ေတာင္ နဲ႔ ေျမာက္ကုိိရီးယားဟူ၍ ႏွစ္ပုိင္းကြဲခဲ့ေသာအေၾကာင္းရင္း ႏွင့္ ကုိရီးယားစစ္ပြဲ

Posted on

ကိုရီးယားကၽြန္းဆြယ္ အခုလို ႏွစ္ပိုင္းကြဲသြားရျခင္းမွာ ဒုတိယကမၻာစစ္ မတိုင္မီ ကိုရီးယားကို ကိုလိုနီနယ္အျဖစ္ အုပ္စိုးခဲ့သည့္ ဂ်ပန္တို႔က ၁၉၄၅ ခုႏွစ္တြင္ စစ္႐ႈံးခဲ့ရသည့္ ပေယာဂေၾကာင့္ဆိုလၽွင္ မွားမည္မထင္ပါ။

၁၉၄၅ ခုႏွစ္ ေဖေဖာ္ဝါရီလ ေလာက္က ေယာ္လတာၿမိဳ႕၌ က်င္းပခဲ့ေသာ မဟာမိတ္ႏိုင္ငံႀကီးမ်ား၏ ညီလာခံတြင္ ကိုရီးယားအေရး၌ စစ္ဆင္မႈလြယ္ကူေစရန္ ေျမာက္လတၱီတြဒ္ မ်ဥ္းေၾကာင္း ၃၈ ဒီဂရီ၏ ေျမာက္ဘက္ပိုင္းကို ဆိုဗီယက္တပ္မ်ားက သိမ္းယူရန္ႏွင့္ ေတာင္ဘက္ပိုင္းကို အေမရိကန္တပ္မ်ားက သိမ္းယူရန္ သေဘာတူညီခဲ့ၾကသည္။

ဤအစီအစဥ္မွာ ေသနဂၤဗ်ဴဟာနည္းအရ စစ္ဆင္မႈ လြယ္ကူေစရန္ အၾကမ္းဖ်င္း ျပ႒ာန္းခဲ့ၾကျခင္း ျဖစ္သည္။ သို႔ရာတြင္ ဒုတိယကမၻာစစ္ ၿပီးဆုံးေသာအခါ မဟာမိတ္ႏိုင္ငံႀကီးမ်ား၏ အျမင္တိုမႈေၾကာင့္ ထိုနယ္နမိတ္အတိုင္းပင္ ကိုရီးယားႏိုင္ငံသည္ ေျမာက္ပိုင္း၊ ေတာင္ပိုင္း ကြဲျပားလ်က္ ယေန႔တိုင္ တည္ရွိေနရသည္။

၁၉၄၅ ခုႏွစ္ ဒီဇင္ဘာလအတြင္း ေမာ္စကိုၿမိဳ႕၌ က်င္းပခဲ့ေသာ ႏိုင္ငံေရးဝန္ႀကီးမ်ား အစည္းအေဝးက ကိုရီးယား ေတာင္ပိုင္းႏွင့္ ေျမာက္ပိုင္းကို တစည္းတလုံးတည္း ပူးေပါင္းေစ၍ ႏိုင္ငံႀကီး ၄ ႏိုင္ငံက ၅ ႏွစ္ခန္႔ ထိန္းသိမ္းထားရန္ ဆုံးျဖတ္ခဲ့ၾကသည္။

သို႔ရာတြင္ ဆိုဗီယက္ႏွင့္ အေမရိကန္တို႔ အယူအဆခ်င္း မတူညီမႈေၾကာင့္ ထိုစီမံခ်က္ ပ်က္သုဥ္းခဲ့သည္။ သို႔ျဖင့္ ၁၉၄၈ ခုႏွစ္ ေဖေဖာ္ဝါရီလတြင္ မာရွယ္ ကင္အီဆြန္း ႀကီးမႉးေသာ ေျမာက္ကိုရီးယား အစိုးရက ‘ကိုရီးယား ျပည္သူ႕ဒီမိုကရက္တစ္ သမၼတႏိုင္ငံ’ဟု တည္ေထာင္လိုက္၍ ဩဂုတ္လတြင္ ေဒါက္တာ ဆင္မန္ရီးႀကီးမႉးေသာ ေတာင္ကိုရီးယား အစိုးရက ‘ကိုရီးယား သမၼတႏိုင္ငံ’ဟု ေၾကညာလိုက္သည္။

သူတို႔ေရးဆြဲေသာ ဖြဲ႕စည္းအုပ္ခ်ဳပ္ပုံ အေျခခံဥပေဒ ၂ ခုစလုံး၌ ‘ကိုရီးယား သမၼတႏိုင္ငံ’ ဆိုသည္မွာ ေတာင္ပိုင္းေရာ ေျမာက္ပိုင္းပါ ပါဝင္သည့္ ကိုရီးယား တစ္ႏိုင္ငံလုံးကို ဆိုလိုေၾကာင္း ေဖာ္ျပထားသည္။

ေျမာက္ကိုရီးယား အစိုးရအား ဆိုဗီယက္ႏွင့္ တ႐ုတ္ျပည္သူ႕သမၼတႏိုင္ငံ (တ႐ုတ္နီ) တို႔က အသိအမွတ္ျပဳၿပီး ျပည္ေထာင္ခ်င္း စီးပြားေရးစာခ်ဳပ္မ်ား အသီးသီး ခ်ဳပ္ဆိုၾကသည္။

ေျမာက္ပိုင္းတြင္ ဆိုဗီယက္စီးပြားေရး စီမံကိန္းအရ ေျမယာစနစ္ ျပဳျပင္ေျပာင္းလဲေရးမ်ား ျပဳလုပ္သည့္အျပင္ စက္မႈလက္မႈလုပ္ငန္းမ်ားကို တည္ေဆာက္ၾကသည္။

ေတာင္ကိုရီးယား အစိုးရကိုမူ အေမရိကန္၊ အဂၤလန္ႏွင့္ ခ်န္ေကရွိတ္ဦးေဆာင္ေသာ တ႐ုတ္အမ်ိဳးသား အစိုးရ (တ႐ုတ္သမၼတႏိုင္ငံ) (တ႐ုတ္ျဖဴ) တို႔က အသိအမွတ္ျပဳ၍ အီး၊ စီ၊ ေအ စီမံကိန္းအရ အေမရိကန္၏ အကူအညီျဖင့္ စက္မႈလက္မႈ လုပ္ငန္းမ်ားကို ျပန္လည္ထူေထာင္ ေပးၾကသည္။

ဤသို႔ျဖင့္ ေတာင္ပိုင္းႏွင့္ ေျမာက္ပိုင္းတို႔မွာ အၿပိဳင္အဆိုင္ ျဖစ္ေနၾကလ်က္ နယ္ျခားေဒသျဖစ္ေသာ လတၱီတြဒ္ ၃၈ ဒီဂရီ မ်ဥ္းၿပိဳင္အနီးတြင္ ရံဖန္ရံခါ အခ်င္းပြားၾကေလသည္။

၁၉၅၀ ျပည့္ႏွစ္ ဇြန္လ ၂၅ ရက္ေန႔ နံနက္အေစာပိုင္းတြင္ ေျမာက္ကိုရီးယားတပ္မ်ားသည္ ၃၈ ဒီဂရီ မ်ဥ္းၿပိဳင္ကို ျဖတ္ေက်ာ္လ်က္ ကိုရီးယားေတာင္ပိုင္းအား စတင္တိုက္ခိုက္ရာ ဇြန္လ ၂၈ ရက္ေန႔တြင္ ကိုရီးယားေတာင္ပိုင္း ၿမိဳ႕ေတာ္ျဖစ္ေသာ ဆိုးလ္ၿမိဳ႕က်ဆုံး၍ ျပင္းထန္ေသာ တိုက္ပြဲႀကီးမ်ား ဆက္လက္ ျဖစ္ပြားသည္။

ဇြန္လ ၂၅ ရက္ေန႔ ညေနပိုင္းတြင္ က်င္းပေသာ ကုလသမဂၢ လုံၿခဳံေရးေကာင္စီက ကိုရီးယားေျမာက္ပိုင္းအား က်ဴးေက်ာ္သူအျဖစ္ ေၾကညာၿပီးေနာက္ တိုက္ခိုက္မႈ အျမန္ဆုံးရပ္စဲရန္၊ ေျမာက္ပိုင္းစစ္တပ္မ်ား ၃၈ ဒီဂရီ မ်ဥ္းၿပိဳင္သို႔ ဆုတ္ခြာသြားရန္၊ ဤဆုံးျဖတ္ခ်က္မ်ား ေအာင္ျမင္သည္အထိ ကုလသမဂၢအဖြဲ႕ဝင္ႏိုင္ငံမ်ားက စြမ္းအားရွိသမၽွ ကူညီၾကရန္ ဆုံးျဖတ္လိုက္သည္။

ထိုသို႔ ဆုံးျဖတ္ခ်က္ ခ်မွတ္သည့္အတိုင္း ကုလသမဂၢအဖြဲ႕ဝင္ႏိုင္ငံမ်ားက ဝင္ေရာက္ ကူညီတိုက္ခိုက္ေပးသျဖင့္ ေနာက္ဆုံးတြင္ ဤစစ္ပြဲႀကီးမွာ ေျမာက္ကိုရီးယားတပ္မ်ားႏွင့္ ကုလသမဂၢတပ္မ်ား တိုက္ခိုက္ေသာ စစ္ပြဲအသြင္သို႔ ေျပာင္းလဲလာခဲ့သည္။ ေျမာက္ကိုရီးယားတို႔ဘက္မွလည္း တ႐ုတ္ျပည္သူ႕သမၼတႏိုင္ငံက အေပ်ာ္တမ္းတပ္မ်ားျဖင့္ ကူညီခဲ့သည္။

အိႏၵိယႏွင့္ အာရပ္အုပ္စု ႏိုင္ငံမ်ားက ဤစစ္ပြဲကို အႏုနည္းျဖင့္ ေအးၿငိမ္းေစရန္ အတန္တန္ ႀကိဳးစားခဲ့ရာ ကုလသမဂၢဘက္မွ ဗိုလ္ခ်ဳပ္ႀကီးဟယ္ရီဆန္ ေခါင္းေဆာင္ေသာ အဖြဲ႕ႏွင့္ ေျမာက္ကိုရီးယား ဗိုလ္ခ်ဳပ္ နမ္အီ ေခါင္းေဆာင္ေသာ ကိုယ္စားလွယ္မ်ားသည္ အႀကိမ္ႀကိမ္ ေတြ႕ဆုံေဆြးေႏြးၾကသည္။

ေနာက္ဆုံးတြင္ ႏွစ္ဦးႏွစ္ဘက္ သေဘာတူညီခ်က္မ်ား ရရွိသျဖင့္ ၁၉၅၃ ခုႏွစ္ ဇူလိုင္လ ၂၇ ရက္ေန႔ နံနက္ပိုင္းတြင္ ပန္မန္ဂ်ဳံစခန္း၌ စစ္ရပ္စဲေၾကာင္း သေဘာတူစာခ်ဳပ္ကို လက္မွတ္ေရးထိုးၾကသည္။ ထိုစာခ်ဳပ္တြင္ ေခါင္းေဆာင္ေဆြးေႏြးေသာ ႏွစ္ဦးႏွစ္ဘက္ ကိုယ္စားလွယ္မ်ားအျပင္ ေျမာက္ကိုရီးယား စစ္ေသနာပတိခ်ဳပ္ႏွင့္ ဝန္ႀကီးခ်ဳပ္ မာရွယ္ ကင္အီဆြန္း၊ တ႐ုတ္အနီ အေပ်ာ္တမ္းတပ္ ေသနာပတိ ဗိုလ္ခ်ဳပ္မႉး ဝိန္ေတေဟြးႏွင့္ ကုလသမဂၢ စစ္ေသနာပတိခ်ဳပ္ ဗိုလ္ခ်ဳပ္မႉး မတ္ကလပ္တို႔လည္း လက္မွတ္ေရးထိုးၾကသည္။

ဤကိုရီးယားစစ္ပြဲမွာ ၃ ႏွစ္ႏွင့္ ၁ လ ေက်ာ္မၽွ တိုက္ခိုက္ခဲ့သျဖင့္ အိမ္ေျခ တိုက္တာ အေဆာက္အအုံမ်ား၊ စက္မႈလက္မႈ လုပ္ငန္းႀကီးမ်ား ပ်က္စီးဆုံး႐ႈံးၾကသည္။

ႏွစ္ဦးႏွစ္ဘက္ ထိခိုက္က်ဆုံးခဲ့သူႏွင့္ သုံ႔ပန္းအျဖစ္ အဖမ္းခံရသူေပါင္း ၂၃ သိန္းေက်ာ္မၽွ ရွိသည္။ စစ္ေျပၿငိမ္းေရး စာခ်ဳပ္အရ ႏွစ္ဦးႏွစ္ဘက္ စစ္တပ္မ်ားသည္ စစ္ေၾကာင္းတေလၽွာက္ မိမိတို႔ ေရာက္ရွိေနရာမွ ေနာက္သို႔ ၂ ကီလိုမီတာ (၁ မိုင္ ၂ ဖာလုံခန္႔) ျပန္၍ ဆုတ္ခြာၾကရသည္။

စစ္ၿပီးေနာက္ ေတာင္ကိုရီးယား၏ စီးပြားေရး ဆိုးဆိုး႐ြား႐ြား ထိခိုက္ဆုံး႐ႈံးခဲ့သည္။ ထိုစဥ္က သမၼတ လီဆင္မန္၏ အာဏာရွင္ အုပ္ခ်ဳပ္ေရးစနစ္ ေအာက္တြင္ ကိုရီးယားကၽြန္းဆြယ္ ျပန္လည္ေပါင္းစည္းေရးကိုသာ ေရွ႕႐ႈကာ အခြင့္သာသည္ႏွင့္ တၿပိဳင္နက္ ေျမာက္ကိုရီးယားႏွင့္ စစ္ခင္းရန္သာ ႀကံစည္ေနခဲ့ၿပီး စီးပြားေရး ဖြံ႕ၿဖိဳးေရးကို အေလးမထားခဲ့ေပ။

၁၉၆၀ ခုႏွစ္ မတ္လ ၁၅ ရက္ေန႔ သမၼတေ႐ြးေကာက္ပြဲ က်င္းပရန္ ရက္ပိုင္းအလိုတြင္ အဓိက အတိုက္အခံ သမၼတေလာင္း ခ်ိဳၿဗဳံအုခ္ ေသဆုံးခဲ့သည့္ အျဖစ္အပ်က္ေၾကာင့္ လီဆင္မန္ ရာထူးမွ ဆင္းေပးခဲ့ရေသာ္လည္း အေျခအေန ေပ်ာ့ေျပာင္းမလာခဲ့ေပ။

ဒီေနာက္ ေနာက္အာဏာရွင္ တစ္ဦးျဖစ္သည့္ ပတ္က်ဳံဟီ ရာထူးတက္လာၿပီးေနာက္ ၎၏ လက္ထက္အတြင္း ေျမာက္ကိုရီးယား ေခါင္းေဆာင္ ကင္အီလ္ဆုန္အား လုပ္ႀကံရန္ ႀကံစီခဲ့သျဖင့္ ႏွစ္ဖက္ ဆက္ဆံေရးမွာ ေခါင္းေဆာင္ အေျပာင္းအလဲေၾကာင့္ ေကာင္းမြန္လာျခင္း မရွိခဲ့ပါ။ ႏွစ္ဖက္ေခါင္းေဆာင္မ်ား ေတြ႕ဆုံေဆြးေႏြးမႈ ရွိခဲ့ေသာ္လည္း ႏွစ္ဖက္ ႏိုင္ငံေရးစနစ္ႏွင့္ ဝါဒေရးရာ သေဘာထား ကြာဟခ်က္ ႀကီးမားေသာေၾကာင့္ လက္ေတြ႕ တိုးတက္မႈမရွိခဲ့ပါ။

၁၉၉၄ ခုႏွစ္တြင္ ေတာင္ကိုရီးယားၿမိဳ႕ေတာ္ ဆိုးလ္ၿမိဳ႕၌ ကိုရီးယားစစ္ပြဲ အထိမ္းအမွတ္ျပတိုက္ကို ဖြင့္လွစ္ခဲ့သည္။ ယင္းျပတိုက္တြင္ ကိုရီးယားစစ္ပြဲ အပါအဝင္ ကိုရီးယားတြင္ ျဖစ္ပြားခဲ့သည့္ စစ္ပြဲမ်ား၏ သမိုင္းမွတ္တမ္းမ်ားကို ျပသထားသည္။

၂၀၀၉ ခုႏွစ္ ကိုရီးယားစစ္ပြဲ အထိမ္းအမွတ္ေန႔တြင္ ကုလသမဂၢႏွင့္ ကိုရီးယားစစ္ပြဲတြင္ ေတာင္ကိုရီးယားဘက္မွ ကူတိုက္ခဲ့သည့္ ႏိုင္ငံမ်ား (တ႐ုတ္သမၼတႏိုင္ငံ အပါအဝင္) အား ေက်းဇူးတင္သည့္အေနျဖင့္ ယင္းႏိုင္ငံမ်ား၏ အလံမ်ားကို ဆိုးလ္ၿမိဳ႕ကို ျဖတ္သန္းစီးဆင္းသည့္ ခ်ဳံဂယ္ျမစ္ေဘး ရင္ျပင္တြင္ လႊင့္တင္ခဲ့သည္။


ျမန္မာ့စြယ္စုံက်မ္း
Myanmar Wikipedia


တောင် နဲ့ မြောက်ကိုရီးယားဟူ၍ နှစ်ပိုင်းကွဲခဲ့သောအကြောင်းရင်း နှင့် ကိုရီးယားစစ်ပွဲ (unicode)

ကိုရီးယားကျွန်းဆွယ် အခုလို နှစ်ပိုင်းကွဲသွားရခြင်းမှာ ဒုတိယကမ္ဘာစစ် မတိုင်မီ ကိုရီးယားကို ကိုလိုနီနယ်အဖြစ် အုပ်စိုးခဲ့သည့် ဂျပန်တို့က ၁၉၄၅ ခုနှစ်တွင် စစ်ရှုံးခဲ့ရသည့် ပယောဂကြောင့်ဆိုလျှင် မှားမည်မထင်ပါ။ ၁၉၄၅ ခုနှစ် ဖေဖော်ဝါရီလ လောက်က ယော်လတာမြို့၌ ကျင်းပခဲ့သော မဟာမိတ်နိုင်ငံကြီးများ၏ ညီလာခံတွင် ကိုရီးယားအရေး၌ စစ်ဆင်မှုလွယ်ကူစေရန် မြောက်လတ္တီတွဒ် မျဉ်းကြောင်း ၃၈ ဒီဂရီ၏ မြောက်ဘက်ပိုင်းကို ဆိုဗီယက်တပ်များက သိမ်းယူရန်နှင့် တောင်ဘက်ပိုင်းကို အမေရိကန်တပ်များက သိမ်းယူရန် သဘောတူညီခဲ့ကြသည်။ ဤအစီအစဉ်မှာ သေနင်္ဂဗျူဟာနည်းအရ စစ်ဆင်မှု လွယ်ကူစေရန် အကြမ်းဖျင်း ပြဋ္ဌာန်းခဲ့ကြခြင်း ဖြစ်သည်။ သို့ရာတွင် ဒုတိယကမ္ဘာစစ် ပြီးဆုံးသောအခါ မဟာမိတ်နိုင်ငံကြီးများ၏ အမြင်တိုမှုကြောင့် ထိုနယ်နမိတ်အတိုင်းပင် ကိုရီးယားနိုင်ငံသည် မြောက်ပိုင်း၊ တောင်ပိုင်း ကွဲပြားလျက် ယနေ့တိုင် တည်ရှိနေရသည်။

၁၉၄၅ ခုနှစ် ဒီဇင်ဘာလအတွင်း မော်စကိုမြို့၌ ကျင်းပခဲ့သော နိုင်ငံရေးဝန်ကြီးများ အစည်းအဝေးက ကိုရီးယား တောင်ပိုင်းနှင့် မြောက်ပိုင်းကို တစည်းတလုံးတည်း ပူးပေါင်းစေ၍ နိုင်ငံကြီး ၄ နိုင်ငံက ၅ နှစ်ခန့် ထိန်းသိမ်းထားရန် ဆုံးဖြတ်ခဲ့ကြသည်။ သို့ရာတွင် ဆိုဗီယက်နှင့် အမေရိကန်တို့ အယူအဆချင်း မတူညီမှုကြောင့် ထိုစီမံချက် ပျက်သုဉ်းခဲ့သည်။ သို့ဖြင့် ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီလတွင် မာရှယ် ကင်အီဆွန်း ကြီးမှူးသော မြောက်ကိုရီးယား အစိုးရက ‘ကိုရီးယား ပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံ’ဟု တည်ထောင်လိုက်၍ ဩဂုတ်လတွင် ဒေါက်တာ ဆင်မန်ရီးကြီးမှူးသော တောင်ကိုရီးယား အစိုးရက ‘ကိုရီးယား သမ္မတနိုင်ငံ’ဟု ကြေညာလိုက်သည်။ သူတို့ရေးဆွဲသော ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ၂ ခုစလုံး၌ ‘ကိုရီးယား သမ္မတနိုင်ငံ’ ဆိုသည်မှာ တောင်ပိုင်းရော မြောက်ပိုင်းပါ ပါဝင်သည့် ကိုရီးယား တစ်နိုင်ငံလုံးကို ဆိုလိုကြောင်း ဖော်ပြထားသည်။

မြောက်ကိုရီးယား အစိုးရအား ဆိုဗီယက်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ (တရုတ်နီ) တို့က အသိအမှတ်ပြုပြီး ပြည်ထောင်ချင်း စီးပွားရေးစာချုပ်များ အသီးသီး ချုပ်ဆိုကြသည်။ မြောက်ပိုင်းတွင် ဆိုဗီယက်စီးပွားရေး စီမံကိန်းအရ မြေယာစနစ် ပြုပြင်ပြောင်းလဲရေးများ ပြုလုပ်သည့်အပြင် စက်မှုလက်မှုလုပ်ငန်းများကို တည်ဆောက်ကြသည်။ တောင်ကိုရီးယား အစိုးရကိုမူ အမေရိကန်၊ အင်္ဂလန်နှင့် ချန်ကေရှိတ်ဦးဆောင်သော တရုတ်အမျိုးသား အစိုးရ (တရုတ်သမ္မတနိုင်ငံ) (တရုတ်ဖြူ) တို့က အသိအမှတ်ပြု၍ အီး၊ စီ၊ အေ စီမံကိန်းအရ အမေရိကန်၏ အကူအညီဖြင့် စက်မှုလက်မှု လုပ်ငန်းများကို ပြန်လည်ထူထောင် ပေးကြသည်။ ဤသို့ဖြင့် တောင်ပိုင်းနှင့် မြောက်ပိုင်းတို့မှာ အပြိုင်အဆိုင် ဖြစ်နေကြလျက် နယ်ခြားဒေသဖြစ်သော လတ္တီတွဒ် ၃၈ ဒီဂရီ မျဉ်းပြိုင်အနီးတွင် ရံဖန်ရံခါ အချင်းပွားကြလေသည်။

၁၉၅၀ ပြည့်နှစ် ဇွန်လ ၂၅ ရက်နေ့ နံနက်အစောပိုင်းတွင် မြောက်ကိုရီးယားတပ်များသည် ၃၈ ဒီဂရီ မျဉ်းပြိုင်ကို ဖြတ်ကျော်လျက် ကိုရီးယားတောင်ပိုင်းအား စတင်တိုက်ခိုက်ရာ ဇွန်လ ၂၈ ရက်နေ့တွင် ကိုရီးယားတောင်ပိုင်း မြို့တော်ဖြစ်သော ဆိုးလ်မြို့ကျဆုံး၍ ပြင်းထန်သော တိုက်ပွဲကြီးများ ဆက်လက် ဖြစ်ပွားသည်။ ဇွန်လ ၂၅ ရက်နေ့ ညနေပိုင်းတွင် ကျင်းပသော ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ကိုရီးယားမြောက်ပိုင်းအား ကျူးကျော်သူအဖြစ် ကြေညာပြီးနောက် တိုက်ခိုက်မှု အမြန်ဆုံးရပ်စဲရန်၊ မြောက်ပိုင်းစစ်တပ်များ ၃၈ ဒီဂရီ မျဉ်းပြိုင်သို့ ဆုတ်ခွာသွားရန်၊ ဤဆုံးဖြတ်ချက်များ အောင်မြင်သည်အထိ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများက စွမ်းအားရှိသမျှ ကူညီကြရန် ဆုံးဖြတ်လိုက်သည်။ ထိုသို့ ဆုံးဖြတ်ချက် ချမှတ်သည့်အတိုင်း ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများက ဝင်ရောက် ကူညီတိုက်ခိုက်ပေးသဖြင့် နောက်ဆုံးတွင် ဤစစ်ပွဲကြီးမှာ မြောက်ကိုရီးယားတပ်များနှင့် ကုလသမဂ္ဂတပ်များ တိုက်ခိုက်သော စစ်ပွဲအသွင်သို့ ပြောင်းလဲလာခဲ့သည်။ မြောက်ကိုရီးယားတို့ဘက်မှလည်း တရုတ်ပြည်သူ့သမ္မတနိုင်ငံက အပျော်တမ်းတပ်များဖြင့် ကူညီခဲ့သည်။

အိန္ဒိယနှင့် အာရပ်အုပ်စု နိုင်ငံများက ဤစစ်ပွဲကို အနုနည်းဖြင့် အေးငြိမ်းစေရန် အတန်တန် ကြိုးစားခဲ့ရာ ကုလသမဂ္ဂဘက်မှ ဗိုလ်ချုပ်ကြီးဟယ်ရီဆန် ခေါင်းဆောင်သော အဖွဲ့နှင့် မြောက်ကိုရီးယား ဗိုလ်ချုပ် နမ်အီ ခေါင်းဆောင်သော ကိုယ်စားလှယ်များသည် အကြိမ်ကြိမ် တွေ့ဆုံဆွေးနွေးကြသည်။ နောက်ဆုံးတွင် နှစ်ဦးနှစ်ဘက် သဘောတူညီချက်များ ရရှိသဖြင့် ၁၉၅၃ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် ပန်မန်ဂျုံစခန်း၌ စစ်ရပ်စဲကြောင်း သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးကြသည်။ ထိုစာချုပ်တွင် ခေါင်းဆောင်ဆွေးနွေးသော နှစ်ဦးနှစ်ဘက် ကိုယ်စားလှယ်များအပြင် မြောက်ကိုရီးယား စစ်သေနာပတိချုပ်နှင့် ဝန်ကြီးချုပ် မာရှယ် ကင်အီဆွန်း၊ တရုတ်အနီ အပျော်တမ်းတပ် သေနာပတိ ဗိုလ်ချုပ်မှူး ဝိန်တေဟွေးနှင့် ကုလသမဂ္ဂ စစ်သေနာပတိချုပ် ဗိုလ်ချုပ်မှူး မတ်ကလပ်တို့လည်း လက်မှတ်ရေးထိုးကြသည်။

ဤကိုရီးယားစစ်ပွဲမှာ ၃ နှစ်နှင့် ၁ လ ကျော်မျှ တိုက်ခိုက်ခဲ့သဖြင့် အိမ်ခြေ တိုက်တာ အဆောက်အအုံများ၊ စက်မှုလက်မှု လုပ်ငန်းကြီးများ ပျက်စီးဆုံးရှုံးကြသည်။ နှစ်ဦးနှစ်ဘက် ထိခိုက်ကျဆုံးခဲ့သူနှင့် သုံ့ပန်းအဖြစ် အဖမ်းခံရသူပေါင်း ၂၃ သိန်းကျော်မျှ ရှိသည်။ စစ်ပြေငြိမ်းရေး စာချုပ်အရ နှစ်ဦးနှစ်ဘက် စစ်တပ်များသည် စစ်ကြောင်းတလျှောက် မိမိတို့ ရောက်ရှိနေရာမှ နောက်သို့ ၂ ကီလိုမီတာ (၁ မိုင် ၂ ဖာလုံခန့်) ပြန်၍ ဆုတ်ခွာကြရသည်။

စစ်ပြီးနောက် တောင်ကိုရီးယား၏ စီးပွားရေး ဆိုးဆိုးရွားရွား ထိခိုက်ဆုံးရှုံးခဲ့သည်။ ထိုစဉ်က သမ္မတ လီဆင်မန်၏ အာဏာရှင် အုပ်ချုပ်ရေးစနစ် အောက်တွင် ကိုရီးယားကျွန်းဆွယ် ပြန်လည်ပေါင်းစည်းရေးကိုသာ ရှေ့ရှုကာ အခွင့်သာသည်နှင့် တပြိုင်နက် မြောက်ကိုရီးယားနှင့် စစ်ခင်းရန်သာ ကြံစည်နေခဲ့ပြီး စီးပွားရေး ဖွံ့ဖြိုးရေးကို အလေးမထားခဲ့ပေ။ ၁၉၆၀ ခုနှစ် မတ်လ ၁၅ ရက်နေ့ သမ္မတရွေးကောက်ပွဲ ကျင်းပရန် ရက်ပိုင်းအလိုတွင် အဓိက အတိုက်အခံ သမ္မတလောင်း ချိုဗြုံအုခ် သေဆုံးခဲ့သည့် အဖြစ်အပျက်ကြောင့် လီဆင်မန် ရာထူးမှ ဆင်းပေးခဲ့ရသော်လည်း အခြေအနေ ပျော့ပြောင်းမလာခဲ့ပေ။ ဒီနောက် နောက်အာဏာရှင် တစ်ဦးဖြစ်သည့် ပတ်ကျုံဟီ ရာထူးတက်လာပြီးနောက် ၎င်း၏ လက်ထက်အတွင်း မြောက်ကိုရီးယား ခေါင်းဆောင် ကင်အီလ်ဆုန်အား လုပ်ကြံရန် ကြံစီခဲ့သဖြင့် နှစ်ဖက် ဆက်ဆံရေးမှာ ခေါင်းဆောင် အပြောင်းအလဲကြောင့် ကောင်းမွန်လာခြင်း မရှိခဲ့ပါ။ နှစ်ဖက်ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးမှု ရှိခဲ့သော်လည်း နှစ်ဖက် နိုင်ငံရေးစနစ်နှင့် ဝါဒရေးရာ သဘောထား ကွာဟချက် ကြီးမားသောကြောင့် လက်တွေ့ တိုးတက်မှုမရှိခဲ့ပါ။

၁၉၉၄ ခုနှစ်တွင် တောင်ကိုရီးယားမြို့တော် ဆိုးလ်မြို့၌ ကိုရီးယားစစ်ပွဲ အထိမ်းအမှတ်ပြတိုက်ကို ဖွင့်လှစ်ခဲ့သည်။ ယင်းပြတိုက်တွင် ကိုရီးယားစစ်ပွဲ အပါအဝင် ကိုရီးယားတွင် ဖြစ်ပွားခဲ့သည့် စစ်ပွဲများ၏ သမိုင်းမှတ်တမ်းများကို ပြသထားသည်။ ၂၀၀၉ ခုနှစ် ကိုရီးယားစစ်ပွဲ အထိမ်းအမှတ်နေ့တွင် ကုလသမဂ္ဂနှင့် ကိုရီးယားစစ်ပွဲတွင် တောင်ကိုရီးယားဘက်မှ ကူတိုက်ခဲ့သည့် နိုင်ငံများ (တရုတ်သမ္မတနိုင်ငံ အပါအဝင်) အား ကျေးဇူးတင်သည့်အနေဖြင့် ယင်းနိုင်ငံများ၏ အလံများကို ဆိုးလ်မြို့ကို ဖြတ်သန်းစီးဆင်းသည့် ချုံဂယ်မြစ်ဘေး ရင်ပြင်တွင် လွှင့်တင်ခဲ့သည်။

မြန်မာ့စွယ်စုံကျမ်း
Myanmar Wikipedia

Leave a Reply