သြားဆရာ၀န္ေတြ ဘယ္အခ်ိန္ကတည္း ကရွိခဲ့တာလဲ

Posted on

သြားကိုက္သည့္အခါ(သို႔မဟုတ္)သြားႏွင့္ပတ္သက္သည့္ ေ၀ဒနာခံစားရပါက အျမန္ဆံုးေပ်ာက္ကင္းလိုျခင္း ရွိၾကသည္။ ေရွးေဟာင္းလူသားမ်ားသည္လည္း အလားတူသြားႏွင့္ပတ္သက္ေသာ ေ၀ဒနာခံစားရမည္ျဖစ္ရာ သြားဘက္ဆိုင္ရာ ကုသမႈမွာ လူသားမ်ိဳးႏြယ္စတင္ခ်ိန္ကတည္းက တစ္စိတ္တစ္ပိုင္းရွိခဲ့ဖြယ္ အေနအထားရွိသည္။
ေရွးေခတ္အခ်ိန္အခါက သြားကိုမည္သို႔ ေျပာင္စင္ေအာင္တိုက္ရမည္စသည့္(၅၂)ခ်က္ပါေသာ စည္းကမ္းခ်က္မ်ားရွိခဲ့ေၾကာင္း ခိုင္လံုေသာအေထာက္အထားမ်ားႏွင့္ ရွာေဖြေတြ႔ရွိခဲ့သည္။ သို႔ရာတြင္ ေသခ်ာသည့္အခ်က္တစ္ခုမွာ ေရွးေခတ္အခ်ိန္အခါက ယေန႔ေခတ္ကဲ့သို႔သြားႏွင့္ပတ္သက္သည့္ ဗဟုသုတ ၊ အထူးသျဖင့္ ကုသမႈဆိုင္ရာကို မသိရွိၾကေပ။

လြန္ခဲ့ေသာႏွစ္ေပါင္း ၂၅၀၀ ခန္႔က ေရွးေဟာင္းဂရိ ႏိုင္ငံတြင္ သြားႏုတ္ေပးေသာဆရာ၀န္မ်ားရွိခဲ့ၿပီး၊ ေအဒီ ၁၄၀၀ ခန္႔က ယိုင္နဲ႔ေနေသာသြားမ်ားႏုတ္ျခင္းသာျပဳလုပ္ေပးၾကၿပီး ကိရိယာသစ္မ်ားေပၚေပါက္ေသာအခါ တျခားသြားမ်ားကိုပါႏႈတ္ေပးၾကသည္။ ဂရိတြင္ကေလးမ်ားသြားနာပါကသက္သာေစရန္ ေဆးျဖင့္ကုသေပးၾကၿပီး၊ ႏွစ္ေပါင္း၂၀၀၀န္းက်င္ေရာက္ေသာအခါပိုမုိေကာင္းမြန္ေသာကိရိယာမ်ားျဖင့္ကုသေပးႏိုင္လာသည္။ ေအဒီ၁၁၀၀မွ၁၄၀၀အလယ္ေခတ္ကာလသို႕ ေရာက္ေသာအခါသြားေပါက္ဖာျခင္းမ်ား ျပဳလုပ္လာၾကၿပီး၊ ဖေယာင္း၊ ေကာ္ေစးမ်ား ျဖင့္ျပဳလုပ္ေပးၾကကာ ေနာက္ပိုင္းတြင္ ခဲ၊ ေရႊစေသာ သတၱဳမ်ားကုိ အသံုးျပဳလာၾကသည္။

၁၄၉၈ ခုႏွစ္တိုင္ေအာင္သြားပြတ္တံမ်ားတီထြင္ႏိုင္ျခင္းမရွိေသးေသာ္လည္း တရုတ္ႏိုင္ငံမွ သြားဆရာ၀န္မ်ားကမူ ဘုရင့္မိသားစုအတြက္ သြားတိုက္တံပံုစံမ်ိဳး တီထြင္ေပးခဲ့ၾကသည္။ လြန္ခဲ့ေသာႏွစ္တစ္ရာေက်ာ္က သြားဆရာ၀န္ျဖစ္လိုသူတစ္ဦးသည္ လက္ရွိလုပ္ကိုင္ေနေသာ သြားဆရာ၀န္ထံတြင္ အလုပ္သင္အျဖစ္ သင္ၾကားလုပ္ကိုင္ၾကရသည္။ ၁၈၄၀ ခုႏွစ္တြင္ The Baltimore College of Dental Surgery အမည္ရွိ ပထမဆံုးသြားဘက္ပညာေကာလိပ္္ကို ဖြင့္လွစ္ခဲ့သည္။

————-

 

သွားဆရာဝန်တွေ ဘယ်အချိန်ကတည်း ကရှိခဲ့တာလဲ

သွားကိုက်သည့်အခါ(သို့မဟုတ်)သွားနှင့်ပတ်သက်သည့် ဝေဒနာခံစားရပါက အမြန်ဆုံးပျောက်ကင်းလိုခြင်း ရှိကြသည်။ ရှေးဟောင်းလူသားများသည်လည်း အလားတူသွားနှင့်ပတ်သက်သော ဝေဒနာခံစားရမည်ဖြစ်ရာ သွားဘက်ဆိုင်ရာ ကုသမှုမှာ လူသားမျိုးနွယ်စတင်ချိန်ကတည်းက တစ်စိတ်တစ်ပိုင်းရှိခဲ့ဖွယ် အနေအထားရှိသည်။
ရှေးခေတ်အချိန်အခါက သွားကိုမည်သို့ ပြောင်စင်အောင်တိုက်ရမည်စသည့်(၅၂)ချက်ပါသော စည်းကမ်းချက်များရှိခဲ့ကြောင်း ခိုင်လုံသောအထောက်အထားများနှင့် ရှာဖွေတွေ့ရှိခဲ့သည်။ သို့ရာတွင် သေချာသည့်အချက်တစ်ခုမှာ ရှေးခေတ်အချိန်အခါက ယနေ့ခေတ်ကဲ့သို့သွားနှင့်ပတ်သက်သည့် ဗဟုသုတ ၊ အထူးသဖြင့် ကုသမှုဆိုင်ရာကို မသိရှိကြပေ။

လွန်ခဲ့သောနှစ်ပေါင်း ၂၅၀၀ ခန့်က ရှေးဟောင်းဂရိ နိုင်ငံတွင် သွားနုတ်ပေးသောဆရာဝန်များရှိခဲ့ပြီး၊ အေဒီ ၁၄၀၀ ခန့်က ယိုင်နဲ့နေသောသွားများနုတ်ခြင်းသာပြုလုပ်ပေးကြပြီး ကိရိယာသစ်များပေါ်ပေါက်သောအခါ တခြားသွားများကိုပါနှုတ်ပေးကြသည်။ ဂရိတွင်ကလေးများသွားနာပါကသက်သာစေရန် ဆေးဖြင့်ကုသပေးကြပြီး၊ နှစ်ပေါင်း၂၀၀ဝန်းကျင်ရောက်သောအခါပိုမိုကောင်းမွန်သောကိရိယာများဖြင့်ကုသပေးနိုင်လာသည်။ အေဒီ၁၁၀ဝမှ၁၄၀ဝအလယ်ခေတ်ကာလသို့ ရောက်သောအခါသွားပေါက်ဖာခြင်းများ ပြုလုပ်လာကြပြီး၊ ဖယောင်း၊ ကော်စေးများ ဖြင့်ပြုလုပ်ပေးကြကာ နောက်ပိုင်းတွင် ခဲ၊ ရွှေစသော သတ္တုများကို အသုံးပြုလာကြသည်။

၁၄၉၈ ခုနှစ်တိုင်အောင်သွားပွတ်တံများတီထွင်နိုင်ခြင်းမရှိသေးသော်လည်း တရုတ်နိုင်ငံမှ သွားဆရာဝန်များကမူ ဘုရင့်မိသားစုအတွက် သွားတိုက်တံပုံစံမျိုး တီထွင်ပေးခဲ့ကြသည်။ လွန်ခဲ့သောနှစ်တစ်ရာကျော်က သွားဆရာဝန်ဖြစ်လိုသူတစ်ဦးသည် လက်ရှိလုပ်ကိုင်နေသော သွားဆရာဝန်ထံတွင် အလုပ်သင်အဖြစ် သင်ကြားလုပ်ကိုင်ကြရသည်။ ၁၈၄၀ ခုနှစ်တွင် The Baltimore College of Dental Surgery အမည်ရှိ ပထမဆုံးသွားဘက်ပညာကောလိပ်ကို ဖွင့်လှစ်ခဲ့သည်။

Leave a Reply