ႏွစ္ေပါင္း ၃၉ႏွစ္ကြဲခဲ့ေပမယ့္ ျပန္ေတြ႔ခ်ိန္မွာ အားလုံးနီးပါးတူညီေနတဲ့ အမႊာညီအစ္ကိုရဲ႕ တုိက္ဆုိင္မႈ

Posted on

အမႊာေတြဟာ ပုံသ႑ာန္က စလုိ႔ အမူအက်င့္ ေတာ္ေတာ္မ်ားမ်ား တူညီၾကတာကို အားလုံးသိၿပီးျဖစ္မွာပါ။

ဒါေပမယ့္ အခုေျပာျပတဲ့ အမႊာေလာက္ထူးျခားတဲ့ အမႊာကေတာ့ ေနာက္ထပ္ရွိမယ္ မထင္ပါဘူး။ မယုံႏုိင္ေလာက္ေအာင္ တုိက္ဆုိင္မႈေတြမ်ားလြန္းတဲ့ အမႊာညီအစ္ကုိျဖစ္ပါတယ္။

ဒီအမႊာေတြရဲ႕ျဖစ္ရပ္ကုိ မင္နီဆုိးတားတကၠသုိလ္က စိတ္ပညာရွင္  Thomas Bouchard က ရွာေဖြသုေတသနျပဳလုပ္ၿပီး ခ်ျပခဲ့တာျဖစ္ပါတယ္။ သူဟာ အမႊာေပါင္း ၆၀ေက်ာ္ကို သုေတသနျပဳလုပ္ခဲ့တာျဖစ္ပါတယ္။

သူ႕ရဲ႕စာရင္းထဲမွာ အထူးအျခားဆုံးကေတာ့ အုိဟုိင္းယုိးက James Edward Lewis နဲ႔ James Arthur Springer ဆုိတဲ့ညီအစ္ကုိႏွစ္ေယာက္ရဲ႕ ျဖစ္ရပ္ပါ။

သူတုိ႔ႏွစ္ဦးဟာ ေမြးကင္းစက ကတည္းက အေမျဖစ္သူက အျခားသူမ်ားကုိေမြးဖုိ႔ေပးစားျခင္းခံခဲ့ရပါတယ္။

သူတုိ႔အသီးသီးရဲ႕ ေမြးစားမိဘအခ်င္းခ်င္းလည္း မသိခဲ့ပါဘူး။ တစ္ေနရာမွာ တစ္ေယာက္စီ ႀကီးျပင္းခဲ့ပါတယ္။

အရြယ္ေရာက္လာတဲ့အခါ James Edward Lewis ဟာ သူ႔ရဲ႕အမႊာအစ္ကုိ James Arthur Springer လုိက္လံရွာေဖြခဲ့ပါတယ္။

ႏွစ္ေပါင္းမ်ားစြာ ၾကာျမင့္ၿပီးတဲ့ေနာက္ အစ္ကုိျဖစ္သူကို ရွာေတြ႔ခဲ့ပါတယ္။

ဒီမွာတင္ ထူးဆန္းစြာ တုိက္ဆုိင္မႈေတြကုိ သိလုိက္ရတာျဖစ္ပါတယ္။ အစ္ကုိျဖစ္သူနဲ႔ သူ႔နာမည္ရဲ႕ အတုိေကာက္ဟာ James လုိ႔ တူေနတာကိုေတြ႔ပါတယ္။

သူဟာ Linda ဆုိတဲ့ အမ်ဳိးသမီးတစ္ေယာက္ကို လက္ထပ္ခဲ့ၿပီး James Allan ဆုိတဲ့ သားတစ္ေယာက္ကုိ ေမြးခဲ့ပါတယ္။

အဲဒီေနာက္ေတာ့ Linda ကို ကြာရွင္းၿပီး Betty ဆုိတဲ့ အမ်ဳိးသမီးတစ္ေယာက္ကို လက္ထပ္ခဲ့ပါတယ္။

ထူးျခားစြာပဲ အစ္ကုိျဖစ္သူူဟာလည္း Linda ဆုိတဲ့ အမ်ဳိးသမီးကိုလက္ထပ္ခဲ့ပါတယ္။ အဲဒီေနာက္ေတာ့ ကြာရွင္းၿပီး ေနာက္လက္ထပ္ခဲ့တဲ့ အမ်ဳိးသမီးနာမည္က Betty ျဖစ္ပါတယ္။

သူ႔ရဲ႕သားနာမည္ကလည္း James Allan ပဲ ျဖစ္ေနပါတယ္။ ႏွစ္ေပါင္း ၃၉ႏွစ္ၾကာ ကြဲခဲ့တဲ့ ညီအစ္ကုိႏွစ္ေယာက္ဟာ ဒီေလာက္ပဲ တုိက္ဆုိင္ေနပါသလား။

အဲဒါတင္မကေသးပါဘူး။ သူတုိ႔ႏွစ္ဦးစလုံးဟာ Toy လုိ႔ အမည္ေပးထားတဲ့ ေခြးေလးတစ္ေကာင္ကို ပုိင္ဆုိင္ၾကပါေသးတယ္။

ႏွစ္ေယာက္စလုံး လက္သမားအလုပ္ နဲ႔ ပုံဆြဲတဲ့အလုပ္မွာ ထူးခြ်န္တာတူညီၾကသလုိ စာလုံးေပါင္းေတြကိုမုန္းတာလည္းတူ ၊ အရက္ကို အနည္းငယ္ႀကဳိက္တာခ်င္း တူညီၾကပါသတဲ့။

ကမာၻေပၚက ဘယ္အမႊာက သူတုိ႔ေလာက္တူညီတုိက္ဆုိင္ႏုိင္ပါဦးမလဲ ။ ဒီအေၾကာင္းကုိ ယုံခ်င္မွယုံၾကမွာပါ ။

ဒါေပမယ့္ နာမည္ႀကီး စာေစာင္ေတြျဖစ္တဲ့ The Reader’s Digest, January 1980 edition နဲ႔ The Washington Post , Sunday, January 11, 1998 တုိ႔မွာ တရား၀င္ေရးသားခဲ့တဲ့ သတင္းျဖစ္တာကေတာ့ အမွန္ပါပဲ။

http://www.washingtonpost.com/wp-srv/national/longterm/twins/twins2.htm


နှစ်ပေါင်း ၃၉နှစ်ကွဲခဲ့ပေမယ့် ပြန်တွေ့ချိန်မှာ အားလုံးနီးပါးတူညီနေတဲ့ အမွှာညီအစ်ကိုရဲ့ တိုက်ဆိုင်မှု (unicode)

အမွှာတွေဟာ ပုံသဏ္ဍာန်က စလို့ အမူအကျင့် တော်တော်များများ တူညီကြတာကို အားလုံးသိပြီးဖြစ်မှာပါ။ ဒါပေမယ့် အခုပြောပြတဲ့ အမွှာလောက်ထူးခြားတဲ့ အမွှာကတော့ နောက်ထပ်ရှိမယ် မထင်ပါဘူး။ မယုံနိုင်လောက်အောင် တိုက်ဆိုင်မှုတွေများလွန်းတဲ့ အမွှာညီအစ်ကိုဖြစ်ပါတယ်။

ဒီအမွှာတွေရဲ့ဖြစ်ရပ်ကို မင်နီဆိုးတားတက္ကသိုလ်က စိတ်ပညာရှင်  Thomas Bouchard က ရှာဖွေသုတေသနပြုလုပ်ပြီး ချပြခဲ့တာဖြစ်ပါတယ်။ သူဟာ အမွှာပေါင်း ၆၀ကျော်ကို သုတေသနပြုလုပ်ခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့စာရင်းထဲမှာ အထူးအခြားဆုံးကတော့ အိုဟိုင်းယိုးက James Edward Lewis နဲ့ James Arthur Springer ဆိုတဲ့ညီအစ်ကိုနှစ်ယောက်ရဲ့ ဖြစ်ရပ်ပါ။ သူတို့နှစ်ဦးဟာ မွေးကင်းစက ကတည်းက အမေဖြစ်သူက အခြားသူများကိုမွေးဖို့ပေးစားခြင်းခံခဲ့ရပါတယ်။ သူတို့အသီးသီးရဲ့ မွေးစားမိဘအချင်းချင်းလည်း မသိခဲ့ပါဘူး။ တစ်နေရာမှာ တစ်ယောက်စီ ကြီးပြင်းခဲ့ပါတယ်။

အရွယ်ရောက်လာတဲ့အခါ James Edward Lewis ဟာ သူ့ရဲ့အမွှာအစ်ကို James Arthur Springer လိုက်လံရှာဖွေခဲ့ပါတယ်။ နှစ်ပေါင်းများစွာ ကြာမြင့်ပြီးတဲ့နောက် အစ်ကိုဖြစ်သူကို ရှာတွေ့ခဲ့ပါတယ်။ ဒီမှာတင် ထူးဆန်းစွာ တိုက်ဆိုင်မှုတွေကို သိလိုက်ရတာဖြစ်ပါတယ်။ အစ်ကိုဖြစ်သူနဲ့ သူ့နာမည်ရဲ့ အတိုကောက်ဟာ James လို့ တူနေတာကိုတွေ့ပါတယ်။ သူဟာ Linda ဆိုတဲ့ အမျိုးသမီးတစ်ယောက်ကို လက်ထပ်ခဲ့ပြီး James Allan ဆိုတဲ့ သားတစ်ယောက်ကို မွေးခဲ့ပါတယ်။ အဲဒီနောက်တော့ Linda ကို ကွာရှင်းပြီး Betty ဆိုတဲ့ အမျိုးသမီးတစ်ယောက်ကို လက်ထပ်ခဲ့ပါတယ်။

ထူးခြားစွာပဲ အစ်ကိုဖြစ်သူဟာလည်း Linda ဆိုတဲ့ အမျိုးသမီးကိုလက်ထပ်ခဲ့ပါတယ်။ အဲဒီနောက်တော့ ကွာရှင်းပြီး နောက်လက်ထပ်ခဲ့တဲ့ အမျိုးသမီးနာမည်က Betty ဖြစ်ပါတယ်။ သူ့ရဲ့သားနာမည်ကလည်း James Allan ပဲ ဖြစ်နေပါတယ်။ နှစ်ပေါင်း ၃၉နှစ်ကြာ ကွဲခဲ့တဲ့ ညီအစ်ကိုနှစ်ယောက်ဟာ ဒီလောက်ပဲ တိုက်ဆိုင်နေပါသလား။ အဲဒါတင်မကသေးပါဘူး။ သူတို့နှစ်ဦးစလုံးဟာ Toy လို့ အမည်ပေးထားတဲ့ ခွေးလေးတစ်ကောင်ကို ပိုင်ဆိုင်ကြပါသေးတယ်။ နှစ်ယောက်စလုံး လက်သမားအလုပ် နဲ့ ပုံဆွဲတဲ့အလုပ်မှာ ထူးချွန်တာတူညီကြသလို စာလုံးပေါင်းတွေကိုမုန်းတာလည်းတူ ၊ အရက်ကို အနည်းငယ်ကြိုက်တာချင်း တူညီကြပါသတဲ့။

ကမ္ဘာပေါ်က ဘယ်အမွှာက သူတို့လောက်တူညီတိုက်ဆိုင်နိုင်ပါဦးမလဲ ။ ဒီအကြောင်းကို ယုံချင်မှယုံကြမှာပါ ။ ဒါပေမယ့် နာမည်ကြီး စာစောင်တွေဖြစ်တဲ့ The Reader’s Digest, January 1980 edition နဲ့ The Washington Post , Sunday, January 11, 1998 တို့မှာ တရားဝင်ရေးသားခဲ့တဲ့ သတင်းဖြစ်တာကတော့ အမှန်ပါပဲ။

http://www.washingtonpost.com/wp-srv/national/longterm/twins/twins2.htm

Leave a Reply