ကမာၻ႔အဆိုးဆုံး သေဘၤာနစ္ျမဳပ္မႈေတြထဲက တစ္ခု (သုိ႔) Sultana သေဘၤာနစ္ျမဳပ္မႈ

Posted on

အႀကီးက်ယ္ဆုံး သေဘၤာနစ္ျမဳပ္မႈ လုိ႔ ဆုိလုိက္ရင္ အားလုံးေျပးျမင္မိၾကမွာက တုိက္တန္းနစ္သေဘၤာနစ္ျမဳပ္မႈ ပဲျဖစ္မယ္ ထင္ပါတယ္။ တကယ္ေတာ့ တုိက္တန္းနစ္ထက္ ဆုိးရြားတဲ့ သေဘၤာနစ္ျမဳပ္မႈေတြရွိပါေသးတယ္။ တုိက္တန္းနစ္ သေဘၤာဟာ လူေပါင္း ၁၅၀၀ ကေန ၁၆၀၀ ၀န္းက်င္ကုိ ေသေစခဲ့တဲ့ နစ္ျမဳပ္မႈႀကီးျဖစ္ပါတယ္။

တုိက္တန္းနစ္ထက္ ဆုိးရြားတဲ့ သေဘၤာနစ္ျမဳပ္မႈကေတာ့ Sultana သေဘၤာနစ္ျမဳပ္မႈပဲျဖစ္ပါတယ္။ ဟုတ္ပါတယ္ ၊ မစၥစပီျမစ္ထဲမွာ နစ္ျမဳပ္ခဲ့တဲ့ ဒီသေဘၤာနစ္ျမဳပ္မႈဟာ လူေပါင္း ၁၈၀၀ေက်ာ္ကို ေသေစခဲ့ၿပီး တုိက္တန္းနစ္ထက္ ပုိႀကီးမားတဲ့နစ္ျမဳပ္မႈျဖစ္ပါတယ္။

ဒီေလာက္ႀကီးမားတဲ့နစ္ျမဳပ္မႈကို ဘာေၾကာင့္လူအမ်ားစု မသိၾကသလဲ ၊ သတင္းစာေတြမွာ က်ယ္က်ယ္၀ံ့၀ံ့မေဖာ္ျပၾကပါသလဲ။ တကယ္ေတာ့ ဒီသေဘၤာမနစ္ျမဳပ္ခင္ ရက္ပုိင္းအလုိက အေမရိကန္သမၼတလင္ကြန္းလုပ္ႀကံခံခဲ့ရပါတယ္။ သတင္းစာမွန္သမွ်ဟာ သမၼတလင္ကြန္းအေၾကာင္းကိုပဲ ရက္ေပါင္းမ်ားစြာေဖာ္ျပၾကပါတယ္။

နစ္ျမဳပ္ျမဳပ္ျခင္း ရက္အနည္းငယ္မွာ သေဘၤာနစ္ျမဳပ္မႈ သတင္းကိုေဖာ္ျပၾကေပမယ့္ မၾကာခင္မွာပဲ civil war ၿပီးဆုံးခဲ့တဲ့အတြက္ သမၼတလင္ကြန္း နဲ႔ civil war ရဲ႕ၾကားမွာျဖစ္တဲ့ ဒီအေၾကာင္းကုိ ေမ့့ေမ့ေပ်ာက္ေပ်ာက္ျဖစ္သြားၾကတာပဲျဖစ္ပါတယ္။

ေရေႏြးေငြ႔သေဘၤာ Sultana ဟာ ျမစ္စၥစပီျမစ္အတြင္းမွာ ၁၈၆၅ခုႏွစ္ ဧၿပီ ၂၇ ရက္ေန႔ မနက္ ၂ နာရီမွာနစ္ျမဳပ္ခဲ့တာျဖစ္ပါတယ္။ အေမရိကသမုိင္းရဲ႕အႀကီးမားဆုံး သေဘၤာနစ္ျမဳပ္မႈျဖစ္သလုိ ကမာၻ႔အႀကီးဆုံးသေဘၤာနစ္ျမဳပ္မႈေတြထဲက တစ္ခုလည္းျဖစ္ပါတယ္။ အေၾကာင္းရင္းကေတာ့ သေဘၤာမွာရွိတဲ့ ဘြဳိင္လာအုိး ၄လုံးထဲက တစ္လုံးေပါက္ကြဲခဲ့တဲ့အတြက္ျဖစ္ပါတယ္။ ဒီေပါက္ကြဲမႈေၾကာင့္ သေဘၤာနစ္ျမဳပ္ၿပီး လူေပါင္း ၁၈၀၀ေက်ာ္ကုိ ေသဆုံးေစခဲ့ပါတယ္။

သေဘၤာေပၚမွာလုိက္ပါလာသူအမ်ားစုက ျပည္တြင္းစစ္ရဲ႕အက်ဥ္းသား စစ္သားေတြပဲျဖစ္ပါတယ္။ စစ္သားအမ်ားစုဟာ ဆယ္ေက်ာ္သက္ေတြျဖစ္ၿပီး တခ်ဳိ႕ဆုိရင္ ၁၄ႏွစ္ပဲ ရွိပါေသးတယ္။ အစိုးရက အက်ဥ္းသားေတြကိုျပန္လႊတ္ၿပီး သူတုိ႔ရဲ႕အိမ္ေတြဆီကုိျပန္ပုိ႔ေဆာင္ဖုိ႔အတြက္ Sultana သေဘၤာနဲ႔ စာခ်ဳပ္ခ်ဳပ္ခဲ့တာပဲျဖစ္ပါတယ္။ စစ္သားေတြအျပင္ မိန္းမေတြနဲ႔ ကေလးေတြလည္း ဒီသေဘၤာေပၚမွာ လုိက္ပါလာခဲ့ပါတယ္။

Sultana သေဘၤာကို ၁၈၆၃ခုႏွစ္က တည္ေဆာက္ခဲ့တဲ့ ေရေႏြးေငြ႔စက္သုံး သစ္သားသေဘၤာတစ္စင္းျဖစ္ပါတယ္။ အလ်ား၂၆၀ေပရွိၿပီး အနံ ၄၂ေပရွိကာ အေလးခ်ိန္ ၁၇၁၉တန္ ရွိပါတယ္။ ခရီးသည္ ၃၇၆ေယာက္ ၊ သေဘၤာ၀န္ထမ္း ၈၅ ဦး တင္ႏုိင္ၿပီး အဓိက ကေတာ့ ကုန္စည္ေတြတင္ဖုိ႔ပဲျဖစ္ပါတယ္။

လူ ၄၀၀ ၀န္းက်င္ နဲ႔ ကုန္စည္ပဲ တင္တဲ့သေဘၤာေပၚမွာ ကုန္စည္ေတြကိုမတင္ပဲ လူေပါင္း ၂၂၀၀ ေက်ာ္ကုိ ျပြတ္သိပ္ေအာင္တင္ခဲ့တာကလည္း ဆုိးရြားမႈတစ္ခုျဖစ္ပါတယ္။ ေထာင္ကလြတ္လြတ္ခ်င္း အိမ္ျပန္ခ်င္တဲ့သူခ်ည္းပဲျဖစ္တဲ့အတြက္ ဒီလုိျပြတ္သိပ္ေနတာလည္းျဖစ္ႏုိင္ပါတယ္။

Vicksburg ၿမဳိ႕ကေနထြက္လာတဲ့ ဒီသေဘၤာဟာ မနက္ ၂နာရီအခ်ိန္ Memphis ၿမဳိ႕အနီး ၇မုိင္ခန္႔အကြာမွာ ဘြဳိင္လာအုိးတစ္လုံးထေပါက္ခဲ့ပါတယ္။ အေလးခ်ိန္ပိုတင္လာတဲ့အတြက္ ဘြဳိင္လာေတြဟာပုိအလုပ္လုပ္ရၿပီး ထိမ္းသိမ္းမႈအားနည္းတဲ့ ဘြဳိင္လာအုိးတစ္အုိးက ထေပါက္ခဲ့တာ ျဖစ္ပါတယ္။ အဲဒီဘြဳိင္လာအုိးက တစ္ဆင့္ အျခားဘြဳိင္လာအုိးႏွစ္အုိးကုိပါ ကူးစက္ၿပီး ေပါက္ကြဲတဲ့ အခါ သေဘၤာတစ္စီးလုံး ကမာၻပ်က္သလုိျဖစ္သြားခဲ့ပါတယ္။

သေဘၤာကလည္း သစ္သားသေဘၤာျဖစ္တာေၾကာင့္ မီးျပင္းထန္စြာေလာင္ကြ်မ္းၿပီး ခရီးသည္အမ်ားစုဟာ ခ်က္ခ်င္းပဲေသဆုံးကုန္ၾကပါတယ္။ အခ်ိန္ရတဲ့ခရီးသည္ေတြက ခ်က္ခ်င္းခုန္ခ်ၾကေပမယ့္ ကံဆုိးခဲ့ပါတယ္။ ေရျပင္က ေရခဲမွတ္နီးပါးအလြန္ေအးေနမႈေၾကာင့္ ကုိယ္ခႏၶာအပူခ်ိန္အလြန္အမင္းက်ဆင္းၿပီး ေသဆုံးကုန္္ၾကပါတယ္။ သေဘၤာက ထြက္လာတဲ့ေပါက္ကြဲမႈကုိ ၇မုိင္ကြာတဲ့ Memphis ၿမဳိ႕ကေန အတုိင္းသားျမင္ႏုိင္တဲ့အထိ ႀကီးမားျပင္းထန္လြန္းပါတယ္။

ခရီးသည္ ၂၀၀၀ ေက်ာ္ထဲက လြတ္ေျမာက္ၿပီး ကယ္ဆယ္ႏုိင္ခဲ့သူ ၇၀၀ နီးပါး ရွိခဲ့ၿပီး ေဆးရုံတင္ႏုိင္ခဲ့ပါတယ္။ ဒီ ၇၀၀ ထဲက ၂၀၀ ေက်ာ္ဟာ သေဘၤာေပါက္ကြဲမႈက ရတဲ့ဒါဏ္ရာေတြေၾကာင့္ အခ်ိန္တုိအတြင္းမွာ ေသဆုံးခဲ့ျပန္ပါတယ္။ Sultana သေဘၤာနစ္ျမဳပ္မႈဟာ တုိက္တန္းနစ္လုိ နာမည္မႀကီး လူသိမမ်ားေပမယ့္ တုိက္တန္းနစ္ထက္ပိုဆုိးရြားတဲ့ ကမာၻ႔အဆုိးရြားဆုံးသေဘၤာနစ္ျမဳပ္ေတြထဲက တစ္ခုျဖစ္ပါတယ္။

 


ကမ္ဘာ့အဆိုးဆုံး သင်္ဘောနစ်မြုပ်မှုတွေထဲက တစ်ခု (သို့) Sultana သင်္ဘောနစ်မြုပ်မှု (unicode)

အကြီးကျယ်ဆုံး သင်္ဘောနစ်မြုပ်မှု လို့ ဆိုလိုက်ရင် အားလုံးပြေးမြင်မိကြမှာက တိုက်တန်းနစ်သင်္ဘောနစ်မြုပ်မှု ပဲဖြစ်မယ် ထင်ပါတယ်။ တကယ်တော့ တိုက်တန်းနစ်ထက် ဆိုးရွားတဲ့ သင်္ဘောနစ်မြုပ်မှုတွေရှိပါသေးတယ်။ တိုက်တန်းနစ် သင်္ဘောဟာ လူပေါင်း ၁၅၀၀ ကနေ ၁၆၀၀ ဝန်းကျင်ကို သေစေခဲ့တဲ့ နစ်မြုပ်မှုကြီးဖြစ်ပါတယ်။ တိုက်တန်းနစ်ထက် ဆိုးရွားတဲ့ သင်္ဘောနစ်မြုပ်မှုကတော့ Sultana သင်္ဘောနစ်မြုပ်မှုပဲဖြစ်ပါတယ်။ ဟုတ်ပါတယ် ၊ မစ္စစပီမြစ်ထဲမှာ နစ်မြုပ်ခဲ့တဲ့ ဒီသင်္ဘောနစ်မြုပ်မှုဟာ လူပေါင်း ၁၈၀၀ကျော်ကို သေစေခဲ့ပြီး တိုက်တန်းနစ်ထက် ပိုကြီးမားတဲ့နစ်မြုပ်မှုဖြစ်ပါတယ်။

ဒီလောက်ကြီးမားတဲ့နစ်မြုပ်မှုကို ဘာကြောင့်လူအများစု မသိကြသလဲ ၊ သတင်းစာတွေမှာ ကျယ်ကျယ်ဝံ့ဝံ့မဖော်ပြကြပါသလဲ။ တကယ်တော့ ဒီသင်္ဘောမနစ်မြုပ်ခင် ရက်ပိုင်းအလိုက အမေရိကန်သမ္မတလင်ကွန်းလုပ်ကြံခံခဲ့ရပါတယ်။ သတင်းစာမှန်သမျှဟာ သမ္မတလင်ကွန်းအကြောင်းကိုပဲ ရက်ပေါင်းများစွာဖော်ပြကြပါတယ်။ နစ်မြုပ်မြုပ်ခြင်း ရက်အနည်းငယ်မှာ သင်္ဘောနစ်မြုပ်မှု သတင်းကိုဖော်ပြကြပေမယ့် မကြာခင်မှာပဲ civil war ပြီးဆုံးခဲ့တဲ့အတွက် သမ္မတလင်ကွန်း နဲ့ civil war ရဲ့ကြားမှာဖြစ်တဲ့ ဒီအကြောင်းကို မေ့မေ့ပျောက်ပျောက်ဖြစ်သွားကြတာပဲဖြစ်ပါတယ်။

ရေနွေးငွေ့သင်္ဘော Sultana ဟာ မြစ်စ္စစပီမြစ်အတွင်းမှာ ၁၈၆၅ခုနှစ် ဧပြီ ၂၇ ရက်နေ့ မနက် ၂ နာရီမှာနစ်မြုပ်ခဲ့တာဖြစ်ပါတယ်။ အမေရိကသမိုင်းရဲ့အကြီးမားဆုံး သင်္ဘောနစ်မြုပ်မှုဖြစ်သလို ကမ္ဘာ့အကြီးဆုံးသင်္ဘောနစ်မြုပ်မှုတွေထဲက တစ်ခုလည်းဖြစ်ပါတယ်။ အကြောင်းရင်းကတော့ သင်္ဘောမှာရှိတဲ့ ဘွိုင်လာအိုး ၄လုံးထဲက တစ်လုံးပေါက်ကွဲခဲ့တဲ့အတွက်ဖြစ်ပါတယ်။ ဒီပေါက်ကွဲမှုကြောင့် သင်္ဘောနစ်မြုပ်ပြီး လူပေါင်း ၁၈၀၀ကျော်ကို သေဆုံးစေခဲ့ပါတယ်။ သင်္ဘောပေါ်မှာလိုက်ပါလာသူအများစုက ပြည်တွင်းစစ်ရဲ့အကျဉ်းသား စစ်သားတွေပဲဖြစ်ပါတယ်။ စစ်သားအများစုဟာ ဆယ်ကျော်သက်တွေဖြစ်ပြီး တချို့ဆိုရင် ၁၄နှစ်ပဲ ရှိပါသေးတယ်။ အစိုးရက အကျဉ်းသားတွေကိုပြန်လွှတ်ပြီး သူတို့ရဲ့အိမ်တွေဆီကိုပြန်ပို့ဆောင်ဖို့အတွက် Sultana သင်္ဘောနဲ့ စာချုပ်ချုပ်ခဲ့တာပဲဖြစ်ပါတယ်။ စစ်သားတွေအပြင် မိန်းမတွေနဲ့ ကလေးတွေလည်း ဒီသင်္ဘောပေါ်မှာ လိုက်ပါလာခဲ့ပါတယ်။

Sultana သင်္ဘောကို ၁၈၆၃ခုနှစ်က တည်ဆောက်ခဲ့တဲ့ ရေနွေးငွေ့စက်သုံး သစ်သားသင်္ဘောတစ်စင်းဖြစ်ပါတယ်။ အလျား၂၆၀ပေရှိပြီး အနံ ၄၂ပေရှိကာ အလေးချိန် ၁၇၁၉တန် ရှိပါတယ်။ ခရီးသည် ၃၇၆ယောက် ၊ သင်္ဘောဝန်ထမ်း ၈၅ ဦး တင်နိုင်ပြီး အဓိက ကတော့ ကုန်စည်တွေတင်ဖို့ပဲဖြစ်ပါတယ်။ လူ ၄၀၀ ဝန်းကျင် နဲ့ ကုန်စည်ပဲ တင်တဲ့သင်္ဘောပေါ်မှာ ကုန်စည်တွေကိုမတင်ပဲ လူပေါင်း ၂၂၀၀ ကျော်ကို ပြွတ်သိပ်အောင်တင်ခဲ့တာကလည်း ဆိုးရွားမှုတစ်ခုဖြစ်ပါတယ်။ ထောင်ကလွတ်လွတ်ချင်း အိမ်ပြန်ချင်တဲ့သူချည်းပဲဖြစ်တဲ့အတွက် ဒီလိုပြွတ်သိပ်နေတာလည်းဖြစ်နိုင်ပါတယ်။

Vicksburg မြို့ကနေထွက်လာတဲ့ ဒီသင်္ဘောဟာ မနက် ၂နာရီအချိန် Memphis မြို့အနီး ၇မိုင်ခန့်အကွာမှာ ဘွိုင်လာအိုးတစ်လုံးထပေါက်ခဲ့ပါတယ်။ အလေးချိန်ပိုတင်လာတဲ့အတွက် ဘွိုင်လာတွေဟာပိုအလုပ်လုပ်ရပြီး ထိမ်းသိမ်းမှုအားနည်းတဲ့ ဘွိုင်လာအိုးတစ်အိုးက ထပေါက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီဘွိုင်လာအိုးက တစ်ဆင့် အခြားဘွိုင်လာအိုးနှစ်အိုးကိုပါ ကူးစက်ပြီး ပေါက်ကွဲတဲ့ အခါ သင်္ဘောတစ်စီးလုံး ကမ္ဘာပျက်သလိုဖြစ်သွားခဲ့ပါတယ်။ သင်္ဘောကလည်း သစ်သားသင်္ဘောဖြစ်တာကြောင့် မီးပြင်းထန်စွာလောင်ကျွမ်းပြီး ခရီးသည်အများစုဟာ ချက်ချင်းပဲသေဆုံးကုန်ကြပါတယ်။ အချိန်ရတဲ့ခရီးသည်တွေက ချက်ချင်းခုန်ချကြပေမယ့် ကံဆိုးခဲ့ပါတယ်။ ရေပြင်က ရေခဲမှတ်နီးပါးအလွန်အေးနေမှုကြောင့် ကိုယ်ခန္ဓာအပူချိန်အလွန်အမင်းကျဆင်းပြီး သေဆုံးကုန်ကြပါတယ်။ သင်္ဘောက ထွက်လာတဲ့ပေါက်ကွဲမှုကို ၇မိုင်ကွာတဲ့ Memphis မြို့ကနေ အတိုင်းသားမြင်နိုင်တဲ့အထိ ကြီးမားပြင်းထန်လွန်းပါတယ်။

ခရီးသည် ၂၀၀၀ ကျော်ထဲက လွတ်မြောက်ပြီး ကယ်ဆယ်နိုင်ခဲ့သူ ၇၀၀ နီးပါး ရှိခဲ့ပြီး ဆေးရုံတင်နိုင်ခဲ့ပါတယ်။ ဒီ ၇၀၀ ထဲက ၂၀၀ ကျော်ဟာ သင်္ဘောပေါက်ကွဲမှုက ရတဲ့ဒါဏ်ရာတွေကြောင့် အချိန်တိုအတွင်းမှာ သေဆုံးခဲ့ပြန်ပါတယ်။ Sultana သင်္ဘောနစ်မြုပ်မှုဟာ တိုက်တန်းနစ်လို နာမည်မကြီး လူသိမများပေမယ့် တိုက်တန်းနစ်ထက်ပိုဆိုးရွားတဲ့ ကမ္ဘာ့အဆိုးရွားဆုံးသင်္ဘောနစ်မြုပ်တွေထဲက တစ်ခုဖြစ်ပါတယ်။

 

 

Leave a Reply