ကမာၻ႔ နံပါတ္(၁) ဟာသ သရုပ္ေဆာင္ (သုိ႔) ခ်ာလီခ်က္ပလင္

Posted on

ခ်ာလီ ခ်က္ပလင္ဟု ကမၻာေက်ာ္ေသာလူရႊင္ေတာ္ ႐ုပ္ရွင္ဇာတ္လိုက္မွာ နာမည္ရင္းအားျဖင့္ ခ်ားစပင္ဆာခ်က္ပလင္ ျဖစ္သည္။သာမန္လူရႊင္ေတာ္ဘဝမွ တစ္ဆင့္ထက္တစ္ဆင့္ ဇာတ္ညႊန္းေရးဆရာ၊ ဒါရိုက္တာႏွင့္ ႐ုပ္ရွင္ကား ထုတ္ေဝသူ အထိ တိုးတက္လာၿပီးလၽွင္ ႂကြယ္ဝခ်မ္းသာေသာ ႐ုပ္ရွင္ ကုမၸဏီပိုင္ရွင္တစ္ဦး ျဖစ္လာေအာင္ ႀကိဳးစားခဲ့သူ ျဖစ္ေပ သည္။

ခ်ာလီ ခ်က္ပလင္ကို လန္ဒန္ၿမိဳ႕၌ ၁၈၈၉ ခု ဧၿပီလ ၁၆ ရက္ေန႔တြင္ ေမြးဖြားသည္။ အဖျဖစ္သူမွာ လူရႊင္ေတာ္ ခ်ား ခ်က္ပလင္ျဖစ္၍၊ အမိမွာ အဆိုေတာ္လီလီဟာလီဟႏၷာ ျဖစ္သည္။ ငယ္စဥ္ကပင္ သူ၏ညီျဖစ္သူ ဆစ္ဒနီ ခ်က္ပလင္ႏွင့္အတူ သဘင္ေလာကသို႔ ဝင္ေရာက္လာခဲ့သည္။ ခ်ာလီ ခ်က္ပလင္ ပထမဆုံးပါဝင္အသုံးေတာ္ခံခဲ့ေသာ ျပဇာတ္မွာ ‘ရွားေလာ့ဟုမ္း’ ျပဇာတ္ျဖစ္သည္။ ထိုျပဇာတ္တြင္ မင္းလုလင္ဘစ္လီအျဖစ္ျဖင့္ ကျပခဲ့ရ၏။ ထို႔ေနာက္ ဥေရာပႏွင့္ အေမရိကသို႔ လွည့္လည္ ကာ နည္လွည့္ျပဇာတ္အဖြဲ႕ႏွင့္ လိုက္ပါကျပခဲ့ရသည္။ ဤသို႔ လၽွင္ ၁၉၁ဝ ခုႏွစ္တြင္ အေမရိကန္နိုင္ငံသို႔ ေရာက္လာၿပီး ေနာက္၊ ၁၉၁၃ ခုႏွစ္တြင္ ကာလီဖိုးနီးယားျပည္နယ္၊ ေလာ့စိန္း ဂ်လီးၿမိဳ႕ ႐ုပ္ရွင္ကုမၸဏီမ်ားတြင္ ႐ုပ္ရွင္ဇာတ္လိုက္အျဖစ္ႏွင့္ အငွားလိုက္ခဲ့သည္။ ၁၉၁၈ ခုႏွစ္၌မူ ညီျဖစ္သူ ဆစ္ဒနီႏွင့္ အတူ ကိုယ္ပိုင္စတူဒီယို တည္ေထာင္ကာ ႐ုပ္ရွင္လုပ္ငန္းသို႔ ဝင္ေရာက္လာခဲ့သည္။

ႏႈတ္ခမ္းေမႊးတိုတို၊ ဗိုလာသကၠလတ္မာဦးထုပ္၊ ေဗာင္းဗီ ပြပြရွည္ရွည္၊ ဖိနပ္ဦးေမာ့ႏွင့္ တုတ္ေကာက္တို႔မွာ အူအသည္း လန္ေအာင္ ရယ္စရာေကာင္းေသာ ခ်ာလီခ်က္ပလင္၏ မူပိုင္ ပစၥည္းမ်ား ျဖစ္ေလရာ၊ ခ်ာလီခ်က္ပလင္ ေပၚစေခတ္က ယခု တိုင္ ႐ုပ္ရွင္ပရိသတ္သည္ မေမ့နိုင္ ျဖစ္ေခ်သည္။ လူရႊင္ေတာ္အျဖစ္ျဖင့္ ဇာတ္ထုပ္တိုမ်ားတြင္ ေခတ္စားခဲ့ၿပီး ေနာက္ ၁၉၂ဝ တြင္ ‘သကစ္’၊ ၁၉၂၅ တြင္’သဂိုးရပ္’၊ ၁၉၃၁ တြင္ ‘စီးတီးလိုက္’ စေသာဇာတ္ထုပ္ရွည္တို႔မွာ ကမၻာေက်ာ္ ဇာတ္ကားမ်ား ျဖစ္သည္။

အသံထြက္႐ုပ္ရွင္မ်ား ေခတ္စားလာ၍၊ အသံထြက္ ဇာတ္ ထုပ္မ်ား ရိုက္ကူးရသည့္ေခတ္ ေရာက္သည့္တိုင္ေအာင္၊ ခ်ာလီ ခ်က္ပလင္သည္ သူ၏ဇာတ္ကားတြင္ စကားမေျပာခဲ့ေခ်။ သို႔ေသာ္ ‘ေမာ္ဒန္တိုင္း’ (၁၉၃၆) အမည္ရွိေသာဇာတ္ကား၌ ခ်ာလီခ်က္ပလင္သည္ ရယ္စရာသီခ်င္းတစ္ပုဒ္ကို ဆိုခဲ့သည္။ ထိုဇာတ္ကားတြင္ လက္ကားကုန္စည္ထုတ္လုပ္ေရးစံနစ္ကို သေရာ္ကာ၊ အလုပ္လက္မဲ့ျပႆနာသည္ အလုပ္သမား လူတန္းစားကို မည္သို႔ ထိခိုက္ေၾကာင္း ေဖာ္ျပထားသည္။

၁၉၄ဝ ျပည့္ႏွစ္တြင္ ဟစ္တလာ၏ အာဏာရွင္စံနစ္ကို သေရာ္ထားေသာ ‘အာဏာရွင္ႀကီး’ဇာတ္ကားသည္ ခ်ာလီခ်က္ ပလင္၏ ပထမဆုံး အသံထြက္႐ုပ္ရွင္ဇာတ္ကားျဖစ္သည္။ ၁၉၄၇ ခုႏွစ္ထုတ္ ‘မက္ဆယာ ဗာဒိုး’ဇာတ္ကားတြင္မူ ခ်ာလီ ခ်က္ပလင္သည္ သူဝတ္ေနက် ကိုးယိုးကားယား အဝတ္အစား ႏွင့္ မဟုတ္ေတာ့ဘဲ အရပ္သူအရပ္သား အဝတ္အစားရိုးရိုးကို သပ္သပ္ယပ္ယပ္ဝတ္ဆင္ကာ ပါဝင္အသုံးေတာ္ခံခဲ့သည္။

ခ်ာလီခ်က္ပလင္ပါဝင္အသုံးခံခဲ့သည့္ ရယ္ရႊင္ဖြယ္ ဇာတ္ ကားမ်ားသည္ ပြဲၾကည့္သူမ်ားအတြက္ အူလွိုက္ သဲလွိုက္ ရယ္ ေမာစရာ၊ ေပ်ာ္ရႊင္စရာသက္သက္ ျဖစ္ေသာ္လည္း၊ အခ်ိဳ႕ပြဲ ၾကည့္သူမ်ားအတြက္မူ ေလးနက္ေသာ အဓိပၸာယ္ေဆာင္ခဲ့ေလ သည္။ သူ၏႐ုပ္ရွင္ကားမ်ားတြင္ ရယ္ရသည့္ၾကားထဲမွ မ်က္ရည္လည္ေလာက္ေအာင္ သနားစိတ္ေပၚေစသည့္ အကြက္ ကေလးမ်ား ပါရွိေလသည္။ သူ၏ဇာတ္ကားမ်ားကို ေလးနက္ စြာ သုံးသပ္သူတို႔ကမူ ခ်ာလီခ်က္ပလင္သည္ ေလာကႀကီး၌ ကံမြဲသူမ်ား၊ စီးပြားေရးစံနစ္၏ ဖိႏွိပ္ျခင္းဒဏ္ကို မခံနိုင္သူ မ်ား၏ အျဖစ္သနစ္သ႐ုပ္ကို ေဖာ္ျပသည္ဟု ယူဆၾကၿပီးလၽွင္ သူ၏ရယ္ရႊင္ဖြယ္ဇာတ္ကားထဲမွ ဘဝအမွန္ကို ေဖာ္ယူၾကသည္။

ခ်ာလီခ်က္ပလင္သည္ ဒုတိယကမၻာစစ္ႀကီးျဖစ္ၿပီးေနာက္ လက္ဝဲဂိုဏ္းသားတို႔အား အေထာက္အပံ့ ျပဳသည္ဟူ၍ စြပ္စြဲ ျခင္း ခံရၿပီးလၽွင္ အေမရိကန္လႊတ္ေတာ္က ဖြဲ႕စည္းထားသည့္ အေမရိကန္အက်ိဳး ဆန႔္က်င္မႈမ်ား စုံစမ္းေသာေကာ္မီတီက ခ်ာလီခ်က္ပလင္အား ဥေရာပတိုက္သို႔ အလည္အပတ္သြား ေနစဥ္ အေမရိကန္ျပည္သို႔ ျပန္လာ၍ အစစ္အေဆးခံရန္ ဆင့္ေခၚရာ၊ ခ်ာလီခ်က္ပလင္သည္ တရားနည္းလမ္းမက်ဟု ျငင္းဆန္၍ အေမရိကန္သို႔ မျပန္ဘဲ ေနလိုက္ေလသည္။ ခ်ာလီခ်က္ပလင္သည္ အေမရိကန္ျပည္ေထာင္စု သား အျဖစ္မွ စြန႔္လႊတ္၍၊ ဥေရာပတိုက္ ဆြစ္ဇာလန္ျပည္တြင္ ေနထိုင္လ်က္ရွိေလသည္။

သူ၏ ႐ုပ္ရွင္ကားမ်ားတြင္ ရယ္ရသည့္ၾကားထဲမွ မ်က္ရည္လည္ေအာင္ သနားစိတ္ေပၚေစသည့္ အကြက္မ်ား ပါရွိသည္။ သူ၏ ဇာတ္ကားမ်ားကို ေလးနက္စြာ သုံးသပ္သူ တို႔ကမူ ခ်ာလီခ်က္ပလင္သည္ ေလာကႀကီး၌ ကံမြဲသူမ်ား၊ စီးပြားေရးစနစ္၏ ဖိႏွိပ္ျခင္းဒဏ္ကို မခံနိုင္သူမ်ား၏အျဖစ္ကို ေဖာ္ျပသည္ဟု ယူဆၾကၿပီး သူ၏ရယ္ရႊင္ဖြယ္ ဇာတ္ကားထဲမွ ဘဝအမွန္ကို ေဖာ္ယူၾကသည္။

ခ်ာလီခ်က္ပလင္သည္ ၁၉၇၇ ခုႏွစ္ ဒီဇင္ဘာလ ၂၅ ရက္ေန႔ နံနက္ ၄ နာရီတြင္ ဆြစ္ဇာလန္နိုင္ငံ ဂ်ီနီဗာၿမိဳ႕ရွိ သူ၏ေနအိမ္၌ ကြယ္လြန္ခဲ့သည္။ ခ်က္ပလင္သည္ မကြယ္ လြန္မီ တစ္ႏွစ္ေက်ာ္ခန႔္ကပင္ ဘီးတပ္ကုလားထိုင္ျဖင့္သာ သြားလာေနထိုင္ခဲ့ရသည္။ ကြယ္လြန္ခ်ိန္တြင္ သူ၏အသက္မွာ ၈၈ ႏွစ္ရွိၿပီးျဖစ္၏။

Via; Myanmar Wikipedia


ကမ္ဘာ့ နံပါတ်(၁) ဟာသ သရုပ်ဆောင် (သို့) ချာလီချက်ပလင် (unicode)

ချာလီ ချက်ပလင်ဟု ကမ္ဘာကျော်သောလူရွှင်တော် ရုပ်ရှင်ဇာတ်လိုက်မှာ နာမည်ရင်းအားဖြင့် ချားစပင်ဆာချက်ပလင် ဖြစ်သည်။သာမန်လူရွှင်တော်ဘဝမှ တစ်ဆင့်ထက်တစ်ဆင့် ဇာတ်ညွှန်းရေးဆရာ၊ ဒါရိုက်တာနှင့် ရုပ်ရှင်ကား ထုတ်ဝေသူ အထိ တိုးတက်လာပြီးလျှင် ကြွယ်ဝချမ်းသာသော ရုပ်ရှင် ကုမ္ပဏီပိုင်ရှင်တစ်ဦး ဖြစ်လာအောင် ကြိုးစားခဲ့သူ ဖြစ်ပေ သည်။

ချာလီ ချက်ပလင်ကို လန်ဒန်မြို့၌ ၁၈၈၉ ခု ဧပြီလ ၁၆ ရက်နေ့တွင် မွေးဖွားသည်။ အဖဖြစ်သူမှာ လူရွှင်တော် ချား ချက်ပလင်ဖြစ်၍၊ အမိမှာ အဆိုတော်လီလီဟာလီဟန္နာ ဖြစ်သည်။ ငယ်စဉ်ကပင် သူ၏ညီဖြစ်သူ ဆစ်ဒနီ ချက်ပလင်နှင့်အတူ သဘင်လောကသို့ ဝင်ရောက်လာခဲ့သည်။ ချာလီ ချက်ပလင် ပထမဆုံးပါဝင်အသုံးတော်ခံခဲ့သော ပြဇာတ်မှာ ‘ရှားလော့ဟုမ်း’ ပြဇာတ်ဖြစ်သည်။ ထိုပြဇာတ်တွင် မင်းလုလင်ဘစ်လီအဖြစ်ဖြင့် ကပြခဲ့ရ၏။ ထို့နောက် ဥရောပနှင့် အမေရိကသို့ လှည့်လည် ကာ နည်လှည့်ပြဇာတ်အဖွဲ့နှင့် လိုက်ပါကပြခဲ့ရသည်။ ဤသို့ လျှင် ၁၉၁ဝ ခုနှစ်တွင် အမေရိကန်နိုင်ငံသို့ ရောက်လာပြီး နောက်၊ ၁၉၁၃ ခုနှစ်တွင် ကာလီဖိုးနီးယားပြည်နယ်၊ လော့စိန်း ဂျလီးမြို့ ရုပ်ရှင်ကုမ္ပဏီများတွင် ရုပ်ရှင်ဇာတ်လိုက်အဖြစ်နှင့် အငှားလိုက်ခဲ့သည်။ ၁၉၁၈ ခုနှစ်၌မူ ညီဖြစ်သူ ဆစ်ဒနီနှင့် အတူ ကိုယ်ပိုင်စတူဒီယို တည်ထောင်ကာ ရုပ်ရှင်လုပ်ငန်းသို့ ဝင်ရောက်လာခဲ့သည်။

နှုတ်ခမ်းမွှေးတိုတို၊ ဗိုလာသက္ကလတ်မာဦးထုပ်၊ ဗောင်းဗီ ပွပွရှည်ရှည်၊ ဖိနပ်ဦးမော့နှင့် တုတ်ကောက်တို့မှာ အူအသည်း လန်အောင် ရယ်စရာကောင်းသော ချာလီချက်ပလင်၏ မူပိုင် ပစ္စည်းများ ဖြစ်လေရာ၊ ချာလီချက်ပလင် ပေါ်စခေတ်က ယခု တိုင် ရုပ်ရှင်ပရိသတ်သည် မမေ့နိုင် ဖြစ်ချေသည်။ လူရွှင်တော်အဖြစ်ဖြင့် ဇာတ်ထုပ်တိုများတွင် ခေတ်စားခဲ့ပြီး နောက် ၁၉၂ဝ တွင် ‘သကစ်’၊ ၁၉၂၅ တွင်’သဂိုးရပ်’၊ ၁၉၃၁ တွင် ‘စီးတီးလိုက်’ စသောဇာတ်ထုပ်ရှည်တို့မှာ ကမ္ဘာကျော် ဇာတ်ကားများ ဖြစ်သည်။

အသံထွက်ရုပ်ရှင်များ ခေတ်စားလာ၍၊ အသံထွက် ဇာတ် ထုပ်များ ရိုက်ကူးရသည့်ခေတ် ရောက်သည့်တိုင်အောင်၊ ချာလီ ချက်ပလင်သည် သူ၏ဇာတ်ကားတွင် စကားမပြောခဲ့ချေ။ သို့သော် ‘မော်ဒန်တိုင်း’ (၁၉၃၆) အမည်ရှိသောဇာတ်ကား၌ ချာလီချက်ပလင်သည် ရယ်စရာသီချင်းတစ်ပုဒ်ကို ဆိုခဲ့သည်။ ထိုဇာတ်ကားတွင် လက်ကားကုန်စည်ထုတ်လုပ်ရေးစံနစ်ကို သရော်ကာ၊ အလုပ်လက်မဲ့ပြဿနာသည် အလုပ်သမား လူတန်းစားကို မည်သို့ ထိခိုက်ကြောင်း ဖော်ပြထားသည်။

၁၉၄ဝ ပြည့်နှစ်တွင် ဟစ်တလာ၏ အာဏာရှင်စံနစ်ကို သရော်ထားသော ‘အာဏာရှင်ကြီး’ဇာတ်ကားသည် ချာလီချက် ပလင်၏ ပထမဆုံး အသံထွက်ရုပ်ရှင်ဇာတ်ကားဖြစ်သည်။ ၁၉၄၇ ခုနှစ်ထုတ် ‘မက်ဆယာ ဗာဒိုး’ဇာတ်ကားတွင်မူ ချာလီ ချက်ပလင်သည် သူဝတ်နေကျ ကိုးယိုးကားယား အဝတ်အစား နှင့် မဟုတ်တော့ဘဲ အရပ်သူအရပ်သား အဝတ်အစားရိုးရိုးကို သပ်သပ်ယပ်ယပ်ဝတ်ဆင်ကာ ပါဝင်အသုံးတော်ခံခဲ့သည်။

ချာလီချက်ပလင်ပါဝင်အသုံးခံခဲ့သည့် ရယ်ရွှင်ဖွယ် ဇာတ် ကားများသည် ပွဲကြည့်သူများအတွက် အူလှိုက် သဲလှိုက် ရယ် မောစရာ၊ ပျော်ရွှင်စရာသက်သက် ဖြစ်သော်လည်း၊ အချို့ပွဲ ကြည့်သူများအတွက်မူ လေးနက်သော အဓိပ္ပာယ်ဆောင်ခဲ့လေ သည်။ သူ၏ရုပ်ရှင်ကားများတွင် ရယ်ရသည့်ကြားထဲမှ မျက်ရည်လည်လောက်အောင် သနားစိတ်ပေါ်စေသည့် အကွက် ကလေးများ ပါရှိလေသည်။ သူ၏ဇာတ်ကားများကို လေးနက် စွာ သုံးသပ်သူတို့ကမူ ချာလီချက်ပလင်သည် လောကကြီး၌ ကံမွဲသူများ၊ စီးပွားရေးစံနစ်၏ ဖိနှိပ်ခြင်းဒဏ်ကို မခံနိုင်သူ များ၏ အဖြစ်သနစ်သရုပ်ကို ဖော်ပြသည်ဟု ယူဆကြပြီးလျှင် သူ၏ရယ်ရွှင်ဖွယ်ဇာတ်ကားထဲမှ ဘဝအမှန်ကို ဖော်ယူကြသည်။

ချာလီချက်ပလင်သည် ဒုတိယကမ္ဘာစစ်ကြီးဖြစ်ပြီးနောက် လက်ဝဲဂိုဏ်းသားတို့အား အထောက်အပံ့ ပြုသည်ဟူ၍ စွပ်စွဲ ခြင်း ခံရပြီးလျှင် အမေရိကန်လွှတ်တော်က ဖွဲ့စည်းထားသည့် အမေရိကန်အကျိုး ဆန့်ကျင်မှုများ စုံစမ်းသောကော်မီတီက ချာလီချက်ပလင်အား ဥရောပတိုက်သို့ အလည်အပတ်သွား နေစဉ် အမေရိကန်ပြည်သို့ ပြန်လာ၍ အစစ်အဆေးခံရန် ဆင့်ခေါ်ရာ၊ ချာလီချက်ပလင်သည် တရားနည်းလမ်းမကျဟု ငြင်းဆန်၍ အမေရိကန်သို့ မပြန်ဘဲ နေလိုက်လေသည်။ ချာလီချက်ပလင်သည် အမေရိကန်ပြည်ထောင်စု သား အဖြစ်မှ စွန့်လွှတ်၍၊ ဥရောပတိုက် ဆွစ်ဇာလန်ပြည်တွင် နေထိုင်လျက်ရှိလေသည်။

သူ၏ ရုပ်ရှင်ကားများတွင် ရယ်ရသည့်ကြားထဲမှ မျက်ရည်လည်အောင် သနားစိတ်ပေါ်စေသည့် အကွက်များ ပါရှိသည်။ သူ၏ ဇာတ်ကားများကို လေးနက်စွာ သုံးသပ်သူ တို့ကမူ ချာလီချက်ပလင်သည် လောကကြီး၌ ကံမွဲသူများ၊ စီးပွားရေးစနစ်၏ ဖိနှိပ်ခြင်းဒဏ်ကို မခံနိုင်သူများ၏အဖြစ်ကို ဖော်ပြသည်ဟု ယူဆကြပြီး သူ၏ရယ်ရွှင်ဖွယ် ဇာတ်ကားထဲမှ ဘဝအမှန်ကို ဖော်ယူကြသည်။

ချာလီချက်ပလင်သည် ၁၉၇၇ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်နေ့ နံနက် ၄ နာရီတွင် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ရှိ သူ၏နေအိမ်၌ ကွယ်လွန်ခဲ့သည်။ ချက်ပလင်သည် မကွယ် လွန်မီ တစ်နှစ်ကျော်ခန့်ကပင် ဘီးတပ်ကုလားထိုင်ဖြင့်သာ သွားလာနေထိုင်ခဲ့ရသည်။ ကွယ်လွန်ချိန်တွင် သူ၏အသက်မှာ ၈၈ နှစ်ရှိပြီးဖြစ်၏။

Via; Myanmar Wikipedia

Leave a Reply