ေစာင္းေနတဲ့ ကမာၻေက်ာ္ ေမွ်ာ္စင္ႀကီး (သုိ႔) ပီဆာတာ၀ါ အေၾကာင္းသိေကာင္းစရာ

Posted on

အီတလီနဲ႔ ဆုိင္တဲ့ဗီဒီယုိကားေတြ ၊ ခရီးသြားသတင္းေတြမွာ ေစာင္းေနတဲ့ေမွ်ာ္စင္ကို မၾကာခဏျမင္ဖူးၾကပါလိမ့္မယ္။ ဒီေမွ်ာ္စင္ႀကီးကေတာ့ အီတလီႏုိင္ငံ ပီဆာၿမဳိ႕ ပီဆာဘုရားေက်ာင္းရဲ႕ေနာက္မွာ တည္ရွိတဲ့ ပီဆာေမွ်ာ္စင္ႀကီးပဲျဖစ္ပါတယ္။ အဲဒီၿမဳိ႕ရဲ႕ တတိယ သက္တမ္းအၾကာဆုံးအေဆာက္အအုံဆုိရင္လည္း မမွားပါဘူး။ (ပထမ နဲ႔ ဒုတိယကေတာ့ ပီဆာဘုရားေက်ာင္း နဲ႔ ပီဆာႏွစ္ျခင္းမဂၤလာက်င္းပရာေနရာ တုိ႔ျဖစ္ပါတယ္။) ပီဆာတာ၀ါရဲ႕ အခ်က္အလက္တခ်ဳိ႕ကုိ သုတဇုန္မိတ္ေဆြမ်ားအတြက္ မွ်ေ၀လုိက္ပါတယ္။

ပီဆာေမွ်ာ္စင္ကုိ ၁၁၇၃ခုႏွစ္မွ စတင္တည္ေဆာက္ခဲ့ၿပီး ေခါင္းေလာင္းထုိးတဲ့ေမွ်ာ္စင္တစ္ခုအျဖစ္ သီးသန္႔တည္ေဆာက္ခဲ့ျခင္းျဖစ္ပါတယ္။

၃.၉၉ဒီဂရီ ေစာင္းေနတာေၾကာင့္ ပီဆာေမွ်ာ္စင္ရဲ႕ တစ္ဖက္စီဟာ အျမင့္မတူညီပါဘူး။ တစ္ဖက္က ၁၈၇.၂၇ေပ ျမင့္ၿပီး တစ္ဖက္ကေတာ့ ၁၈၆ေပသာ ျမင့္ပါတယ္။ ေျမာက္ဘက္ျခမ္းက ေလွကားထစ္ ၂၉၄ထစ္ရွိၿပီး ေတာင္ဘက္ျခမ္းကေတာ့ ၂၉၆ထစ္ ရွိပါတယ္။ ေမွ်ာ္စင္ရဲ႕အေလးခ်ိန္ကေတာ့ ၁၄၅၀၀ တန္ ရွိပါတယ္။

၁၁၇၈ခုႏွစ္မွာ ေဆာက္လုပ္ရင္း တတိယထပ္အေရာက္မွာ ေအာက္ခံေျမေပ်ာ့သြားတာေၾကာင့္ တစ္ဖက္ကိုေစာင္းသြားရျခင္းျဖစ္ပါတယ္။

အဲဒီေနာက္ေတာ့ တည္ေဆာက္မႈကို ႏွစ္ေပါင္း ၁၀၀ ခန္႔ ရပ္နားခဲ့ၿပီး ၁၂၇၅ခုႏွစ္မွ ျပန္လည္ေဆာက္လုပ္ခဲ့ကာ ၁၂၈၄ခုႏွစ္မွာ စစ္ပြဲေတြေၾကာင့္ ထပ္မံရပ္နားရျပန္ပါတယ္။ ၁၃၅၀ခုႏွစ္မွာမွ ၿပီးစီးေအာင္တည္ေဆာက္ႏုိင္ခဲ့ျခင္းျဖစ္ၿပီး စုစုေပါင္း အခ်ိန္ ၃၃၄ႏွစ္ၾကာမွ ၿပီးစီးခဲ့တာျဖစ္ပါတယ္။

ဒီဇုိင္းလက္ရာကုိ မည္သူတည္ေဆာက္ခဲ့မွန္း ႏွစ္ေပါင္းမ်ာစြာၾကာေအာင္ မသိရွိခဲ့ၾကပါဘူး။ ေနာက္ပိုင္းမွာမွ အီတလီဗိသုကာပညာရွင္ Bonanno Pisano ရဲ႕ ဒီဇုိင္းျဖစ္ေၾကာင္း သိလာၾကပါတယ္။

ေစာင္းေနတဲ့ပီဆာေမွ်ာ္စင္ႀကီးဟာ စက္၀ိုင္းပုံစံရွိၿပီး အထပ္ ၈ထပ္ ရွိကာ ၊ ေခါင္းေလာင္း ၇လုံးကုိ ၈ထပ္ေျမာက္မွာ ထားရွိပါတယ္။ ေခါင္းေလာင္း၇လုံးဟာ ဂီတရဲ႕ ဓိက သေကၤတႏုတ္ ၇ခုကုိ ရည္ညႊန္းပါတယ္။

ဒုတိယကမာၻစစ္အတြင္းကေတာ့ ဂ်ာမန္ေတြဟာ ဒီေမွ်ာ္စင္ကုိ ေစာင့္ၾကည့္ေရးေမွ်ာ္စင္ အသုံးျပဳခဲ့ၾကပါတယ္။

၁၉၈၇ခုႏွစ္မွာေတာ့ UNESCO က ကမာၻ႔အေမြအႏွစ္အျဖစ္ စာရင္းသြင္းၿပီး ထိမ္းသိမ္းခဲ့ပါတယ္။

၁၉၀၀ခုႏွစ္ ကေန ၂၀၀၁ ခုႏွစ္အထိ ၀င္ေရာက္ ၾကည့္ရႈ႕ခြင့္မ်ားကုိ ပိတ္ထားခဲ့ၿပီး ျပန္လည္ျပင္ဆင္ခဲ့ပါတယ္။ ျပင္ဆင္မႈမ်ားေၾကာင့္ ေမွ်ာ္စင္ႀကီးဟာ ႏွစ္ေပါင္း ၃၀၀ ၾကာေအာင္ ဒီအတုိင္းခံႏုိင္ဦးမယ္လုိ႔ သိရပါတယ္။ ႏွစ္စဥ္ ကမာၻလွည့္ခရီးသြား သန္းနဲ႔ခ်ီၿပီးလာေရာက္ေလ့ရွိတဲ့ ေနရာတစ္ေနရာလည္းျဖစ္ပါတယ္။


စောင်းနေတဲ့ ကမ္ဘာကျော် မျှော်စင်ကြီး (သို့) ပီဆာတာဝါ အကြောင်းသိကောင်းစရာ (unicode)

အီတလီနဲ့ ဆိုင်တဲ့ဗီဒီယိုကားတွေ ၊ ခရီးသွားသတင်းတွေမှာ စောင်းနေတဲ့မျှော်စင်ကို မကြာခဏမြင်ဖူးကြပါလိမ့်မယ်။ ဒီမျှော်စင်ကြီးကတော့ အီတလီနိုင်ငံ ပီဆာမြို့ ပီဆာဘုရားကျောင်းရဲ့နောက်မှာ တည်ရှိတဲ့ ပီဆာမျှော်စင်ကြီးပဲဖြစ်ပါတယ်။ အဲဒီမြို့ရဲ့ တတိယ သက်တမ်းအကြာဆုံးအဆောက်အအုံဆိုရင်လည်း မမှားပါဘူး။ (ပထမ နဲ့ ဒုတိယကတော့ ပီဆာဘုရားကျောင်း နဲ့ ပီဆာနှစ်ခြင်းမင်္ဂလာကျင်းပရာနေရာ တို့ဖြစ်ပါတယ်။)
ပီဆာတာဝါရဲ့ အချက်အလက်တချို့ကို သုတဇုန်မိတ်ဆွေများအတွက် မျှဝေလိုက်ပါတယ်။

ပီဆာမျှော်စင်ကို ၁၁၇၃ခုနှစ်မှ စတင်တည်ဆောက်ခဲ့ပြီး ခေါင်းလောင်းထိုးတဲ့မျှော်စင်တစ်ခုအဖြစ် သီးသန့်တည်ဆောက်ခဲ့ခြင်းဖြစ်ပါတယ်။

၃.၉၉ဒီဂရီ စောင်းနေတာကြောင့် ပီဆာမျှော်စင်ရဲ့ တစ်ဖက်စီဟာ အမြင့်မတူညီပါဘူး။ တစ်ဖက်က ၁၈၇.၂၇ပေ မြင့်ပြီး တစ်ဖက်ကတော့ ၁၈၆ပေသာ မြင့်ပါတယ်။
မြောက်ဘက်ခြမ်းက လှေကားထစ် ၂၉၄ထစ်ရှိပြီး တောင်ဘက်ခြမ်းကတော့ ၂၉၆ထစ် ရှိပါတယ်။ မျှော်စင်ရဲ့အလေးချိန်ကတော့ ၁၄၅၀၀ တန် ရှိပါတယ်။

၁၁၇၈ခုနှစ်မှာ ဆောက်လုပ်ရင်း တတိယထပ်အရောက်မှာ အောက်ခံမြေပျော့သွားတာကြောင့် တစ်ဖက်ကိုစောင်းသွားရခြင်းဖြစ်ပါတယ်။

အဲဒီနောက်တော့ တည်ဆောက်မှုကို နှစ်ပေါင်း ၁၀၀ ခန့် ရပ်နားခဲ့ပြီး ၁၂၇၅ခုနှစ်မှ ပြန်လည်ဆောက်လုပ်ခဲ့ကာ ၁၂၈၄ခုနှစ်မှာ စစ်ပွဲတွေကြောင့် ထပ်မံရပ်နားရပြန်ပါတယ်။ ၁၃၅ဝခုနှစ်မှာမှ ပြီးစီးအောင်တည်ဆောက်နိုင်ခဲ့ခြင်းဖြစ်ပြီး စုစုပေါင်း အချိန် ၃၃၄နှစ်ကြာမှ ပြီးစီးခဲ့တာဖြစ်ပါတယ်။

ဒီဇိုင်းလက်ရာကို မည်သူတည်ဆောက်ခဲ့မှန်း နှစ်ပေါင်းမျာစွာကြာအောင် မသိရှိခဲ့ကြပါဘူး။ နောက်ပိုင်းမှာမှ အီတလီဗိသုကာပညာရှင် Bonanno Pisano ရဲ့ ဒီဇိုင်းဖြစ်ကြောင်း သိလာကြပါတယ်။

စောင်းနေတဲ့ပီဆာမျှော်စင်ကြီးဟာ စက်ဝိုင်းပုံစံရှိပြီး အထပ် ၈ထပ် ရှိကာ ၊ ခေါင်းလောင်း ၇လုံးကို ၈ထပ်မြောက်မှာ ထားရှိပါတယ်။ ခေါင်းလောင်း၇လုံးဟာ ဂီတရဲ့ ဓိက သင်္ကေတနုတ် ၇ခုကို ရည်ညွှန်းပါတယ်။

ဒုတိယကမ္ဘာစစ်အတွင်းကတော့ ဂျာမန်တွေဟာ ဒီမျှော်စင်ကို စောင့်ကြည့်ရေးမျှော်စင် အသုံးပြုခဲ့ကြပါတယ်။

၁၉၈၇ခုနှစ်မှာတော့ UNESCO က ကမ္ဘာ့အမွေအနှစ်အဖြစ် စာရင်းသွင်းပြီး ထိမ်းသိမ်းခဲ့ပါတယ်။

၁၉၀ဝခုနှစ် ကနေ ၂၀၀၁ ခုနှစ်အထိ ဝင်ရောက် ကြည့်ရှု့ခွင့်များကို ပိတ်ထားခဲ့ပြီး ပြန်လည်ပြင်ဆင်ခဲ့ပါတယ်။ ပြင်ဆင်မှုများကြောင့် မျှော်စင်ကြီးဟာ နှစ်ပေါင်း ၃၀၀ ကြာအောင် ဒီအတိုင်းခံနိုင်ဦးမယ်လို့ သိရပါတယ်။ နှစ်စဉ် ကမ္ဘာလှည့်ခရီးသွား သန်းနဲ့ချီပြီးလာရောက်လေ့ရှိတဲ့ နေရာတစ်နေရာလည်းဖြစ်ပါတယ်။

 

 

 

Leave a Reply