ႏွာေခါင္းေသြးယိုျခင္းအေၾကာင္း နဲ႔ တိတ္ေအာင္ျပဳလုပ္နည္း

Posted on

လူတစ္ခ်ိဳ႕ဟာ အေၾကာင္းတစ္ခုခုေၾကာင့္ မၾကာခဏ ေသြးယိုေလ့ရွိပါတယ္။ တစ္ခ်ိဳ႕ကေတာ့ ဘာမွမျဖစ္သလိုေနတတ္ၾကေပမယ့္ တစ္ခ်ိဳ႕ကေတာ့ စိုးရိမ္လြန္ကဲၾကပါတယ္။

ဘာေၾကာင့္ႏွာေခါင္းေသြးယိုတာလဲ..
ပုံမွန္ဆိုရင္ေတာ့ ႏွာေခါင္းေသြးယိုမႈေတြဟာ မေတာ္တဆထိခုိက္မႈေတြေၾကာင့္ ျဖစ္တတ္ပါတယ္။ ဒါေပမယ့္တစ္ခါတစ္ေလက်ရင္ေတာ့ဓာတ္မတည့္မႈ၊အပူအေအးမမွ်တမႈ၊ႏွာမြန္ျခင္း၊တုပ္ေကြးေရာဂါတို႔ေၾကာင့္လည္း ျဖစ္တတ္ပါတယ္။ဒါေတြေၾကာင့္ျဖစ္တဲ့ႏွာေခါင္းေသြးယိုျခင္းဟာ သာမန္ျဖစ္စဥ္တစ္ခုသာျဖစ္ၿပီး အလြန္အမင္း စိုးရိမ္ဖို႔ မလိုအပ္ပါဘူး။ ေရာင္ရမ္းနာနဲ႔ ေသြးကင္ဆာ လိုေရာဂါေတြေၾကာင့္ ႏွာေခါင္းေသြးယိုရင္ေတာ့ စိုးရိမ္သင့္ပါတယ္။ ဒါေတြေၾကာင့္ ေသြးယိုေနစဥ္ အတြင္းမွာ
– အသက္ရႈလို႔မဝဘူးလို႔ သင္ခံစားရျခင္း
– ႏွလုံးခုံသံမမွန္ဘူးလို႔ ခံစားရျခင္း
– မၾကာခဏေသြးအမ်ားအျပားက်ဆင္းေနျခင္း
– သတိလြတ္ကင္းၿပီး မူးေဝျခင္း
– အလြန္အမင္းေခါင္းကိုက္ျခင္းကို ခံစားရျခင္း
စတဲ့ေရာဂါ လကၡဏာမ်ားျပတတ္ပါတယ္။

ႏွာေခါင္းေသြးယိုျခင္းကို လွ်င္ျမန္စြာ ရပ္တန႔္ေစဖို႔အတြက္ ေအာက္ပါအခ်က္မ်ားကို လုပ္ေဆာင္ေပးနိုင္ပါတယ္။
– ၾကမ္းျပင္မွာထိုင္ၿပီး ေခါင္းကိုျဖည္းညႇင္းစြာငုံၿပီး ျဖည္းညႇင္းစြာ အသက္ရႈလိုက္ပါ။ ဒီလိုလုပ္ျခင္းဟာ ႏွာေခါင္းအတြင္း ေသြးခဲတာကို ဖယ္ရွားေပးပါတယ္။ ထို႔ေနာက္ ႏွာေခါင္းရဲ့ အတြင္းဘက္အရိုးႏုကို လက္ညိဳးလက္မတို႔ကို သုံးၿပီး ၁၀ မိနစ္ခန႔္ ပုံမွန္ေလးညႇစ္ထားေပးပါ။
– ခိုင္ခန႔္ပါးလြြားတဲ့ ပိတ္စ(သို႔)လက္ကိုင္ပဝါ တစ္ထည္ကိုယူပါ။ သြားဖုံးနဲ႔အထက္ႏုတ္ခမ္းၾကားက ႏွာေခါင္းရဲ့ေအာက္ဆုံးေနရာအစပ္ကို ၁၀မိနစ္ခန႔္ ပဝါနဲ႔ဖိထားေပးပါ။
– ေရခဲတုံး ၁ တုံးကိုယူၿပီး ေသြးထြက္တဲ့ႏွာေခါင္းအဝကို အခ်ိန္အနည္းငယ္စီ ထပ္ခါထပ္ခါ ကပ္ေပးပါ။ ဒီလိုလုပ္ျခင္းဟာ ေသြးေၾကာ ေတြကို တင္းၾကပ္ေစၿပီး၊ ေသြးထြက္ျခင္းကို ရပ္တန႔္ေစပါလိမ့္မယ္။ ဒီလိုမလုပ္ခ်င္ရင္ေတာ့ ဒီလုပ္ေဆာင္မႈနဲ႔တူညီတဲ့ အက်ိဳးသက္ ေရာကမႈရွိတဲ့ Nasal Spray ကိုသုံးနိုင္ပါတယ္။

ေဆာင္ရန္၊ေရွာင္ရန္
– ေလေအးေပးစက္ကို အလြန္အမင္းအသုံးမျပဳပါနဲ႔။ ဒါဟာႏွာေခါင္းအတြင္းအစိတ္အပိုင္းေတြကို ေျခာက္ေသြ႕ေစပါတယ္။
– Vitamin C ရွိတဲ့ ေဆးနဲ႔အစားအစာေတြကို စားေပးနိုင္ပါတယ္။ Vitamin C ဟာေသြးေၾကာေတြကိုသန္မာေစၿပီး ႏွာေခါင္းအေျမွးပါးေတြကို ကာကြယ္ေပးပါတယ္။
– အရည္မ်ားမ်ားေသာက္ေပးပါ။
– မနက္အိပ္ယာထတဲ့အခ်ိန္(သို႔) ညအိပ္ယာဝင္တဲ့အခ်ိန္မွာ ႏွာေခါင္းကိုဆားရည္ေလးနဲ႔ ေဆးေၾကာေပးနိုင္ပါတယ္။ဆားဟာေသြး ထြက္ျခင္းကို ကာကြယ္ေပးတဲ့အတြက္ေၾကာင့္ ဒီလိုလုပ္ျခင္းဟာသင့္ရဲ့ႏွာေခါင္းကို သန႔္စင္စိုစြတ္ေနေစမွာျဖစ္ပါတယ္။


နှာခေါင်းသွေးယိုခြင်းအကြောင်း နဲ့ တိတ်အောင်ပြုလုပ်နည်း (unicode)

လူတစ်ချို့ဟာ အကြောင်းတစ်ခုခုကြောင့် မကြာခဏ သွေးယိုလေ့ရှိပါတယ်။ တစ်ချို့ကတော့ ဘာမှမဖြစ်သလိုနေတတ်ကြပေမယ့် တစ်ချို့ကတော့ စိုးရိမ်လွန်ကဲကြပါတယ်။

ဘာကြောင့်နှာခေါင်းသွေးယိုတာလဲ..
ပုံမှန်ဆိုရင်တော့ နှာခေါင်းသွေးယိုမှုတွေဟာ မတော်တဆထိခိုက်မှုတွေကြောင့် ဖြစ်တတ်ပါတယ်။ ဒါပေမယ့်တစ်ခါတစ်လေကျရင်တော့ဓာတ်မတည့်မှု၊အပူအအေးမမျှတမှု၊နှာမွန်ခြင်း၊တုပ်ကွေးရောဂါတို့ကြောင့်လည်း ဖြစ်တတ်ပါတယ်။ဒါတွေကြောင့်ဖြစ်တဲ့နှာခေါင်းသွေးယိုခြင်းဟာ သာမန်ဖြစ်စဉ်တစ်ခုသာဖြစ်ပြီး အလွန်အမင်း စိုးရိမ်ဖို့ မလိုအပ်ပါဘူး။ ရောင်ရမ်းနာနဲ့ သွေးကင်ဆာ လိုရောဂါတွေကြောင့် နှာခေါင်းသွေးယိုရင်တော့ စိုးရိမ်သင့်ပါတယ်။ ဒါတွေကြောင့် သွေးယိုနေစဉ် အတွင်းမှာ
– အသက်ရှုလို့မဝဘူးလို့ သင်ခံစားရခြင်း
– နှလုံးခုံသံမမှန်ဘူးလို့ ခံစားရခြင်း
– မကြာခဏသွေးအများအပြားကျဆင်းနေခြင်း
– သတိလွတ်ကင်းပြီး မူးဝေခြင်း
– အလွန်အမင်းခေါင်းကိုက်ခြင်းကို ခံစားရခြင်း
စတဲ့ရောဂါ လက္ခဏာများပြတတ်ပါတယ်။

နှာခေါင်းသွေးယိုခြင်းကို လျှင်မြန်စွာ ရပ်တန့်စေဖို့အတွက် အောက်ပါအချက်များကို လုပ်ဆောင်ပေးနိုင်ပါတယ်။
– ကြမ်းပြင်မှာထိုင်ပြီး ခေါင်းကိုဖြည်းညှင်းစွာငုံပြီး ဖြည်းညှင်းစွာ အသက်ရှုလိုက်ပါ။ ဒီလိုလုပ်ခြင်းဟာ နှာခေါင်းအတွင်း သွေးခဲတာကို ဖယ်ရှားပေးပါတယ်။ ထို့နောက် နှာခေါင်းရဲ့ အတွင်းဘက်အရိုးနုကို လက်ညိုးလက်မတို့ကို သုံးပြီး ၁၀ မိနစ်ခန့် ပုံမှန်လေးညှစ်ထားပေးပါ။
– ခိုင်ခန့်ပါးလွားတဲ့ ပိတ်စ(သို့)လက်ကိုင်ပဝါ တစ်ထည်ကိုယူပါ။ သွားဖုံးနဲ့အထက်နုတ်ခမ်းကြားက နှာခေါင်းရဲ့အောက်ဆုံးနေရာအစပ်ကို ၁ဝမိနစ်ခန့် ပဝါနဲ့ဖိထားပေးပါ။
– ရေခဲတုံး ၁ တုံးကိုယူပြီး သွေးထွက်တဲ့နှာခေါင်းအဝကို အချိန်အနည်းငယ်စီ ထပ်ခါထပ်ခါ ကပ်ပေးပါ။ ဒီလိုလုပ်ခြင်းဟာ သွေးကြော တွေကို တင်းကြပ်စေပြီး၊ သွေးထွက်ခြင်းကို ရပ်တန့်စေပါလိမ့်မယ်။ ဒီလိုမလုပ်ချင်ရင်တော့ ဒီလုပ်ဆောင်မှုနဲ့တူညီတဲ့ အကျိုးသက် ရောကမှုရှိတဲ့ Nasal Spray ကိုသုံးနိုင်ပါတယ်။

ဆောင်ရန်၊ရှောင်ရန်
– လေအေးပေးစက်ကို အလွန်အမင်းအသုံးမပြုပါနဲ့။ ဒါဟာနှာခေါင်းအတွင်းအစိတ်အပိုင်းတွေကို ခြောက်သွေ့စေပါတယ်။
– Vitamin C ရှိတဲ့ ဆေးနဲ့အစားအစာတွေကို စားပေးနိုင်ပါတယ်။ Vitamin C ဟာသွေးကြောတွေကိုသန်မာစေပြီး နှာခေါင်းအမြှေးပါးတွေကို ကာကွယ်ပေးပါတယ်။
– အရည်များများသောက်ပေးပါ။
– မနက်အိပ်ယာထတဲ့အချိန်(သို့) ညအိပ်ယာဝင်တဲ့အချိန်မှာ နှာခေါင်းကိုဆားရည်လေးနဲ့ ဆေးကြောပေးနိုင်ပါတယ်။ဆားဟာသွေး ထွက်ခြင်းကို ကာကွယ်ပေးတဲ့အတွက်ကြောင့် ဒီလိုလုပ်ခြင်းဟာသင့်ရဲ့နှာခေါင်းကို သန့်စင်စိုစွတ်နေစေမှာဖြစ်ပါတယ်။

Leave a Reply