သူစိမ္းတစ္ေယာက္ကုိ အသည္းလွဴဒါန္းခဲ့သူအား ႏွလုံးသားျပန္ေပးခဲ့တဲ့ေကာင္မေလး

Posted on

အီလီႏြဳိက္ျပည္နယ္ ဖရန္ဖုိ႔ဒ္မွာေနတဲ့ Chris Dempsey ဆုိသူ ၿမဳိ႕နယ္စစ္ေဆးေရးအရာရွိတစ္ေယာက္ဟာ သူစိမ္းတစ္ေယာက္ကုိ သူ႔ရဲ႕အသည္းကုိ လွဴဒါန္းခဲ့ပါတယ္။ တုိက္ဆုိင္စြာနဲ႔ပဲ သူစိမ္းေကာင္မေလးဟာ သူမရဲ႕ ႏွလုံးသားကုိ အရာရွိထံျပန္ေပးခဲ့ပါတယ္။

၂၀၁၄ခုႏွစ္ မတ္လမွာ အသက္ ၂၇အရြယ္ Heather Kruger ဆုိတဲ့ေကာင္မေလးမွာ အသည္းကင္ဆာေနာက္ဆုံးအဆင့္ျဖစ္ေနတာကို သိလုိက္ရပါတယ္။ ဆက္လက္ၿပီးေတာ့ သူမဟာ လအနည္းငယ္ပဲ အသက္ရွင္ႏုိင္ဖုိ႔ အခြင့္အလမ္းရွိပါေတာ့တယ္။ ဆရာ၀န္ေတြကေတာ့ တစုံတစ္ေယာက္ကသာ အသည္းကိုလွဴဒါန္းခဲ့ရင္ ပုံမွန္အတုိင္းအသက္ရွင္သြားႏုိင္တယ္လုိ႔ အားေပးၾကမယ့္ ဒါဟာ ျဖစ္ႏုိင္ေျခနည္းတဲ့အခြင့္အလမ္းတစ္ခုသာျဖစ္ပါတယ္။ အသည္းလွဴဒါန္းမယ့္ အလွဴရွင္ကုိ လအနည္းငယ္နဲ႔ ရွာဖုိ႔ခက္ခဲသလုိ ရွာေတြ႔ရင္ေတာင္ ကုိယ္နဲ႔အဆင္ေျပပါမလား ဆိုတဲ့အေတြးဟာ သူမကုိ စိတ္ဓာတ္က်ေစခဲ့ပါတယ္။ သူမကုိယ္တုိင္ မၾကာခင္ေသေတာ့မယ္လုိ႔ စိတ္ဒုံးဒုံးခ်ထားခဲ့ပါတယ္။

အရာရွိ Chris ဟာ ေန႔ခင္းဘက္ထမင္းစားခန္းထဲမွာ ေကာင္မေလးအကုိျဖစ္သူထံကေန ေကာင္မေလးရဲ႕ ေရာဂါအေျခအေနကုိ သိခဲ့ပါတယ္။
“ကြ်န္ေတာ္သူ႔ကုိ မသိပါဘူး ။ သူမနာမည္ကုိ မၾကားဘူးသလုိ ၊ ျမင္လည္းမျမင္ဖူးပါဘူး ၊ ဒီေန႔သူအေၾကာင္းၾကားလုိက္တဲ့အခ်ိန္မွာေတာ့ ငါကူညီမယ္ ၊ ငါကူညီမယ္လုိ႔ေအာ္ၿပီး ခ်က္ခ်င္းသြားကူညီခဲ့ပါတယ္” လုိ႔ Cris က ဆုိပါတယ္။ အဲဒီိေနာက္ေတာ့ သူလွဴလုိ႔ရမရ ေဆးရုံမွာစစ္ေဆးၾကည့္တဲ့အခါမွာေတာ့ သင့္ေတာ္တဲ့အလွဴရွင္ဆုိတာ စစ္ေဆးေတြ႔ရွိခဲ့ၿပီး သူရဲ႕အသည္းတစ္ျခမ္းကုိ သူမသိတဲ့ သူစိမ္းေကာင္မေလးထံ လွဴဒါန္းလုိက္ပါတယ္။

သူမကို အသည္းလွဴမယ့္သူရွိတယ္လုိ႔ ၾကားလုိက္ရတဲ့အခ်ိန္မွာ Heather က လုံး၀မယုံခဲ့ပါဘူး။
“ကြ်န္မကုိ ကယ္မယ့္သူမရွိေတာပါဘူး။ ကြ်န္မဖုန္းကုိလည္း ပိတ္ထားလုိက္မယ္။ အေမနဲ႔ကြ်န္မတုိ႔ အၿမဲငုိေနရတယ္၊ ဒါေၾကာင့္ အလွဴရွင္ရွိတယ္လုိ႔ ၾကားတဲ့အခါ မယုံႏုိင္သလုိျဖစ္သြားခဲ့တယ္” လုိ႔ Heather က ဆုိပါတယ္။ အသည္းအစားထုိးမႈကို Illinois တကၠသုိလ္ေဆးရုံမွာ ေအာင္ျမင္စြာ ခြဲစိတ္ျပဳလုပ္ႏုိင္ခဲ့ၿပီး ရက္အနည္းငယ္အၾကာမွာ ႏွစ္ေယာက္စလုံးျပန္လည္က်န္းမာလာခဲ့ပါတယ္။

ခြဲစိတ္မႈေအာင္ျမင္သြားတဲ့အခါ “မင္းငါ့ကို ဘာမွျပန္ေပးစရာမလုိပါဘူး။ ဒီအတြက္အေၾကြးတင္တယ္လုိ႔လည္း မခံစားပါနဲ႔ ၊ မင္းလုပ္စရာရွိတာေတြကိုပဲ ဆက္လုပ္ပါလုိ႔” Chris ကေျပာေပမယ့္ Heather ကေတာ့ သူမတုိ႔ႏွစ္ေယာက္ၾကားမွာ ႀကဳိးတစ္ေခ်ာင္းခ်ည္ေႏွာင္ခဲ့တယ္လုိ႔ ခံစားခဲ့ရပါတယ္။ အဲဒီေနာက္ေတာ့ သူတုိ႔ႏွစ္ေယာက္ဟာ တျဖည္းျဖည္းရင္းႏွီးလာခဲ့ၾကပါတယ္။ ၿပီးခဲ့တဲ့ႏွစ္ ဒီဇင္ဘာတုန္းက Chris က သူ႔ကုိလက္ထပ္ဖုိ႔ေမးတဲ့အခါ Heather က ခ်က္ခ်င္း Yes လုိ႔အေျဖေပးခဲ့ပါတယ္။ လက္ထပ္ၿပီးတဲ့အခါမွာေတာ့ အရမ္းေပ်ာ္ခဲ့သလုိ ၊ သူမဘ၀ကို အရမ္းလည္းအံၾသခဲ့တယ္လုိ႔ Heather ကေျပာျပပါတယ္။
“အခု အခ်ိန္နဲ႔ လြန္ခဲ့တဲ့ႏွစ္အနည္းငယ္ကနဲ႔ ယွဥ္ၾကည့္လုိက္ရင္ ကြ်န္မဘ၀ဟာ မယုံစရာေတြနဲ႔ျပည့္ေနပါတယ္။ သူက ေပ်ာ္တတ္တယ္ ၊ ကြ်န္မကုိ ဂရုစုိက္တယ္ ၊ ၿပဳံးေအာင္အၿမဲလုပ္တတ္တယ္ ၊ အခု ကြ်န္မအရမ္းေပ်ာ္ေနရတယ္။ ဒါေပမယ့္ ဟုိတုန္းက သူသာ ထမင္းစားခန္းထဲကုိမလာခဲ့ရင္ ၊ ကြ်န္မအစ္ကုိကလည္း သူ႔ကို ဒီအေၾကာင္းမေျပာခဲ့ရင္ ၊ ကြ်န္မလည္း အခုေလာက္ဆုိ ဒီီေလာကႀကီးထဲမွာ မရွိေတာ့ပါဘူး ၊ သူဟာ ကြ်န္မဘ၀ကုိ ကယ္တင္ခဲ့သူပါပဲရွင္”
အခုေတာ့ သူတုိ႔ႏွစ္ေယာက္ဟာ အီလီႏြဳိက္ျပည္နယ္မွာပဲ ေပ်ာ္ရႊင္စြာေနထုိင္လွ်က္ရွိပါတယ္။


သူစိမ်းတစ်ယောက်ကို အသည်းလှူဒါန်းခဲ့သူအား နှလုံးသားပြန်ပေးခဲ့တဲ့ကောင်မလေး (unicode)

အီလီနွိုက်ပြည်နယ် ဖရန်ဖို့ဒ်မှာနေတဲ့ Chris Dempsey ဆိုသူ မြို့နယ်စစ်ဆေးရေးအရာရှိတစ်ယောက်ဟာ သူစိမ်းတစ်ယောက်ကို သူ့ရဲ့အသည်းကို လှူဒါန်းခဲ့ပါတယ်။ တိုက်ဆိုင်စွာနဲ့ပဲ သူစိမ်းကောင်မလေးဟာ သူမရဲ့ နှလုံးသားကို အရာရှိထံပြန်ပေးခဲ့ပါတယ်။

၂၀၁၄ခုနှစ် မတ်လမှာ အသက် ၂၇အရွယ် Heather Kruger ဆိုတဲ့ကောင်မလေးမှာ အသည်းကင်ဆာနောက်ဆုံးအဆင့်ဖြစ်နေတာကို သိလိုက်ရပါတယ်။ ဆက်လက်ပြီးတော့ သူမဟာ လအနည်းငယ်ပဲ အသက်ရှင်နိုင်ဖို့ အခွင့်အလမ်းရှိပါတော့တယ်။ ဆရာဝန်တွေကတော့ တစုံတစ်ယောက်ကသာ အသည်းကိုလှူဒါန်းခဲ့ရင် ပုံမှန်အတိုင်းအသက်ရှင်သွားနိုင်တယ်လို့ အားပေးကြမယ့် ဒါဟာ ဖြစ်နိုင်ခြေနည်းတဲ့အခွင့်အလမ်းတစ်ခုသာဖြစ်ပါတယ်။ အသည်းလှူဒါန်းမယ့် အလှူရှင်ကို လအနည်းငယ်နဲ့ ရှာဖို့ခက်ခဲသလို ရှာတွေ့ရင်တောင် ကိုယ်နဲ့အဆင်ပြေပါမလား ဆိုတဲ့အတွေးဟာ သူမကို စိတ်ဓာတ်ကျစေခဲ့ပါတယ်။ သူမကိုယ်တိုင် မကြာခင်သေတော့မယ်လို့ စိတ်ဒုံးဒုံးချထားခဲ့ပါတယ်။

အရာရှိ Chris ဟာ နေ့ခင်းဘက်ထမင်းစားခန်းထဲမှာ ကောင်မလေးအကိုဖြစ်သူထံကနေ ကောင်မလေးရဲ့ ရောဂါအခြေအနေကို သိခဲ့ပါတယ်။
“ကျွန်တော်သူ့ကို မသိပါဘူး ။ သူမနာမည်ကို မကြားဘူးသလို ၊ မြင်လည်းမမြင်ဖူးပါဘူး ၊ ဒီနေ့သူအကြောင်းကြားလိုက်တဲ့အချိန်မှာတော့ ငါကူညီမယ် ၊ ငါကူညီမယ်လို့အော်ပြီး ချက်ချင်းသွားကူညီခဲ့ပါတယ်” လို့ Cris က ဆိုပါတယ်။ အဲဒိနောက်တော့ သူလှူလို့ရမရ ဆေးရုံမှာစစ်ဆေးကြည့်တဲ့အခါမှာတော့ သင့်တော်တဲ့အလှူရှင်ဆိုတာ စစ်ဆေးတွေ့ရှိခဲ့ပြီး သူရဲ့အသည်းတစ်ခြမ်းကို သူမသိတဲ့ သူစိမ်းကောင်မလေးထံ လှူဒါန်းလိုက်ပါတယ်။

သူမကို အသည်းလှူမယ့်သူရှိတယ်လို့ ကြားလိုက်ရတဲ့အချိန်မှာ Heather က လုံးဝမယုံခဲ့ပါဘူး။
“ကျွန်မကို ကယ်မယ့်သူမရှိတောပါဘူး။ ကျွန်မဖုန်းကိုလည်း ပိတ်ထားလိုက်မယ်။ အမေနဲ့ကျွန်မတို့ အမြဲငိုနေရတယ်၊ ဒါကြောင့် အလှူရှင်ရှိတယ်လို့ ကြားတဲ့အခါ မယုံနိုင်သလိုဖြစ်သွားခဲ့တယ်” လို့ Heather က ဆိုပါတယ်။ အသည်းအစားထိုးမှုကို Illinois တက္ကသိုလ်ဆေးရုံမှာ အောင်မြင်စွာ ခွဲစိတ်ပြုလုပ်နိုင်ခဲ့ပြီး ရက်အနည်းငယ်အကြာမှာ နှစ်ယောက်စလုံးပြန်လည်ကျန်းမာလာခဲ့ပါတယ်။

ခွဲစိတ်မှုအောင်မြင်သွားတဲ့အခါ “မင်းငါ့ကို ဘာမှပြန်ပေးစရာမလိုပါဘူး။ ဒီအတွက်အကြွေးတင်တယ်လို့လည်း မခံစားပါနဲ့ ၊ မင်းလုပ်စရာရှိတာတွေကိုပဲ ဆက်လုပ်ပါလို့” Chris ကပြောပေမယ့် Heather ကတော့ သူမတို့နှစ်ယောက်ကြားမှာ ကြိုးတစ်ချောင်းချည်နှောင်ခဲ့တယ်လို့ ခံစားခဲ့ရပါတယ်။ အဲဒီနောက်တော့ သူတို့နှစ်ယောက်ဟာ တဖြည်းဖြည်းရင်းနှီးလာခဲ့ကြပါတယ်။ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာတုန်းက Chris က သူ့ကိုလက်ထပ်ဖို့မေးတဲ့အခါ Heather က ချက်ချင်း Yes လို့အဖြေပေးခဲ့ပါတယ်။ လက်ထပ်ပြီးတဲ့အခါမှာတော့ အရမ်းပျော်ခဲ့သလို ၊ သူမဘဝကို အရမ်းလည်းအံဩခဲ့တယ်လို့ Heather ကပြောပြပါတယ်။
“အခု အချိန်နဲ့ လွန်ခဲ့တဲ့နှစ်အနည်းငယ်ကနဲ့ ယှဉ်ကြည့်လိုက်ရင် ကျွန်မဘဝဟာ မယုံစရာတွေနဲ့ပြည့်နေပါတယ်။ သူက ပျော်တတ်တယ် ၊ ကျွန်မကို ဂရုစိုက်တယ် ၊ ပြုံးအောင်အမြဲလုပ်တတ်တယ် ၊ အခု ကျွန်မအရမ်းပျော်နေရတယ်။ ဒါပေမယ့် ဟိုတုန်းက သူသာ ထမင်းစားခန်းထဲကိုမလာခဲ့ရင် ၊ ကျွန်မအစ်ကိုကလည်း သူ့ကို ဒီအကြောင်းမပြောခဲ့ရင် ၊ ကျွန်မလည်း အခုလောက်ဆို ဒီလောကကြီးထဲမှာ မရှိတော့ပါဘူး ၊ သူဟာ ကျွန်မဘဝကို ကယ်တင်ခဲ့သူပါပဲရှင်”
အခုတော့ သူတို့နှစ်ယောက်ဟာ အီလီနွိုက်ပြည်နယ်မှာပဲ ပျော်ရွှင်စွာနေထိုင်လျှက်ရှိပါတယ်။

Leave a Reply