ကင္ဆာ ဟူသည္ ဒီဘက္ေခတ္မွေပၚလာျခင္းမဟုတ္ (သုိ႔) သမုိင္းထဲက ကင္ဆာ

Posted on

Written By ေဒါက္တာလႊမ္းမုိးဟန္

ကင္ဆာဟုဆိုလိုက္ရသည္ႏွင့္ ၾကားရသူတိုင္း၏စိတ္ထဲမွာ ေၾကာက္ရြံ႕မႈႏွင့္ စိတ္ရွဳပ္ေထြးမႈတို႔ကေပၚလာတတ္စျမဲ။ကင္ဆာသည္မ်ိဳးရိုးလိုက္တတ္သည္။ မ်ိဳးရိုးမရွိပဲႏွင့္လည္း ျဖစ္ႏိုင္သည္။ ကူးစက္ေရာဂါမ်ားေၾကာင့္လည္း ျဖစ္ႏိုင္သည္။ အစားအေသာက္ႏွင့္ ဘ၀ေနထိုင္မႈ ပံုစံမ်ားေၾကာင့္လည္းျဖစ္ႏိုင္သည္။ ျဖစ္သည့္ ကင္ဆာအမ်ိဳးအစားႏွင့္ အဆင့္အေပၚမူတည္လ်က္ ေရာဂါေပ်ာက္ကင္းမႈ၊သက္သာမႈ၊အသက္ရွင္သန္မႈတို႔မွာ အေတာ့္ကို ကြာျခားသြားႏုိင္ပါသည္။

ႏိုင္ငံတစ္ႏိုင္ငံ၊လူမ်ိဳးတစ္မ်ိဳး၏ သမိုင္းေၾကာင္းကိုသိဖို႔လိုသလို ႏွစ္ေပါင္းေထာင္ခ်ီရွိခဲ့သည့္ ေရာဂါတစ္ခုခ်င္းစီ၏ သမိုင္းေၾကာင္းကိုေလ့လာျခင္းသည္လည္း ထိုေရာဂါႏွင့္ပတ္သတ္ျပီး ရဲရဲရင္ဆိုင္ႏိုင္ဖို႔၊ အေတြးအေခၚဗဟုသုတႏွင့္ စဥ္းစားခ်င့္ခ်ိန္ႏို္င္ေစဖို႔ အခ်က္အလက္မ်ားကို ေပးပါသည္။

ယခုေဆာင္းပါးတြင္ ကင္ဆာေရာဂါကို စတင္ေတြ႕ရွိသည္မွစ၍ ယေန႔အခ်ိန္အထိ ကင္ဆာေရာဂါ သမိုင္းေၾကာင္း၊ ကင္ဆာကို အံတုခဲ့သည့္ ဆရာ၀န္ၾကီးမ်ားအေၾကာင္း၊ ကင္ဆာကုထံုးမ်ားႏွင့္ပတ္သတ္သည့္ ေတြ႕ရွိခ်က္မ်ား၊ ကင္ဆာေဆး၀ါးမ်ားကို စုစည္းေဖာ္ျပေပးထားပါသည္။
= = = = =
ဘီစီ ၁၆၀၀
အေမရိကန္ေရွးေဟာင္းသုေတသနပညာရွင္မ်ားေတြ႕ရွိခဲ့သည့္ အီဂ်စ္ေဆးက်မ္းက်ဴစာအုပ္တြင္ရင္သားကင္ဆာႏွင့္ပတ္သတ္ျပီးေဖာ္ျပမွတ္တမ္းတင္ထားသည္ကို ေတြ႕ရသည္။ကုသလို႔မရသည့္ ေရာဂါျဖစ္ေၾကာင္းေရးသားထားသည္။ သမိုင္းတြင္ ေတြ႕ရွိရသမွ် ကင္ဆာေရာဂါႏွင့္ပတ္သတ္သည့္ အေစာဆံုးေသာ မွတ္တမ္းမွတ္ရာျဖစ္ပါသည္။

ဘီစီ ၄၆၀-၃၇၇
ေဆးပညာ၏ဖခင္ၾကီးအျဖစ္ တင္စားၾကသည့္ ဂရိလူမ်ိဳး ဟစ္ပိုကေရးတီးက ကင္ဆာေရာဂါသည့္ “ဂဏန္းႏွင့္တူသည့္ေရာဂါ”ဟုတင္စားခဲ့သည္။ တစ္ေနရာတြင္ အျမစ္တြယ္ေျခကုပ္ယူျပီး တျခားေနရာမ်ားသို႔ ပ်ံ႕ႏွံ႔သြားတတ္သည့္သေဘာရွိျခင္းေၾကာင့္ ဂဏန္း၏လက္မ၊ေျခမမ်ားႏွင့္ တူသည္ဟု တင္စားခဲ့ျခင္းျဖစ္ပါသည္။

ေအဒီ ၁၃၁ မွ ၂၀၁
ဂလန္ (Galan) အမည္ရ ဟစ္ပိုကေရတီး၏ တပည့္ ဂရိဆရာ၀န္ၾကီးက သူ႔ဆရာ၏ ကင္ဆာႏွင့္ပတ္သတ္သည့္ သီအိုရီကို လက္ခံေၾကာင္းထုတ္ေဖာ္ေျပာဆိုခဲ့သည္။ ကင္ဆာေရာဂါႏွင့္ အမည္းေရာင္သည္းေျခရည္ (Black bile) တို႔ ဆက္စပ္မႈရွိေၾကာင္းေရးခဲ့သည္။

ေအဒီ ၁၅၁၄-၆၄
Andreas Vasalius အမည္ရ ဘယ္လဂ်ီယန္လူမ်ိဳး၊ ခႏၶာေဗဒပညာရွင္ဆရာ၀န္ၾကီးက လူ႔ခႏၶာကိုယ္ႏွင့္ပတ္သတ္သည့္ စာအုပ္အတြဲေပါင္းမ်ားစြာထုတ္ေ၀ခဲ့ရာတြင္ ကင္ဆာႏွင့္ပတ္သတ္သည့္ အခ်က္အလက္မ်ားကို စတင္ထည့္သြင္းလာခဲ့သည္။

၁၆၂၉
အဂၤလန္ကၽြန္း၏ ေသဆံုးမႈအေၾကာင္းရင္း မွတ္တမ္းမွတ္ရာမ်ားတြင္ ကင္ဆာေရာဂါေၾကာင့္ ေသဆံုးရသည္ဟူ၍ စတင္မွတ္တမ္းတင္ခဲ့သည္။ ထိုအခ်ိန္မွစ၍ လူကိုေသေစသည့္ အေၾကာင္းရင္းမ်ားတြင္ ကင္ဆာေရာဂါသည္လည္း အေၾကာင္းရင္းတစ္ရပ္အျဖစ္ တရား၀င္ပါ၀င္လာခဲ့ေလသည္။

၁၇၂၈-၁၇၉၃
ဂၽြန္ဟန္တာ အမည္ရ နာမည္ၾကီးစေကာ့လူမ်ိဳး ခြဲစိတ္ဆရာ၀န္ၾကီးက တခ်ိဳ႕ေသာကင္ဆာေရာဂါမ်ားသည္ ခြဲစိတ္ကုသျခင္းျဖင့္လံုး၀ေပ်ာက္ကင္းသြားႏုိင္သည္ ဟုေျပာၾကားခဲ့သည္။ ခြဲစိတ္ဆရာ၀န္မ်ားအေနျဖင့္မည္သည့္ကင္ဆာေရာဂါကို ခြဲစိတ္ရမည္ဟု သိျမင္သံုးသပ္ႏိုင္စြမ္းရွိရမည္ဟု ေျပာခဲ့သည္။ ကင္ဆာအက်ိတ္သည္ ေဘးပတ္၀န္းက်င္မွ တစ္သ်ဴးမ်ားသို႔ မေရာက္မခ်င္း ခြဲထုတ္ႏိုင္သည္ဟု ေျပာခဲ့သည္။ ကင္ဆာေရာဂါႏွင့္ပတ္သတ္ျပီး ခြဲစိတ္ကုပညာဆိုင္ရာ ပထမဆံုးေသာ သံုးသပ္ခ်က္မ်ားျဖစ္ပါသည္။

၁၇၆၁
ဂၽြန္ေဟးအမည္ရ လန္ဒန္ျမိဳ႕ခံဆရာ၀န္တစ္ဦးက ႏွာေခါင္းအတြင္းျဖစ္ပြားသည့္ ကင္ဆာလူနာႏွစ္ဦးကို ေဖာ္ျပျပီး ေဆးလိပ္ေၾကာင့္ျဖစ္ႏိုင္သည္ဟု မွတ္တမ္းတင္ခဲ့သည္။

၁၇၇၅
Percival Pott အမည္ရ လန္ဒန္ျမိဳ႕မွ ဆရာ၀န္တစ္ဦးက မီးခိုးေခါင္းတိုင္အတြင္ သန္႔ရွင္းေရးလုပ္သူတို႔တြင္ ေ၀ွးေစ့ကင္ဆာအျဖစ္မ်ားေနေၾကာင္း ေၾကညာခဲ့သည္။ မီးခိုးေခါင္းတိုင္အတြင္းမွ မီးခုိးေညွာ္မ်ားႏွင့္ ၾကာရွည္စြာထိေတြ႕ျခင္းေၾကာင့္ျဖစ္ႏုိင္သည္ဟု ဆိုခဲ့သည္။

၁၈၃၈
ဂၽြန္ဟာနာမူလာ အမည္ရ ဂ်ာမန္ေရာဂါေဗဒဆရာ၀န္က ကင္ဆာေရာဂါသည္ ပံုမွန္ဆဲလ္မ်ားမွ တဆင့္ပံုစံေျပာင္းလ်က္ ေပၚေပါက္လာခဲ့ျခင္းျဖစ္သည္ဟုဆိုခဲ့သည္။ ကင္ဆာသည္ပံုမွန္မဟုတ္သည့္ ဆဲလ္မ်ားအေျခခံလာသည္ဟုဆိုခဲ့သည္။

၁၈၄၆
အေမရိကန္ျပည္ေထာင္စု ေဘာ့စတြန္ျမိဳ႕မွ ခြဲစိတ္ဆရာ၀န္ ေဒါက္တာဂၽြန္၀ါရန္သည္ ေဆးပညာသမိုင္းတြင္ ပထမဆံုးေသာကင္ဆာေရာဂါခြဲစိတ္မႈဟုဆိုရမည့္ ပါးခ်ိတ္ကင္ဆာခြဲစိတ္မႈကို ေမ့ေဆးအသံုးျပဳလ်က္ခြဲစိတ္ခဲ့သည္။

၁၈၅၁
အဂၤလိပ္လူမ်ိဳးတစ္ေယာက္ျဖစ္သည့္ W.H.Walshe သည္ အဆုတ္ကင္ဆာလူနာ သလိပ္ထဲတြင္ ကင္ဆာဆဲလ္မ်ားကို ေဖာ္ထုတ္ျပႏုိုင္ခဲ့သည္။

၁၈၅၈
ဂၽြန္ဟာနာမူလာ၏ တပည့္ရင္းတစ္ဦးျဖစ္သူ ရူးေဒါ့ဗားေခ်ာ သည္ ဆဲလ္ေရာဂါေဗဒပညာကို ပထမဆံုးစတင္ေဖာ္ထုတ္ခဲ့သူအျဖစ္ေက်ာ္ၾကားလာခဲ့သည္။ သူက ကင္ဆာဆဲလ္မ်ားသည္ မူလပံုမွန္ဆဲလ္မ်ားမွသေႏၶတည္ခဲ့ျခင္းျဖစ္သည္ဟု ေဖာ္ထုတ္ခဲ့သည္။

၁၈၆၆
Gregor Mendel အမည္ရပုဂိၢဳလ္က ပဲပင္မ်ား၏မ်ိဳးဗီဇမ်ားအေၾကာင္းကို ေဖာ္ထုတ္ခဲ့ျခင္းျဖင့္ ေခတ္သစ္မ်ိဳးဗီဇပညာကို အေျခခ်ေပးခဲ့သည္။

၁၈၇၈
Maximilian C.F. Nitze အမည္ရ ဂ်ာမန္ဆီးလမ္းေၾကာင္းခြဲစိတ္ဆရာ၀န္ၾကီးက ဆီးအိတ္အတြင္း ထည့္သြင္းလ်က္ ကင္ဆာေရာဂါကို ရွာေဖြႏိုင္သည့္ ဆီးလမ္းေၾကာင္းတြင္းထည့္မွန္ေျပာင္း(Cystoscope)ကို တီထြင္ခဲ့သည္။

၁၈၈၁
Jan M.Radecki အမည္ရ နာမည္ၾကီးပိုလန္ခြဲစိတ္ဆရာ၀န္တစ္ဦးက ပထမဆံုးေသာ အစာေရျမိဳျပြန္ႏွင့္ အစာအိမ္အတြင္း ထည့္ၾကည့္ လို႔ရသည့္ မွန္ေျပာင္းကိုတီထြင္ခဲ့သည္။ယေန႔အခ်ိန္တြင္ ၄င္းမွန္ေျပာင္းအကူအညီျဖင့္ အစာအိမ္ႏွင့္ အစာေရျမိဳျပြန္ကင္ဆာမ်ားကို ရွာေဖြႏိုင္ေနပါျပီ။

၁၈၉၅
Ludwig Rehn အမည္ရ ဂ်ာမန္ခြဲစိတ္ဆရာ၀န္က ဆီးအိတ္ကင္ဆာသည္ Aniline ဆိုးေဆးမ်ားႏွင့္ ဆက္ႏြယ္မႈရွိေနေၾကာင္းေဖာ္ထုတ္ခဲ့သည္။ထိုႏွစ္တြင္ပင္ ဂ်ာမဏီႏိုင္ငံသား Wurzburg တကၠသိုလ္မွ ရူပေဗဒ ပါေမာကၡ ရြန္ဂ်င္သည္ ဓာတ္မွန္ရိုက္ရာတြင္အသံုး ျပဳသည့္ X rays ကို ေတြ႕ရွိေၾကာင္းေၾကျငာခဲ့သည္။ဂ်ာမန္ သမားေတာ္တစ္ဦးျဖစ္သူ Gustav Killian ကလည္း အဆုတ္ေလျပြန္မ်ား အတြင္းၾကည့္ႏုိင္သည့္ မွန္ေျပာင္း (Bronchoscopy) ကို ပထမဦးဆံုးတီထြင္ႏိုင္ခဲ့သည္။ ထိုမွန္ေျပာင္းျဖင့္ အဆုတ္ကင္ဆာေရာဂါမ်ားကို ရွာေဖြႏိုင္လာၾကသည္။

၁၈၉၆
ဆာေဂ်ာ့ေသာမတ္ဘိတ္ဆန္က မမ်ိဳးဦးမွထုတ္လႊတ္ေပးသည့္ မေဟာ္မုန္းမ်ားသည္ ရင္သားကင္ဆာျဖစ္ပြားမႈကို အားေပးႏိုင္ ေၾကာင္း ေဖာ္ထုတ္ႏိုင္ခဲ့သည္။ေနာက္ပိုင္းတြင္ ထိုမေဟာ္မုန္းမွာ Estrogen ေဟာ္မုန္းျဖစ္ေၾကာင္းသိရွိလာၾကသည္။ ထိုေတြ႕ရွိခ်က္သည္ယခုလက္ရွိ ေဟာ္မုန္းကုသမႈမ်ားျဖင့္ ကင္ဆာေရာဂါကို ကုသသည့္ ကုထံုးမ်ား၏ သေႏၶတည္ရာအုတ္ျမစ္ျဖစ္လာခဲ့ေလသည္။

၁၈၉၇
အေမရိကန္ျပည္ေထာင္စုမွ တန္နက္စီႏွင့္အုိုင္အို၀ါျပည္နယမ်ားတြင္ ေဆးလိပ္ေရာင္းခ်မႈကို တားျမစ္ခဲ့သည္။

၁၈၉၈
မာရီႏွင့္ ပီယာက်ဴရီတို႔ ဇနီးေမာင္ႏွံသည္ ေရဒီယမ္ကိုစတင္ေတြ႕ရွိခဲ့သည္။၁၉၀၃ခုႏွစ္တြင္ ထိုေတြ႕ရွိခ်က္ေၾကာင့္ အျခားရူပေဗဒပညာရွင္တစ္ဦးႏွင့္ တြဲဖက္ျပီး ႏိုဗယ္ဆုရရွိခဲ့သည္။

၁၉၀၁
ေဒါက္တာနီကိုလပ္စ္ဆန္ အမည္ရဆရာ၀န္တစ္ဦးသည္ ကင္ဆာလူနာတစ္ဦးဆီမွ တစ္သွ်ဴးအသားစကို သူ၏လက္ေမာင္းတြင္ ျမဳပ္ႏွံခဲ့ျပီး ေလးပတ္ခန္႔အၾကာ ထိုတစ္သွ်ဴးအသားစမ်ားက သူ၏အသားအတြင္းေပ်ာ္၀င္ေပ်ာက္ကြယ္သြားပံုကို သက္ေသျပခဲ့ျပီး ကင္ဆာေရာဂါသည္ ကူးစက္ေရာဂါမဟုတ္ေၾကာင္းသက္ေသျပခဲ့သည္။

၁၉၁၁
အေမရိကန္တရားရံုးခ်ဳပ္က ေဆးလိပ္ေၾကညာမ်ားကို တားျမစ္ပိတ္ပင္သည့္ ဥပေဒျပဌာန္းသည္။

၁၉၁၂
ေဒါက္တာေပါအားလစ္ရွ္(Paul Ehrlich) သည္ ကင္ဆာေဆးမ်ားျဖင့္ကုသသည့္ကုထံုး (Chemotherapy)ကို ပထမဆံုးသံုးႏႈန္းခဲ့သည္။သို႔ေသာ္ ထိုေ၀ါဟာရကို ကင္ဆာကုသမႈတြင္မဟုတ္ပဲ ကာလသားေရာဂါကုထံုးတြင္ စတင္အသံုးျပဳခဲ့ျခင္းျဖစ္သည္။ Chemotherapy ၏ အေျခခံသေဘာတရားမွာ ကင္ဆာဆဲလ္(သို႔မဟုတ္)ေရာဂါပိုးမ်ားကို အျမင့္ဆံုးတိုက္ဖ်က္ႏိုင္ျပီး ကိုယ္ခႏၶာအား ေနာက္ဆက္တြဲဆိုးက်ိဳးအနည္းဆံုးေပးႏုိင္မည့္ ကုထံုးဟုဆိုလိုသည္။

၁၉၁၄
Theodor Boveri အမည္ရဂ်ာမန္သတၱေဗဒပညာရွင္တစ္ဦးက ကင္ဆာအက်ိတ္မ်ား၏ သမိုင္းအစ ဟူသည့္စာအုပ္ကို ထုတ္ေ၀ခဲ့သည္။ ထိုစာအုပ္တြင္ ကင္ဆာေရာဂါကို မ်ိဳးဗီဇေရာဂါတစ္ခုအေနျဖင့္ သံုးသပ္ေလ့လာထားသည့္ အခ်က္အလက္မ်ားပါ၀င္သည္။

၁၉၁၅
ဖရက္ဒရစ္လက္၀တ္ က “ကမၻာအႏွံ႔အျပားကင္ဆာေရာဂါေၾကာင့္ ေသဆံုးရမႈမ်ား” အမည္ရစာအုပ္ကို ထုတ္ေ၀ခဲ့ျပီး ထိုစာအုပ္တြင္ အစားအစာႏွင့္ ကင္ဆာေရာဂါဆက္ႏြယ္ပံုကို ေဖာ္ထုတ္တင္ျပထားသည္ကိုေတြ႕ၾကရသည္။

၁၉၂၀
ေဒါက္တာအားနက္ကုဒ္မန္သည္ မန္ဆာခ်ဴးဆက္ေဆးရံုၾကီးတြင္ ဆာကိုးမားကင္ဆာလူနာမ်ားကို မွတ္တမ္းတင္စာရင္းျပဳစုသည့္ လုပ္ငန္းကို စတင္အေျခခ်ေပးခဲ့သည္။

၁၉၂၆
ေရာဂါပ်ံ႕ႏွံ႔ျဖစ္ပြားမႈပညာရပ္(Epidemiology) ၏မိခင္ၾကီးဟုထင္ရွားသူ ေဒါက္တာဂ်က္နက္အယ္လီဇဘတ္သည္ ရင္သားကင္ဆာျဖစ္ေစႏိုင္ဖြယ္ရွိသည့္ အလားအလာမ်ားႏွင့္ပတ္သတ္သည့္ စာတမ္းတစ္ေစာင္ထုတ္ေ၀ခဲ့သည္။သူ၏ အခ်ကအလက္မ်ားမွာ ယေန႔အခ်ိန္အထိ ရင္သားကင္ဆာႏွင့္ပတ္သတ္သည့္ တြက္ခ်က္မႈမ်ားတြင္ အသံုးျပဳေနရဆဲျဖစ္သည္။

၁၉၂၈
ေဒါက္တာ George Papanicolaou သည္ ေမြးလမ္းေၾကာင္းမွဆဲလ္မ်ားကို ေဆးဆိုးလ်က္မိုက္ကရိုစကုပ္ျဖင့္ ေလ့လာျပီးစာတမ္းတစ္ေစာင္ထုတ္ေ၀ခဲ့သည္။သူ၏ေတြ႕ရွိခ်က္မွာ ယေန႔အခ်ိန္တြင္ သားအိမ္ေခါင္းကင္ဆာေရာဂါရွာေဖြမႈတြင္ အလြန္အေရးပါလ်က္ရွိသည္။သားအိမ္ေခါင္းအသားစကိုပင္လွ်င္ သူ၏အမည္ကို ဂုဏ္ျပဳလ်က္ Pap smear ဟုသံုးေနၾကသည္။

၁၉၃၉
အဆုတ္ကင္ဆာႏွင့္ ေဆးလိပ္ေသာက္သံုးျခင္းဆက္စပ္မႈကို သိပံၸနည္းက်ေဖာ္ထုတ္ထားသည့္ စာတမ္းတစ္ေစာင္ ထြက္ရွိလာခဲ့ သည္။ေဆးလိပ္ေသာက္ျခင္းသည္ အဆုတ္ကင္ဆာကို ျဖစ္ေစႏိုင္သည္ဟူသည့္ အခ်က္ကို ခိုင္မာေစရန္သက္ေသျပႏိုင္ခဲ့သည္။

၁၉၄၁
ေဒါက္တာခ်ာလီဟက္ဂင္း သည္ က်ားေဟာ္မုန္း (Testrosterone) ႏွင့္ ဆီးက်ိတ္ကင္ဆာ တို႔ဆက္စပ္မႈရွိေၾကာင္းသက္ေသျပႏုိင္ခဲ့သည္။အဆင့္ ၄ ဆီးက်ိတ္ကင္ဆာလူနာမ်ားတြင္ ေ၀ွးေစ့ကိုျဖတ္ထုတ္လိုက္သည့္အခါ သိသိသာသာကင္ဆာေရာဂါ သက္သာသြားေၾကာင္း ေတြ႕ရွိရေလသည္။

၁၉၅၀
ျဗိတိသွ်ေဆးပညာဂ်ာနယ္၏ ေဆာင္းပါးတစ္ပုဒ္တြင္ ၁၉၂၂မွ ၁၉၄၇ခုႏွစ္ခုႏွစ္မ်ားအတြင္း အဆုတ္ကင္ဆာေၾကာင့္ေသဆံုးမႈ၁၅ဆ တိုးတက္လာရျခင္းမွာ ေဆးလိပ္ေသာက္ျခင္းေၾကာင့္ျဖစ္သည္ဟု ေဖာ္ျပထားသည္။

၁၉၅၃
ေဒါက္တာဂ်ိမ္း၀တ္စတန္ႏွင့္ ဖရန္႔စစ္ခရစ္ တို႔ႏွစ္ဦးသည္ ႏွစ္ထပ္ေၾကာင္လိမ္ ဒီအင္ေအကို ေဖာ္ထုတ္ျပသႏိုင္ခဲ့သည္။

၁၉၅၈
Methotrexate အမည္ရ ကင္ဆာေဆးတစ္မ်ိဳးသည္ စပ်စ္သီးသေႏၶကင္ဆာ(Choriocarcinoma) ကိုလံုး၀ေပ်ာက္ကင္းေအာင္ကုသႏိုင္ေၾကာင္းေတြ႕ရွိလာၾကသည္။ ထိုကင္ဆာေဆးသည္ အဖုအက်ိတ္ကင္ဆာမ်ားကိုေပ်ာက္ကင္းေအာင္ကုသႏိုင္ဖြယ္ရွိသည့္ ပထမဆံုးကင္ဆာေဆးျဖစ္လာသည္။

၁၉၆၀
ျဗိတိန္ႏိုင္ငံတြင္ သားအိမ္ေခါင္းကင္ဆာ ေရာဂါၾကိဳတင္ရွာေဖြျခင္းကို စတင္ျပဳလုပ္ခဲ့သည္။

၁၉၇၃
ယူေကႏိုင္ငံတြင္ ရင္သားကင္ဆာမ်ားအတြက္ ကုသေဆးအျဖစ္ Tamoxifen ေဆးကို စတင္အသံုးျပဳခြင့္ေပးခဲ့သည္။ အေမရိကန္ျပည္ေထာင္စုတြင္ ၁၉၇၇ခုႏွစ္၌ အစားအစာႏွင့္ ေဆး၀ါးထိန္းခ်ဳပ္ေရးဌာနမွ ထိုေဆးကို အသံုးျပဳခြင့္ေပးခဲ့သည္။

၁၉၇၇
ဘီယာ၊၀ိုင္ႏွင့္အရက္ျပင္းမ်ားသည္ အမ်ိဳးသမီးမ်ားတြင္ ကင္ဆာျဖစ္ႏိုင္ေခ်ႏႈန္းကို မ်ားေစႏုိင္ေၾကာင္း ပထမဆံုးေဖာ္ထုတ္ႏိုင္ခဲ့ သည္။

၁၉၈၆
အေမရိကန္ျပည္ေထာင္စုတြင္ ကိုယ္တိုင္ေဆးလိပ္မေသာက္ေသာ္ျငား တပါးသူ၏ေဆးလိပ္ေငြ႕မ်ားမွ တဆင့္ အဆုတ္ကင္ဆာျဖစ္ေစႏုိင္ေၾကာင္း ေၾကျငာျပီး ေဆးလိပ္တိုက္ဖ်က္ေရးဥပေဒသစ္မ်ား ထပ္မံခ်မွတ္ခဲ့သည္။

၁၉၉၂
ရင္သားကင္ဆာေရာဂါတြင္ အသံုးျပဳသည့္ ေဆး၀ါးသစ္ Herceptin ကို စတင္အသံုးျပဳခဲ့သည္။
၁၉၉၈
ေဆးလိပ္ကုမဏီမ်ားသည္ ကေလးသူငယ္မ်ားသို႔ဦးတည္လ်က္ရွိသည့္ ေဆးလိပ္ေၾကျငာမ်ားအားလံုးကို ရပ္ဆိုင္းရန္သေဘာတူခဲ့ၾကသည္။
၂၀၀၃
လူသားမ်ိဳးဗီဇ လွ်ိဳ၀ွက္ခ်က္ကို ျပည့္စံုစြာေဖာ္ထုတ္ျပသႏုိင္ခဲ့သည္။
၂၀၀၉
သားအိမ္ေခါင္းကင္ဆာေရာဂါကို ျဖစ္ေစသည့္ လိင္အဂၤါၾကြက္ႏို႔ေရာဂါပိုးကို ၾကိဳတင္ရွာေဖြစစ္ေဆးျခင္းလုပ္ငန္းမ်ားစတင္ခဲ့သည္။


ကင်ဆာ ဟူသည် ဒီဘက်ခေတ်မှပေါ်လာခြင်းမဟုတ် (သို့) သမိုင်းထဲက ကင်ဆာ (unicode)

Written By ဒေါက်တာလွှမ်းမိုးဟန်

ကင်ဆာဟုဆိုလိုက်ရသည်နှင့် ကြားရသူတိုင်း၏စိတ်ထဲမှာ ကြောက်ရွံ့မှုနှင့် စိတ်ရှုပ်ထွေးမှုတို့ကပေါ်လာတတ်စမြဲ။ကင်ဆာသည်မျိုးရိုးလိုက်တတ်သည်။ မျိုးရိုးမရှိပဲနှင့်လည်း ဖြစ်နိုင်သည်။ ကူးစက်ရောဂါများကြောင့်လည်း ဖြစ်နိုင်သည်။ အစားအသောက်နှင့် ဘ၀နေထိုင်မှု ပုံစံများကြောင့်လည်းဖြစ်နိုင်သည်။ ဖြစ်သည့် ကင်ဆာအမျိုးအစားနှင့် အဆင့်အပေါ်မူတည်လျက် ရောဂါပျောက်ကင်းမှု၊သက်သာမှု၊အသက်ရှင်သန်မှုတို့မှာ အတော့်ကို ကွာခြားသွားနိုင်ပါသည်။

နိုင်ငံတစ်နိုင်ငံ၊လူမျိုးတစ်မျိုး၏ သမိုင်းကြောင်းကိုသိဖို့လိုသလို နှစ်ပေါင်းထောင်ချီရှိခဲ့သည့် ရောဂါတစ်ခုချင်းစီ၏ သမိုင်းကြောင်းကိုလေ့လာခြင်းသည်လည်း ထိုရောဂါနှင့်ပတ်သတ်ပြီး ရဲရဲရင်ဆိုင်နိုင်ဖို့၊ အတွေးအခေါ်ဗဟုသုတနှင့် စဉ်းစားချင့်ချိန်န်ိုင်စေဖို့ အချက်အလက်များကို ပေးပါသည်။

ယခုဆောင်းပါးတွင် ကင်ဆာရောဂါကို စတင်တွေ့ရှိသည်မှစ၍ ယနေ့အချိန်အထိ ကင်ဆာရောဂါ သမိုင်းကြောင်း၊ ကင်ဆာကို အံတုခဲ့သည့် ဆရာဝန်ကြီးများအကြောင်း၊ ကင်ဆာကုထုံးများနှင့်ပတ်သတ်သည့် တွေ့ရှိချက်များ၊ ကင်ဆာဆေးဝါးများကို စုစည်းဖော်ပြပေးထားပါသည်။
= = = = =
ဘီစီ ၁၆၀၀
အမေရိကန်ရှေးဟောင်းသုတေသနပညာရှင်များတွေ့ရှိခဲ့သည့် အီဂျစ်ဆေးကျမ်းကျူစာအုပ်တွင်ရင်သားကင်ဆာနှင့်ပတ်သတ်ပြီးဖော်ပြမှတ်တမ်းတင်ထားသည်ကို တွေ့ရသည်။ကုသလို့မရသည့် ရောဂါဖြစ်ကြောင်းရေးသားထားသည်။ သမိုင်းတွင် တွေ့ရှိရသမျှ ကင်ဆာရောဂါနှင့်ပတ်သတ်သည့် အစောဆုံးသော မှတ်တမ်းမှတ်ရာဖြစ်ပါသည်။

ဘီစီ ၄၆၀-၃၇၇
ဆေးပညာ၏ဖခင်ကြီးအဖြစ် တင်စားကြသည့် ဂရိလူမျိုး ဟစ်ပိုကရေးတီးက ကင်ဆာရောဂါသည့် “ဂဏန်းနှင့်တူသည့်ရောဂါ”ဟုတင်စားခဲ့သည်။ တစ်နေရာတွင် အမြစ်တွယ်ခြေကုပ်ယူပြီး တခြားနေရာများသို့ ပျံ့နှံ့သွားတတ်သည့်သဘောရှိခြင်းကြောင့် ဂဏန်း၏လက်မ၊ခြေမများနှင့် တူသည်ဟု တင်စားခဲ့ခြင်းဖြစ်ပါသည်။

အေဒီ ၁၃၁ မှ ၂၀၁
ဂလန် (Galan) အမည်ရ ဟစ်ပိုကရေတီး၏ တပည့် ဂရိဆရာဝန်ကြီးက သူ့ဆရာ၏ ကင်ဆာနှင့်ပတ်သတ်သည့် သီအိုရီကို လက်ခံကြောင်းထုတ်ဖော်ပြောဆိုခဲ့သည်။ ကင်ဆာရောဂါနှင့် အမည်းရောင်သည်းခြေရည် (Black bile) တို့ ဆက်စပ်မှုရှိကြောင်းရေးခဲ့သည်။

အေဒီ ၁၅၁၄-၆၄
Andreas Vasalius အမည်ရ ဘယ်လဂျီယန်လူမျိုး၊ ခန္ဓာဗေဒပညာရှင်ဆရာဝန်ကြီးက လူ့ခန္ဓာကိုယ်နှင့်ပတ်သတ်သည့် စာအုပ်အတွဲပေါင်းများစွာထုတ်ဝေခဲ့ရာတွင် ကင်ဆာနှင့်ပတ်သတ်သည့် အချက်အလက်များကို စတင်ထည့်သွင်းလာခဲ့သည်။

၁၆၂၉
အင်္ဂလန်ကျွန်း၏ သေဆုံးမှုအကြောင်းရင်း မှတ်တမ်းမှတ်ရာများတွင် ကင်ဆာရောဂါကြောင့် သေဆုံးရသည်ဟူ၍ စတင်မှတ်တမ်းတင်ခဲ့သည်။ ထိုအချိန်မှစ၍ လူကိုသေစေသည့် အကြောင်းရင်းများတွင် ကင်ဆာရောဂါသည်လည်း အကြောင်းရင်းတစ်ရပ်အဖြစ် တရားဝင်ပါဝင်လာခဲ့လေသည်။

၁၇၂၈-၁၇၉၃
ဂျွန်ဟန်တာ အမည်ရ နာမည်ကြီးစကော့လူမျိုး ခွဲစိတ်ဆရာဝန်ကြီးက တချို့သောကင်ဆာရောဂါများသည် ခွဲစိတ်ကုသခြင်းဖြင့်လုံး၀ပျောက်ကင်းသွားနိုင်သည် ဟုပြောကြားခဲ့သည်။ ခွဲစိတ်ဆရာဝန်များအနေဖြင့်မည်သည့်ကင်ဆာရောဂါကို ခွဲစိတ်ရမည်ဟု သိမြင်သုံးသပ်နိုင်စွမ်းရှိရမည်ဟု ပြောခဲ့သည်။ ကင်ဆာအကျိတ်သည် ဘေးပတ်ဝန်းကျင်မှ တစ်သျူးများသို့ မရောက်မချင်း ခွဲထုတ်နိုင်သည်ဟု ပြောခဲ့သည်။ ကင်ဆာရောဂါနှင့်ပတ်သတ်ပြီး ခွဲစိတ်ကုပညာဆိုင်ရာ ပထမဆုံးသော သုံးသပ်ချက်များဖြစ်ပါသည်။

၁၇၆၁
ဂျွန်ဟေးအမည်ရ လန်ဒန်မြို့ခံဆရာဝန်တစ်ဦးက နှာခေါင်းအတွင်းဖြစ်ပွားသည့် ကင်ဆာလူနာနှစ်ဦးကို ဖော်ပြပြီး ဆေးလိပ်ကြောင့်ဖြစ်နိုင်သည်ဟု မှတ်တမ်းတင်ခဲ့သည်။

၁၇၇၅
Percival Pott အမည်ရ လန်ဒန်မြို့မှ ဆရာဝန်တစ်ဦးက မီးခိုးခေါင်းတိုင်အတွင် သန့်ရှင်းရေးလုပ်သူတို့တွင် ဝှေးစေ့ကင်ဆာအဖြစ်များနေကြောင်း ကြေညာခဲ့သည်။ မီးခိုးခေါင်းတိုင်အတွင်းမှ မီးခိုးညှော်များနှင့် ကြာရှည်စွာထိတွေ့ခြင်းကြောင့်ဖြစ်နိုင်သည်ဟု ဆိုခဲ့သည်။

၁၈၃၈
ဂျွန်ဟာနာမူလာ အမည်ရ ဂျာမန်ရောဂါဗေဒဆရာဝန်က ကင်ဆာရောဂါသည် ပုံမှန်ဆဲလ်များမှ တဆင့်ပုံစံပြောင်းလျက် ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်ဟုဆိုခဲ့သည်။ ကင်ဆာသည်ပုံမှန်မဟုတ်သည့် ဆဲလ်များအခြေခံလာသည်ဟုဆိုခဲ့သည်။

၁၈၄၆
အမေရိကန်ပြည်ထောင်စု ဘော့စတွန်မြို့မှ ခွဲစိတ်ဆရာဝန် ဒေါက်တာဂျွန်ဝါရန်သည် ဆေးပညာသမိုင်းတွင် ပထမဆုံးသောကင်ဆာရောဂါခွဲစိတ်မှုဟုဆိုရမည့် ပါးချိတ်ကင်ဆာခွဲစိတ်မှုကို မေ့ဆေးအသုံးပြုလျက်ခွဲစိတ်ခဲ့သည်။

၁၈၅၁
အင်္ဂလိပ်လူမျိုးတစ်ယောက်ဖြစ်သည့် W.H.Walshe သည် အဆုတ်ကင်ဆာလူနာ သလိပ်ထဲတွင် ကင်ဆာဆဲလ်များကို ဖော်ထုတ်ပြနိုင်ခဲ့သည်။

၁၈၅၈
ဂျွန်ဟာနာမူလာ၏ တပည့်ရင်းတစ်ဦးဖြစ်သူ ရူးဒေါ့ဗားချော သည် ဆဲလ်ရောဂါဗေဒပညာကို ပထမဆုံးစတင်ဖော်ထုတ်ခဲ့သူအဖြစ်ကျော်ကြားလာခဲ့သည်။ သူက ကင်ဆာဆဲလ်များသည် မူလပုံမှန်ဆဲလ်များမှသန္ဓေတည်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ထုတ်ခဲ့သည်။

၁၈၆၆
Gregor Mendel အမည်ရပုဂ္ဂိုလ်က ပဲပင်များ၏မျိုးဗီဇများအကြောင်းကို ဖော်ထုတ်ခဲ့ခြင်းဖြင့် ခေတ်သစ်မျိုးဗီဇပညာကို အခြေချပေးခဲ့သည်။

၁၈၇၈
Maximilian C.F. Nitze အမည်ရ ဂျာမန်ဆီးလမ်းကြောင်းခွဲစိတ်ဆရာဝန်ကြီးက ဆီးအိတ်အတွင်း ထည့်သွင်းလျက် ကင်ဆာရောဂါကို ရှာဖွေနိုင်သည့် ဆီးလမ်းကြောင်းတွင်းထည့်မှန်ပြောင်း(Cystoscope)ကို တီထွင်ခဲ့သည်။

၁၈၈၁
Jan M.Radecki အမည်ရ နာမည်ကြီးပိုလန်ခွဲစိတ်ဆရာဝန်တစ်ဦးက ပထမဆုံးသော အစာရေမြိုပြွန်နှင့် အစာအိမ်အတွင်း ထည့်ကြည့် လို့ရသည့် မှန်ပြောင်းကိုတီထွင်ခဲ့သည်။ယနေ့အချိန်တွင် ၎င်းမှန်ပြောင်းအကူအညီဖြင့် အစာအိမ်နှင့် အစာရေမြိုပြွန်ကင်ဆာများကို ရှာဖွေနိုင်နေပါပြီ။

၁၈၉၅
Ludwig Rehn အမည်ရ ဂျာမန်ခွဲစိတ်ဆရာဝန်က ဆီးအိတ်ကင်ဆာသည် Aniline ဆိုးဆေးများနှင့် ဆက်နွယ်မှုရှိနေကြောင်းဖော်ထုတ်ခဲ့သည်။ထိုနှစ်တွင်ပင် ဂျာမဏီနိုင်ငံသား Wurzburg တက္ကသိုလ်မှ ရူပဗေဒ ပါမောက္ခ ရွန်ဂျင်သည် ဓာတ်မှန်ရိုက်ရာတွင်အသုံး ပြုသည့် X rays ကို တွေ့ရှိကြောင်းကြေငြာခဲ့သည်။ဂျာမန် သမားတော်တစ်ဦးဖြစ်သူ Gustav Killian ကလည်း အဆုတ်လေပြွန်များ အတွင်းကြည့်နိုင်သည့် မှန်ပြောင်း (Bronchoscopy) ကို ပထမဦးဆုံးတီထွင်နိုင်ခဲ့သည်။ ထိုမှန်ပြောင်းဖြင့် အဆုတ်ကင်ဆာရောဂါများကို ရှာဖွေနိုင်လာကြသည်။

၁၈၉၆
ဆာဂျော့သောမတ်ဘိတ်ဆန်က မမျိုးဦးမှထုတ်လွှတ်ပေးသည့် မဟော်မုန်းများသည် ရင်သားကင်ဆာဖြစ်ပွားမှုကို အားပေးနိုင် ကြောင်း ဖော်ထုတ်နိုင်ခဲ့သည်။နောက်ပိုင်းတွင် ထိုမဟော်မုန်းမှာ Estrogen ဟော်မုန်းဖြစ်ကြောင်းသိရှိလာကြသည်။ ထိုတွေ့ရှိချက်သည်ယခုလက်ရှိ ဟော်မုန်းကုသမှုများဖြင့် ကင်ဆာရောဂါကို ကုသသည့် ကုထုံးများ၏ သန္ဓေတည်ရာအုတ်မြစ်ဖြစ်လာခဲ့လေသည်။

၁၈၉၇
အမေရိကန်ပြည်ထောင်စုမှ တန်နက်စီနှင့်အိုင်အိုဝါပြည်နယများတွင် ဆေးလိပ်ရောင်းချမှုကို တားမြစ်ခဲ့သည်။

၁၈၉၈
မာရီနှင့် ပီယာကျူရီတို့ ဇနီးမောင်နှံသည် ရေဒီယမ်ကိုစတင်တွေ့ရှိခဲ့သည်။၁၉၀၃ခုနှစ်တွင် ထိုတွေ့ရှိချက်ကြောင့် အခြားရူပဗေဒပညာရှင်တစ်ဦးနှင့် တွဲဖက်ပြီး နိုဗယ်ဆုရရှိခဲ့သည်။

၁၉၀၁
ဒေါက်တာနီကိုလပ်စ်ဆန် အမည်ရဆရာဝန်တစ်ဦးသည် ကင်ဆာလူနာတစ်ဦးဆီမှ တစ်သျှူးအသားစကို သူ၏လက်မောင်းတွင် မြုပ်နှံခဲ့ပြီး လေးပတ်ခန့်အကြာ ထိုတစ်သျှူးအသားစများက သူ၏အသားအတွင်းပျော်ဝင်ပျောက်ကွယ်သွားပုံကို သက်သေပြခဲ့ပြီး ကင်ဆာရောဂါသည် ကူးစက်ရောဂါမဟုတ်ကြောင်းသက်သေပြခဲ့သည်။

၁၉၁၁
အမေရိကန်တရားရုံးချုပ်က ဆေးလိပ်ကြေညာများကို တားမြစ်ပိတ်ပင်သည့် ဥပဒေပြဌာန်းသည်။

၁၉၁၂
ဒေါက်တာပေါအားလစ်ရှ်(Paul Ehrlich) သည် ကင်ဆာဆေးများဖြင့်ကုသသည့်ကုထုံး (Chemotherapy)ကို ပထမဆုံးသုံးနှုန်းခဲ့သည်။သို့သော် ထိုဝေါဟာရကို ကင်ဆာကုသမှုတွင်မဟုတ်ပဲ ကာလသားရောဂါကုထုံးတွင် စတင်အသုံးပြုခဲ့ခြင်းဖြစ်သည်။ Chemotherapy ၏ အခြေခံသဘောတရားမှာ ကင်ဆာဆဲလ်(သို့မဟုတ်)ရောဂါပိုးများကို အမြင့်ဆုံးတိုက်ဖျက်နိုင်ပြီး ကိုယ်ခန္ဓာအား နောက်ဆက်တွဲဆိုးကျိုးအနည်းဆုံးပေးနိုင်မည့် ကုထုံးဟုဆိုလိုသည်။

၁၉၁၄
Theodor Boveri အမည်ရဂျာမန်သတ္တဗေဒပညာရှင်တစ်ဦးက ကင်ဆာအကျိတ်များ၏ သမိုင်းအစ ဟူသည့်စာအုပ်ကို ထုတ်ဝေခဲ့သည်။ ထိုစာအုပ်တွင် ကင်ဆာရောဂါကို မျိုးဗီဇရောဂါတစ်ခုအနေဖြင့် သုံးသပ်လေ့လာထားသည့် အချက်အလက်များပါဝင်သည်။

၁၉၁၅
ဖရက်ဒရစ်လက်ဝတ် က “ကမ္ဘာအနှံ့အပြားကင်ဆာရောဂါကြောင့် သေဆုံးရမှုများ” အမည်ရစာအုပ်ကို ထုတ်ဝေခဲ့ပြီး ထိုစာအုပ်တွင် အစားအစာနှင့် ကင်ဆာရောဂါဆက်နွယ်ပုံကို ဖော်ထုတ်တင်ပြထားသည်ကိုတွေ့ကြရသည်။

၁၉၂၀
ဒေါက်တာအားနက်ကုဒ်မန်သည် မန်ဆာချူးဆက်ဆေးရုံကြီးတွင် ဆာကိုးမားကင်ဆာလူနာများကို မှတ်တမ်းတင်စာရင်းပြုစုသည့် လုပ်ငန်းကို စတင်အခြေချပေးခဲ့သည်။

၁၉၂၆
ရောဂါပျံ့နှံ့ဖြစ်ပွားမှုပညာရပ်(Epidemiology) ၏မိခင်ကြီးဟုထင်ရှားသူ ဒေါက်တာဂျက်နက်အယ်လီဇဘတ်သည် ရင်သားကင်ဆာဖြစ်စေနိုင်ဖွယ်ရှိသည့် အလားအလာများနှင့်ပတ်သတ်သည့် စာတမ်းတစ်စောင်ထုတ်ဝေခဲ့သည်။သူ၏ အချကအလက်များမှာ ယနေ့အချိန်အထိ ရင်သားကင်ဆာနှင့်ပတ်သတ်သည့် တွက်ချက်မှုများတွင် အသုံးပြုနေရဆဲဖြစ်သည်။

၁၉၂၈
ဒေါက်တာ George Papanicolaou သည် မွေးလမ်းကြောင်းမှဆဲလ်များကို ဆေးဆိုးလျက်မိုက်ကရိုစကုပ်ဖြင့် လေ့လာပြီးစာတမ်းတစ်စောင်ထုတ်ဝေခဲ့သည်။သူ၏တွေ့ရှိချက်မှာ ယနေ့အချိန်တွင် သားအိမ်ခေါင်းကင်ဆာရောဂါရှာဖွေမှုတွင် အလွန်အရေးပါလျက်ရှိသည်။သားအိမ်ခေါင်းအသားစကိုပင်လျှင် သူ၏အမည်ကို ဂုဏ်ပြုလျက် Pap smear ဟုသုံးနေကြသည်။

၁၉၃၉
အဆုတ်ကင်ဆာနှင့် ဆေးလိပ်သောက်သုံးခြင်းဆက်စပ်မှုကို သိပ္ပံနည်းကျဖော်ထုတ်ထားသည့် စာတမ်းတစ်စောင် ထွက်ရှိလာခဲ့ သည်။ဆေးလိပ်သောက်ခြင်းသည် အဆုတ်ကင်ဆာကို ဖြစ်စေနိုင်သည်ဟူသည့် အချက်ကို ခိုင်မာစေရန်သက်သေပြနိုင်ခဲ့သည်။

၁၉၄၁
ဒေါက်တာချာလီဟက်ဂင်း သည် ကျားဟော်မုန်း (Testrosterone) နှင့် ဆီးကျိတ်ကင်ဆာ တို့ဆက်စပ်မှုရှိကြောင်းသက်သေပြနိုင်ခဲ့သည်။အဆင့် ၄ ဆီးကျိတ်ကင်ဆာလူနာများတွင် ဝှေးစေ့ကိုဖြတ်ထုတ်လိုက်သည့်အခါ သိသိသာသာကင်ဆာရောဂါ သက်သာသွားကြောင်း တွေ့ရှိရလေသည်။

၁၉၅၀
ဗြိတိသျှဆေးပညာဂျာနယ်၏ ဆောင်းပါးတစ်ပုဒ်တွင် ၁၉၂၂မှ ၁၉၄၇ခုနှစ်ခုနှစ်များအတွင်း အဆုတ်ကင်ဆာကြောင့်သေဆုံးမှု၁၅ဆ တိုးတက်လာရခြင်းမှာ ဆေးလိပ်သောက်ခြင်းကြောင့်ဖြစ်သည်ဟု ဖော်ပြထားသည်။

၁၉၅၃
ဒေါက်တာဂျိမ်းဝတ်စတန်နှင့် ဖရန့်စစ်ခရစ် တို့နှစ်ဦးသည် နှစ်ထပ်ကြောင်လိမ် ဒီအင်အေကို ဖော်ထုတ်ပြသနိုင်ခဲ့သည်။

၁၉၅၈
Methotrexate အမည်ရ ကင်ဆာဆေးတစ်မျိုးသည် စပျစ်သီးသန္ဓေကင်ဆာ(Choriocarcinoma) ကိုလုံး၀ပျောက်ကင်းအောင်ကုသနိုင်ကြောင်းတွေ့ရှိလာကြသည်။ ထိုကင်ဆာဆေးသည် အဖုအကျိတ်ကင်ဆာများကိုပျောက်ကင်းအောင်ကုသနိုင်ဖွယ်ရှိသည့် ပထမဆုံးကင်ဆာဆေးဖြစ်လာသည်။

၁၉၆၀
ဗြိတိန်နိုင်ငံတွင် သားအိမ်ခေါင်းကင်ဆာ ရောဂါကြိုတင်ရှာဖွေခြင်းကို စတင်ပြုလုပ်ခဲ့သည်။

၁၉၇၃
ယူကေနိုင်ငံတွင် ရင်သားကင်ဆာများအတွက် ကုသဆေးအဖြစ် Tamoxifen ဆေးကို စတင်အသုံးပြုခွင့်ပေးခဲ့သည်။ အမေရိကန်ပြည်ထောင်စုတွင် ၁၉၇၇ခုနှစ်၌ အစားအစာနှင့် ဆေးဝါးထိန်းချုပ်ရေးဌာနမှ ထိုဆေးကို အသုံးပြုခွင့်ပေးခဲ့သည်။

၁၉၇၇
ဘီယာ၊ဝိုင်နှင့်အရက်ပြင်းများသည် အမျိုးသမီးများတွင် ကင်ဆာဖြစ်နိုင်ချေနှုန်းကို များစေနိုင်ကြောင်း ပထမဆုံးဖော်ထုတ်နိုင်ခဲ့ သည်။

၁၉၈၆
အမေရိကန်ပြည်ထောင်စုတွင် ကိုယ်တိုင်ဆေးလိပ်မသောက်သော်ငြား တပါးသူ၏ဆေးလိပ်ငွေ့များမှ တဆင့် အဆုတ်ကင်ဆာဖြစ်စေနိုင်ကြောင်း ကြေငြာပြီး ဆေးလိပ်တိုက်ဖျက်ရေးဥပဒေသစ်များ ထပ်မံချမှတ်ခဲ့သည်။

၁၉၉၂
ရင်သားကင်ဆာရောဂါတွင် အသုံးပြုသည့် ဆေးဝါးသစ် Herceptin ကို စတင်အသုံးပြုခဲ့သည်။
၁၉၉၈
ဆေးလိပ်ကုမဏီများသည် ကလေးသူငယ်များသို့ဦးတည်လျက်ရှိသည့် ဆေးလိပ်ကြေငြာများအားလုံးကို ရပ်ဆိုင်းရန်သဘောတူခဲ့ကြသည်။
၂၀၀၃
လူသားမျိုးဗီဇ လျှိုဝှက်ချက်ကို ပြည့်စုံစွာဖော်ထုတ်ပြသနိုင်ခဲ့သည်။
၂၀၀၉
သားအိမ်ခေါင်းကင်ဆာရောဂါကို ဖြစ်စေသည့် လိင်အင်္ဂါကြွက်နို့ရောဂါပိုးကို ကြိုတင်ရှာဖွေစစ်ဆေးခြင်းလုပ်ငန်းများစတင်ခဲ့သည်။

Leave a Reply