နာမည္ႀကီးခဲ့တဲ့ လူေသကုိ အရုပ္အျဖစ္ဖန္တီးခဲ့တဲ့ အပ္ခ်ဳပ္ဆုိင္

Posted on

တခ်ိန္က လူေျပာအမ်ားဆုံးျဖစ္ခဲ့တဲ့သတင္းမွာ မကၠဆီကုိႏုိင္ငံ Chinhuahua က သတုိ႔သမီး၀တ္စုံဆုိင္တစ္ဆုိင္လည္းပါ၀င္ပါတယ္။ ဒီဆုိင္နာမည္ႀကီးခဲ့ျခင္းအေၾကာင္းကေတာ့ ၀တ္စုံေတြေၾကာင့္မဟုတ္ပဲ အဲဒီဆုိင္မွာ ထားရွိတဲ့ အရုပ္တစ္ရုပ္ေၾကာင့္ျဖစ္ပါတယ္။ ဒီအရုပ္ရဲ႕နာမည္ကုိေတာ့ Little Pascuala လုိ႔ေခၚၿပီး ဆုိင္ရဲ႕ေရွ႕မွာျပသထားပါတယ္။

အရုပ္လုိ႔ ဆုိေပမယ့္ ဒါဟာအရုုပ္တစ္ရုပ္မဟုတ္ပဲ ေသဆုံးသြားတဲ့လူအစစ္ျဖစ္ပါသတဲ့။ လြန္ခဲ့တဲ့ ႏွစ္ေပါင္း ၈၀ေလာက္တည္းက ဒီဆုိင္ပုိင္ရွင္ Pascuala Esparza ရဲ႕သမီး ျဖစ္ၿပီး သူမကုိ အမ်ားက Little Pascuala လုိ႔ပဲေခၚၾကပါတယ္။ သူမဟာ မဂၤလာပြဲက်င္းပခါနီးမွာ black widow spider အကုိက္ခံရကာ ေသဆုံးခဲ့ျခင္းျဖစ္ပါတယ္။ ပုိင္ရွင္ဟာ သမီးျဖစ္သူ ရဲ႕ခႏၶာကုိယ္ကုိ ၾကာရွည္ခံမယ့္ နည္းလမ္းမ်ားနဲ႔ ျပဳျပင္ထိမ္းသိမ္းခဲ့ၿပီး အရုပ္တစ္ရုပ္ျဖစ္ေစခဲ့ပါတယ္။ အဲဒီ သတုိ႔သမီး၀တ္စုံ၀တ္ေပးထားတဲ့အ၀တ္ကုိ အဲဒီဆုိင္မွာ ၁၉၃၀ခုႏွစ္တည္းက မွန္ခန္းတစ္ခုထဲမွာထားၿပီး စတင္ ျပသခဲ့တာပဲျဖစ္ပါတယ္။ ဒီလုိလုပ္ရျခင္းဟာ သမီးျဖစ္သူကို အၿမဲအမွတ္ရေစဖုိ႔ဆုိတဲ့ ရည္ရြယ္ခ်က္နဲ႔ ျဖစ္ပါတယ္။

ဒီဆုိင္က အလုပ္သမားတခ်ဳိ႕က ဒီအရုပ္ဟာ ညဘက္မွာေနရာေတြေျပာင္းေျပာင္းေနတတ္တယ္လုိ႔ သတိထားမိၾကသလုိ တခါတရံလည္း သူတုိ႔ကိုၾကည့္ေနသလုိ ခံစားရေၾကာင္းဆုိပါတယ္။ အရုပ္ရဲ႕၀တ္စုံကုိ ၁ပတ္မွာ ၂ႀကိမ္လဲေပးရၿပီး ဒီတာ၀န္ကိုယူထားတဲ့ Sonia Burciaga ဆုိတဲ့ ၀န္ထမ္းကေတာ့ အသားေတြဟာေႏြးေနၿပီး လက္မွာတစ္ခါတစ္ရံေခြ်းေစးေတြကုိ ျမင္ရၿပီး သက္ရွိလူတစ္ေယာက္နဲ႔ မျခားဘူး လုိ႔ ဆုိပါတယ္။

လူတခ်ဳိ႕က ဒီအရုပ္ကုိ မပုပ္မသုိးတဲ့ သူေတာ္စင္လုိ႔ ထင္ေနၾကၿပီး အနည္းငယ္ ကေတာ့ လူမဟုတ္ပဲ ဖေယာင္းရုပ္လုိ႔ ထင္ၾကပါတယ္။ ဒါေပမယ့္ ဒီအရုပ္ကို အနီးကပ္ၾကည့္ရင္ ပုံမွန္အရုပ္နဲ႔ ကြဲျပားေနတာကို ျမင္ရမွာပါ။ အရုပ္ရဲ႕လက္ေတြဟာ ပုံမွန္လူတစ္ေယာက္ရဲ႕လက္လုိ အေရးအေၾကာင္း လကၡဏာမ်ားကအစပါ၀င္ေနတဲ့အျပင္ ေနာက္ထပ္ထူးျခားမႈတစ္ခုကေတာ့ ေသြးစေတြကပ္ေနျခင္းပါ။ မယုံၾကည္တဲ့သူမ်ားရဲ႕ ေမးခြန္းကေတာ့ လူတစ္ေယာက္ရဲ႕ခႏၶာကုိယ္ကို ဒီေလာက္ႏွစ္ေတြအမ်ားႀကီးၾကာေအာင္ ထိမ္းသိမ္းထားႏုိင္ဖုိ႔ဆုိတာ မျဖစ္ႏုိင္ဘူး ဘယ္လုိလုပ္ထားသလဲ ဆုိတဲ့ေမးခြန္းပါ။ ယုံၾကည္တဲ့သူမ်ားကေတာ့ လီနင္ ၊ ေမာ္စီတုံး နဲ႔ အီတလီက ႏွစ္ ၁၀၀ ေက်ာ္တုိင္ေအာင္ပုံမွန္အတုိင္းျဖစ္ေနတဲ့ ကေလးမေလးမံမီ တုိ႔ကိုေရာ ဒီလုိပဲထိမ္းသိမ္းထားတာ မဟုတ္ဘူးလား လုိ႔ျပန္ေျဖၾကပါတယ္။ ပုပ္သုိးေစမယ့္ အပုိင္းေတြကုိဖယ္ထုတ္ၿပီး ျပဳျပင္စီမံမယ္ဆုိရင္ေတာ့ ရႏုိင္တယ္လုိ႔ တတ္ကြ်မ္းသူမ်ားက ဆုိၾကပါတယ္။ ယုံၾကည္သည္ျဖစ္ေစ မယုံၾကည္သည္ျဖစ္ေစ ဒီဆုိင္ဟာ ဒီအရုပ္ေၾကာင့္ ႏွစ္ေပါင္းမ်ားစြာ ေန႔စဥ္လာေရာက္သူေတြမ်ားေနတာ အမွန္ပဲျဖစ္ပါတယ္။ မိတ္ေဆြေရာ ဘယ္လုိထင္ပါသလဲ။ ေအာက္မွာဗီဒီယုိဖုိင္လည္းပါပါတယ္ ၾကည့္ၾကည့္ပါဦး


နာမည်ကြီးခဲ့တဲ့ လူသေကို အရုပ်အဖြစ်ဖန်တီးခဲ့တဲ့ အပ်ချုပ်ဆိုင် (unicode)

တချိန်က လူပြောအများဆုံးဖြစ်ခဲ့တဲ့သတင်းမှာ မက္ကဆီကိုနိုင်ငံ Chinhuahua က သတို့သမီးဝတ်စုံဆိုင်တစ်ဆိုင်လည်းပါဝင်ပါတယ်။ ဒီဆိုင်နာမည်ကြီးခဲ့ခြင်းအကြောင်းကတော့ ဝတ်စုံတွေကြောင့်မဟုတ်ပဲ အဲဒီဆိုင်မှာ ထားရှိတဲ့ အရုပ်တစ်ရုပ်ကြောင့်ဖြစ်ပါတယ်။ ဒီအရုပ်ရဲ့နာမည်ကိုတော့ Little Pascuala လို့ခေါ်ပြီး ဆိုင်ရဲ့ရှေ့မှာပြသထားပါတယ်။

အရုပ်လို့ ဆိုပေမယ့် ဒါဟာအရုပ်တစ်ရုပ်မဟုတ်ပဲ သေဆုံးသွားတဲ့လူအစစ်ဖြစ်ပါသတဲ့။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၈၀လောက်တည်းက ဒီဆိုင်ပိုင်ရှင် Pascuala Esparza ရဲ့သမီး ဖြစ်ပြီး သူမကို အများက Little Pascuala လို့ပဲခေါ်ကြပါတယ်။ သူမဟာ မင်္ဂလာပွဲကျင်းပခါနီးမှာ black widow spider အကိုက်ခံရကာ သေဆုံးခဲ့ခြင်းဖြစ်ပါတယ်။ ပိုင်ရှင်ဟာ သမီးဖြစ်သူ ရဲ့ခန္ဓာကိုယ်ကို ကြာရှည်ခံမယ့် နည်းလမ်းများနဲ့ ပြုပြင်ထိမ်းသိမ်းခဲ့ပြီး အရုပ်တစ်ရုပ်ဖြစ်စေခဲ့ပါတယ်။ အဲဒီ သတို့သမီးဝတ်စုံဝတ်ပေးထားတဲ့အဝတ်ကို အဲဒီဆိုင်မှာ ၁၉၃ဝခုနှစ်တည်းက မှန်ခန်းတစ်ခုထဲမှာထားပြီး စတင် ပြသခဲ့တာပဲဖြစ်ပါတယ်။ ဒီလိုလုပ်ရခြင်းဟာ သမီးဖြစ်သူကို အမြဲအမှတ်ရစေဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဖြစ်ပါတယ်။

ဒီဆိုင်က အလုပ်သမားတချို့က ဒီအရုပ်ဟာ ညဘက်မှာနေရာတွေပြောင်းပြောင်းနေတတ်တယ်လို့ သတိထားမိကြသလို တခါတရံလည်း သူတို့ကိုကြည့်နေသလို ခံစားရကြောင်းဆိုပါတယ်။ အရုပ်ရဲ့ဝတ်စုံကို ၁ပတ်မှာ ၂ကြိမ်လဲပေးရပြီး ဒီတာဝန်ကိုယူထားတဲ့ Sonia Burciaga ဆိုတဲ့ ဝန်ထမ်းကတော့ အသားတွေဟာနွေးနေပြီး လက်မှာတစ်ခါတစ်ရံချွေးစေးတွေကို မြင်ရပြီး သက်ရှိလူတစ်ယောက်နဲ့ မခြားဘူး လို့ ဆိုပါတယ်။

လူတချို့က ဒီအရုပ်ကို မပုပ်မသိုးတဲ့ သူတော်စင်လို့ ထင်နေကြပြီး အနည်းငယ် ကတော့ လူမဟုတ်ပဲ ဖယောင်းရုပ်လို့ ထင်ကြပါတယ်။ ဒါပေမယ့် ဒီအရုပ်ကို အနီးကပ်ကြည့်ရင် ပုံမှန်အရုပ်နဲ့ ကွဲပြားနေတာကို မြင်ရမှာပါ။ အရုပ်ရဲ့လက်တွေဟာ ပုံမှန်လူတစ်ယောက်ရဲ့လက်လို အရေးအကြောင်း လက္ခဏာများကအစပါဝင်နေတဲ့အပြင် နောက်ထပ်ထူးခြားမှုတစ်ခုကတော့ သွေးစတွေကပ်နေခြင်းပါ။ မယုံကြည်တဲ့သူများရဲ့ မေးခွန်းကတော့ လူတစ်ယောက်ရဲ့ခန္ဓာကိုယ်ကို ဒီလောက်နှစ်တွေအများကြီးကြာအောင် ထိမ်းသိမ်းထားနိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး ဘယ်လိုလုပ်ထားသလဲ ဆိုတဲ့မေးခွန်းပါ။ ယုံကြည်တဲ့သူများကတော့ လီနင် ၊ မော်စီတုံး နဲ့ အီတလီက နှစ် ၁၀၀ ကျော်တိုင်အောင်ပုံမှန်အတိုင်းဖြစ်နေတဲ့ ကလေးမလေးမံမီ တို့ကိုရော ဒီလိုပဲထိမ်းသိမ်းထားတာ မဟုတ်ဘူးလား လို့ပြန်ဖြေကြပါတယ်။ ပုပ်သိုးစေမယ့် အပိုင်းတွေကိုဖယ်ထုတ်ပြီး ပြုပြင်စီမံမယ်ဆိုရင်တော့ ရနိုင်တယ်လို့ တတ်ကျွမ်းသူများက ဆိုကြပါတယ်။ ယုံကြည်သည်ဖြစ်စေ မယုံကြည်သည်ဖြစ်စေ ဒီဆိုင်ဟာ ဒီအရုပ်ကြောင့် နှစ်ပေါင်းများစွာ နေ့စဉ်လာရောက်သူတွေများနေတာ အမှန်ပဲဖြစ်ပါတယ်။ မိတ်ဆွေရော ဘယ်လိုထင်ပါသလဲ။ အောက်မှာဗီဒီယိုဖိုင်လည်းပါပါတယ် ကြည့်ကြည့်ပါဦး

Leave a Reply