ကမၻာေပၚတြင္ လုပ္ၾကံသတ္ျဖတ္ဖို႔ အခက္ခဲဆံုး လူသားမ်ား

Posted on

(၁) ဟစ္တလာ

နာဇီေခါင္းေဆာင္ ဟစ္တလာသည္ ခန္႔မွန္းေခ် ဂ်ဴးလူမ်ဳိး ေျခာက္သန္းခန္႔ကို သတ္ျဖတ္မႈအတြက္ တာ၀န္ရွိသူ ျဖစ္ေပသည္။ ႏွစ္သန္းခန္႔သည္ လူမ်ဳိးေရးေၾကာင့္ျဖစ္ၿပီး ေလးသန္းခန္႔မွာ “ဘ၀ႏွင့္ထိုက္တန္မႈမရွိ” (Unworthy of life) ၊ သို႔မဟုတ္ ရွင္သန္ေနထိုင္ရန္ မထိုက္ဟု ဆံုးျဖတ္၍ သတ္ျဖတ္သုတ္သင္ခဲ့ျခင္း ျဖစ္သည္။ ထိုထဲတြင္ မသန္စြမ္းသူမ်ား၊ စိတ္ေရာဂါခံစားေနရသူမ်ား၊ ဆိုဗီယက္စစ္သံု႔ပန္းမ်ား၊ လိင္တူဆက္ဆံသူမ်ား၊ ဖရီးေမဆင္မ်ား* ႏွင့္ ဂ်ဳိဗက္သက္ေသ* မ်ားပါ၀င္သည္။

၎လုပ္ရပ္ကို ေျမလွန္သုတ္သင္ရွင္းလင္းျခင္း အစီအစဥ္တစ္ရပ္အေနျဖင့္ ရည္ရြယ္ခ်က္ရွိရွိ စနစ္တက် လုပ္ေဆာင္ခဲ့ျခင္းျဖစ္ေလသည္။ ထို႔ေၾကာင့္ ဤစာရင္းထဲတြင္ ဟစ္တလာ နံပါတ္တစ္ေနရာက ပါလာျခင္းအတြက္ အထူးအေထြအံ့ၾသစရာေတာ့မရွိပါ။ ဟစ္တလာသည္ သတ္ျဖတ္ရန္ၾကံစည္မႈေပါင္း ၅၀ ေက်ာ္ခန္႔ ၾကံဳေတြ႕ခဲ့ရသည္။ ထိုထဲမွ ပထမဦးဆံုးျဖစ္ရပ္မွာ ၁၉၂၁ ခုႏွစ္က မိန္႔ခြန္းေျပာၾကားအၿပီး ေသနတ္ျဖင့္ပစ္ခတ္ခံရျခင္းျဖစ္သည္။ ၁၉၃၉ ခုႏွစ္ ေအာက္တိုဘာ ၅ ရက္ေန႔ ၀ါေဆာၿမိဳ႕တြင္လည္း ပိုလန္စစ္တပ္က ခ်ားလ္စ္ဒီေဂါပန္းျခံကို ျဖတ္သန္းစဥ္ ဟစ္တလာ၏ကားကို ေဖာက္ခြဲရန္ ႀကိဳးစားခဲ့ဖူးသည္။ လူလုပ္သည့္အမွားတစ္ခုေၾကာင့္သာ ဗံုးေပါက္ကြဲမႈ မရွိခဲ့ျခင္းျဖစ္သည္။ အေမရိကန္စစ္သားမ်ားက ၾကံစည္ခဲ့သည့္ အျခား ရူးေၾကာင္ေၾကာင္ႏိုင္သည့္လုပ္ၾကံမႈ အစီအစဥ္တစ္ရပ္လည္း ရွိေသးသည္။ ဟစ္တလာသည္ လိင္ပိုင္းဆိုင္ရာတြင္ စည္းကမ္းႀကီးၿပီး တင္းၾကပ္ျခိဳးျခံသူ ျပဴရီတန္တစ္ဦးျဖစ္ရာ ညစ္ညမ္းသည့္အျပာဓာတ္ပံုမ်ား၊ ပစၥည္းမ်ား အမ်ားအျပား ဟစ္တလာေနထိုင္ရာ ေတာင္ေပၚသို႔ႀကဲခ်ၿပီး သူ႔ကို ႐ူးသြားေစရန္ ၾကံစည္ခဲ့ဖူးသည္ ဆို၏။ အဆိုပါစစ္သားမ်ားႏွင့္ ပူးေပါင္းၾကံစည္ခဲ့သူ ဗိုလ္ခ်ဳပ္က ၎တို႔အေနျဖင့္ ဟစ္တလာကို သတ္ျဖတ္ခ်င္လြန္းအားႀကီးသျဖင့္ ထို႐ူးေၾကာင္ေၾကာင္ အစီအစဥ္ကို ၾကံမိၾကံရာ ျပဳလုပ္ခဲ့ျခင္းျဖစ္သည္ဟု ဆိုသည္။

ထိုလုပ္ၾကံမႈမ်ာအားလံုး မည္သည္မွ် ေအာင္ျမင္မႈမရရွိခဲ့ဘဲ ေနာက္ဆံုးတြင္ ဟစ္တလာသည္ ဇနီးျဖစ္သူ အီဗာႏွင့္အတူ မိမိကိုယ္ကို အဆံုးစီရင္ျခင္းအားျဖင့္ ဇာတ္သိမ္းသြားခဲ့သည္။ ဟစ္တလာက ေသနတ္ကိုသံုးခဲ့ၿပီး ဇနီးက ဆိုင္ယင္ႏိုက္အဆိပ္ကို အသံုးျပဳခဲ့သည္။(ဟစ္တလာေသမေသ ၊ မည္သည့္နည္းႏွင့္ေသ သည့္အေၾကာင္းကုိ ယေန႔ထိတုိင္ ျငင္းေနၾကပါေသးတယ္)

(၂) ဂရီေဂၚရီ ရပ္ျပဴတင္

အဆိပ္ခပ္ျခင္း၊ ေသနတ္ျဖင့္ပစ္ခတ္ျခင္း ေလးႀကိမ္ႏွင့္၊ ရိုက္ႏွက္ျခင္းမ်ား ၾကံဳေတြ႕ခဲ့ရၿပီး ေနာက္ဆံုးတြင္ ေရနစ္ေသဆံုးသည္။ ရပ္ျပဴတင္သည္ ၾကမၼာငင္သည့္ ရိုမန္ေနာ့မိသားစု၏ မေသျခင္းသမိုင္းႏွင့္ ပတ္သက္ေနသည္။ တခ်ဳိ႕က သူတို႔၏ အပ်က္အစီးမ်ား၏ အေၾကာင္းရင္းဟုပင္ သူ႔ကို ေျပာၾကသည္။ သူ႔ကို တန္ခိုးစြမ္းအင္ရွိသည့္ ၀ိဇၨာတစ္ဦး၊ သို႔မဟုတ္ လူထူးလူဆန္းယစ္ထုပ္တစ္ဦး စသည္ျဖင့္ မည္သို႔ပင္ သတ္မွတ္သည္ျဖစ္ေစ သူသည္ေတာ္၀င္မိသားစု၏ ခ်စ္ခင္မႈရရွိရန္ ပါးနပ္စြာလုပ္ေဆာင္ႏိုင္ခဲ့ၿပီး စြန္႔ခြာသြားရမည္ကို အလိုမရွိခဲ့ေပ။ ရပ္ျပဴတင္ ေသဆံုးျခင္းႏွင့္ပတ္သက္သည့္ ဒ႑ာရီမ်ား မွာလည္း သူ႔ဘ၀ထက္ပင္ ပို၍လွ်ဳိ႕၀ွက္ဆန္းျပားသည္ဟု ဆိုႏိုင္ပါသည္။

ရပ္ျပဴတင္အားသတ္ျဖတ္ရန္ ပထမဆံုးႀကိဳးပမ္းမႈသည္ ၁၉၁၄ ခုႏွစ္ ဇြန္လ ၂၉ ရက္ေန႔တြင္ ျဖစ္ပြားခဲ့ၿပီး ဘုရားေက်ာင္းမွ ထြက္ေၾကာင္းေၾကးနန္းတစ္ေစာင္ ရၿပီးခါစပင္ျဖစ္ေလသည္။ သူ႔အားတိုက္ခိုက္သူမွာ ဂူဆီဗာဆိုသူျပည့္တန္ဆာေဟာင္းတစ္ဦးျဖစ္သည္။ အမ်ဳိးသမီးက သူ၏၀မ္းဗိုက္ဆီသို႔ ဓားျဖင့္ထိုးခဲ့ၿပီး အူမ်ားထြက္လာသည္အထိ ေသလုသည့္ဒဏ္ရာကို ရရွိခဲ့သည္။ သူမ၏ လုပ္ၾကံမႈ ေအာင္ျမင္ၿပီ အထင္ႏွင့္ ဂူဆီဗာက ေယ႐ႈ၏ရန္သူတစ္ေယာက္ကို သတ္လိုက္ၿပီဟု ေအာ္ဟစ္ခဲ့သည္။ သို႔ေသာ္လည္း ခက္ခဲပင္ပန္းစြာခြဲစိတ္ကုသၿပီးေနာက္ ရပ္ျပဴတင္မွာ ျပန္လည္က်န္းမာလာခဲ့သည္။

၁၉၁၆ ခုႏွစ္ ဒီဇင္ဘာလ ၁၆ ရက္တြင္ ဇာရစ္ရွာ (ဇာဘုရင္၏ မိဖုရား) အေပၚ သူ၏ၾသဇာလႊမ္းမိုးမႈကို အင္ပါယာအတြက္ အႏၱရာယ္ႀကီးသည္ဟု ဆံုးျဖတ္၍ မင္းသား ယူဆူေပါ့ (Yusupov) ႏွင့္ ၿမိဳ႕စား ဒီမိထရိ ပက္ဗလိုဗစ္ခ်္ (Pavlovich) ႏွင့္ ႏိုင္ငံေရးသမားတစ္ဦးျဖစ္လူ ဗလာဒီမာ ပူရစ္ရွ္ကီဗစ္ခ်္ (Purishkevich) တို႔ ပူးေပါင္းကာ အထူးအဖြဲ႕တစ္ခုကို ဖြဲ႕စည္းခဲ့သည္။ ထိုအဖြဲ႕က ရပ္ျပဴတင္ကို ယူဆူေပါ့၏ မြိဳက္ကာနန္းေတာ္ (Moika) ေျမေအာက္ခန္းသို႔ ဖ်ားေယာင္းေခၚေဆာင္ကာ ကိတ္မုန္႔မ်ားႏွင့္ ဆိုင္ယင္ႏိုက္အဆိပ္ အလြန္အကၽြံခပ္ထားသည့္ ၀ိုင္နီကို တည္ခင္းဧည့္ခံခဲ့သည္။ ဒ႑ာရီမ်ားအရ ရပ္ျပဴတင္မွာ လူငါးေယာက္အား ေသေစႏိုင္သည့္ အဆိပ္ပမာဏကို ေသာက္သံုးခဲ့ေသာ္လည္း အဆိပ္သင့္ျခင္းမရွိခဲ့ဟု ဆိုသည္။

လုပ္ၾကံမႈကိုအၿပီးျပတ္ေဆာင္ရြက္ရန္ ဆံုးျဖတ္ထားသည့္ ယူဆူေပါ့က နံနက္မိုးေသာက္သည္အထိရပ္ျပဴတင္ အသက္ရွင္ေနဆဲျဖစ္ေနမည္ကို စုိးရိမ္ကာ ပါ၀င္လုပ္ၾကံသူမ်ားကို အခ်ိန္မဆြဲအေလာင္းေဖ်ာက္ရန္ လုပ္ေဆာင္ခဲ့သည္။ ယူဆူေပါ့သည္ အျခားသူမ်ားႏွင့္ တုိင္ပင္ရန္ အေပၚထပ္သို႔ ေျပးတက္ခဲ့ၿပီး ရပ္ျပဴတင္၏ ေနာက္ေက်ာအား ေသနတ္ျဖင့္ပစ္ရန္ ျပန္လည္ဆင္းသက္လာခဲ့သည္။ ရပ္ျပဴတင္သည္ လဲက်သြားၿပီး လုပ္ၾကံသူမ်ားအဖြဲ႕သည္ ခဏမွ် အဆိုပါေနရာမွ ထြက္ခြာသြားခဲ့သည္။ ယူဆူေပါ့သည္ အေလာင္းအား စစ္ေဆးရန္ ျပန္ေရာက္လာခ်ိန္တြင္ ရပ္ျပဴတင္၏မ်က္လံုးမ်ားမွာ ရုတ္တရက္ ပြင့္လာၿပီး ယူဆူေပါ့ကို အားကုန္ ဆြဲယူလိုက္သည္။ ထို႔ေနာက္ ယူဆူေပါ့၏ နားနားကပ္၍ “မင္း ေကာင္ဆိုးေလးပဲ” ဟု နာက်ည္းစြာ တီးတိုးေျပာလိုက္ၿပီး လြတ္ေျမာက္ရန္ ႀကိဳးစားေလသည္။ ယူဆူေပါ့ႏွင့္ အေပါင္းပါလုပ္ၾကံသူမ်ားသည္ ျခံ၀င္းအတြင္းသို႔ ထြက္ေျပးသည့္ ရပ္ျပဴတင္ကို လိုက္လံဖမ္းဆီးၾကၿပီး ေသနတ္ျဖင့္ ႏွစ္ႀကိမ္တိုင္တိုင္ ပစ္ခတ္၍ ရာဘာတုတ္မ်ားျဖင့္ ရိုက္ၾကသည္။ ျပန္မထလာႏိုင္ေတာ့ေၾကာင္း ေသခ်ာေစရန္ ေစာင္ႏွင့္ပတ္၍ ခ်ည္ေႏွာင္ၿပီး နီဗာျမစ္အတြင္းသို႔ နစ္ျမဳပ္သြားေစရန္ ပစ္ခ်ခဲ့သည္။ သူ၏ ခႏၶာကိုယ္အား ျပန္လည္ေတြ႕ရွိရခ်ိန္တြင္ ညာဘက္လက္ေမာင္းမွာအျပင္ဘက္သို႔ ရုန္းကန္လြတ္ေျမာက္ေနသျဖင့္ ဤသည္မွာေရႏွင့္ထိေတြ႕စဥ္အခ်ိန္ထိ သူအသက္ရွင္ေနဆဲျဖစ္ၿပီး လြတ္ေျမာက္ေစရန္အတြက္ သူ႔ကိုယ္သူ တတ္စြမ္းသမွ် ရုန္းကန္ခဲ့ေၾကာင္း ညႊန္ျပေနသည့္ လကၡဏာပင္ ျဖစ္သည္။ ေဆးပညာစစ္ေဆးမႈတြင္ ၎သည္ ေရနစ္ေသဆံုးျခင္း ျဖစ္ေၾကာင္း အတည္ျပဳခဲ့သည္။ သူ၏လက္ေမာင္းမွာ အေပၚဘက္သို႔ ေထာင္မတ္ေနၿပီး ေရခဲျပင္ေအာက္မွ အေပၚသို႔ကုပ္တက္ႏိုင္ရန္ ႀကိဳးစားထားခဲ့ပံုေပၚသည္။ (နီဗာျမစ္သည္ ႏို၀င္ဘာ ၂၅ မွ ဒီဇင္ဘာ ၅ ရက္အၾကားတြင္ ေရခဲတတ္ၿပီး ဧၿပီလလယ္ေလာက္မွ ျပန္လည္အရည္ေပ်ာ္သြားေလ့ရွိသည္) သူအဆိပ္ အမွန္အတကယ္မိထားခဲ့ေၾကာင္းလည္း စစ္ေဆးေတြ႕ရွိရေပသည္။ အမွန္အားျဖင့္မူအဆိပ္တစ္မ်ဳိးတည္းႏွင့္ပင္ သူေသဆံုးဖို႔အတြက္ မ်ားစြာလံုေလာက္ခဲ့ၿပီးျဖစ္ေလသည္။

ဖီဒယ္ကပ္စထ႐ို

လုပ္ၾကံမႈေပါင္း ၆၃၈ ခုမွ အသက္ရွင္ခဲ့သည္။ ကမာၻေက်ာ္ပုဂၢဳိလ္တစ္ဦးျဖစ္သူ က်ဴးဘားေခါင္းေဆာင္သည္ ကမၻာေပၚတြင္ လုပ္ၾကံသတ္ျဖတ္ဖို႔ အခက္ခဲဆံုး လူသားတစ္ဦး ျဖစ္ေကာင္းျဖစ္ေပမည္။ အနည္းဆံုးအားျဖင့္မူ လုပ္ၾကံမႈ အႀကိမ္အေရအတြက္ အမ်ားဆံုးၾကံဳေတြ႕ခဲ့ရသူတစ္ဦး ျဖစ္ေပသည္။ ကပ္စထရို၏အသက္အား ကာကြယ္ရန္ ႏွစ္ရွည္လမ်ား တာ၀န္ေပးျခင္းခံထားရသည့္ ေဖဘီယန္ အက္စ္ကလန္ (Fabian Escalante) က CIA မွ သူ႔အား လုပ္ၾကံသတ္ျဖတ္ရန္ ႀကိဳးစားမႈႏွင့္ အစီအမံမ်ားမွာ ခန္႔မွန္းေျခ ၆၃၈ ခု ရွိခဲ့သည္ဆို၏။ ထိုထဲမွ မွတ္တမ္းမွတ္ရာ ထင္ထင္ရွားရွားမျပႏိုင္သည့္ တခ်ဳိ႕မွာ ေဆးျပင္းလိပ္အတြင္းဗံုးထည့္မႈ၊ မႈိဆိပ္သင့္ေရငုပ္၀တ္စံုႏွင့္ မာဖီးယားစတိုင္လ္ ပစ္ခတ္မႈတို႔ ပါ၀င္သည္။ ထိုထဲမွ ဇာတ္လမ္းဇာတ္ကြက္တခ်ဳိ႕မွာ “ကပ္စထရိုအား လုပ္ၾကံနည္း ၆၃၈ မ်ဳိး” ဟုေခါင္းစဥ္တပ္ထားသည့္ ရုပ္ရွင္မွတ္တမ္းတြင္ ေဖာ္ျပပါရွိသည္။

ႀကိဳးစားမႈမ်ားထဲမွ တစ္ခုမွာ ၁၉၅၉ ခုႏွစ္တြင္ ေတြ႕ဆံုခဲ့သည့္ သူ၏ ခ်စ္သူေဟာင္း မာရီတာ ေလာရန္႔ဇ္ (Marita Lorenz) ျဖစ္သည္။ သူမသည္ CIA ႏွင့္ တိတ္တဆိတ္သေဘာတူညီမႈ ရယူခဲ့ၿပီး အဆိပ္ေဆးမ်ားပါရွိသည့္ ႏို႔ႏွစ္ေအးဗူးကို ကပ္စထရို၏အခန္းတြင္း ယူေဆာင္လာခဲ့သည္။ ဤသည္ကို ကပ္စထရိုသိရွိခ်ိန္တြင္ သူမအား သူ႔ကိုသတ္ရန္ ေသနတ္ကမ္းေပးခဲ့သည္ဟု ဆိုသည္။ သို႔ေသာ္ သူမေနျဖင့္ သူ႔ကို သတ္ႏိုင္သည့္အင္အား မရွိေတာ့ပါ။ သူ႔အသက္အား လုပ္ၾကံမႈအမ်ားအျပားကို ရည္ညႊန္၍ ကပ္စထရိုက ဤသို႔ တစ္ခါက ေျပာဖူးခဲ့ပါသည္။ “လုပ္ၾကံမႈေတြမွာ အသက္ရွင္က်န္ရစ္ျခင္းကို အိုလံပစ္ၿပိဳင္ပြဲမွာ ထည့္သြင္းထားမယ္ ဆိုရင္ ကၽြန္ေတာ္ ေရႊတံဆိပ္ရမွာပဲ” ဟူ၏။ ကပ္စထရိုသည္ အသက္ ၈၃ ႏွစ္အရြယ္တြင္ က်န္းမာေရးအေျခအေနေၾကာင့္ အနားယူခဲ့သည္။ ၂၀၁၆ခုႏွစ္ ( အသက္ ၉၀) အရြယ္မွ ကြယ္လြန္ခဲ့သည္။

ေဂ်ာ္ဒန္ဘုရင္ ဟူစိန္

လုပ္ၾကံမႈ ၁၂ ႀကိမ္မွ လႊတ္ေျမာက္ခဲ့ၿပီး တစ္ႀကိမ္တြင္ သူ၏ ယူနီေဖာင္းမွ တံဆိပ္ေၾကာင့္ ကံေကာင္းေထာက္မစြာ အသက္ရွင္ခဲ့သည္။ ဟူစိန္ဘင္တလယ္ (Hussein bin Talal) ေခၚ ေဂ်ာ္ဒန္ဘုရင္ဟူစိန္သည္ သူ၏ဖခင္ တလယ္ဘုရင္ထံမွ ၁၉၅၂ ခုႏွစ္တြင္ နန္းေမြဆက္ခံၿပီး အုပ္ခ်ဳပ္ခဲ့သည္မွာ သူေသဆံုးသည့္ ၁၉၉၉ ခုႏွစ္မတိုင္ခင္အထိပင္ ျဖစ္သည္။ သူ႔ဘ၀တစ္ေလွ်ာက္ အနည္းဆံုး ဆယ့္ႏွစ္ႀကိမ္ခန္႔မွ် လုပ္ၾကံရန္ႀကိဳးစားမႈ ၾကံဳေတြ႕ခဲ့ရၿပီး အမ်ားစုမွာ ၁၉၅၀ ႏွင့္ ၁၉၆၀ ျပည့္ႏွစ္မ်ားအတြင္းတြင္ ျဖစ္သည္။
“တစ္ခါတစ္ရံမွာ ကၽြန္ေတာ္ဟာ စံုေထာက္၀တၳဳတစ္ပုဒ္ထဲက အဓိက ဇာတ္ေကာင္ေနရာက သရုပ္ေဆာင္ေနရသလို ခံစားရပါတယ္” ဟု တစ္ခါက သူေရးသားခဲ့ဖူးသည္။

ပထမဦးဆံုး လုပ္ၾကံမႈသည္ ၁၉၅၁ ခုႏွစ္က ျဖစ္သည္။ သူႏွင့္အတူ အဘိုးျဖစ္သူ ဘုရင္ အဘဒူလာရွိေနခဲ့သည္။ ဇူလိုင္ ၂၀ ရက္၊ သူတို႔ႏွစ္ဦး ေသာၾကာ၀တ္ျပဳသူမ်ား ဗလီအတြင္းသို႔ ေလွ်ာက္လွမ္းလာစဥ္တြင္ ပါလက္စတိုင္းအစြန္းေရာက္ တစ္ဦးက ဘုရင္အဘဒူလာႏွင့္ ေျမးတို႔ကို ပစ္ခတ္ခဲ့သည္။ အဘဒူလာေသဆံုးၿပီး ဆယ့္ငါးႏွစ္သားသာ ရွိေသးသည့္ ဟူစိန္သည္ ေသနတ္သမားေနာက္သို႔ လိုက္ခဲ့သည္။ အၾကမ္းဖက္သမားက သူ၏ ေသနတ္ျဖင့္ မင္းသားငယ္ကို လွည့္လည္ပစ္ခတ္ခဲ့ေသာ္လည္း က်ည္ဆန္မွာ သူ႔အဘိုးေပးထားသည့္ ယူနီေဖာင္းေပၚမွ တံဆိတ္ကို တည့္တည့္ထိမွန္ၿပီး လြင့္စင္သြားခဲ့သျဖင့္ သီသီကေလး အသက္ခ်မ္းသာရာ ရခဲ့သည္။ ၁၉၇၀ တြင္ သူ၏ ေႏြရာသီနန္းေတာ္အနီး ယာဥ္တန္းျဖင့္ေမာင္းႏွင္သြားစဥ္ ေသနတ္ျဖင့္ပစ္ခတ္လုပ္ၾကံမႈမွလည္း ဘုရင္ဟူစိန္ လြတ္ေျမာက္ခဲ့ဖူးသည္။ ဘုရင္က ထိခိုက္မႈမရွိဟုဆိုႏိုင္ေသာ္လည္း သူ၏ယာဥ္ေမာင္းမွာ ဒဏ္ရာရရွိခဲ့ေလသည္။ အဆိုပါတိုက္ခုိက္မႈမွာ အန္မန္ၿမိဳ႕ေတာ္ အေရွ႕ေျမာက္အရပ္ ၁၂ မိုင္အကြာ ဆြီးလက္ (Sweileh) ျပည္နယ္တြင္ ျဖစ္ပြားခဲ့ျခင္း ျဖစ္သည္။ ဘုရင္က ကားအတြင္းမွ ခုန္ထြက္၍ တိုက္ခိုက္သူမ်ားကို ျပန္လည္ပစ္ခတ္ခဲ့သည္။ ၁၉၉၉ ခုႏွစ္၊ အသက္ ၆၃ ႏွစ္အရြယ္တြင္ ေဂ်ာဒန္ဘုရင္ဟူစိန္ ကင္ဆာေရာဂါျဖင့္ကြယ္လြန္ခဲ့သည္။


အယ္ေဘးနီးယားဘုရင္ ေဇာ့ (Zog)

သတ္ျဖတ္ရန္ႀကိဳးစားျခင္း ၅၅ ႀကိမ္ လြတ္ေျမာက္ခဲ့သည္။ တစ္ႀကိမ္တြင္ လုပ္ၾကံသူကို ျပန္လည္ ပစ္ခတ္သတ္ျဖတ္ႏိုင္ခဲ့သည္။ ေဇာ့ (၁) သို႔မဟုတ္ စကင္ဒါဘာ့ဂ္ (၃) သည္ ၁၉၂၈ မွ ၁၉၃၉ ခုႏွစ္အထိ အယ္ေဘးနီးယား၏ ဘုရင္ျဖစ္သည္။ သူ၏နန္းသက္အတြင္း လုပ္ၾကံသတ္ျဖတ္ရန္ ႀကိဳးစားမႈေပါင္း ၅၅ ခုေက်ာ္မွ အသက္ရွင္လြတ္ေျမာက္ခဲ့ျခင္းျဖင့္ လူအမ်ား ေလးစားခန္႔ညားျခင္းကို ခံခဲ့ရသည္။ ထိုထဲမွ တစ္ခုသည္ ၁၉၃၁ ခုႏွစ္တြင္ ပက္ဂလီယာဆီ (Pagliacci) ေဖ်ာ္ေျဖပြဲအတြက္ ဗီယန္နာ ေအာ္ပရာရံသို႔ ေဇာ့ အလည္အပတ္ေရာက္ရွိစဥ္တြင္ ျဖစ္ပြားခဲ့သည္။ လုပ္ၾကံသတ္ျဖတ္သူက ေဇာ့ကားအတြင္းသို႔၀င္စဥ္ တိုက္ခိုက္ခဲ့သည္။ သို႔ေသာ္ သြားေလရာ ကိုယ္ႏွင့္မကြာ ယူသြားတတ္သည့္ ပစ္စတိုျဖင့္ ေဇာ့က ျပန္လည္ပစ္ခတ္ခဲ့ၿပီး အသက္ခ်မ္းသာရာရခဲ့သည္။


ယာဆာအာရာဖတ္

ဗံုးခြဲတိုက္ခိုက္မႈ အမ်ားအျပားမွ လြတ္ေျမာက္ခဲ့ၿပီး ေလယာဥ္ပ်က္က်မႈတစ္ႀကိမ္မွလည္း လြတ္ေျမာက္ခဲ့သည္။ ယာဆာအာရာဖတ္ကို ပါလက္စတိုင္းေခါင္းေဆာင္အျဖစ္ အၾကမ္းဖ်င္းအားျဖင့္ သိၾကသည္။ သူ႔သက္တမ္း တစ္ေလွ်ာက္တြင္ လုပ္ၾကံတိုက္ခုိက္မႈေပါင္းမ်ားစြာမွ လြတ္ေျမာက္ခဲ့သည္။ ၁၉၈၅ ခုႏွစ္တြင္ သစ္သားေျခေထာက္စစ္ဆင္ေရး (Wooden Leg Operation) ၏ အစိတ္အပိုင္းတစ္ရပ္အေနျဖင့္ သူ၏ဌာနခ်ဳပ္အေပၚသို႔ အစၥေရးေလတပ္၏ F-15 ဗံုးၾကဲတိုက္ခုိက္မႈမွ ပြတ္ကာသီကာ လြတ္ေျမာက္ခဲ့ၿပီး အဆိုပါ တိုက္ခိုက္မႈတြင္ လူေပါင္း ၇၃ ေယာက္ ေသဆံုးခဲ့ရသည္။ တိုက္ခိုက္မႈျဖစ္ပြားစဥ္ နံနက္က အာရာဖတ္ လမ္းေလွ်ာက္ထြက္ေနသည့္အခ်ိန္ႏွင့္ တိုက္ဆိုင္ေနခဲ့၍ ျဖစ္ေပသည္။ ကားတိုက္မႈတစ္ခုႏွင့္ ၁၉၉၂ ခုႏွစ္ ဧၿပီလ ၇ ရက္ေန႔က လစ္ဗ်ားကႏၱာရအတြင္းသို႔ သဲမုန္တိုင္းအတြင္း ေလယာဥ္ပ်က္က်ျခင္းမွလည္း အသက္ရွင္လြတ္ေျမာက္ခဲ့ေသးသည္။

ထိုျဖစ္ရပ္တြင္ ေလယာဥ္မွဴးႏွစ္ဦးႏွင့္ အင္ဂ်င္နီယာတစ္ဦး ေသဆံုးခဲ့ၿပီး အာရာဖတ္မွာလည္း ထိခိုက္ဒဏ္ရာရရွိၿပီး တုန္လႈပ္ေျခာက္ျခားခဲ့ရသည္။ ၂၀၀၄ ခုႏွစ္ ႏို၀င္ဘာ ၁၁ ရက္၊ အသက္ ၇၅ ႏွစ္အရြယ္တြင္ ပါရီၿမိဳ႕ေဆးရံု၌ အာရာဖတ္ ကြယ္လြန္ခဲ့သည္။ အာရာဖတ္ေသဆံုးရသည့္ အေၾကာင္းရင္းကို လံုး၀ သတင္းထုတ္ျပန္ခဲ့ျခင္းမရွိဘဲ ယေန႔ခ်ိန္ထိ ပေဟဠိတစ္ခုအျဖစ္ တည္ရွိေနေသး၏။ အစၥေရးႏွင့္ ေနာက္ကြယ္တြင္ တစ္နည္းနည္း ပတ္သက္ေနႏိုင္သည္ ဟူသည့္ ေမးခြန္းထုတ္မႈမ်ားကို ပါလက္စတိုင္းအာဏာပိုင္မ်ားက အလ်င္အျမန္ ပယ္ခ်ခဲ့သည္။ အာရာဖတ္သည္ မိန္းမလ်ာတစ္ဦးတစ္သည္ဟု ဆယ္စုႏွစ္တစ္စု ၾကာမွ် ေကာလာဟလအမ်ဳိးမ်ဳိး ပ်ံ႕ႏွံခဲ့ၿပီး သူ၏ေသဆံုးမႈအေပၚ ခန္႔မွန္းခ်က္ အမ်ားစုႏွင့္ ပတ္သက္ဆက္ႏြယ္ေနသည့္ လွ်ဳိ႕၀ွက္အေျခအေနမ်ားအရ ၎မွာ AIDS ေရာဂါႏွင့္ ေသဆံုးခဲ့ျခင္းျဖစ္သည္ဟု ယူဆစရာ ျဖစ္ေနေပသည္။


ကမ္ဘာပေါ်တွင် လုပ်ကြံသတ်ဖြတ်ဖို့ အခက်ခဲဆုံး လူသားများ (unicode)

(၁) ဟစ်တလာ

နာဇီခေါင်းဆောင် ဟစ်တလာသည် ခန့်မှန်းချေ ဂျူးလူမျိုး ခြောက်သန်းခန့်ကို သတ်ဖြတ်မှုအတွက် တာဝန်ရှိသူ ဖြစ်ပေသည်။ နှစ်သန်းခန့်သည် လူမျိုးရေးကြောင့်ဖြစ်ပြီး လေးသန်းခန့်မှာ “ဘ၀နှင့်ထိုက်တန်မှုမရှိ” (Unworthy of life) ၊ သို့မဟုတ် ရှင်သန်နေထိုင်ရန် မထိုက်ဟု ဆုံးဖြတ်၍ သတ်ဖြတ်သုတ်သင်ခဲ့ခြင်း ဖြစ်သည်။ ထိုထဲတွင် မသန်စွမ်းသူများ၊ စိတ်ရောဂါခံစားနေရသူများ၊ ဆိုဗီယက်စစ်သုံ့ပန်းများ၊ လိင်တူဆက်ဆံသူများ၊ ဖရီးမေဆင်များ* နှင့် ဂျိုဗက်သက်သေ* များပါဝင်သည်။

၎င်းလုပ်ရပ်ကို မြေလှန်သုတ်သင်ရှင်းလင်းခြင်း အစီအစဉ်တစ်ရပ်အနေဖြင့် ရည်ရွယ်ချက်ရှိရှိ စနစ်တကျ လုပ်ဆောင်ခဲ့ခြင်းဖြစ်လေသည်။ ထို့ကြောင့် ဤစာရင်းထဲတွင် ဟစ်တလာ နံပါတ်တစ်နေရာက ပါလာခြင်းအတွက် အထူးအထွေအံ့ဩစရာတော့မရှိပါ။ ဟစ်တလာသည် သတ်ဖြတ်ရန်ကြံစည်မှုပေါင်း ၅၀ ကျော်ခန့် ကြုံတွေ့ခဲ့ရသည်။ ထိုထဲမှ ပထမဦးဆုံးဖြစ်ရပ်မှာ ၁၉၂၁ ခုနှစ်က မိန့်ခွန်းပြောကြားအပြီး သေနတ်ဖြင့်ပစ်ခတ်ခံရခြင်းဖြစ်သည်။ ၁၉၃၉ ခုနှစ် အောက်တိုဘာ ၅ ရက်နေ့ ဝါဆောမြို့တွင်လည်း ပိုလန်စစ်တပ်က ချားလ်စ်ဒီဂေါပန်းခြံကို ဖြတ်သန်းစဉ် ဟစ်တလာ၏ကားကို ဖောက်ခွဲရန် ကြိုးစားခဲ့ဖူးသည်။ လူလုပ်သည့်အမှားတစ်ခုကြောင့်သာ ဗုံးပေါက်ကွဲမှု မရှိခဲ့ခြင်းဖြစ်သည်။ အမေရိကန်စစ်သားများက ကြံစည်ခဲ့သည့် အခြား ရူးကြောင်ကြောင်နိုင်သည့်လုပ်ကြံမှု အစီအစဉ်တစ်ရပ်လည်း ရှိသေးသည်။ ဟစ်တလာသည် လိင်ပိုင်းဆိုင်ရာတွင် စည်းကမ်းကြီးပြီး တင်းကြပ်ခြိုးခြံသူ ပြူရီတန်တစ်ဦးဖြစ်ရာ ညစ်ညမ်းသည့်အပြာဓာတ်ပုံများ၊ ပစ္စည်းများ အများအပြား ဟစ်တလာနေထိုင်ရာ တောင်ပေါ်သို့ကြဲချပြီး သူ့ကို ရူးသွားစေရန် ကြံစည်ခဲ့ဖူးသည် ဆို၏။ အဆိုပါစစ်သားများနှင့် ပူးပေါင်းကြံစည်ခဲ့သူ ဗိုလ်ချုပ်က ၎င်းတို့အနေဖြင့် ဟစ်တလာကို သတ်ဖြတ်ချင်လွန်းအားကြီးသဖြင့် ထိုရူးကြောင်ကြောင် အစီအစဉ်ကို ကြံမိကြံရာ ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ထိုလုပ်ကြံမှုမျာအားလုံး မည်သည်မျှ အောင်မြင်မှုမရရှိခဲ့ဘဲ နောက်ဆုံးတွင် ဟစ်တလာသည် ဇနီးဖြစ်သူ အီဗာနှင့်အတူ မိမိကိုယ်ကို အဆုံးစီရင်ခြင်းအားဖြင့် ဇာတ်သိမ်းသွားခဲ့သည်။ ဟစ်တလာက သေနတ်ကိုသုံးခဲ့ပြီး ဇနီးက ဆိုင်ယင်နိုက်အဆိပ်ကို အသုံးပြုခဲ့သည်။(ဟစ်တလာသေမသေ ၊ မည်သည့်နည်းနှင့်သေ သည့်အကြောင်းကို ယနေ့ထိတိုင် ငြင်းနေကြပါသေးတယ်)

(၂) ဂရီဂေါ်ရီ ရပ်ပြူတင်

အဆိပ်ခပ်ခြင်း၊ သေနတ်ဖြင့်ပစ်ခတ်ခြင်း လေးကြိမ်နှင့်၊ ရိုက်နှက်ခြင်းများ ကြုံတွေ့ခဲ့ရပြီး နောက်ဆုံးတွင် ရေနစ်သေဆုံးသည်။ ရပ်ပြူတင်သည် ကြမ္မာငင်သည့် ရိုမန်နော့မိသားစု၏ မသေခြင်းသမိုင်းနှင့် ပတ်သက်နေသည်။ တချို့က သူတို့၏ အပျက်အစီးများ၏ အကြောင်းရင်းဟုပင် သူ့ကို ပြောကြသည်။ သူ့ကို တန်ခိုးစွမ်းအင်ရှိသည့် ဝိဇ္ဇာတစ်ဦး၊ သို့မဟုတ် လူထူးလူဆန်းယစ်ထုပ်တစ်ဦး စသည်ဖြင့် မည်သို့ပင် သတ်မှတ်သည်ဖြစ်စေ သူသည်တော်ဝင်မိသားစု၏ ချစ်ခင်မှုရရှိရန် ပါးနပ်စွာလုပ်ဆောင်နိုင်ခဲ့ပြီး စွန့်ခွာသွားရမည်ကို အလိုမရှိခဲ့ပေ။ ရပ်ပြူတင် သေဆုံးခြင်းနှင့်ပတ်သက်သည့် ဒဏ္ဍာရီများ မှာလည်း သူ့ဘဝထက်ပင် ပို၍လျှို့ဝှက်ဆန်းပြားသည်ဟု ဆိုနိုင်ပါသည်။

ရပ်ပြူတင်အားသတ်ဖြတ်ရန် ပထမဆုံးကြိုးပမ်းမှုသည် ၁၉၁၄ ခုနှစ် ဇွန်လ ၂၉ ရက်နေ့တွင် ဖြစ်ပွားခဲ့ပြီး ဘုရားကျောင်းမှ ထွက်ကြောင်းကြေးနန်းတစ်စောင် ရပြီးခါစပင်ဖြစ်လေသည်။ သူ့အားတိုက်ခိုက်သူမှာ ဂူဆီဗာဆိုသူပြည့်တန်ဆာဟောင်းတစ်ဦးဖြစ်သည်။ အမျိုးသမီးက သူ၏ဝမ်းဗိုက်ဆီသို့ ဓားဖြင့်ထိုးခဲ့ပြီး အူများထွက်လာသည်အထိ သေလုသည့်ဒဏ်ရာကို ရရှိခဲ့သည်။ သူမ၏ လုပ်ကြံမှု အောင်မြင်ပြီ အထင်နှင့် ဂူဆီဗာက ယေရှု၏ရန်သူတစ်ယောက်ကို သတ်လိုက်ပြီဟု အော်ဟစ်ခဲ့သည်။ သို့သော်လည်း ခက်ခဲပင်ပန်းစွာခွဲစိတ်ကုသပြီးနောက် ရပ်ပြူတင်မှာ ပြန်လည်ကျန်းမာလာခဲ့သည်။

၁၉၁၆ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်တွင် ဇာရစ်ရှာ (ဇာဘုရင်၏ မိဖုရား) အပေါ် သူ၏ဩဇာလွှမ်းမိုးမှုကို အင်ပါယာအတွက် အန္တရာယ်ကြီးသည်ဟု ဆုံးဖြတ်၍ မင်းသား ယူဆူပေါ့ (Yusupov) နှင့် မြို့စား ဒီမိထရိ ပက်ဗလိုဗစ်ခ်ျ (Pavlovich) နှင့် နိုင်ငံရေးသမားတစ်ဦးဖြစ်လူ ဗလာဒီမာ ပူရစ်ရှ်ကီဗစ်ခ်ျ (Purishkevich) တို့ ပူးပေါင်းကာ အထူးအဖွဲ့တစ်ခုကို ဖွဲ့စည်းခဲ့သည်။ ထိုအဖွဲ့က ရပ်ပြူတင်ကို ယူဆူပေါ့၏ မွိုက်ကာနန်းတော် (Moika) မြေအောက်ခန်းသို့ ဖျားယောင်းခေါ်ဆောင်ကာ ကိတ်မုန့်များနှင့် ဆိုင်ယင်နိုက်အဆိပ် အလွန်အကျွံခပ်ထားသည့် ဝိုင်နီကို တည်ခင်းဧည့်ခံခဲ့သည်။ ဒဏ္ဍာရီများအရ ရပ်ပြူတင်မှာ လူငါးယောက်အား သေစေနိုင်သည့် အဆိပ်ပမာဏကို သောက်သုံးခဲ့သော်လည်း အဆိပ်သင့်ခြင်းမရှိခဲ့ဟု ဆိုသည်။

လုပ်ကြံမှုကိုအပြီးပြတ်ဆောင်ရွက်ရန် ဆုံးဖြတ်ထားသည့် ယူဆူပေါ့က နံနက်မိုးသောက်သည်အထိရပ်ပြူတင် အသက်ရှင်နေဆဲဖြစ်နေမည်ကို စိုးရိမ်ကာ ပါဝင်လုပ်ကြံသူများကို အချိန်မဆွဲအလောင်းဖျောက်ရန် လုပ်ဆောင်ခဲ့သည်။ ယူဆူပေါ့သည် အခြားသူများနှင့် တိုင်ပင်ရန် အပေါ်ထပ်သို့ ပြေးတက်ခဲ့ပြီး ရပ်ပြူတင်၏ နောက်ကျောအား သေနတ်ဖြင့်ပစ်ရန် ပြန်လည်ဆင်းသက်လာခဲ့သည်။ ရပ်ပြူတင်သည် လဲကျသွားပြီး လုပ်ကြံသူများအဖွဲ့သည် ခဏမျှ အဆိုပါနေရာမှ ထွက်ခွာသွားခဲ့သည်။ ယူဆူပေါ့သည် အလောင်းအား စစ်ဆေးရန် ပြန်ရောက်လာချိန်တွင် ရပ်ပြူတင်၏မျက်လုံးများမှာ ရုတ်တရက် ပွင့်လာပြီး ယူဆူပေါ့ကို အားကုန် ဆွဲယူလိုက်သည်။ ထို့နောက် ယူဆူပေါ့၏ နားနားကပ်၍ “မင်း ကောင်ဆိုးလေးပဲ” ဟု နာကျည်းစွာ တီးတိုးပြောလိုက်ပြီး လွတ်မြောက်ရန် ကြိုးစားလေသည်။ ယူဆူပေါ့နှင့် အပေါင်းပါလုပ်ကြံသူများသည် ခြံဝင်းအတွင်းသို့ ထွက်ပြေးသည့် ရပ်ပြူတင်ကို လိုက်လံဖမ်းဆီးကြပြီး သေနတ်ဖြင့် နှစ်ကြိမ်တိုင်တိုင် ပစ်ခတ်၍ ရာဘာတုတ်များဖြင့် ရိုက်ကြသည်။ ပြန်မထလာနိုင်တော့ကြောင်း သေချာစေရန် စောင်နှင့်ပတ်၍ ချည်နှောင်ပြီး နီဗာမြစ်အတွင်းသို့ နစ်မြုပ်သွားစေရန် ပစ်ချခဲ့သည်။ သူ၏ ခန္ဓာကိုယ်အား ပြန်လည်တွေ့ရှိရချိန်တွင် ညာဘက်လက်မောင်းမှာအပြင်ဘက်သို့ ရုန်းကန်လွတ်မြောက်နေသဖြင့် ဤသည်မှာရေနှင့်ထိတွေ့စဉ်အချိန်ထိ သူအသက်ရှင်နေဆဲဖြစ်ပြီး လွတ်မြောက်စေရန်အတွက် သူ့ကိုယ်သူ တတ်စွမ်းသမျှ ရုန်းကန်ခဲ့ကြောင်း ညွှန်ပြနေသည့် လက္ခဏာပင် ဖြစ်သည်။ ဆေးပညာစစ်ဆေးမှုတွင် ၎င်းသည် ရေနစ်သေဆုံးခြင်း ဖြစ်ကြောင်း အတည်ပြုခဲ့သည်။ သူ၏လက်မောင်းမှာ အပေါ်ဘက်သို့ ထောင်မတ်နေပြီး ရေခဲပြင်အောက်မှ အပေါ်သို့ကုပ်တက်နိုင်ရန် ကြိုးစားထားခဲ့ပုံပေါ်သည်။ (နီဗာမြစ်သည် နိုဝင်ဘာ ၂၅ မှ ဒီဇင်ဘာ ၅ ရက်အကြားတွင် ရေခဲတတ်ပြီး ဧပြီလလယ်လောက်မှ ပြန်လည်အရည်ပျော်သွားလေ့ရှိသည်) သူအဆိပ် အမှန်အတကယ်မိထားခဲ့ကြောင်းလည်း စစ်ဆေးတွေ့ရှိရပေသည်။ အမှန်အားဖြင့်မူအဆိပ်တစ်မျိုးတည်းနှင့်ပင် သူသေဆုံးဖို့အတွက် များစွာလုံလောက်ခဲ့ပြီးဖြစ်လေသည်။

ဖီဒယ်ကပ်စထရို

လုပ်ကြံမှုပေါင်း ၆၃၈ ခုမှ အသက်ရှင်ခဲ့သည်။ ကမ္ဘာကျော်ပုဂ္ဂိုလ်တစ်ဦးဖြစ်သူ ကျူးဘားခေါင်းဆောင်သည် ကမ္ဘာပေါ်တွင် လုပ်ကြံသတ်ဖြတ်ဖို့ အခက်ခဲဆုံး လူသားတစ်ဦး ဖြစ်ကောင်းဖြစ်ပေမည်။ အနည်းဆုံးအားဖြင့်မူ လုပ်ကြံမှု အကြိမ်အရေအတွက် အများဆုံးကြုံတွေ့ခဲ့ရသူတစ်ဦး ဖြစ်ပေသည်။ ကပ်စထရို၏အသက်အား ကာကွယ်ရန် နှစ်ရှည်လများ တာဝန်ပေးခြင်းခံထားရသည့် ဖေဘီယန် အက်စ်ကလန် (Fabian Escalante) က CIA မှ သူ့အား လုပ်ကြံသတ်ဖြတ်ရန် ကြိုးစားမှုနှင့် အစီအမံများမှာ ခန့်မှန်းခြေ ၆၃၈ ခု ရှိခဲ့သည်ဆို၏။ ထိုထဲမှ မှတ်တမ်းမှတ်ရာ ထင်ထင်ရှားရှားမပြနိုင်သည့် တချို့မှာ ဆေးပြင်းလိပ်အတွင်းဗုံးထည့်မှု၊ မှိုဆိပ်သင့်ရေငုပ်ဝတ်စုံနှင့် မာဖီးယားစတိုင်လ် ပစ်ခတ်မှုတို့ ပါဝင်သည်။ ထိုထဲမှ ဇာတ်လမ်းဇာတ်ကွက်တချို့မှာ “ကပ်စထရိုအား လုပ်ကြံနည်း ၆၃၈ မျိုး” ဟုခေါင်းစဉ်တပ်ထားသည့် ရုပ်ရှင်မှတ်တမ်းတွင် ဖော်ပြပါရှိသည်။

ကြိုးစားမှုများထဲမှ တစ်ခုမှာ ၁၉၅၉ ခုနှစ်တွင် တွေ့ဆုံခဲ့သည့် သူ၏ ချစ်သူဟောင်း မာရီတာ လောရန့်ဇ် (Marita Lorenz) ဖြစ်သည်။ သူမသည် CIA နှင့် တိတ်တဆိတ်သဘောတူညီမှု ရယူခဲ့ပြီး အဆိပ်ဆေးများပါရှိသည့် နို့နှစ်အေးဗူးကို ကပ်စထရို၏အခန်းတွင်း ယူဆောင်လာခဲ့သည်။ ဤသည်ကို ကပ်စထရိုသိရှိချိန်တွင် သူမအား သူ့ကိုသတ်ရန် သေနတ်ကမ်းပေးခဲ့သည်ဟု ဆိုသည်။ သို့သော် သူမနေဖြင့် သူ့ကို သတ်နိုင်သည့်အင်အား မရှိတော့ပါ။ သူ့အသက်အား လုပ်ကြံမှုအများအပြားကို ရည်ညွှန်၍ ကပ်စထရိုက ဤသို့ တစ်ခါက ပြောဖူးခဲ့ပါသည်။ “လုပ်ကြံမှုတွေမှာ အသက်ရှင်ကျန်ရစ်ခြင်းကို အိုလံပစ်ပြိုင်ပွဲမှာ ထည့်သွင်းထားမယ် ဆိုရင် ကျွန်တော် ရွှေတံဆိပ်ရမှာပဲ” ဟူ၏။ ကပ်စထရိုသည် အသက် ၈၃ နှစ်အရွယ်တွင် ကျန်းမာရေးအခြေအနေကြောင့် အနားယူခဲ့သည်။ ၂၀၁၆ခုနှစ် ( အသက် ၉၀) အရွယ်မှ ကွယ်လွန်ခဲ့သည်။

ဂျော်ဒန်ဘုရင် ဟူစိန်

လုပ်ကြံမှု ၁၂ ကြိမ်မှ လွှတ်မြောက်ခဲ့ပြီး တစ်ကြိမ်တွင် သူ၏ ယူနီဖောင်းမှ တံဆိပ်ကြောင့် ကံကောင်းထောက်မစွာ အသက်ရှင်ခဲ့သည်။ ဟူစိန်ဘင်တလယ် (Hussein bin Talal) ခေါ် ဂျော်ဒန်ဘုရင်ဟူစိန်သည် သူ၏ဖခင် တလယ်ဘုရင်ထံမှ ၁၉၅၂ ခုနှစ်တွင် နန်းမွေဆက်ခံပြီး အုပ်ချုပ်ခဲ့သည်မှာ သူသေဆုံးသည့် ၁၉၉၉ ခုနှစ်မတိုင်ခင်အထိပင် ဖြစ်သည်။ သူ့ဘဝတစ်လျှောက် အနည်းဆုံး ဆယ့်နှစ်ကြိမ်ခန့်မျှ လုပ်ကြံရန်ကြိုးစားမှု ကြုံတွေ့ခဲ့ရပြီး အများစုမှာ ၁၉၅၀ နှင့် ၁၉၆၀ ပြည့်နှစ်များအတွင်းတွင် ဖြစ်သည်။
“တစ်ခါတစ်ရံမှာ ကျွန်တော်ဟာ စုံထောက်ဝတ္ထုတစ်ပုဒ်ထဲက အဓိက ဇာတ်ကောင်နေရာက သရုပ်ဆောင်နေရသလို ခံစားရပါတယ်” ဟု တစ်ခါက သူရေးသားခဲ့ဖူးသည်။

ပထမဦးဆုံး လုပ်ကြံမှုသည် ၁၉၅၁ ခုနှစ်က ဖြစ်သည်။ သူနှင့်အတူ အဘိုးဖြစ်သူ ဘုရင် အဘဒူလာရှိနေခဲ့သည်။ ဇူလိုင် ၂၀ ရက်၊ သူတို့နှစ်ဦး သောကြာဝတ်ပြုသူများ ဗလီအတွင်းသို့ လျှောက်လှမ်းလာစဉ်တွင် ပါလက်စတိုင်းအစွန်းရောက် တစ်ဦးက ဘုရင်အဘဒူလာနှင့် မြေးတို့ကို ပစ်ခတ်ခဲ့သည်။ အဘဒူလာသေဆုံးပြီး ဆယ့်ငါးနှစ်သားသာ ရှိသေးသည့် ဟူစိန်သည် သေနတ်သမားနောက်သို့ လိုက်ခဲ့သည်။ အကြမ်းဖက်သမားက သူ၏ သေနတ်ဖြင့် မင်းသားငယ်ကို လှည့်လည်ပစ်ခတ်ခဲ့သော်လည်း ကျည်ဆန်မှာ သူ့အဘိုးပေးထားသည့် ယူနီဖောင်းပေါ်မှ တံဆိတ်ကို တည့်တည့်ထိမှန်ပြီး လွင့်စင်သွားခဲ့သဖြင့် သီသီကလေး အသက်ချမ်းသာရာ ရခဲ့သည်။ ၁၉၇၀ တွင် သူ၏ နွေရာသီနန်းတော်အနီး ယာဉ်တန်းဖြင့်မောင်းနှင်သွားစဉ် သေနတ်ဖြင့်ပစ်ခတ်လုပ်ကြံမှုမှလည်း ဘုရင်ဟူစိန် လွတ်မြောက်ခဲ့ဖူးသည်။ ဘုရင်က ထိခိုက်မှုမရှိဟုဆိုနိုင်သော်လည်း သူ၏ယာဉ်မောင်းမှာ ဒဏ်ရာရရှိခဲ့လေသည်။ အဆိုပါတိုက်ခိုက်မှုမှာ အန်မန်မြို့တော် အရှေ့မြောက်အရပ် ၁၂ မိုင်အကွာ ဆွီးလက် (Sweileh) ပြည်နယ်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ဘုရင်က ကားအတွင်းမှ ခုန်ထွက်၍ တိုက်ခိုက်သူများကို ပြန်လည်ပစ်ခတ်ခဲ့သည်။ ၁၉၉၉ ခုနှစ်၊ အသက် ၆၃ နှစ်အရွယ်တွင် ဂျောဒန်ဘုရင်ဟူစိန် ကင်ဆာရောဂါဖြင့်ကွယ်လွန်ခဲ့သည်။

အယ်ဘေးနီးယားဘုရင် ဇော့ (Zog)

သတ်ဖြတ်ရန်ကြိုးစားခြင်း ၅၅ ကြိမ် လွတ်မြောက်ခဲ့သည်။ တစ်ကြိမ်တွင် လုပ်ကြံသူကို ပြန်လည် ပစ်ခတ်သတ်ဖြတ်နိုင်ခဲ့သည်။ ဇော့ (၁) သို့မဟုတ် စကင်ဒါဘာ့ဂ် (၃) သည် ၁၉၂၈ မှ ၁၉၃၉ ခုနှစ်အထိ အယ်ဘေးနီးယား၏ ဘုရင်ဖြစ်သည်။ သူ၏နန်းသက်အတွင်း လုပ်ကြံသတ်ဖြတ်ရန် ကြိုးစားမှုပေါင်း ၅၅ ခုကျော်မှ အသက်ရှင်လွတ်မြောက်ခဲ့ခြင်းဖြင့် လူအများ လေးစားခန့်ညားခြင်းကို ခံခဲ့ရသည်။ ထိုထဲမှ တစ်ခုသည် ၁၉၃၁ ခုနှစ်တွင် ပက်ဂလီယာဆီ (Pagliacci) ဖျော်ဖြေပွဲအတွက် ဗီယန်နာ အော်ပရာရံသို့ ဇော့ အလည်အပတ်ရောက်ရှိစဉ်တွင် ဖြစ်ပွားခဲ့သည်။ လုပ်ကြံသတ်ဖြတ်သူက ဇော့ကားအတွင်းသို့ဝင်စဉ် တိုက်ခိုက်ခဲ့သည်။ သို့သော် သွားလေရာ ကိုယ်နှင့်မကွာ ယူသွားတတ်သည့် ပစ်စတိုဖြင့် ဇော့က ပြန်လည်ပစ်ခတ်ခဲ့ပြီး အသက်ချမ်းသာရာရခဲ့သည်။

ယာဆာအာရာဖတ်

ဗုံးခွဲတိုက်ခိုက်မှု အများအပြားမှ လွတ်မြောက်ခဲ့ပြီး လေယာဉ်ပျက်ကျမှုတစ်ကြိမ်မှလည်း လွတ်မြောက်ခဲ့သည်။ ယာဆာအာရာဖတ်ကို ပါလက်စတိုင်းခေါင်းဆောင်အဖြစ် အကြမ်းဖျင်းအားဖြင့် သိကြသည်။ သူ့သက်တမ်း တစ်လျှောက်တွင် လုပ်ကြံတိုက်ခိုက်မှုပေါင်းများစွာမှ လွတ်မြောက်ခဲ့သည်။ ၁၉၈၅ ခုနှစ်တွင် သစ်သားခြေထောက်စစ်ဆင်ရေး (Wooden Leg Operation) ၏ အစိတ်အပိုင်းတစ်ရပ်အနေဖြင့် သူ၏ဌာနချုပ်အပေါ်သို့ အစ္စရေးလေတပ်၏ F-15 ဗုံးကြဲတိုက်ခိုက်မှုမှ ပွတ်ကာသီကာ လွတ်မြောက်ခဲ့ပြီး အဆိုပါ တိုက်ခိုက်မှုတွင် လူပေါင်း ၇၃ ယောက် သေဆုံးခဲ့ရသည်။ တိုက်ခိုက်မှုဖြစ်ပွားစဉ် နံနက်က အာရာဖတ် လမ်းလျှောက်ထွက်နေသည့်အချိန်နှင့် တိုက်ဆိုင်နေခဲ့၍ ဖြစ်ပေသည်။ ကားတိုက်မှုတစ်ခုနှင့် ၁၉၉၂ ခုနှစ် ဧပြီလ ၇ ရက်နေ့က လစ်ဗျားကန္တာရအတွင်းသို့ သဲမုန်တိုင်းအတွင်း လေယာဉ်ပျက်ကျခြင်းမှလည်း အသက်ရှင်လွတ်မြောက်ခဲ့သေးသည်။

ထိုဖြစ်ရပ်တွင် လေယာဉ်မှူးနှစ်ဦးနှင့် အင်ဂျင်နီယာတစ်ဦး သေဆုံးခဲ့ပြီး အာရာဖတ်မှာလည်း ထိခိုက်ဒဏ်ရာရရှိပြီး တုန်လှုပ်ခြောက်ခြားခဲ့ရသည်။ ၂၀၀၄ ခုနှစ် နိုဝင်ဘာ ၁၁ ရက်၊ အသက် ၇၅ နှစ်အရွယ်တွင် ပါရီမြို့ဆေးရုံ၌ အာရာဖတ် ကွယ်လွန်ခဲ့သည်။ အာရာဖတ်သေဆုံးရသည့် အကြောင်းရင်းကို လုံး၀ သတင်းထုတ်ပြန်ခဲ့ခြင်းမရှိဘဲ ယနေ့ချိန်ထိ ပဟေဠိတစ်ခုအဖြစ် တည်ရှိနေသေး၏။ အစ္စရေးနှင့် နောက်ကွယ်တွင် တစ်နည်းနည်း ပတ်သက်နေနိုင်သည် ဟူသည့် မေးခွန်းထုတ်မှုများကို ပါလက်စတိုင်းအာဏာပိုင်များက အလျင်အမြန် ပယ်ချခဲ့သည်။ အာရာဖတ်သည် မိန်းမလျာတစ်ဦးတစ်သည်ဟု ဆယ်စုနှစ်တစ်စု ကြာမျှ ကောလာဟလအမျိုးမျိုး ပျံ့နှံခဲ့ပြီး သူ၏သေဆုံးမှုအပေါ် ခန့်မှန်းချက် အများစုနှင့် ပတ်သက်ဆက်နွယ်နေသည့် လျှို့ဝှက်အခြေအနေများအရ ၎င်းမှာ AIDS ရောဂါနှင့် သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ယူဆစရာ ဖြစ်နေပေသည်။

Leave a Reply