မုိဘုိင္းဂိမ္း မရပ္မနား ကစားၿပီးေနာက္ မ်က္လုံးတစ္လုံးကြယ္ခဲ့တဲ့ အမ်ဳိးသမီး

Posted on

ဒီျဖစ္စဥ္ကေတာ့ ၿပီးခဲ့တဲ့ ေအာက္တုိဘာ ၁ရက္ေန႔က တရုတ္ႏုိင္ငံ Dongguan ၿမဳိ႕မွာျဖစ္ခဲ့တာပဲျဖစ္ပါတယ္။ မုိဘုိင္းဖုန္းဂိမ္း မရပ္မနားကစားခဲ့တဲ့ အမ်ဳိးသမီးဟာ ေဆးစစ္ေဆးမႈအရ ညာဘက္မ်က္လုံး မ်က္စိေၾကာကုိ ထိခုိက္ကာ အျမင္အာရုံကြယ္ခဲ့တာပဲျဖစ္ပါတယ္။

Wu လုိ႔နာမည္ရတဲ့ ဒီအမ်ဳိးသမီးဟာ နာမည္ႀကီးမုိဘုိင္းဂိမ္းတစ္မ်ဳိးျဖစ္တဲ့ King of Glory ဂိမ္းကို ကစားခဲ့ၿပီးရင္း ညာဘက္မ်က္လုံး ဘာမွမျမင္ရေတာ့မွ သတိထားမိခဲ့တယ္လုိ႔ ဆုိပါတယ္။ အဲဒီေနာက္ေတာ့ သူမဟာ မ်က္စိအရမ္းပင္ပန္းတာေၾကာင့္ အခုလုိျဖစ္ခဲ့ၿပီး အိပ္လုိက္ရင္ျပန္ေကာင္းလာလိမ့္မယ္လုိ႔ ထင္ခဲ့ၿပီး အိပ္ယာ၀င္ခဲ့ပါတယ္။ ဒါေပမယ္ ေနာက္တစ္ေန႔ အိပ္ယာႏုိးတဲ့အခ်ိန္မွာေတာ့ သူမမ်က္စိဟာ ဒီအတုိင္းပဲ ဘာမွကုိ မျမင္ရဆဲရွိေနပါေသးတယ္။ ဒါေၾကာင့္ မိဘျဖစ္သူေတြကို အသိေပးကာ ေဆးရုံကုိေျပးခဲ့ပါတယ္။ မိဘေတြက သာမန္အေျခအေနလုိ႔ပဲ ထင္ခဲ့ေပမယ့္ စစ္ေဆးၿပီးတဲ့အခါမွာေတာ့ သူမမ်က္လုံးကြယ္ခဲ့ၿပီ ဆုိတာ သိလုိက္ရပါတယ္။ Donggiang Huaxia ေဆးရုံက ဆရာ၀န္ေတြရဲ႕ အဆုိအရ ဒါဟာ ေသးငယ္တဲ့ ဖုန္းမ်က္ႏွာျပင္ကုိ အခ်ိန္ေပါင္းမ်ားစြာ မရပ္မနား စူးစုိက္ၾကည့္တာေၾကာင့္ မ်က္လုံးကဒဏ္မခံႏုိင္ေတာ့ပဲ အခုလုိျပင္းထန္ခဲ့ရတာလုိ႔ သိရပါတယ္။ လူႀကီးေတြမွာသာ အျဖစ္မ်ားေလ့ရွိတဲ့ ေရာဂါျဖစ္ၿပီး ျပန္ေကာင္းေအာင္ကုသဖုိ႔ မျဖစ္ႏုိင္ေလာက္ေအာင္ ခက္ခဲတဲ့ေရာဂါလုိ႔ သိရပါတယ္။

သူမဘယ္ေလာက္ အထိေဆာ့ခဲ့သလဲ ဆုိတာကုိ Wu က ေျပာျပခဲ့ပါတယ္။
“အဲဒီေန႔က ကြ်န္မ မနက္၆နာရီမွာ ႏုိးလာတယ္။ မနက္စာစားၿပီးတာနဲ႔ ဂိမ္းစေဆာ့ခဲ့ပါတယ္။ ဆက္တုိက္ေဆာ့ခဲ့ၿပီး ေန႔လည္စာေတာင္ မစားျဖစ္ခဲ့ပါဘူး။ ဆက္တုိက္ ေဆာ့ရင္းနဲ႔ ညေန ၄နာရီထိုးသြားပါတယ္။ ၿပီးေတာ့ အစာနည္းနည္းစားၿပီး မိနစ္အနည္းငယ္ေမွးခဲ့ပါေသးတယ္။ ခဏေနေတာ့ဆက္ေဆာ့ပါတယ္။ ကြ်န္မ အိပ္ဖုိ႔ စားဖုိ႔ ေမ့ေနေလာက္ေအာင္ ဂိမ္းက ဆြဲေဆာင္ထားလုိ႔ျဖစ္ပါတယ္။ မနက္ ၂နာရီထိေတာင္ ဆက္ကစားရင္း အခုလုိျဖစ္ခဲ့တာပါ၊ sceen က အလင္းစူးစူးဟာ ျမင္လုိက္ၿပီးေနာက္ ကြ်န္မညာဘက္မ်က္လုံး လုံး၀မျမင္ေတာ့တာပါ”

လက္ရွိအခ်ိန္မွာေတာ့ သူမဟာ ေဆးရုံမွာပဲရွိေနၿပီး ဆရာ၀န္ေတြကလည္း ကုသႏုိင္မယ့္နည္းလမ္းကို ႀကဳိးစားလွ်က္ရွိပါတယ္။ ဒီသတင္းဟာ တရုတ္မီဒီယာေတြေပၚမွာ ေရပန္းစားလွ်က္ရွိၿပီး မ်က္စိကြ်မ္းက်င္သူေတြကလည္း ဖုန္းေတြ ကြန္ပ်ဴတာေတြကို ၾကည့္တဲ့အခါ တစ္ဆက္တည္း နာရီ၀က္ကေန ၁နာရီအတြင္းသာၾကည့္ဖုိ႔ ၾကည့္ၿပီးတဲ့အခါမွာ အခ်ိန္အနည္းငယ္ေတာ့ အနားေပးဖုိ႔ တုိက္တြန္းလွ်က္ရွိပါတယ္။ ယေန႔ေခတ္ဟာ နည္းပညာတုိးတက္လာတဲ့ အေလွ်ာက္ ဖုန္းေတြေၾကာင့္ အျမင္အာရုံနဲ႔ ဆုိင္တဲ့ေရာဂါေတြ တုိးပြားလွ်က္ရွိပါတယ္။ အဓိကအားျဖင့္ လူငယ္ေတြဟာ အလြန္အမင္းသုံးစြဲေနၾကၿပီး ဒီလုိအျဖစ္ေတြမျဖစ္ဖုိ႔ သတိထားၾကပါလုိ႔ တုိက္တြန္းလုိက္ပါရေစ။


မရပ်မနား မိုဘိုင်းဂိမ်းကစားပြီးနောက် မျက်လုံးတစ်လုံးကွယ်ခဲ့တဲ့ အမျိုးသမီး (unicode)

ဒီဖြစ်စဉ်ကတော့ ပြီးခဲ့တဲ့ အောက်တိုဘာ ၁ရက်နေ့က တရုတ်နိုင်ငံ Dongguan မြို့မှာဖြစ်ခဲ့တာပဲဖြစ်ပါတယ်။ မိုဘိုင်းဖုန်းဂိမ်း မရပ်မနားကစားခဲ့တဲ့ အမျိုးသမီးဟာ ဆေးစစ်ဆေးမှုအရ ညာဘက်မျက်လုံး မျက်စိကြောကို ထိခိုက်ကာ အမြင်အာရုံကွယ်ခဲ့တာပဲဖြစ်ပါတယ်။

Wu လို့နာမည်ရတဲ့ ဒီအမျိုးသမီးဟာ နာမည်ကြီးမိုဘိုင်းဂိမ်းတစ်မျိုးဖြစ်တဲ့ King of Glory ဂိမ်းကို ကစားခဲ့ပြီးရင်း ညာဘက်မျက်လုံး ဘာမှမမြင်ရတော့မှ သတိထားမိခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီနောက်တော့ သူမဟာ မျက်စိအရမ်းပင်ပန်းတာကြောင့် အခုလိုဖြစ်ခဲ့ပြီး အိပ်လိုက်ရင်ပြန်ကောင်းလာလိမ့်မယ်လို့ ထင်ခဲ့ပြီး အိပ်ယာဝင်ခဲ့ပါတယ်။ ဒါပေမယ် နောက်တစ်နေ့ အိပ်ယာနိုးတဲ့အချိန်မှာတော့ သူမမျက်စိဟာ ဒီအတိုင်းပဲ ဘာမှကို မမြင်ရဆဲရှိနေပါသေးတယ်။ ဒါကြောင့် မိဘဖြစ်သူတွေကို အသိပေးကာ ဆေးရုံကိုပြေးခဲ့ပါတယ်။ မိဘတွေက သာမန်အခြေအနေလို့ပဲ ထင်ခဲ့ပေမယ့် စစ်ဆေးပြီးတဲ့အခါမှာတော့ သူမမျက်လုံးကွယ်ခဲ့ပြီ ဆိုတာ သိလိုက်ရပါတယ်။ Donggiang Huaxia ဆေးရုံက ဆရာဝန်တွေရဲ့ အဆိုအရ ဒါဟာ သေးငယ်တဲ့ ဖုန်းမျက်နှာပြင်ကို အချိန်ပေါင်းများစွာ မရပ်မနား စူးစိုက်ကြည့်တာကြောင့် မျက်လုံးကဒဏ်မခံနိုင်တော့ပဲ အခုလိုပြင်းထန်ခဲ့ရတာလို့ သိရပါတယ်။ လူကြီးတွေမှာသာ အဖြစ်များလေ့ရှိတဲ့ ရောဂါဖြစ်ပြီး ပြန်ကောင်းအောင်ကုသဖို့ မဖြစ်နိုင်လောက်အောင် ခက်ခဲတဲ့ရောဂါလို့ သိရပါတယ်။

သူမဘယ်လောက် အထိဆော့ခဲ့သလဲ ဆိုတာကို Wu က ပြောပြခဲ့ပါတယ်။
“အဲဒီနေ့က ကျွန်မ မနက်၆နာရီမှာ နိုးလာတယ်။ မနက်စာစားပြီးတာနဲ့ ဂိမ်းစဆော့ခဲ့ပါတယ်။ ဆက်တိုက်ဆော့ခဲ့ပြီး နေ့လည်စာတောင် မစားဖြစ်ခဲ့ပါဘူး။ ဆက်တိုက် ဆော့ရင်းနဲ့ ညနေ ၄နာရီထိုးသွားပါတယ်။ ပြီးတော့ အစာနည်းနည်းစားပြီး မိနစ်အနည်းငယ်မှေးခဲ့ပါသေးတယ်။ ခဏနေတော့ဆက်ဆော့ပါတယ်။ ကျွန်မ အိပ်ဖို့ စားဖို့ မေ့နေလောက်အောင် ဂိမ်းက ဆွဲဆောင်ထားလို့ဖြစ်ပါတယ်။ မနက် ၂နာရီထိတောင် ဆက်ကစားရင်း အခုလိုဖြစ်ခဲ့တာပါ၊ sceen က အလင်းစူးစူးဟာ မြင်လိုက်ပြီးနောက် ကျွန်မညာဘက်မျက်လုံး လုံးဝမမြင်တော့တာပါ”

လက်ရှိအချိန်မှာတော့ သူမဟာ ဆေးရုံမှာပဲရှိနေပြီး ဆရာဝန်တွေကလည်း ကုသနိုင်မယ့်နည်းလမ်းကို ကြိုးစားလျှက်ရှိပါတယ်။ ဒီသတင်းဟာ တရုတ်မီဒီယာတွေပေါ်မှာ ရေပန်းစားလျှက်ရှိပြီး မျက်စိကျွမ်းကျင်သူတွေကလည်း ဖုန်းတွေ ကွန်ပျူတာတွေကို ကြည့်တဲ့အခါ တစ်ဆက်တည်း နာရီဝက်ကနေ ၁နာရီအတွင်းသာကြည့်ဖို့ ကြည့်ပြီးတဲ့အခါမှာ အချိန်အနည်းငယ်တော့ အနားပေးဖို့ တိုက်တွန်းလျှက်ရှိပါတယ်။ ယနေ့ခေတ်ဟာ နည်းပညာတိုးတက်လာတဲ့ အလျှောက် ဖုန်းတွေကြောင့် အမြင်အာရုံနဲ့ ဆိုင်တဲ့ရောဂါတွေ တိုးပွားလျှက်ရှိပါတယ်။ အဓိကအားဖြင့် လူငယ်တွေဟာ အလွန်အမင်းသုံးစွဲနေကြပြီး ဒီလိုအဖြစ်တွေမဖြစ်ဖို့ သတိထားကြပါလို့ တိုက်တွန်းလိုက်ပါရစေ။

Leave a Reply