးဆရာ ထားဝယ္ေက်ာ္မင္း ႏွင့္ ကာတြန္းဆရာ ကာတြန္းေက်ာ္ဆန္း(က.ဆ) သည္ မီးပံုးပ်ံ ဦးေက်ာ္ရင္၏ သားမ်ားျဖစ္သည္။

ျမန္မာ့အလင္းသတင္းစာႏွင့္ Weekly Eleven တို႔တြင္လည္း ေဖာ္ျပခ့ဲၿပီး ျဖစ္ပါသည္။
LJY_MUE

——————-

မြန်မာနိုင်ငံ၏ ပထမဆုံး လေသူရဲ (သို့) မီးပုံးပျံ ဦးကျော်ရင် (unicode)

ဦးကျော်ရင်သည် မြန်မာနိုင်ငံ၏ ပထမဆုံး လေသူရဲ ဖြစ်ပေသည်။ တချိန်က မြန်မာတစ်ပြည်လုံးတွင် ဟိုးလေးတကျော် ထင်ရှားခဲ့၍ တစ်ဦးတည်း ပေါ်ထွန်းခဲ့ဖူးသော သူတစ်ဦး ဖြစ်ပေသည်။ မြန်မာစာမျှသာ တတ်သော ပုံဆွဲဆရာဘဝမှ နေ၍ မီးပုံးပျံကို ကြံစည်ပြုလုပ်ပြီးလျှင် ၁၉၂၉-ခုနှစ်မှ ၁၉၃၉-ခုနှစ်အထိ (အသက် ၅၆နှစ်မှ ၆၆နှစ်အထိ) ၁၀-နှစ်အတွင်း မီးပုံးပျံ ၅-လုံးဖြင့် အကြိမ်ပေါင်း ၅၅-ကြိမ်မျှ မြန်မာပြည် အနှံ့အပြား လှည့်လည်စီးပြခဲ့လေသည်။

ဦးကျော်ရင်ကို ၁၅ ဇန်နဝါရီ ၁၈၇၄ တွင် ထားဝယ်ခရိုင် လောင်းလုံမြို့နယ် ပန်းတလဲရွာ၌ ဖွားမြင်ခဲ့သည်။ မိဘများမှာ လယ်သမားကြီး ဦးရွှေဘွားနှင့် ဒေါ်မင်းရယ်တို့ ဖြစ်ကြသည်။ မွေးချင်း ခုနစ်ဦးအနက် ပဥ္စမမြောက် ဖြစ်၏။ ငယ်စဉ်က အောက်ရေဖြူကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ပညာ ဆည်းပူးခဲ့ပြီး အစိုးရစစ် လေးတန်း ဝင်ရောက် ဖြေဆို အောင်မြင်ခဲ့သည်။ ဉာဏ်ပညာ ထက်မြက်သော မောင်ကျော်ရင်ကို နယ်လှည့် ပညာဝန် ဦးထွန်းအုန်းက တွေ့ရှိသွားရာမှာ ပညာ ဆက်လက် သင်ယူနိုင်ရန် ဆရာတော်နှင့် မိဘများကို ခွင့်ပန်လျက် ခေါ်ဆောင် သွား၏။

မောင်ကျော်ရင်သည် သတ္တမတန်းကို ပျဉ်းမနားမြို့မှ အောင်မြင်ခဲ့ပြီး အလယ်တန်း ဆရာအဖြစ် အမှုထမ်းခဲ့သည်။ ထိုစဉ်အတွင်း အင်္ဂလိပ်စာကို ကြိုးစား လေ့လာကာ ဝါသနာ ပါသော ပုံဆွဲဆရာ ရာထူးအတွက် စာမေးပွဲ ဝင်ရောက် ဖြေဆို အောင်မြင်ခဲ့သည်။ ဤသို့ဖြင့် ဦးကျော်ရင်သည် ထားဝယ် အထက (၁) ၌ ပုံဆွဲဆရာ ဖြစ်လာခဲ့သည်။ အသက် ၃၁ နှစ် အရွယ်တွင် ဦးကျော်ရင်၊ ဒေါ်မမနှင့် အိမ်ထောင်ကျကာ ထားဝယ်မြို့၌ အခြေစိုက် နေထိုင် ခဲ့သည်။ ထိုစဉ်က သတင်းစာများတွင် နိုင်ငံခြား လေယာဉ် ပျက်ကျမှု သတင်းများ မကြာခဏ ပါရှိရာ ဦးကျော်ရင်က စက်ပျက်၍ လေယာဉ် ထိုးကျသည့်တိုင် အကျကောင်း၍ အသေအပျောက် နည်းမည့် နည်းလမ်းများကို ကြံဆခဲ့သည်။ ထို့နောက် လေယာဉ် ပုံစံငယ်များ ထုတ်လုပ် စမ်းသပ်ကြည့်၏။ ဤသတင်း သူရိယ သတင်းစာ၌ ပါလာပြီးနောက် မြန်မာပြည် ဘုရင်ခံရုံးမှ တဆင့် အင်္ဂလန် လေကြောင်း ကုမ္ပဏီ တခုက လေယာဉ်ပုံစံ ရေးဆွဲ ပေးရန် ဆက်သွယ် လာခဲ့သည်။

လေယာဉ် ကုမ္ပဏီနှင့် ဦးကျော်ရင်တို့ အကြား စာအဆက်အသွယ် ပြုနေကြစဉ် ပထမ ကမ္ဘာစစ်ကြီး ဖြစ်လာခဲ့သည်။ စစ်ပြီးဆုံး သွားသော အခါ လေကြောင်း ကုမ္ပဏီနှင့် အဆက်အသွယ် ပြတ်သွား၏။ လေကြောင်း ကုမ္ပဏီ ဖျက်သိမ်းလိုက်၍ ဖြစ်မည် ထင်ပါသည်။ ထိုစဉ်အတွင်း ပုဂ္ဂိုလ်တဦးက မြန်မာ့အလင်း သတင်းစာ၌ ဆောင်းပါး တပုဒ် ရေးသားခဲ့သည်။ ယင်းဆောင်းပါးတွင် “ထားဝယ်မှ မောင်ကျော်ရင် ဆိုသူ တဦးသည် လေယာဉ်ပျံ လုပ်တတ်သည်ဟုကား ဝါခဲ့ဖူးသော်လည်း ယခုအခါ သေသလား၊ ရှင်သလား မသိ တိမ်မြုပ် သွားလေပြီ” ဟု ချိုးနှိမ်စွာ ရေးသား ဖော်ပြခဲ့လေသည်။ ဦးကျော်ရင်က သူရိယ သတင်းစာမှပင် ဆောင်းပါးဖြင့် ပြန်လည် ချေပ ရေးသားခဲ့၏။ ဦးကျော်ရင်၏ ဆောင်းပါး၌ “မိမိသည် လေယာဉ်ပျံ လုပ်တတ်သည်ဟု မကြွားဝါခဲ့ကြောင်း၊ ကောင်းကင်၌ လေယာဉ်ပျံများ စက်ပျက်သွားသော အခါတွင် ထိုးကျ ပျက်စီးခြင်း မရှိရအောင် ပြုလုပ်နိုင်သော နည်းကို စာရေးသားခဲ့ကြောင်း၊ မြန်မာ မြန်မာချင်း အထင်သေးသည်မှာ ဝမ်းနည်းဖွယ်ရာ ကောင်းကြောင်း၊ ယခု မိမိ မသေသေး၍ မိမိ အစွမ်းကို စောင့်ကြည့် စေလိုကြောင်း” စသဖြင့် ပြန်လည် ချေပ စိန်ခေါ်ခဲ့သည်။

ဦးကျော်ရင်သည် မိမိ၏ အစွမ်းကို ပြသနိုင်ရေး အတွက် အဖက်ဖက်မှ စဉ်းစားသည်။ အသက် ၅၅ နှစ်တွင် ပင်စင် ယူလိုက်ပြီးနောက် သူ၏ စိတ်ထဲ၌ စွဲလန်းနေသော မီးပုံးပျံ စီး၍ စွန့်စားရန် အကြံအစည်ကို စတင် အကောင်အထည် ဖော်တော့သည်။ ဦးကျော်ရင်က ဦးစွာ မီးပုံးပျံ ပုံစံ ထုတ်လုပ်သည်။ ထို့နောက် တပည့် လက်သားများနှင့်အတူ ဇာတိ ပန်းတလဲရွာသို့ သွားရောက်ကာ အတောင် ၈၀ ရှိ ပိတ်အုပ် ၂၄ အုပ်ကို အသုံးပြုပြီး မီးပုံးပျံကြီး ချုပ်လုပ်သည်။ မီးပုံးပျံကြီး ပြီးစီးသွားသောအခါ မီးခိုးမှိုင်းသွင်းကြည့်ရာ အမြင့် အတောင် ၃၀၊ လုံးပတ် အတောင် ၁ဝဝ ရှိပြီး ထန်းပင် ထိပ်ဖျားခန့် မြင့်၍ ရုန်းကန်မှု ကောင်းကြောင်း တွေ့ရသည်။ သို့သော် သတင်းက ပေါက်ကြားသွား သဖြင့် ထားဝယ် အရေးပိုင်က ဦးကျော်ရင်ကို မီးပုံးပျံ မစီးရန် တားမြစ်ခဲ့သည်။ ဦးကျော်ရင်က ထပ်မံ ခွင့်တောင်းသော်လည်း မရရှိ သို့ဖြင့် တနင်္သာရီတိုင်း မင်းကြီးထံသို့ ခွင့်တောင်းပြန်ရာ မရရှိခဲ့ပေ။

နောက်ဆုံးတွင် မြန်မာပြည် ဘုရင်ခံသို့ အကျိုးအကြောင်း ပြ၍ ခွင့်တောင်းသည်။ ဘုရင်ခံက ခွင့်ပြုသဖြင့် ၁၉၂၉ ခုနှစ်၊ မတ်လတွင် ထားဝယ်မြို့ ကြက်စားပြင်ရပ် လယ်ကွင်း အတွင်း၌ မီးပုံးပျံ စီးရန် ပြင်ဆင်တော့သည်။ အရေးပိုင် ကိုယ်တိုင် ဦးကျော်ရင်အား မီးပုံးပျံ စီးမည့် နေရာသို့ မော်တော်ကားဖြင့် ခေါ်ဆောင် လာပေးပါသည်။ မီးပုံးပျံ မှိုင်းဝလျှင် ဆိုင်းကြိုးကို ဖြုတ်ပေးလိုက်ရာ မီးပုံးပျံ အဝ သံချောင်းခွေ၌ ချည်နှောင်ထားသော ကြိုးတန်းဖြင့် ဆက်သွယ်ထားသည့် သံဘားတန်းကို ကိုင်လျက် ဦးကျော်ရင် မီးပုံးပျံနှင့် အတူ မိုးကောင်းကင်ထက်သို့ တစတစ မြင့်တက် သွားပါသည်။ ပရိသတ်များက လက်ခုပ်ဩဘာ တီး၍ အော်ဟစ် အားပေးကြသည်။ မီးပုံးပျံကြီးမှာ နှစ်မိုင်ခန့် အထိ မြင့်တက်သွားပြီး ကြက်စားပြင်ရပ်မှ တမိုင်ခန့် ကွာဝေးသော နေရာသို့ ပြန်ကျလာခဲ့သည်။

ဦးကျော်ရင်၏ သတင်းမှာ မြန်မာတပြည်လုံး ပျံ့နှံ့ သွားခဲ့ပြီးနောက် ၁၉၃၀ ပြည့်နှစ်တွင် ရန်ကုန်မြို့ National Sporting Club၏ ကြီးကြပ်မှုဖြင့် ကန်တော်ကြီး အလယ်ကျွန်း၌ မီးပုံးပျံ စီးပြခဲ့သည်။ မီးပုံးပျံကြီး တက်ခါစတွင် ကြိုးမှာ ယမ်းလှုပ် နေရာ ဦးကျော်ရင်မှာ သစ်ပင်၊ သစ်ကိုင်းများနှင့် ရိုက်မိတော့သည်။ သစ်ပင် တပင်၏ အကိုင်းတွင် ဆွဲခို ကျန်ရစ်သဖြင့်သာ အသက်ဘေးမှ လွတ်မြောက် ခဲ့ရသော်လည်း သစ်ကိုင်း ပဲ့ကျသဖြင့် အောက်ခြေ ဂဝံ ကျောက်တုံးနှင့် ထိခိုက်မိကာ ဒဏ်ရာ အနည်းငယ် ရရှိသွားသည်။

ဤအဖြစ်အပျက်ကို သတင်းစာ၌ ဖော်ပြရာတွင် ဦးကျော်ရင်က အနာပျောက်လျှင် ထပ်ပြီး စီးပြပါမည်ဟု ကတိပြုကြောင်း ဖော်ပြ ပါရှိ၏။ ယင်းနောက် ရန်ကုန်မြို့တွင် သုံးကြိမ်တိုင် အောင်မြင်စွာ စီးပြခဲ့ပါသည်။ ရရှိသမျှ ငွေအားလုံးကိုလည်း ကုန်ကျစရိတ်မျှသာ နှုတ်ယူပြီး မြို့မကျောင်း ဆောက်လုပ်ရေး ရန်ပုံငွေသို့ လှူဒါန်းခဲ့သည်။
၁၉၃၄ ခုနှစ်တွင် မြိတ်မြို့၌ မီးပုံးပျံ စီးနင်း ပြသခဲ့စဉ်ကလည်း ပင်လယ်တွင်းသို့ ကျရောက်ခဲ့ရသည်။ မီးပုံးပျံမှာ လိုသလို ထိန်းကျောင်း၍ ရနိုင်သည် မဟုတ်ဘဲ မြင့်လိုသမျှ မြင့်တက်ပြီး ကျချင်သည့် နေရာ၌ ကျသည်။ သို့ကြောင့်လည်း အလွန် အန္တရာယ်များလှသော လုပ်ငန်းဟု ဆိုနိုင်ပါသည်။ မည်သို့ ဆိုစေကာမူ ဦးကျော်ရင်ကား အသက် ၆၆ နှစ် အရွယ် ကွယ်လွန်ချိန် အထိ မြန်မာပြည် အရပ်ရပ်၌ မီးပုံးပျံ (၅၅) ကြိမ် စီးနင်း ပြသခဲ့ပါသည်။ ရရှိသမျှ ငွေကြေး အားလုံးကိုလည်း လူမှုရေး ရန်ပုံငွေ အဖြစ် လှူဒါန်းခဲ့၏။

ဦးကျော်ရင် မီးပုံးပျံ စီးပြသော အခါ ဦးကျော်ရင်ကို အားကျကြသူများ အလျှိုလျှို ပေါ်ပေါက်လာခဲ့သည်။ ထင်ရှားခဲ့သူ တဦးမှာ စတန့်မင်းသား ချစ်ဆွေကြီးပင် ဖြစ်ပါသည်။ အေဝမ်း ဖလင်မှ ဒါရိုက်တာ ဦးတင်မောင် ရိုက်ကူးသော မြဂနိုင် ရုပ်ရှင် ဇာတ်ကားတွင် မီးပုံးပျံ စီး၍ ထွက်ပြေးခန်း တခန်း ပါရှိ၏။ ပုလိပ်များ (ယခုခေတ် ရဲတပ်ဖွဲ့ဝင်များ) လိုက်လာသဖြင့် လူဆိုးဖြစ်သူ စတန့်မင်းသားက ရှေ့မှ ထွက်ပြေးရရာ စမ်းချောင်း ပဒုမ္မာကွင်း အရောက်တွင် မီးပုံးပျံ စီးရန် ဟန်ပြင်နေသော ဦးကျော်ရင်အား တွန်းဖယ်ကာ လူဆိုးက မီးပုံးပျံ စီး၍ ထွက်ပြေးသွားပုံ ဖြစ်သည်။ လူဆိုး၏ နေရာတွင် စတန့်မင်းသား ချစ်ဆွေကြီးက မီးပုံးပျံ စီး၍ ပါဝင် သရုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

မီးပုံးပျံ စီးပြမှုများ ဟိုးလေးတကျော် ဖြစ်လာချိန်တွင် အမျိုးသမီး လူစွမ်းကောင်း တဦး ပေါ်ပေါက် လာပြန်ပါသည်။ ထိုအမျိုးသမီးမှာ တာမွေ၊ ဗျိုင်းရေအိုးစင်ရပ်၊ ရတနာလမ်းနေ ဇာတ်ပို့ အမျိုးသမီး သရုပ်ဆောင် ဒေါ်မြကြီး၏ သမီး မတင်နု ဆိုသူ ဖြစ်ပါသည်။ မတင်နုမှာ အသက် ၂၀ နှစ် အရွယ်သာ ရှိသေးသော်လည်း ရဲစွမ်းသတ္တိနှင့် ပြည့်စုံသူ ဖြစ်သည်။ မြန်မာ အမျိုးသမီး မတင်နုက မီးပုံးပျံ စီးနင်း ပြသမည် ဖြစ်ကြောင်း သတင်းများ ပျံ့လွင့်လာသော အခါ ဗြိတိသျှ အစိုးရကပင် စိုးရိမ်မကင်း ဖြစ်လာခဲ့သည်။ အမျိုးသားများပင်လျှင် အသက်အန္တရာယ် ကြီးမားလှသော မီးပုံးပျံ စီးနင်းခြင်း အမှုကို မြန်မာ အမျိုးသမီး မတင်နုအား ဗြိတိသျှတို့က ခွင့်မပြုခဲ့ပေ။ သို့သော် မတင်နုမှာ နောင်တွင် မီးပုံးပျံ မတင်နုဟု အမည် တွင်ခဲ့ပါသည်။

မီးပုံးပျံ ဦးကျော်ရင်ကို အားကျသူများထဲတွင် ဦးကျော်ရင်၏သား ဦးကျော်လင်းလည်း အပါအဝင် ဖြစ်ပါသည်။ ဦးကျော်လင်းသည် အသက် ၁၅ နှစ်သား အရွယ် ၆ နိုဝင်ဘာ၊ ၁၉၂၉ တွင် ဖခင်နှင့်အတူ ထားဝယ်မြို့၌ မီးပုံးပျံဖြင့် စီးနင်း လိုက်ပါခဲ့ဖူး၏။ ဦးကျော်ရင် ကွယ်လွန် သွားပြီးနောက် နှစ်အတန်ကြာ မီးပုံးပျံ စီးနင်းမည့်သူ မပေါ်ပေါက်လာခဲ့ပေ။ ဤသို့ဖြင့် ၁၉၅၉ ခုနှစ်မှ စ၍ နတ်တလင်းမြို့ တန်ဆောင်တိုင် မီးထွန်းပွဲတော် ကျင်းပရေး ကော်မတီက မီးပုံးပျံကို လူကိုယ်တိုင် စီးနင်း ပြသနိုင်လျှင် ဆုငွေ တထောင်ပေးမည် ဖြစ်ကြောင်း သတင်းစာများမှ ကြေညာခဲ့သည်။ သို့သော် မည်သူတဦး တယောက်မျှ ပေါ်ထွက်လာခဲ့ခြင်း မရှိပေ။
နောက်ဆုံးတွင် တန်ဆောင်တိုင် မီးထွန်းပွဲ ကျင်းပရေး ကော်မတီသည် ရန်ကုန်မြို့တွင် နေထိုင်သည့် မီးပုံးပျံ ဦးကျော်ရင်၏ သားများ ဖြစ်ကြသော ဦးကျော်လင်းနှင့် ဦးကျော်ဆန်း (ကာတွန်း ကျော်ဆန်း) တို့အား သွားရောက် တွေ့ဆုံ မေတ္တာ ရပ်ခံခဲ့ရသည်။ ညီအစ်ကို နှစ်ဦးသည် မီးထွန်းပွဲ ကျင်းပရေး ကော်မတီ၏ မေတ္တာရပ်ခံချက်ကို လက်ခံခဲ့ပြီးနောက် ၂ နိုဝင်ဘာ၊ ၁၉၆၀ (တန်ဆောင်မုန်း လပြည့်နေ့) တွင် နတ်တလင်းမြို့ အထက်တန်းကျောင်းဝင်း အတွင်း၌ ဦးကျော်လင်း ကိုယ်တိုင် မီးပုံးပျံ စီးနင်း ပြခဲ့သည်။

ဦးကျော်လင်းသည် ပြည်ထောင်စု အလံတော်ကို ဝှေ့ရမ်းလျက် မီးပုံးပျံ အောင်မြင်စွာ စီးနင်း ပြသခဲ့ရာ နတ်တလင်းမြို့နေ လူထုက တခဲနက် အားပေးခဲ့ကြသည်။ ဤသတင်း ကို ၄၊ ၁၀၊ ၁၉၆၀ ထုတ် မြန်မာ့အလင်း သတင်းစာ၌လည်း အကျယ်တဝင့် ရေးသား ဖော်ပြခဲ့သည်။ ဦးကျော်လင်းက ဖခင်အား ကျေးဇူးဆပ်သည့် အနေဖြင့် မီးပုံးပျံ စီးပြရခြင်း ဖြစ်ကြောင်း၊ ယခုခေတ် လူငယ်များ မီးပုံးပျံ စီးခြင်းကို မြင်ဖူး ကြားဖူးသူပင် အလွန် နည်းပါးသွားပြီ ဖြစ်ကြောင်း၊ နောင်တွင် ဤကဲ့သို့ ထပ်မံ စီးနင်းပြသရန် မရည်ရွယ်ပါကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။ ၁၉၃၉ ခုနှစ်၊ ဧပြီလ ၃ ရက်တွင် ဇာတိချက်မြှုပ်ဖြစ်သော ထားဝယ်မြို့တွင် ကွယ်လွန်သွားသည်။ ကွယ်လွန်ချိန်တွင် အသက် ၆၆ နှစ် အရွယ်ရှိပြီ ဖြစ်သည်။ စာရေးဆရာ ထားဝယ်ကျော်မင်း နှင့် ကာတွန်းဆရာ ကာတွန်းကျော်ဆန်း(က.ဆ) သည် မီးပုံးပျံ ဦးကျော်ရင်၏ သားများဖြစ်သည်။

မြန်မာ့အလင်းသတင်းစာနှင့် Weekly Eleven တို့တွင်လည်း ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။
LJY_MUE

Leave a Reply