ဥေရာပရဲ႕ သက္တမ္းအရင့္ဆုံး သမုိင္းႀကိဳေခတ္ၿမိဳ႕

Posted on

ဥေရာပတြင္ ေတြ႕ရသမွ်ေသာ ၿမိဳ႕မ်ားတြင္ သက္တမ္းအရင့္ဆုံး ေရွးအက်ဆုံးၿမိဳ႕ကို ဘူေဂးရီးယား အေရွ႕ဘက္တြင္ ေရွးေဟာင္းသုေတသန ပညာရွင္မ်ားက ရွာေဖြေတြ႕ရွိခဲ့ၾကသည္။ ဘီစီ ၄၇၀၀ ႏွင့္ ၄၂၀၀ ၾကားကာလအတြင္းကဟု ယူဆရသည့္ ေရွးေဟာင္းႏွစ္ထပ္အိမ္တစ္လုံး၏ အၾကြင္းအက်န္မ်ားကို ဘူ ေဂးရီးယား၏ၿမိဳ႕တြင္ တူးေဖာ္ေတြ႕ရွိခဲ့ၾကျခင္း ျဖစ္သည္။

ဘူေဂးရီးယား ေရွးေဟာင္း သုေတသန သိပၸံမွ သုေတသနပညာရွင္ ဗာေဆးနီကိုေလာ့ႏွင့္အဖြဲ႕သည္ ပင္လယ္နက္ အပန္းေျဖစခန္းၿမိဳ႕ Varna အနီးရွိ Provadia-Solnitsal နယ္ေျမတြင္ ၂၀၀၅ ခုႏွစ္ကတည္း က တူးေဖာ္ရွာေဖြခဲ့ၾကသည္။ သုေတသနပညာရွင္မ်ားသည္ ေရွးေဟာင္း သခ်ဳႋင္းတစ္ခုကိုလည္း ရွာေဖြေတြ႕ရွိခဲ့ၾကၿပီး က်ယ္က်ယ္ျပန္႔ျပန္႔ ဆက္လက္ေလ့လာၾကရဦးမည္ျဖစ္သည္။

“ဂရိၿမိဳ႕ျပႏုိင္ငံ တစ္ႏိုင္ငံ၊ ေရာမေခတ္က ၿမိဳ႕တစ္ၿမိဳ႔၊ အလယ္ေခတ္က ၿမိဳ႔တစ္ၿမိဳ႔ကို ၿမိဳ႕တစ္ၿမိဳ႕ အေၾကာင္းမဟုတ္ပါဘူး။ ေရွးေဟာင္းသုေတသ အနပညာရွင္ေတြ သေဘာတူထားၾကတာက ဘီစီ ၅ ရာစုက ၿမိဳ႕တစ္ၿမိဳ႕ ဆိုတာပါပဲ” ဟု သုေတသနပညာရွင္ ဗာေဆးနီကိုေလာ့က ေျပာၾကားခဲ့သည္။

သခ်ဳႋင္းတြင္ ေတြ႕ရွိရသည့္ ထူးျခားေသာ ျမႇဳပ္ႏွံသည့္ ပုံစံအေနအထားမ်ားက ဘူေဂးရီးယားတြင္ ေတြ႕ခဲ့ရသည့္ ေက်ာက္ေခတ္သစ္ သခ်ဳႋင္းမ်ားႏွင့္ ကြဲျပားေနေၾကာင္း အမ်ဳိးသားေရွးေဟာင္း သုေတသန သိပၸံမွ ပညာရွင္ ကရမ္ကတ္ခ်္ဗာေရာ့က ေျပာၾကားခဲ့သည္။

တူးေဖာ္ရွာေဖြခဲ့သည့္ နယ္ေျမသည္ ဆားေက်ာက္မ်ားရွိရာ ေနရာျဖစ္ၿပီး ဘီစီ ၆ ရာစုခန္႔ေလာက္တြင္ ဆားထုတ္ယူႏုိင္ေသာ ေနရာတစ္ခု ျဖစ္ဖြယ္ရွိေၾကာင္း နီကိုေလာ့က ေျပာၾကားခဲ့သည္။ ေရွးေခတ္က တန္ဖိုး အလြန္ရွိေသာ ဆားကို ဘီစီ ၆ ရာစုမွ စကာ ကုန္သြယ္မႈႏွင့္ ေငြေၾကးအျဖစ္ အသုံးျပဳခဲ့ေၾကာင္း နီကိုေလာ့က ရွင္းျပခဲ့သည္။

————-

ဥရောပရဲ့ သက်တမ်းအရင့်ဆုံး သမိုင်းကြိုခေတ်မြို့ (unicode)

ဥရောပတွင် တွေ့ရသမျှသော မြို့များတွင် သက်တမ်းအရင့်ဆုံး ရှေးအကျဆုံးမြို့ကို ဘူဂေးရီးယား အရှေ့ဘက်တွင် ရှေးဟောင်းသုတေသန ပညာရှင်များက ရှာဖွေတွေ့ရှိခဲ့ကြသည်။ ဘီစီ ၄၇၀၀ နှင့် ၄၂၀၀ ကြားကာလအတွင်းကဟု ယူဆရသည့် ရှေးဟောင်းနှစ်ထပ်အိမ်တစ်လုံး၏ အကြွင်းအကျန်များကို ဘူ ဂေးရီးယား၏မြို့တွင် တူးဖော်တွေ့ရှိခဲ့ကြခြင်း ဖြစ်သည်။

ဘူဂေးရီးယား ရှေးဟောင်း သုတေသန သိပ္ပံမှ သုတေသနပညာရှင် ဗာဆေးနီကိုလော့နှင့်အဖွဲ့သည် ပင်လယ်နက် အပန်းဖြေစခန်းမြို့ Varna အနီးရှိ Provadia-Solnitsal နယ်မြေတွင် ၂၀၀၅ ခုနှစ်ကတည်း က တူးဖော်ရှာဖွေခဲ့ကြသည်။ သုတေသနပညာရှင်များသည် ရှေးဟောင်း သချုႋင်းတစ်ခုကိုလည်း ရှာဖွေတွေ့ရှိခဲ့ကြပြီး ကျယ်ကျယ်ပြန့်ပြန့် ဆက်လက်လေ့လာကြရဦးမည်ဖြစ်သည်။

“ဂရိမြို့ပြနိုင်ငံ တစ်နိုင်ငံ၊ ရောမခေတ်က မြို့တစ်မြို့၊ အလယ်ခေတ်က မြို့တစ်မြို့ကို မြို့တစ်မြို့ အကြောင်းမဟုတ်ပါဘူး။ ရှေးဟောင်းသုတေသ အနပညာရှင်တွေ သဘောတူထားကြတာက ဘီစီ ၅ ရာစုက မြို့တစ်မြို့ ဆိုတာပါပဲ” ဟု သုတေသနပညာရှင် ဗာဆေးနီကိုလော့က ပြောကြားခဲ့သည်။

သချုႋင်းတွင် တွေ့ရှိရသည့် ထူးခြားသော မြှုပ်နှံသည့် ပုံစံအနေအထားများက ဘူဂေးရီးယားတွင် တွေ့ခဲ့ရသည့် ကျောက်ခေတ်သစ် သချုႋင်းများနှင့် ကွဲပြားနေကြောင်း အမျိုးသားရှေးဟောင်း သုတေသန သိပ္ပံမှ ပညာရှင် ကရမ်ကတ်ခ်ျဗာရော့က ပြောကြားခဲ့သည်။

တူးဖော်ရှာဖွေခဲ့သည့် နယ်မြေသည် ဆားကျောက်များရှိရာ နေရာဖြစ်ပြီး ဘီစီ ၆ ရာစုခန့်လောက်တွင် ဆားထုတ်ယူနိုင်သော နေရာတစ်ခု ဖြစ်ဖွယ်ရှိကြောင်း နီကိုလော့က ပြောကြားခဲ့သည်။ ရှေးခေတ်က တန်ဖိုး အလွန်ရှိသော ဆားကို ဘီစီ ၆ ရာစုမှ စကာ ကုန်သွယ်မှုနှင့် ငွေကြေးအဖြစ် အသုံးပြုခဲ့ကြောင်း နီကိုလော့က ရှင်းပြခဲ့သည်။

Leave a Reply