အမ်ဳိးသားေတြနဲ႔ အမ်ဳိးသမီးေတြရဲ႕ စိတ္ပုိင္္းအေျခအေနကြာျခားခ်က္အခ်ဳိ႕

Posted on

အမ်ဳိးသားနဲ႔ အမ်ဳိးသမီးဟာ ကိုယ္ခႏၶာ တည္ေဆာက္ပံုခ်င္း ကြဲလြဲမႈရွိ႐ံုသာမက စိတ္ပိုင္းဆိုင္ရာ အေျခအေနေတြကလည္း မတူဘဲ ကြဲျပားမႈ ရွိေနတာကို စိတ္ဝင္စားဖြယ္ရာ ေတြ႕ရွိထားပါတယ္။ ဒီအခ်က္ေတြဟာ ေထာင္နဲ႔ခ်ီတဲ့ အမ်ဳိးသား နဲ႔ အမ်ဳိးသမီးေတြရဲ႕ စစ္တမ္းကေနေကာက္ယူထားတဲ့ ပ်မ္းမွ်အခ်က္ေတြပဲျဖစ္ပါတယ္။

(၁) အမ်ဳိးသားေတြက အမ်ဳိးသမီးေတြထက္ႏွစ္ဆ-သံုးဆ ပိုၿပီး စိတ္အေျပာင္းအလဲ ျမန္တတ္ပါတယ္။ အမ်ဳိးသမီး အမ်ားစုက အမ်ဳိးသားအမ်ားစုထက္ဆံုးျဖတ္ခ်က္ ခ်မွတ္ဖို႔ ပိုၾကာတတ္ပါတယ္။ ဒါေပမဲ့ အမ်ဳိးသားေတြက သူတို႔ ဆံုးျဖတ္ထားၿပီးသား အရာတစ္ခုကို ပိုၿပီး ၿပီးဆံုးေအာင္ ေဆာင္ရြက္ေလ့ ရွိပါတယ္။

(၂) အိုင္က်ဴစစ္ေဆးနည္း ခံယူထားတဲ့ သူေတြကိုေလ့လာမႈတစ္ရပ္အရ အမ်ဳိးသမီးေတြက အမ်ဳိးသားေတြထက္ ပ်မ္းမွ်အားျဖင့္ အိုင္က်ဴအနည္းငယ္ ပိုျမင့္တာကုိ ေတြ႕ရပါတယ္။

(၃) အမ်ဳိးသမီးေတြက အမ်ဳိးသားေတြထက္ မ်က္ႏွာေတြ၊အထူးသျဖင့္ အမ်ဳိးသမီးေတြရဲ႕ မ်က္ႏွာေတြကို ပုိမုိမွတ္မိတတ္ၾကပါတယ္။

(၄) အမ်ဳိးသားေတြက အမ်ဳိးသမီးေတြထက္ ပိုၿပီး ကူညီတတ္ၾကပါတယ္။

(၅) အမ်ဳိးသမီးေတြက အလုပ္ေၾကာင့္ ရလာႏိုင္တဲ့ ရလဒ္ေတြကို ခန္႔မွန္းတဲ့အခါမွာ ပိုၿပီး အဆိုးျမင္တတ္ၾကပါတယ္။

(၆)အမ်ဳိးသမီးအမ်ားစုကတခ်ဳိ႕အလုပ္ကိစၥေတြမွာေတာ္တယ္လို႔ယံုၾကည္ၾကေပမယ့္အရာရာတိုင္းကို ေကာင္းေအာင္ မစြမ္းေဆာင္ႏိုင္ၾကပါဘူး။

(၇) အမ်ဳိးသမီးေတြက အမ်ဳိးသားေတြထက္ ပိုၿပီး ေၾကာက္ရြံ႕တတ္၊ စိုးရိမ္ပူပန္တတ္ၾကပါတယ္။

(၈) အမ်ဳိးသမီးေတြက အမ်ဳိးသားေတြထက္ႏွစ္ဆပိုၿပီး စကားမ်ားၾကပါတယ္။ တစ္ေန႔မွာ အမ်ဳိးသားေတြက ပ်မ္းမွ်အားျဖင့္ စကားလံုး ၁၂၅,၀၀ လံုး ေျပာၾကၿပီး အမ်ဳိးသမီးေတြက ပ်မ္းမွ်အားျဖင့္ ၂၅၅,၀၀ လံုးေၿပာေလ့ရွိၾကပါတယ္။

(၉) အမ်ဳိးသားအမ်ားစုက ပ်မ္းမွ်အားျဖင့္ ခုနစ္စကၠန္႔ၾကာတိုင္း Sex အေၾကာင္း စဥ္းစားေလ့ရွိၾကပါတယ္။

(၁ဝ) အမ်ဳိးသမီးေတြရဲ႕ ဦးေႏွာက္ဟာ မ်က္ႏွာအမူအရာနဲ႔ စိတ္ခံစားမႈကို အကဲခတ္ရာမွာ ပိုပါးနပ္တတ္ပါတယ္။ အမ်ဳိးသားေတြက မိန္းမေတြရဲ႕ မ်က္ရည္ကို ေတြ႕တဲ့အခါက်မွ သူတို႔လုပ္ရပ္ မွားသြားမွန္း တကယ္ သေဘာေပါက္သြားတယ္လို႔ တခ်ဳိ႕ အမ်ဳိးသမီးေတြက ဆိုပါတယ္။ ဒါေၾကာင့္ အမ်ဳိးသမီးေတြက (အမ်ဳိးသားေတြထက္) နာက်င္ဝမ္းနည္းတဲ့အခါ ေလးဆ ပိုၿပီး ငိုေႂကြးတတ္တာပါ။

Ref: Good Health


အမျိုးသားတွေနဲ့ အမျိုးသမီးတွေရဲ့ စိတ်ပိုင်းအခြေအနေကွာခြားချက်အချို့ (unicode)

အမျိုးသားနဲ့ အမျိုးသမီးဟာ ကိုယ်ခန္ဓာ တည်ဆောက်ပုံချင်း ကွဲလွဲမှုရှိရုံသာမက စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေကလည်း မတူဘဲ ကွဲပြားမှု ရှိနေတာကို စိတ်ဝင်စားဖွယ်ရာ တွေ့ရှိထားပါတယ်။ ဒီအချက်တွေဟာ ထောင်နဲ့ချီတဲ့ အမျိုးသား နဲ့ အမျိုးသမီးတွေရဲ့ စစ်တမ်းကနေကောက်ယူထားတဲ့ ပျမ်းမျှအချက်တွေပဲဖြစ်ပါတယ်။

(၁) အမျိုးသားတွေက အမျိုးသမီးတွေထက်နှစ်ဆ-သုံးဆ ပိုပြီး စိတ်အပြောင်းအလဲ မြန်တတ်ပါတယ်။ အမျိုးသမီး အများစုက အမျိုးသားအများစုထက်ဆုံးဖြတ်ချက် ချမှတ်ဖို့ ပိုကြာတတ်ပါတယ်။ ဒါပေမဲ့ အမျိုးသားတွေက သူတို့ ဆုံးဖြတ်ထားပြီးသား အရာတစ်ခုကို ပိုပြီး ပြီးဆုံးအောင် ဆောင်ရွက်လေ့ ရှိပါတယ်။

(၂) အိုင်ကျူစစ်ဆေးနည်း ခံယူထားတဲ့ သူတွေကိုလေ့လာမှုတစ်ရပ်အရ အမျိုးသမီးတွေက အမျိုးသားတွေထက် ပျမ်းမျှအားဖြင့် အိုင်ကျူအနည်းငယ် ပိုမြင့်တာကို တွေ့ရပါတယ်။

(၃) အမျိုးသမီးတွေက အမျိုးသားတွေထက် မျက်နှာတွေ၊အထူးသဖြင့် အမျိုးသမီးတွေရဲ့ မျက်နှာတွေကို ပိုမိုမှတ်မိတတ်ကြပါတယ်။

(၄) အမျိုးသားတွေက အမျိုးသမီးတွေထက် ပိုပြီး ကူညီတတ်ကြပါတယ်။

(၅) အမျိုးသမီးတွေက အလုပ်ကြောင့် ရလာနိုင်တဲ့ ရလဒ်တွေကို ခန့်မှန်းတဲ့အခါမှာ ပိုပြီး အဆိုးမြင်တတ်ကြပါတယ်။

(၆)အမျိုးသမီးအများစုကတချို့အလုပ်ကိစ္စတွေမှာတော်တယ်လို့ယုံကြည်ကြပေမယ့်အရာရာတိုင်းကို ကောင်းအောင် မစွမ်းဆောင်နိုင်ကြပါဘူး။

(၇) အမျိုးသမီးတွေက အမျိုးသားတွေထက် ပိုပြီး ကြောက်ရွံ့တတ်၊ စိုးရိမ်ပူပန်တတ်ကြပါတယ်။

(၈) အမျိုးသမီးတွေက အမျိုးသားတွေထက်နှစ်ဆပိုပြီး စကားများကြပါတယ်။ တစ်နေ့မှာ အမျိုးသားတွေက ပျမ်းမျှအားဖြင့် စကားလုံး ၁၂၅,၀၀ လုံး ပြောကြပြီး အမျိုးသမီးတွေက ပျမ်းမျှအားဖြင့် ၂၅၅,၀၀ လုံးပြောလေ့ရှိကြပါတယ်။

(၉) အမျိုးသားအများစုက ပျမ်းမျှအားဖြင့် ခုနစ်စက္ကန့်ကြာတိုင်း Sex အကြောင်း စဉ်းစားလေ့ရှိကြပါတယ်။

(၁ဝ) အမျိုးသမီးတွေရဲ့ ဦးနှောက်ဟာ မျက်နှာအမူအရာနဲ့ စိတ်ခံစားမှုကို အကဲခတ်ရာမှာ ပိုပါးနပ်တတ်ပါတယ်။ အမျိုးသားတွေက မိန်းမတွေရဲ့ မျက်ရည်ကို တွေ့တဲ့အခါကျမှ သူတို့လုပ်ရပ် မှားသွားမှန်း တကယ် သဘောပေါက်သွားတယ်လို့ တချို့ အမျိုးသမီးတွေက ဆိုပါတယ်။ ဒါကြောင့် အမျိုးသမီးတွေက (အမျိုးသားတွေထက်) နာကျင်ဝမ်းနည်းတဲ့အခါ လေးဆ ပိုပြီး ငိုကြွေးတတ်တာပါ။

Ref: Good Health

Leave a Reply