တူရင္ၿမဳိ႕က ခရစ္ေတာ္ရဲ႕ ၀တ္ရုံေတာ္

Posted on

တူရင္ၿမဳိ႕က ၀တ္ရုံေတာ္(Shroud of Turin) ကမာၻေက်ာ္တဲ့အရာတစ္ခုျဖစ္ပါတယ္။ ခရစ္ယာန္ေတြရဲ႕ အေလးအျမတ္ထားရာ ပစၥည္းတစ္ခုလည္းျဖစ္ပါတယ္။ အေၾကာင္းကေတာ့ ဒီအ၀တ္စဟာ ေယရႈခရစ္ေတာ္ကုိ ရစ္ပတ္ကာ ဂူသြင္းခဲ့တဲ့အ၀တ္စလုိ႔ ယုံၾကည္ၾကတာေၾကာင့္ျဖစ္ပါတယ္။

အ၀တ္စရဲ႕ အရြယ္ကေတာ့ အလ်ား ၁၄ေပ၅လက္မ နဲ႔ အနံ ၃ေပ၇လက္မ ရွိပါတယ္။ ၀တ္ရုံေပၚမွာေတာ့ ဒါဏ္ရာရေနတဲ့ ေယာက်ၤားတစ္ဦးရဲ႕ ပုံသ႑ာန္ဟာ ထင္ထင္ရွားရွားေပၚေနပါတယ္။ ဒါဟာ ခရစ္ေတာ္ကုိ လက္၀ါးကပ္တုိင္မွာ ခ်ိတ္ဆြဲစဥ္က ရခဲ့တဲ့ဒါဏ္ရာေတြျဖစ္တယ္လုိ႔ ယူဆၾကပါတယ္။

မွတ္တမ္းမ်ားအရ ဒီ၀တ္ရုံေတာ္ကုိ ပထမဆုံးေတြ႔ခဲ့တာကေတာ့ ၁၃၅၃ နဲ႔ ၁၃၅၇ၾကား ျပင္သစ္ႏုိင္ငံ Lirey ဆုိတဲ့ၿမဳိ႕ငယ္ေလးက ဘုရားေက်ာင္းမွာပဲျဖစ္ပါတယ္။ ၁၅၇၈ ခုႏွစ္ကေန ၁၉၈၃ခုႏွစ္အထိ အီတလီေတာ္၀င္မိသားစု House of Savoy က ပုိင္ဆုိင္ခဲ့ပါတယ္။ ၁၅၃၂ ခုႏွစ္တုန္းကေတာ ၀တ္ရုံေတာ္ထားတဲ့ ဘုရားေက်ာင္းမီးေလာင္ခဲ့တဲ့အတြက္ ထိခုိက္ခဲ့တာေၾကာင့္ ျပန္လည္ျပင္ဆင္္ခဲ့ရပါေသးတယ္။

အဲဒီေနာက္ေတာ့ ၀တ္ရုံေတာ္ဟာ တူရင္ၿမဳိ႕ Saint John ဘုရားေက်ာင္းကိုေရာက္လာခဲ့တာပဲျဖစ္ပါတယ္။ ၀တ္ရုံေတာ္ကုိ အနီေရာင္ပုိးထည္စျဖင့္ရစ္ပတ္ထားၿပီး အလြန္မာေၾကာခုိင္ခန္႔တဲ့ ေငြေသတၱာႀကီးတစ္ခုအတြင္းမွာ ထည့္သြင္းထိမ္းသိမ္းထားပါတယ္။

၀တ္ရုံေတာ္ဟာ ခရစ္ေတာ္ကုိ ပတ္ခဲ့တယ္ဆုိတဲ့အခ်က္ကို ေထာက္ခံတဲ့အခ်က္မ်ားစြာဟာ ၀တ္ရုံေတာ္ေပၚမွာရွိခဲ့ပါတယ္။ ဒါေတြကေတာ့ ၀တ္ရုံမွာေသြးစြန္းေပေနၿပီး  ဒါဏ္ရာဒါဏ္ခ်က္အေတာ္မ်ားမ်ားကလည္း ခရစ္ေတာ္ကုိ လက္၀ါးကပ္တုိင္မွာတင္ခဲ့စဥ္ကနဲ႔ တူညီေနလုိ႔ပဲျဖစ္ပါတယ္။ လက္ဖ်ံကဒါဏ္ရာ လက္ေကာက္၀တ္ေနရာ ကအေပါက္ျဖစ္ေနတာဟာ လက္၀ါးကပ္တုိင္မွာ ခ်ိတ္ဆြဲစဥ္က သံနဲ႔ရုိက္ထားခဲ့လုိ႔ လုိ႔ဆုိၾကပါတယ္။

ဒါဏ္ရာမ်ား ေသြးကြက္မ်ားကေတာ့ ေရာမစစ္သားမ်ားထုိးခဲ့တဲ့ လွံခ်က္ေတြျဖစ္တယ္လုိ႔ ယုံၾကည္ေနၾကပါတယ္။ အထူးျခားဆုံးအခ်က္မွာ ၀တ္ရုံေတာ္ေပၚမွာေပၚေနတဲ့ ပုံရိပ္ျဖစ္ပါတယ္။ သိပၸံနဲ႔ သုေတသနပညာရွင္မ်ားကေတာ့ ဒါဟာ အပူ ႏွင့္ အလင္း ထိေတြ႔မိေၾကာင့္ျဖစ္လာတဲ့ပုံရိပ္လုိ႔ ထင္ၾကၿပီး စမ္းသပ္ခဲ့ၾကေပမယ့္ ၀တ္ရုံေတာ္ေပၚက ပုံရိပ္ကုိေတာ့ ဖန္တီးႏုိင္စြမ္းမရွိခဲ့ပါေခ်။

ဒီ၀တ္ရုံေတာ္ဟာ ေခတ္အဆက္ဆက္ သိပၸံပညာရွင္မ်ားရဲ႕ စစ္ေဆးမႈကုိ ခံရတဲ့၀တ္ရုံေတာ္လည္းျဖစ္ပါတယ္။ အခ်ဳိ႕ကေတာ့ အ၀တ္စေပၚက ပုံရိပ္ဟာ ပန္းခ်ီလုိ႔ဆုိၾကေပမယ့္ သိပၸံပညာရွင္မ်ားကုိယ္တုိင္ လက္ခံျခင္း မရွိခဲ့ပါ။ ေသြးစြန္းေနတဲ့ဒါဏ္ရာမ်ား ၊ ၾကာပြတ္ရုိက္ရာမ်ားက ထပ္တူအေသးစိတ္လွတာေၾကာင့္ ပန္းခ်ီဆြဲဖုိ႔မျဖစ္ႏုိင္ဟူေသာ အခ်က္နဲ႔ ဒီသီအုိရီကုိ ျငင္းခဲ့ၾကပါတယ္။

၀တ္ရုံေတာ္ဟာ ခရစ္ေတာ္ကို ပတ္ခဲ့တဲ့၀တ္ရုံေတာ္အစစ္ဆုိတာ ယုံၾကည္သူမ်ားရွိသလုိ မယုံၾကည္သူမ်ားလည္းရွိပါတယ္။ ခရစ္ေတာ္ရွိစဥ္ကာလက အ၀တ္အထည္မ်ားယက္လုပ္ရာတြင္ ႏွစ္ႀကဳိးသြားစနစ္နဲ႔ ယက္လုပ္ေသာ္လည္း ခရစ္ေတာ္ရဲ႕အ၀တ္စမွာ ကြမ္းရုိးစင္း လိမ္ယွက္၍ ယက္ထားသည္ကတစ္ခ်က္ ၊ ခ်ည္မွ်င္ကြ်မ္းက်င္သူမ်ားကလည္း ယခုအ၀တ္စမွာ ခရစ္ေတာ္ရွိစဥ္ကာလထက္ ႏွစ္ေပါင္း ၁၀၀၀ခန္႔ ေနာက္က်ၿပီးမွသာ ေပၚေပါက္လာခဲ့ေသာ အ၀တ္စျဖစ္တယ္လုိ႔ ဆုိတာက  တစ္ခ်က္ စတဲ့အခ်က္မ်ားနဲ႔ ျငင္းခ်က္ထုတ္ၾကတာပဲျဖစ္ပါတယ္။

ယုံၾကည္သူမ်ားကေတာ့ ယင္းအခ်က္မ်ားကို လုံး၀လက္ခံျခင္းမရွိခဲ့ပါ။ ယင္း၀တ္ရုံေတာ္သည္ ဘုရားသခင္၏ ျမင့္ျမတ္ေသာ သေကၤတျဖစ္သည္ ဟု ယုံၾကည္ၾကၿပီး ပုပ္ရဟန္းမင္းႀကီးအစဥ္အဆက္ သြားေရာက္ဂါရ၀ျပဳေလ့ရွိပါတယ္။ ခရစ္၀င္က်မ္း၏ ေၾကးမုံပုံရိပ္ေတာ္လုိ႔ အထြတ္အျမတ္ထား သတ္မွတ္ထားေသာ အရာလည္းျဖစ္ပါတယ္။

၀တ္ရုံေတာ္ဟာ တကယ္ပဲ ခရစ္ေတာ္ရဲ႕၀တ္ရုံေတာ္လား ၊ ဒါမွမဟုတ္ အျခားသူတစ္ဦးဦးရဲ႕၀တ္ရုံေတာ္လား ၊ ဖန္တီးထားျခင္းလား ဆုိတာကေတာ့ ပေဟဠိတစ္ခုအျဖစ္ က်န္ရွိေနဦးမွာျဖစ္ပါတယ္။


အားလုံးသိချင်နေကြတဲ့ တူရင်မြို့က ဝတ်ရုံတော် (Shroud of Turin) အကြောင်း (unicode)

တူရင်မြို့က ဝတ်ရုံတော်(Shroud of Turin) ကမ္ဘာကျော်တဲ့အရာတစ်ခုဖြစ်ပါတယ်။ ခရစ်ယာန်တွေရဲ့ အလေးအမြတ်ထားရာ ပစ္စည်းတစ်ခုလည်းဖြစ်ပါတယ်။ အကြောင်းကတော့ ဒီအဝတ်စဟာ ယေရှုခရစ်တော်ကို ရစ်ပတ်ကာ ဂူသွင်းခဲ့တဲ့အဝတ်စလို့ ယုံကြည်ကြတာကြောင့်ဖြစ်ပါတယ်။ အဝတ်စရဲ့ အရွယ်ကတော့ အလျား ၁၄ပေ၅လက်မ နဲ့ အနံ ၃ပေ၇လက်မ ရှိပါတယ်။ ဝတ်ရုံပေါ်မှာတော့ ဒါဏ်ရာရနေတဲ့ ယောင်္ကျားတစ်ဦးရဲ့ ပုံသဏ္ဍာန်ဟာ ထင်ထင်ရှားရှားပေါ်နေပါတယ်။ ဒါဟာ ခရစ်တော်ကို လက်ဝါးကပ်တိုင်မှာ ချိတ်ဆွဲစဉ်က ရခဲ့တဲ့ဒါဏ်ရာတွေဖြစ်တယ်လို့ ယူဆကြပါတယ်။

မှတ်တမ်းများအရ ဒီဝတ်ရုံတော်ကို ပထမဆုံးတွေ့ခဲ့တာကတော့ ၁၃၅၃ နဲ့ ၁၃၅၇ကြား ပြင်သစ်နိုင်ငံ Lirey ဆိုတဲ့မြို့ငယ်လေးက ဘုရားကျောင်းမှာပဲဖြစ်ပါတယ်။ ၁၅၇၈ ခုနှစ်ကနေ ၁၉၈၃ခုနှစ်အထိ အီတလီတော်ဝင်မိသားစု House of Savoy က ပိုင်ဆိုင်ခဲ့ပါတယ်။ ၁၅၃၂ ခုနှစ်တုန်းကတော ဝတ်ရုံတော်ထားတဲ့ ဘုရားကျောင်းမီးလောင်ခဲ့တဲ့အတွက် ထိခိုက်ခဲ့တာကြောင့် ပြန်လည်ပြင်ဆင်ခဲ့ရပါသေးတယ်။ အဲဒီနောက်တော့ ဝတ်ရုံတော်ဟာ တူရင်မြို့ Saint John ဘုရားကျောင်းကိုရောက်လာခဲ့တာပဲဖြစ်ပါတယ်။ ဝတ်ရုံတော်ကို အနီရောင်ပိုးထည်စဖြင့်ရစ်ပတ်ထားပြီး အလွန်မာကြောခိုင်ခန့်တဲ့ ငွေသေတ္တာကြီးတစ်ခုအတွင်းမှာ ထည့်သွင်းထိမ်းသိမ်းထားပါတယ်။

ဝတ်ရုံတော်ဟာ ခရစ်တော်ကို ပတ်ခဲ့တယ်ဆိုတဲ့အချက်ကို ထောက်ခံတဲ့အချက်များစွာဟာ ဝတ်ရုံတော်ပေါ်မှာရှိခဲ့ပါတယ်။ ဒါတွေကတော့ ဝတ်ရုံမှာသွေးစွန်းပေနေပြီး  ဒါဏ်ရာဒါဏ်ချက်အတော်များများကလည်း ခရစ်တော်ကို လက်ဝါးကပ်တိုင်မှာတင်ခဲ့စဉ်ကနဲ့ တူညီနေလို့ပဲဖြစ်ပါတယ်။ လက်ဖျံကဒါဏ်ရာ လက်ကောက်ဝတ်နေရာ ကအပေါက်ဖြစ်နေတာဟာ လက်ဝါးကပ်တိုင်မှာ ချိတ်ဆွဲစဉ်က သံနဲ့ရိုက်ထားခဲ့လို့ လို့ဆိုကြပါတယ်။ ဒါဏ်ရာများ သွေးကွက်များကတော့ ရောမစစ်သားများထိုးခဲ့တဲ့ လှံချက်တွေဖြစ်တယ်လို့ ယုံကြည်နေကြပါတယ်။ အထူးခြားဆုံးအချက်မှာ ဝတ်ရုံတော်ပေါ်မှာပေါ်နေတဲ့ ပုံရိပ်ဖြစ်ပါတယ်။ သိပ္ပံနဲ့ သုတေသနပညာရှင်များကတော့ ဒါဟာ အပူ နှင့် အလင်း ထိတွေ့မိကြောင့်ဖြစ်လာတဲ့ပုံရိပ်လို့ ထင်ကြပြီး စမ်းသပ်ခဲ့ကြပေမယ့် ဝတ်ရုံတော်ပေါ်က ပုံရိပ်ကိုတော့ ဖန်တီးနိုင်စွမ်းမရှိခဲ့ပါချေ။ ဒီဝတ်ရုံတော်ဟာ ခေတ်အဆက်ဆက် သိပ္ပံပညာရှင်များရဲ့ စစ်ဆေးမှုကို ခံရတဲ့ဝတ်ရုံတော်လည်းဖြစ်ပါတယ်။ အချို့ကတော့ အဝတ်စပေါ်က ပုံရိပ်ဟာ ပန်းချီလို့ဆိုကြပေမယ့် သိပ္ပံပညာရှင်များကိုယ်တိုင် လက်ခံခြင်း မရှိခဲ့ပါ။ သွေးစွန်းနေတဲ့ဒါဏ်ရာများ ၊ ကြာပွတ်ရိုက်ရာများက ထပ်တူအသေးစိတ်လှတာကြောင့် ပန်းချီဆွဲဖို့မဖြစ်နိုင်ဟူသော အချက်နဲ့ ဒီသီအိုရီကို ငြင်းခဲ့ကြပါတယ်။

ဝတ်ရုံတော်ဟာ ခရစ်တော်ကို ပတ်ခဲ့တဲ့ဝတ်ရုံတော်အစစ်ဆိုတာ ယုံကြည်သူများရှိသလို မယုံကြည်သူများလည်းရှိပါတယ်။ ခရစ်တော်ရှိစဉ်ကာလက အဝတ်အထည်များယက်လုပ်ရာတွင် နှစ်ကြိုးသွားစနစ်နဲ့ ယက်လုပ်သော်လည်း ခရစ်တော်ရဲ့အဝတ်စမှာ ကွမ်းရိုးစင်း လိမ်ယှက်၍ ယက်ထားသည်ကတစ်ချက် ၊ ချည်မျှင်ကျွမ်းကျင်သူများကလည်း ယခုအဝတ်စမှာ ခရစ်တော်ရှိစဉ်ကာလထက် နှစ်ပေါင်း ၁၀၀ဝခန့် နောက်ကျပြီးမှသာ ပေါ်ပေါက်လာခဲ့သော အဝတ်စဖြစ်တယ်လို့ ဆိုတာက  တစ်ချက် စတဲ့အချက်များနဲ့ ငြင်းချက်ထုတ်ကြတာပဲဖြစ်ပါတယ်။ ယုံကြည်သူများကတော့ ယင်းအချက်များကို လုံးဝလက်ခံခြင်းမရှိခဲ့ပါ။ ယင်းဝတ်ရုံတော်သည် ဘုရားသခင်၏ မြင့်မြတ်သော သင်္ကေတဖြစ်သည် ဟု ယုံကြည်ကြပြီး ပုပ်ရဟန်းမင်းကြီးအစဉ်အဆက် သွားရောက်ဂါရ၀ပြုလေ့ရှိပါတယ်။ ခရစ်ဝင်ကျမ်း၏ ကြေးမုံပုံရိပ်တော်လို့ အထွတ်အမြတ်ထား သတ်မှတ်ထားသော အရာလည်းဖြစ်ပါတယ်။ ဝတ်ရုံတော်ဟာ တကယ်ပဲ ခရစ်တော်ရဲ့ဝတ်ရုံတော်လား ၊ ဒါမှမဟုတ် အခြားသူတစ်ဦးဦးရဲ့ဝတ်ရုံတော်လား ၊ ဖန်တီးထားခြင်းလား ဆိုတာကတော့ ပဟေဠိတစ်ခုအဖြစ် ကျန်ရှိနေဦးမှာဖြစ်ပါတယ်။

 

Leave a Reply