ဟိမ၀ႏာၱေတာင္ အေၾကာင္း သိေကာင္းစရာ

Posted on

ဟိမ၀ႏာၱေတာင္ ဆုိတာ ျမန္မာေတြနဲ႔ေတာ့ အေတာ္ရင္းႏွီးတဲ့ ေတာင္ျဖစ္ပါတယ္။ ဇာတ္ေတာ္ေတြ ၊ ပုံျပင္ေတြထဲမွာသာ မက စာအုပ္ေတြမွာပါ မၾကာခဏေတြ႔ရေလ့ရွိတဲ့ေတာင္ျဖစ္ပါတယ္။ ေတာင္လုိ႔ဆုိေပမယ့္ ေတာင္တစ္ေတာင္တည္းမဟုတ္ပဲ ေတာင္မ်ားစြာကို စုေပါင္းေခၚျခင္းျဖစ္ပါတယ္။ဧ၀ရက္ေတာင္လုိ ကမာၻ႔အျမင့္ဆုံးေတာင္ေတြစုေပါင္းတည္ရွိရာ ေတာင္အုပ္စုလည္းျဖစ္ပါတယ္။ နီေပါ ၊ တရုတ္ ၊ အာဖကန္နစၥတန္ ဘူတန္ ၊ ပါကစၥတန္ ၊ အိႏၵိယ စတဲ့ႏိုင္ငံေတြပါ၀င္ပါတယ္။ ႏွင္းမ်ားဖုံးအုပ္ထားရာ ကမာၻ႔အျမင့္ဆုံးေနရာလည္းျဖစ္ပါတယ္။ သုတဇုန္မိတ္ေဆြမ်ားအတြက္ ဟိမ၀ႏာၱေတာင္ရဲ႕ အခ်က္အလက္တခ်ဳိ႕ကုိ ဗဟုသုတအေနနဲ႔ မွ်ေ၀လုိက္ပါတယ္။

– ဟိမ၀ႏာၱရဲ႕ အဓိပၸါယ္ဟာ ႏွင္းဗိမၼာန္ျဖစ္ပါတယ္။ ဧ၀ရက္ေတာင္ရဲ႕အျမင့္ပိုင္းမွာ ဖုံးလႊမ္းေနတဲ့ ႏွင္းေတြဟာ ဘယ္ေတာ့မွခဲျခင္းမရွိပါဘူး။ အႏာၱတိက နဲ႔ အာတိတ္ေဒသ တုိ႔ၿပီးရင္ ဟိမ၀ႏာၱဟာ ေရခဲစုပုံမႈအမ်ားဆုံးေနရာျဖစ္ပါတယ္။

– ဟိမ၀ႏာၱေတာင္ရဲ႕သက္တမ္းဟာ ႏွစ္သန္းေပါင္း ၇၀ ခန္႔ရွိၿပီး ကမာၻေပၚမွာ သက္တမ္းအႏုဆုံးေတာင္အုပ္စု ျဖစ္ပါတယ္။ စုစုေပါင္းေတာင္ေပါင္း ၃၀ေက်ာ္ပါ၀င္ၿပီး အဲဒီထဲက ေတာင္ ၉လုံးဟာ ကမာၻ႔အျမင့္ဆုံးေတာင္ေတြျဖစ္ပါတယ္။ မီတာ ၈၀၀၀ အနည္းဆုံးျမင့္တဲ့ ေတာင္က ၁၄လုံးျဖစ္ပါတယ္။

– ဟိမ၀ႏာၱလုိ႔အားလုံးသိၾကေပမယ့္ ေနရာအလုိက္အေခၚအေ၀ၚကြဲျပားပါတယ္။ နီေပါေတြက Sagarmatha(စၾက၀ဠာရဲ႕နတ္ဘုရားမ) ၊ တိဘက္ေတြက Chomolungma(ကမာၻ႔မိခင္နတ္ဘုရားမ) ၊ ဟိႏၵဴေတြက Giri-raj (ေတာင္ေတြရဲ႕ဘုရင္) စသည္ျဖင့္ အသီးသီးေခၚေ၀ၚၾကပါတယ္။

– ဧ၀ရက္ေတာင္ရဲ႕အမည္ဟာ ဗုိလ္မွဴးႀကီး Sir George Everest ကို ဂုဏ္ျပဳတဲ့အေနနဲ႔ ေပးထားျခင္းျဖစ္ပါတယ္။

– ဟိမ၀ႏာၱေတာင္မွာ ေနထုိင္ရွင္သန္တဲ့ တိရစာၦန္ေတြကေတာ့ ေတာရုိင္းဆိတ္ ၊ တိဘက္သုိး ၊ ပန္ဒါ၀က္၀ံ ၊ ႏွင္းက်ားသစ္ ၊ ေတာင္ဆိတ္ ၊ ၀က္၀ံနက္ ၊ က်ား ၊ ကတုိး ေကာင္ စတာေတြနဲ႔ ငွက္မ်ဳိးစိတ္ေပါင္းမ်ားစြာ တုိ႔ျဖစ္ပါတယ္။

– ဟိမ၀ႏာၱေတာင္ဟာ ကမာၻ႔ဧရိယာရဲ႕ ၀.၄% ကို ပုိင္ဆုိင္ၿပီး အက်ယ္အ၀န္းအားျဖင့္ ၂၃၀၀၀၀ စတုန္ရန္းမုိင္ခန္႔ ရွိပါတယ္။

– ရာသီဥတုအေျပာင္းအလဲျမန္တတ္ၿပီး မုတ္သုန္ေလ ၊ ႏွင္းမႈန္တုိင္း ၊ ငလွ်င္ ၊ ေျမေၾကာျပတ္ေရြ႕မႈ ၊ ေရႀကီးမႈ ၊ ေလျပင္းမ်ား မၾကာခဏျဖစ္ေပၚေလ့ရွိပါတယ္။

– ဟိမ၀ႏာၱရဲ႕ ဧရိယာအမ်ားဆုံးကို နီေပါႏုိင္ငံမွ ပိုင္ဆုိင္ၿပီး ဧရိယာရဲ႕ ၇၅% ကို ပိုင္ဆုိင္တာျဖစ္ပါတယ္။

– ဟိမ၀ႏာၱေတာင္ ဧရိယာအတြင္းမွာ လူမ်ဳိးေပါင္း ၃၀ခန္႔ ေနထုိင္ၾကၿပီး အေရအတြက္အားျဖင့္ လူဦးေရ သန္း ၄၀ ခန္႔ ရွိပါတယ္။

– ဟိမ၀ႏာၱမွာ အဓိကသယ္ယူပုိ႔ေဆာင္ေရးအရာကေတာ့ တရုတ္ႏြားေမႊးရွည္ေတြျဖစ္ပါတယ္။


ဟိမ၀န္တာတောင် အကြောင်း သိကောင်းစရာ (unicode)

ဟိမ၀န္တာတောင် ဆိုတာ မြန်မာတွေနဲ့တော့ အတော်ရင်းနှီးတဲ့ တောင်ဖြစ်ပါတယ်။ ဇာတ်တော်တွေ ၊ ပုံပြင်တွေထဲမှာသာ မက စာအုပ်တွေမှာပါ မကြာခဏတွေ့ရလေ့ရှိတဲ့တောင်ဖြစ်ပါတယ်။ တောင်လို့ဆိုပေမယ့် တောင်တစ်တောင်တည်းမဟုတ်ပဲ တောင်များစွာကို စုပေါင်းခေါ်ခြင်းဖြစ်ပါတယ်။ဧဝရက်တောင်လို ကမ္ဘာ့အမြင့်ဆုံးတောင်တွေစုပေါင်းတည်ရှိရာ တောင်အုပ်စုလည်းဖြစ်ပါတယ်။ နီပေါ ၊ တရုတ် ၊ အာဖကန်နစ္စတန် ဘူတန် ၊ ပါကစ္စတန် ၊ အိန္ဒိယ စတဲ့နိုင်ငံတွေပါဝင်ပါတယ်။ နှင်းများဖုံးအုပ်ထားရာ ကမ္ဘာ့အမြင့်ဆုံးနေရာလည်းဖြစ်ပါတယ်။ သုတဇုန်မိတ်ဆွေများအတွက် ဟိမ၀န္တာတောင်ရဲ့ အချက်အလက်တချို့ကို ဗဟုသုတအနေနဲ့ မျှဝေလိုက်ပါတယ်။

– ဟိမ၀န္တာရဲ့ အဓိပ္ပါယ်ဟာ နှင်းဗိမ္မာန်ဖြစ်ပါတယ်။ ဧဝရက်တောင်ရဲ့အမြင့်ပိုင်းမှာ ဖုံးလွှမ်းနေတဲ့ နှင်းတွေဟာ ဘယ်တော့မှခဲခြင်းမရှိပါဘူး။ အန္တာတိက နဲ့ အာတိတ်ဒေသ တို့ပြီးရင် ဟိမ၀န္တာဟာ ရေခဲစုပုံမှုအများဆုံးနေရာဖြစ်ပါတယ်။

– ဟိမ၀န္တာတောင်ရဲ့သက်တမ်းဟာ နှစ်သန်းပေါင်း ၇၀ ခန့်ရှိပြီး ကမ္ဘာပေါ်မှာ သက်တမ်းအနုဆုံးတောင်အုပ်စု ဖြစ်ပါတယ်။ စုစုပေါင်းတောင်ပေါင်း ၃၀ကျော်ပါဝင်ပြီး အဲဒီထဲက တောင် ၉လုံးဟာ ကမ္ဘာ့အမြင့်ဆုံးတောင်တွေဖြစ်ပါတယ်။ မီတာ ၈၀၀၀ အနည်းဆုံးမြင့်တဲ့ တောင်က ၁၄လုံးဖြစ်ပါတယ်။

– ဟိမ၀န္တာလို့အားလုံးသိကြပေမယ့် နေရာအလိုက်အခေါ်အဝေါ်ကွဲပြားပါတယ်။ နီပေါတွေက Sagarmatha(စကြဝဠာရဲ့နတ်ဘုရားမ) ၊ တိဘက်တွေက Chomolungma(ကမ္ဘာ့မိခင်နတ်ဘုရားမ) ၊ ဟိန္ဒူတွေက Giri-raj (တောင်တွေရဲ့ဘုရင်) စသည်ဖြင့် အသီးသီးခေါ်ဝေါ်ကြပါတယ်။

– ဧဝရက်တောင်ရဲ့အမည်ဟာ ဗိုလ်မှူးကြီး Sir George Everest ကို ဂုဏ်ပြုတဲ့အနေနဲ့ ပေးထားခြင်းဖြစ်ပါတယ်။

– ဟိမ၀န္တာတောင်မှာ နေထိုင်ရှင်သန်တဲ့ တိရစ္ဆာန်တွေကတော့ တောရိုင်းဆိတ် ၊ တိဘက်သိုး ၊ ပန်ဒါဝက်ဝံ ၊ နှင်းကျားသစ် ၊ တောင်ဆိတ် ၊ ဝက်ဝံနက် ၊ ကျား ၊ ကတိုး ကောင် စတာတွေနဲ့ ငှက်မျိုးစိတ်ပေါင်းများစွာ တို့ဖြစ်ပါတယ်။

– ဟိမ၀န္တာတောင်ဟာ ကမ္ဘာ့ဧရိယာရဲ့ ၀.၄% ကို ပိုင်ဆိုင်ပြီး အကျယ်အဝန်းအားဖြင့် ၂၃၀၀၀၀ စတုန်ရန်းမိုင်ခန့် ရှိပါတယ်။

– ရာသီဥတုအပြောင်းအလဲမြန်တတ်ပြီး မုတ်သုန်လေ ၊ နှင်းမှုန်တိုင်း ၊ ငလျှင် ၊ မြေကြောပြတ်ရွေ့မှု ၊ ရေကြီးမှု ၊ လေပြင်းများ မကြာခဏဖြစ်ပေါ်လေ့ရှိပါတယ်။

– ဟိမ၀န္တာရဲ့ ဧရိယာအများဆုံးကို နီပေါနိုင်ငံမှ ပိုင်ဆိုင်ပြီး ဧရိယာရဲ့ ၇၅% ကို ပိုင်ဆိုင်တာဖြစ်ပါတယ်။

– ဟိမ၀န္တာတောင် ဧရိယာအတွင်းမှာ လူမျိုးပေါင်း ၃ဝခန့် နေထိုင်ကြပြီး အရေအတွက်အားဖြင့် လူဦးရေ သန်း ၄၀ ခန့် ရှိပါတယ်။

– ဟိမ၀န္တာမှာ အဓိကသယ်ယူပို့ဆောင်ရေးအရာကတော့ တရုတ်နွားမွှေးရှည်တွေဖြစ်ပါတယ်။

Leave a Reply