သမုိင္းတစ္ေလွ်ာက္ ကမာၻ႔အေတာ္ဆုံး အမ်ဳိးသမီးလက္ေျဖာင့္ေသနတ္သမား

Posted on

ကမာၻ႔အေတာ္ဆုံး အမ်ဳိးသမီးလက္ေျဖာင့္ေသနတ္သမားအျဖစ္ စံခ်ိန္တင္ခဲ့သူကေတာ့ ယူကရိန္း-ဆိုဗီယက္ တပ္နီေတာ္ရဲ႕ စႏုိက္ပါ Lyudmila Pavlichenko ပဲျဖစ္ပါတယ္။ သူမဟာ ရန္သူေပါင္း ၃၀၉ေယာက္ကုိ သတ္ခဲ့တဲ့ စႏုိက္ပါတစ္ေယာက္ျဖစ္ၿပီး သမုိင္းတစ္ေလွ်ာက္အေတာ္ဆုံး စႏုိက္ပါေတြထဲက တစ္ေယာက္လည္းျဖစ္ပါတယ္။

သူမရဲ႕ နာမည္အျပည့္အစုံက Liudmyla Mykhailovna Pavlychenko ျဖစ္ၿပီး ယူကရိန္းက Bila Tserkva ဆုိတဲ့ၿမဳိ႕ေလးမွာ ေမြးဖြားခဲ့ပါတယ္။ သူမ ၁၄ႏွစ္အရြယ္မွာေတာ့ မိသားစုဟာ ၿမဳိ႕ေတာ္ Kiev ကို ေျပာင္းေရြ႕လာခဲ့ပါတယ္။ အဲဒီအခ်ိန္မွာတည္းက သူမဟာ DOSAAF ေသနတ္ပစ္ကလပ္ကုိ ၀င္ခဲ့ၿပီး ထူးခြ်န္တဲ့အေပ်ာ္တမ္းေသနတ္သမားတစ္ေယာက္ျဖစ္လာခဲ့ပါတယ္။ အဲဒီၿမဳိ႕ကအာဆင္နယ္စက္ရုံမွာ ႀကိတ္စက္အလုပ္သမ တစ္ဦးအျဖစ္လုပ္ကုိင္ရင္း Kiev တကၠသုိလ္ကို ဆက္တက္ခဲ့ပါတယ္။ အဲဒီေနာက္ေတာ့ သူမဟာ သမုိင္းအထူးျပဳနဲ႔ မဟာဘြဲ႔ကုိရရွိခဲ့ပါတယ္။

သူမ အသက္ ၂၄ႏွစ္အရြယ္ ၊ တကၠသုိလ္စတုတၳႏွစ္ ၁၉၄၁ခုႏွစ္မွာ ဂ်ာမန္ေတြဟာ ဆုိဗီယက္ကုိ က်ဴးေက်ာ္ခဲ့ပါတယ္။ သူမဟာ Odessa စုေဆာင္းေရးရုံးမွာ ေစတနာ့၀န္ထမ္းအျဖစ္လုပ္ခဲ့ပါတယ္။ အဲဒီေနာက္ေတာ့ တပ္နီေတာ္ရဲ႕ အမွတ္၂၅ ရုိင္ဖယ္တပ္ကုိ၀င္ေရာက္ဖုိ႔ ဆက္သြယ္ခဲ့ပါတယ္။ အားလုံးက သူမကုိ သူနာျပဳအလုပ္သာ လုပ္ဖုိ႔တုိက္တြန္းၾကေပမယ့္ သူမက စစ္သားတစ္ေယာက္ဘ၀ကိုသာ ေရြးခ်ယ္ခဲ့တဲ့အတြက္ ဆုိဗီယက္ အမ်ဳိးသမီး စႏုိက္ပါ ၂၀၀၀ ထဲက စႏုိက္ပါတစ္ေယာက္ျဖစ္လာခဲ့ပါတယ္။ အဲဒီအမ်ဳိးသမီး ၂၀၀၀ ဟာ စစ္ပြဲအၿပီးမွာေတာ့ ၅၀၀ သာ အသက္ရွင္ေတာ့ၿပီး က်န္ ၁၅၀၀ကေတာ့ က်ဆုံးခဲ့ပါတယ္။

သူမရဲ႕ ပထမဆုံးစစ္ပြဲမွာ Tokarev SVT-40 ရုိင္ဖယ္(3.5X telescopic sight) ကုိ ကုိင္ခဲ့ၿပီး ရန္သူႏွစ္ေယာက္ကုိ ပစ္ခ်ႏုိင္ခဲ့ပါတယ္။ Odessa အနီးမွာျဖစ္ပြားတဲ့တုိက္ပြဲေတြမွာ ႏွစ္လခြဲခန္႔တုိက္ခုိက္ခဲ့ၿပီး ရန္သူ ၁၈၇ေယာက္ ကုိ စႏုိက္ပါနဲ႔ ပစ္ခ်ႏုိင္ခဲ့တယ္လုိ႔ မွတ္တမ္းတင္ခဲ့ပါတယ္။ အဲဒီေနာက္ေတာ့ Senior Sergeant ရာထူးကုိတုိးျမွင့္ခံခဲ့ရပါတယ္။ ေနာက္ ၈လၾကာတုိက္ပြဲမွာေတာ့ ရန္သူ ၂၅၇ေယာက္ကို ပစ္သတ္ႏုိင္ခဲ့ပါတယ္။ စုစုေပါင္း သူမသတ္ခဲ့တဲ့ ရန္သူအေရအတြက္ဟာ ၄၀၀ေက်ာ္ခဲ့ၿပီး စႏုိက္ပါနဲ႔ပစ္ခ်ႏုိင္ခဲ့တာကေတာ့ ၃၀၉ေယာက္ျဖစ္ပါတယ္။ ဒီအထဲမွာ ပစ္ရခက္ခဲတဲ့ ရန္သူစႏုိက္ပါ ၃၆ေယာက္ကို ပစ္ခ်ႏုိင္ခဲ့တာကလည္း သူမရဲ႕ ထူးခြ်န္တဲ့အစြမ္းျဖစ္ပါတယ္။ စစ္ပြဲအတြင္းမွာ သူမကုိယ္တုိင္လည္း ရန္သူ႔က်ည္ဆံမွန္ခဲ့ပါေသးတယ္။ ဒါေပမယ့္ အသက္မေသခဲ့ပဲ တစ္လေလာက္သာ ေဆးရုံတက္ခဲ့ရပါတယ္။ အဲဒီေနာက္မွာ ေတာ့ ဗုိလ္အျဖစ္ ရာထူးတုိးျမွင့္ခံရျပန္ပါတယ္။ အဲဒီအခ်ိန္က သူမအသက္ဟာ ၂၅ႏွစ္ ေက်ာ္ရုံေလး ရွိပါေသးတယ္။

အဲဒီေနာက္ေတာ့ သူမဟာ ကေနဒါနဲ႔ အေမရိကန္ႏုိင္ငံ ၊ အဂၤလန္ႏုိင္ငံေတြ ကို သြားေရာက္လည္ပတ္ခဲ့ပါတယ္။ အေမရိကန္ သမၼတ ဖရန္ကလင္းဒီရုစဗဲ့ရဲ႕ အိမ္ျဖဴေတာ္ကို ဖိတ္ေခၚျခင္းကို ခံရတဲ့ ပထမဆုံး ရုရွားစစ္သားလည္းျဖစ္ပါတယ္။ ရုရွားကိုျပန္ေရာက္ၿပီး စစ္ေျမျပင္ထဲျပန္၀င္ခဲ့ေပမယ့္ ဆုိဗီယက္ထိပ္တန္းအရာရွိေတြက သူမကုိ တုိက္ပြဲအတြင္းသုိ႔ မလႊတ္ေတာ့ပါဘူး။ အျခားစႏုိက္ပါေတြကိုသာေလ့က်င့္ေပးဖုိ႔ပဲ တာ၀န္ေပးခံခဲ့ရၿပီး ဒီတာ၀န္ကို စစ္ႀကီးၿပီးတဲ့အထိ ထမ္းေဆာင္ခဲ့ပါတယ္။ ၁၉၄၃ခုႏွစ္မွာေတာ့ သူမဟာ ေရႊၾကယ္တံဆိပ္ နဲ႔ ဆုိဗီယက္သူရဲေကာင္းဘြဲ႔ကို ရရွိခဲ့ပါတယ္။

စစ္ႀကီးအၿပီးမွာေတာ့ သူမဟာ သမုိင္းဘာသာကုိ ဆက္လက္ေလ့လာခဲ့ၿပီး ၁၉၄၅ခုႏွစ္ကေန ၁၉၅၃ခုႏွစ္အထိ ဆုိဗီယက္ေရတပ္ဌာနခ်ဳပ္မွာ လက္ေထာက္သုေတသနမွဴးအျဖစ္တာ၀န္ထမ္းေဆာင္ခဲ့ပါတယ္။ အဲဒီေနာက္ေတာ့ ဆုိဗီယက္စစ္ျပန္ အၿငိမ္းစားအဖြဲ႔မွာ တက္ၾကြလႈပ္ရွားသူအျဖစ္ ပါ၀င္ခဲ့ျပန္ပါတယ္။ Pavlichenko ဟာ အသက္ ၅၈ႏွစ္အရြယ္ ၊ ေအာက္တုိဘာ၁၀ ၊ ၁၉၇၄ခုႏွစ္ မွာေသဆုံးခဲ့ၿပီး ေမာ္စကိုရဲ႕ Novodevichy သခၤ်ုိင္းမွာ ျမဳပ္ႏွံခဲ့ပါတယ္။ သူမရဲ႕ ထူးခြ်န္မႈေတြေၾကာင့္ ယေန႔တုိင္ ရုရွားနဲ႔ အေမရိကန္ႏုိင္ငံေတြမွာ ထိပ္တန္းအမ်ဳိးသမီးသူရဲေကာင္းအျဖစ္ စံထားေနၾကဆဲျဖစ္ပါတယ္။ Miss Pavlichenko နဲ႔ Cuckoo သီခ်င္းေတြဟာ သူမကုိ ဂုဏ္ျပဳထားတဲ့သီခ်င္းေတြျဖစ္ၿပီး ၊ သူမအေၾကာင္းကို ရုိက္ကူးထားတဲ့ Battle for Sevastopol ကို ေဘဂ်င္းရုပ္ရွင္ပြဲေတာ္မွာျပသခဲ့ပါတယ္။


သမိုင်းတစ်လျှောက် ကမ္ဘာ့အတော်ဆုံး အမျိုးသမီးလက်ဖြောင့်သေနတ်သမား (unicode)

ကမ္ဘာ့အတော်ဆုံး အမျိုးသမီးလက်ဖြောင့်သေနတ်သမားအဖြစ် စံချိန်တင်ခဲ့သူကတော့ ယူကရိန်း-ဆိုဗီယက် တပ်နီတော်ရဲ့ စနိုက်ပါ Lyudmila Pavlichenko ပဲဖြစ်ပါတယ်။ သူမဟာ ရန်သူပေါင်း ၃၀၉ယောက်ကို သတ်ခဲ့တဲ့ စနိုက်ပါတစ်ယောက်ဖြစ်ပြီး သမိုင်းတစ်လျှောက်အတော်ဆု့း စနိုက်ပါတွေထဲက တစ်ယောက်လည်းဖြစ်ပါတယ်။

သူမရဲ့ နာမည်အပြည့်အစုံက Liudmyla Mykhailovna Pavlychenko ဖြစ်ပြီး ယူကရိန်းက Bila Tserkva ဆိုတဲ့မြို့လေးမှာ မွေးဖွားခဲ့ပါတယ်။ သူမ ၁၄နှစ်အရွယ်မှာတော့ မိသားစုဟာ မြို့တော် Kiev ကို ပြောင်းရွေ့လာခဲ့ပါတယ်။ အဲဒီအချိန်မှာတည်းက သူမဟာ DOSAAF သေနတ်ပစ်ကလပ်ကို ဝင်ခဲ့ပြီး ထူးချွန်တဲ့အပျော်တမ်းသေနတ်သမားတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ အဲဒီမြို့ကအာဆင်နယ်စက်ရုံမှာ ကြိတ်စက်အလုပ်သမ တစ်ဦးအဖြစ်လုပ်ကိုင်ရင်း Kiev တက္ကသိုလ်ကို ဆက်တက်ခဲ့ပါတယ်။ အဲဒီနောက်တော့ သူမဟာ သမိုင်းအထူးပြုနဲ့ မဟာဘွဲ့ကိုရရှိခဲ့ပါတယ်။

သူမ အသက် ၂၄နှစ်အရွယ် ၊ တက္ကသိုလ်စတုတ္ထနှစ် ၁၉၄၁ခုနှစ်မှာ ဂျာမန်တွေဟာ ဆိုဗီယက်ကို ကျူးကျော်ခဲ့ပါတယ်။ သူမဟာ Odessa စုဆောင်းရေးရုံးမှာ စေတနာ့ဝန်ထမ်းအဖြစ်လုပ်ခဲ့ပါတယ်။ အဲဒီနောက်တော့ တပ်နီတော်ရဲ့ အမှတ်၂၅ ရိုင်ဖယ်တပ်ကိုဝင်ရောက်ဖို့ ဆက်သွယ်ခဲ့ပါတယ်။ အားလုံးက သူမကို သူနာပြုအလုပ်သာ လုပ်ဖို့တိုက်တွန်းကြပေမယ့် သူမက စစ်သားတစ်ယောက်ဘဝကိုသာ ရွေးချယ်ခဲ့တဲ့အတွက် ဆိုဗီယက် အမျိုးသမီး စနိုက်ပါ ၂၀၀၀ ထဲက စနိုက်ပါတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ အဲဒီအမျိုးသမီး ၂၀၀၀ ဟာ စစ်ပွဲအပြီးမှာတော့ ၅၀၀ သာ အသက်ရှင်တော့ပြီး ကျန် ၁၅၀ဝကတော့ ကျဆုံးခဲ့ပါတယ်။

သူမရဲ့ ပထမဆုံးစစ်ပွဲမှာ Tokarev SVT-40 ရိုင်ဖယ်(3.5X telescopic sight) ကို ကိုင်ခဲ့ပြီး ရန်သူနှစ်ယောက်ကို ပစ်ချနိုင်ခဲ့ပါတယ်။ Odessa အနီးမှာဖြစ်ပွားတဲ့တိုက်ပွဲတွေမှာ နှစ်လခွဲခန့်တိုက်ခိုက်ခဲ့ပြီး ရန်သူ ၁၈၇ယောက် ကို စနိုက်ပါနဲ့ ပစ်ချနိုင်ခဲ့တယ်လို့ မှတ်တမ်းတင်ခဲ့ပါတယ်။ အဲဒီနောက်တော့ Senior Sergeant ရာထူးကိုတိုးမြှင့်ခံခဲ့ရပါတယ်။ နောက် ၈လကြာတိုက်ပွဲမှာတော့ ရန်သူ ၂၅၇ယောက်ကို ပစ်သတ်နိုင်ခဲ့ပါတယ်။ စုစုပေါင်း သူမသတ်ခဲ့တဲ့ ရန်သူအရေအတွက်ဟာ ၄၀၀ကျော်ခဲ့ပြီး စနိုက်ပါနဲ့ပစ်ချနိုင်ခဲ့တာကတော့ ၃၀၉ယောက်ဖြစ်ပါတယ်။ ဒီအထဲမှာ ပစ်ရခက်ခဲတဲ့ ရန်သူစနိုက်ပါ ၃၆ယောက်ကို ပစ်ချနိုင်ခဲ့တာကလည်း သူမရဲ့ ထူးချွန်တဲ့အစွမ်းဖြစ်ပါတယ်။ စစ်ပွဲအတွင်းမှာ သူမကိုယ်တိုင်လည်း ရန်သူ့ကျည်ဆံမှန်ခဲ့ပါသေးတယ်။ ဒါပေမယ့် အသက်မသေခဲ့ပဲ တစ်လလောက်သာ ဆေးရုံတက်ခဲ့ရပါတယ်။ အဲဒီနောက်မှာ တော့ ဗိုလ်အဖြစ် ရာထူးတိုးမြှင့်ခံရပြန်ပါတယ်။ အဲဒီအချိန်က သူမအသက်ဟာ ၂၅နှစ် ကျော်ရုံလေး ရှိပါသေးတယ်။

အဲဒီနောက်တော့ သူမဟာ ကနေဒါနဲ့ အမေရိကန်နိုင်ငံ ၊ အင်္ဂလန်နိုင်ငံတွေ ကို သွားရောက်လည်ပတ်ခဲ့ပါတယ်။ အမေရိကန် သမ္မတ ဖရန်ကလင်းဒီရုစဗဲ့ရဲ့ အိမ်ဖြူတော်ကို ဖိတ်ခေါ်ခြင်းကို ခံရတဲ့ ပထမဆုံး ရုရှားစစ်သားလည်းဖြစ်ပါတယ်။ ရုရှားကိုပြန်ရောက်ပြီး စစ်မြေပြင်ထဲပြန်ဝင်ခဲ့ပေမယ့် ဆိုဗီယက်ထိပ်တန်းအရာရှိတွေက သူမကို တိုက်ပွဲအတွင်းသို့ မလွှတ်တော့ပါဘူး။ အခြားစနိုက်ပါတွေကိုသာလေ့ကျင့်ပေးဖို့ပဲ တာဝန်ပေးခံခဲ့ရပြီး ဒီတာဝန်ကို စစ်ကြီးပြီးတဲ့အထိ ထမ်းဆောင်ခဲ့ပါတယ်။ ၁၉၄၃ခုနှစ်မှာတော့ သူမဟာ ရွှေကြယ်တံဆိပ် နဲ့ ဆိုဗီယက်သူရဲကောင်းဘွဲ့ကို ရရှိခဲ့ပါတယ်။

စစ်ကြီးအပြီးမှာတော့ သူမဟာ သမိုင်းဘာသာကို ဆက်လက်လေ့လာခဲ့ပြီး ၁၉၄၅ခုနှစ်ကနေ ၁၉၅၃ခုနှစ်အထိ ဆိုဗီယက်ရေတပ်ဌာနချုပ်မှာ လက်ထောက်သုတေသနမှူးအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ အဲဒီနောက်တော့ ဆိုဗီယက်စစ်ပြန် အငြိမ်းစားအဖွဲ့မှာ တက်ကြွလှုပ်ရှားသူအဖြစ် ပါဝင်ခဲ့ပြန်ပါတယ်။ Pavlichenko ဟာ အသက် ၅၈နှစ်အရွယ် ၊ အောက်တိုဘာ၁၀ ၊ ၁၉၇၄ခုနှစ် မှာသေဆုံးခဲ့ပြီး မော်စကိုရဲ့ Novodevichy သင်္ချိုင်းမှာ မြုပ်နှံခဲ့ပါတယ်။ သူမရဲ့ ထူးချွန်မှုတွေကြောင့် ယနေ့တိုင် ရုရှားနဲ့ အမေရိကန်နိုင်ငံတွေမှာ ထိပ်တန်းအမျိုးသမီးသူရဲကောင်းအဖြစ် စံထားနေကြဆဲဖြစ်ပါတယ်။ Miss Pavlichenko နဲ့ Cuckoo သီချင်းတွေဟာ သူမကို ဂုဏ်ပြုထားတဲ့သီချင်းတွေဖြစ်ပြီး ၊ သူမအကြောင်းကို ရိုက်ကူးထားတဲ့ Battle for Sevastopol ကို ဘေဂျင်းရုပ်ရှင်ပွဲတော်မှာပြသခဲ့ပါတယ်။

Leave a Reply