ကေမာၻဒီးယားၿမဳိ႕လယ္က ေၾကာက္စရာအေကာင္းဆုံးေနရာ ၊ခမာရုတုိ႔ရဲ႕ လူသတ္စက္  (သုိ႔) Tuol Sleng ျပတုိက္ရဲ႕သမုိင္း

Posted on

ဒီေနရာဟာ ကေမၻာဒီးယားႏိုင္ငံ ဖႏြမ္းပင္ၿမိဳ႕ရဲ႕ Phnom Penh မွာ႐ွိတဲ့ Tuol Sleng ဆိုတဲ့ျပတိုက္ျဖစ္ပါတယ္။ Tuol Sleng ဆိုတာကေတာ့ အဆိပ္ပင္ေတြနဲ႔ျပည့္ႏွက္ေနတဲ့ေတာင္လို႔ အဓိပၸါယ္ ရပါတယ္။ မူလကေတာ့ Chao Ponhea Yat အထက္တန္းေက်ာင္းျဖစ္ခဲ့ၿပီး ေက်ာင္းသားမ်ားမၾကာခဏ ကိုယ့္ကိုကိုယ္ သတ္ေသတာေတြ သရဲတေစၦ ဝင္ပူးတာေတြ ျဖစ္ခဲ့ပါတယ္။ အဲ့ဒီေနာက္1970 ဝန္းက်င္ ကေမၻာဒီးယား ျပည္တြင္းစစ္ကာလမွာ အက်ဥ္းေထာင္ အျဖစ္ အသံုးျပဳခဲ့ၿပီး အက်ဥ္းသားေပါင္း ၂၀၀၀၀ ခန္႔ကိုထား႐ွိခဲ့ပါတယ္။

ဒီေနရာကို ခမာနီအစိုးရလက္ထက္ (၁၉၇၅-၁၉၇၉) မွာ ညႇဥ္းပန္းႏွိပ္စက္ တဲ့စခန္း အျဖစ္အသြင္ေျပာင္းခဲ့ၿပီး လူေပါင္း၁၂၀၀၀ခန္႔ကို အစုလိုက္ အျပံဳလိုက္ သတ္ျဖတ္ခဲ့ပါတယ္။ ဘယ္ေလာက္ေတာင္မ်ားလိုက္သလဲဆိုရင္ အဲဒီတုန္းကေသြးကြက္ေတြဟာ ၾကမ္းျပင္ကို ယခုတိုင္စြန္းထင္း ေစၿပီး ေသြးညႇီနံေတာင္မေပ်ာက္ေသးဘူးလို႔ သြားေရာက္ခဲ့ဖူးသူမ်ားကဆိုပါတယ္။ ကေမၻာဒီးယား မွာ ဒီလိုလူသတ္ကြင္းေပါင္း ၃၀၀ခန္႔ ႐ွိတယ္လို႔သိရပါတယ္။ လူေပါင္းမ်ားစြာကို အဆက္မျပတ္ ရက္ရက္စက္စက္သတ္ျဖတ္တဲ့အတြက္ လူသတ္စက္(Killing machine) လုိ႔တင္စားေခၚေ၀ၚၾကပါတယ္။

ဒီလိုရက္စက္မႈ႔ေတြရဲ႕ အဓိကတရားခံကေတာ့ ပိုေပါ့ (Pol Pot) နဲ႔ သူ႔ရဲ႕ ခမာ႐ု (Khmer Rouge) ေတြရဲ႕ ကြန္ျမဴနစ္ပါတီ ႏိုင္ငံ ျပန္လည္ထူေထာင္ေရးစီမံကိန္းေၾကာင့္ျဖစ္ပါတယ္။ ဒီအစိုးရလက္ထက္မွာ လူေပါင္း ၁.၇ သန္းခန္႔ (ႏိုင္ငံလူဦးေရ၏၂၁ရာခိုင္ႏႈန္း)ေသေၾကခဲ့ရပါတယ္။ ကမၻာေပၚမွာ အရက္စက္ဆံုးလူသတ္ကြင္းအျဖစ္လည္း နာမည္ႀကီးပါတယ္။ ကေလး လူႀကီး လူငယ္ မေရြးဟာ ဒီေနရာမွာ နည္းေပါင္းစံုနဲ႔အသတ္ခံခဲ့ၾကရပါတယ္။ ဒီေနရာမွာ မီး႐ႈိ႕သတ္ျခင္း ၊ေရႏွစ္သတ္ျခင္း၊ လက္သည္းခံြကို ပလာယာျဖင့္ခြာျခင္း၊ လည္ပင္းကိုတံစို႔ျဖင့္႐ိုက္သတ္ျခင္း စတဲ့အလြန္ရက္စက္တဲ့နည္းေတြကိုသံုးခဲ့ပါတယ္။ ကမၻာမွာေတာ့ဒီျဖစ္ရပ္ဟာ Former Security Prison 21(S-21)လို႔ နာမည္ႀကီးပါတယ္။

အဲ့ဒီေနာက္မွာေတာ့ ဒီေနရာကိုျပတိုက္အျဖစ္ေျပာင္းလဲခဲ့ၿပီး ေသဆံုးသူေတြရဲ႕ ႐ုပ္ပံုေတြ၊ မွတ္တမ္းဓာတ္ပံုေတြ၊ လူဦးေခါင္းခြံအ႐ိုးေတြ၊ အသံုးအေဆာင္ပစၥည္း ေတြကိုျပသထားပါတယ္။ ဝိညာဥ္ ေတြကိုမၾကာခဏျမင္ရတာေတြ၊ ေသေၾကာင္းၾကံမႈေတြျဖစ္တာ၊ တခ်ိဳ႕ စိတ္ေနာက္သြားတာေတြ ဒီေနရာမွာထပ္ျဖစ္ခဲ့ပါတယ္။

တစ္ေယာက္တည္း မသြားသင့္တဲ့ေနရာျဖစ္ၿပီး သြားၿပီးသူတိုင္းကေတာ့ ေအာ္ဂလီဆန္စရာေနရာ၊ ေၾကာက္စရာ အေကာင္းဆံုးေနရာ၊ ေၾကကဲြေက်ာခ်မ္းဖြယ္ ေနရာဟုသံုးသပ္ၾကပါတယ္။ ဒီျပတိုက္ရဲ႕ အဝ မွာ မူလကဖမ္းဆီးခံခဲ့ရတဲ့ အက်ဥ္းသားေတြအတြက္ စည္းကမ္းခ်က္ေတြကိုေရးထားပါတယ္။ ေမးသမွ်ေမးခြန္းေတြကို ခ်က္ခ်င္းေျဖပါ၊ မလိမ္မညာမလွည့္စားနဲ႔ ၊ သိထားတာေတြကိုဖုံးကြယ္ဖုိ႔ မႀကဳိးစားနဲ႔ ၊ အမိန္႔မရမခ်င္းမလႈပ္မယွက္ထုိင္ေနပါ ၊ ႏွိပ္စက္တဲ့အခါ မငိုရ ၊ အထက္ပါအခ်က္ေတြကုိ မလုိက္နာပါက ႀကိမ္ဒါဏ္ရုိက္ခံရႏုိင္သလုိ ၊ လွ်ပ္စစ္နဲ႔ေရွာ့ရုိက္ျခင္းေတြကုိခံရမွာျဖစ္ပါတယ္။

——————–

 

ကမ္ဘောဒီးယားမြို့လယ်က ကြောက်စရာအကောင်းဆုံးနေရာ ၊ခမာရုတို့ရဲ့ လူသတ်စက် (သို့) Tuol Sleng ပြတိုက်ရဲ့သမိုင်း(unicode)

ဒီနေရာဟာ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့ရဲ့ Phnom Penh မှာရှိတဲ့ Tuol Sleng ဆိုတဲ့ပြတိုက်ဖြစ်ပါတယ်။ Tuol Sleng ဆိုတာကတော့ အဆိပ်ပင်တွေနဲ့ပြည့်နှက်နေတဲ့တောင်လို့ အဓိပ္ပါယ် ရပါတယ်။ မူလကတော့ Chao Ponhea Yat အထက်တန်းကျောင်းဖြစ်ခဲ့ပြီး ကျောင်းသားများမကြာခဏ ကိုယ့်ကိုကိုယ် သတ်သေတာတွေ သရဲတစ္ဆေ ဝင်ပူးတာတွေ ဖြစ်ခဲ့ပါတယ်။ အဲ့ဒီနောက်1970 ဝန်းကျင် ကမ္ဘောဒီးယား ပြည်တွင်းစစ်ကာလမှာ အကျဉ်းထောင် အဖြစ် အသုံးပြုခဲ့ပြီး အကျဉ်းသားပေါင်း ၂၀၀၀၀ ခန့်ကိုထားရှိခဲ့ပါတယ်။

ဒီနေရာကို ခမာနီအစိုးရလက်ထက် (၁၉၇၅-၁၉၇၉) မှာ ညှဉ်းပန်းနှိပ်စက် တဲ့စခန်း အဖြစ်အသွင်ပြောင်းခဲ့ပြီး လူပေါင်း၁၂၀၀ဝခန့်ကို အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့ပါတယ်။ ဘယ်လောက်တောင်များလိုက်သလဲဆိုရင် အဲဒီတုန်းကသွေးကွက်တွေဟာ ကြမ်းပြင်ကို ယခုတိုင်စွန်းထင်း စေပြီး သွေးညှီနံတောင်မပျောက်သေးဘူးလို့ သွားရောက်ခဲ့ဖူးသူများကဆိုပါတယ်။ ကမ္ဘောဒီးယား မှာ ဒီလိုလူသတ်ကွင်းပေါင်း ၃၀ဝခန့် ရှိတယ်လို့သိရပါတယ်။ လူပေါင်းများစွာကို အဆက်မပြတ် ရက်ရက်စက်စက်သတ်ဖြတ်တဲ့အတွက် လူသတ်စက်(Killing machine) လို့တင်စားခေါ်ဝေါ်ကြပါတယ်။

ဒီလိုရက်စက်မှု့တွေရဲ့ အဓိကတရားခံကတော့ ပိုပေါ့ (Pol Pot) နဲ့ သူ့ရဲ့ ခမာရု (Khmer Rouge) တွေရဲ့ ကွန်မြူနစ်ပါတီ နိုင်ငံ ပြန်လည်ထူထောင်ရေးစီမံကိန်းကြောင့်ဖြစ်ပါတယ်။ ဒီအစိုးရလက်ထက်မှာ လူပေါင်း ၁.၇ သန်းခန့် (နိုင်ငံလူဦးရေ၏၂၁ရာခိုင်နှုန်း)သေကြေခဲ့ရပါတယ်။ ကမ္ဘာပေါ်မှာ အရက်စက်ဆုံးလူသတ်ကွင်းအဖြစ်လည်း နာမည်ကြီးပါတယ်။ ကလေး လူကြီး လူငယ် မရွေးဟာ ဒီနေရာမှာ နည်းပေါင်းစုံနဲ့အသတ်ခံခဲ့ကြရပါတယ်။ ဒီနေရာမှာ မီးရှို့သတ်ခြင်း ၊ရေနှစ်သတ်ခြင်း၊ လက်သည်းခွံကို ပလာယာဖြင့်ခွာခြင်း၊ လည်ပင်းကိုတံစို့ဖြင့်ရိုက်သတ်ခြင်း စတဲ့အလွန်ရက်စက်တဲ့နည်းတွေကိုသုံးခဲ့ပါတယ်။ ကမ္ဘာမှာတော့ဒီဖြစ်ရပ်ဟာ Former Security Prison 21(S-21)လို့ နာမည်ကြီးပါတယ်။

အဲ့ဒီနောက်မှာတော့ ဒီနေရာကိုပြတိုက်အဖြစ်ပြောင်းလဲခဲ့ပြီး သေဆုံးသူတွေရဲ့ ရုပ်ပုံတွေ၊ မှတ်တမ်းဓာတ်ပုံတွေ၊ လူဦးခေါင်းခွံအရိုးတွေ၊ အသုံးအဆောင်ပစ္စည်း တွေကိုပြသထားပါတယ်။ ဝိညာဉ် တွေကိုမကြာခဏမြင်ရတာတွေ၊ သေကြောင်းကြံမှုတွေဖြစ်တာ၊ တချို့ စိတ်နောက်သွားတာတွေ ဒီနေရာမှာထပ်ဖြစ်ခဲ့ပါတယ်။

တစ်ယောက်တည်း မသွားသင့်တဲ့နေရာဖြစ်ပြီး သွားပြီးသူတိုင်းကတော့ အော်ဂလီဆန်စရာနေရာ၊ ကြောက်စရာ အကောင်းဆုံးနေရာ၊ ကြေကွဲကျောချမ်းဖွယ် နေရာဟုသုံးသပ်ကြပါတယ်။ ဒီပြတိုက်ရဲ့ အဝ မှာ မူလကဖမ်းဆီးခံခဲ့ရတဲ့ အကျဉ်းသားတွေအတွက် စည်းကမ်းချက်တွေကိုရေးထားပါတယ်။ မေးသမျှမေးခွန်းတွေကို ချက်ချင်းဖြေပါ၊ မလိမ်မညာမလှည့်စားနဲ့ ၊ သိထားတာတွေကိုဖုံးကွယ်ဖို့ မကြိုးစားနဲ့ ၊ အမိန့်မရမချင်းမလှုပ်မယှက်ထိုင်နေပါ ၊ နှိပ်စက်တဲ့အခါ မငိုရ ၊ အထက်ပါအချက်တွေကို မလိုက်နာပါက ကြိမ်ဒါဏ်ရိုက်ခံရနိုင်သလို ၊ လျှပ်စစ်နဲ့ရှော့ရိုက်ခြင်းတွေကိုခံရမှာဖြစ်ပါတယ်။

Leave a Reply