မီးေတာင္ေပါက္ကြဲမႈေၾကာင့္ ေပ်ာက္ဆုံးသြားခဲ့ရတဲ့ၿမဳိ႕ (သုိ႔) ပြန္ေပၿမဳိ႕

Posted on

ပြန္ေပဟာ ေရွးေဟာင္းေရာမၿမဳိ႕တစ္ၿမဳိ႕ျဖစ္ၿပီး အီတလီႏုိိင္ငံ ေနပယ္လ္ၿမဳိ႕အနီးမွာ ရွိခဲ့ပါတယ္။ ဒီၿမဳိ႕ကုိ ဘီစီ ၇ ရာစုခန္႔က Oscan လူမ်ဳိးေတြကတည္ေထာင္ခဲ့တာျဖစ္ၿပီး ဘီစီ ၄ ရာစု ၀န္းက်င္မွာေတာ့ ေရာမအင္ပါယာလက္ေအာက္ကုိ က်ေရာက္ခဲ့ပါတယ္။ ပြန္ေပၿမဳိ႕ရဲ႕အနီး ၅မိုင္အကြာမွာ လွပတဲ့ Vesuvius မီးေတာင္ႀကီးရွိပါတယ္။ ေရာမလူခ်မ္းသာေတြဟာ လွပတဲ့မီးေတာင္ႀကီးနဲ႔ ေနပယ္လ္ပင္လယ္ေအာ္ရဲ႕ သဘာ၀ရႈခင္းေတြကိုၾကည့္ဖုိ႔ ဒီၿမဳိ႕မွာ လာေရာက္အပန္းေျဖေလ့ရွိပါတယ္။ လွပတဲ့ေႏြရာသီစံအိမ္ေတြ ၊ အပန္းေျဖစခန္းေတြရွိၿပီး လူကုန္ထံအခ်ဳိ႕ဟာ ေရတံခြန္ေတြကုိ အိမ္မွာတည္ေဆာက္ထားတဲ့အထိ ခ်မ္းသာၾကပါတယ္။ ဒါအျပင္ လူ ၂၀၀၀၀အတြက္ လုံေလာက္ႀကီးမားတဲ့ ဇာတ္ရုံႀကီးတစ္ခုလည္းရွိပါတယ္။ ဒီၿမဳိ႕ကလူေတြခ်မ္းသာရတဲ့အေၾကာင္းကေတာ့ ေရွးႏွစ္ေပါင္းမ်ားစြာက မီးေတာင္ေပါက္ကြဲမႈ ေခ်ာ္ေျမေတြေၾကာင့္ ေျမၾသဇာအလြန္ေကာင္းတဲ့စုိက္ပ်ဳိးေျမေတြကုိ ပုိင္ဆုိင္ထားၾကလုိ႔ျဖစ္ပါတယ္။

ေအဒီ ၆၂ခု မွာ ႀကီးမားတဲ့ငလွ်င္လႈပ္ခတ္ခဲ့တာေၾကာင့္ အေဆာက္အဦးအခ်ဳိ႕ပ်က္စီးခဲ့ရပါတယ္။ ဒါေပမယ့္ အခ်ိန္ပုိင္းအတြင္းမွာ ျပန္လည္တည္ေဆာက္ျပဳျပင္ႏုိင္ခဲ့ပါတယ္။ ဒါေပမယ့္ ေအဒီ ၇၉ခု ၾသဂုတ္လ ၂၄ရက္ေန႔မွာေတာ့ တစ္ၿမဳိ႕လုံးကိုေပ်ာက္ကြယ္ေစမယ့္ ၾကမၼာဆုိးနဲ႔ ႀကဳံေတြ႔ရပါေတာ့တယ္။ ဒါကေတာ့ ပြန္ေပၿမဳိ႕အနီးက အလြန္လွပပါတယ္ ဆုိတဲ့ Vesuvius မီးေတာင္ႀကီးေပါက္ကြဲမႈပါ။ Vesuvius မီးေတာင္ႀကီးဟာ ႏွစ္ေပါင္း ၁၈၀၀အတြင္း တစ္ခါမွ မေပါက္ကြဲခဲ့ဖူးတာေၾကာင့္ ေရွးေရာမေတြဟာ ဒီေတာင္ကို သာမန္ေတာင္တစ္ခုအျဖစ္သာ ထင္ခဲ့ၾကပါတယ္။

တကယ္ေတာ့ ကမာၻ႔အႏၱရာယ္အရွိဆုံး မီးေတာင္ရွင္တစ္ခုျဖစ္တဲ့ ဒီမီးေတာင္ႀကီးဟာ အႀကိမ္ေပါင္း ၅၀ ေပါက္ကြဲခဲ့ဖူးၿပီး ေအဒီ ၇၉ မွာေပါက္ခဲ့တဲ့ ေပါက္ကြဲမႈကေတာ့ သမုိင္းတြင္ခဲ့တဲ့ အျပင္းထန္ဆုံး ေပါက္ကြဲမႈပါပဲ။ မီးေတာင္ေပါက္ကြဲမႈေၾကာင့္ လူေပါင္း ၂၀၀၀ ေက်ာ္ဟာ လွ်ပ္တျပက္ေသဆုံးခဲ့ရၿပီး ပြန္ေပၿမဳိ႕ဟာလည္းမီးေတာင္ျပာေတြရဲ႕ေပ ၂၀ခန္႔မွာ နစ္ျမဳပ္သြားပါေတာ့တယ္။ ဒ႑ာရီေတြထဲမွာေတာ့ ပြန္ေပၿမဳိ႕စားႀကီးဟာ မီးနတ္ဘုရားကိုေစာ္ကားခဲ့တဲ့အတြက္ ၿမဳိ႕စားႀကီးနဲ႔ ၿမဳိ႕သူၿမဳိ႕သားအားလုံးကုိ မီးနတ္ဘုရားေတြက ဒဏ္ခတ္လုိက္တာလုိ႔ ဆုိပါတယ္။ တုိက္ဆုိင္စြာပဲ မီးေတာင္ႀကီးေပါက္ကြဲမႈဟာ ေရာမေတြရဲ႕မီးနတ္ဘုရားပူေဇာ္ပြဲၿပီးတဲ့ ေနာက္တစ္ရက္မွာ ျဖစ္ခဲ့တာပါ။(အက်ဥ္းေျပာရရင္ ၿမဳိ႕စားႀကီးဟာ မီးနတ္ဘုရားပူေဇာ္ပြဲကုိ ဦးေဆာင္က်င္းပသူ ျဖစ္ေပမယ့္ အစည္းအေ၀းလုပ္ေနရတဲ့အတြက္ ပြဲမွာမပါ၀င္ခဲ့ႏုိင္ပါဘူး။ အစည္းအေ၀းကလည္း အေခ်အတင္ေတြျဖစ္ၿပီး အဆင္မေျပတာေၾကာင့္ ပြဲေတာ္ၿပီးခါနီးမွပဲ ၿပီးဆုံးခဲ့ပါတယ္။ ဒါေၾကာင့္သူဟာ ပြဲေတာ္မွာ ပါ၀င္ဆင္ႏြဲခြင့္မရခဲ့ပါဘူး။ သူ႔ကုိ ဒီလုိပါ၀င္ခြင့္မရေအာင္လုပ္ခဲ့တဲ့အတြက္ မီးနတ္ဘုရားကို ၾကမ္းတမ္းတဲ့စကားေတြနဲ႔ အျပစ္တင္ခဲ့ပါတယ္။ ဒီမွာတင္ မီးနတ္ဘုရားက ေပၚလာၿပီး သင့္ရဲ႕ရုိင္းျပတဲ့အျပဳအမႈ အေျပာအဆုိေတြေၾကာင့္ သင္နဲ႔ သင့္ၿမဳိ႕သူၿမဳိ႕သားေတြကုိ ဒါဏ္ခတ္ရမယ္ ဆုိၿပီးေျပာဆုိပါတယ္။ အဲဒီေနာက္ေတာ့ မီးေတာင္ကိုေပါက္ကြဲေစၿပီး ပြန္ေပၿမဳိ႕ကိုပ်က္စီးေစပါေတာ့တယ္။ ဒါက ဒ႑ာရီအရပါ)

မီးေတာင္မေပါက္ကြဲခင္ ရက္အနည္းငယ္အလုိတည္းက ပြန္ေပၿမဳိ႕မွာ နိမိတ္ျပတဲ့အျဖစ္အပ်က္ေတြျဖစ္ခဲ့ပါတယ္။ ဒါေတြကေတာ့ ငလွ်င္ငယ္မ်ား မၾကာခဏလႈပ္ျခင္း ၊ ကန္မ်ား ၊ စမ္းေခ်ာင္းမ်ား ခမ္းေျခာက္ျခင္း ၊ ေရထဲတြင္ ငါးအမ်ားအျပား ေပါေလာေပၚကာေသဆုံးျခင္း ၊ အပင္မ်ား အလုိလုိေသဆုံးျခင္း စသည့္အခ်က္မ်ားျဖစ္ပါတယ္။ ဒီအျဖစ္ေတြကုိ စုိးထိတ္တဲ့သူေတြကေတာ့ ပြႏ္ေပကို အလွ်င္အျမန္ပင္ စြန္႔ခြာခဲ့ပါတယ္။ ဒီအျဖစ္ေတြကို မေတာ္တဆျဖစ္တာပါဆုိၿပီး လူအခ်ဳိ႕ကေတာ့ ပြန္ေပမွာပဲ ေအးေအးေဆးေဆး ဆက္ေနခဲ့ပါတယ္။ ဒါေၾကာင့္လည္း တကယ္မီးေတာင္ေပါက္တဲ့အခါမွာ ေရွာင္ခ်ိန္မရေတာ့တာပါ။ မီးေတာင္ေပါက္ကြဲမႈကို မျမင္ဖူးတာေၾကာင့္လည္း ဒီေလာက္ဆုိးဆုိးရြားရြား မျဖစ္ႏုိင္ဖူးလုိ႔ ထင္ထားၾကပုံပါ။ ေပါက္ကြဲမႈကလည္း သမုိင္းတေလွ်ာက္ အဆုိး၀ါးဆုံးမီးေတာင္ေပါက္ကြဲမႈေတြထဲက တစ္ခုျဖစ္ခဲ့ပါတယ္။ မီးေတာင္ေပါက္ကြဲမႈေၾကာင့္ မီးေတာင္ေက်ာက္ေတြဟာ မုိင္ေပါင္း ၂၇မုိင္ခန္႔အျမင့္အထိ ထုိးတက္ၿပီးလြင့္စင္ပါတယ္။ ေပါက္ကြဲမႈျပင္းအားကလည္း ဟီႏုိရွီးမားအႏုျမဴဗုံးေပါက္ကြဲမႈထက္ အဆတစ္သိန္းပုိျပင္းတယ္လုိ႔ ဆုိၾကပါတယ္။ အပူခ်ိန္ ၁၀၀၀ဒီဂရီခန္႔ရွိတဲ့အပူလႈိင္း နဲ႔ မီးေတာင္ေခ်ာ္ရည္မ်ားဟာ ခဏတြင္းမွာပဲ ၿမဳိ႕ကုိ ဖုံးလႊမ္းသြားပါတယ္။ အဲဒီေနာက္ေတာ့ ပြန္ေပၿမဳိ႕ႀကီးက လူေပါင္းအေဆာက္အအုံေပါင္းမ်ားစြာဟာ ျပာေျမရဲ႕ေအာက္ ၁၃ေပကေန ၂၀ေပ အနက္မွာ ရာစုႏွစ္ေပါင္းမ်ားစြာ လဲေလွ်ာင္းေနပါေတာ့တယ္။

ေပ်ာက္ဆုံးၿမဳိ႕ေတာ္ပြန္ေပကို ၁၅၉၉ ခုႏွစ္မွာ ပညာရွင္ေတြက စၿပီး သတိထားမိၾကပါတယ္။ ဒါေပမယ့္ ခ်က္ခ်င္းရွာေဖြေဖာ္ထုတ္လုိ႔မရေသးပဲ ႏွစ္ေပါင္း ၁၅၀ခန္႔အၾကာ ၁၇၄၈ခုႏွစ္မွာမွ စပိန္အင္ဂ်င္နီယာ Rocque Joaquin de Alcubierre က ရွာေဖြေဖာ္ထုတ္ ႏုိင္ခဲ့ပါတယ္။ တူးေဖာ္ၿပီးတဲ့ေနာက္မွာေတာ့ ပြန္ေပၿမဳိ႕ႀကီးကုိ ပုံစံမပ်က္ပဲ ေတြ႔ရပါတယ္။ ေတြ႔ရွိရသမွ် လူမ်ား တိရစာၦန္မ်ားမွာ အဂၤေတကုိင္ထားသကဲ့သုိ႔ ျဖစ္ေနပါတယ္။ တခ်ဳိ႕ကေတာ့ ႏွစ္ဦး သုံးဦး ဖက္လ်က္သား ၊ တခ်ဳိ႕ကေတာ့ အရာ၀ထၳဳမ်ားကို ဆုပ္ကုိင္ရင္းနဲ႔ ေသဆုံးေနၾကတာပါ။ အဲဒီအခ်ိန္က သူတုိ႔ရဲ႕မည္မွ်ေၾကာက္လန္႔ေနေၾကာင္းကို ေဖာ္ျပေနသလုိပါ။ အဲဒီေခတ္ကအသုံးအေဆာင္ေတြသာ မက ေပါင္မုန္႔ ၊ သစ္သီး စတဲ့စားစရာေတြကုိပါ တူးေဖာ္ရရွိခဲ့တာေၾကာင့္ ေရွးေခတ္လူေတြရဲ႕ ယဥ္ေက်းမႈတခ်ဳိ႕ကုိေႏွာင္းလူတုိ႔ ေလ့လာဖုိ႔ခ်န္ရစ္ခဲ့သလုိပါ။ ပြန္ေပၿမဳိ႕ေဟာင္းကုိ ႏွစ္ေပါင္း ၂၅၀အတြင္း ကမာၻလွည့္ခရီးသြား သန္းေပါင္းမ်ားစြာ ေလ့လာလည္ပတ္ခဲ့ၾကပါတယ္။ ယူနက္စကုိကလည္း ၁၉၉၇ခုႏွစ္မွာ ကမာၻ႔အေမြအႏွစ္တစ္ခုအျဖစ္ ထိမ္းသိမ္းထားသလုိ လက္ရွိမွာလည္း ႏွစ္စဥ္ ကမာၻလွည့္ခရီးသြားေပါင္း ၂.၆သန္းေက်ာ္ လာေလ့ရွိတဲ့ေနရာပါ။ Vesuvius မီးေတာင္ႀကီးကေတာ့ ၁၉၄၄ခုႏွစ္အထိ အႀကိမ္ေပါင္းမ်ားစြာ အေသးစားေပါက္ကြဲမႈေတြျဖစ္ခဲ့ၿပီး ယခုထက္တုိင္ေအာင္အသက္၀င္ေနတာေၾကာင့္ ပြႏ္ေပၿမဳိ႕ေဟာင္းဟာ ခရီးသြားေတြအတြက္ အႏၱရာယ္ရွိတဲ့ေနရာဆုိရင္လည္း မွားႏုိင္မည္မဟုတ္ပါေခ်။


မီးတောင်ပေါက်ကွဲမှုကြောင့် ပျောက်ဆုံးသွားခဲ့ရတဲ့မြို့ (သို့) ပွန်ပေမြို့ (unicode)

ပွန်ပေဟာ ရှေးဟောင်းရောမမြို့တစ်မြို့ဖြစ်ပြီး အီတလီနိုင်ငံ နေပယ်လ်မြို့အနီးမှာ ရှိခဲ့ပါတယ်။ ဒီမြို့ကို ဘီစီ ၇ ရာစုခန့်က Oscan လူမျိုးတွေကတည်ထောင်ခဲ့တာဖြစ်ပြီး ဘီစီ ၄ ရာစု ဝန်းကျင်မှာတော့ ရောမအင်ပါယာလက်အောက်ကို ကျရောက်ခဲ့ပါတယ်။ ပွန်ပေမြို့ရဲ့အနီး ၅မိုင်အကွာမှာ လှပတဲ့ Vesuvius မီးတောင်ကြီးရှိပါတယ်။ ရောမလူချမ်းသာတွေဟာ လှပတဲ့မီးတောင်ကြီးနဲ့ နေပယ်လ်ပင်လယ်အော်ရဲ့ သဘာဝရှုခင်းတွေကိုကြည့်ဖို့ ဒီမြို့မှာ လာရောက်အပန်းဖြေလေ့ရှိပါတယ်။ လှပတဲ့နွေရာသီစံအိမ်တွေ ၊ အပန်းဖြေစခန်းတွေရှိပြီး လူကုန်ထံအချို့ဟာ ရေတံခွန်တွေကို အိမ်မှာတည်ဆောက်ထားတဲ့အထိ ချမ်းသာကြပါတယ်။ ဒါအပြင် လူ ၂၀၀၀ဝအတွက် လုံလောက်ကြီးမားတဲ့ ဇာတ်ရုံကြီးတစ်ခုလည်းရှိပါတယ်။ ဒီမြို့ကလူတွေချမ်းသာရတဲ့အကြောင်းကတော့ ရှေးနှစ်ပေါင်းများစွာက မီးတောင်ပေါက်ကွဲမှု ချော်မြေတွေကြောင့် မြေဩဇာအလွန်ကောင်းတဲ့စိုက်ပျိုးမြေတွေကို ပိုင်ဆိုင်ထားကြလို့ဖြစ်ပါတယ်။

အေဒီ ၆၂ခု မှာ ကြီးမားတဲ့ငလျှင်လှုပ်ခတ်ခဲ့တာကြောင့် အဆောက်အဦးအချို့ပျက်စီးခဲ့ရပါတယ်။ ဒါပေမယ့် အချိန်ပိုင်းအတွင်းမှာ ပြန်လည်တည်ဆောက်ပြုပြင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် အေဒီ ၇၉ခု ဩဂုတ်လ ၂၄ရက်နေ့မှာတော့ တစ်မြို့လုံးကိုပျောက်ကွယ်စေမယ့် ကြမ္မာဆိုးနဲ့ ကြုံတွေ့ရပါတော့တယ်။ ဒါကတော့ ပွန်ပေမြို့အနီးက အလွန်လှပပါတယ် ဆိုတဲ့ Vesuvius မီးတောင်ကြီးပေါက်ကွဲမှုပါ။ Vesuvius မီးတောင်ကြီးဟာ နှစ်ပေါင်း ၁၈၀ဝအတွင်း တစ်ခါမှ မပေါက်ကွဲခဲ့ဖူးတာကြောင့် ရှေးရောမတွေဟာ ဒီတောင်ကို သာမန်တောင်တစ်ခုအဖြစ်သာ ထင်ခဲ့ကြပါတယ်။

တကယ်တော့ ကမ္ဘာ့အန္တရာယ်အရှိဆုံး မီးတောင်ရှင်တစ်ခုဖြစ်တဲ့ ဒီမီးတောင်ကြီးဟာ အကြိမ်ပေါင်း ၅၀ ပေါက်ကွဲခဲ့ဖူးပြီး အေဒီ ၇၉ မှာပေါက်ခဲ့တဲ့ ပေါက်ကွဲမှုကတော့ သမိုင်းတွင်ခဲ့တဲ့ အပြင်းထန်ဆုံး ပေါက်ကွဲမှုပါပဲ။ မီးတောင်ပေါက်ကွဲမှုကြောင့် လူပေါင်း ၂၀၀၀ ကျော်ဟာ လျှပ်တပြက်သေဆုံးခဲ့ရပြီး ပွန်ပေမြို့ဟာလည်းမီးတောင်ပြာတွေရဲ့ပေ ၂ဝခန့်မှာ နစ်မြုပ်သွားပါတော့တယ်။ ဒဏ္ဍာရီတွေထဲမှာတော့ ပွန်ပေမြို့စားကြီးဟာ မီးနတ်ဘုရားကိုစော်ကားခဲ့တဲ့အတွက် မြို့စားကြီးနဲ့ မြို့သူမြို့သားအားလုံးကို မီးနတ်ဘုရားတွေက ဒဏ်ခတ်လိုက်တာလို့ ဆိုပါတယ်။ တိုက်ဆိုင်စွာပဲ မီးတောင်ကြီးပေါက်ကွဲမှုဟာ ရောမတွေရဲ့မီးနတ်ဘုရားပူဇော်ပွဲပြီးတဲ့ နောက်တစ်ရက်မှာ ဖြစ်ခဲ့တာပါ။(အကျဉ်းပြောရရင် မြို့စားကြီးဟာ မီးနတ်ဘုရားပူဇော်ပွဲကို ဦးဆောင်ကျင်းပသူ ဖြစ်ပေမယ့် အစည်းအဝေးလုပ်နေရတဲ့အတွက် ပွဲမှာမပါဝင်ခဲ့နိုင်ပါဘူး။ အစည်းအဝေးကလည်း အချေအတင်တွေဖြစ်ပြီး အဆင်မပြေတာကြောင့် ပွဲတော်ပြီးခါနီးမှပဲ ပြီးဆုံးခဲ့ပါတယ်။ ဒါကြောင့်သူဟာ ပွဲတော်မှာ ပါဝင်ဆင်နွဲခွင့်မရခဲ့ပါဘူး။ သူ့ကို ဒီလိုပါဝင်ခွင့်မရအောင်လုပ်ခဲ့တဲ့အတွက် မီးနတ်ဘုရားကို ကြမ်းတမ်းတဲ့စကားတွေနဲ့ အပြစ်တင်ခဲ့ပါတယ်။ ဒီမှာတင် မီးနတ်ဘုရားက ပေါ်လာပြီး သင့်ရဲ့ရိုင်းပြတဲ့အပြုအမှု အပြောအဆိုတွေကြောင့် သင်နဲ့ သင့်မြို့သူမြို့သားတွေကို ဒါဏ်ခတ်ရမယ် ဆိုပြီးပြောဆိုပါတယ်။ အဲဒီနောက်တော့ မီးတောင်ကိုပေါက်ကွဲစေပြီး ပွန်ပေမြို့ကိုပျက်စီးစေပါတော့တယ်။ ဒါက ဒဏ္ဍာရီအရပါ)

မီးတောင်မပေါက်ကွဲခင် ရက်အနည်းငယ်အလိုတည်းက ပွန်ပေမြို့မှာ နိမိတ်ပြတဲ့အဖြစ်အပျက်တွေဖြစ်ခဲ့ပါတယ်။ ဒါတွေကတော့ ငလျှင်ငယ်များ မကြာခဏလှုပ်ခြင်း ၊ ကန်များ ၊ စမ်းချောင်းများ ခမ်းခြောက်ခြင်း ၊ ရေထဲတွင် ငါးအများအပြား ပေါလောပေါ်ကာသေဆုံးခြင်း ၊ အပင်များ အလိုလိုသေဆုံးခြင်း စသည့်အချက်များဖြစ်ပါတယ်။ ဒီအဖြစ်တွေကို စိုးထိတ်တဲ့သူတွေကတော့ ပွန်ပေကို အလျှင်အမြန်ပင် စွန့်ခွာခဲ့ပါတယ်။ ဒီအဖြစ်တွေကို မတော်တဆဖြစ်တာပါဆိုပြီး လူအချို့ကတော့ ပွန်ပေမှာပဲ အေးအေးဆေးဆေး ဆက်နေခဲ့ပါတယ်။ ဒါကြောင့်လည်း တကယ်မီးတောင်ပေါက်တဲ့အခါမှာ ရှောင်ချိန်မရတော့တာပါ။ မီးတောင်ပေါက်ကွဲမှုကို မမြင်ဖူးတာကြောင့်လည်း ဒီလောက်ဆိုးဆိုးရွားရွား မဖြစ်နိုင်ဖူးလို့ ထင်ထားကြပုံပါ။ ပေါက်ကွဲမှုကလည်း သမိုင်းတလျှောက် အဆိုးဝါးဆုံးမီးတောင်ပေါက်ကွဲမှုတွေထဲက တစ်ခုဖြစ်ခဲ့ပါတယ်။ မီးတောင်ပေါက်ကွဲမှုကြောင့် မီးတောင်ကျောက်တွေဟာ မိုင်ပေါင်း ၂၇မိုင်ခန့်အမြင့်အထိ ထိုးတက်ပြီးလွင့်စင်ပါတယ်။ ပေါက်ကွဲမှုပြင်းအားကလည်း ဟီနိုရှီးမားအနုမြူဗုံးပေါက်ကွဲမှုထက် အဆတစ်သိန်းပိုပြင်းတယ်လို့ ဆိုကြပါတယ်။ အပူချိန် ၁၀၀ဝဒီဂရီခန့်ရှိတဲ့အပူလှိုင်း နဲ့ မီးတောင်ချော်ရည်များဟာ ခဏတွင်းမှာပဲ မြို့ကို ဖုံးလွှမ်းသွားပါတယ်။ အဲဒီနောက်တော့ ပွန်ပေမြို့ကြီးက လူပေါင်းအဆောက်အအုံပေါင်းများစွာဟာ ပြာမြေရဲ့အောက် ၁၃ပေကနေ ၂၀ပေ အနက်မှာ ရာစုနှစ်ပေါင်းများစွာ လဲလျှောင်းနေပါတော့တယ်။

ပျောက်ဆုံးမြို့တော်ပွန်ပေကို ၁၅၉၉ ခုနှစ်မှာ ပညာရှင်တွေက စပြီး သတိထားမိကြပါတယ်။ ဒါပေမယ့် ချက်ချင်းရှာဖွေဖော်ထုတ်လို့မရသေးပဲ နှစ်ပေါင်း ၁၅ဝခန့်အကြာ ၁၇၄၈ခုနှစ်မှာမှ စပိန်အင်ဂျင်နီယာ Rocque Joaquin de Alcubierre က ရှာဖွေဖော်ထုတ် နိုင်ခဲ့ပါတယ်။ တူးဖော်ပြီးတဲ့နောက်မှာတော့ ပွန်ပေမြို့ကြီးကို ပုံစံမပျက်ပဲ တွေ့ရပါတယ်။ တွေ့ရှိရသမျှ လူများ တိရစ္ဆာန်များမှာ အင်္ဂတေကိုင်ထားသကဲ့သို့ ဖြစ်နေပါတယ်။ တချို့ကတော့ နှစ်ဦး သုံးဦး ဖက်လျက်သား ၊ တချို့ကတော့ အရာဝထ္ထုများကို ဆုပ်ကိုင်ရင်းနဲ့ သေဆုံးနေကြတာပါ။ အဲဒီအချိန်က သူတို့ရဲ့မည်မျှကြောက်လန့်နေကြောင်းကို ဖော်ပြနေသလိုပါ။ အဲဒီခေတ်ကအသုံးအဆောင်တွေသာ မက ပေါင်မုန့် ၊ သစ်သီး စတဲ့စားစရာတွေကိုပါ တူးဖော်ရရှိခဲ့တာကြောင့် ရှေးခေတ်လူတွေရဲ့ ယဉ်ကျေးမှုတချို့ကိုနှောင်းလူတို့ လေ့လာဖို့ချန်ရစ်ခဲ့သလိုပါ။ ပွန်ပေမြို့ဟောင်းကို နှစ်ပေါင်း ၂၅ဝအတွင်း ကမ္ဘာလှည့်ခရီးသွား သန်းပေါင်းများစွာ လေ့လာလည်ပတ်ခဲ့ကြပါတယ်။ ယူနက်စကိုကလည်း ၁၉၉၇ခုနှစ်မှာ ကမ္ဘာ့အမွေအနှစ်တစ်ခုအဖြစ် ထိမ်းသိမ်းထားသလို လက်ရှိမှာလည်း နှစ်စဉ် ကမ္ဘာလှည့်ခရီးသွားပေါင်း ၂.၆သန်းကျော် လာလေ့ရှိတဲ့နေရာပါ။ Vesuvius မီးတောင်ကြီးကတော့ ၁၉၄၄ခုနှစ်အထိ အကြိမ်ပေါင်းများစွာ အသေးစားပေါက်ကွဲမှုတွေဖြစ်ခဲ့ပြီး ယခုထက်တိုင်အောင်အသက်ဝင်နေတာကြောင့် ပွန်ပေမြို့ဟောင်းဟာ ခရီးသွားတွေအတွက် အန္တရာယ်ရှိတဲ့နေရာဆိုရင်လည်း မှားနိုင်မည်မဟုတ်ပါချေ။

Leave a Reply