ကမာၻ႔အႀကီးဆုံး ဇာေခါင္းေလာင္းႀကီး ႏွင့္ အသံမျမည္ရျခင္းအေၾကာင္း

Posted on

ကမာၻေပၚမွာ လူသိမ်ားတဲ့ အႀကီးဆုံးေခါင္းေလာင္းႀကီးကေတာ့ ရုရွားႏုိင္ငံ ကရင္မ္လင္နန္းေတာ္အနီးမွာထားရွိတဲ့ Tsar ေခါင္းေလာင္းႀကီးျဖစ္ပါတယ္။ သူ႔ကုိ Tsrasky Kolokol, Royal Bell အစရွိသျဖင့္ ေခၚၾကပါေသးတယ္။ တတိယေျမာက္ Tsar ေခါင္းေလာင္းလုိ႔လည္းေခၚၾကပါေသးတယ္။ ဒါကေတာ့ ဒီေခါင္းေလာင္းႀကီးရဲ႕ေရွ႕မွာ Tsar ေခါင္းေလာင္းႏွစ္လုံးကို တည္ေဆာက္ဖူးတဲ့အတြက္ေၾကာင့္ပါ။ အျမင့္ ၂၀.၁ေပ ၊ အခ်င္း ၂၂ ေပ ရွိကာ အေလးခ်ိန္ ၂၀၂ တန္ခန္႔ ရွိပါတယ္။

တည္ေဆာက္ခုိင္းတဲ့သူကေတာ့ ရုရွားအင္ပါယာတည္ေထာင္သူ ပီတာသည္ဂရိတ္ရဲ႕ တူမေတာ္ ရုရွားအင္ပါယာသခင္မ Anna Ivanovna ပဲျဖစ္ပါတယ္။ ဒီေခါင္းေလာင္းႀကီးကုိ ကမာၻေပၚက အျခားေခါင္းေလာင္းမ်ားကဲ့သုိ႔ ဘယ္တုန္းကမွ ခ်ိတ္ဆြဲခဲ့ျခင္း မရွိခဲ့ပါဘူးတဲ့။ ထူးျခားေနတာကေတာ့ ေခါင္းေလာင္းႀကီးမွာ ပဲ့ထြက္ေနတဲ့အပုိင္းရွိၿပီး အဲဒီအပဲ့ႀကီးဟာ ၁၁တန္ခန္႔ အေလးခ်ိန္ရွိပါတယ္။

ရုရွားေတြဟာ ေရွးႏွစ္ေပါင္းမ်ားစြာတည္းက ေခါင္းေလာင္းေတြကုိ တည္ေဆာက္ခဲ့ပါတယ္။ ေအဒီ ၁၀ရာစုခန္႔တည္းက ေခါင္းေလာင္းေတြကုိ တည္ေဆာက္ခဲ့တာျဖစ္ၿပီး အဲဒီတုန္းက ဘုရားေက်ာင္းေတြမွာခ်ိတ္ဆြဲဖုိ႔အသုံးျပဳခဲ့တာမဟုတ္ပဲ အေရးႀကီးတဲ့အခမ္းအနားေတြ ဒါမွမဟုတ္ မီးေလာင္တာ၊ ရန္သူ၀င္တာ စတဲ့အခ်ိန္ေတြမွာ အခ်က္ေပးဖုိ႔အေနနဲ႔ တည္ေဆာက္ခဲ့ၾကတာျဖစ္ပါတယ္။ ပထမဆုံး Tsar ေခါင္းေလာင္းကုိ ၁၆၀၀ျပည့္ႏွစ္မွာ တည္ေဆာက္ခဲ့တာျဖစ္ၿပီး အေလးခ်ိန္ ၁၈တန္ရွိပါတယ္။

ဒုတိယ Tsar ေခါင္းေလာင္းကိုေတာ့ ၁၆၅၅ခုႏွစ္မွာ တည္ေဆာက္ခဲ့ၿပီး အေလးခ်ိန္ တန္ ၁၀၀ ရွိပါတယ္။ ဒီေခါင္းေလာင္းႏွစ္လုံးစလုံး မီးေလာင္မႈေၾကာင့္ပ်က္စီးခဲ့ရပါတယ္။ သခင္မ Anna လက္ထက္ေရာက္လာတဲ့အခါမွာေတာ့ သူမဟာ ယခင္ေခါင္းေလာင္းေတြထက္ ပိုႀကီးမားတဲ့ေခါင္းေလာင္းႀကီးကုိ တည္ေဆာက္ခ်င္ခဲ့ပါတယ္။ မူလေခါင္းေလာင္းထက္ တန္ ၁၀၀ ပုိေလးတဲ့ေခါင္းေလာင္းကို တည္ေဆာက္ခ်င္တာေၾကာင့္ သတၱဳရည္ႀကဳိအတတ္ပညာထြန္းကားတဲ့ ျပင္သစ္ႏုိင္ငံပါရီကို လူလႊတ္ကာ ေခါင္းေလာင္းႀကီးတည္ေဆာက္ဖုိ႔ အကူအညီေတာင္းခံေစခဲ့ပါတယ္။

ပုံမွန္ထက္ အဆမတန္ႀကီးမားတဲ့ အရြယ္အစားေၾကာင့္ သြန္းေလာင္းဖုိ႔မျဖစ္ႏုိင္ဟု ျငင္းပယ္ခံခဲ့ရပါတယ္။ ဒါေၾကာင့္ ေခါင္းေလာင္းတည္ေဆာက္ေရးဟာ နယ္ခံ သတၱဳရည္ႀကဳိပညာရွင္မ်ားျဖစ္တဲ့ Ivan Motorin နဲ႔ သူ႔ရဲ႕သားျဖစ္သူ Mikhail တုိ႔ရဲ႕တာ၀န္ျဖစ္လာပါတယ္။ သူတုိ႔ကလည္း သူတုိ႔ရဲ႕ရွိထားတဲ့ အေတြ႔အႀကဳံနဲ႔ ေၾကးသြန္းေခါင္းေလာင္းႀကီးကုိ တည္ေဆာက္ခဲ့ပါတယ္။

ေခါင္းေလာင္းတည္ေဆာက္မႈကုိ ၁၇၃၃ခုႏွစ္မွာ စတင္ခဲ့ၿပီး ၁၇၃၄ခုႏွစ္မွာ သြန္းေလာင္းဖုိ႔ျပင္ဆင္မႈမ်ားၿပီးဆုံးခဲ့ပါတယ္။ Ivanovsky Square မွာ ႀကီးမားတဲ့ေျမက်င္းႀကီးတူးၿပီး ေခါင္းေလာင္းႀကီးကုိ စတင္သြန္းေလာင္းခဲ့ပါတယ္။ပထမဆုံးသြန္းေလာင္းခ်ိန္မွာေတာ့ နည္းစနစ္မွားယြင္းခဲ့တဲ့အတြက္ မေအာင္ျမင္ခဲ့ပါဘူး။ ေခါင္းေလာင္း သြန္းေလာင္းမႈ မၿပီးဆုံးခင္ ၁၇၃၅ခုႏွစ္မွာေတာ့ ဖခင္ျဖစ္သူ Ivan Motorin ကြယ္လြန္ခဲ့တာေၾကာင့္ သားျဖစ္သူ Mikhail တစ္ေယာက္တည္းဆက္လုပ္ခဲ့ရပါတယ္။

ဒုတိယအႀကိမ္ ၁၇၃၅ခုႏွစ္ ႏုိ၀င္ဘာ ၂၅ရက္ေန႔မွာေတာ့ သြန္းေလာင္းမႈ ေအာင္ျမင္ခဲ့ပါတယ္။ ၁၇၃၇ခုႏွစ္မွာေတာ့ ေခါင္းေလာင္းေပၚမွာ နတ္သမီးရုပ္မ်ား ၊ သူေတာ္စင္ရုပ္မ်ား နဲ႔ သခင္မ Anna ရဲ႕ လူအရြယ္အစားအရုပ္ေတြကုိ ပညာရွင္မ်ားကေရးထြင္း အလွဆင္ခဲ့ၾကပါတယ္။ အလွအပေတြေရးျခယ္လုိ႔ မၿပီးဆုံးခင္မွာပဲ ကရင္မ္လင္နန္းေတာ္မွာ ျပင္းထန္တဲ့မီးေလာင္မႈျဖစ္ပါတယ္။ ေခါင္းေလာင္းႀကီးကိုေထာက္ထားတဲ့ သစ္သားတုိင္ေတြကုိ မီးေလာင္တာေၾကာင့္ ေရေတြနဲ႔ ၀ုိင္းပက္ၾကပါတယ္။ အဲဒီအခ်ိန္မွာပဲ အပူအေအးမညီမွ်မႈေၾကာင့္ ေခါင္းေလာင္းႀကီးဟာ ပဲ့ထြက္သြားပါတယ္။

အခုျမင္ေနတဲ့ ၁၁ေလးတဲ့အပဲ့ဟာ ဒီအေၾကာင္းေၾကာင့္ပဲ့ထြက္ခဲ့ျခင္းျဖစ္ပါတယ္။ ေခါင္းေလာင္းႀကီးကုိ ႏွစ္ေပါင္းမ်ားစြာဒီအတုိင္းပဲထားခဲ့ပါတယ္။ ေနာက္ႏွစ္ေပါင္း ၁၀၀ခန္႔ၾကာတဲ့အခ်ိန္ ၁၈၃၆ခုႏွစ္မွာမွ သြန္းေလာင္းတဲ့တြင္းထဲက ထုတ္ကာ ေအာက္ခံခုံေပၚကုိ တင္ႏုိင္ခဲ့တာပဲျဖစ္ပါတယ္။

တခ်ဳိ႕စာေတြထဲမွာ Tsar ေခါင္းေလာင္းဟာ ကမာၻေပၚမွာ အသံသာဆုံးေခါင္းေလာင္းလုိ႔ ေတြ႔ဖူးဖတ္ဖူးၾကမွာပါ။ တခ်ဳိ႕ကလည္း အခုမျမည္ေတာ့ေပမယ့္ လြန္ခဲ့တဲ့ႏွစ္ေပါင္းမ်ားစြာကေတာ့ အလြန္သာယာတဲ့အသံနဲ႔ ျမည္ခဲ့ဖူးတယ္လုိ႔ ဆုိသူေတြကလည္း ဆုိၾကပါတယ္။ အေမရိကန္ သိပၸံပညာရွင္တစ္စုကလည္း Tsar ေခါင္းေလာင္းႀကီးရဲ႕ အသံကုိ ဖန္တီးခဲ့ဖူးပါတယ္။ တကယ္တမ္းေတာ့ Tsar ေခါင္းေလာင္းႀကီးဟာ ဘယ္တုန္းကမွ အသံမျမည္ခဲ့ပါဘူးတဲ့။

ဒီလုိမျမည္ရတဲ့အေၾကာင္းကေတာ့ ေခါင္းေလာင္းသြန္းေလာင္းစဥ္မွာ နည္းစနစ္မွန္ကန္မႈမရွိခဲ့လုိ႔ပဲျဖစ္ပါတယ္။ ေခါင္းေလာင္းဘာေၾကာင့္ အသံမျမည္ရသလဲ ဆုိတာကို ေၾကးသြန္းပညာရွင္ ဆရာႀကီးဦး၀င္းေမာင္က ေျပာျပခဲ့ပါတယ္။

” ေခါင္းေလာင္း တစ္လံုးကို သြန္းလုပ္တဲ့အခါ မို ( mould ) ထဲကို ေၾကးရည္ေတြ ေလာင္းထည့္တဲ့အခ်ိန္ သတ္မွတ္ခ်ိန္ အတြင္း အလ်င္မီေအာင္ ေလာင္းထည့္ရပါတယ္။ ပထမေလာင္းထည့္လိုက္တဲ့ ေၾကးရည္ေတြ ေအးၿပီး မခဲမီ၊ ေနာက္ေၾကးရည္ေတြကို အခ်ိန္ကိုက္ ေလာင္းထည့္ရပါတယ္။ ေရွ႔ ေၾကးရည္ေတြ ေအးၿပီး ခဲ သြားခဲ့ရင္ ေနာက္ေလာင္းထည့္တဲ့ ေၾကးရည္နဲ႔ အတြင္းထဲမွာ မဆက္ေတာ့ပါဘူး။ အဲဒီလို မဆက္ေတာ့တဲ့အခါ အတြင္းမွာအက္ေၾကာင္းျဖစ္ၿပီး ေခါင္းေလာင္းက အသံမျမည္ေတာ့ ပါဘူး။ ေနာက္တစ္ခ်က္ကေတာ့ ေခါင္းေလာင္းသြန္းၿပီး သြားတဲ့အခါမွာ စိတ္ခ်ရတဲ့ အခ်ိန္တစ္ခုေရာက္မွ မိုလုပ္စဥ္ မံထားတဲ့ ရႊံေတြကို ခြာရပါတယ္။ အညီအမွ် မေအးမီ ခြာလိုက္ရင္ ခြာလိုက္တဲ့ ေနရာက ေအးၿပီး အပူ အေအးမွ်ပဲ အက္သြားပါတယ္။ အဲဒီအခါ ေခါင္းေလာင္း အသံမျမည္ေတာ့ပါဘူး။ “

ဒါေတြကေတာ့ ကမာၻ႔အႀကီးဆုံးေခါင္းေလာင္းႀကီး Tsar ဇာကိုလိုကို နဲ႔ ပတ္သတ္တဲ့ ဗဟုသုတ တခ်ဳိ႕ပဲျဖစ္ပါတယ္။


ကမ္ဘာ့အကြီးဆုံး Tsar ခေါင်းလောင်းကြီး နှင့် အသံမမြည်ရခြင်းအကြောင်း (unicode)

ကမ္ဘာပေါ်မှာ လူသိများတဲ့ အကြီးဆုံးခေါင်းလောင်းကြီးကတော့ ရုရှားနိုင်ငံ ကရင်မ်လင်နန်းတော်အနီးမှာထားရှိတဲ့ Tsar ခေါင်းလောင်းကြီးဖြစ်ပါတယ်။ သူ့ကို Tsrasky Kolokol, Royal Bell အစရှိသဖြင့် ခေါ်ကြပါသေးတယ်။ တတိယမြောက် Tsar ခေါင်းလောင်းလို့လည်းခေါ်ကြပါသေးတယ်။ ဒါကတော့ ဒီခေါင်းလောင်းကြီးရဲ့ရှေ့မှာ Tsar ခေါင်းလောင်းနှစ်လုံးကို တည်ဆောက်ဖူးတဲ့အတွက်ကြောင့်ပါ။ အမြင့် ၂၀.၁ပေ ၊ အချင်း ၂၂ ပေ ရှိကာ အလေးချိန် ၂၀၂ တန်ခန့် ရှိပါတယ်။ တည်ဆောက်ခိုင်းတဲ့သူကတော့ ရုရှားအင်ပါယာတည်ထောင်သူ ပီတာသည်ဂရိတ်ရဲ့ တူမတော် ရုရှားအင်ပါယာသခင်မ Anna Ivanovna ပဲဖြစ်ပါတယ်။ ဒီခေါင်းလောင်းကြီးကို ကမ္ဘာပေါ်က အခြားခေါင်းလောင်းများကဲ့သို့ ဘယ်တုန်းကမှ ချိတ်ဆွဲခဲ့ခြင်း မရှိခဲ့ပါဘူးတဲ့။ ထူးခြားနေတာကတော့ ခေါင်းလောင်းကြီးမှာ ပဲ့ထွက်နေတဲ့အပိုင်းရှိပြီး အဲဒီအပဲ့ကြီးဟာ ၁၁တန်ခန့် အလေးချိန်ရှိပါတယ်။

ရုရှားတွေဟာ ရှေးနှစ်ပေါင်းများစွာတည်းက ခေါင်းလောင်းတွေကို တည်ဆောက်ခဲ့ပါတယ်။ အေဒီ ၁ဝရာစုခန့်တည်းက ခေါင်းလောင်းတွေကို တည်ဆောက်ခဲ့တာဖြစ်ပြီး အဲဒီတုန်းက ဘုရားကျောင်းတွေမှာချိတ်ဆွဲဖို့အသုံးပြုခဲ့တာမဟုတ်ပဲ အရေးကြီးတဲ့အခမ်းအနားတွေ ဒါမှမဟုတ် မီးလောင်တာ၊ ရန်သူဝင်တာ စတဲ့အချိန်တွေမှာ အချက်ပေးဖို့အနေနဲ့ တည်ဆောက်ခဲ့ကြတာဖြစ်ပါတယ်။ ပထမဆုံး Tsar ခေါင်းလောင်းကို ၁၆၀၀ပြည့်နှစ်မှာ တည်ဆောက်ခဲ့တာဖြစ်ပြီး အလေးချိန် ၁၈တန်ရှိပါတယ်။ ဒုတိယ Tsar ခေါင်းလောင်းကိုတော့ ၁၆၅၅ခုနှစ်မှာ တည်ဆောက်ခဲ့ပြီး အလေးချိန် တန် ၁၀၀ ရှိပါတယ်။ ဒီခေါင်းလောင်းနှစ်လုံးစလုံး မီးလောင်မှုကြောင့်ပျက်စီးခဲ့ရပါတယ်။

သခင်မ Anna လက်ထက်ရောက်လာတဲ့အခါမှာတော့ သူမဟာ ယခင်ခေါင်းလောင်းတွေထက် ပိုကြီးမားတဲ့ခေါင်းလောင်းကြီးကို တည်ဆောက်ချင်ခဲ့ပါတယ်။ မူလခေါင်းလောင်းထက် တန် ၁၀၀ ပိုလေးတဲ့ခေါင်းလောင်းကို တည်ဆောက်ချင်တာကြောင့် သတ္တုရည်ကြိုအတတ်ပညာထွန်းကားတဲ့ ပြင်သစ်နိုင်ငံပါရီကို လူလွှတ်ကာ ခေါင်းလောင်းကြီးတည်ဆောက်ဖို့ အကူအညီတောင်းခံစေခဲ့ပါတယ်။ ပုံမှန်ထက် အဆမတန်ကြီးမားတဲ့ အရွယ်အစားကြောင့် သွန်းလောင်းဖို့မဖြစ်နိုင်ဟု ငြင်းပယ်ခံခဲ့ရပါတယ်။ ဒါကြောင့် ခေါင်းလောင်းတည်ဆောက်ရေးဟာ နယ်ခံ သတ္တုရည်ကြိုပညာရှင်များဖြစ်တဲ့ Ivan Motorin နဲ့ သူ့ရဲ့သားဖြစ်သူ Mikhail တို့ရဲ့တာဝန်ဖြစ်လာပါတယ်။ သူတို့ကလည်း သူတို့ရဲ့ရှိထားတဲ့ အတွေ့အကြုံနဲ့ ကြေးသွန်းခေါင်းလောင်းကြီးကို တည်ဆောက်ခဲ့ပါတယ်။

ခေါင်းလောင်းတည်ဆောက်မှုကို ၁၇၃၃ခုနှစ်မှာ စတင်ခဲ့ပြီး ၁၇၃၄ခုနှစ်မှာ သွန်းလောင်းဖို့ပြင်ဆင်မှုများပြီးဆုံးခဲ့ပါတယ်။ Ivanovsky Square မှာ ကြီးမားတဲ့မြေကျင်းကြီးတူးပြီး ခေါင်းလောင်းကြီးကို စတင်သွန်းလောင်းခဲ့ပါတယ်။ပထမဆုံးသွန်းလောင်းချိန်မှာတော့ နည်းစနစ်မှားယွင်းခဲ့တဲ့အတွက် မအောင်မြင်ခဲ့ပါဘူး။ ခေါင်းလောင်း သွန်းလောင်းမှု မပြီးဆုံးခင် ၁၇၃၅ခုနှစ်မှာတော့ ဖခင်ဖြစ်သူ Ivan Motorin ကွယ်လွန်ခဲ့တာကြောင့် သားဖြစ်သူ Mikhail တစ်ယောက်တည်းဆက်လုပ်ခဲ့ရပါတယ်။ ဒုတိယအကြိမ် ၁၇၃၅ခုနှစ် နိုဝင်ဘာ ၂၅ရက်နေ့မှာတော့ သွန်းလောင်းမှု အောင်မြင်ခဲ့ပါတယ်။ ၁၇၃၇ခုနှစ်မှာတော့ ခေါင်းလောင်းပေါ်မှာ နတ်သမီးရုပ်များ ၊ သူတော်စင်ရုပ်များ နဲ့ သခင်မ Anna ရဲ့ လူအရွယ်အစားအရုပ်တွေကို ပညာရှင်များကရေးထွင်း အလှဆင်ခဲ့ကြပါတယ်။ အလှအပတွေရေးခြယ်လို့ မပြီးဆုံးခင်မှာပဲ ကရင်မ်လင်နန်းတော်မှာ ပြင်းထန်တဲ့မီးလောင်မှုဖြစ်ပါတယ်။ ခေါင်းလောင်းကြီးကိုထောက်ထားတဲ့ သစ်သားတိုင်တွေကို မီးလောင်တာကြောင့် ရေတွေနဲ့ ဝိုင်းပက်ကြပါတယ်။ အဲဒီအချိန်မှာပဲ အပူအအေးမညီမျှမှုကြောင့် ခေါင်းလောင်းကြီးဟာ ပဲ့ထွက်သွားပါတယ်။ အခုမြင်နေတဲ့ ၁၁လေးတဲ့အပဲ့ဟာ ဒီအကြောင်းကြောင့်ပဲ့ထွက်ခဲ့ခြင်းဖြစ်ပါတယ်။ ခေါင်းလောင်းကြီးကို နှစ်ပေါင်းများစွာဒီအတိုင်းပဲထားခဲ့ပါတယ်။ နောက်နှစ်ပေါင်း ၁၀ဝခန့်ကြာတဲ့အချိန် ၁၈၃၆ခုနှစ်မှာမှ သွန်းလောင်းတဲ့တွင်းထဲက ထုတ်ကာ အောက်ခံခုံပေါ်ကို တင်နိုင်ခဲ့တာပဲဖြစ်ပါတယ်။

တချို့စာတွေထဲမှာ Tsar ခေါင်းလောင်းဟာ ကမ္ဘာပေါ်မှာ အသံသာဆုံးခေါင်းလောင်းလို့ တွေ့ဖူးဖတ်ဖူးကြမှာပါ။ တချို့ကလည်း အခုမမြည်တော့ပေမယ့် လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတော့ အလွန်သာယာတဲ့အသံနဲ့ မြည်ခဲ့ဖူးတယ်လို့ ဆိုသူတွေကလည်း ဆိုကြပါတယ်။ အမေရိကန် သိပ္ပံပညာရှင်တစ်စုကလည်း Tsar ခေါင်းလောင်းကြီးရဲ့ အသံကို ဖန်တီးခဲ့ဖူးပါတယ်။ တကယ်တမ်းတော့ Tsar ခေါင်းလောင်းကြီးဟာ ဘယ်တုန်းကမှ အသံမမြည်ခဲ့ပါဘူးတဲ့။ ဒီလိုမမြည်ရတဲ့အကြောင်းကတော့ ခေါင်းလောင်းသွန်းလောင်းစဉ်မှာ နည်းစနစ်မှန်ကန်မှုမရှိခဲ့လို့ပဲဖြစ်ပါတယ်။ ခေါင်းလောင်းဘာကြောင့် အသံမမြည်ရသလဲ ဆိုတာကို ကြေးသွန်းပညာရှင် ဆရာကြီးဦးဝင်းမောင်က ပြောပြခဲ့ပါတယ်။
” ခေါင်းလောင်း တစ်လုံးကို သွန်းလုပ်တဲ့အခါ မို ( mould ) ထဲကို ကြေးရည်တွေ လောင်းထည့်တဲ့အချိန် သတ်မှတ်ချိန် အတွင်း အလျင်မီအောင် လောင်းထည့်ရပါတယ်။ ပထမလောင်းထည့်လိုက်တဲ့ ကြေးရည်တွေ အေးပြီး မခဲမီ၊ နောက်ကြေးရည်တွေကို အချိန်ကိုက် လောင်းထည့်ရပါတယ်။ ရှေ့ ကြေးရည်တွေ အေးပြီး ခဲ သွားခဲ့ရင် နောက်လောင်းထည့်တဲ့ ကြေးရည်နဲ့ အတွင်းထဲမှာ မဆက်တော့ပါဘူး။ အဲဒီလို မဆက်တော့တဲ့အခါ အတွင်းမှာအက်ကြောင်းဖြစ်ပြီး ခေါင်းလောင်းက အသံမမြည်တော့ ပါဘူး။ နောက်တစ်ချက်ကတော့ ခေါင်းလောင်းသွန်းပြီး သွားတဲ့အခါမှာ စိတ်ချရတဲ့ အချိန်တစ်ခုရောက်မှ မိုလုပ်စဉ် မံထားတဲ့ ရွှံတွေကို ခွာရပါတယ်။ အညီအမျှ မအေးမီ ခွာလိုက်ရင် ခွာလိုက်တဲ့ နေရာက အေးပြီး အပူ အအေးမျှပဲ အက်သွားပါတယ်။ အဲဒီအခါ ခေါင်းလောင်း အသံမမြည်တော့ပါဘူး။ “
ဒါတွေကတော့ ကမ္ဘာ့အကြီးဆုံးခေါင်းလောင်းကြီး Tsar ဇာကိုလိုကို နဲ့ ပတ်သတ်တဲ့ ဗဟုသုတ တချို့ပဲဖြစ်ပါတယ်။

 

Leave a Reply