ယေန႔တုိင္ မေျဖရွင္းႏုိင္ေသးတဲ့ လူငယ္ ၉ ေယာက္ေသဆုံးမႈျဖစ္ရပ္

Posted on

Dyatlov Pass Incident ဆိုတာ ကမာၻေပၚက အထူးဆန္းဆုံးျဖစ္ရပ္ေတြထဲက တစ္ခုျဖစ္ပါတယ္။ ၁၉၅၉ခုႏွစ္ ေဖေဖာ္၀ါရီလ ၂ ရက္ေန႔မွာ ရုရွားေျမာက္ပုိင္းက Ural ေတာင္ေတြေပၚကုိ တက္ကာ ႏွင္းစီေလွ်ာျခင္း ၊ ေတာင္တက္ျခင္းျပဳလုပ္ခဲ့ၾကတဲ့ ေတာင္တက္သမားလူငယ္ ၉ေယာက္ဟာ ရက္ရက္စက္စက္ သတ္ျဖတ္ျခင္းကုိခံခဲ့ရပါတယ္။

ဘယ္သူက ဘယ္လုိ ဘာလက္နက္ေတြနဲ႔ သတ္သြားတယ္ဆုိတာ အခုတုိင္ မေျဖရွင္းႏုိင္တဲ့ ျဖစ္ရပ္တစ္ခုပါ။ Dyatlov ဆုိတဲ့နာမည္ကေတာ့ အဖြဲ႔ေခါင္းေဆာင္ Igor Dyatlov ရဲ႕နာမည္ကုိ အမွတ္တရအေနနဲ႔ ေပးထားတာျဖစ္ပါတယ္။

တကယ္ေတာ့ ဒီျဖစ္ရပ္မွာ လူ ၉ေယာက္ေသဆုံးခဲ့ေပမယ့္ တကယ္သြားတုန္းကေတာ့ ၁၀ေယာက္ျဖစ္ပါတယ္။ လြတ္ေျမာက္လာတဲ့တစ္ေယာက္ကေတာ့ Yuri Yefimovich Yudin ဆုိသူျဖစ္ၿပီး သူဟာ ၂၀၁၃ခုႏွစ္(အသက္ ၇၅ႏွစ္) အထိ အသက္ရွင္ေနထုိင္သြားခဲ့ပါတယ္။ သူတုိ႔အုပ္စုဟာ ၁၉၅၉ခုႏွစ္ ေဖေဖာ္၀ါရီလ ၂ရက္ေန႔႔မွာ ေတာင္တက္ခဲ့တာျဖစ္ပါတယ္။

သူတုိ႔အားလုံးနီးပါးဟာ Ural Polytechnical တကၠသုိလ္က ေက်ာင္းသားေတြျဖစ္ၿပီး အသက္ ၂၀ေက်ာ္အရြယ္သာ ရွိၾကေသးပါတယ္။ Dyatlov ေခါင္းေဆာင္တဲ့ လူ၁၀ဦးဟာ ေတာင္အနီးေရာက္ၿပီးေတာင္တက္ဖုိ႔ စတင္ထြက္ခြာခဲ့ပါတယ္။

သူတုိ႔အဖြဲ႔ရဲ႕ရည္မွန္းခ်က္ကေတာ့ ၆.၂မုိင္အကြာအေ၀းမွာ ရွိတဲ့ Otorten ေတာင္ကို တက္ဖုိ႔ျဖစ္ပါတယ္။ ဇန္န၀ါရီလ ၂၅ရက္ေန႔တည္းက ထြက္လာခဲ့ၾကၿပီး Vizhai ရြာကုိေရာက္ခဲ့ပါတယ္။ အဲဒီရြာကိုေရာက္ၿပီး ၂၇ရက္ေန႔မွာေတာ့ အဖြဲ႔၀င္တစ္ဦးျဖစ္တဲ့ Yudin ဟာ ေနမေကာင္းျဖစ္ေနခဲ့ပါတယ္။

ဒီလုိေနမေကာင္းတာသူ႔အတြက္ ကံေကာင္းသြားတယ္လုိ႔ ဆုိရပါမယ္။ သူ႔ကုိ Vizhai ရြာေလးမွာ ထားခဲ့ၾကၿပီး က်န္လူ ၉ေယာက္ကေတာ့ ေတာင္ဆက္တက္သြားၾကပါတယ္။ ၃၁ရက္ေန႔မွာေတာ့ သူတုိ႔ အုပ္စုဟာ ေတာင္ရဲ႕အစပ္ကုိ ေရာက္ခဲ့ၾကၿပီး ေတာင္တက္ဖုိ႔စတင္ျပင္ဆင္ခဲ့ၾကပါတယ္။

ေနာက္ေန႔ ေဖေဖာ္၀ါရီ ၁ရက္ေန႔မွာေတာ့ သူတုိ႔အဖြဲ႔ဟာ ေတာင္ကုိ စတင္တက္ခဲ့ပါတယ္။ အလြန္ခက္ခဲတဲ့ေတာင္တက္ခရီးျဖစ္ၿပီး ႏွင္းမႈန္တုိင္းမ်ားလည္း မၾကာခဏတုိက္ခတ္တာေၾကာင့္ ေရွ႕ျမင္ကြင္းကို ျမင္ႏုိင္စြမ္းလည္း နည္းပါးပါတယ္။ သူတုိ႔ဟာ ဦးတည္ခ်က္မွားယြင္းခဲ့ၿပီး သူတုိ႔တက္ခ်င္တဲ့ေတာင္ကို မေရာက္ပဲ Kholat Syakhl လုိ႔ေခၚတဲ့ မရဏေတာင္ထိပ္ကို ေရာက္ခဲ့ၾကပါတယ္။ သူတုိ႔လမ္းမွားသြားတာကို သိၿပီးတဲ့ေနာက္မွာေတာ့ သူတုိ႔ဟာ အဲဒီေနရာမွာရပ္ၿပီး စခန္းခ်ဖုိ႔ျပင္ဆင္ၾကပုံရပါတယ္။

သူတုိ႔မထြက္ခြာခင္ကေတာ့ အဖြဲ႔ေခါင္းေဆာင္ Dyatlov က သူတုိ႔ေတာင္တက္ၿပီး Vizhai ကိုျပန္ေရာက္တာနဲ႔ ေၾကးနန္းပို႔မယ္လုိ႔ သူတုိ႔ရဲ႕အားကစားကလပ္ကို ေျပာခဲ့ပါတယ္။ ေဖေဖာ္၀ါရီ ၁၂ရက္ေန႔မွာ သူတုိ႔ရဲ႕ခရီးစဥ္ၿပီးဆုံးမယ္လုိ႔ ေမွ်ာ္လင့္ေပမယ့္ မထြက္ခြာခင္ရြာမွာက်န္ခဲ့တဲ့ Yudin ကုိ Dyatlov က ၁၂ရက္ထက္ပုိၾကာရင္လည္းၾကာႏုိင္တယ္ စိတ္မပူဖုိ႔ မွာခဲ့ပါတယ္။

ေဖေဖာ္၀ါရီ ၁၂ရက္ေန႔ေက်ာ္လာတဲ့အထိ ဘာမတ္ေဆ့ဘာ အေၾကာင္းၾကားစာမွ မရခဲ့ပါဘူး။ သိပ္ေတာ့မစုိးရိမ္ၾကေသးေပမယ့္ ေဖေဖာ္၀ါရီ ၂၀ရက္ေန႔ ေရာက္တဲ့ အထိ ဘာမွ သတင္းမၾကားတာေၾကာင့္ လုိက္သြားဖုိ႔ျပင္ဆင္ၾကပါတယ္။ ရွာေဖြမယ့္ခရီးစဥ္မွာ ကယ္ဆယ္ေရးအဖြဲ႔ေတြ ၊ ေစတနာ့၀န္ထမ္းေတြ ၊ ေက်ာင္းသားေတြ ၊ဆရာေတြအားလုံးပါ၀င္ခဲ့သလုိ အစုိးရမဖြဲ႔ကလည္း ေလယာဥ္ ဟယ္ရီေကာ္ပတာေတြအသုံးျပဳေစခဲ့ပါတယ္။

ေဖေဖာ္၀ါရီ ၂၆မွာေတာ့ ရွာေဖြသူေတြဟာ သူတုိ႔ေနာက္ဆုံး စခန္းခ်ခဲ့တဲ့ တဲကိုေတြ႔လုိက္ၾကပါတယ္။ တဲကုိ အထဲကဆုတ္ၿဖဲထားပုံရၿပီး တခ်ဳိ႕တစ္၀က္ကို ႏွင္းခဲေတြအုပ္ေနပါတယ္။ တဲအနီးမွာေတာ့ ေျခရာ၉ ခုကို ေတြ႔ခဲ့ၾကပါတယ္။ သူတုိ႔ဟာ ေျခရာေတြအတုိင္းလုိက္ခဲ့ၿပီး မီတာ ၅၀၀ ခန္႔အေရာက္မွာေတာ့ ႏွင္းေတြက ေျခရာေတြကုိဖ်က္စီးလုိက္တာကို ေတြ႔ၾကရပါတယ္။ သူတုိ႔အဲဒီအနီးတစ္၀ုိက္ကုိ ရွာၾကည့္တဲ့အခါ မီးေတာက္ေသးေသးေလးတစ္ခုကို သြားေတြ႔ပါတယ္။

မီးေတာက္ဆီေရာက္တဲ့အခါမွာေတာ့ သစ္ပင္တစ္ပင္အနီးက ကြ်င္းက်န္ရစ္တဲ့မီးဖုိျဖစ္ၿပီး အနီးမွာေတာ့ ေသဆုံးေနတဲ့ ေတာက္တက္သမားႏွစ္ဦးရဲ႕ အေလာင္းကို သြားေတြ႔ပါတယ္။ ႏွစ္ဦးစလုံး အ၀တ္အားလုံးခြ်တ္ထားၿပီး အတြင္းခံကုိယ္စီနဲ႔ေသဆုံးေနၾကတာပါ။ အပူခ်ိန္ -၂၀ ၀န္းက်င္ခန္႔ရွိတဲ့ေနရာမ်ဳိးမွာ အ၀တ္မရွိပဲဘာေၾကာင့္ေနခဲ့ၾကသလဲဆုိတာ ရွာေဖြသူေတြကုိ ဒြိဟျဖစ္ေစခဲ့ပါတယ္။

ဆက္လက္ရွာေဖြတဲ့အခါမွာေတာ့ အဖြဲ႔ေခါင္းေဆာင္ Dyatlov အပါအ၀င္ ေသေနတဲ့ လူ၃ေယာက္ကို ထပ္မံေတြ႔ရွိပါတယ္။ ခုနသစ္ပင္ရဲ႕ မီတာ ၃၀၀ ၊ ၄၈၀ ၊ ၆၃၀အကြာအေ၀းအသီးသီးမွာ ထပ္ေတြ႔ၾကတာပါ။ က်န္တဲ့သူေတြကို ဆက္လက္ရွာေဖြၾကေပမယ့္ ၂လၾကာတဲ့အထိ ရွာမေတြ႔ခဲ့ပါဘူး။ ေမလ ၄ရက္ေန႔ ေရာက္ခဲ့တဲ့အခါ မွသာ သစ္ပင္ရဲ႕ ၇၅မီတာ အကြာအေ၀းကေန သြားေတြ႔ၾကပါတယ္။ သူတုိ႔ရဲ႕ ခႏၶာကုိယ္ေတြဟာ ႏွင္းခဲေတြေအာက္ ၄မီတာခန္႔ေရာက္ရွိေနခဲ့လုိ႔ျဖစ္ပါတယ္။ သူတို႔ ၄ ဦးစလုံးကေတာ့ အ၀တ္ေတြ အေႏြးထည္ေတြကုိအစုံအလင္၀တ္ထားပါတယ္။

စစ္ေဆးခ်က္ေတြကေတာ့ သူတုိ႔ ၉ေယာက္မွာ ၆ေယာက္ဟာ အပူခ်ိန္အလြန္အမင္းက်ဆင္းျခင္းေၾကာင့္ေသတာျဖစ္ၿပီး က်န္၃ေယာက္ကေတာ့ ျပင္ပတုိက္ခုိက္ခံရမႈေၾကာင့္ေသတာျဖစ္တယ္။ သူတုိ႔ဟာ ေနာက္ဆုံးအစာစားၿပီး ၆နာရီ နဲ႔ ၈နာရီအတြင္းမွာ ေသဆုံးၾကတာျဖစ္တယ္ လုိ႔ဆုိပါတယ္။ ဘာေၾကာင့္ ဒီေလာက္ေအးတဲ့ေနရာမွာ အ၀တ္ေတြကို ခြ်တ္ေနခဲ့ၾကပါသလဲ။ ဒါဟာေျဖရခက္တဲ့အေျဖျဖစ္ပါတယ္။ အဲဒီထက္ပုိၿပီးအေျဖရွာမရတာကေတာ့ တုိက္ခုိက္ခံထားၿပီးေသဆုံးသြားတဲ့သူေတြရဲ႕ ဒါဏ္ရာေတြျဖစ္ပါတယ္။

အဲဒီေဒသမွာေနတဲ့ Mansi လူမ်ဳိးေတြတုိက္ခုိက္တာလုိ႔ ဆုိေပမယ့္ ဒါဏ္ရာေတြက ပုံမွန္ဒါဏ္ရာေတြမဟုတ္တဲ့အျပင္ အဲဒီေနရာတစ္၀ုိက္လုံးမွာ သူတုိ႔ ၉ေယာက္ရဲ႕ ေျခရာလက္ရာေတြကလြဲလုိ႔ က်န္သူတစ္ဦးတစ္ေယာက္မွ် ရွိမေနခဲ့ဘူးလုိ႔ စစ္ေဆးသူေတြက ဆုိပါတယ္။ ဒါဏ္ရာေတြကလည္း အလြန္ထူးျခားပါတယ္။ အမ်ဳိးသမီးရဲ႕လွ်ာဟာကုိက္ျဖတ္ထားျခင္းခံရပါတယ္ ၊ တစ္ေယာက္ကေတာ့ မ်က္လုံးမရွိေတာ့ပါဘူး ၊ ဦးေခါင္းခြံကလည္း ပ်က္စီးေနပါတယ္။

တစ္ေယာက္ရဲ႕မ်က္ႏွာကေတာ့ ေလာင္ကြ်မ္းပ်က္စီးေနၿပီး ကားမေတာ္တဆမႈလုိမ်ဳိး ျပင္းထန္တဲ့ယာဥ္တစ္ခုခုနဲ႔ အတုိက္ခံထားရပုံေပၚပါတယ္။ ထူးျခားခ်က္ေနာက္တစ္ခုကေတာ့ သူတုိ႔ရဲ႕အ၀တ္ေတြမွာ ေရဒီယုိသတၱိၾကြအေရေတြေပေနတာပါ။ သူတုိ႔ရဲ႕စ်ာပနကုိတက္ေရာက္ခဲ့သူေတြရဲ႕ အဆုိအရ ခႏၶာကုိယ္ေတြဟာ အညိဳေရာင္သမ္းၿပီး ေျခာက္ေသြ႔ေနတယ္လုိ႔ သိရပါတယ္။

တာ၀န္ရွိသူေတြဟာ ဒီျပသနာရဲ႕အေျဖကုိ ရွာေဖြဖုိ႔ ႏွစ္နဲ႔ခ်ီၿပီးႀကဳိးစားခဲ့ပါတယ္။ ခန္႔မွန္းခ်က္အေျဖေတြကေတာ့မ်ားစြာထြက္လာခဲ့ေပမယ့္ တိက်တဲ့အေျဖကေတာ့ထြက္မလာခဲ့ပါဘူး။ ထူးဆန္းမႈေနာက္တစ္ခုကေတာ့ ေသဆုံးသြားသူေတြ ေတာင္တက္ခဲ့တဲ့ရက္ေတြမွာ လိေမၼာ္ေရာင္မီးလုံးႀကီးေတြကို အဲဒီေတာင္တစ္၀ုိက္က ေကာင္းကင္မွာေတြ႔ရတယ္လုိ႔ အျခားေတာင္တက္သမား အမ်ားစုက ဆုိၾကပါတယ္။

ေသဆုံးသြားသူေတြရဲ႕ အထိမ္းအမွတ္ဂူကိုေတာ့ Mikhajlov သခၤ်ုိင္းမွာျမင္ႏုိင္ပါတယ္။ Dyatlov Pass Incident ဟာ အေျဖရွာမရတဲ့ျဖစ္ရပ္တစ္ခုအျဖစ္ နာမည္ႀကီးခဲ့ပါတယ္။ ဒီအေၾကာင္းကုိ ရုိက္ကူးထားတဲ့ The Dyatlov Pass Incident (Devil’s Pass) (2013) နာမည္နဲ႔ ရုပ္ရွင္လည္း ထြက္ရွိခဲ့ၿပီးပါၿပီ။


ယခုတိုင် မဖြေရှင်းနိုင်သေးတဲ့ တောင်တက်သမား ၉ယောက်ရဲ့ ဆိုးရွားတဲ့ဖြစ်ရပ် (သို့) Dyatlov Pass Incident (unicode)

Dyatlov Pass Incident ဆိုတာ ကမ္ဘာပေါ်က အထူးဆန်းဆုံးဖြစ်ရပ်တွေထဲက တစ်ခုဖြစ်ပါတယ်။ ၁၉၅၉ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ ရုရှားမြောက်ပိုင်းက Ural တောင်တွေပေါ်ကို တက်ကာ နှင်းစီလျှောခြင်း ၊ တောင်တက်ခြင်း တောင်တက်သမား ၉ယောက်ဟာ ရက်ရက်စက်စက် သတ်ဖြတ်ခြင်းကိုခံခဲ့ရပါတယ်။ ဘယ်သူက ဘယ်လို ဘာလက်နက်တွေနဲ့ သတ်သွားတယ်ဆိုတာ အခုတိုင် မဖြေရှင်းနိုင်တဲ့ ဖြစ်ရပ်တစ်ခုပါ။ Dyatlov ဆိုတဲ့နာမည်ကတော့ အဖွဲ့ခေါင်းဆောင် Igor Dyatlov ရဲ့နာမည်ကို အမှတ်တရအနေနဲ့ ပေးထားတာဖြစ်ပါတယ်။

တကယ်တော့ ဒီဖြစ်ရပ်မှာ လူ ၉ယောက်သေဆုံးခဲ့ပေမယ့် တကယ်သွားတုန်းကတော့ ၁၀ယောက်ဖြစ်ပါတယ်။ လွတ်မြောက်လာတဲ့တစ်ယောက်ကတော့ Yuri Yefimovich Yudin ဆိုသူဖြစ်ပြီး သူဟာ ၂၀၁၃ခုနှစ်(အသက် ၇၅နှစ်) အထိ အသက်ရှင်နေထိုင်သွားခဲ့ပါတယ်။ သူတို့အုပ်စုဟာ ၁၉၅၉ခုနှစ် ဖေဖော်ဝါရီလ ၂ရက်နေ့မှာ တောင်တက်ခဲ့တာဖြစ်ပါတယ်။ သူတို့အားလုံးနီးပါးဟာ Ural Polytechnical တက္ကသိုလ်က ကျောင်းသားတွေဖြစ်ပြီး အသက် ၂၀ကျော်အရွယ်သာ ရှိကြသေးပါတယ်။ Dyatlov ခေါင်းဆောင်တဲ့ လူ၁၀ဦးဟာ တောင်အနီးရောက်ပြီးတောင်တက်ဖို့ စတင်ထွက်ခွာခဲ့ပါတယ်။

သူတို့အဖွဲ့ရဲ့ရည်မှန်းချက်ကတော့ ၆.၂မိုင်အကွာအဝေးမှာ ရှိတဲ့ Otorten တောင်ကို တက်ဖို့ဖြစ်ပါတယ်။ ဇန်နဝါရီလ ၂၅ရက်နေ့တည်းက ထွက်လာခဲ့ကြပြီး Vizhai ရွာကိုရောက်ခဲ့ပါတယ်။ အဲဒီရွာကိုရောက်ပြီး ၂၇ရက်နေ့မှာတော့ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Yudin ဟာ နေမကောင်းဖြစ်နေခဲ့ပါတယ်။ ဒီလိုနေမကောင်းတာသူ့အတွက် ကံကောင်းသွားတယ်လို့ ဆိုရပါမယ်။ သူ့ကု Vizhai ရွာလေးမှာ ထားခဲ့ကြပြီး ကျန်လူ ၉ယောက်ကတော့ တောင်ဆက်တက်သွားကြပါတယ်။ ၃၁ရက်နေ့မှာတော့ သူတို့ အုပ်စုဟာ တောင်ရဲ့အစပ်ကို ရောက်ခဲ့ကြပြီး တောင်တက်ဖို့စတင်ပြင်ဆင်ခဲ့ကြပါတယ်။

နောက်နေ့ ဖေဖော်ဝါရီ ၁ရက်နေ့မှာတော့ သူတို့အဖွဲ့ဟာ တောင်ကို စတင်တက်ခဲ့ပါတယ်။ အလွန်ခက်ခဲတဲ့တောင်တက်ခရီးဖြစ်ပြီး နှင်းမှုန်တိုင်းများလည်း မကြာခဏတိုက်ခတ်တာကြောင့် ရှေ့မြင်ကွင်းကို မြင်နိုင်စွမ်းလည်း နည်းပါးပါတယ်။ သူတို့ဟာ ဦးတည်ချက်မှားယွင်းခဲ့ပြီး သူတို့တက်ချင်တဲ့တောင်ကို မရောက်ပဲ Kholat Syakhl လို့ခေါ်တဲ့ မရဏတောင်ထိပ်ကို ရောက်ခဲ့ကြပါတယ်။ သူတို့လမ်းမှားသွားတာကို သိပြီးတဲ့နောက်မှာတော့ သူတို့ဟာ အဲဒီနေရာမှာရပ်ပြီး စခန်းချဖို့ပြင်ဆင်ကြပုံရပါတယ်။ သူတို့မထွက်ခွာခင်ကတော့ အဖွဲ့ခေါင်းဆောင် Dyatlov က သူတို့တောင်တက်ပြီး Vizhai ကိုပြန်ရောက်တာနဲ့ ကြေးနန်းပို့မယ်လို့ သူတို့ရဲ့အားကစားကလပ်ကို ပြောခဲ့ပါတယ်။ ဖေဖော်ဝါရီ ၁၂ရက်နေ့မှာ သူတို့ရဲ့ခရီးစဉ်ပြီးဆုံးမယ်လို့ မျှော်လင့်ပေမယ့် မထွက်ခွာခင်ရွာမှာကျန်ခဲ့တဲ့ Yudin ကို Dyatlov က ၁၂ရက်ထက်ပိုကြာရင်လည်းကြာနိုင်တယ် စိတ်မပူဖို့ မှာခဲ့ပါတယ်။

ဖေဖော်ဝါရီ ၁၂ရက်နေ့ကျော်လာတဲ့အထိ ဘာမတ်ဆေ့ဘာ အကြောင်းကြားစာမှ မရခဲ့ပါဘူး။ သိပ်တော့မစိုးရိမ်ကြသေးပေမယ့် ဖေဖော်ဝါရီ ၂ဝရက်နေ့ ရောက်တဲ့ အထိ ဘာမှ သတင်းမကြားတာကြောင့် လိုက်သွားဖို့ပြင်ဆင်ကြပါတယ်။ ရှာဖွေမယ့်ခရီးစဉ်မှာ ကယ်ဆယ်ရေးအဖွဲ့တွေ ၊ စေတနာ့ဝန်ထမ်းတွေ ၊ ကျောင်းသားတွေ ၊ဆရာတွေအားလုံးပါဝင်ခဲ့သလို အစိုးရမဖွဲ့ကလည်း လေယာဉ် ဟယ်ရီကော်ပတာတွေအသုံးပြုစေခဲ့ပါတယ်။ ဖော်ဖော်ဝါရီ ၂၆မှာတော့ ရှာဖွေသူတွေဟာ သူတို့နောက်ဆုံး စခန်းချခဲ့တဲ့ တဲကိုတွေ့လိုက်ကြပါတယ်။ တဲကို အထဲကဆုတ်ဖြဲထားပုံရပြီး တချို့တစ်ဝက်ကို နှင်းခဲတွေအုပ်နေပါတယ်။ တဲအနီးမှာတော့ ခြေရာ၉ ခုကို တွေ့ခဲ့ကြပါတယ်။ သူတို့ဟာ ခြေရာတွေအတိုင်းလိုက်ခဲ့ပြီး မီတာ ၅၀၀ ခန့်အရောက်မှာတော့ နှင်းတွေက ခြေရာတွေကိုဖျက်စီးလိုက်တာကို တွေ့ကြရပါတယ်။ သူတို့အဲဒီအနီးတစ်ဝိုက်ကို ရှာကြည့်တဲ့အခါ မီးတောက်သေးသေးလေးတစ်ခုကို သွားတွေ့ပါတယ်။ မီးတောက်ဆီရောက်တဲ့အခါမှာတော့ သစ်ပင်တစ်ပင်အနီးက ကျွင်းကျန်ရစ်တဲ့မီးဖိုဖြစ်ပြီး အနီးမှာတော့ သေဆုံးနေတဲ့ တောက်တက်သမားနှစ်ဦးရဲ့ အလောင်းကို သွားတွေ့ပါတယ်။ နှစ်ဦးစလုံး အဝတ်အားလုံးချွတ်ထားပြီး အတွင်းခံကိုယ်စီနဲ့သေဆုံးနေကြတာပါ။ အပူချိန် -၂၀ ဝန်းကျင်ခန့်ရှိတဲ့နေရာမျိုးမှာ အဝတ်မရှိပဲဘာကြောင့်နေခဲ့ကြသလဲဆိုတာ ရှာဖွေသူတွေကို ဒွိဟဖြစ်စေခဲ့ပါတယ်။

ဆက်လက်ရှာဖွေတဲ့အခါမှာတော့ အဖွဲ့ခေါင်းဆောင် Dyatlov အပါအဝင် သေနေတဲ့ လူ၃ယောက်ကို ထပ်မံတွေ့ရှိပါတယ်။ ခုနသစ်ပင်ရဲ့ မီတာ ၃၀၀ ၊ ၄၈၀ ၊ ၆၃ဝအကွာအဝေးအသီးသီးမှာ ထပ်တွေ့ကြတာပါ။ ကျန်တဲ့သူတွေကို ဆက်လက်ရှာဖွေကြပေမယ့် ၂လကြာတဲ့အထိ ရှာမတွေ့ခဲ့ပါဘူး။ မေလ ၄ရက်နေ့ ရောက်ခဲ့တဲ့အခါ မှသာ သစ်ပင်ရဲ့ ၇၅မီတာ အကွာအဝေးကနေ သွားတွေ့ကြပါတယ်။ သူတို့ရဲ့ ခန္ဓာကိုယ်တွေဟာ နှင်းခဲတွေအောက် ၄မီတာခန့်ရောက်ရှိနေခဲ့လို့ဖြစ်ပါတယ်။ သူတို့ ၄ ဦးစလုံးကတော့ အဝတ်တွေ အနွေးထည်တွေကိုအစုံအလင်ဝတ်ထားပါတယ်။

စစ်ဆေးချက်တွေကတော့ သူတို့ ၉ယောက်မှာ ၆ယောက်ဟာ အပူချိန်အလွန်အမင်းကျဆင်းခြင်းကြောင့်သေတာဖြစ်ပြီး ကျန်၃ယောက်ကတော့ ပြင်ပတိုက်ခိုက်ခံရမှုကြောင့်သေတာဖြစ်တယ်။ သူတို့ဟာ နောက်ဆုံးအစာစားပြီး ၆နာရီ နဲ့ ၈နာရီအတွင်းမှာ သေဆုံးကြတာဖြစ်တယ် လို့ဆိုပါတယ်။ ဘာကြောင့် ဒီလောက်အေးတဲ့နေရာမှာ အဝတ်တွေကို ချွတ်နေခဲ့ကြပါသလဲ။ ဒါဟာဖြေရခက်တဲ့အဖြေဖြစ်ပါတယ်။ အဲဒီထက်ပိုပြီးအဖြေရှာမရတာကတော့ တိုက်ခိုက်ခံထားပြီးသေဆုံးသွားတဲ့သူတွေရဲ့ ဒါဏ်ရာတွေဖြစ်ပါတယ်။ အဲဒီဒေသမှာနေတဲ့ Mansi လူမျိုးတွေတိုက်ခိုက်တာလို့ ဆိုပေမယ့် ဒါဏ်ရာတွေက ပုံမှန်ဒါဏ်ရာတွေမဟုတ်တဲ့အပြင် အဲဒီနေရာတစ်ဝိုက်လုံးမှာ သူတို့ ၉ယောက်ရဲ့ ခြေရာလက်ရာတွေကလွဲလို့ ကျန်သူတစ်ဦးတစ်ယောက်မျှ ရှိမနေခဲ့ဘူးလို့ စစ်ဆေးသူတွေက ဆိုပါတယ်။ ဒါဏ်ရာတွေကလည်း အလွန်ထူးခြားပါတယ်။ အမျိုးသမီးရဲ့လျှာဟာကိုက်ဖြတ်ထားခြင်းခံရပါတယ် ၊ တစ်ယောက်ကတော့ မျက်လုံးမရှိတော့ပါဘူး ၊ ဦးခေါင်းခွံကလည်း ပျက်စီးနေပါတယ်။တစ်ယောက်ရဲ့မျက်နှာကတော့ လောင်ကျွမ်းပျက်စီးနေပြီး ကားမတော်တဆမှုလိုမျိုး ပြင်းထန်တဲ့ယာဉ်တစ်ခုခုနဲ့ အတိုက်ခံထားရပုံပေါ်ပါတယ်။ ထူးခြားချက်နောက်တစ်ခုကတော့ သူတို့ရဲ့အဝတ်တွေမှာ ရေဒီယိုသတ္တိကြွအရေတွေပေနေတာပါ။ သူတို့ရဲ့ဈာပနကိုတက်ရောက်ခဲ့သူတွေရဲ့ အဆိုအရ ခန္ဓာကိုယ်တွေဟာ အညိုရောင်သန်းပြီး ခြောက်သွေ့နေတယ်လို့ သိရပါတယ်။

တာဝန်ရှိသူတွေဟာ ဒီပြသနာရဲ့အဖြေကို ရှာဖွေဖို့ နှစ်နဲ့ချီပြီးကြိုးစားခဲ့ပါတယ်။ ခန့်မှန်းချက်အဖြေတွေကတော့များစွာထွက်လာခဲ့ပေမယ့် တိကျတဲ့အဖြေကတော့ထွက်မလာခဲ့ပါဘူး။ ထူးဆန်းမှုနောက်တစ်ခုကတော့ သေဆုံးသွားသူတွေ တောင်တက်ခဲ့တဲ့ရက်တွေမှာ လိမ္မော်ရောင်မီးလုံးကြီးတွေကို အဲဒီတောင်တစ်ဝိုက်က ကောင်းကင်မှာတွေ့ရတယ်လို့ အခြားတောင်တက်သမား အများစုက ဆိုကြပါတယ်။ သေဆုံးသွားသူတွေရဲ့ အထိမ်းအမှတ်ဂူကိုတော့ Mikhajlov သင်္ချိုင်းမှာမြင်နိုင်ပါတယ်။ Dyatlov Pass Incident ဟာ အဖြေရှာမရတဲ့ဖြစ်ရပ်တစ်ခုအဖြစ် နာမည်ကြီးခဲ့ပါတယ်။ ဒီအကြောင်းကို ရိုက်ကူးထားတဲ့ The Dyatlov Pass Incident (Devil’s Pass) (2013) နာမည်နဲ့ ရုပ်ရှင်လည်း ထွက်ရှိခဲ့ပြီးပါပြီ။

Leave a Reply