တရုတ္ျပည္ရဲ႕ တစ္ဦးတည္းေသာ ပင့္ကူလူသားမ

Posted on

သူမနာမည္က Luo Dengping ျဖစ္ၿပီး ပင့္ကူလူသားမ လုိ႔နာမည္ႀကီးပါတယ္။ အေၾကာင္းကေတာ့ မီတာ ၁၀၀ အထက္ျမင့္မားမတ္ေစာက္တဲ့ ေက်ာက္ေတာင္ႀကီးေတြေပၚကို ႀကဳိးမပါ ၊ ကိရိယာတန္ဆာပလာေတြမပါပဲ ေျခဗလာ လက္ဗလာနဲ႔ တက္ျပႏုိင္လုိ႔ျဖစ္ပါတယ္။ သူမ ဒီလုိလုပ္တာဟာ တရုတ္ႏုိင္ငံ Guizhou ျပည္နယ္ကုိလာတဲ့ ကမာၻလွည့္ခရီးသြားမ်ား ကိုေဖ်ာ္ေျဖမႈေပးေနတာပဲျဖစ္ပါတယ္။

သူမရဲ႕ မ်ဳိးႏြယ္ကေတာ့ တရုတ္ျပည္ အေနာက္ေတာင္ပုိင္းက Miao လူမ်ဳိးေတြပဲျဖစ္ပါတယ္။ ဒီမ်ဳိးႏြယ္စုေတြဟာ သူတုိ႔ေဆြမ်ဳိးသားခ်င္းေတြေသတဲ့အခါ အေခါင္းေတြကို ယူၿပီး ေတာင္နံရံေတြမွာ ထားတဲ့ဓေလ့ရွိပါတယ္။ အမ်ားစုရဲ႕လုပ္ငန္းကလည္း ေတာင္ေတြကိုတက္ကာ သဘာ၀ ေဆးရြက္ေဆးျမစ္ေတြကို ရွာေဖြတဲ့လုပ္ငန္းျဖစ္ပါတယ္။ ဒါေၾကာင့္ ေတာင္တက္ျခင္းဟာ သူုတုိ႔မ်ဳိးႏြယ္စုအတြက္ အစဥ္အလာတစ္ခုလုိျဖစ္ခဲ့ၿပီး ေနထုိင္တဲ့သူေတြဟာ ေတာင္တက္ကြ်မ္းၾကတာပဲျဖစ္ပါတယ္။

အိမ္တုိင္းဟာ သူတုိ႔ရဲ႕မ်ဳိးဆက္ေတြကုိ ေတာင္တက္ျခင္းအေမြကို ဆက္ခံခုိင္းတတ္ပါတယ္။ Luo Dengping ရဲ႕ မိဘေတြဟာ သူမတစ္ေယာက္ကုိပဲ ေမြးခဲ့တာေၾကာင့္ သူမဟာ ေယာက်ၤားေလးမဟုတ္ေပမယ့္ ေတာင္တက္ျခင္းကုိ သင္ယူခဲ့ရပါေတာ့တယ္။

သူမ ၁၅ႏွစ္အရြယ္ မွာ စသင္ခဲ့ၿပီး အဲဒီတုန္းက အလြန္ေၾကာက္ၿပီး ေျခမခုိင္ လက္မခုိင္ျဖစ္ခဲ့ေပမယ့္ ေၾကာက္ေၾကာက္နဲ႔ မေလွ်ာ့တမ္း ဆက္လုပ္တဲ့အခါမွာေတာ့ တျဖည္းျဖည္းကြ်မ္းက်င္လာခဲ့ပါတယ္။ ႏွစ္အနည္းငယ္အတြင္းမွာ ေက်ာက္ေတာင္ေတြေပၚကုိ ေျခဗလာလက္ဗလာ နဲ႔ တက္ႏုိင္ခဲ့သလုိ သူမရဲ႕လက္ေျခေတြဟာလည္း ေက်ာက္သားေတြအလား မာေၾကာခဲ့ရတယ္ လုိ႔ဆုိပါတယ္။

ဒါေပမယ့္ ေနာက္ပိုင္းမွာ အေနာက္တုိင္းက ေဆး၀ါးေတြ၀င္လာတာၿပီး သဘာ၀ေဆးျမစ္ ေဆးရြက္ေတြကို သိပ္မသုံးၾကေတာ့တာေၾကာင့္ သူတုိ႔မ်ဳိးႏြယ္စုရဲ႕ လုပ္ငန္းဟာလည္း တျဖည္းျဖည္း အဆင္မေျပေတာ့ပါဘူး။ သူမကုိယ္တုိင္ ေတာင္ေပၚတက္ကာ ေဆးျမစ္ရွာေဖြေရးအလုပ္ကုိစြန္႔ကာ ၿမဳိ႕ကုိတက္ၿပီး ေဆာက္လုပ္ေရးသမအျဖစ္ လုပ္ခဲ့ရပါတယ္။ ၂၀၀၀ ခုႏွစ္မွာေတာ့ ရြာကိုျပန္လာခဲ့ၿပီး အိမ္ေထာင္က်ပါတယ္။

သူမရဲ႕ေယာက်ၤားက ထရပ္ကားဒရုိင္ဘာတစ္ေယာက္ျဖစ္ပါတယ္။ ကေလးေတြရလာတဲ့အခါမွာေတာ့ ေယာက်ၤားျဖစ္သူရဲ႕၀င္ေငြတဲ့ မေလာက္တဲ့အတြက္ သူမဟာ ေတာင္ေပၚျပန္တက္ကာ ေဆး၀ါးရွာတဲ့အလုပ္ကုိ ျပန္လုပ္ခဲ့ပါတယ္။ အဲဒီအခ်ိန္မွာပဲ ျပည္နယ္အစုိးရဟာ သူတုိ႔နယ္တစ္၀ုိက္ကိုလာတဲ့ ကမာၻလွည့္ခရီးသြားေတြကုိ ေဖ်ာ္ေျဖဖုိ႔အတြက္ သူမတုိ႔ကို ငွားရမ္းခဲ့ပါတယ္။

သူမတုိ႔အဖြဲ႔မွာ လူငါးေယာက္ရွိၿပီး သူမတစ္ဦးတည္းသာ အမ်ဳိးသမီးျဖစ္ပါတယ္။ သူမတုိ႔အဖြဲ႔ဟာ ေျခဗလာ လက္ဗလာနဲ႔ ေတာင္ေတြကို တက္ျပရင္း ခရီးသြားေတြကို ေဖ်ာ္ေျဖရပါတယ္။ အဲဒီအတြက္ သူမရတဲ့လစာဟာ ယြန္ ၃၀၀၀(ေဒၚလာ ၄၅၈) ျဖစ္ပါတယ္။ အသက္ ၃၇ႏွစ္ ရွိၿပီျဖစ္တဲ့ သူမက-
“တကယ္ေတာ့ ဒီေငြဟာ က်မတုိ႔လုပ္ရတဲ့အလုပ္ထက္စာရင္ အလြန္နည္းပါတယ္။ အသက္နဲ႔ ရင္းထားရတဲ့အလုပ္ျဖစ္ပါတယ္။ ဒါေပမယ့္ ေလာေလာဆယ္မွာ ဒီအလုပ္က က်မတုိ႔မိသားစုကို ေထာက္ပံ့ေပးထားႏုိင္တဲ့အတြက္ မတတ္သာလုိ႔လုပ္ေနရတာပါ” လုိ႔ ဆုိပါတယ္။

ထူးထူးျခားျခား ေတာင္တက္တဲ့ အမ်ဳိးသမီးျဖစ္ေနတာကို ေမးၾကည့္တဲ့အခါမွာေတာ့ သူမက
“က်မ က ေယာကၤ်ားမိန္းမေတြ သိပ္မခြဲတတ္ပါဘူး။ ေယာကၤ်ားနဲ႔ မိန္းမ အရည္အခ်င္းက သိပ္မကြာဘူးလုိ႔ က်မျမင္ပါတယ္။ သူတုိ႔တက္ႏုိင္တယ္၊ က်မလည္းတက္ႏုိင္တယ္။ သူတုိ႔ကြ်မ္းက်င္သလုိ က်မကြ်မ္းက်င္တာဟာ ဘာမွမထူးဆန္းတဲ့အရာပါ ၊ ျဖစ္ႏုိင္တယ္လုိ႔ ယုံၾကည္ၿပီးလုပ္ရင္ျဖစ္ကိုျဖစ္ႏုိင္ပါတယ္” ဆုိပါတယ္။

VIDEO-


တရုတ်ပြည်က တစ်ဦးတည်းသော ပင့်ကူလူသားမ(unicode)

သူမနာမည်က Luo Dengping ဖြစ်ပြီး ပင့်ကူလူသားမ လို့နာမည်ကြီးပါတယ်။ အကြောင်းကတော့ မီတာ ၁၀၀ အထက်မြင့်မားမတ်စောက်တဲ့ ကျောက်တောင်ကြီးတွေပေါ်ကို ကြိုးမပါ ၊ ကိရိယာတန်ဆာပလာတွေမပါပဲ ခြေဗလာ လက်ဗလာနဲ့ တက်ပြနိုင်လို့ဖြစ်ပါတယ်။ သူမ ဒီလိုလုပ်တာဟာ တရုတ်နိုင်ငံ Guizhou ပြည်နယ်ကိုလာတဲ့ ကမ္ဘာလှည့်ခရီးသွားများ ကိုဖျော်ဖြေမှုပေးနေတာပဲဖြစ်ပါတယ်။

သူမရဲ့ မျိုးနွယ်ကတော့ တရုတ်ပြည် အနောက်တောင်ပိုင်းက Miao လူမျိုးတွေပဲဖြစ်ပါတယ်။ ဒီမျိုးနွယ်စုတွေဟာ သူတို့ဆွေမျိုးသားချင်းတွေသေတဲ့အခါ အခေါင်းတွေကို ယူပြီး တောင်နံရံတွေမှာ ထားတဲ့ဓလေ့ရှိပါတယ်။ အများစုရဲ့လုပ်ငန်းကလည်း တောင်တွေကိုတက်ကာ သဘာ၀ ဆေးရွက်ဆေးမြစ်တွေကို ရှာဖွေတဲ့လုပ်ငန်းဖြစ်ပါတယ်။ ဒါကြောင့် တောင်တက်ခြင်းဟာ သုတို့မျိုးနွယ်စုအတွက် အစဉ်အလာတစ်ခုလိုဖြစ်ခဲ့ပြီး နေထိုင်တဲ့သူတွေဟာ တောင်တက်ကျွမ်းကြတာပဲဖြစ်ပါတယ်။

အိမ်တိုင်းဟာ သူတို့ရဲ့မျိုးဆက်တွေကို တောင်တက်ခြင်းအမွေကို ဆက်ခံခိုင်းတတ်ပါတယ်။ Luo Dengping ရဲ့ မိဘတွေဟာ သူမတစ်ယောက်ကိုပဲ မွေးခဲ့တာကြောင့် သူမဟာ ယောင်္ကျားလေးမဟုတ်ပေမယ့် တောင်တက်ခြင်းကို သင်ယူခဲ့ရပါတော့တယ်။ သူမ ၁၅နှစ်အရွယ် မှာ စသင်ခဲ့ပြီး အဲဒီတုန်းက အလွန်ကြောက်ပြီး ခြေမခိုင် လက်မခိုင်ဖြစ်ခဲ့ပေမယ့် ကြောက်ကြောက်နဲ့ မလျှော့တမ်း ဆက်လုပ်တဲ့အခါမှာတော့ တဖြည်းဖြည်းကျွမ်းကျင်လာခဲ့ပါတယ်။ နှစ်အနည်းငယ်အတွင်းမှာ ကျောက်တောင်တွေပေါ်ကို ခြေဗလာလက်ဗလာ နဲ့ တက်နိုင်ခဲ့သလို သူမရဲ့လက်ခြေတွေဟာလည်း ကျောက်သားတွေအလား မာကြောခဲ့ရတယ် လို့ဆိုပါတယ်။

ဒါပေမယ့် နောက်ပိုင်းမှာ အနောက်တိုင်းက ဆေးဝါးတွေဝင်လာတာပြီး သဘာ၀ဆေးမြစ် ဆေးရွက်တွေကို သိပ်မသုံးကြတော့တာကြောင့် သူတို့မျိုးနွယ်စုရဲ့ လုပ်ငန်းဟာလည်း တဖြည်းဖြည်း အဆင်မပြေတော့ပါဘူး။ သူမကိုယ်တိုင် တောင်ပေါ်တက်ကာ ဆေးမြစ်ရှာဖွေရေးအလုပ်ကိုစွန့်ကာ မြို့ကိုတက်ပြီး ဆောက်လုပ်ရေးသမအဖြစ် လုပ်ခဲ့ရပါတယ်။ ၂၀၀၀ ခုနှစ်မှာတော့ ရွာကိုပြန်လာခဲ့ပြီး အိမ်ထောင်ကျပါတယ်။ သူမရဲ့ယောင်္ကျားက ထရပ်ကားဒရိုင်ဘာတစ်ယောက်ဖြစ်ပါတယ်။ ကလေးတွေရလာတဲ့အခါမှာတော့ ယောင်္ကျားဖြစ်သူရဲ့ဝင်ငွေတဲ့ မလောက်တဲ့အတွက် သူမဟာ တောင်ပေါ်ပြန်တက်ကာ ဆေးဝါးရှာတဲ့အလုပ်ကို ပြန်လုပ်ခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ ပြည်နယ်အစိုးရဟာ သူတို့နယ်တစ်ဝိုက်ကိုလာတဲ့ ကမ္ဘာလှည့်ခရီးသွားတွေကို ဖျော်ဖြေဖို့အတွက် သူမတို့ကို ငှားရမ်းခဲ့ပါတယ်။

သူမတို့အဖွဲ့မှာ လူငါးယောက်ရှိပြီး သူမတစ်ဦးတည်းသာ အမျိုးသမီးဖြစ်ပါတယ်။ သူမတို့အဖွဲ့ဟာ ခြေဗလာ လက်ဗလာနဲ့ တောင်တွေကို တက်ပြရင်း ခရီးသွားတွေကို ဖျော်ဖြေရပါတယ်။ အဲဒီအတွက် သူမရတဲ့လစာဟာ ယွန် ၃၀၀၀(ဒေါ်လာ ၄၅၈) ဖြစ်ပါတယ်။ အသက် ၃၇နှစ် ရှိပြီဖြစ်တဲ့ သူမက-
“တကယ်တော့ ဒီငွေဟာ ကျမတို့လုပ်ရတဲ့အလုပ်ထက်စာရင် အလွန်နည်းပါတယ်။ အသက်နဲ့ ရင်းထားရတဲ့အလုပ်ဖြစ်ပါတယ်။ ဒါပေမယ့် လောလောဆယ်မှာ ဒီအလုပ်က ကျမတို့မိသားစုကို ထောက်ပံ့ပေးထားနိုင်တဲ့အတွက် မတတ်သာလို့လုပ်နေရတာပါ” လို့ ဆိုပါတယ်။ ထူးထူးခြားခြား တောင်တက်တဲ့ အမျိုးသမီးဖြစ်နေတာကို မေးကြည့်တဲ့အခါမှာတော့ သူမက
“ကျမ က ယောင်္ကျားမိန်းမတွေ သိပ်မခွဲတတ်ပါဘူး။ ယောင်္ကျားနဲ့ မိန်းမ အရည်အချင်းက သိပ်မကွာဘူးလို့ ကျမမြင်ပါတယ်။ သူတို့တက်နိုင်တယ်၊ ကျမလည်းတက်နိုင်တယ်။ သူတို့ကျွမ်းကျင်သလို ကျမကျွမ်းကျင်တာဟာ ဘာမှမထူးဆန်းတဲ့အရာပါ ၊ ဖြစ်နိုင်တယ်လို့ ယုံကြည်ပြီးလုပ်ရင်ဖြစ်ကိုဖြစ်နိုင်ပါတယ်” ဆိုပါတယ်။

Leave a Reply