ဓားျပလူဆိုးႀကီးဘ၀ မွ အျမင့္ဆုံးေနရာကိုတက္လွမ္းခဲ့သူ (သုိ႔) သဲအင္းဂူဆရာေတာ္ဘုရားႀကီး ရွင္ဥကၠဌရဲ႕ဘ၀ျဖစ္စဥ္

Posted on

ေက်းဇူးေတာ္ရွင္ သဲအင္းဂူ ဆရာေတာ္ အေလာင္း အလ်ာကို ရန္ကုန္တိုင္း၊ ေမွာ္ဘီၿမိဳ႕နယ္၊ ေႏွာကုန္း ေက်းရြာေန ဦးေသာ္တာ၊ ေဒၚမယ္အံ့တို႔မွ ၁၂၇၄ ခုႏွစ္၊ တေပါင္းလဆန္း (၁၀)ရက္၊ တနဂၤေႏြေန႔ နံနက္ (၈:၀၀)နာရီ အခ်ိန္တြင္ မီး႐ွဴးသန္႔စင္ ဖြားျမင္ ေတာ္မူပါသည္။ ေမြးခ်င္း (၇)ေယာက္ ႐ွိသည္တြင္ တတိယေျမာက္ သားရတနာ ျဖစ္ပါသည္။ ဆရာေတာ္ အေလာင္းလ်ာကို မိဘမ်ားမွ အသက္အ႐ြယ္ ငယ္စဥ္ကပင္ ေက်ာင္းထား စာသင္ ေစခဲ့ေသာ္လည္း စာေပပညာ ထူးခြ်န္စြာ တတ္ေျမာက္ျခင္း မ႐ွိခဲ့ဘဲ ျမန္မာစာ သင္ပုန္းၾကီး အဆင့္ျဖင့္ ဘုန္းၾကီးေက်ာင္းမွ ေက်ာင္းထြက္ ခဲ့ရပါသည္။ ဆရာေတာ္ အေလာင္း အလ်ာသည္ အသက္(၁၅)ႏွစ္ အ႐ြယ္မွာ အိမ္ေထာင္က်ခဲ့ၿပီး အသက္ (၄၅)ႏွစ္ တိုင္ေအာင္ ေကာင္းဆိုး ႏွစ္ေထြ ေရာႁပြန္းသည့္ ေလာကီဓမၼ သဘာ၀ တရားမ်ားကို ေတြ႔ၾကံဳ ခံစား ခဲ့ရပါသည္။


အိမ္ေထာင္ ၄- ႀကိမ္ ျပဳခဲ့သည္။ သားေကြ်းမႈ မယားေကြ်းမႈ အတြက္ အသက္ ၄၆-ႏွစ္ အရြယ္အထိ အရက္သမား၊ ေလာင္းကစားသမား၊ ေၾကးစားလူမိုက္၊ ဓားျပဗိုလ္ ဘဝတို႔ျဖင့္ အကုသိုလ္ မ်ဳိးစံု က်ဴးလြန္ရင္း အစိုးရ အျပစ္ဒဏ္မ်ားလဲ က်ခံခဲ့ရသည္။ တစ္ေန႔ ဇနီးသည္ ဝယ္လာေသာ စာမတတ္သည့္ စြန္းလြန္း ဆရာေတာ္ဘုရားႀကီး အေၾကာင္း စာအုပ္ကို ရုပ္ပံုမ်ား ၾကည့္ရင္း သတိပဌာန္ ေလးပါးကို စာလံုးေပါင္း ဖတ္ၾကည့္ၿပီး ”သူေတာင္ ရဟႏၲာျဖစ္ရင္ ငါလဲ က်င့္ရင္ ျဖစ္မွာပဲ” ဟု တရားက်င့္လိုစိတ္ စတင္ ျဖစ္ေပၚခဲ့ပါသည္။ ေနာက္ဆံုးအႀကိမ္ ဓားျပတိုက္ ရာတြင္ ဦးေခါင္းကို ဓားခုတ္ခံရၿပီး သံေဝဂ အႀကီးအက်ယ္ ရခဲ့သည္။ ၇-ရက္အၾကာ ဒဏ္ရာ သက္သာေသာ အခါ စြန္းလြန္းစာအုပ္ ယူၿပီး ေမွာ္ဘီ ေႏွာကုန္းရြာ ေက်ာင္းေလးေက်ာင္း သိမ္ထဲတြင္ ၉-ပါးသီလ ခံယူကာ တံခါးပိတ္ၿပီး ”လူေသလွ်င္ေသ မေသလွ်င္ ကိေလသာေသ” ဟု ျပင္းျပေသာ စိတ္ျဖင့္ ဝင္ေလ ထြက္ေလ ႏွာသီးဖ်ား ထိသည္ကို သတိျဖင့္ မျပတ္ရႈမွတ္ပါေတာ့သည္။

ဆရာေတာ္ အေလာင္းလ်ာသည္ သံေ၀ဂရၿပီး ဇာတိခ်က္ေႂကြ ေမြးရပ္ေျမ ျဖစ္ေသာ ေက်ာင္းကေလး သိမ္အတြင္း၀ယ္ (၁၃၂၁) ခုႏွစ္၊ ေတာ္သလင္း လဆန္း (၆)ရက္၊ တနလာၤေန႔တြင္ စတင္၍ သတိပ႒ာန္ တရားကို မနားမေန က်င့္ၾကံပြားမ်ား အားထုတ္ခဲ့ရာ
၁၃၂၁ခုႏွစ္ ေတာ္သလင္း လဆန္း (၁၁)ရက္ စေနေန႔ မြန္းလြဲသာသာ အခ်ိန္တြင္ ပထမမဂ္ကို လည္းေကာင္း၊
၁၃၂၁ခုႏွစ္ သီတင္းကြ်တ္ လဆန္း (၉)ရက္ စေနေန႔၊ အမႀကီး ေဒၚဖြားစိန္၏ ၿခံ အုန္းႏွဲပင္ ေအာက္တြင္ ဒုတိယမဂ္ကို လည္းေကာင္း၊
၁၃၂၁ခုႏွစ္ တေပါင္း လျပည့္ေက်ာ္(၄)ရက္ အဂၤါေန႔ ညေန (၃)နာရီ အခ်ိန္ အုန္းႏွဲပင္ႏွင့္ မနီးမေ၀း အေနာက္ေျမာက္ အရပ္ေနရာ၌ တတိယမဂ္ ကိုလည္းေကာင္း ရ႐ွိေတာ္ မူပါသည္။
ဆရာေတာ္ အေလာင္းလ်ာသည္ တတိယမဂ္ကို ရၿပီးသည့္ အခ်ိန္ မွစ၍ ျဖဴနီေၾကာင္ၾကား အ၀တ္မ်ား ၀တ္ဆင္ျခင္းကို မျပဳေတာ့ဘဲ ပိတ္ျဖဴ အ၀တ္ကိ္ုသာ ၀တ္ဆင္ ပါေတာ့သည္။ အနာဂတ္ ကာလတြင္ ျဖစ္ေပၚလာမည့္ အာ႐ုံ နမိတ္ထူး မ်ားကိုလည္း ျမင္၍ ၾကိဳတင္ကာ မိန့္ႁမြက္ခဲ့သည္မွာ-
ေႏွာကုန္း ေက်း႐ြာ၏ အေရွ႕ဖက္ ပ်ဥ္ေထာင္တြင္း ကုန္းေျမ ေနရာတြင္ ၾကက္ပ်ံမက် စည္ကားေသာ ေက်ာင္းတိုက္ႀကီး ျဖစ္ေပၚ လာလိမ့္မည္။ဤ ေက်ာင္းတိုက္ႀကီးသည္ သာသနာ့ မ႑ိဳင္ႀကီး ျဖစ္ၿပီး လာေရာက္ ႏွီးေႏွာ ၾကလိမ့္မည္ ဟူေသာ စကားေတာ္မ်ား ျဖစ္ပါသည္။

ဆရာေတာ္ အေလာင္းလ်ာသည္ ပိတ္ျဖဴ၀တ္ႏွင့္ တစ္ႏွစ္မွ် ေနၿပီးေနာက္ ရဟန္း၀တ္ရန္ ၀န္ခံၿပီး ၁၃၂၂ခုႏွစ္ တေပါင္းလတြင္ မယ္ေတာ္ၾကီး ေဒၚမယ္အံ့ႏွင့္ ေမွာ္ဘီၿမိဳ႕ေန ဦးစုရ အမွဴးျပဳေသာ ဒါယိကာ၊ ဒါယိကာမမ်ား၏ ပစၥယာႏုဂၢဟကို ခံယူကာ ေႏွာကုန္းေက်း႐ြာ ခ႑ာသိမ္ေတာ္ အတြင္း၌ ေက်ာင္းၾကီး ဆရာေတာ္ ဘဒၵႏၱပညိႁႏၵိယကို ဥပဇၩာယ္ျပဳ၍ ျမင့္ျမတ္ေသာ အထက္တန္း ရဟန္းအျဖစ္ ရ႐ွိကာ ဦးဥကၠဌ ဟူေသာ ဘြဲ႕အမည္ကို ရေတာ္ မူခဲ့ပါသည္။

ရဟန္း ျဖစ္ခ်ိန္ မွစ၍ ဆရာေတာ္သည္ တရားကို မနားမေန ဆက္လက္ၿပီး ပြားမ်ား အားထုတ္ခဲ့ရာ ၁၃၂၃ခုႏွစ္ နယုန္ လျပည့္ေက်ာ္ (၂)ရက္ စေနေန႔ နံနက္ (၈:၀၀) နာရီႏွင့္ (၉:၀၀)နာရီ ၾကားအခ်ိ္န္တြင္ ေမွာ္ဘီၿမိဳ႕ ရဟန္းဒါယကာ ဦးစုရ ေနအိမ္တြင္ စတုတၳမဂ္ကိ္ု ရ႐ွိေတာ္ မူခဲ့ပါသည္။ စတင္ တရားအားထုတ္ခ်ိန္မွ တြက္ေသာ္ လေပါင္း- ၂၀ ႏွင့္၊ ရက္ေပါင္း ၁၃-ရက္ ၾကာခဲ့သည္။ ၁၃၂၃ခုႏွစ္ ၀ါဆိုလျပည့္ေန႔ ရန္ကုန္တိုင္း၊ ေမွာ္ဘီၿမိဳ႕နယ္ ေႏွာကုန္းေက်း႐ြာ၏ အေရွ႕ဖက္ ပ်ဥ္ေထာင္တြင္းကုန္းဟု ေရွ႕လူတို႔ ေခၚဆိုခဲ့ေသာ ေျမေနရာတြင္ သဲအင္းဂူ ၀ိပႆနာ ကမၼဌာန္း ေက်ာင္းတိုက္ႀကီးကို ေက်းဇူးရွင္ သဲအင္းဂူ ဆရာေတာ္ ဘုရားႀကီးမွ စတင္ တည္ေထာင္ေတာ္ မူခဲ့ပါသည္။

ဤသို႔ ေလးမဂ္ ေလးဖိုလ္ကို ရရွိေတာ္မူေသာ ေက်းဇူးေတာ္ရွင္ သဲအင္းဂူ ဆရာေတာ္ ဘုရားႀကီးသည္ သတၱ၀ါ ေ၀ေနယ် အေပါင္းတို႔ အေပၚ ေမတၱာ က႐ုဏာ၊ ေရွ႕႐ွဳ ကာျဖင့္ ျမန္မာျပည္ တ၀ွမ္း အနယ္နယ္ အရပ္ရပ္မွ ပင့္ေလွ်ာက္ လာေသာ ဒါယိကာ၊ ဒါယိကာမ အေပါင္းတို႔အား မိမိ သိျမင္ထားေသာ တရားမ်ားျဖင့္ သာမန္ သူူတို႔ နားလည္ႏိုင္ေသာ ျမန္မာစကား အသံုးအႏွဳန္းျဖင့္ မဂ္ေပါက္ ဖိုလ္၀င္ နိဗၺာန္ ျမင္သည့္ တုိင္ေအာင္ ေဟာၾကား ျပသေတာ္ မူခဲ့ပါသည္။ ဆရာေတာ္သည္ တပါးသူ၏ စိတ္ထဲတြင္ ၾကံစည္ေနေသာ အရာအားလံုးကို သိျမင္ႏိုင္ေၾကာင္း မိန္႔ေတာ္မူ ခဲ့ပါသည္။ အတိတ္ႏွင့္ အနာဂါတ္ကိုလည္း သိျမင္ပါသည္။ ေက်ာင္းတိုက္ႀကီး ျဖစ္ေပၚလာမည္။ “ေမွာ္ဘီသို႔ သြားေသာ ေပတစ္ရာ လမ္းမႀကီး ျဖစ္ေပၚလာမည္။ လွ်ပ္စစ္မီးေတြေရာက္ ရွိလာမည္” ဟု မိန္႔ေတာ္မူခဲ့ရာ ယေန႔ ျဖစ္ေပၚ ေနပါၿပီ။

ျမတ္စြာဘုရားရွင္ ကိုယ္ေတာ္ျမတ္ႀကီး၏ ပဋိပတိၱ သာသနာေတာ္ကို အသက္ႏွင့္ ခႏၶာ မငဲ့ၫႇာပဲ မနားမေန ႀကိဳးပမ္း ထမ္းေဆာင္ေတာ္ မူခဲ့ေသာ ေက်းဇူး ေတာ္ရွင္ သဲအင္းဂူ ဆရာေတာ္ႀကီးသည္ သက္ေတာ္ (၆၁) ႏွစ္ သိကၡာေတာ္ (၁၂)၀ါ သာသနာျပဳႏွစ္ (၁၁) ႏွစ္အရ ၁၃၃၅ ခုႏွစ္ ၀ါဆိုလဆန္း (၉)ရက္ တနဂၤေႏြေန႔ ညေန (၄:၄၅) နာရီ (၈.၇.၁၉၇၃ ) အခ်ိန္တြင္ ဘ၀ သံသရာ၀ဋ္ ဒုကၡ ခႏၶာဇာတ္ သိမ္း၍ အၿပီးတိုင္ ခ်ဳပ္ၿငိမ္းေတာ္ မူခဲ့ပါသည္။ မပုပ္မသိုးေသာ ရုပ္ကလပ္ေတာ္ကို ၃-ႏွစ္ အပူေဇာ္ခံထားၿပီး၊ ပတၱျမားလံုး အသြင္ မ်က္ရွင္ေတာ္ ႏွစ္ဆူႏွင့္ စြယ္ေတာ္တစ္ဆူ ထား႐ိွခဲ့ ပါသည္။

ဆရာေတာ္သည္ မရမေနစိတ္ျဖင့္ ႀကိဳးစားလွ်င္ မျဖစ္ႏိုင္တာ မရွိေၾကာင္း တရားလိုခ်င္ေသာ သဒၶါ တရားသာ အဓိက ျဖစ္ေၾကာင္း ျပသသြားခဲ့သည္။ လူဆိုးလူမိုက္ ဘဝမွ ဘုရားေပးေသာ အျမင့္ဆံုးဘြဲ႕ကို ရယူႏိုင္သည့္ အထိ ဘဝကို ေျပာင္းျပန္လွန္ ျပခဲ့သည္။ ေနာင္လာ ေနာက္သားမ်ား တရားခ်မ္းသာ ခံစားႏိုင္ေစရန္လဲ သဲအင္းဂူ ပဋိပတၱိ သာသနာကို အေမြေပးေတာ္မူခဲ့ ပါသည္။

သဲအင္းဂူဆရာေတာ္ – Myanmar Wikipedia
ဓမၼ၏အႏွစ္သာရမ်ား ( ၁၈၃ ) – Thet Tun

ဓားပြလူဆိုးကြီးဘ၀ မှ အမြင့်ဆုံးနေရာကိုတက်လှမ်းခဲ့သူ (သို့) သဲအင်းဂူဆရာတော်ဘုရားကြီး ရှုင်ဥက္ကဌရဲ့ဘ၀ဖြစ်စဉ် (unicode)

ကျေးဇူးတော်ရှင် သဲအင်းဂူ ဆရာတော် အလောင်း အလျာကို ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ နှောကုန်း ကျေးရွာနေ ဦးသော်တာ၊ ဒေါ်မယ်အံ့တို့မှ ၁၂၇၄ ခုနှစ်၊ တပေါင်းလဆန်း (၁၀)ရက်၊ တနင်္ဂနွေနေ့ နံနက် (၈:၀၀)နာရီ အချိန်တွင် မီးရှူးသန့်စင် ဖွားမြင် တော်မူပါသည်။ မွေးချင်း (၇)ယောက် ရှိသည်တွင် တတိယမြောက် သားရတနာ ဖြစ်ပါသည်။

ဆရာတော် အလောင်းလျာကို မိဘများမှ အသက်အရွယ် ငယ်စဉ်ကပင် ကျောင်းထား စာသင် စေခဲ့သော်လည်း စာပေပညာ ထူးချွန်စွာ တတ်မြောက်ခြင်း မရှိခဲ့ဘဲ မြန်မာစာ သင်ပုန်းကြီး အဆင့်ဖြင့် ဘုန်းကြီးကျောင်းမှ ကျောင်းထွက် ခဲ့ရပါသည်။ ဆရာတော် အလောင်း အလျာသည် အသက်(၁၅)နှစ် အရွယ်မှာ အိမ်ထောင်ကျခဲ့ပြီး အသက် (၄၅)နှစ် တိုင်အောင် ကောင်းဆိုး နှစ်ထွေ ရောပြွန်းသည့် လောကီဓမ္မ သဘာ၀ တရားများကို တွေ့ကြုံ ခံစား ခဲ့ရပါသည်။ အိမ်ထောင် ၄- ကြိမ် ပြုခဲ့သည်။ သားကျွေးမှု မယားကျွေးမှု အတွက် အသက် ၄၆-နှစ် အရွယ်အထိ အရက်သမား၊ လောင်းကစားသမား၊ ကြေးစားလူမိုက်၊ ဓားပြဗိုလ် ဘဝတို့ဖြင့် အကုသိုလ် မျိုးစုံ ကျူးလွန်ရင်း အစိုးရ အပြစ်ဒဏ်များလဲ ကျခံခဲ့ရသည်။ တစ်နေ့ ဇနီးသည် ဝယ်လာသော စာမတတ်သည့် စွန်းလွန်း ဆရာတော်ဘုရားကြီး အကြောင်း စာအုပ်ကို ရုပ်ပုံများ ကြည့်ရင်း သတိပဌာန် လေးပါးကို စာလုံးပေါင်း ဖတ်ကြည့်ပြီး ”သူတောင် ရဟန္တာဖြစ်ရင် ငါလဲ ကျင့်ရင် ဖြစ်မှာပဲ” ဟု တရားကျင့်လိုစိတ် စတင် ဖြစ်ပေါ်ခဲ့ပါသည်။ နောက်ဆုံးအကြိမ် ဓားပြတိုက် ရာတွင် ဦးခေါင်းကို ဓားခုတ်ခံရပြီး သံဝေဂ အကြီးအကျယ် ရခဲ့သည်။ ၇-ရက်အကြာ ဒဏ်ရာ သက်သာသော အခါ စွန်းလွန်းစာအုပ် ယူပြီး မှော်ဘီ နှောကုန်းရွာ ကျောင်းလေးကျောင်း သိမ်ထဲတွင် ၉-ပါးသီလ ခံယူကာ တံခါးပိတ်ပြီး ”လူသေလျှင်သေ မသေလျှင် ကိလေသာသေ” ဟု ပြင်းပြသော စိတ်ဖြင့် ဝင်လေ ထွက်လေ နှာသီးဖျား ထိသည်ကို သတိဖြင့် မပြတ်ရှုမှတ်ပါတော့သည်။

ဆရာတော် အလောင်းလျာသည် သံဝေဂရပြီး ဇာတိချက်ကြွေ မွေးရပ်မြေ ဖြစ်သော ကျောင်းကလေး သိမ်အတွင်းဝယ် (၁၃၂၁) ခုနှစ်၊ တော်သလင်း လဆန်း (၆)ရက်၊ တနလာၤနေ့တွင် စတင်၍ သတိပဋ္ဌာန် တရားကို မနားမနေ ကျင့်ကြံပွားများ အားထုတ်ခဲ့ရာ
၁၃၂၁ခုနှစ် တော်သလင်း လဆန်း (၁၁)ရက် စနေနေ့ မွန်းလွဲသာသာ အချိန်တွင် ပထမမဂ်ကို လည်းကောင်း၊
၁၃၂၁ခုနှစ် သီတင်းကျွတ် လဆန်း (၉)ရက် စနေနေ့၊ အမကြီး ဒေါ်ဖွားစိန်၏ ခြံ အုန်းနှဲပင် အောက်တွင် ဒုတိယမဂ်ကို လည်းကောင်း၊
၁၃၂၁ခုနှစ် တပေါင်း လပြည့်ကျော်(၄)ရက် အင်္ဂါနေ့ ညနေ (၃)နာရီ အချိန် အုန်းနှဲပင်နှင့် မနီးမဝေး အနောက်မြောက် အရပ်နေရာ၌ တတိယမဂ် ကိုလည်းကောင်း ရရှိတော် မူပါသည်။
ဆရာတော် အလောင်းလျာသည် တတိယမဂ်ကို ရပြီးသည့် အချိန် မှစ၍ ဖြူနီကြောင်ကြား အဝတ်များ ဝတ်ဆင်ခြင်းကို မပြုတော့ဘဲ ပိတ်ဖြူ အဝတ်က်ိုသာ ဝတ်ဆင် ပါတော့သည်။ အနာဂတ် ကာလတွင် ဖြစ်ပေါ်လာမည့် အာရုံ နမိတ်ထူး များကိုလည်း မြင်၍ ကြိုတင်ကာ မိန့်မြွက်ခဲ့သည်မှာ-
နှောကုန်း ကျေးရွာ၏ အရှေ့ဖက် ပျဉ်ထောင်တွင်း ကုန်းမြေ နေရာတွင် ကြက်ပျံမကျ စည်ကားသော ကျောင်းတိုက်ကြီး ဖြစ်ပေါ် လာလိမ့်မည်။ဤ ကျောင်းတိုက်ကြီးသည် သာသနာ့ မဏ္ဍိုင်ကြီး ဖြစ်ပြီး လာရောက် နှီးနှော ကြလိမ့်မည် ဟူသော စကားတော်များ ဖြစ်ပါသည်။

ဆရာတော် အလောင်းလျာသည် ပိတ်ဖြူဝတ်နှင့် တစ်နှစ်မျှ နေပြီးနောက် ရဟန်းဝတ်ရန် ဝန်ခံပြီး ၁၃၂၂ခုနှစ် တပေါင်းလတွင် မယ်တော်ကြီး ဒေါ်မယ်အံ့နှင့် မှော်ဘီမြို့နေ ဦးစုရ အမှူးပြုသော ဒါယိကာ၊ ဒါယိကာမများ၏ ပစ္စယာနုဂ္ဂဟကို ခံယူကာ နှောကုန်းကျေးရွာ ခဏ္ဍာသိမ်တော် အတွင်း၌ ကျောင်းကြီး ဆရာတော် ဘဒ္ဒန္တပညိန္ဒြိယကို ဥပဇ္ဈာယ်ပြု၍ မြင့်မြတ်သော အထက်တန်း ရဟန်းအဖြစ် ရရှိကာ ဦးဥက္ကဌ ဟူသော ဘွဲ့အမည်ကို ရတော် မူခဲ့ပါသည်။

ရဟန်း ဖြစ်ချိန် မှစ၍ ဆရာတော်သည် တရားကို မနားမနေ ဆက်လက်ပြီး ပွားများ အားထုတ်ခဲ့ရာ ၁၃၂၃ခုနှစ် နယုန် လပြည့်ကျော် (၂)ရက် စနေနေ့ နံနက် (၈:၀၀) နာရီနှင့် (၉:၀၀)နာရီ ကြားအခ်ျိန်တွင် မှော်ဘီမြို့ ရဟန်းဒါယကာ ဦးစုရ နေအိမ်တွင် စတုတ္ထမဂ်က်ို ရရှိတော် မူခဲ့ပါသည်။ စတင် တရားအားထုတ်ချိန်မှ တွက်သော် လပေါင်း- ၂၀ နှင့်၊ ရက်ပေါင်း ၁၃-ရက် ကြာခဲ့သည်။ ၁၃၂၃ခုနှစ် ဝါဆိုလပြည့်နေ့ ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ် နှောကုန်းကျေးရွာ၏ အရှေ့ဖက် ပျဉ်ထောင်တွင်းကုန်းဟု ရှေ့လူတို့ ခေါ်ဆိုခဲ့သော မြေနေရာတွင် သဲအင်းဂူ ဝိပဿနာ ကမ္မဌာန်း ကျောင်းတိုက်ကြီးကို ကျေးဇူးရှင် သဲအင်းဂူ ဆရာတော် ဘုရားကြီးမှ စတင် တည်ထောင်တော် မူခဲ့ပါသည်။

ဤသို့ လေးမဂ် လေးဖိုလ်ကို ရရှိတော်မူသော ကျေးဇူးတော်ရှင် သဲအင်းဂူ ဆရာတော် ဘုရားကြီးသည် သတ္တဝါ ဝေနေယျ အပေါင်းတို့ အပေါ် မေတ္တာ ကရုဏာ၊ ရှေ့ရှု ကာဖြင့် မြန်မာပြည် တဝှမ်း အနယ်နယ် အရပ်ရပ်မှ ပင့်လျှောက် လာသော ဒါယိကာ၊ ဒါယိကာမ အပေါင်းတို့အား မိမိ သိမြင်ထားသော တရားများဖြင့် သာမန် သူတို့ နားလည်နိုင်သော မြန်မာစကား အသုံးအနှုန်းဖြင့် မဂ်ပေါက် ဖိုလ်ဝင် နိဗ္ဗာန် မြင်သည့် တိုင်အောင် ဟောကြား ပြသတော် မူခဲ့ပါသည်။ ဆရာတော်သည် တပါးသူ၏ စိတ်ထဲတွင် ကြံစည်နေသော အရာအားလုံးကို သိမြင်နိုင်ကြောင်း မိန့်တော်မူ ခဲ့ပါသည်။ အတိတ်နှင့် အနာဂါတ်ကိုလည်း သိမြင်ပါသည်။ ကျောင်းတိုက်ကြီး ဖြစ်ပေါ်လာမည်။ “မှော်ဘီသို့ သွားသော ပေတစ်ရာ လမ်းမကြီး ဖြစ်ပေါ်လာမည်။ လျှပ်စစ်မီးတွေရောက် ရှိလာမည်” ဟု မိန့်တော်မူခဲ့ရာ ယနေ့ ဖြစ်ပေါ် နေပါပြီ။

မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီး၏ ပဋိပတ္တိ သာသနာတော်ကို အသက်နှင့် ခန္ဓာ မငဲ့ညှာပဲ မနားမနေ ကြိုးပမ်း ထမ်းဆောင်တော် မူခဲ့သော ကျေးဇူး တော်ရှင် သဲအင်းဂူ ဆရာတော်ကြီးသည် သက်တော် (၆၁) နှစ် သိက္ခာတော် (၁၂)ဝါ သာသနာပြုနှစ် (၁၁) နှစ်အရ ၁၃၃၅ ခုနှစ် ဝါဆိုလဆန်း (၉)ရက် တနင်္ဂနွေနေ့ ညနေ (၄:၄၅) နာရီ (၈.၇.၁၉၇၃ ) အချိန်တွင် ဘ၀ သံသရာဝဋ် ဒုက္ခ ခန္ဓာဇာတ် သိမ်း၍ အပြီးတိုင် ချုပ်ငြိမ်းတော် မူခဲ့ပါသည်။ မပုပ်မသိုးသော ရုပ်ကလပ်တော်ကို ၃-နှစ် အပူဇော်ခံထားပြီး၊ ပတ္တမြားလုံး အသွင် မျက်ရှင်တော် နှစ်ဆူနှင့် စွယ်တော်တစ်ဆူ ထားရှိခဲ့ ပါသည်။

ဆရာတော်သည် မရမနေစိတ်ဖြင့် ကြိုးစားလျှင် မဖြစ်နိုင်တာ မရှိကြောင်း တရားလိုချင်သော သဒ္ဓါ တရားသာ အဓိက ဖြစ်ကြောင်း ပြသသွားခဲ့သည်။ လူဆိုးလူမိုက် ဘဝမှ ဘုရားပေးသော အမြင့်ဆုံးဘွဲ့ကို ရယူနိုင်သည့် အထိ ဘဝကို ပြောင်းပြန်လှန် ပြခဲ့သည်။ နောင်လာ နောက်သားများ တရားချမ်းသာ ခံစားနိုင်စေရန်လဲ သဲအင်းဂူ ပဋိပတ္တိ သာသနာကို အမွေပေးတော်မူခဲ့ ပါသည်။

သဲအင်းဂူဆရာတော် – Myanmar Wikipedia
ဓမ္မ၏အနှစ်သာရများ ( ၁၈၃ ) – Thet Tun

Leave a Reply