ဘ၀တစ္ေလွ်ာက္လုံးေအာင္ျမင္ခ်င္ရင္ ဒီအေျပာင္းအလဲေလး(၈)ခု ကုိ လုပ္လုိက္ပါ

Posted on

Translated By Soe Soe win ( Myanmar-Network)

သင့္ဘ၀တစ္ေလွ်ာက္လံုး ေအာင္ျမင္ဖို႔ အေျပာင္းအလဲေလးနည္းနည္း လုပ္ခ်င္ပါသလား။ လူေတြဟာ သူတို႔ဘ၀ေတြကို ပိုၿပီးတိုးတက္ ေကာင္းမြန္ေအာင္ လုပ္ခ်င္ၾကပါတယ္။ ဒါေပမယ့္ သူတို႔ ဘယ္ကစၿပီး လုပ္ရမလဲဆိုတာကိုေတာ့ မသိၾကပါဘူး။ ဘယ္လိုပဲျဖစ္ျဖစ္ သင္ကေတာ့ အခုပဲအေျပာင္းအလဲေတြ လုပ္ၿပီး သင့္ဘ၀ကို ေအာင္ျမင္ေပ်ာ္ရႊင္တဲ့ဘ၀ျဖစ္ေအာင္ဖန္တီးလိုက္ပါ။ အဲ့ဒီအတြက္ လုပ္ရမယ့္ အခ်က္ (၈) ခ်က္ကို ေအာက္မွာ ေဖာ္ျပေပးလိုက္ပါတယ္…….

၁။ ဘ၀မွာ စိတ္ကူးထားတဲ့ ေအာင္ျမင္မႈေတြရဖို႔ အလုပ္ေတြကို စလိုက္ပါ

လူတိုင္းမွာ သူတို႔ဘ၀အတြက္ ရည္မွန္ထားတဲ့ ရည္မွန္းခ်က္ေတြရွိပါတယ္။ ဥပမာ- စာအုပ္တစ္အုပ္ ေရးခ်င္တာမ်ိဳး၊ ကိုယ္ပိုင္စီးပြားေရးတစ္ခု လုပ္ခ်င္တာမ်ိဳးေတြေပါ့။ ဒီလိုရည္မွန္းခ်က္ေတြဟာ သူတို႔ဘ၀ေတြ အတြက္ေတာ့ အေရးပါ အရာေရာက္လွပါတယ္။ ဒါေပမယ့္လည္း အျခားေသာလိုအပ္ခ်က္ေတြကို ဦးစားေပးလိုက္တဲ့ အခါမွာ ဒီရည္မွန္းခ်က္ေတြဟာ ေနာက္မွာေရာက္သြားတတ္ၾကပါတယ္။ ငါ့ဘ၀အတြက္ ရည္မွန္းခ်က္ကဘာလဲ။ ငါအခု စလုပ္ႏိုင္ၿပီလား။ ငါ့ဘ၀ရည္မွန္းခ်က္ျပည့္ဖို႔ ဒီႏွစ္မွာ ဘာကို စၿပီးလုပ္ႏိုင္မွာလဲ။ စတဲ့ေမးခြန္းေတြကို ကိုယ့္ကိုယ္ကိုျပန္ေမးၾကည့္ပါ။


၂။ အိပ္ခ်ိန္မွန္ေအာင္ႀကိဳးစားေလ့က်င့္ပါ

အားလပ္ရပ္ေတြမွာ ေနာက္က်မွ အိပ္ယာ၀င္တတ္ၾကတယ္ဆိုေပမယ့္လည္း ေနာက္က်မွ အိပ္ယာက ထတဲ့ရက္ေတြ နည္းနည္းမ်ားလာရင္ေတာ့ သင့္ရဲ႕အိပ္ခ်ိန္ဟာ ျပန္အသစ္ျဖစ္ေစႏိုင္ပါတယ္။ ညေနပိုင္း အရမ္းပင္ပန္းမယ့္ အလုပ္ေတြေရွာင္ျခင္း၊ အေျပာင္းအလဲတစ္ခုခုလုပ္ၿပီး ေလွ်ာ့ခ်ျခင္းေတြကို လုပ္ၿပီး ေန႔တိုင္း ပံုမွန္အိပ္ၿပီး ပံုမွန္ အိပ္ယာမွ ထသင့္ပါတယ္။ အဲ့ဒါဟာ သင့္ရဲ႕ အိပ္ခ်ိန္ေတြအတြက္ အေကာင္းဆံုး အက်ိဳးအျမတ္တစ္ခုပါပဲ။

၃။ ဦးစားေပးတစ္ခုအေနနဲ႔ ပိုက္ဆံစုပါ

သင့္ဘ၀မွာ ေအာင္ျမင္မႈတစ္ခုရဖို႔ဆိုရင္ေတာ့ ပိုက္ဆံကို ဦးစားေပးအေနနဲ႔ စုေဆာင္းတတ္ဖို႔ပါပဲ။ ဘ၀မွာ မေမွ်ာ္လင့္ထားတာေတြအမ်ားႀကီး ႀကံဳေတြ႔ရႏို္င္ပါတယ္။ ဒါေၾကာင့္ အေရးကိစၥႀကီးငယ္ ေပၚလာပါက အသံုးျပဳႏိုင္ဖို႔အတြက္ ပိုက္ဆံကို စုေဆာင္းထားသင့္ပါတယ္။ တကယ္လို႔ သင့္မွာ အေရးေပၚကိစၥေတြအတြက္ အသံုးမလိုခဲ့ဘူးဆိုရင္လဲ ဒီပိုက္ဆံဟာ သင့္အလုပ္ကေန အနားယူတဲ့အခါမွာေတာ့ အသံုး၀င္မွာျဖစ္ပါတယ္။

၄။ ေလ့က်င့္ခန္း စလုပ္ပါ

ပံုမွန္ေလ့က်င့္ခန္း လုပ္ေဆာင္ျခင္းဟာ သင့္အတြက္ေတာ့ မ်ားစြာ အက်ိဳးေက်းဇူးရရွိေစမွာပါ။ ခႏၶာကိုယ္အေလးခ်ိန္ကိုလည္း ထိန္းညွိေပးႏိုင္သလို၊ စိတ္ခံစားမႈနဲ႔ စြမ္းအားေတြကိုလည္းတိုးတက္ေစပါတယ္။ ဒါ့အျပင္ ေရာဂါေတြကို ခုခံကာကြယ္ႏုိုင္ၿပီး က်န္းမာေရးကိုလည္း ေကာင္းမြန္ေစပါတယ္။ ေျပးတာ၊ ေရကူးတာ၊ လမ္းေလွ်ာက္တာ၊ စက္ဘီးစီး၊ ေတာင္တက္၊ အေလးမ စတဲ့ ဘယ္အားကစားနည္းကိုမဆို သင္ေရြးခ်ယ္ ျပဳလုပ္နိုင္ပါတယ္။ သင့္ဘ၀ရဲ႕ လက္က်န္အခ်ိန္ေတြမွာ ေအာင္ျမင္မႈရခ်င္တယ္ဆိုရင္ေတာ့ ေလ့က်င့္ခန္း တစ္ခုခုကို သင္ လုပ္ေဆာင္သင့္ပါတယ္။

၅။ အျခားလူေတြနဲ႔ ႏိႈင္းယွဥ္တာမ်ိဳးကို ရပ္လိုက္ပါ

ကမၻာႀကီးမွာ အရည္အေသြးအမ်ိဳးမ်ိဳး၊ ထူးခွၽြန္မႈအမ်ိဳးမ်ိဳးေတြပိုင္ဆိုင္ထားတဲ့ လူသားေတြနဲ႔ ျပည့္ႏွက္ေနတာပါ။ အျခားလူေတြ ဘာလုပ္ေနတယ္ဆိုတာကို လိုက္ၾကည့္ေနရင္ သင္လုပ္ရမယ့္ ဦးစားေပးအရာေတြေပ်ာက္ဆံုးသြားႏိုင္ပါတယ္။ သင့္ဘ၀ရဲ႕ အခက္အခဲေတြကိုပဲ ေတြးေနတာမ်ိဳး၊ အျခားလူေတြရဲ႕ အေၾကာင္းေတြကို ေတြးေနတာမ်ိဳးေတြထက္ သင့္ဘ၀ရည္မွန္းခ်က္ ေအာင္ျမင္ႏိုင္ဖို႔နဲ႔ ေပ်ာ္ရႊင္ဖို႔ကိုပဲ အာရံုစိုက္ထားသင့္ပါတယ္။

၆။ ေန႔တိုင္း တစ္စံုတစ္ခုကို ေလ့လာသင္ယူဖို႔ရည္ရြယ္ထားပါ

သင္ ေက်ာင္းၿပီးသြားေပမယ့္ ေလ့လာသင္ယူမႈကေတာ့ မၿပီးဆံုးသင့္ပါဘူး။ ကမၻာႀကီးဟာ သင္မသိ နားမလည္ႏိုင္တဲ့ အရာေတြနဲ႔ျပည့္ေနတာပါ။ ဒါေၾကာင့္ သင့္ကိုယ္သင္ အၿမဲေလ့လာသင္ယူႏိုင္တဲ့လူ ျဖစ္ေအာင္ အာရံုစိုက္ထားသင့္ပါတယ္။ သင့္ရဲ႕စိတ္တံခါးေတြကို ဖြင့္ထားပါ။ သင့္ရဲ႕လုပ္နိုင္စြမ္းနယ္ပယ္ေတြကို ခ်ဲ႕ထြင္ပါ။ ပို႔စ္ကဒ္ေတြ၊ ေဆြးေႏြးပြဲေတြကအစ စာအုပ္ေတြအဆံုး သင္ေလ့လာသင္ယူစရာေတြအမ်ားႀကီးရွိေနပါတယ္။

၇။ ကိုယ့္ကိုယ္ကို အားေပးပါ။

သင့္ဘ၀မွာ ေအာင္ျမင္ဖို႔အတြက္ အေရးအႀကီးဆံုးကေတာ့ ကိုယ့္ကိုယ္ကို တြန္းအားေပးတတ္ဖို႔ပါပဲ။ ခရီးေတြထြက္ၿပီး ဓာတ္ပံုေတြေလွ်ာက္ရိုက္တာဟာလည္း ဘ၀ကို အေကာင္းဆံုးတြန္းအားေပးျခင္းပါပဲ။ အသက္ႀကီးလာတဲ့အခါမွာေတာ့ သင္ လုပ္ခဲ့တာေတြဟာ သင့္အတြက္ေတာ့ အဖိုးတန္တဲ့ အမွတ္တရေတြ ျဖစ္ေစမွာပါ။ သင္ စိတ္ပင္ပန္းတဲ့အခါမွာေတာ့ ေစာေစာက အမွတ္ရစရာေတြကို ျပန္ၾကည့္ျခင္းျဖင့္ တစ္ဖန္ျပန္ၿပီး ၿပံဳးေပ်ာ္ႏိုင္ေစမွာပါ။

၈။ သင္ ဘာကိုသေဘာက်ႏွစ္သက္လဲ ဆံုးျဖတ္ပါ။

သင့္အတြက္ ေအာင္ျမင္မႈဆိုတာဟာ ဘာလဲ။ အခု ဘာလုပ္ရမယ္ဆိုတာကို သင္မသိေသးလဲ ကိစၥေတာ့မရွိပါဘူး။ ဒါေပမယ့္ ဘာကိုႏွစ္သက္ၿပီး ဘာကိုတန္ဖိုးထားတယ္ဆိုတာကိုေတာ့ သင္ ေရြးခ်ယ္တတ္ဖို႔လိုပါတယ္။ ဒါဟာ သင့္ဘ၀ကို ေအာင္ျမင္ေပ်ာ္ရႊင္ေစမယ့္ အရာေတြပါ။ ဘယ္ကစရမွန္းမသိရင္ စာရြက္တစ္ရြက္ယူ၊ ထိုင္ၿပီး သင့္စိတ္ထဲက ဦးစားေပးသင့္တယ္ထင္တဲ့အရာေတြကို ခ်ေရးပါ။

သင့္အတြက္ ေအာင္ျမင္ျခင္းဆိုတဲ့ အဓိပၸါယ္က ဘာလဲ။ သင့္ဘ၀ကို ဘယ္လိုတိုးတက္ေအာင္ လုပ္မလဲ။ ကံေကာင္းၾကပါေစ။

Lifehack.org မွ Amy Johnson ရဲ့ 8 Little Changes You Should Make Now For Your Lifelong Success ကို ကိုးကားဘာသာျပန္ဆိုထားျခင္းျဖစ္ပါတယ္။

—————
ဘဝတစ်လျှောက်လုံးအောင်မြင်ချင်ရင် ဒီအပြောင်းအလဲလေး(၈)ခု ကို လုပ်လိုက်ပါ (unicode)

Translated By Soe Soe win ( Myanmar-Network)

သင့်ဘဝတစ်လျှောက်လုံး အောင်မြင်ဖို့ အပြောင်းအလဲလေးနည်းနည်း လုပ်ချင်ပါသလား။ လူတွေဟာ သူတို့ဘ၀တွေကို ပိုပြီးတိုးတက် ကောင်းမွန်အောင် လုပ်ချင်ကြပါတယ်။ ဒါပေမယ့် သူတို့ ဘယ်ကစပြီး လုပ်ရမလဲဆိုတာကိုတော့ မသိကြပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် သင်ကတော့ အခုပဲအပြောင်းအလဲတွေ လုပ်ပြီး သင့်ဘဝကို အောင်မြင်ပျော်ရွှင်တဲ့ဘ၀ဖြစ်အောင်ဖန်တီးလိုက်ပါ။ အဲ့ဒီအတွက် လုပ်ရမယ့် အချက် (၈) ချက်ကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်…….

၁။ ဘဝမှာ စိတ်ကူးထားတဲ့ အောင်မြင်မှုတွေရဖို့ အလုပ်တွေကို စလိုက်ပါ

လူတိုင်းမှာ သူတို့ဘဝအတွက် ရည်မှန်ထားတဲ့ ရည်မှန်းချက်တွေရှိပါတယ်။ ဥပမာ- စာအုပ်တစ်အုပ် ရေးချင်တာမျိုး၊ ကိုယ်ပိုင်စီးပွားရေးတစ်ခု လုပ်ချင်တာမျိုးတွေပေါ့။ ဒီလိုရည်မှန်းချက်တွေဟာ သူတို့ဘ၀တွေ အတွက်တော့ အရေးပါ အရာရောက်လှပါတယ်။ ဒါပေမယ့်လည်း အခြားသောလိုအပ်ချက်တွေကို ဦးစားပေးလိုက်တဲ့ အခါမှာ ဒီရည်မှန်းချက်တွေဟာ နောက်မှာရောက်သွားတတ်ကြပါတယ်။ ငါ့ဘဝအတွက် ရည်မှန်းချက်ကဘာလဲ။ ငါအခု စလုပ်နိုင်ပြီလား။ ငါ့ဘဝရည်မှန်းချက်ပြည့်ဖို့ ဒီနှစ်မှာ ဘာကို စပြီးလုပ်နိုင်မှာလဲ။ စတဲ့မေးခွန်းတွေကို ကိုယ့်ကိုယ်ကိုပြန်မေးကြည့်ပါ။

၂။ အိပ်ချိန်မှန်အောင်ကြိုးစားလေ့ကျင့်ပါ

အားလပ်ရပ်တွေမှာ နောက်ကျမှ အိပ်ယာဝင်တတ်ကြတယ်ဆိုပေမယ့်လည်း နောက်ကျမှ အိပ်ယာက ထတဲ့ရက်တွေ နည်းနည်းများလာရင်တော့ သင့်ရဲ့အိပ်ချိန်ဟာ ပြန်အသစ်ဖြစ်စေနိုင်ပါတယ်။ ညနေပိုင်း အရမ်းပင်ပန်းမယ့် အလုပ်တွေရှောင်ခြင်း၊ အပြောင်းအလဲတစ်ခုခုလုပ်ပြီး လျှော့ချခြင်းတွေကို လုပ်ပြီး နေ့တိုင်း ပုံမှန်အိပ်ပြီး ပုံမှန် အိပ်ယာမှ ထသင့်ပါတယ်။ အဲ့ဒါဟာ သင့်ရဲ့ အိပ်ချိန်တွေအတွက် အကောင်းဆုံး အကျိုးအမြတ်တစ်ခုပါပဲ။

၃။ ဦးစားပေးတစ်ခုအနေနဲ့ ပိုက်ဆံစုပါ

သင့်ဘဝမှာ အောင်မြင်မှုတစ်ခုရဖို့ဆိုရင်တော့ ပိုက်ဆံကို ဦးစားပေးအနေနဲ့ စုဆောင်းတတ်ဖို့ပါပဲ။ ဘဝမှာ မမျှော်လင့်ထားတာတွေအများကြီး ကြုံတွေ့ရန်ိုင်ပါတယ်။ ဒါကြောင့် အရေးကိစ္စကြီးငယ် ပေါ်လာပါက အသုံးပြုနိုင်ဖို့အတွက် ပိုက်ဆံကို စုဆောင်းထားသင့်ပါတယ်။ တကယ်လို့ သင့်မှာ အရေးပေါ်ကိစ္စတွေအတွက် အသုံးမလိုခဲ့ဘူးဆိုရင်လဲ ဒီပိုက်ဆံဟာ သင့်အလုပ်ကနေ အနားယူတဲ့အခါမှာတော့ အသုံးဝင်မှာဖြစ်ပါတယ်။

၄။ လေ့ကျင့်ခန်း စလုပ်ပါ

ပုံမှန်လေ့ကျင့်ခန်း လုပ်ဆောင်ခြင်းဟာ သင့်အတွက်တော့ များစွာ အကျိုးကျေးဇူးရရှိစေမှာပါ။ ခန္ဓာကိုယ်အလေးချိန်ကိုလည်း ထိန်းညှိပေးနိုင်သလို၊ စိတ်ခံစားမှုနဲ့ စွမ်းအားတွေကိုလည်းတိုးတက်စေပါတယ်။ ဒါ့အပြင် ရောဂါတွေကို ခုခံကာကွယ်နိုင်ပြီး ကျန်းမာရေးကိုလည်း ကောင်းမွန်စေပါတယ်။ ပြေးတာ၊ ရေကူးတာ၊ လမ်းလျှောက်တာ၊ စက်ဘီးစီး၊ တောင်တက်၊ အလေးမ စတဲ့ ဘယ်အားကစားနည်းကိုမဆို သင်ရွေးချယ် ပြုလုပ်နိုင်ပါတယ်။ သင့်ဘဝရဲ့ လက်ကျန်အချိန်တွေမှာ အောင်မြင်မှုရချင်တယ်ဆိုရင်တော့ လေ့ကျင့်ခန်း တစ်ခုခုကို သင် လုပ်ဆောင်သင့်ပါတယ်။

၅။ အခြားလူတွေနဲ့ နှိုင်းယှဉ်တာမျိုးကို ရပ်လိုက်ပါ

ကမ္ဘာကြီးမှာ အရည်အသွေးအမျိုးမျိုး၊ ထူးချှြန်မှုအမျိုးမျိုးတွေပိုင်ဆိုင်ထားတဲ့ လူသားတွေနဲ့ ပြည့်နှက်နေတာပါ။ အခြားလူတွေ ဘာလုပ်နေတယ်ဆိုတာကို လိုက်ကြည့်နေရင် သင်လုပ်ရမယ့် ဦးစားပေးအရာတွေပျောက်ဆုံးသွားနိုင်ပါတယ်။ သင့်ဘဝရဲ့ အခက်အခဲတွေကိုပဲ တွေးနေတာမျိုး၊ အခြားလူတွေရဲ့ အကြောင်းတွေကို တွေးနေတာမျိုးတွေထက် သင့်ဘဝရည်မှန်းချက် အောင်မြင်နိုင်ဖို့နဲ့ ပျော်ရွှင်ဖို့ကိုပဲ အာရုံစိုက်ထားသင့်ပါတယ်။

၆။ နေ့တိုင်း တစ်စုံတစ်ခုကို လေ့လာသင်ယူဖို့ရည်ရွယ်ထားပါ

သင် ကျောင်းပြီးသွားပေမယ့် လေ့လာသင်ယူမှုကတော့ မပြီးဆုံးသင့်ပါဘူး။ ကမ္ဘာကြီးဟာ သင်မသိ နားမလည်နိုင်တဲ့ အရာတွေနဲ့ပြည့်နေတာပါ။ ဒါကြောင့် သင့်ကိုယ်သင် အမြဲလေ့လာသင်ယူနိုင်တဲ့လူ ဖြစ်အောင် အာရုံစိုက်ထားသင့်ပါတယ်။ သင့်ရဲ့စိတ်တံခါးတွေကို ဖွင့်ထားပါ။ သင့်ရဲ့လုပ်နိုင်စွမ်းနယ်ပယ်တွေကို ချဲ့ထွင်ပါ။ ပို့စ်ကဒ်တွေ၊ ဆွေးနွေးပွဲတွေကအစ စာအုပ်တွေအဆုံး သင်လေ့လာသင်ယူစရာတွေအများကြီးရှိနေပါတယ်။

၇။ ကိုယ့်ကိုယ်ကို အားပေးပါ။

သင့်ဘဝမှာ အောင်မြင်ဖို့အတွက် အရေးအကြီးဆုံးကတော့ ကိုယ့်ကိုယ်ကို တွန်းအားပေးတတ်ဖို့ပါပဲ။ ခရီးတွေထွက်ပြီး ဓာတ်ပုံတွေလျှောက်ရိုက်တာဟာလည်း ဘဝကို အကောင်းဆုံးတွန်းအားပေးခြင်းပါပဲ။ အသက်ကြီးလာတဲ့အခါမှာတော့ သင် လုပ်ခဲ့တာတွေဟာ သင့်အတွက်တော့ အဖိုးတန်တဲ့ အမှတ်တရတွေ ဖြစ်စေမှာပါ။ သင် စိတ်ပင်ပန်းတဲ့အခါမှာတော့ စောစောက အမှတ်ရစရာတွေကို ပြန်ကြည့်ခြင်းဖြင့် တစ်ဖန်ပြန်ပြီး ပြုံးပျော်နိုင်စေမှာပါ။

၈။ သင် ဘာကိုသဘောကျနှစ်သက်လဲ ဆုံးဖြတ်ပါ။

သင့်အတွက် အောင်မြင်မှုဆိုတာဟာ ဘာလဲ။ အခု ဘာလုပ်ရမယ်ဆိုတာကို သင်မသိသေးလဲ ကိစ္စတော့မရှိပါဘူး။ ဒါပေမယ့် ဘာကိုနှစ်သက်ပြီး ဘာကိုတန်ဖိုးထားတယ်ဆိုတာကိုတော့ သင် ရွေးချယ်တတ်ဖို့လိုပါတယ်။ ဒါဟာ သင့်ဘဝကို အောင်မြင်ပျော်ရွှင်စေမယ့် အရာတွေပါ။ ဘယ်ကစရမှန်းမသိရင် စာရွက်တစ်ရွက်ယူ၊ ထိုင်ပြီး သင့်စိတ်ထဲက ဦးစားပေးသင့်တယ်ထင်တဲ့အရာတွေကို ချရေးပါ။

သင့်အတွက် အောင်မြင်ခြင်းဆိုတဲ့ အဓိပ္ပါယ်က ဘာလဲ။ သင့်ဘဝကို ဘယ်လိုတိုးတက်အောင် လုပ်မလဲ။ ကံကောင်းကြပါစေ။

Lifehack.org မှ Amy Johnson ရဲ့ 8 Little Changes You Should Make Now For Your Lifelong Success ကို ကိုးကားဘာသာပြန်ဆိုထားခြင်းဖြစ်ပါတယ်။

Leave a Reply