ျမန္မာ့ အႏုပညာရွင္ႀကီးတခ်ဳိ႕ရဲ႕ လူသိနည္းတဲ့ ၾကည္ႏူးဖြယ္ျဖစ္ရပ္မ်ား

Posted on

အခုတေလာ အထူးအဆန္း နဲ႔ ဗဟုသုတ ပိုစ့္ေတြခ်ည္းတင္ျဖစ္ေနလုိ႔ အခုေရွးေဟာင္းေႏွာင္းျဖစ္ အေၾကာင္းေလး တခ်ဳိ႕ကုိ သုတဇုန္ မိတ္ေဆြမ်ားအတြက္ ေ၀မွ်ပါဦးမယ္။ အခုေခတ္မွာ ျမင္ဖုိ႔မလြယ္ေတာ့တဲ့ ေရွးအႏုပညာရွင္ႀကီး တခ်ဳိ႕ရဲ႕ျဖစ္ရပ္ေလးတခ်ဳိ႕ပါ။

ပထမဆုံးေျပာမွာက ေရႊမန္းဦးတင္ေမာင္ ရဲ႕ျဖစ္ရပ္ေလးပါ။ အညာၿမဳိ႕ေလးတစ္ၿမဳိ႕မွာ ေရႊမန္းတင္ေမာင္တုိ႔ ဇာတ္အဖြဲ႔ ဇာတ္သြားကၾကပါတယ္။ ဇာတ္ကညမွ ကမွာဆုိေတာ့ ေန႔လည္ဘက္မွာေတာ့ ဇာတ္အဖြဲ႔သား အားလုံးနီးပါး အိပ္ေနၾကပါတယ္။ ဒီအထဲမွာ မအိပ္တာဆုိလုိ႔ ေရႊမန္းဦးတင္ေမာင္ပဲ ရွိပါတယ္။ ေရႊမန္းတင္ေမာင္ ေအာင္ျမင္တာဟာ ျပည္သူေတြအေပၚေစတနာေကာင္းလြန္းတာေၾကာင့္ ျဖစ္သလုိ ၀ီရိယႀကီးလြန္းတာေၾကာင့္လည္းျဖစ္ပါတယ္။ မင္းသားဆုိေပမယ့္ အအိပ္အေန အလြန္နည္းပါတယ္။ အခ်ိန္ရွိသ၍ စာဖတ္ရင္ဖတ္ ၊ ေလ့က်င့္ရင္က်င့္ ၊ မက်င့္ရင္လည္း ဇာတ္ကြက္ေတြကုိ စဥ္းစားေနတတ္သူျဖစ္ပါတယ္။

အညာမွာ ေန႔ခင္းဘက္ဆုိေတာ့ အလြန္ပူတဲ့အခ်ိန္ျဖစ္ပါတယ္။ အဲဒီမွာ ဦးတင္ေမာင္ဟာ ဇာတ္ရုံအျပင္ဘက္ကုိ ၾကည့္မိလုိက္ပါတယ္။ သူသြားေတြ႔တာကေတာ့ အဲဒီေခတ္က မထူးဆန္းတဲ့ ျမင္ကြင္းျဖစ္တဲ့ ဇာတ္ကတဲ့ၿမဳိ႕အနီးေက်းရြာေတြက တက္လာၾကတဲ့ ေတာသူေတာင္သားေတြဟာ ညဘက္ဇာတ္ၾကည့္ဖုိ႔ ေန႔ခင္းတည္းက ေရာက္ေနၿပီး စားေသာက္စခန္းခ်ဖုိ႔ ျပင္ဆင္ေနၾကတာျဖစ္ပါတယ္။ ေန႔ခင္းဘက္ အျပင္ေနျခစ္ျခစ္ေတာက္ ပူေနတဲ့ အခ်ိန္မွာ ဇာတ္ၾကည့္ဖုိ႔တစ္ခုတည္းအတြက္ ဒုကၡခံေနရတဲ့ ေတာသူေတာင္သားေတြရဲ႕ အျဖစ္ကုိ ဦးတင္ေမာင္ဟာ ကုိယ္ခ်င္းစာမိသြားပါတယ္။ အဲဒီေနာက္ေတာ့ သူဟာ အိပ္ေနတဲ့ သူရဲ႕တြဲဖက္မင္းသမီးႀကီး ေဒၚေအာင္သန္းတင္(လြတ္လပ္ေရး) ကို သြားႏႈိးပါတယ္။ ဟဲ့ ေအာင္သန္းတင္..ထ.ထ ဆုိေတာ့ ေဒၚေအာင္သန္းတင္ဟာ အိပ္ခ်င္မူးတူးနဲ႔ ထလုိက္လာပါတယ္။ အေရွ႕ကုိေရာက္ေတာ့ ေရႊမန္းဦးတင္ေမာင္က ခုန လူေတြရွိရာေနရာကို လက္ညႈိးထုိးျပၿပီး-

“ၾကည့္စမ္းအတင္ သူတုိ႔ဟာ ငါတုိ႔ဇာတ္ကုိ ၾကည့္ခ်င္ရုံနဲ႔ ဘယ္ေလာက္ဒုကၡခံေနရသလဲ။ ငါတုိ႔ရဲ႕ေက်းဇူးရွင္ေတြေလ ။ သူတုိ႔ေၾကာင့္ ငါတုိ႔ရပ္တည္ေနႏုိင္တာ သူတုိ႔ေက်းဇူး ငါတုိ႔ေပၚမွာ အမ်ားႀကီးရွိတယ္၊ လာ..လာ ကန္ေတာ့ၾကမယ္” လုိ႔ေျပာၿပီး ။ ၾကမ္းျပင္မွာထုိင္ကာ ေတာသူေတာင္သားေတြဘက္ကို လွည့္ကာ အားရပါးရ ကန္ေတာ့ပါေတာ့တယ္။ ေဒၚေအာင္သန္းတင္ကလည္း လုိက္ကန္ေတာ့ရတာေပါ့။ ေတာသူေတာင္သား ပရိသတ္ေတြအေပၚမွာ ထားတဲ့ ေရႊမန္းဦးတင္ေမာင္ရဲ႕ ခ်စ္ဖုိ႔ေကာင္းတဲ့ စိတ္ဓာတ္ကေလးပါ။

ေနာက္တစ္ေယာက္ကေတာ့ ျမန္မာ့အဆုိေလာကသမုိင္းမွာ အေအာင္ျမင္ဆုံးသူလုိ႔ သတ္မွတ္ရမယ့္သူပါ။ တျခားသူေတာ့ မဟုတ္ပါဘူး။ သူမရွိေတာ့တာ ႏွစ္ေပါင္းမ်ားစြာ ရွိေပမယ့္ သူ႔ဆုိရင္ အရင္ေခတ္လူေတြမွတ္မွတ္ရရ သတိရေနၾကသလုိ ၊ အခုေခတ္မွာလည္း မသိသူမရွိတဲ့ အဆုိေတာ္ႀကီး တြံေတးသိန္းတန္ ျဖစ္ပါတယ္။ အဲဒီေခတ္က တြံေတးသိန္းတန္ ဘယ္ေလာက္ေအာင္ျမင္ခဲ့သလဲဆုိရင္ ေတာေရာ ၿမဳိ႕ပါမက လူသူရွားပါးတဲ့ ေလးအိမ္တန္းလုိေနရာမ်ဳိးမွာေတာင္ က်န္တာမရွိရင္ တြံ႔ေတးသိန္းတန္ သီခ်င္းေတာ့ရွိတဲ့ အထိ ေအာင္ျမင္ခဲ့သူပါ။ ဒီဘက္ေခတ္ ၿမဳိ႕ေတြမွာ သူ႔သီခ်င္းေတြမဖြင့္ေတာ့ေပမယ့္ အဲ..အဲ ဆုိတဲ့စကားေျပာဟန္ေလးလုပ္ရုံနဲ႔ ဒါတြံေတးသိန္းတန္ စတုိင္ဆုိတာ သိေနၾကပါေသးတယ္။ အသီးတစ္ရာအညွာတစ္ခု တုိ႔ ၊ ခ်စ္ရက္ရွည္ရွည္အင္းယားေျမ စတဲ့သီခ်င္းေတြကုိေတာ့ ေက်ာင္းေတြ ၊ တကၠသိုလ္ေတြမွာ အခမ္းအနားေတြလုပ္တုိင္း ဖြင့္ေနၾကဆဲမဟုတ္လား။ ေနာက္ေခတ္က တုိးတက္လာေပမယ့္ ဟုိတယ္ႀကီးေတြက မဂၤလာေဆာင္ေတြမွာ မဖြင့္မျဖစ္သူ႔သီခ်င္းကို ဖြင့္ေနရပါေသးတယ္။ “တူႏွစ္ျဖာ ေရႊဂေဟဆက္ဖုိ႔…” လုိ႔ အစခ်ီတဲ့ အခုတုိင္မၾကာခဏၾကားၾကားေနရတဲ့ မဂၤလာသီခ်င္းဟာ တြံေတးသိန္းတန္ရဲ႕ သီခ်င္းေပါ့။ အခုက သူ႔ရဲ႕ျဖစ္ရပ္ေလးတစ္ခုပါ။

ေျမလတ္ၿမဳိ႕တစ္ၿမဳိ႕မွာ တြံေတးသိန္းတန္ေရာ အျခားအဆုိေတာ္ေတြေရာ သီခ်င္းသြားဆုိၾကပါတယ္။ အဓိကကေတာ့ တြံေတးသိန္းတန္ေပါ့။ အဲဒီအခ်ိန္က တြံ႔ေတးသိန္းတန္ က နည္းနည္းေနမေကာင္းျဖစ္ေနတယ္။ ပြဲစေတာ့ အားရပါးရ ေလးငါးဆက္ပုဒ္ဆက္တုိက္ ဆုိပစ္လုိက္ပါတယ္။ အဲဒီေနာက္ေတာ့ ခဏနားပါတယ္။ ဒုတိယပိုင္း ဆက္ဆုိရမွာပါ။ ဒါေပမယ့္ ဆက္ဆုိရမယ့္ အခ်ိန္ေရာက္ေတာ့ တြံ႔ေတးသိန္းတန္ မထႏုိင္ေတာ့ပါဘူး။ ေခါင္းလုံး၀မေထာင္ႏုိင္ေတာ့ အေျခအေနပါ။ အစီအစဥ္ေၾကျငာသူက တြံ႔ေတးသိန္းတန္ ေနမေကာင္းျဖစ္ေနတဲ့အတြက္ မဆုိႏုိင္ေတာ့ပါလုိ႔ ေတာင္းပန္ေပမယ့္ ပရိသတ္က တြံ႔ေတးသိန္းတန္ကုိ အဓိကလာၾကည့္ၾကတာဆုိေတာ့ လက္မခံပါဘူး။ “ေနမေကာင္းလည္း..ကုိသိန္းတန္ကိုေခၚထုတ္ေပးပါ။ ေခၚထုတ္ေပးပါ” ဆုိၿပီး ေအာ္ဟစ္ေနၾကပါတယ္။ ဘယ္လုိေျပာေျပာမရပါဘူး။ မန္ေနဂ်ာကလည္း ပြဲပ်က္မွာကို စုိးရိမ္ေနပါတယ္။ ေနာက္ဘယ္လုိမွ မရတဲ့အဆုံးမွာ လဲေနတဲ့တြံ႔ေတးသိန္းတန္ကုိ သူ႔တပည့္ႏွစ္ေယာက္ကို တြဲခုိင္းၿပီး စင္ေရွ႕ကုိေခၚထုတ္ပါတယ္။ မုိက္ေရွ႕ကုိေရာက္တဲ့အခါ တြံေတးသိန္းတန္က ” ကြ်န္ေတာ္ျပည္သူခ်စ္တဲ့ တြံ႔ေတးသိန္းတန္္ပါ ခင္ဗ်ာ” ဆုိတဲ့ စကားကုိ ဗလုံးဗေထြးေျပာၿပီး စင္ေနာက္ကို ျပန္၀င္သြားပါတယ္။ အဲဒီအခ်ိန္မွာ လူအုပ္ႀကီး အားရပါးရ ေအာ္ဟစ္လုိက္တဲ့အသံက “ေဟး..ဒါမွ တုိ႔ ကိုသိန္းတန္ႀကီးကြ” တဲ့။ ေပ်ာ္ေပ်ာ္ရႊင္ရြင္ပဲ ပြဲက ၿပီးဆုံးသြားပါတယ္။ အဆုိေတာ္သီခ်င္းဆက္မဆုိေတာ့ လုိ႔ ဘယ္သူမွ စိတ္မဆုိးၾကပါဘူး။ တြံေတးသိန္းကို သူ႔ပရိသတ္ေတြ ဘယ္ေလာက္ခ်စ္လဲ ျပခဲ့တဲ့ ျဖစ္ရပ္ေလးပါ။

ေနာက္ဆုံးတစ္ေယာက္ကေတာ့ လူတုိင္းသိတဲ့ စြယ္စုံရ အဆုိေတာ္ ၊ စာေရးဆရာ ၊ သရုပ္ေဆာင္ ၊ ဒါရုိက္တာ ၀င္းဦး ရဲ႕အေၾကာင္းပါ။ ၀င္းဦးဘယ္ေလာက္ ေအာင္ျမင္ခဲ့သလဲ ဆုိတာကေတာ့ အားလုံးသိၿပီးမွာျဖစ္တဲ့အတြက္ မေျပာေတာ့ပါဘူး။ အခုမွ်ေ၀မွာကေတာ့ ပရိတ္သတ္နဲ႔ ၀င္းဦး တုိ႔ၾကားက ထူးထူးျခားျခားျဖစ္ရပ္ေလးပါ။

အဲဒီတုန္းက ကြ်န္ေတာ္က အဆုိေတာ္ေပါက္စ..အျခားအႏုပညာရွင္ေတြနဲ႔ အတူၿမဳိ႕ေတြကုိ သီခ်င္းလုိက္ဆုိတယ္။ (ကြ်န္ေတာ္ဆုိတာ အဆုိေတာ္ သုေမာင္ ပါ)။ အဲဒီတုန္းက ခုလုိ ကားေတြမေပါေသးဘူး။ ၿမဳိ႕တစ္ၿမဳိ႕နဲ႔ တစ္ၿမဳိ႕ ကို ေမာ္ေတ္ာဘုတ္ေတြနဲ႔ ပဲ ကူးၾကတာမ်ားပါတယ္။ ၿမဳိ႕တစ္ၿမဳိ႕ကို သီခ်င္းသြားဆုိၾကတယ္။ ကြ်န္ေတာ္တုိ႔အဖြဲ႔မွာ အဓိက က ကို၀င္းဦးပါ။ ပရိသတ္ကလည္း ကို၀င္းဦး ကုိ၀င္းဦး နဲ႔ အားေပးၾကတာကို..။ ဒီလုိနဲ႔ ဆုိၿပီးေနာက္ေန႔မနက္က်ေတာ့ အျခားၿမဳိ႕ကုိ ကူးဖုိ႔လုပ္ၾကတယ္။ ကမ္းစပ္ကေနခြာေနတဲ့ေမာ္ေတာ္ဘုတ္လက္ရန္းမွာ မတ္တပ္ရပ္ၿပီး ၿမဳိ႕က လူထုက လက္ျပႏႈတ္ဆက္ၾကတယ္။ ထြက္ဖုိ႔ဆဲဆဲအခ်ိန္ေပါ့ဗ်ာ။

ကြ်န္ေတာ္တုိ႔ ၾကည့္ေနတုန္းမွာပဲ လူအုပ္ႀကီးက ကမ္းစပ္ကေန သေဘၤာရွိရာ ရြံျပင္ကုိ ၿပဳံဆင္းလာတယ္။ ၾကည့္လုိက္ေတာ့ တဘက္ႀကီးေတြေပါင္း ၊ ထမီရင္ရွားေတြ နဲ႔ တကယ့္ေတာသူေတာင္သားႀကီးေတြပါ။ ကြ်န္ေတာ္တုိ႔ကလည္း ႏႈတ္ဆက္ သူတုိ႔ကလည္း ႏႈတ္ဆက္..အဓိကကေတာ့ ကို၀င္းဦးကိုႏႈတ္ဆက္ၾကတာပါ။ ကုိ၀င္းဦး ကုိ၀င္းဦး နဲ႔ေပါ့။ အဲဒီအခ်ိန္မွာပဲ ေတာသူေတာင္သားေတြရဲ႕ ေခါင္းေဆာင္လုိ႔ထင္ရတဲ့သူက ေအာ္ေျပာတယ္။
“ကုိ၀င္းဦးေရ..ညက ကြ်န္ေတာ္တုိ႔ရြာကေနလာတာ ကုိ၀င္းဦးရဲ႕ ပြဲကို မမီလုိက္ဘူးဗ်ာ။ ျဖစ္ႏုိင္ရင္သီခ်င္းေလးတစ္ပုဒ္ေလာက္ ေမာ္ေတာ္ေပၚကေန ဆုိျပေပးပါလားဗ်ာ” တဲ့။

ဒါနဲ႔ ကြ်န္ေတာ္တုိ႔ က ကုိ၀င္းဦး ဘာလုပ္မလဲဆုိၿပီး ၾကည့္ေနၾကတယ္။ ကုိ၀င္းဦးက သူ႔ေရွ႕က ကြ်န္ေတာ္တုိ႔ကုိ ခဏေလာက္ လမ္းဖယ္ေပးပါ ဆုိၿပီး ထလာတယ္။ ၿပီးေတာ့ မထင္မွတ္တာကို လုပ္ျပလုိက္တယ္။ ရြံဗြက္ထဲက ေအးေအးေဆးေဆး ဆင္းသြားတာပါ။အံၾသဆုိ အဲဒီတုန္းက ကို၀င္းဦး ၀တ္ထားတာက အကၤ်ီအျဖဴ ေဘာင္းဘီအျဖဴ ဖိနပ္အျဖဴ နဲ႔ ေက်ာ့ေက်ာ့ေမာ့ေမာ့ေလးကိုဗ်။ နံပါတ္ ၁ မင္းသား ၊ အသန္႔အျပန္႔လည္း အလြန္ႀကဳိက္သူ ၊ အ၀တ္အစားဆုိလည္းေကာ့ျပန္ေနေအာင္ ဆုိေတာ့ ဒီလုိလုပ္မယ္လုိ႔ ကြ်န္ေတာ္တုိ႔ထင္မထားဘူးေလ။ သေဘၤာေပၚကေန ပဲ ဆုိျပမယ္ ထင္ထားတာကို။ ဒါနဲ႔ ရႊံ႕ထဲကုိ ဇတ္..ဇတ္..ဇတ္..ဆုိၿပီး သူ႔ပရိသတ္ ေတာသူေတာင္သားေတြၾကားထဲကုိ ေလွ်ာက္၀င္သြားတယ္။ အဲဒီတုန္းက ေတာသူေတာင္သားေတြအဖုိ႔ ဒီလုိမင္းသားကိုေတြ႔ရဖုိ႔ လြယ္မွ မလြယ္ပဲကိုဗ်။ ဒါနဲ႔ ပရိတ္သတ္ေတြက ကုိ၀င္းဦးကုိ ဖက္ၿပီးႏႈတ္ဆက္ ၊ ကုိ၀င္းဦးကလည္း ျပန္ၿပီးႏႈတ္ဆက္တယ္။ အဲဒီအခ်ိန္မွာ ေတာသူေတာင္သားေတြနင္းထားတဲ့ ဗြက္ေတြေရာ သူနင္းထားတဲ့ဗြက္ေတြေရာဟာ သူ႔ရဲ႕၀တ္စုံအျဖဴေပၚမွာ ေပစြန္းေနပါတယ္။ အဲဒီအခ်ိန္မွာပဲ ကုိ၀င္းဦးက လက္ခုပ္ကေလးတီးၿပီးေတာ့..“မႈန္ေရႊရည္..ခုိင္မာလာႏွင္းဆီ” ဆိုတဲ့ သူ႔ရဲ႕ Masterpiece သူ႔ရဲ႕အဓိက အက်ဆုံးသီခ်င္းကို ဆုိပါေတာ့တယ္။ ပရိသတ္ေတြကလည္း လက္ခုပ္တီးၿပီးေတာ့ ကို၀င္းဦးကို ပတ္ကၾကတယ္။

သူ႔ပရိသတ္ေတာသူေတာင္သားေတြရဲ႕ ရင္ထင္မွာေတာ့ ဘယ္လုိရွိမယ္ မသိဘူး။ ကြ်န္ေတာ္တုိ႔ေတာ့ ဒီျမင္ကြင္းကုိ ၾကည့္ၿပီး ၾကည္ႏူးလြန္းလုိ႔ မ်က္ရည္ေတာင္လည္ပါတယ္။ အဲဒီျမင္ကြင္းကုိ ကြ်န္ေတာ္တစ္သက္ မေမ့ပါဘူး။ ပရိသတ္ကုိ ခ်စ္တဲ့အႏုပညာရွင္ကုိ ပရိသတ္က ခ်စ္ၾကတာပါပဲဗ်ာ…

အထက္ပါ ျဖစ္ရပ္ ၃ ခုကေတာ့ ေရွးအႏုပညာရွင္ႀကီး ၃ေယာက္နဲ႔ ပရိသတ္အၾကားက လူသိနည္းတဲ့ ျဖစ္ရပ္ေလးေတြျဖစ္ပါတယ္။ မသိေသးတဲ့ မိတ္ေဆြမ်ားအတြက္ သုတဇုန္ ကေန ျပန္လည္ေ၀မွ်ျခင္းျဖစ္ပါတယ္။ မိတ္ေဆြတုိ႔ သိထားတဲ့ အႏုပညာရွင္ေတြရဲ႕ ဒီလုိခ်စ္စရာေကာင္းတဲ့ ျဖစ္ရပ္ေလးေတြရွိရင္လည္း အျခားသူမ်ား ဖတ္လုိ႔ရေအာင္ ေ၀မွ် သြားၾကပါဦး 🙂

(စာေရးဆရာ အဆိုေတာ္မင္းသား သုေမာင္ ရဲ႕ ေၾသာ္ဒါနဲ႔ စကားမစပ္ အစီအစဥ္ထဲက ၾကားမိသမွ်ကို ထုတ္ႏႈတ္ထားျခင္းျဖစ္ပါတယ္)

#သုတဇုန္


အနုပညာရှင်ကြီးတချို့ရဲ့ လူသိနည်းတဲ့ ကြည်နူးဖွယ်ဖြစ်ရပ်များ (unicode)

အခုတလော အထူးအဆန်း နဲ့ ဗဟုသုတ ပိုစ့်တွေချည်းတင်ဖြစ်နေလို့ အခုရှေးဟောင်းနှောင်းဖြစ် အကြောင်းလေး တချို့ကို သုတဇုန် မိတ်ဆွေများအတွက် ဝေမျှပါဦးမယ်။ အခုခေတ်မှာ မြင်ဖို့မလွယ်တော့တဲ့ ရှေးအနုပညာရှင်ကြီး တချို့ရဲ့ဖြစ်ရပ်လေးတချို့ပါ။

ပထမဆုံးပြောမှာက ရွှေမန်းဦးတင်မောင် ရဲ့ဖြစ်ရပ်လေးပါ။ အညာမြို့လေးတစ်မြို့မှာ ရွှေမန်းတင်မောင်တို့ ဇာတ်အဖွဲ့ ဇာတ်သွားကကြပါတယ်။ ဇာတ်ကညမှ ကမှာဆိုတော့ နေ့လည်ဘက်မှာတော့ ဇာတ်အဖွဲ့သား အားလုံးနီးပါး အိပ်နေကြပါတယ်။ ဒီအထဲမှာ မအိပ်တာဆိုလို့ ရွှေမန်းဦးတင်မောင်ပဲ ရှိပါတယ်။ ရွှေမန်းတင်မောင် အောင်မြင်တာဟာ ပြည်သူတွေအပေါ်စေတနာကောင်းလွန်းတာကြောင့် ဖြစ်သလို ဝီရိယကြီးလွန်းတာကြောင့်လည်းဖြစ်ပါတယ်။ မင်းသားဆိုပေမယ့် အအိပ်အနေ အလွန်နည်းပါတယ်။ အချိန်ရှိသ၍ စာဖတ်ရင်ဖတ် ၊ လေ့ကျင့်ရင်ကျင့် ၊ မကျင့်ရင်လည်း ဇာတ်ကွက်တွေကို စဉ်းစားနေတတ်သူဖြစ်ပါတယ်။ အညာမှာ နေ့ခင်းဘက်ဆိုတော့ အလွန်ပူတဲ့အချိန်ဖြစ်ပါတယ်။ အဲဒီမှာ ဦးတင်မောင်ဟာ ဇာတ်ရုံအပြင်ဘက်ကို ကြည့်မိလိုက်ပါတယ်။ သူသွားတွေ့တာကတော့ အဲဒီခေတ်က မထူးဆန်းတဲ့ မြင်ကွင်းဖြစ်တဲ့ ဇာတ်ကတဲ့မြို့အနီးကျေးရွာတွေက တက်လာကြတဲ့ တောသူတောင်သားတွေဟာ ညဘက်ဇာတ်ကြည့်ဖို့ နေ့ခင်းတည်းက ရောက်နေပြီး စားသောက်စခန်းချဖို့ ပြင်ဆင်နေကြတာဖြစ်ပါတယ်။ နေ့ခင်းဘက် အပြင်နေခြစ်ခြစ်တောက် ပူနေတဲ့ အချိန်မှာ ဇာတ်ကြည့်ဖို့တစ်ခုတည်းအတွက် ဒုက္ခခံနေရတဲ့ တောသူတောင်သားတွေရဲ့ အဖြစ်ကို ဦးတင်မောင်ဟာ ကိုယ်ချင်းစာမိသွားပါတယ်။ အဲဒီနောက်တော့ သူဟာ အိပ်နေတဲ့ သူရဲ့တွဲဖက်မင်းသမီးကြီး ဒေါ်အောင်သန်းတင်(လွတ်လပ်ရေး) ကို သွားနှိုးပါတယ်။ ဟဲ့ အောင်သန်းတင်..ထ.ထ ဆိုတော့ ဒေါ်အောင်သန်းတင်ဟာ အိပ်ချင်မူးတူးနဲ့ ထလိုက်လာပါတယ်။ အရှေ့ကိုရောက်တော့ ရွှေမန်းဦးတင်မောင်က ခုန လူတွေရှိရာနေရာကို လက်ညှိုးထိုးပြပြီး-

“ကြည့်စမ်းအတင် သူတို့ဟာ ငါတို့ဇာတ်ကို ကြည့်ချင်ရုံနဲ့ ဘယ်လောက်ဒုက္ခခံနေရသလဲ။ ငါတို့ရဲ့ကျေးဇူးရှင်တွေလေ ။ သူတို့ကြောင့် ငါတို့ရပ်တည်နေနိုင်တာ သူတို့ကျေးဇူး ငါတို့ပေါ်မှာ အများကြီးရှိတယ်၊ လာ..လာ ကန်တော့ကြမယ်” လို့ပြောပြီး ။ ကြမ်းပြင်မှာထိုင်ကာ တောသူတောင်သားတွေဘက်ကို လှည့်ကာ အားရပါးရ ကန်တော့ပါတော့တယ်။ ဒေါ်အောင်သန်းတင်ကလည်း လိုက်ကန်တော့ရတာပေါ့။ တောသူတောင်သား ပရိသတ်တွေအပေါ်မှာ ထားတဲ့ ရွှေမန်းဦးတင်မောင်ရဲ့ ချစ်ဖို့ကောင်းတဲ့ စိတ်ဓာတ်ကလေးပါ။

နောက်တစ်ယောက်ကတော့ မြန်မာ့အဆိုလောကသမိုင်းမှာ အအောင်မြင်ဆုံးသူလို့ သတ်မှတ်ရမယ့်သူပါ။ တခြားသူတော့ မဟုတ်ပါဘူး။ သူမရှိတော့တာ နှစ်ပေါင်းများစွာ ရှိပေမယ့် သူ့ဆိုရင် အရင်ခေတ်လူတွေမှတ်မှတ်ရရ သတိရနေကြသလို ၊ အခုခေတ်မှာလည်း မသိသူမရှိတဲ့ အဆိုတော်ကြီး တွံတေးသိန်းတန် ဖြစ်ပါတယ်။ အဲဒီခေတ်က တွံတေးသိန်းတန် ဘယ်လောက်အောင်မြင်ခဲ့သလဲဆိုရင် တောရော မြို့ပါမက လူသူရှားပါးတဲ့ လေးအိမ်တန်းလိုနေရာမျိုးမှာတောင် ကျန်တာမရှိရင် တွံ့တေးသိန်းတန် သီချင်းတော့ရှိတဲ့ အထိ အောင်မြင်ခဲ့သူပါ။ ဒီဘက်ခေတ် မြို့တွေမှာ သူ့သီချင်းတွေမဖွင့်တော့ပေမယ့် အဲ..အဲ ဆိုတဲ့စကားပြောဟန်လေးလုပ်ရုံနဲ့ ဒါတွံတေးသိန်းတန် စတိုင်ဆိုတာ သိနေကြပါသေးတယ်။ အသီးတစ်ရာအညှာတစ်ခု တို့ ၊ ချစ်ရက်ရှည်ရှည်အင်းယားမြေ စတဲ့သီချင်းတွေကိုတော့ ကျောင်းတွေ ၊ တက္ကသိုလ်တွေမှာ အခမ်းအနားတွေလုပ်တိုင်း ဖွင့်နေကြဆဲမဟုတ်လား။ နောက်ခေတ်က တိုးတက်လာပေမယ့် ဟိုတယ်ကြီးတွေက မင်္ဂလာဆောင်တွေမှာ မဖွင့်မဖြစ်သူ့သီချင်းကို ဖွင့်နေရပါသေးတယ်။ “တူနှစ်ဖြာ ရွှေဂဟေဆက်ဖို့…” လို့ အစချီတဲ့ အခုတိုင်မကြာခဏကြားကြားနေရတဲ့ မင်္ဂလာသီချင်းဟာ တွံတေးသိန်းတန်ရဲ့ သီချင်းပေါ့။ အခုက သူ့ရဲ့ဖြစ်ရပ်လေးတစ်ခုပါ။

မြေလတ်မြို့တစ်မြို့မှာ တွံတေးသိန်းတန်ရော အခြားအဆိုတော်တွေရော သီချင်းသွားဆိုကြပါတယ်။ အဓိကကတော့ တွံတေးသိန်းတန်ပေါ့။ အဲဒီအချိန်က တွံ့တေးသိန်းတန် က နည်းနည်းနေမကောင်းဖြစ်နေတယ်။ ပွဲစတော့ အားရပါးရ လေးငါးဆက်ပုဒ်ဆက်တိုက် ဆိုပစ်လိုက်ပါတယ်။ အဲဒီနောက်တော့ ခဏနားပါတယ်။ ဒုတိယပိုင်း ဆက်ဆိုရမှာပါ။ ဒါပေမယ့် ဆက်ဆိုရမယ့် အချိန်ရောက်တော့ တွံ့တေးသိန်းတန် မထနိုင်တော့ပါဘူး။ ခေါင်းလုံးဝမထောင်နိုင်တော့ အခြေအနေပါ။ အစီအစဉ်ကြေငြာသူက တွံ့တေးသိန်းတန် နေမကောင်းဖြစ်နေတဲ့အတွက် မဆိုနိုင်တော့ပါလို့ တောင်းပန်ပေမယ့် ပရိသတ်က တွံ့တေးသိန်းတန်ကို အဓိကလာကြည့်ကြတာဆိုတော့ လက်မခံပါဘူး။ “နေမကောင်းလည်း..ကိုသိန်းတန်ကိုခေါ်ထုတ်ပေးပါ။ ခေါ်ထုတ်ပေးပါ” ဆိုပြီး အော်ဟစ်နေကြပါတယ်။ ဘယ်လိုပြောပြောမရပါဘူး။ မန်နေဂျာကလည်း ပွဲပျက်မှာကို စိုးရိမ်နေပါတယ်။ နောက်ဘယ်လိုမှ မရတဲ့အဆုံးမှာ လဲနေတဲ့တွံ့တေးသိန်းတန်ကို သူ့တပည့်နှစ်ယောက်ကို တွဲခိုင်းပြီး စင်ရှေ့ကိုခေါ်ထုတ်ပါတယ်။ မိုက်ရှေ့ကိုရောက်တဲ့အခါ တွံတေးသိန်းတန်က ” ကျွန်တော်ပြည်သူချစ်တဲ့ တွံ့တေးသိန်းတန်ပါ ခင်ဗျာ” ဆိုတဲ့ စကားကို ဗလုံးဗထွေးပြောပြီး စင်နောက်ကို ပြန်ဝင်သွားပါတယ်။ အဲဒီအချိန်မှာ လူအုပ်ကြီး အားရပါးရ အော်ဟစ်လိုက်တဲ့အသံက “ဟေး..ဒါမှ တို့ ကိုသိန်းတန်ကြီးကွ” တဲ့။ ပျော်ပျော်ရွှင်ရွင်ပဲ ပွဲက ပြီးဆုံးသွားပါတယ်။ အဆိုတော်သီချင်းဆက်မဆိုတော့ လို့ ဘယ်သူမှ စိတ်မဆိုးကြပါဘူး။ တွံတေးသိန်းကို သူ့ပရိသတ်တွေ ဘယ်လောက်ချစ်လဲ ပြခဲ့တဲ့ ဖြစ်ရပ်လေးပါ။

နောက်ဆုံးတစ်ယောက်ကတော့ လူတိုင်းသိတဲ့ စွယ်စုံရ အဆိုတော် ၊ စာရေးဆရာ ၊ သရုပ်ဆောင် ၊ ဒါရိုက်တာ ဝင်းဦး ရဲ့အကြောင်းပါ။ ဝင်းဦးဘယ်လောက် အောင်မြင်ခဲ့သလဲ ဆိုတာကတော့ အားလုံးသိပြီးမှာဖြစ်တဲ့အတွက် မပြောတော့ပါဘူး။ အခုမျှဝေမှာကတော့ ပရိတ်သတ်နဲ့ ဝင်းဦး တို့ကြားက ထူးထူးခြားခြားဖြစ်ရပ်လေးပါ။

အဲဒီတုန်းက ကျွန်တော်က အဆိုတော်ပေါက်စ..အခြားအနုပညာရှင်တွေနဲ့ အတူမြို့တွေကို သီချင်းလိုက်ဆိုတယ်။ (ကျွန်တော်ဆိုတာ အဆိုတော် သုမောင် ပါ)။ အဲဒီတုန်းက ခုလို ကားတွေမပေါသေးဘူး။ မြို့တစ်မြို့နဲ့ တစ်မြို့ ကို မော်တော်ဘုတ်တွေနဲ့ ပဲ ကူးကြတာများပါတယ်။ မြို့တစ်မြို့ကို သီချင်းသွားဆိုကြတယ်။ ကျွန်တော်တို့အဖွဲ့မှာ အဓိက က ကိုဝင်းဦးပါ။ ပရိသတ်ကလည်း ကိုဝင်းဦး ကိုဝင်းဦး နဲ့ အားပေးကြတာကို..။ ဒီလိုနဲ့ ဆိုပြီးနောက်နေ့မနက်ကျတော့ အခြားမြို့ကို ကူးဖို့လုပ်ကြတယ်။ ကမ်းစပ်ကနေခွာနေတဲ့မော်တော်ဘုတ်လက်ရန်းမှာ မတ်တပ်ရပ်ပြီး မြို့က လူထုက လက်ပြနှုတ်ဆက်ကြတယ်။ ထွက်ဖို့ဆဲဆဲအချိန်ပေါ့ဗျာ။

ကျွန်တော်တို့ ကြည့်နေတုန်းမှာပဲ လူအုပ်ကြီးက ကမ်းစပ်ကနေ သင်္ဘောရှိရာ ရွံပြင်ကို ပြုံဆင်းလာတယ်။ ကြည့်လိုက်တော့ တဘက်ကြီးတွေပေါင်း ၊ ထမီရင်ရှားတွေ နဲ့ တကယ့်တောသူတောင်သားကြီးတွေပါ။ ကျွန်တော်တို့ကလည်း နှုတ်ဆက် သူတို့ကလည်း နှုတ်ဆက်..အဓိကကတော့ ကိုဝင်းဦးကိုနှုတ်ဆက်ကြတာပါ။ ကိုဝင်းဦး ကိုဝင်းဦး နဲ့ပေါ့။ အဲဒီအချိန်မှာပဲ တောသူတောင်သားတွေရဲ့ ခေါင်းဆောင်လို့ထင်ရတဲ့သူက အော်ပြောတယ်။
“ကိုဝင်းဦးရေ..ညက ကျွန်တော်တို့ရွာကနေလာတာ ကိုဝင်းဦးရဲ့ ပွဲကို မမီလိုက်ဘူးဗျာ။ ဖြစ်နိုင်ရင်သီချင်းလေးတစ်ပုဒ်လောက် မော်တော်ပေါ်ကနေ ဆိုပြပေးပါလားဗျာ” တဲ့။

ဒါနဲ့ ကျွန်တော်တို့ က ကိုဝင်းဦး ဘာလုပ်မလဲဆိုပြီး ကြည့်နေကြတယ်။ ကိုဝင်းဦးက သူ့ရှေ့က ကျွန်တော်တို့ကို ခဏလောက် လမ်းဖယ်ပေးပါ ဆိုပြီး ထလာတယ်။ ပြီးတော့ မထင်မှတ်တာကို လုပ်ပြလိုက်တယ်။ ရွံဗွက်ထဲက အေးအေးဆေးဆေး ဆင်းသွားတာပါ။အံဩဆို အဲဒီတုန်းက ကိုဝင်းဦး ဝတ်ထားတာက အင်္ကျီအဖြူ ဘောင်းဘီအဖြူ ဖိနပ်အဖြူ နဲ့ ကျော့ကျော့မော့မော့လေးကိုဗျ။ နံပါတ် ၁ မင်းသား ၊ အသန့်အပြန့်လည်း အလွန်ကြိုက်သူ ၊ အဝတ်အစားဆိုလည်းကော့ပြန်နေအောင် ဆိုတော့ ဒီလိုလုပ်မယ်လို့ ကျွန်တော်တို့ထင်မထားဘူးလေ။ သင်္ဘောပေါ်ကနေ ပဲ ဆိုပြမယ် ထင်ထားတာကို။ ဒါနဲ့ ရွှံ့ထဲကို ဇတ်..ဇတ်..ဇတ်..ဆိုပြီး သူ့ပရိသတ် တောသူတောင်သားတွေကြားထဲကို လျှောက်ဝင်သွားတယ်။ အဲဒီတုန်းက တောသူတောင်သားတွေအဖို့ ဒီလိုမင်းသားကိုတွေ့ရဖို့ လွယ်မှ မလွယ်ပဲကိုဗျ။ ဒါနဲ့ ပရိတ်သတ်တွေက ကိုဝင်းဦးကို ဖက်ပြီးနှုတ်ဆက် ၊ ကိုဝင်းဦးကလည်း ပြန်ပြီးနှုတ်ဆက်တယ်။ အဲဒီအချိန်မှာ တောသူတောင်သားတွေနင်းထားတဲ့ ဗွက်တွေရော သူနင်းထားတဲ့ဗွက်တွေရောဟာ သူ့ရဲ့ဝတ်စုံအဖြူပေါ်မှာ ပေစွန်းနေပါတယ်။ အဲဒီအချိန်မှာပဲ ကိုဝင်းဦးက လက်ခုပ်ကလေးတီးပြီးတော့..”မှုန်ရွှေရည်..ခိုင်မာလာနှင်းဆီ” ဆိုတဲ့ သူ့ရဲ့ Masterpiece သူ့ရဲ့အဓိက အကျဆုံးသီချင်းကို ဆိုပါတော့တယ်။ ပရိသတ်တွေကလည်း လက်ခုပ်တီးပြီးတော့ ကိုဝင်းဦးကို ပတ်ကကြတယ်။

သူ့ပရိသတ်တောသူတောင်သားတွေရဲ့ ရင်ထင်မှာတော့ ဘယ်လိုရှိမယ် မသိဘူး။ ကျွန်တော်တို့တော့ ဒီမြင်ကွင်းကို ကြည့်ပြီး ကြည်နူးလွန်းလို့ မျက်ရည်တောင်လည်ပါတယ်။ အဲဒီမြင်ကွင်းကို ကျွန်တော်တစ်သက် မမေ့ပါဘူး။ ပရိသတ်ကို ချစ်တဲ့အနုပညာရှင်ကို ပရိသတ်က ချစ်ကြတာပါပဲဗျာ…

အထက်ပါ ဖြစ်ရပ် ၃ ခုကတော့ ရှေးအနုပညာရှင်ကြီး ၃ယောက်နဲ့ ပရိသတ်အကြားက လူသိနည်းတဲ့ ဖြစ်ရပ်လေးတွေဖြစ်ပါတယ်။ မသိသေးတဲ့ မိတ်ဆွေများအတွက် သုတဇုန် ကနေ ပြန်လည်ဝေမျှခြင်းဖြစ်ပါတယ်။ မိတ်ဆွေတို့ သိထားတဲ့ အနုပညာရှင်တွေရဲ့ ဒီလိုချစ်စရာကောင်းတဲ့ ဖြစ်ရပ်လေးတွေရှိရင်လည်း အခြားသူများ ဖတ်လို့ရအောင် ဝေမျှ သွားကြပါဦး 🙂

#သုတဇုန်

Leave a Reply