ပါရှင်းတို့ရဲ့ ဖခင်ကြီး (သို့) ပါရှားအင်ပါယာကို တည်ထောင်သူ မဟာဆိုင်းရပ်စ်(Cyrus the Great)

Posted on

မဟာဆိုင်းရပ်စ် (Cyrus the Great) (ဘီစီ ၅၉၀-ဘီစီ ၅၂၉) သည် ပါရှင်းလူမျိုးတို့၏ ဖခင်ကြီးဟူ၍၎င်း၊ ယဟူဒီလူမျိုးတို့၏ ကယ်တင်ရှင်ဟူ၍၎င်း၊ ဆိုင်းရပ်- သ-ဂရိတ်(ဆိုင်းရပ်မင်း တရားကြီး) ဟူ၍၎င်း၊ ရှေးဟောင်းရာဇဝင်သမိုင်း အစောင်စောင် တို့တွင် ဂုဏ်ပြုချီးကျူးမှတ်တမ်းတင်ခံခဲ့ရသည်။ သူသည် ပါးရှား အင်ပါယာကြီးကို တည်ထောင်စည်းရုံးခဲ့သူ ဖြစ်သည်။ ဆိုင်းရပ်စ်ကို အီရန်အနောက်တောင်ပိုင်းရှိ ဖာရ်စစ်နယ်(ယနေ့ဖားစ်နယ်)တွင် ဒေသခံပဒေသရာဇ်ဖြစ်သူ ဆမ်ဘီစက် မှ ဆင်းသက်ဖွားမြင်သည်။ ဆိုင်းရပ်စ်၏ မူလပါရှအသံထွက်ဖြင့် အမည်မှာ ကုဂုစ် ဖြစ်ပါသည်။ သူမွေးဖွားစဉ်က ထိုဒေသမှာ ဖိဒ်စ်အင်ပါယာ၏ လက်အောက်ခံ ပဒေသရာဇ်နယ်လေး သာဖြစ်သည်။

ငယ်စဉ်ဘဝကို ကောင်းစွာမသိရသော်လည်း ပုံပြင်ဆန်ဆန် လူပြောများသည် ဇာတ်လမ်းအရ အဖိုးဖြစ်သူက မြေးကိုယ်ဝန်ဆောင်ချိန်တွင် နိမိတ်များမြင်ပြီး နောင်တစ်ချိန်တွင် မိမိအားပျက်စီးစေမည့် မျိုးဆက်ဟု ဆိုကာသတ်ရန် စေခိုင်းခဲ့သည်။ သို့သော် မင်းစေက မရက်စက်လိုသဖြင့် သိုးခြံဝတွင် စွန့်ပစ်ထားခဲ့ပြီး သိုးထိန်း လင်မယား၏ စောင့်ရှောက်မှုဖြင့် ကြီးပြင်းလာခဲ့သည် ဟုဆိုသည်။ သို့သော် သမိုင်းပညာရှင်များက ထိုဇာတ်လမ်းကို လက်မခံကြပေ။ သူ၏မိဘမျိုးရိုး၊ သူ၏ငယ်စဉ် အကြောင်းအရာများမှာ ရှေးဟောင်းဒဏ္ဍာရီပုံပြင်များဖြင့် ရော ထွေး၍ နေခြင်းကြောင့် ကျွန်ုပ်တို့ တိကျမှန်ကန်စွာ သိရှိရန် များစွာခဲယဉ်းလေသည်။ သို့သော် ဆိုင်းရပ်သည် ပါးရှင်းလူမျိုး ဖြစ်၍၊ ပါးရှင်းနိုင်ငံတော်ကြီးကို တည်ထောင် စည်းရုံးခဲ့သည်မှာ ကား အမှန်ပင်ဖြစ်သည်။

အရွယ်ရောက်လျှင် ဖခင်ထံမှ အရိုက်အရာကိုဆက်ခံပြီး မိဒ်စ်အင်ပါယာ၏ ဧကရာဇ်၏ လက်အောက်ခံအဖြစ် ဆက်လက်ရပ်တည်နေခဲ့ရာမှ ဘီစီ၅၅၃တွင် ပုန်ကန်ပြီး သုံးနှစ်အကြာတွင် အောင်မြင်ပြီး ပါရှအင်ပါယာကို တည်ထောင်သည်။ ဖိဒ်စ် နှင့် ပါရှတို့မှာ လူမျိုးအားဖြင့်၊ ဘာသာစကားအားဖြင့် များစွာကွာခြားသည်မဟုတ်သဖြင့် ဆိုင်းရပ်စ် အနေဖြင့်လည်း ဖိဒ်စ်တို့၏ ဥပဒေ နှင့် အုပ်ချုပ်ရေးစနစ်တို့ကို ဆက်လက်ကျင့်သုံးသည်။ ထို့ကြောင့် လက်အောက်ခံတို့က မည်သည့်မကျေနပ်မှုမှ မပြပဲ တိုင်းပြည်အတွင်း မင်းပြောင်းမင်းလွဲဖြစ်သည် ဟုသာ သဘောထားကြသည်။

ဧကရာဇ်အဖြစ်ကိုရလျှင် နယ်ပယ်ချဲ့ထွင်ရေးကို စတင်ရန်အားထုတ်သည်။ ရှေးဦးစွာ အနောက်ဖက်ရှိ လီဒီးယားအင်ပါယာ ကိုတိုက်ခိုက်သည်။ထိုအင်ပါယာမှ ဘုရင်ကရီးဆပ်သည် ချမ်းသာကြွယ်ဝပြီး အထူးသဖြင့် ရွှေအလွန်ပေါသည် ဟုကြော်ကြားသည်။ ဘီစီ ၅၄၆တွင် လီဒီးယားအင်ပါယာကို အောင်နိုင်သည်။ ဘီစီ ၅၃၉ ခုနှစ်တွင် ဘေဘီလုံ နိုင်ငံကို၎င်း ဆက်လက်၍ အောင်မြင်ခဲ့၏။ ဖီနီးရှန်း နိုင်ငံနှင့် ပါလက်စတိုင်း နိုင်ငံများကိုလည်း နှိမ်နင်းအောင်မြင်ခဲ့ ၍ ဆိုင်းရပ်သည် ယဟူဒီလူမျိုးများအား ကယ်တင်စောင့်ရှောက် ခဲ့၏။

ထိုနောက် အရှေ့ဖက်သို့လှည့်ပြီး စစ်ပွဲများစွာတိုက်ခိုက်အောင်မြင်ကာ ဘီစီ ၅၄၀တွင် အီရန်တစ်ခုလုံးကိုရပြီး သူ၏အင်ပါယာမှာလည်း အနောက်ဖက် မှ အရှေ့ဖက် အိန္ဒိယ၊ ဗဟိုအာရှ ဒေသများအထိကျယ်ပြန့်လာခဲ့သည်။ ထိုသို့အရှေ့နှင့်အနောက်တွင် ရန်သူများကိုအောင်နိုင်ပြီးနောက် အချမ်းသာဆုံးဖြစ်သည့် ဘေဘီလုံနိုင်ငံကို တိုက်ခိုက်တော့သည်။ ဘေဘီလုံဘုရင် နဗိုနိဒပ်စ်မှာ ပြည်သူတို့၏ ချစ်ခင်မှုကိုမရသဖြင့် ဘေဘီလုံစစ်တပ်များက မတိုက်ပဲ လက်နက်ချသောကြောင့် ဓါးမကျိုးလှံမခွေပဲ ဘေဘီလုံကိုရလေသည်။ သို့ဖြင့် ဘေဘီလုံလက်အောက်ရှိ ဆီးရီးယားနှင့် ပါလက်စတိုင်း ဒေသများကိုပါရသည်။

ဆိုင်းရပ်၏ ဘုန်းတန်ခိုးကြီးများပုံကား ထိုမျှမကသေး ချေ။ အာရှတိုက်တွင်လည်း ဟဲလက်စပွန့်မှ အိန္ဒိယနယ်စပ် အထိ ကြီးစိုးမင်းမူခဲ့သေးသည်။ ထိုမှ နှစ်အတန်ကြာ မိမိ၏သိမ်းပိုက်နယ်ပယ်များအတွင်း အခြေခိုင်ရန်အားထုတ်ကြိုးပမ်းပြီးနောက် စစ်တပ်ကိုဦးဆောင်ကာ အရှေ့မြောက်ဖက်ရှိ ကပ်စပီယံပင်လယ်မှ ဗဟိုအာရှတိုင်အောင် လှည့်လည်သွားလာလျှက်ရှိသည့် မက်စဂီတေး လူမျိုးစုများကို တိုက်ခိုက်သည်။ သို့သော် ၅၂၉တွင် ဖြစ်ပွားသည့် ကက်စပီယန်ပင်လယ်၏ အရှေ့မြောက်ဘက်၌ နေထိုင်သည့် စီသီယားလူမျိုးများနှင့် တိုက်ခိုက်သော ဒုတိယ စစ်ပွဲ၌ ပါရှတပ်များ ရှုံးသလို ဆိုင်းရပ်စ်ကျဆုံးသွားခဲ့သည်။

ဆိုင်းရပ်စ်လွန်လျှင် သားတော် ဒုတိယကမ်ဘီစက်စ် ကဆက်ခံပြီး တိုက်ခိုက်ရာ မက်စဂီတေး တို့ကိုအောင်မြင်သည်။ ဖခင်၏အလောင်းကို ရှေးပါရှမြို့တော်ဟောင်း ပဆိုဂဒေ တွင်မြုပ်နှံသည်။ ထိုနောက် အီဂျစ်သို့ဆက်လက်ချီတက်ပြီး တိုက်ခိုက်အောင်မြင်သဖြင့် အာရှအနောက်ဖက်နှင့်အလယ်ပိုင်း တစ်ခွင်လုံးကို ပါရှအင်ယာအဖြစ် သိမ်းသွင်းထူထောင်သည်။ အနှစ်နှစ်ရာကျော် သက်တမ်းရောက်မှ မဟာအလက်ဇန္ဒား ၏တိုက်ခိုက်မှုကြောင့် ပါရှအင်ပါယာကြီး ပျက်စီးခြင်းသို့ရောက်ရသည်။

အလက်ဇန္ဒားလွန်သော် သူ၏စစ်ဗိုလ်ချုပ်ကြီးတစ်ဦးဖြစ်သည့် ဆဲလ်လူကတ်နီကာတာ ကပါရှအင်ပါယာကို ဆက်လက်အုပ်ချုပ်ပြီး ခရစ်နှစ် သုံးရာစုတွင် ဆိုင်ရပ်စ်မင်းဆက်မှ ဆင်းသက်သူဟု ဆိုသည့် ပထမအာဆက်စစ် ကပုန်ကန်ပြီး ပါသီယအင်ပါယာကို တည်ထောင်သည်။ ခရစ်နှစ် ၂၂၄တွင် ထိုမင်းဆက်ကို နန်းချပြီး ပါရှအင်ပါယာသစ် (သို့) ဆက်စနစ်အင်ပါယာ ကိုတည်ထောင်ပြီး အနှစ် ၄၀၀မျှ အုပ်စိုးသွားကြသေးသည်။ ထိုမင်းဆက်တို့ကလည်း မိမိတို့သည် ဆိုင်းရပ်စ်၏ အကြေမန်နစ် အဆက်အနွယ်များဖြစ်သည်ဟု ဆိုကြပြန်သည်။

ဆိုင်းရပ်စ်၏ အရည်အချင်းများ
စစ်ရေးတွင် ထူးချွန်သည်မှာ ပြောဖွယ်မရှိပေ။ထို့အပြင် အုပ်ချုပ်ရေး တွင်ထူးချွန်ပြီး ဘာသာကိုးကွယ်မှုတွင်လည်း နှစ်သက်ရာဘာသာကို ကိုးကွယ်ခွင့်ပေးသည်။ သိမ်းပိုက်ခံနယ်ပယ်များအတွင်းရှိ ဒေသခံတို့၏ ဓလေ့ထုံးစံများကို ဆက်လက်ကျင့်သုံးခွင့်ပေးသည်။ ရက်ရက်စက်စက် မျိုးသုဉ်းသတ်ဖြတ်သည်မျိုးမရှိခဲ့ပေ။ ဘာသာရေးအရ နောင်တွင် အပြောင်းအလဲဖြစ်စေမည့် ဖြစ်ရပ်တစ်ခုကိုလည်း ပြုခဲ့သည်။ အခြားမဟုတ် ဘေဘီလုံကို သိမ်းပိုက်ပြီးနောက် ဘေဘီလုံတွင် နှစ် ၅၀ကျော်မျှ အထိန်းအသိမ်းခံသဘောမျိုး၊ သုံ့ပန်းသဘောမျိုး နေထိုင်နေခဲ့ရသည့် ဂျူးလူမျိုးထောင်ပေါင်းများစွာကို အိမ်ပြန်ခွင့်ပေးခဲ့ခြင်းဖြစ်သည်။ အထက်ပါအချက်များကြောင့် နောင်တစ်ချိန်ပြိုင်ဖက်များဖြစ်လာသည့် ဂရိတို့ကပင် ဆိုင်းရပ်စ်ကို လေးစားချီးကျူးခဲ့ကြသည်။

ဆိုင်းရပ်သည် ၂၅ နှစ်အတွင်း ပါးရှင်းနိုင်ငံတော်ကြီးကို တည်ထောင်စည်းရုံးနိုင်ခဲ့သော စစ်ဘုရင်ကြီးဖြစ်သည်။ သူသည် သူတစ်ပါး၏အပေါ်တွင် သနားညှာတာတတ်၍ တရားမျှတသော နိုင်ငံခေါင်းဆောင် ဘုရင်ကြီးလည်းဖြစ်သည်။ သူ့အား ပါးရှင်း လူမျိုးများက ‘ဖခင်ကြီး’ဟူ၍၎င်း၊ ယဟူဒီလူမျိုးများက ‘ကယ် တင်ရှင်’ ဟူ၍၎င်း၊ ဂရိလူမျိုးများက ‘မင်းကျင့်တရားနှင့်အညီ အုပ်ချုပ်သော သက်ဦးဆံပိုင်ဘုရင်ကြီး’ ဟူ၍၎င်း ခေါ်ဝေါ်အသိ အမှတ်ပြုခဲ့ကြသည်။ ရာဇဝင်သမိုင်း အစောင်စောင်တို့တွင်ကား သူသည် ဆိုင်းရပ်-သ-ဂရိတ်ဟု ထင်ရှားခဲ့ လေသည်။

ကိုးကား
ကျော်စွာ၁၀၀-ဒေါက်တာသန်းထွန်း
မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)
Myanmar Wikipedia


ပါရွင်းတို့ရဲ့ ဖခင်ကြီး (သို့) ပါရွားအင္ပါယာကို တည်ထောင်သူ မဟာဆိုင်းရပ္စ်(Cyrus the Great)

မဟာဆိုင်းရပ္စ် (Cyrus the Great) (ဘီစီ ၅၉၀-ဘီစီ ၅၂၉) သည် ပါရွင်းလူမိုးတို့၏ ဖခင်ကြီးဟူ၍၎င်း၊ ယဟူဒီလူမိုးတို့၏ ကယ္တင်ရွင်ဟူ၍၎င်း၊ ဆိုင်းရပ်- သ-ဂရိတ်(ဆိုင်းရပ္မင်း တရားကြီး) ဟူ၍၎င်း၊ ရွေးဟောင်းရာဇဝင်သမိုင်း အေစာင်စောင် တို့တြင် ဂုဏ်ပြုခီ်းက်ူးမွတ္တမ်းတင္ခံခဲ့ရသည်။ သူသည် ပါးရွား အင္ပါယာကြီးကို တည်ထောင္စည်းရုံးခဲ့သူ ဖြစ်သည်။ ဆိုင်းရပ္စ်ကို အီရန်အေနာက်တောင္ပိုင်းရွိ ဖာရ္စစ္နယ်(ယေန့ဖားစ္နယ်)တြင် ဒေသခံပေဒသရာဇ်ဖြစ်သူ ဆမ္ဘီစက် မွ ဆင်းသက္ဖြားမြင်သည်။ ဆိုင်းရပ္စ်၏ မူလပါရွအသံထြက်ဖြင့် အမည္မွာ ကုဂုစ် ဖြစ္ပါသည်။ သူမြေးဖြားစဥ္က ထိုဒေသမွာ ဖိဒ္စ်အင္ပါယာ၏ လက်အောက္ခံ ပေဒသရာဇ္နယ်လေး သာဖြစ်သည်။

ငယ္စဥ္ဘဝကို ကောင်းစြာမသိရေသ်ာလည်း ပုံပြင္ဆန္ဆန် လူပြောမာ်းသည် ဇာတ္လမ်းအရ အဖိုးဖြစ်သူက မြေးကိုယ်ဝန်ဆောင္ခိန္တြင် နိမိတ္မာ်းမြင်ပြီး နောင္တစ္ခိန္တြင် မိမိအားပ်က္စီးစေမည့် မိုးဆက်ဟု ဆိုကာသတ်ရန် စေခိုင်းခဲ့သည်။ သို့သော် မင်းစေက မရက္စက္လိုသျဖင့် သိုးခြံဝတြင် စြန့်ပစ္ထားခဲ့ပြီး သိုးထိန်း လင္မယား၏ စောင့်ရွောက္မှုဖြင့် ကြီးပြင်းလာခဲ့သည် ဟုဆိုသည်။ သို့သော် သမိုင်းပညာရွင္မာ်းက ထိုဇာတ္လမ်းကို လက္မခံကြေပ။ သူ၏မိဘမိုးရိုး၊ သူ၏ငယ္စဉ် အေကြာင်းအရာမာ်းမွာ ရွေးဟောင်းဒဏ္ဍာရီပုံပြင္မာ်းဖြင့် ရော ထြေး၍ နျေခင်းကြောင့် ကျွန်ုပ္တို့ တိက်မွန္ကန္စြာ သိရွိရန် မာ်းစြာခဲယဉ်းလေသည်။ သို့သော် ဆိုင်းရပ်သည် ပါးရွင်းလူမိုး ဖြစ်၍၊ ပါးရွင်းနိုင်ငံတော်ကြီးကို တည်ထောင် စည်းရုံးခဲ့သည္မွာ ကား အမွန္ပင်ဖြစ်သည်။

အရွယ်ရောက္လျှင် ဖခင္ထံမွ အရိုက်အရာကိုဆက္ခံပြီး မိဒ္စ်အင္ပါယာ၏ ဧကရာဇ်၏ လက်အောက္ခံအျဖစ် ဆက္လက်ရပ္တည်နေခဲ့ရာမွ ဘီစီ၅၅၃တြင် ပုန္ကန်ပြီး သုံးနှစ်အကြာတြင် အောင်မြင်ပြီး ပါရွအင္ပါယာကို တည်ထောင်သည်။ ဖိဒ္စ် နှင့် ပါရွတို့မွာ လူမိုးအားဖြင့်၊ ဘာသာစကားအားဖြင့် မာ်းစြာကြာခြားသည္မဟုတ်သျဖင့် ဆိုင်းရပ္စ် အေနျဖင့်လည်း ဖိဒ္စ်တို့၏ ဥပေဒ နှင့် အုပ္ခ်ုပ်ရေးစနစ္တို့ကို ဆက္လက္က်င့်သုံးသည်။ ထို့ကြောင့် လက်အောက္ခံတို့က မည်သည့်မေက်နပ္မှုမွ မျပပဲ တိုင်းပြည်အတြင်း မင်းပြောင်းမင်းလြဲဖြစ်သည် ဟုသာ သေဘာထားကြသည်။

ဧကရာဇ်အျဖစ္ကိုရလျှင် နယ္ပယ္ခဲ့်ထြင်ရေးကို စတင်ရန်အားထုတ်သည်။ ရွေးဦးစြာ အေနာက္ဖက်ရွိ လီဒီးယားအင္ပါယာ ကိုတိုက္ခိုက်သည်။ထိုအင္ပါယာမွ ဘုရင္ကရီးဆပ်သည် ခ်မ်းသာကြယ်ဝပြီး အထူးသျဖင့် ရွှေအလြန်ပေါသည် ဟုကြော်ကြားသည်။ ဘီစီ ၅၄၆တြင် လီဒီးယားအင္ပါယာကို အောင်နိုင်သည်။ ဘီစီ ၅၃၉ ခုနှစ္တြင် ဘေဘီလုံ နိုင်ငံကို၎င်း ဆက္လက်၍ အောင်မြင္ခဲ့၏။ ဖီနီးရွန်း နိုင်ငံနှင့် ပါလက္စတိုင်း နိုင်ငံမာ်းကိုလည်း နှိမ္နင်းအောင်မြင္ခဲ့ ၍ ဆိုင်းရပ်သည် ယဟူဒီလူမိုးမာ်းအား ကယ္တင်စောင့်ရွောက် ခဲ့၏။

ထိုနောက် အေရွ့ဖက်သို့လွည့်ပြီး စစ္ပြဲမာ်းစြာတိုက္ခိုက်အောင်မြင္ကာ ဘီစီ ၅၄၀တြင် အီရန္တစ္ခုလုံးကိုရပြီး သူ၏အင္ပါယာမွာလည်း အေနာက္ဖက် မွ အေရွ့ဖက် အိန္ဒိယ၊ ဗဟိုအာရွ ဒေသမာ်းအထိက်ယ်ပြန့်လာခဲ့သည်။ ထိုသို့အေရွ့နှင့်အေနာက္တြင် ရန်သူမာ်းကိုအောင်နိုင်ပြီးနောက် အခ်မ်းသာဆုံးဖြစ်သည့် ဘေဘီလုံနိုင်ငံကို တိုက္ခိုက်တော့သည်။ ဘေဘီလုံဘုရင် နဗိုနိဒပ္စ်မွာ ပြည်သူတို့၏ ခ်စ္ခင္မှုကိုမရသျဖင့် ဘေဘီလုံစစ္တပ္မာ်းက မတိုက္ပဲ လက္နက္ခေ်သာကြောင့် ဓါးမကိုးလွံမေခြပဲ ဘေဘီလုံကိုရေလသည်။ သို့ဖြင့် ဘေဘီလုံလက်အောက်ရွိ ဆီးရီးယားနှင့် ပါလက္စတိုင်း ဒေသမာ်းကိုပါရသည်။

ဆိုင်းရပ်၏ ဘုန်းတန္ခိုးကြီးမာ်းပုံကား ထိုမျှမကေသး ခေ်။ အာရွတိုက္တြင္လည်း ဟဲလက္စပြန့်မွ အိန္ဒိယနယ္စပ် အထိ ကြီးစိုးမင်းမူခဲ့သေးသည်။ ထိုမွ နှစ်အတန်ကြာ မိမိ၏သိမ်းပိုက္နယ္ပယ္မာ်းအတြင်း အေခြခိုင်ရန်အားထုတ်ကြိုးပမ်းပြီးနောက် စစ္တပ္ကိုဦးဆောင္ကာ အေရွ့မြောက္ဖက်ရွိ ကပ္စပီယံပင္လယ္မွ ဗဟိုအာရွတိုင်အောင် လွည့်လည်သြားလာလျှက်ရွိသည့် မက္စဂီတေး လူမိုးစုမာ်းကို တိုက္ခိုက်သည်။ သို့သော် ၅၂၉တြင် ဖြစ္ပြားသည့် ကက္စပီယန္ပင္လယ်၏ အေရွ့မြောက္ဘက်၌ နေထိုင်သည့် စီသီယားလူမိုးမာ်းနှင့် တိုက္ခိုက်သော ဒုတိယ စစ္ပြဲ၌ ပါရွတပ္မာ်း ရှုံးသလို ဆိုင်းရပ္စ်က်ဆုံးသြားခဲ့သည်။

ဆိုင်းရပ္စ်လြန္လျှင် သားတော် ဒုတိယကမ္ဘီစက္စ် ကဆက္ခံပြီး တိုက္ခိုက်ရာ မက္စဂီတေး တို့ကိုအောင်မြင်သည်။ ဖခင်၏အေလာင်းကို ရွေးပါရွမြို့တော်ဟောင်း ပဆိုဂေဒ တြင်မြုပ်နှံသည်။ ထိုနောက် အီဂ်စ်သို့ဆက္လက္ခ်ီတက်ပြီး တိုက္ခိုက်အောင်မြင်သျဖင့် အာရွအေနာက္ဖက်နှင့်အလယ္ပိုင်း တစ္ခြင္လုံးကို ပါရွအင်ယာအျဖစ် သိမ်းသြင်းထူထောင်သည်။ အနှစ်နှစ်ရာကော် သက္တမ်းရောက္မွ မဟာအလက္ဇန္ဒား ၏တိုက္ခိုက္မှုကြောင့် ပါရွအင္ပါယာကြီး ပ်က္စီးခြင်းသို့ရောက်ရသည်။

အလက္ဇန္ဒားလြန်သော် သူ၏စစ္ဗိုလ္ခ်ုပ်ကြီးတစ်ဦးဖြစ်သည့် ဆဲလ္လူကတ္နီကာတာ ကပါရွအင္ပါယာကို ဆက္လက်အုပ္ခ်ုပ်ပြီး ခရစ်နှစ် သုံးရာစုတြင် ဆိုင်ရပ္စ်မင်းဆက္မွ ဆင်းသက်သူဟု ဆိုသည့် ပထမအာဆက္စစ် ကပုန္ကန်ပြီး ပါသီယအင္ပါယာကို တည်ထောင်သည်။ ခရစ်နှစ် ၂၂၄တြင် ထိုမင်းဆက္ကို နန်းခ်ပြီး ပါရွအင္ပါယာသစ် (သို့) ဆက္စနစ်အင္ပါယာ ကိုတည်ထောင်ပြီး အနှစ် ၄၀၀မျှ အုပ္စိုးသြားကြေသးသည်။ ထိုမင်းဆက္တို့ကလည်း မိမိတို့သည် ဆိုင်းရပ္စ်၏ အေကြမန္နစ် အဆက်အနွယ္မာ်းဖြစ်သည်ဟု ဆိုကျြပန်သည်။

ဆိုင်းရပ္စ်၏ အရည်အခ်င်းမာ်း
စစ်ရေးတြင် ထူးချွန်သည္မွာ ပြောဖြယ္မရွိပေ။ထို့အျပင် အုပ္ခ်ုပ်ရေး တြင္ထူးချွန်ပြီး ဘာသာကိုးကြယ္မှုတြင္လည်း နှစ်သက်ရာဘာသာကို ကိုးကြယ္ခြင့်ပေးသည်။ သိမ်းပိုက္ခံနယ္ပယ္မာ်းအတြင်းရွိ ဒေသခံတို့၏ ဓေလ့ထုံးစံမာ်းကို ဆက္လက္က်င့်သုံးခြင့်ပေးသည်။ ရက်ရက္စက္စက် မိုးသုဉ်းသတ်ဖြတ်သည္မိုးမရွိခဲ့ပေ။ ဘာသာရေးအရ နောင္တြင် အေပြာင်းအလဲဖြစ်စေမည့် ဖြစ်ရပ္တစ္ခုကိုလည်း ပြုခဲ့သည်။ အျခားမဟုတ် ဘေဘီလုံကို သိမ်းပိုက်ပြီးနောက် ဘေဘီလုံတြင် နှစ် ၅ဝေကာ်မျှ အထိန်းအသိမ်းခံသေဘာမိုး၊ သုံ့ပန်းသေဘာမိုး နေထိုင်နေခဲ့ရသည့် ဂ်ူးလူမိုးထောင်ပေါင်းမာ်းစြာကို အိမ်ပြန္ခြင့်ပေးခဲ့ခြင်းဖြစ်သည်။ အထက္ပါအခ်က္မာ်းကြောင့် နောင္တစ္ခိန်ပြိုင္ဖက္မာ်းဖြစ္လာသည့် ဂရိတို့ကပင် ဆိုင်းရပ္စ်ကို လေးစားခီ်းက်ူးခဲ့ကြသည်။

ဆိုင်းရပ်သည် ၂၅ နှစ်အတြင်း ပါးရွင်းနိုင်ငံတော်ကြီးကို တည်ထောင္စည်းရုံးနိုင္ခဲ့သော စစ္ဘုရင်ကြီးဖြစ်သည်။ သူသည် သူတစ္ပါး၏အေပ်ါတြင် သနားညှာတာတတ်၍ တရားမျှတေသာ နိုင်ငံခေါင်းဆောင် ဘုရင်ကြီးလည်းဖြစ်သည်။ သူ့အား ပါးရွင်း လူမိုးမာ်းက ‘ဖခင်ကြီး’ဟူ၍၎င်း၊ ယဟူဒီလူမိုးမာ်းက ‘ကယ် တင်ရွင်’ ဟူ၍၎င်း၊ ဂရိလူမိုးမာ်းက ‘မင်းက်င့်တရားနှင့်အညီ အုပ္ခ်ုပ်သော သက်ဦးဆံပိုင္ဘုရင်ကြီး’ ဟူ၍၎င်း ခေါ်ဝေါ်အသိ အမွတ်ပြုခဲ့ကြသည်။ ရာဇဝင်သမိုင်း အေစာင်စောင္တို့တြင္ကား သူသည် ဆိုင်းရပ်-သ-ဂရိတ်ဟု ထင်ရွားခဲ့ လေသည်။

ကိုးကား
ကော်စြာ၁၀၀-ဒေါက္တာသန်းထြန်း
မြန္မာ့စြယ္စုံက်မ်း၊ အတြဲ(၄)
Myanmar Wikipedia

Leave a Reply