သမိုင္းထဲက ပတၱျမားငေမာက္ ဆုိတာ

Posted on

ျမန္မာနိုင္ငံဟာ သယံဇာတမ်ားစြာေပါႂကြယ္ဝတဲ့နိုင္ငံ ျဖစ္တာနဲ႔အညီျမန္မာမင္းအစဥ္အဆက္ ထိန္းသိမ္းခဲ့တဲ့ ေက်ာက္မ်က္ရတနာေတြလည္းမ်ားစြာရွိပါတယ္။ ထိုအထဲမွာ ပတၱျမားေတြလည္းပါဝင္ခဲ့ပါတယ္။ ရတနာပုံေရႊတိုက္ေတာ္စာရင္းမွာပါဝင္တဲ့ နန္းစဥ္ပတၱျမားေတြကေတာ့

၁။ သကၠရာဇ္ ၁၀၃၂ (ေအဒီ ၁၆၆၁) ေလာက္ကတည္းက ရွိခဲ့တဲ့ အေလးခ်ိန္ ရတီကိုးဆယ္ေက်ာ္ရွိေသာ ပတၱျမား ငေမာက္
၂။ ဗဒုံမင္းလက္ထက္ကတည္းက ရွိခဲ့တဲ့ ရတီခ်ိန္ ႏွစ္ဆယ္ခန္႔ရွိတဲ့
ေလွာ္ကားတင္ကေလး ဟုေခၚေသာ ပတၱျမား
၃။ သက္ကၠရာဇ္ ၁၁၉၉ (ေအဒီ၁၈၃၇)ခုႏွစ္ ေရႊဘိုမင္းလက္ထက္ကတည္းက ရွိခဲ့တဲ့ ရတီခ်ိန္ေလးဆယ္ေက်ာ္ ေလွာ္ကားတင္ႀကီး ဟုေခၚသာ ပတၱျမား
၄။ အေလးခ်ိန္ ေလးဆယ္ရတီရွိ ဆင္ျဖဴေတာ္ ဟုေခၚေသာ ပတၱျမား
၅။ အေလးခ်ိန္ ဆယ္ရတီရွိ ဆင္မေတာ္ ဟုေခၚေသာ ပတၱျမား
၆။ စံထားအသုံးျပဳရတဲ့ အခ်ိန္ေျခာက္ရတီရွိတဲ့ စံေက်ာက္ေတာ္ ဟုေခၚေသာ ပတၱျမား တို႔ျဖစ္သည္။
ဒီပတၱျမားေတြထဲက က်န္ပတၱျမားအေၾကာင္းကိုသိပ္မသိၾကေပမယ့္ ပတၱျမားငေမာက္ဆိုတဲ့ နာမည္ကိုေတာ့ အားလုံးၾကားဖူးၾကမွာပါ။

ခ်င္းတြင္းနယ္သားငေမာက္ဟာ မိုးကုတ္မွာလယ္ယာစိုက္ပ်ိဳးၿပီးေနထိုင္ရင္း တစ္ညမွာသူ႔ရဲ့ၿခံထဲက ပ်ိဳးပ်ိဳးပ်က္ပ်က္လင္းေနတာကိုေတြ႕ပါသတဲ့။ သြားၾကည့္ေတာ့ အနီေရာင္ေက်ာက္ပတၱျမားႀကီးတစ္လုံးကို ေတြ႕ပါတယ္။ ဒါနဲ႔ငေမာက္ဟာ ဝမ္းသာသြားၿပီး ပတၱျမားကိုႏွစ္ပိုင္း ပိုင္းလိုက္ပါတယ္။ တစ္ပိုင္းကို ေယာက္ဖျဖစ္သူအားေပးၿပီး တ႐ုတ္နိုင္ငံမွာသြားေရာင္းဖို႔ေစလႊတ္လိုက္ၿပီး က်န္တစ္ပိုင္းကိုေတာ့ သကၠရာဇ္ ၁၀၂၃ခု၊ ငါးထပ္ႀကီး ဒါယကာပင္းတလဲမင္းလက္ထက္ အင္းဝၿမိဳ႕ေတာ္ သို႔သြားေရာက္ဆက္သရာ ဘုရင္းမင္းျမတ္လည္း ႏွစ္သက္ဝမ္းသာၿပီး ငေမာက္အား ဆုေတာ္လာဘ္ေတာ္မ်ားခ်ီးျမႇင့္ေတာ္မူလိုက္ပါတယ္။ ငေမာက္က ဆက္သေသာၾကာင့္ ပတၱျမားႀကီးရဲ့နာမည္ကို “ပတၱျမားငေမာက္” လို႔ေခၚတြင္ခဲ့ပါတယ္။

တ႐ုတ္တို႔ထံေရာက္သြားတဲ့ပတၱျမားဟာလည္း တ႐ုတ္မွာမၿငိမ္မသက္ျဖစ္ၿပီး ျမန္မာနိုင္ငံသို႔တိမ္းေရွာင္လာတဲ့ တ႐ုတ္လူမ်ိဳးနဲ႔အတူျမန္မာျပည္ကို ျပန္ပါလာခဲ့ပါတယ္။ ထိုတ႐ုတ္ကုန္သည္ကလည္း ပတၱျမားကိုဘုရင္မင္းျမတ္ကို ဆက္သရာ ဘုရင္ကလည္း ဝမ္းသာအားရ ဆုေတာ္ေငြမ်ားေပးသနားခဲ့ပါတယ္။တ႐ုတ္ကုန္သည္ဆီကရတဲ့ ပတၱျမားတစ္ပိုင္းကို ယခင္ရွိတဲ့ ပတၱျမားတစ္ပိုင္းနဲ႔ဆက္ၾကည့္ရာ တစ္လုံးတည္းရႈ႔မၿငီးတဲ့ ေက်ာက္ႀကီးျဖစ္လာတဲ့အခါမွာေတာ့ ငေမာက္အား အားလုံးမဆက္ရေကာင္းလားဟု အမ်က္မာန္ရွေတာ္မူပါတယ္။ ထို႔ေနာက္ ငေမာက္၏ေဆြ(၇)ဆက္ မ်ိဳး(၇)ဆက္ကိုကြပ္မ်က္ေတာ္မူ ခဲ့ပါတယ္။ ငေမာက္ႏွင့္ေဆြမ်ိဳးမ်ား ေသဆုံးခဲ့တဲ့ေနရာကို ေလာင္းစင္ရြာဟူ၍၎၊ ေရႏွင့္ေဝးေသာေနရာျဖစ္၍ေရးေဝရြာဟု၎ ေခၚခဲ့ၿပီး အခုထက္တိုင္ ေရေဝရြာဆိုၿပီးရွိေနပါေသးတယ္။

ပတၱျမားငေမာက္ရဲ့အေလးခ်ိန္ကေတာ့ ရတီ(၉၀)ရွိၿပီး လုံးေခ်ာေသြးထားကာ အရည္အေသြးအလြန္ေကာင္းေၾကာင္း သိရပါတယ္။ ျဖဴေဖြးေသာ ဝါဂြမ္း(သို႔)ႏြားနို႔အတြင္းသို႔ ဒီပတၱျမားကိုထည့္လိုက္လၽွင္ ဝါဂြမ္းႏွင့္ ႏြားနို႔ပင္ အနီေရာင္ေျပာင္းလာေၾကာင္းသိရပါတယ္။အေမွာင္ထဲမွာလည္း အနီေရာင္တလၽွမ္းလၽွမ္းျဖာထြက္ေနတတ္ပါေသးတယ္။လက္ထဲမွာ ဘယ္ေလာက္ၾကာၾကာ ဆုပ္ထားေပမဲ့ ေအးျမေနပါတယ္။ ေရစိမ္ေသာက္လၽွင္လည္ေခ်ာင္းနာ၊ရ င္ပူ၊ ေခါင္းကိုက္၊ ဇက္ေလး၊ မူးေမာ္၊ ေမာပန္းတာေတြေပ်ာက္ၿပီး အားအင္ကိုတိုးေစၿပီး မ်က္ႏွာကိုပြတ္သပ္ေပးပါက ေအးျမၿပီး ၊ဝက္ၿခံ တင္းတိတ္ ကင္းေစတယ္လို႔ အဆိုရွိပါတယ္။

ဒီနာမည္ေက်ာ္ ပတၱျမားငေမာက္ကို နန္းစဥ္ရတနာအျဖစ္ထိန္းသိမ္းလာခဲ့တာ ဘိုးေတာ္ဗဒုံမင္းလက္ထက္ကစလို႔ သီေပါမင္းပါေတာ္မူခ်ိန္ အထိတိုင္ပါပဲ။သီေပါမင္းပါေတာ္မူၿပီးေနာက္မွာေတာ့ နန္းတြင္းကေက်ာက္မ်က္ရတနာေတာ္ေတာ္မ်ားမ်ားဟာ အဂၤလိပ္တို႔ရဲ့သိမ္းယူျခင္းကို ခံခဲ့ရပါတယ္။ပတၱျမားႀကီးကေတာ့ သီေပါမင္းေနာက္ပဲပါသြားသေယာင္ေယာင္ အဂၤလိပ္တို႔ပဲ သိမ္းသြားသေယာင္ေယာင္နဲ႔ေပ်ာက္ျခင္းမလွေပ်ာက္သြားပါေတာ့တယ္။ဒီေမးခြန္းရဲ့ အေျဖကိုေတာ့သီေပါမင္းနဲ႔ ကာနယ္စေလဒင္တို႔ပဲသိၾကပါလိမ့္မယ္။

(မွတ္ခ်က္။ ။ပတၱျမားငေမာက္ကို သုံးပိုင္းပိုင္းခဲ့တဲ့ ေနာက္မူကြဲဇာတ္လမ္းရွိပါေသးတယ္)


သမိုင်းထဲက ပတ္တမြားငမောက် ဆိုတာ

မြန်မာနိုင်ငံဟာ သယံဇာတများစွာပေါကြွယ်ဝတဲ့နိုင်ငံ ဖြစ်တာနဲ့အညီမြန်မာမင်းအစဉ်အဆက် ထိန်းသိမ်းခဲ့တဲ့ ကျောက်မျက်ရတနာတွေလည်းများစွာရှိပါတယ်။ ထိုအထဲမှာ ပတ္တမြားတွေလည်းပါဝင်ခဲ့ပါတယ်။ ရတနာပုံရွှေတိုက်တော်စာရင်းမှာပါဝင်တဲ့ နန်းစဉ်ပတ္တမြားတွေကတော့

၁။ သက္ကရာဇ် ၁၀၃၂ (အေဒီ ၁၆၆၁) လောက်ကတည်းက ရှိခဲ့တဲ့ အလေးချိန် ရတီကိုးဆယ်ကျော်ရှိသော ပတ္တမြား ငမောက်
၂။ ဗဒုံမင်းလက်ထက်ကတည်းက ရှိခဲ့တဲ့ ရတီချိန် နှစ်ဆယ်ခန့်ရှိတဲ့
လှော်ကားတင်ကလေး ဟုခေါ်သော ပတ္တမြား
၃။ သက်က္ကရာဇ် ၁၁၉၉ (အေဒီ၁၈၃၇)ခုနှစ် ရွှေဘိုမင်းလက်ထက်ကတည်းက ရှိခဲ့တဲ့ ရတီချိန်လေးဆယ်ကျော် လှော်ကားတင်ကြီး ဟုခေါ်သာ ပတ္တမြား
၄။ အလေးချိန် လေးဆယ်ရတီရှိ ဆင်ဖြူတော် ဟုခေါ်သော ပတ္တမြား
၅။ အလေးချိန် ဆယ်ရတီရှိ ဆင်မတော် ဟုခေါ်သော ပတ္တမြား
၆။ စံထားအသုံးပြုရတဲ့ အချိန်ခြောက်ရတီရှိတဲ့ စံကျောက်တော် ဟုခေါ်သော ပတ္တမြား တို့ဖြစ်သည်။
ဒီပတ္တမြားတွေထဲက ကျန်ပတ္တမြားအကြောင်းကိုသိပ်မသိကြပေမယ့် ပတ္တမြားငမောက်ဆိုတဲ့ နာမည်ကိုတော့ အားလုံးကြားဖူးကြမှာပါ။

ချင်းတွင်းနယ်သားငမောက်ဟာ မိုးကုတ်မှာလယ်ယာစိုက်ပျိုးပြီးနေထိုင်ရင်း တစ်ညမှာသူ့ရဲ့ခြံထဲက ပျိုးပျိုးပျက်ပျက်လင်းနေတာကိုတွေ့ပါသတဲ့။ သွားကြည့်တော့ အနီရောင်ကျောက်ပတ္တမြားကြီးတစ်လုံးကို တွေ့ပါတယ်။ ဒါနဲ့ငမောက်ဟာ ဝမ်းသာသွားပြီး ပတ္တမြားကိုနှစ်ပိုင်း ပိုင်းလိုက်ပါတယ်။ တစ်ပိုင်းကို ယောက်ဖဖြစ်သူအားပေးပြီး တရုတ်နိုင်ငံမှာသွားရောင်းဖို့စေလွှတ်လိုက်ပြီး ကျန်တစ်ပိုင်းကိုတော့ သက္ကရာဇ် ၁၀၂၃ခု၊ ငါးထပ်ကြီး ဒါယကာပင်းတလဲမင်းလက်ထက် အင်းဝမြို့တော် သို့သွားရောက်ဆက်သရာ ဘုရင်းမင်းမြတ်လည်း နှစ်သက်ဝမ်းသာပြီး ငမောက်အား ဆုတော်လာဘ်တော်များချီးမြှင့်တော်မူလိုက်ပါတယ်။ ငမောက်က ဆက်သသောကြာင့် ပတ္တမြားကြီးရဲ့နာမည်ကို “ပတ္တမြားငမောက်” လို့ခေါ်တွင်ခဲ့ပါတယ်။

တရုတ်တို့ထံရောက်သွားတဲ့ပတ္တမြားဟာလည်း တရုတ်မှာမငြိမ်မသက်ဖြစ်ပြီး မြန်မာနိုင်ငံသို့တိမ်းရှောင်လာတဲ့ တရုတ်လူမျိုးနဲ့အတူမြန်မာပြည်ကို ပြန်ပါလာခဲ့ပါတယ်။ ထိုတရုတ်ကုန်သည်ကလည်း ပတ္တမြားကိုဘုရင်မင်းမြတ်ကို ဆက်သရာ ဘုရင်ကလည်း ဝမ်းသာအားရ ဆုတော်ငွေများပေးသနားခဲ့ပါတယ်။တရုတ်ကုန်သည်ဆီကရတဲ့ ပတ္တမြားတစ်ပိုင်းကို ယခင်ရှိတဲ့ ပတ္တမြားတစ်ပိုင်းနဲ့ဆက်ကြည့်ရာ တစ်လုံးတည်းရှု့မငြီးတဲ့ ကျောက်ကြီးဖြစ်လာတဲ့အခါမှာတော့ ငမောက်အား အားလုံးမဆက်ရကောင်းလားဟု အမျက်မာန်ရှတော်မူပါတယ်။ ထို့နောက် ငမောက်၏ဆွေ(၇)ဆက် မျိုး(၇)ဆက်ကိုကွပ်မျက်တော်မူ ခဲ့ပါတယ်။ ငမောက်နှင့်ဆွေမျိုးများ သေဆုံးခဲ့တဲ့နေရာကို လောင်းစင်ရွာဟူ၍၎င်း၊ ရေနှင့်ဝေးသောနေရာဖြစ်၍ရေးဝေရွာဟု၎င်း ခေါ်ခဲ့ပြီး အခုထက်တိုင် ရေဝေရွာဆိုပြီးရှိနေပါသေးတယ်။

ပတ္တမြားငမောက်ရဲ့အလေးချိန်ကတော့ ရတီ(၉၀)ရှိပြီး လုံးချောသွေးထားကာ အရည်အသွေးအလွန်ကောင်းကြောင်း သိရပါတယ်။ ဖြူဖွေးသော ဝါဂွမ်း(သို့)နွားနို့အတွင်းသို့ ဒီပတ္တမြားကိုထည့်လိုက်လျှင် ဝါဂွမ်းနှင့် နွားနို့ပင် အနီရောင်ပြောင်းလာကြောင်းသိရပါတယ်။အမှောင်ထဲမှာလည်း အနီရောင်တလျှမ်းလျှမ်းဖြာထွက်နေတတ်ပါသေးတယ်။လက်ထဲမှာ ဘယ်လောက်ကြာကြာ ဆုပ်ထားပေမဲ့ အေးမြနေပါတယ်။ ရေစိမ်သောက်လျှင်လည်ချောင်းနာ၊ရ င်ပူ၊ ခေါင်းကိုက်၊ ဇက်လေး၊ မူးမော်၊ မောပန်းတာတွေပျောက်ပြီး အားအင်ကိုတိုးစေပြီး မျက်နှာကိုပွတ်သပ်ပေးပါက အေးမြပြီး ၊ဝက်ခြံ တင်းတိတ် ကင်းစေတယ်လို့ အဆိုရှိပါတယ်။

ဒီနာမည်ကျော် ပတ္တမြားငမောက်ကို နန်းစဉ်ရတနာအဖြစ်ထိန်းသိမ်းလာခဲ့တာ ဘိုးတော်ဗဒုံမင်းလက်ထက်ကစလို့ သီပေါမင်းပါတော်မူချိန် အထိတိုင်ပါပဲ။သီပေါမင်းပါတော်မူပြီးနောက်မှာတော့ နန်းတွင်းကကျောက်မျက်ရတနာတော်တော်များများဟာ အင်္ဂလိပ်တို့ရဲ့သိမ်းယူခြင်းကို ခံခဲ့ရပါတယ်။ပတ္တမြားကြီးကတော့ သီပေါမင်းနောက်ပဲပါသွားသယောင်ယောင် အင်္ဂလိပ်တို့ပဲ သိမ်းသွားသယောင်ယောင်နဲ့ပျောက်ခြင်းမလှပျောက်သွားပါတော့တယ်။ဒီမေးခွန်းရဲ့ အဖြေကိုတော့သီပေါမင်းနဲ့ ကာနယ်စလေဒင်တို့ပဲသိကြပါလိမ့်မယ်။

(မှတ်ချက်။ ။ပတ္တမြားငမောက်ကို သုံးပိုင်းပိုင်းခဲ့တဲ့ နောက်မူကွဲဇာတ်လမ်းရှိပါသေးတယ်)

Leave a Reply