Posted on
19. ခံတွင်းထဲကမျိုချလိုက်တဲ့ အစာက အစာအိမ်ကိုရောက်ဖို့  ၇-စက္ကန့် ကြာပါတယ်တဲ့။
21. နှာခေါင်းထဲမှ နှပ်ချေးညှစ်ထုတ်တဲ့ ပြင်းအားက တနာရီလျှင် မိုင်၁၀၀ နှုန်းနဲ့ ညီမျှပါတယ်။
42. လက် ၂-ဘက်ဆန့် တန်းတဲ့ အကျယ်အ၀န်းက အရပ်အမောင်းအရှည်နှင်ထပ်တူညီပါတယ်။
———–
လူသိနည်းတဲ့ “လူ” တွေရဲ့ ထူးခြားအချက်အလက်တချို့ (unicode)
ဆောင်းပါးရှင် – ပေါက်ပေါက်
အမေရိကန်သတင်းတစ်ပုဒ်မှ ဆေးပညာအရရှုမြင်သုံးသပ်ကာ “Weird facts about human body (ဝါ) လူတွေမသိသေးတဲ့ လူ့ အကြောင်း” ခေါင်းစဉ်ဖြင့် စူးစမ်းပညာရှင် Brian Clegg ဆိုသူက အောက်ပါ အတိုင်း ဖော်ပြထား ခဲ့ပါ တယ်။
1. ဦးနှောက် နှင့် အာရုံကြောများအကြား အပြန်အလှန်လှုံ့ဆော်စေခိုင်းတုန့်ပြန်မှုတို့ရဲ့ အမြန်နှုန်းဟာ ၁-နာရီလျှင် ၁၇၀ မိုင်နှုန်း ဖြစ်ပါတယ်။
2. သွေးထဲမှပါလာသော အောက်စီဂျင်၏ ၂၀ % ကို ဦးနှောက်ကအသုံးပြုလေ့ရှိပါတယ်။
3. လက်သည်များက ခြေသည်းတွေထက် ၄-ဆပိုအရှည်မြန်ပြီး၊ အားလုံးထဲမှာ လက်ခလယ် ရဲ့လက်သည်းက အရှည် အမြန်ဆုံးပါဘဲ။
4. သွေးထဲရှိအငန်ပမာဏဟာ ပင်လည်ရေငန်၏ အငန်ပမာဏနှင့်ထပ်တူညီပါတယ်။
5. ကလေးတွေက ဆောင်းရာသီမှာအရပ်အရှည်မြန်ကြပါတယ်။ လူတယောက်ရဲ့ အရပ်အမောင်း အရှည်က နံက် နှင့် ည လုံးဝမတူကြဘဲ၊ နံက်ပိုင်းမှာအရပ်တိုင်းကြည့်တဲ့အခါ ၁-စင်တီ မီတာပိုရှည်ပါတယ်တဲ့။
6. ခန္ဓာကိုယ်တစ်ခုလုံးသို့ နှလုံးသွေးကြောစီးဆင်းလည်ပတ်မှုဟာ တစ်နေ့လျှင် အကြိမ် ၁၀၀၀ ရှိပါတယ်။
7. မျက်တောင်မွှေးရဲ့သက်တမ်းဟာ ပျမ်းမျှ ရက်ပေါင်း ၁၅၀ ကြာမြင့်ပါတယ်။
8. မျက်ခုံးတစ်ဖက်တစ်ချက်စီမှာ မျက်ခုံးမွှေးအပင်ပေါင်း ပျမ်းမျှ ၅၀ဝစီ ရှိကြပါတယ်။
9. လူ့ခန္ဓာကိုယ်ထဲရှိ အာရုံခံဆဲလ်များမှာ ပျမ်းမျှ ၁၀၀ ဘီလီယမ် ပါရှိပါတယ်။
10. မျက်လုံးဖွင့်ပြီး၊ ဘယ်သူမှနှာချေလို့မရနိုင်ပါ။ နှလုံးခုန်နေတာကလွဲလို့၊ နှာချေစဉ်မှာ ခန္ဓာ က်ိုယ် တစ်ခုလုံး အလုပ်လုပ် ခြင်း ခေတ္တရပ်ဆိုင်းသွားလေ့ရှိပါတယ်။
11. အရိုးများဟာ ကွန်ကရစ်ထက် ၄-ဆမျှ ပို၍ ခိုင်ခန့်သန်မာပါတယ်။ လူတစ်ယောက်ရဲ့အ မာ ဆုံးအရိုးဟာ မေးရိုးဖြစ်ပြီး၊ အသေးဆုံးအရိုးက နားရွက်ပါဘဲ။ အရိုးများကျိုးအက်ခြင်းက သူ့အ လိုလို ပြန်ဆက်လေ့ရှိသော်လဲ၊ သွားအကျိုးများ ကတော့ နဂိုအတိုင်းပြန်ဖြစ်မလာတော့ပါ။
12. မွေးဖွားလာချိန်မှာ ဒူးဆစ်ရှေ့ရှိ ခုံညင်းရိုးပါပေမယ့် အသက် ၂-နှစ်မှ ၆-နှစ်ရောက်တဲ့အထိ ခုံညင်းရိုးကို သိသိသာသာ မမြင်ရနိုင်ပါ။
13. အသက်အရွယ်ကြီးလာတာနဲ့အမျှ နှာခေါင်း နှင့် နားတို့ကလိုက်၍ကြီးလာသော်ငြား၊ မျက် လုံး ရဲ့အရွယ်အစားကတော့ တသမတ်တည်း အရွယ်ပြောင်းလဲမှုမရှိပါ။
14. မွေးဖွားလာချိန်မှာ အရိုးအဆစ်ပေါင်း ၃၀ဝရှိကြပေမယ့်၊ အရွယ်ရောက်တာတဲ့အချိန်မှာတော့ ၂၀၆ မျှသာရှိပါတော့တယ်။
15. ဦးခေါင်းခွံကို မတူညီသော အရိုးပေါင်း ၂၆ ခုဖြင့် ဖွဲ့စည်းထားပါတယ်။
16. ဆံပင်ကိုဖွဲ့စည်းထားတဲ့ အရာဝတ္တုပစ္စည်းများဟာ လက်သည်းခွံမှာပါတဲ့ အရာဝတ္တုများနှင့် တူတူ ပါဘဲ။
17. လူ့ခန္ဓာကိုယ်ရဲ့အကြီးမားဆုံးကြွက်သားက တင်ပါးဖြစ်ပြီး၊ အသန်မာဆုံးကြွက်သားက လျှာ ဖြစ်ပါတယ်။
18. တစ်နေ့တာသောက်သုံးလိုက်သောရေ၏ ၁.၅ လီတာပမာဏကို ဆီးအဖြစ် စွန့်ထုတ်လေ့ရှိပြီး၊ ပျမ်းမျှလူတစ်ယောက် က တနေ့လျှင် အနည်းဆုံး ရှုး(အပေါ့) ၆ ခါ စွန့်ထု တ်လေ့ ရှိပါတယ်။
19. ခံတွင်းထဲကမျိုချလ်ိုက်တဲ့ အစာက အစာအိမ်ကိုရောက်ဖို့ ၇-စက္ကန့်ကြာပါတယ်တဲ့။
20. ကလေးများက လူကြီးများထက် အရသာခံအာရုံ ပိုမိုကောင်းမွန်ပါတယ်။
21. နှာခေါင်းထဲမှ နှပ်ချေးညှစ်ထုတ်တဲ့ ပြင်းအားက တနာရီလျှင် မ်ိုင်၁၀၀ နှုန်းနဲ့ညီမျှပါတယ်။
22. ဆံပင်တစ်ပင်၏ သက်တမ်းဟာ ၃-နှစ်မှ ၇-နှစ်အထိ ရှိတတ်ပြီး၊ ရာသီဥတုပေါ်မူတည်၍ အမျိုးသားများက တစ်နေ့ လျှင်ပျမ်းမျှ ဆံပင် ၄၀ ကျွတ်ကြပြီး၊ အမျိုးသမီးများ အပင် ၇၀ ကျွတ်ကြ ပါတယ်။
23. ဘလိပ်ဓားဟာ အစာအိမ်ထဲက အစာချေအက်ဆစ်ရည်ထဲမှာ ပျော်ဝင်နိုင်ပါတယ်။
24. အမျိုးသမီးများရဲ့နှလုံးခန်နှုံးဟာ အမျိုးသားများထက် ပိုမြန်ပါတယ်။
25. ခန္ဓာကိုယ်အတွင်းကလီစာတွေမှာ အသည်းက အလုပ်အရှုပ်ဆုံးပါတဲ့။
26. အဆုပ်ထဲမှာ ဆံချည်ပြွန်သွေးကြောမျှင် သန်း ၃၀၀ ပါရှိပြီး၊ ဘယ်ဘက်အဆုပ်က ညာဘက် အဆုပ် ထက်ပိုသေးပါတယ်။
27. လူတစ်ယောက်ဟာ တစ်မိနစ်လျှင် ပျမ်းမျှ ၁၃-ကြိမ်မျှ မျက်တောင်ခတ်လေ့ရှိပြီး၊ အမျိုးသမီးက ၂-ဆပိုပါတယ်တဲ့။
28. ခြေဖဝါးမှာ ချွေးဂလင်းပေါင်း ၅-သိန်းမျှပါရှိပါတယ်။
29. တံတွေးဟာ ခံတွင်းရဲ့စက်ဆီ/ချောဆီကဲ့သို့ ခံတွင်းကိုစိုစွတ်စေကာ၊ အစာများအလွယ်တကူ ဝါးခြေမျိုချနိုင်အောင် ကူ ညီပေးပါတယ်။ လူ့ဘဝတစ်သက်တာအတွင်း တံတွေးထွက်ရှိမှု ဟာ ရေကူးကန် ၂-ကန်စာနှင့် ညီမျှပါတယ်။
30. ခန္ဓာကိုယ်တစ်ခုရဲ့ အကြီးဆုံးဆဲလ်က မမျိုးဥ ဖြစ်ပြီး၊ အသေးဆုံးဆဲလ်က ဖိုသုက်ရည်ထဲရှိ လိင်ကလပ်စည်းဖြစ်ပါတယ်။
31. မိခင်ဝမ်းတွင်းသန္ဓေသားဘ၀ မမွေးဖွားခင် ၆-လအလိုမှာကတည်းက သွားပေါက်ဖို့ အရှိန် ယူနေပါပြီတဲ့။
32. အမျိုးသား ၁၀ ဦးမှာ ၉ ဦးခန့်က အချိန်နာရီတိုင်းမှာ ရာဂစိတ်နိုးကြွလေ့ရှိပြီး၊ ၁၀-ဦးမှာ ၅-ဦး က အိပ်နေစဉ်မှာတောင် ရာဂစိတ်နိုးကြွပါတယ်။
33. စားပိုးနင့်နေအောင်စားခြင်းက အကြားအာရုံကိုလျော့နည်းစေပါတယ်။
34. လူတစ်ယောက်ရဲ့အနံ့ခံအာရုံက မတူညီသော အနံ့ ၅-သောင်းခန့်ကို ခွဲခြားမှတ်မိနေ တတ်ပြီး၊ အမျိုးသမီးများက အမျိုးသားများထက် အနံ့ခံစွမ်းအားပိုအားကောင်းပါတယ်။ အသက် ၆၀ ကျော်ရင်တော့ ကျား-မ အားလုံး အနံ့ခံအာရုံ လျော့ကျလေ့ရှိပါတယ်။
35. အသက် ၆၀ ရာက်လာတဲ့အခါ အမျိုးသားများ၏ ၆၀% က အိပ်ပျော်စဉ်ဟောက်လေ့ရှိပြီး၊ အမျိုးသမီးများမှာတော့ ၄၀% ဟောက်လေ့ရှိပါတယ်။
36. ခလေးငယ်၏ ဦးခေါင်းအရွယ်အစားဟာ သူ့အရပ်ရဲ့ ၄ပုံ၁ပုံမျှ ရှိပြီး၊ အသက် ၂၅-နှစ်မှာေ တာ့ ဦးခေါင်းအရွယ်က အရပ် အရှည်ရဲ့ ၈ပုံ၁ပုံဖြစ်သွားပါတယ်။
37. ရောဂါဝေဒနာစွဲကပ်ရခြင်း၏ ၉၀% ဟာ စိတ်ဓာတ်ကျဆင်းခြင်းကြောင့် ဖြစ်ပေါ်လာရ ပါ တယ်။
38. အရေပြားအပေါ်ယံဆဲလ်များက ၂၇-ရက် တစ်ကြိမ် ကြွေကျအသစ်လဲလေ့ရှိပြီး၊ တကိုယ်လုံး ရဲ့အရေပြားပေါ်သို့ နေ့စဉ် ဗက်တီးရီယားပိုးမွှားပေါင်း ၃၂သန်း အလည်လာလေ့ရှိပါတယ်တဲ့။
39. အရွယ်ရောက်သူများအားလုံး မိနစ်တိုင်းမှာ ကိုယ်တွင်းရှိဆဲလ်ပေါင်း သန်း ၃၀၀ မျှ သေၾ ကပြီး၊ တစ်နေ့လျှင် ဆဲလ်သစ် ပေါင်း ၃၀၀ ဘီလီလျှံမွေးဖွားလာလေ့ရှိပါတယ်။
40. နှုတ်ခမ်းများ အနီရောင်သန်းနေရခြင်းမှာ နှုတ်ခမ်းအရေပြားအောက်မှာ အလွန်သေးငယ်ေ သာ သွေးကြောမျှင်များစုဝေး နေခြင်းကြောင့်ပါဘဲ။
41. နွေးနွေးထွေးထွေးအိပ်စက်ခြင်းက အိပ်မက်ဆိုးတွေ မမက်စေပါဘူး။
42. လက် ၂-ဘက်ဆန့်တန်းတဲ့ အကျယ်အဝန်းက အရပ်အမောင်းအရှည်နှင ္ထပ်တူညီပါတယ်။
43. အမျိုးသမီးများ၏ အဆီလောင်ကျွမ်းမှုက အမျိုးသားများထက်နှေးကွေးကြလို့ ခန္ဓာကိုယ်မှာ အဆီပိုစုဝေးနေကြပါတယ်။
44. သွေးနီဥဆဲလ် တခုဟာ ခန္ဓာကိုယ် ၁-ပတ်ပြည့်ဝစွာ လည်ပတ်ဖို့၆ဝစက္ကန့်မျှ အချိန်ကြာပါ တယ်တဲ့။
45. ကျမ္မာသန်းစွမ်းသော အမျိုးသားတစ်ယောက်ဟာ တနေ့လျှင် သုက်ကောင်ရေ ၁၀ သန်းမျှ ထွက်ရှိပါတယ်။
46. IQ မြင့်သူတွေက အိပ်ပျော်နေစဉ် မကြာခဏ အိပ်မက် မြင်မက်လေ့ရှိကြပါတယ်။
Leave a Reply