အာဏာရွင္ႀကီးဟစ္တလာရဲ႕ လူသိနည္းတဲ့ ထူးျခားအခ်က္အလက္တခ်ဳိ႕

Posted on

ဟစ္တလာရဲ႕ မူရင္းနာမည္က Adof Schicklgruber ျဖစ္ရမွာျဖစ္ပါတယ္။ ဖခင္ျဖစ္သူက သူ႔ရဲ႕နာမည္ကို ၁၈၇၇ခုႏွစ္မွာ ေျပာင္းခဲ့တဲ့အတြက္ Adof Hitler လုိ႔ျဖစ္လာခဲ့ျခင္းပါ။

ဟစ္တလာ ေလးႏွစ္သားအရြယ္က ေရနစ္ခဲ့ဖူးပါတယ္။ တကယ္လုိ႔မ်ား ဘုန္းေတာ္ႀကီးတစ္ပါးက လာေရာက္မကယ္ဆယ္ဖူးဆုိရင္ ဟစ္တလာဟာ အဲဒီအခ်ိန္တည္းက ေသဆုံးဖြယ္ရာရွိပါတယ္။

ဟစ္တလာ ဟာ ကေလးဘ၀တုန္းက ဘုန္းႀကီးတစ္ပါးျဖစ္ခ်င္ခဲ့ပါတယ္။ လူငယ္အရြယ္မွာေတာ့ ဗိသုကာပညာရွင္ ၊ ပန္းခ်ီဆရာတစ္ေယာက္ျဖစ္ခ်င္ခဲ့ၿပီး ႀကဳိးစားခဲ့ေပမယ့္ ကံၾကမာၻဟာ သူ႔ကုိမ်က္ႏွာစာမေပးခဲ့ပါဘူး။ ဟစ္တာဟာ ရာေပါင္းမ်ားစြာေသာပန္းခ်ီကားခ်ပ္ေတြကုိ ေရးဆြဲခဲ့တဲ့ အႏုပညာရွင္တစ္ေယာက္ျဖစ္ခဲ့ဖူးပါတယ္။ သူ႔ရဲ႕ပန္းခ်ီကားေတြမွာ ေအ ဟစ္တလာ လုိ႔ လက္မွတ္ေရးထုိးေလ့ရွိပါတယ္။

၁၉၁၂ခုႏွစ္မွာ ဟစ္တလာဟာ ျမဴးနစ္ၿမဳိ႕မွာေနထုိင္ခဲ့ၿပီး လက္သမားဆရာ ၊ ပုံတူေရးဆရာ ၊ ေရေဆးပန္းခ်ီဆရာ စတဲ့အလုပ္ေတြလုပ္ခဲ့ၿပီး ၀မ္းစာရွာခဲ့ရပါတယ္။

ပထမကမာၻစစ္တုန္းက ၿဗိတိသွ်စစ္သားတစ္ေယာက္ျဖစ္တဲ့ ဟင္နရီတန္ဒီဆုိသူဟာ ဒါဏ္ရာရေနတဲ့ ဂ်ာမန္စစ္သားတစ္ေယာက္ကုိ မသတ္ပဲ လႊတ္ေပးခဲ့ဖူးပါတယ္။ စစ္ပြဲအတြင္း ဒါဏ္ရာရထားတဲ့သူကို မသတ္သင့္လုိ႔ ခံယူထား ခဲ့လုိ႔ျဖစ္ပါတယ္။ သူလႊတ္ေပးခဲ့တဲ့ ဂ်ာမန္စစ္သားေလးဟာ ေနာက္ပုိင္းမွာ Hitler ျဖစ္လာခဲ့ပါတယ္။

ဟစ္တလာဟာ ပထမကမာၻစစ္အတြင္းမွာ ဂ်ာမန္သူရဲေကာင္းတံဆိပ္ Iron  Cross ကို ရရွိဖူးသူျဖစ္ပါတယ္။ သူ႔ကုိ ဒီဆုေပးသင့္ေၾကာင္း ေထာက္ခံခဲ့တဲ့ စစ္ဗုိလ္ Hug Gutmann က ဂ်ဴး တစ္ေယာက္ျဖစ္ပါတယ္။

ဟစ္တလာဟာ နာတာရွည္ေလေအာင့္ေရာဂါရွိသူတစ္ဦးျဖစ္ၿပီး သြားေလ ရာကုိ ေဆး၀ါး ၂၈မ်ဳိးခန္႔သယ္ေဆာင္ သြားရတယ္လုိ႔ သိရပါတယ္။

ဂ်ဴး-ၾသစႀတီးယန္း Eduard Bloch အမည္ရတဲ့ ဆရာ၀န္တစ္ေယာက္ဟာ ဟစ္တလာမိသားစုဆင္းရဲတာကို သိတဲ့အတြက္ အခေၾကးေငြမယူပဲ ကုသေပးခဲ့ပါတယ္။ ဒါေၾကာင့္ ဟစ္တလာဟာ အဲဒီဆရာ၀န္ကုိ ကာကြယ္ေပးခဲ့ၿပီး ျမင့္ျမတ္တဲ့ဂ်ဴး(Noble Jew) လုိ႔ေခၚခဲ့ပါတယ္။

ဟစ္တလာဟာ သူ႔ရဲ႕ Holocaust ေတြၿပီးဆုံးတဲ့အခါ ဂ်ဴးေတြရဲ႕ ေထာင္ေပါင္းမ်ားစြာေသာလက္မႈပစၥည္းေတြကို စုေဆာင္းျပသဖုိ႔အတြက္ ျပတုိက္တစ္ခုဖြင့္ဖုိ႔ အစီအစဥ္ရွိခဲ့ပါတယ္။ အဲဒီျပတုိက္ကို သူေပးမယ့္နာမည္က မ်ဳိးတုံးေပ်ာက္ကြယ္သြားတဲ့ လူမ်ဳိးတစုရဲ႕ ျပတုိက္ (Museum of An Extinct Race) ျဖစ္ပါတယ္။

ဟစ္တလာဟာ ကမာၻေပၚက အႀကိမ္အမ်ားဆုံးလုပ္ႀကံခံရသူထဲကတစ္ဦးျဖစ္ပါတယ္။ ေသနတ္နဲ႔အပစ္ခံရတာ ၊ ကားဗုံးေဖာက္ခြဲဖုိ႔ႀကဳိးစားခံရတာ စသျဖင့္ လုပ္ႀကံမႈေပါင္း အႀကိမ္ ၅၀ ေက်ာ္ခန္႔ႀကဳံေတြ႔ခဲ့ၿ႔ပီး ထူးထူးျခားျခားလြတ္ေျမာက္ခဲ့သူပါ။

ဟစ္တလာဟာ ၁၉၃၉ ၿငိမ္းခ်မ္းေရးႏုိဘယ္ဆုအတြက္ အမည္တင္သြင္းျခင္းခံရသလုိ ၁၉၃၈ခုႏွစ္ တုိင္းမ္မဂၢဇင္းရဲ႕ Man of the Year အျဖစ္ေဖၚျပျခင္းခံရပါတယ္။

ဟစ္တလာဟာ ေၾကာင္ေတြကိုေၾကာက္တဲ့ ailurophobia ဆုိတဲ့အက်င့္ရွိသူပါ။ သူ႔လုိပဲေၾကာင္ေတြကိုေၾကာက္တဲ့အျခား ကမာၻေက်ာ္ေတြကေတာ့ အလက္ဇန္းဒါးသယ္ဂရိတ္ ၊ နပုိလီယံ နဲ႔ မူဆုိလီနီ တုိ႔ျဖစ္ၾကပါတယ္။

ၿငိမ္းခ်မ္းေရးေခါင္းေဆာင္ႀကီး ဂႏၵီဟာ ဟစ္တလာထံ စစ္ပြဲေတြကုိေရွာင္လႊဲဖုိ႔ေျဖာင္းျဖထားတဲ့ စာတစ္ေစာင္ေရးခဲ့ဖူးပါတယ္။ ဒါေပမယ့္ ၿဗိတိသွ်အစိုးရဟာ ဟစ္တလာထံ ပုိ႔မေပးခဲ့တဲ့အတြက္ဟစ္တလာဟာ ဒီစာကို ဖတ္မသြားခဲ့ရပါဘူး။

ဟစ္တလာေရာ ၊ အုိစမာဘင္လာဒင္ေရာ ေသဆုံးခဲ့ၿပီးလုိ႔ အတည္ျပဳေၾကျငာျခင္းခံခဲ့တဲ့ေန႔ရက္ဟာ ကမာၻ႔အလုပ္သမားေန႔ ေမလ ၁ ရက္ေန႔မွာျဖစ္ပါတယ္။

D-Day ေန႔ မဟာမိတ္တပ္ေတြေရာက္လာတဲ့အခ်ိန္္မွာ ဟစ္တာဟာ အိပ္ေပ်ာ္ေနခဲ့ပါတယ္။ က်န္တဲ့စစ္ဗုိလ္ခ်ဳပ္ေတြဟာ ဟစ္တလာရဲ႕ အမိန္႔မပါပဲ တပ္အကူမ်ားမလႊတ္ရဲသလုိ ၊ အိပ္ေပ်ာ္ေနတဲ့ ဟစ္တလာကိုလည္း မႏုိးရဲခဲ့ၾကပါဘူး။

နာဇီအဖြဲ႔မွာ ဟစ္တလာရဲ႕ အဖြဲ႔၀င္နံပါတ္က ၅၅၅ ျဖစ္ပါတယ္။ ဒါေပမယ့္ နံပါတ္အစဟာ ၁ က စျခင္းမဟုတ္ပဲ ၅၀၀ က စပါတယ္။ သူတုိ႔အဖြဲ႔၀င္ေတြမ်ားတယ္လုိ႔ ထင္ရေအာင္ ဒီလုိလုပ္ခဲ့ျခင္းျဖစ္ပါတယ္။

ဟစ္တလာ ဟာ အမ်ဳိးသမီးေတြကို ဆြဲေဆာင္ႏုိင္တဲ့ ပ်ဳိတုိင္းႀကဳိက္တဲ့ႏွင္းဆီခုိင္ျဖစ္ေပမယ့္ မေသခင္အခ်ိန္အထိ ဘယ္မိန္းမကိုမွ လက္မထပ္ခဲ့ပါဘူး။ ဟစ္တလာဟာ နဲ႔ ဇနီးျဖစ္သူ Eva Braun တုိ႔ဟာ သူတုိ႔မေသခင္ နာရီ ၄၀အတြင္းမွာမွ လက္ထပ္ခဲ့ၾကတာျဖစ္ပါတယ္။

၂၀၀၉ ခုႏွစ္မွာ FBI နဲ႔ ရုရွားေထာက္လွမ္းေရးအဖြဲ႔ေတြဆီကေန ဟစ္တလာ ဟာ မေသပဲ ေရငုပ္သေဘၤာနဲ႔အတူ လြတ္ေျမာက္သြားၿပီး ေတာင္အေမရိကတုိက္မွာ အသက္ ၇၃ႏွစ္အထိေနသြားခဲ့တယ္လုိ႔ သတင္းေတြထြက္ခဲ့ဖူးပါတယ္။ ဒါေပမယ့္ လူအမ်ားစုကေတာ့ ၁၉၄၅ခုႏွစ္မွာ ေသဆုံးသြားခဲ့ၿပီလုိ႔ပဲ  လက္ခံခဲ့ၾကပါတယ္။


 အာဏာရှင်ကြီးဟစ်တလာရဲ့ လူသိနည်းတဲ့ ထူးခြားအချက်အလက်တချို့ (unicode)

ဟစ်တလာရဲ့ မူရင်းနာမည်က Adof Schicklgruber ဖြစ်ရမှာဖြစ်ပါတယ်။ ဖခင်ဖြစ်သူက သူ့ရဲ့နာမည်ကို ၁၈၇၇ခုနှစ်မှာ ပြောင်းခဲ့တဲ့အတွက် Adof Hitler လို့ဖြစ်လာခဲ့ခြင်းပါ။

ဟစ်တလာ လေးနှစ်သားအရွယ်က ရေနစ်ခဲ့ဖူးပါတယ်။ တကယ်လို့များ ဘုန်းတော်ကြီးတစ်ပါးက လာရောက်မကယ်ဆယ်ဖူးဆိုရင် ဟစ်တလာဟာ အဲဒီအချိန်တည်းက သေဆုံးဖွယ်ရာရှိပါတယ်။

ဟစ်တလာ ဟာ ကလေးဘဝတုန်းက ဘုန်းကြီးတစ်ပါးဖြစ်ချင်ခဲ့ပါတယ်။ လူငယ်အရွယ်မှာတော့ ဗိသုကာပညာရှင် ၊ ပန်းချီဆရာတစ်ယောက်ဖြစ်ချင်ခဲ့ပြီး ကြိုးစားခဲ့ပေမယ့် ကံကြမ္ဘာဟာ သူ့ကိုမျက်နှာစာမပေးခဲ့ပါဘူး။ ဟစ်တာဟာ ရာပေါင်းများစွာသောပန်းချီကားချပ်တွေကို ရေးဆွဲခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ခဲ့ဖူးပါတယ်။ သူ့ရဲ့ပန်းချီကားတွေမှာ အေ ဟစ်တလာ လို့ လက်မှတ်ရေးထိုးလေ့ရှိပါတယ်။

၁၉၁၂ခုနှစ်မှာ ဟစ်တလာဟာ မြူးနစ်မြို့မှာနေထိုင်ခဲ့ပြီး လက်သမားဆရာ ၊ ပုံတူရေးဆရာ ၊ ရေဆေးပန်းချီဆရာ စတဲ့အလုပ်တွေလုပ်ခဲ့ပြီး ဝမ်းစာရှာခဲ့ရပါတယ်။

ပထမကမ္ဘာစစ်တုန်းက ဗြိတိသျှစစ်သားတစ်ယောက်ဖြစ်တဲ့ ဟင်နရီတန်ဒီဆိုသူဟာ ဒါဏ်ရာရနေတဲ့ ဂျာမန်စစ်သားတစ်ယောက်ကို မသတ်ပဲ လွှတ်ပေးခဲ့ဖူးပါတယ်။ စစ်ပွဲအတွင်း ဒါဏ်ရာရထားတဲ့သူကို မသတ်သင့်လို့ ခံယူထား ခဲ့လို့ဖြစ်ပါတယ်။ သူလွှတ်ပေးခဲ့တဲ့ ဂျာမန်စစ်သားလေးဟာ နောက်ပိုင်းမှာ Hitler ဖြစ်လာခဲ့ပါတယ်။

ဟစ်တလာဟာ ပထမကမ္ဘာစစ်အတွင်းမှာ ဂျာမန်သူရဲကောင်းတံဆိပ် Iron  Cross ကို ရရှိဖူးသူဖြစ်ပါတယ်။ သူ့ကို ဒီဆုပေးသင့်ကြောင်း ထောက်ခံခဲ့တဲ့ စစ်ဗိုလ် Hug Gutmann က ဂျူး တစ်ယောက်ဖြစ်ပါတယ်။

ဟစ်တလာဟာ နာတာရှည်လေအောင့်ရောဂါရှိသူတစ်ဦးဖြစ်ပြီး သွားလေ ရာကို ဆေးဝါး ၂၈မျိုးခန့်သယ်ဆောင် သွားရတယ်လို့ သိရပါတယ်။

ဂျူး-ဩစတြီးယန်း Eduard Bloch အမည်ရတဲ့ ဆရာဝန်တစ်ယောက်ဟာ ဟစ်တလာမိသားစုဆင်းရဲတာကို သိတဲ့အတွက် အခကြေးငွေမယူပဲ ကုသပေးခဲ့ပါတယ်။ ဒါကြောင့် ဟစ်တလာဟာ အဲဒီဆရာဝန်ကို ကာကွယ်ပေးခဲ့ပြီး မြင့်မြတ်တဲ့ဂျူး(Noble Jew) လို့ခေါ်ခဲ့ပါတယ်။

ဟစ်တလာဟာ သူ့ရဲ့ Holocaust တွေပြီးဆုံးတဲ့အခါ ဂျူးတွေရဲ့ ထောင်ပေါင်းများစွာသောလက်မှုပစ္စည်းတွေကို စုဆောင်းပြသဖို့အတွက် ပြတိုက်တစ်ခုဖွင့်ဖို့ အစီအစဉ်ရှိခဲ့ပါတယ်။ အဲဒီပြတိုက်ကို သူပေးမယ့်နာမည်က မျိုးတုံးပျောက်ကွယ်သွားတဲ့ လူမျိုးတစုရဲ့ ပြတိုက် (Museum of An Extinct Race) ဖြစ်ပါတယ်။

ဟစ်တလာဟာ ကမ္ဘာပေါ်က အကြိမ်အများဆုံးလုပ်ကြံခံရသူထဲကတစ်ဦးဖြစ်ပါတယ်။ သေနတ်နဲ့အပစ်ခံရတာ ၊ ကားဗုံးဖောက်ခွဲဖို့ကြိုးစားခံရတာ စသဖြင့် လုပ်ကြံမှုပေါင်း အကြိမ် ၅၀ ကျော်ခန့်ကြုံတွေ့ခဲ့ၿ႔ပီး ထူးထူးခြားခြားလွတ်မြောက်ခဲ့သူပါ။

ဟစ်တလာဟာ ၁၉၃၉ ငြိမ်းချမ်းရေးနိုဘယ်ဆုအတွက် အမည်တင်သွင်းခြင်းခံရသလို ၁၉၃၈ခုနှစ် တိုင်းမ်မဂ္ဂဇင်းရဲ့ Man of the Year အဖြစ်ဖေါ်ပြခြင်းခံရပါတယ်။

ဟစ်တလာဟာ ကြောင်တွေကိုကြောက်တဲ့ ailurophobia ဆိုတဲ့အကျင့်ရှိသူပါ။ သူ့လိုပဲကြောင်တွေကိုကြောက်တဲ့အခြား ကမ္ဘာကျော်တွေကတော့ အလက်ဇန်းဒါးသယ်ဂရိတ် ၊ နပိုလီယံ နဲ့ မူဆိုလီနီ တို့ဖြစ်ကြပါတယ်။

ငြိမ်းချမ်းရေးခေါင်းဆောင်ကြီး ဂန္ဒီဟာ ဟစ်တလာထံ စစ်ပွဲတွေကိုရှောင်လွှဲဖို့ဖြောင်းဖြထားတဲ့ စာတစ်စောင်ရေးခဲ့ဖူးပါတယ်။ ဒါပေမယ့် ဗြိတိသျှအစိုးရဟာ ဟစ်တလာထံ ပို့မပေးခဲ့တဲ့အတွက်ဟစ်တလာဟာ ဒီစာကို ဖတ်မသွားခဲ့ရပါဘူး။

ဟစ်တလာရော ၊ အိုစမာဘင်လာဒင်ရော သေဆုံးခဲ့ပြီးလို့ အတည်ပြုကြေငြာခြင်းခံခဲ့တဲ့နေ့ရက်ဟာ ကမ္ဘာ့အလုပ်သမားနေ့ မေလ ၁ ရက်နေ့မှာဖြစ်ပါတယ်။

D-Day နေ့ မဟာမိတ်တပ်တွေရောက်လာတဲ့အချိန်မှာ ဟစ်တာဟာ အိပ်ပျော်နေခဲ့ပါတယ်။ ကျန်တဲ့စစ်ဗိုလ်ချုပ်တွေဟာ ဟစ်တလာရဲ့ အမိန့်မပါပဲ တပ်အကူများမလွှတ်ရဲသလို ၊ အိပ်ပျော်နေတဲ့ ဟစ်တလာကိုလည်း မနိုးရဲခဲ့ကြပါဘူး။

နာဇီအဖွဲ့မှာ ဟစ်တလာရဲ့ အဖွဲ့ဝင်နံပါတ်က ၅၅၅ ဖြစ်ပါတယ်။ ဒါပေမယ့် နံပါတ်အစဟာ ၁ က စခြင်းမဟုတ်ပဲ ၅၀၀ က စပါတယ်။ သူတို့အဖွဲ့ဝင်တွေများတယ်လို့ ထင်ရအောင် ဒီလိုလုပ်ခဲ့ခြင်းဖြစ်ပါတယ်။

ဟစ်တလာ ဟာ အမျိုးသမီးတွေကို ဆွဲဆောင်နိုင်တဲ့ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ဖြစ်ပေမယ့် မသေခင်အချိန်အထိ ဘယ်မိန်းမကိုမှ လက်မထပ်ခဲ့ပါဘူး။ ဟစ်တလာဟာ နဲ့ ဇနီးဖြစ်သူ Eva Braun တို့ဟာ သူတို့မသေခင် နာရီ ၄ဝအတွင်းမှာမှ လက်ထပ်ခဲ့ကြတာဖြစ်ပါတယ်။

၂၀၀၉ ခုနှစ်မှာ FBI နဲ့ ရုရှားထောက်လှမ်းရေးအဖွဲ့တွေဆီကနေ ဟစ်တလာ ဟာ မသေပဲ ရေငုပ်သင်္ဘောနဲ့အတူ လွတ်မြောက်သွားပြီး တောင်အမေရိကတိုက်မှာ အသက် ၇၃နှစ်အထိနေသွားခဲ့တယ်လို့ သတင်းတွေထွက်ခဲ့ဖူးပါတယ်။ ဒါပေမယ့် လူအများစုကတော့ ၁၉၄၅ခုနှစ်မှာ သေဆုံးသွားခဲ့ပြီလို့ပဲ  လက်ခံခဲ့ကြပါတယ်။

Leave a Reply