အၾကမ္းတမ္းဆုံးဘ၀ကို ေက်ာ္ျဖတ္ခဲ့သူ (သုိ႔) ေအာ္ပရာ၀င္းဖေရး ဆုိသည္မွာ

Posted on

Written By ေဇသန္း

အေမရိကန္ ရုပ္ျမင္သံၾကားအစီအစဥ္မ်ားမွာ Talk Shows မ်ားကို လူၾကိဳက္မ်ားလွပါတယ္။ အစီအစဥ္တင္ဆက္သူတစ္ဦးက ဦးေဆာင္ျပီး ဖိတ္ၾကားထားတဲ့ ဧည့္သည္မ်ားနဲ႕ စကား၀ိုင္းေလးတစ္ခု ဖန္တီးျပီး ၀ိုင္း၀န္း ေဆြးေႏြးၾကတဲ့အစီအစဥ္ကို Talk Show လို႔ ေခၚပါတယ္။ ေဆြးေႏြးၾကတာေတြကေတာ့ လူေတြကို စိတ္ဓာတ္အားျမွင့္ေပးတဲ့ ေခါင္းစဥ္မ်ိဳးေတြ၊ လူမႈျပႆနာေတြ၊ မိသားစုျပႆနာေတြ စတာေတြျဖစ္ျပီး အစီအစဥ္တင္ဆက္သူရဲ႕တင္ျပမႈေကာင္းပံု ဟာသဥာဏ္ရႊင္ပံုတို႔ အေပၚမွာမူတည္ျပီး ထိုစကား၀ိုင္းမ်ားသည္ နာမည္ၾကီးလာတတ္ပါတယ္။ ထုိသူမ်ားထဲမွ လူမည္းတစ္ဦးျဖစ္သူ ေအာ္ပရာ၀င္းဖေရးသည္ ထူးထူးျခားျခား ဘ၀ကိုရုန္းကန္ကာ ေအာင္ျမင္လာသူတစ္ဦး ျဖစ္ပါတယ္။

(Oprah Winfrey) ေအာ္ပရာ၀င္းဖေရးကို ၁၉၅၄ ခုႏွစ္ ဇန္န၀ါရီလ ၂၉ ရက္ေန႔၌ မစၥစပီနယ္ရိွ ေကာ့စ္စီးယပ္ကိုျမိဳ႕တြင္ အလြန္ဆင္းရဲေသာ လူမည္းမိသားစုတစ္စုမွ ေမြးဖြားခဲ့တယ္ ။ အေမျဖစ္သူ ဗာနစ္တာလီ က အိမ္ေဖာ္တစ္ေယာက္ျဖစ္ျပီးေတာ့ အေဖျဖစ္သူ ဗာႏြန္၀င္းဖေရးက စစ္သားတစ္ေယာက္ျဖစ္တယ္။ ေအာ္ပရာ၀င္းဖေရးကို ကိုယ္၀န္ရခ်ိန္၌ မိဘႏွစ္ပါးက ဆယ္ေက်ာ္သက္အရြယ္သာရိွေသးတယ္။ သူ႔ကိုေမြးဖြားျပီးမၾကာခင္မွာပဲ မိဘႏွစ္ပါးက လမ္းခြဲခဲ့ၾကတယ္။ သူ႔အေဖက ေနာက္ပိုင္းမွာ စစ္တပ္ကနားျပီး ဆံပင္ညွပ္တဲ့သူ လုပ္ေနတယ္။ ငယ္ငယ္က ေအာ္ပါ့ (Orpah) လို႔ မွည့္ထားေပမယ့္ သူငယ္ခ်င္းေတြ အိမ္သားေတြက Oprah လို႔ေခၚရင္း ေအာ္ပရာ (Oprah) လို႔ အမည္တြင္သြားတယ္လို႔သူက ေျပာျပတယ္။

သူ႔အေမက သူ႔ကိုေမြးဖြားျပီးခ်ိန္မွာ ႏိုင္ငံေျမာက္ပိုင္းကို ခရီးထြက္သြားတယ္။ ဒါေၾကာင့္မို႔ အဖြားျဖစ္သူ ဟတ္တိုင္းအယ္လီႏွင့္ ေျခာက္ႏွစ္အရြယ္ထိ ေနထိုင္ခဲ့ရတယ္။ သူ႔အဖြားကလည္း အလြန္ဆင္းရဲတယ္။ ၀င္းဖေရးအတြက္အက်ႌကို အာလူးသီးထည့္တဲ့ ဂုန္နီအိတ္မ်ားနဲ႔ ခ်ဴပ္ေပးတယ္။ အဲဒီအက်ႌေတြကို၀တ္ထားတဲ့ ၀င္းဖေရးကို အျခားကေလးငယ္မ်ားက ေနာက္ေျပာင္ၾကတယ္။ အဖြားက ၀င္းဖေရးကို သံုးႏွစ္သားအရြယ္ကတည္းက စာဖတ္ဖို႔သင္ေပးခဲ့တယ္။ အနီးနားရိွ ဘုရားရိွခိုးေက်ာင္းသို႔ ေခၚသြားတယ္။ ဘုရားေက်ာင္းရိွသူေတြက ၀င္ဖေရးရဲ႕ သမၼာက်မ္းစာကို သံေနသံထား မွန္မွန္ သာယာနာေပ်ာ္ဖြယ္ ရြတ္ဆိုတတ္လို႔ “တရားေဟာဆရာေလး”ဟု ခ်စ္စႏိုး ေခၚၾကတယ္။ အဖြားက ၾကိမ္တုတ္ေလးတစ္ေခ်ာင္းကို ကိုင္တတ္ျပီး ၀င္းဖေရး ဘုရားစာမရြတ္ဆိုဘဲ အမွားတစ္ခုခုလုပ္လ်င္ ၀င္ဖေရးကို ရုိုက္တတ္တယ္။

၀င္းဖေရး အသက္ ၆ ႏွစ္ေရာက္ေတာ့ အေမျဖစ္တဲ့ဗာနစ္တာ ျပန္ေရာက္လာျပီး အဖြားေနအိမ္ကေန ၀စ္ကြန္ဆင္း (Wisconsin) ျပည္နယ္ထဲမွာရိွတဲ့ ေမ၀ယ္ကီးျမိဳ႕(Milwaukee)ကို ေခၚလာတယ္။ သူ႔အေမက အိမ္ေဖာ္အျဖစ္ တေနကုန္နီးပါး အလုပ္လုပ္ရတာေၾကာင့္မို႔ သူ႔အဖြားေလာက္ ဂရုမစိုက္ႏိုင္ခဲ့ဘူး။ ဒါေၾကာင့္မို႔ အုပ္ထိန္းမႈကင္းမဲ့ေနတဲ့ ကေလးငယ္ ၀င္းဖေရးဟာ အသက္ ၉ ႏွစ္အရြယ္မွာ ၀မ္းကြဲအကိုေတြ၊ ဦးေလးေတြ၊ ေယာက်္ားေလး သူငယ္ခ်င္းေတြရဲ႕ အႏိုင္က်င့္မႈကို ခံခဲ့ရတယ္။

ဆင္းရဲျပီး ဆိုးရြားလွတဲ့ ေန႔ရက္ေတြကို ရင္ဆိုင္ေနရစဥ္မွာပင္ ၀င္းဖေရးက စာၾကိဳးစားတယ္။ အတန္းေတြမွာစာေတာ္လို႔ တစ္တန္းျပီးတစ္တန္း ေက်ာ္ျပီးတက္ရတယ္။ ဆရာဆရာမေတြက ၀င္းဖေရးကို စာေတာ္ျပီးသြက္လက္ခ်က္ခ်ာလို႔ ခ်စ္ၾကတယ္။ အသက္ ၁၃ ႏွစ္မွာ အထက္တန္းေက်ာင္းတစ္ခုကို တက္ေရာက္ဖို႔အတြက္ ပညာသင္ဆု ခ်ီးျမွင့္ခံရတယ္။ ႏွစ္ေပါင္းမ်ားစြာ အႏိုင္က်င့္ခံခဲ့ရတဲ့၀င္းဖေရးဟာ အပ်ိဳေပါက္ျဖစ္ေနတဲ့ ၁၃ ႏွစ္အရြယ္မွာပဲ အိမ္ကထြက္ေျပးခဲ့တယ္။

ဒါေပမယ့္ အႏိုင္က်င့္မႈ ၊ အဓၶမက်င့္မႈေတြေၾကာင့္ အပ်ိဳေဖာ္၀င္ကစ ၀င္းဖေရးမွာ ရင္ေသြးငယ္ကို လြယ္ခဲ့ရတယ္။ အသက္ ၁၄ ႏွစ္မွာ ကေလးေမြးခဲ့ေပမယ့္ အဖတ္မတင္ျဖစ္ခဲ့ရတယ္။ အဲဒီလိုအျဖစ္အပ်က္ေတြ ျဖစ္ျပီးတဲ့ေနာက္မွာ သူ႔ အေမက၀င္းဖေရးကို တန္နက္စ္ဆီးျပည္နယ္(Tennessee) ၊ နက္ခ်္ဗီလာ (Nashville) မွာေနတဲ့ ၀င္းဖေရးရဲ႕အေဖ ဗာႏြန္၀င္းဖေရးဆီသို႔ လႊတ္လိုက္တယ္။ သူ႔အေဖက စည္းစနစ္ၾကီးျပီး ပညာေရးကိုအားေပးလို႔ ၀င္းဖေရးရဲ႕ဘ၀ဟာ အေျပာင္းအလဲတစ္ရပ္ ျဖစ္လာတယ္။

EastNashville အထက္တန္းေက်ာင္းမွာ တက္ေရာက္ခြင့္ရရိွခဲ့ျပီး စာေတာ္လို႔ ဂုဏ္ထူးေဆာင္ေက်ာင္းသူအျဖစ္ သတ္မွတ္ျခင္းခံခဲ့ရတယ္။ သူက ေက်ာင္းရဲ႕ က်ပန္းစကားေျပာအဖြဲ႔ (Speech Team) မွာ အထင္ရွားဆံုးေက်ာင္းသူ ျဖစ္လာခဲ့တယ္။ စကားေျပာပြဲေတြမွာ ပါ၀င္ယွဥ္ျပိဳင္ခဲ့ျပီး ဆုမ်ားကိုရရိွခဲ့တယ္။ Tennessee State University ရဲ႕ ပညာသင္ဆု ရရိွခဲ့တယ္။

အသက္ ၁၇ ႏွစ္ အရြယ္မွာ လူမည္းအလွမယ္ (Miss Black Tennessee Beauty Pagent) အျဖစ္ေရြးခံရတယ္။ အဲဒီအခ်ိန္မွာပဲ ျပည္တြင္းေရဒီယုိသတင္းဌာနတစ္ခုျဖစ္တဲ့ WVOL က အလုပ္လုပ္ဖို႔ ကမ္းလွမ္းလာခဲ့တယ္။ ထိုသတင္းဌာနမွာပဲ အထက္တန္းႏွင့္ ေကာလိပ္ေက်ာင္းသားဘ၀ စာသင္ႏွစ္ ၂ ႏွစ္တြင္ လုပ္ကိုင္ခဲ့တယ္။ သူက အသက္အငယ္ဆံုးနဲ႕ ပထမဆံုး လူမည္းအသံလႊင့္သူ တစ္ဦး ျဖစ္လာတယ္။

သတင္းဌာနမွာ အလုပ္လုပ္ကိုင္ေတာ့ အဖြားျဖစ္သူက တအံတၾသမျဖစ္ခဲ့ဘူးလို႔ဆိုတယ္။ ၀င္းဖေရးက ငယ္ငယ္ကတည္းက စကားေျပာတတ္တယ္၊ စင္ေပၚမွာလည္း ရဲရဲတင္းတင္းေျပာတတ္တယ္လို႔ အဖြားကေျပာတယ္။ ငယ္ငယ္က အင္တာဗ်ဴးအေမးအေျဖကစားတမ္းမ်ား ကစားခဲ့တယ္လို႔လည္း ေျပာတယ္။ သူအခုလိုေအာင္ျမင္တာဟာ အဖြားရဲ႕အားေပးမႈေတြေၾကာင့္လုိ႔ ၀င္းဖေရးက ေျပာတယ္။ “အဖြားက ကၽြန္မကိုယ္ကိုအေကာင္းျမင္ဖို႔ ကၽြန္မကို သင္ေပးခဲ့တယ္”။ ကေလးငယ္မ်ားကို လိင္အဓမၼက်င့္မႈႏွင့္သက္ဆိုင္တဲ့ ေဆြးေႏြးပြဲမွာ သူဟာ သူရဲ႕ငယ္ဘ၀က အဓမၼက်င့္ခံရမႈမ်ားကိုတင္ျပျပီး ေဆြးေႏြးခဲ့တယ္။ အဓမၼျပဳက်င့္ခံရတဲ့ ကေလးငယ္၊ မိန္းကေလးငယ္မ်ားကို စိတ္ဓာတ္ေရးရာျမွင့္တင္ေပးဖို႔ ေဆြးေႏြးအၾကံျပဳထားပါတယ္။

သူဟာ ခ်ီကာဂို(Chicago) ကို ၁၉၈၃ မွာ ေျပာင္းေရႊ႕ေနထိုင္ၿပီး AM Chicago မွာ မနက္ပိုင္း Talk Show တင္ဆက္သူအျဖစ္ လုပ္ကိုင္ခဲ့ပါတယ္။ လအနည္းငယ္အတြင္းမွာပင္ အျခားသူမ်ား၏ Talk Show မ်ားထက္ ပိုမိုေအာင္ျမင္လာခဲ့တယ္။ အဲဒီအခ်ိန္ကစျပီး Oprah Winfrey Show လို႔ နာမည္ေက်ာ္ၾကားလာခဲ့ပါတယ္။ ယခုလက္ရိွ အေမရိကန္သမၼတ အိုဘားမားအတြက္ မဲသန္းေပါင္းခ်ီရရိွေအာင္ မဲဆြယ္ေပးႏိုင္သူျဖစ္ပါတယ္။

ကမာၻ႔အေက်ာ္ၾကားဆံုးလူမ်ားတြင္ သူသည္ ထိပ္ဆံုးမွပါ၀င္လာခဲ့ပါတယ္။ သူမရဲ႕ ခ်မ္းသာၾကြယ္၀မႈသည္လည္း တစ္ႏွစ္ထက္တစ္ႏွစ္ ပိုမိုမ်ားျပားလာခဲ့တယ္။ ၁၉၉၉ ကစလုိ႔ ၇၂၅ မီလီယံ ($725 Million)ၾကြယ္၀မႈသည္ ၂၀၀၉ ခုႏွစ္တြင္ ၂.၇ ဘီလီယံ( $2.7 Billion)ထိ တိုးလာခဲ့ျပီး ကမာၻ႔အခ်မ္းသာဆံုး အာဖရိကန္ အေမရိကန္လူမည္းတစ္ဦး ျဖစ္လာခဲ့တယ္။ လက္ရွိအခ်ိန္မွာလည္း ၃.၁လီလ်ံ ၾကြယ္၀သူျဖစ္ၿပီး မီဒီယာေလာကရဲ႕ဘုရင္မ(The Queen Of All Media) အျဖစ္ သတ္မွတ္ခံထားရတဲ့ အထိ ေအာင္ျမင္ေနသူလည္းျဖစ္ပါတယ္။

“ရုန္းကန္ႀကိဳးစားမႈမရိွလွ်င္ အားအင္ဆိုတာလည္း မရိွႏိုင္ဘူး” ဆိုတဲ့စကားကို သူက ေျပာျပျပီး သူ႔ရဲ႕ဘ၀၊ ၾကိဳးစားအားထုတ္မႈေတြ၊ ေအာင္ျမင္မႈေတြက သက္ေသျပဳပါတယ္။ အရာရာကို ေၾကာက္ေနတတ္တဲ့ လူေတြရဲ႕စိတ္ကို သူက ဒီလိုျမင္သတဲ့…“မင္း အေၾကာက္ဆံုးအရာက တကယ္တမ္းေတာ့ ေၾကာက္စရာမဟုတ္ပါဘူး၊ တကယ့္ေၾကာက္စရာက ေၾကာက္ေနတဲ့ မင္းရဲ႕စိတ္ပါ” တဲ့…။ ကဲ ခင္ဗ်ားေရာ ဘ၀အတြက္ ဘယ္ေလာက္ရုန္းကန္ျပီးျပီလဲ…။ အေၾကာက္တရားေတြကို ရင္ဆိုင္ဖို႔ အသင့္ျဖစ္ေနျပီလား…။

ေဇသန္း


အကြမ်းတမ်းဆုံးဘဝကို ကျော်ဖြတ်ခဲ့သူ (သို့) အော်ပရာဝင်းဖရေး ဆိုသည်မှာ (unicode)

Written By ဇေသန်း

အမေရိကန် ရုပ်မြင်သံကြားအစီအစဉ်များမှာ Talk Shows များကို လူကြိုက်များလှပါတယ်။ အစီအစဉ်တင်ဆက်သူတစ်ဦးက ဦးဆောင်ပြီး ဖိတ်ကြားထားတဲ့ ဧည့်သည်များနဲ့ စကားဝိုင်းလေးတစ်ခု ဖန်တီးပြီး ဝိုင်းဝန်း ဆွေးနွေးကြတဲ့အစီအစဉ်ကို Talk Show လို့ ခေါ်ပါတယ်။ ဆွေးနွေးကြတာတွေကတော့ လူတွေကို စိတ်ဓာတ်အားမြှင့်ပေးတဲ့ ခေါင်းစဉ်မျိုးတွေ၊ လူမှုပြဿနာတွေ၊ မိသားစုပြဿနာတွေ စတာတွေဖြစ်ပြီး အစီအစဉ်တင်ဆက်သူရဲ့တင်ပြမှုကောင်းပုံ ဟာသဥာဏ်ရွှင်ပုံတို့ အပေါ်မှာမူတည်ပြီး ထိုစကားဝိုင်းများသည် နာမည်ကြီးလာတတ်ပါတယ်။ ထိုသူများထဲမှ လူမည်းတစ်ဦးဖြစ်သူ အော်ပရာဝင်းဖရေးသည် ထူးထူးခြားခြား ဘဝကိုရုန်းကန်ကာ အောင်မြင်လာသူတစ်ဦး ဖြစ်ပါတယ်။

(Oprah Winfrey) အော်ပရာဝင်းဖရေးကို ၁၉၅၄ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့၌ မစ္စစပီနယ်ရှိ ကော့စ်စီးယပ်ကိုမြို့တွင် အလွန်ဆင်းရဲသော လူမည်းမိသားစုတစ်စုမှ မွေးဖွားခဲ့တယ် ။ အမေဖြစ်သူ ဗာနစ်တာလီ က အိမ်ဖော်တစ်ယောက်ဖြစ်ပြီးတော့ အဖေဖြစ်သူ ဗာနွန်ဝင်းဖရေးက စစ်သားတစ်ယောက်ဖြစ်တယ်။ အော်ပရာဝင်းဖရေးကို ကိုယ်ဝန်ရချိန်၌ မိဘနှစ်ပါးက ဆယ်ကျော်သက်အရွယ်သာရှိသေးတယ်။ သူ့ကိုမွေးဖွားပြီးမကြာခင်မှာပဲ မိဘနှစ်ပါးက လမ်းခွဲခဲ့ကြတယ်။ သူ့အဖေက နောက်ပိုင်းမှာ စစ်တပ်ကနားပြီး ဆံပင်ညှပ်တဲ့သူ လုပ်နေတယ်။ ငယ်ငယ်က အော်ပါ့ (Orpah) လို့ မှည့်ထားပေမယ့် သူငယ်ချင်းတွေ အိမ်သားတွေက Oprah လို့ခေါ်ရင်း အော်ပရာ (Oprah) လို့ အမည်တွင်သွားတယ်လို့သူက ပြောပြတယ်။

သူ့အမေက သူ့ကိုမွေးဖွားပြီးချိန်မှာ နိုင်ငံမြောက်ပိုင်းကို ခရီးထွက်သွားတယ်။ ဒါကြောင့်မို့ အဖွားဖြစ်သူ ဟတ်တိုင်းအယ်လီနှင့် ခြောက်နှစ်အရွယ်ထိ နေထိုင်ခဲ့ရတယ်။ သူ့အဖွားကလည်း အလွန်ဆင်းရဲတယ်။ ဝင်းဖရေးအတွက်အင်္ကျီကို အာလူးသီးထည့်တဲ့ ဂုန်နီအိတ်များနဲ့ ချူပ်ပေးတယ်။ အဲဒီအင်္ကျီတွေကိုဝတ်ထားတဲ့ ဝင်းဖရေးကို အခြားကလေးငယ်များက နောက်ပြောင်ကြတယ်။ အဖွားက ဝင်းဖရေးကို သုံးနှစ်သားအရွယ်ကတည်းက စာဖတ်ဖို့သင်ပေးခဲ့တယ်။ အနီးနားရှိ ဘုရားရှိခိုးကျောင်းသို့ ခေါ်သွားတယ်။ ဘုရားကျောင်းရှိသူတွေက ဝင်ဖရေးရဲ့ သမ္မာကျမ်းစာကို သံနေသံထား မှန်မှန် သာယာနာပျော်ဖွယ် ရွတ်ဆိုတတ်လို့ “တရားဟောဆရာလေး”ဟု ချစ်စနိုး ခေါ်ကြတယ်။ အဖွားက ကြိမ်တုတ်လေးတစ်ချောင်းကို ကိုင်တတ်ပြီး ဝင်းဖရေး ဘုရားစာမရွတ်ဆိုဘဲ အမှားတစ်ခုခုလုပ်လျင် ဝင်ဖရေးကို ရိုက်တတ်တယ်။

ဝင်းဖရေး အသက် ၆ နှစ်ရောက်တော့ အမေဖြစ်တဲ့ဗာနစ်တာ ပြန်ရောက်လာပြီး အဖွားနေအိမ်ကနေ ဝစ်ကွန်ဆင်း (Wisconsin) ပြည်နယ်ထဲမှာရှိတဲ့ မေဝယ်ကီးမြို့(Milwaukee)ကို ခေါ်လာတယ်။ သူ့အမေက အိမ်ဖော်အဖြစ် တနေကုန်နီးပါး အလုပ်လုပ်ရတာကြောင့်မို့ သူ့အဖွားလောက် ဂရုမစိုက်နိုင်ခဲ့ဘူး။ ဒါကြောင့်မို့ အုပ်ထိန်းမှုကင်းမဲ့နေတဲ့ ကလေးငယ် ဝင်းဖရေးဟာ အသက် ၉ နှစ်အရွယ်မှာ ဝမ်းကွဲအကိုတွေ၊ ဦးလေးတွေ၊ ယောက်ျားလေး သူငယ်ချင်းတွေရဲ့ အနိုင်ကျင့်မှုကို ခံခဲ့ရတယ်။

ဆင်းရဲပြီး ဆိုးရွားလှတဲ့ နေ့ရက်တွေကို ရင်ဆိုင်နေရစဉ်မှာပင် ဝင်းဖရေးက စာကြိုးစားတယ်။ အတန်းတွေမှာစာတော်လို့ တစ်တန်းပြီးတစ်တန်း ကျော်ပြီးတက်ရတယ်။ ဆရာဆရာမတွေက ဝင်းဖရေးကို စာတော်ပြီးသွက်လက်ချက်ချာလို့ ချစ်ကြတယ်။ အသက် ၁၃ နှစ်မှာ အထက်တန်းကျောင်းတစ်ခုကို တက်ရောက်ဖို့အတွက် ပညာသင်ဆု ချီးမြှင့်ခံရတယ်။ နှစ်ပေါင်းများစွာ အနိုင်ကျင့်ခံခဲ့ရတဲ့ဝင်းဖရေးဟာ အပျိုပေါက်ဖြစ်နေတဲ့ ၁၃ နှစ်အရွယ်မှာပဲ အိမ်ကထွက်ပြေးခဲ့တယ်။ ဒါပေမယ့် အနိုင်ကျင့်မှု ၊ အဓ္ဓမကျင့်မှုတွေကြောင့် အပျိုဖော်ဝင်ကစ ဝင်းဖရေးမှာ ရင်သွေးငယ်ကို လွယ်ခဲ့ရတယ်။ အသက် ၁၄ နှစ်မှာ ကလေးမွေးခဲ့ပေမယ့် အဖတ်မတင်ဖြစ်ခဲ့ရတယ်။ အဲဒီလိုအဖြစ်အပျက်တွေ ဖြစ်ပြီးတဲ့နောက်မှာ သူ့ အမေကဝင်းဖရေးကို တန်နက်စ်ဆီးပြည်နယ်(Tennessee) ၊ နက်ခ်ျဗီလာ (Nashville) မှာနေတဲ့ ဝင်းဖရေးရဲ့အဖေ ဗာနွန်ဝင်းဖရေးဆီသို့ လွှတ်လိုက်တယ်။ သူ့အဖေက စည်းစနစ်ကြီးပြီး ပညာရေးကိုအားပေးလို့ ဝင်းဖရေးရဲ့ဘဝဟာ အပြောင်းအလဲတစ်ရပ် ဖြစ်လာတယ်။

EastNashville အထက်တန်းကျောင်းမှာ တက်ရောက်ခွင့်ရရှိခဲ့ပြီး စာတော်လို့ ဂုဏ်ထူးဆောင်ကျောင်းသူအဖြစ် သတ်မှတ်ခြင်းခံခဲ့ရတယ်။ သူက ကျောင်းရဲ့ ကျပန်းစကားပြောအဖွဲ့ (Speech Team) မှာ အထင်ရှားဆုံးကျောင်းသူ ဖြစ်လာခဲ့တယ်။ စကားပြောပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ဆုများကိုရရှိခဲ့တယ်။ Tennessee State University ရဲ့ ပညာသင်ဆု ရရှိခဲ့တယ်။ အသက် ၁၇ နှစ် အရွယ်မှာ လူမည်းအလှမယ် (Miss Black Tennessee Beauty Pagent) အဖြစ်ရွေးခံရတယ်။ အဲဒီအချိန်မှာပဲ ပြည်တွင်းရေဒီယိုသတင်းဌာနတစ်ခုဖြစ်တဲ့ WVOL က အလုပ်လုပ်ဖို့ ကမ်းလှမ်းလာခဲ့တယ်။ ထိုသတင်းဌာနမှာပဲ အထက်တန်းနှင့် ကောလိပ်ကျောင်းသားဘ၀ စာသင်နှစ် ၂ နှစ်တွင် လုပ်ကိုင်ခဲ့တယ်။ သူက အသက်အငယ်ဆုံးနဲ့ ပထမဆုံး လူမည်းအသံလွှင့်သူ တစ်ဦး ဖြစ်လာတယ်။

သတင်းဌာနမှာ အလုပ်လုပ်ကိုင်တော့ အဖွားဖြစ်သူက တအံတဩမဖြစ်ခဲ့ဘူးလို့ဆိုတယ်။ ဝင်းဖရေးက ငယ်ငယ်ကတည်းက စကားပြောတတ်တယ်၊ စင်ပေါ်မှာလည်း ရဲရဲတင်းတင်းပြောတတ်တယ်လို့ အဖွားကပြောတယ်။ ငယ်ငယ်က အင်တာဗျူးအမေးအဖြေကစားတမ်းများ ကစားခဲ့တယ်လို့လည်း ပြောတယ်။ သူအခုလိုအောင်မြင်တာဟာ အဖွားရဲ့အားပေးမှုတွေကြောင့်လို့ ဝင်းဖရေးက ပြောတယ်။ “အဖွားက ကျွန်မကိုယ်ကိုအကောင်းမြင်ဖို့ ကျွန်မကို သင်ပေးခဲ့တယ်”။ ကလေးငယ်များကို လိင်အဓမ္မကျင့်မှုနှင့်သက်ဆိုင်တဲ့ ဆွေးနွေးပွဲမှာ သူဟာ သူရဲ့ငယ်ဘဝက အဓမ္မကျင့်ခံရမှုများကိုတင်ပြပြီး ဆွေးနွေးခဲ့တယ်။ အဓမ္မပြုကျင့်ခံရတဲ့ ကလေးငယ်၊ မိန်းကလေးငယ်များကို စိတ်ဓာတ်ရေးရာမြှင့်တင်ပေးဖို့ ဆွေးနွေးအကြံပြုထားပါတယ်။

သူဟာ ချီကာဂို(Chicago) ကို ၁၉၈၃ မှာ ပြောင်းရွှေ့နေထိုင်ပြီး AM Chicago မှာ မနက်ပိုင်း Talk Show တင်ဆက်သူအဖြစ် လုပ်ကိုင်ခဲ့ပါတယ်။ လအနည်းငယ်အတွင်းမှာပင် အခြားသူများ၏ Talk Show များထက် ပိုမိုအောင်မြင်လာခဲ့တယ်။ အဲဒီအချိန်ကစပြီး Oprah Winfrey Show လို့ နာမည်ကျော်ကြားလာခဲ့ပါတယ်။ ယခုလက်ရှိ အမေရိကန်သမ္မတ အိုဘားမားအတွက် မဲသန်းပေါင်းချီရရှိအောင် မဲဆွယ်ပေးနိုင်သူဖြစ်ပါတယ်။ ကမ္ဘာ့အကျော်ကြားဆုံးလူများတွင် သူသည် ထိပ်ဆုံးမှပါဝင်လာခဲ့ပါတယ်။ သူမရဲ့ ချမ်းသာကြွယ်ဝမှုသည်လည်း တစ်နှစ်ထက်တစ်နှစ် ပိုမိုများပြားလာခဲ့တယ်။ ၁၉၉၉ ကစလို့ ၇၂၅ မီလီယံ ($725 Million)ကြွယ်ဝမှုသည် ၂၀၀၉ ခုနှစ်တွင် ၂.၇ ဘီလီယံ( $2.7 Billion)ထိ တိုးလာခဲ့ပြီး ကမ္ဘာ့အချမ်းသာဆုံး အာဖရိကန် အမေရိကန်လူမည်းတစ်ဦး ဖြစ်လာခဲ့တယ်။ လက်ရှိအချိန်မှာလည်း ၃.၁လီလျံ ကြွယ်ဝသူဖြစ်ပြီး မီဒီယာလောကရဲ့ဘုရင်မ(The Queen Of All Media) အဖြစ် သတ်မှတ်ခံထားရတဲ့ အထိ အောင်မြင်နေသူလည်းဖြစ်ပါတယ်။

“ရုန်းကန်ကြိုးစားမှုမရှိလျှင် အားအင်ဆိုတာလည်း မရှိနိုင်ဘူး” ဆိုတဲ့စကားကို သူက ပြောပြပြီး သူ့ရဲ့ဘ၀၊ ကြိုးစားအားထုတ်မှုတွေ၊ အောင်မြင်မှုတွေက သက်သေပြုပါတယ်။ အရာရာကို ကြောက်နေတတ်တဲ့ လူတွေရဲ့စိတ်ကို သူက ဒီလိုမြင်သတဲ့…“မင်း အကြောက်ဆုံးအရာက တကယ်တမ်းတော့ ကြောက်စရာမဟုတ်ပါဘူး၊ တကယ့်ကြောက်စရာက ကြောက်နေတဲ့ မင်းရဲ့စိတ်ပါ” တဲ့…။ ကဲ ခင်ဗျားရော ဘဝအတွက် ဘယ်လောက်ရုန်းကန်ပြီးပြီလဲ…။ အကြောက်တရားတွေကို ရင်ဆိုင်ဖို့ အသင့်ဖြစ်နေပြီလား…။

Leave a Reply