Annabelle ေခၚ မိစာၦအရုပ္တစ္ရုပ္၏ အတၳဳပၸတိၱ

Posted on

Translated by #DrAung

“The Warren မိသားစု”
အလြန္တရာ ထူးဆန္းၿပီး ေၾကာက္မက္ဖြယ္ေကာင္းတဲ႔ Amityville case ပုဏၰကတိုက္မႈအား ေျဖရွင္းအၿပီး Ed ႏွင့္ Lorraine Warren တို႔ရဲ႕ ဂုဏ္သတင္းဟာ တမုဟုတ္ခ်င္းေက်ာ္ၾကားလာခဲ႔တာပါ။ { စကားခ်ပ္။ ။ ေနာက္အပိုင္းမ်ားတြင္ Amityville case အား အလ်ည္းသင့္သလို ျပန္လည္ေဖာ္ျပေပးသြားမည္ျဖစ္ပါသည္။} ဒါေၾကာင့္လည္း ယခုအမ်ိဳးသမီး ၂ ဦးအား မိစာၦအရုပ္တစ္ရုပ္မွ ေျခာက္လွန္႔တိုက္ခိုက္တဲ႔ အမႈကိစၥကို ကူညီအေျဖရွာေပးဖို႔ သူတို႔လင္မယား ၂ ေယာက္ အဖိတ္ေခၚခံရျပန္ပါၿပီ။ အသက္ခႏၶာမရွိတဲ႔ အရုပ္တစ္ရုပ္က လူသားစင္စစ္ကို ျပန္ၿပီးေျခာက္လွန္႔တယ္ဆိုတာ သာမာန္လူသားေတြအဖို႔ အထူးအဆန္းျဖစ္ေကာင္းျဖစ္ႏိူင္ေပမယ့္ Warren တို႔လင္မယားအတြက္ေတာ့ မဟုတ္ခဲ႔ပါဘူး။ ယခု သူတို႔ေျဖရွင္းရမယ့္ ပုဏၰကတိုက္မႈဟာ ေနာင္ႏွစ္ေပါင္း ၄၀ အၾကာမွာ ေဟာလိဝုဒ္ပိတ္ကားထက္ေရာက္သည္အထိ ေၾကာက္မက္စိတ္လႈပ္ရွားဖြယ္ေကာင္းလိမ့္မယ္ဆိုတာ Ed နဲ႔ Lorraine တို႔ လင္မယားလည္း ႀကိဳတင္သိရွိႏိူင္စြမ္း မရွိခဲ႔တာအမွန္ပါ……

“လာျခင္းမေကာင္းေသာ လက္ေဆာင္တစ္ထုပ္”
အခ်ိန္ကား ၁၉၇၀ ခုႏွစ္။ ရက္စြဲကား အတိအက်မသိေတာ့…
အမ်ိဳးသမီးႀကီးတစ္ေယာက္ သူနာျပဳေက်ာင္းမွ ဘြဲ႕ရရွိေတာ့မည့္ သမီးငယ္ Donna အတြက္ ေရွးေဟာင္းပစၥည္းအေရာင္းဆိုင္အတြင္း မည္သည္ကို ေမြးေန႔လက္ေဆာင္အျဖစ္ ဝယ္ယူလ်င္ေကာင္းမည္နည္းဟု ေတြးေတာကာ စဥ္းစားရက်ပ္ေနေလသည္။ ေခ်ာင္က်က်ေနရာ အေရာက္တြင္ Raggedy Ann အမ်ိဳးအစားအရုပ္ကေလးအားေတြ႕ျမင္ၿပီး သူမေခါင္းထဲ အေတြးစတစ္ခုလင္းလက္သြားသည္။ ငယ္ကတည္းက အရုပ္ကေလးမ်ားအား ခ်စ္ျမတ္ႏိူးတတ္ေသာ Donna အတြက္ အသင္ေတာ္ဆံုး ေမြးေန႔လက္ေဆာင္ျဖစ္မည္ဟု ေရြးခ်ယ္ကာဝယ္ယူခဲ႔ေလသည္။ Donna မွလည္း သူမ မိခင္၏ လက္ေဆာင္အရုပ္ကေလးအား ဝမ္းသာအားရလက္ခံကာ သူမ၏အေဆာင္ခန္းသို႔ သူမႏွင့္အတူ သယ္ေဆာင္လာခဲ႔ပါသည္။ ထို အရုပ္ကေလးေၾကာင့္ တုန္လႈပ္ေျခာက္ျခားဖြယ္အျဖစ္မ်ား ေရွ႕ေလ်ာက္ျဖစ္ေပၚလာမလဲဆိုတာ ဆက္လက္ေလ့လာၾကည့္ရေအာင္လားဗ်ာ။

“ထူးဆန္းေသာ Raggedy Ann အရုပ္တစ္ရုပ္”
Donna သည္ တိုက္ခန္းတစ္ခုတြင္ အခန္းေဖာ္သူငယ္ခ်င္း Angie ႏွင့္ အတူေနထိုင္လ်က္ရွိၿပီး လက္ေဆာင္အရုပ္ကေလးအား သူမအိပ္ယာေပၚတြင္ သူမႏွင့္အတူ ထားေလ့ရွိပါသည္။ အရုပ္ကေလးလက္ခံရရွိခ်ိန္ တစ္ပတ္အတြင္း မည္သည့္ထူးဆန္းမႈတစ္စံုတစ္ရာမွ မေတြ႕ရေသာ္လည္း အခ်ိန္ၾကာလာသည္ႏွင့္အမ် Donna ႏွင့္ Angie တို႔ သူငယ္ခ်င္း ၂ ေယာက္သည္ Raggedy Ann အရုပ္ကေလး၏ ေႏွာက္ယွက္မႈကို တစ္ေျဖးေျဖး ႀကံဳေတြ႕လာရပါေတာ့သည္။ သူမတို႔ ၂ ေယာက္ အိမ္တြင္မရွိခ်ိန္တြင္ အရုပ္၏ အေနအထားေျပာင္းေနျခင္း, အရုပ္အား ထားရွိသည့္ အခန္း,ေနရာတို႔ အလိုအေလ်ာက္ ေျပာင္းေရြ႕ေနျခင္း တုိ႔ကို ေျခာက္ျခားဖြယ္သတိျပဳမိလာၾကသည္။ ထို႔ထက္ဆိုးသည္ကား ညသန္းေခါင္ယံအခ်ိန္မ်ားတြင္ ထိုအရုပ္အား ပက္လပ္ကုလားထိုင္တြင္ ေျခခ်ိတ္လက္ခ်ိတ္၍ ထိုင္ေနသည္ကို ေတြ႕မိျခင္း, မီးဖိုေဆာင္တြင္ မတ္တပ္အေနအထားျဖင့္ ေတြ႕မိျခင္း, အလုပ္မသြားမွီ အခန္းျပင္ဘက္ရွိ ထိုင္ခံုတြင္တင္ထားခဲ႔ေသာ္လည္း အလုပ္မွအိမ္သို႔ ျပန္ေရာက္ရွိခ်ိန္မ်ားတြင္ Donna ၏ အိပ္ခန္းထဲတြင္ က်က်နနျပန္လည္ ေရာက္ေနျခင္း အစရွိသည့္ ထိတ္လန္႔ဖြယ္ရာမ်ားႏွင့္ ႀကံဳေတြ႕လာရပါေတာ့သည္။

“တမလြန္မွ အမွာစာမ်ား”
သူငယ္ခ်င္း ၂ ေယာက္သည္ တေျဖးေျဖး ေၾကာက္ရြံ႕ထိတ္လန္႔လာၿပီး တိုက္ခန္းသို႔ Lou ဟုေခၚေသာ သူမတို႔ယံုၾကည္ရသည့္ ေယာက္်ားေလးသူငယ္ခ်င္းအား ေခတၱေခဏမ် ေျပာင္းေရြ႕ေနထိုင္ေစခဲ႔ပါသည္။ Donna ႏွင့္ Angie တို႔သည္ အရုပ္၏ ေနရာထိုင္ခင္းအလိုလိုေရြ႕ေနမႈ, ရုတ္တရက္ အသက္ဝင္လာမႈတို႔အား စိတ္ေျခာက္ျခားမႈသက္သက္အျဖစ္သာ ထင္မွတ္ေနခဲ႔ၾကေသာ္လည္း Lou ကမူ ထုိအရုပ္အား ေတြ႕လ်င္ေတြ႕ျခင္း မေကာင္းေသာအႏုတ္သေဘာေဆာင္ အေငြ႕အသက္မ်ား ျပင္းျပင္းထန္ထန္ခံစားရေၾကာင္း ထုတ္ေဖာ္ေျပာၾကားခဲ႔သည္။ ေျခာက္ျခားမႈမ်ားသည္ တစ္ေန႔ထက္တစ္ေန႔ ပိုမိုဆိုးရြားလာၿပီး စာေရးသားေရခ်ပ္ေပၚတြင္ ကေလးလက္ေရးျဖင့္ ေရးျခစ္ထားေသာ ‘HELP US’, ‘MISS ME?’ အစရွိေသာ စာတိုမ်ားကို သူတို႔ ၃ ဦးထဲမွ မည္သူမ်ေရးသားျခင္း မရွိပဲ တိုက္ခန္းအတြင္းတြင္ ေတြ႕ရွိလာရပါသည္။ ထို စာတိုမ်ားသည္ အရုပ္မွေန၍ မိမိတို႔ လူသားမ်ားအား တမလြန္မွ အဆက္အသြယ္ျပဳလုပ္ေနသည္ဟု Lou မွ ယူဆေသာ္လည္း တမလြန္အားအယံုအၾကည္မရွိသည့္ သူနာျပဳမ်ားျဖစ္သည့္ Donna ႏွင့္ Angie တို႔သည္ တစ္စံုတစ္ေယာက္မွ သူမတို႔အား ေၾကာက္လန္႔ေအာင္ စေနာက္ေျခာက္လွန္႔ေနျခင္းျဖစ္မည္ဟု ထင္ျမင္ေနဆဲျဖစ္သည္။ ထို႔ေၾကာင့္ သူမတို႔၏ တိုက္ခန္းေသာ့မ်ား ျပတင္းတံခါးမ်ားအား လံုၿခံဳေရးတိုးျမင့္၍ ေစာင့္ၾကည့္ေလ့လာရာတြင္လည္း ထိုစာတိုေလးမ်ားမွာ ေရာက္ရွိေနၿမဲျဖစ္သည္ကို ေျခာက္ျခားဖြယ္ေတြ႕ျမင္လာရပါသည္။ တစ္ေန႔တြင္ Donna သည္ ဧည့္ခန္းအတြင္းရွိ ရုပ္ထုတစ္ခုသည္ အနားတြင္တစ္စံုတစ္ဦးမ်မရွိပဲ ေလထဲသို႔အလိုအေလ်ာက္ၾကြတက္ကာ ျပန္လည္ျပဳတ္က်သည့္ ပုဏၰကတိုက္ျခင္းမ်ိဳးအား မ်က္ဝါးထင္ထင္ႀကံဳေတြ႕ၿပီးမွသာ ထိုအရုပ္ေၾကာင့္ သဘာဝလြန္ျဖစ္ရပ္မ်ား ျဖစ္ေပၚလာရသည္ဟု ယံုၾကည္လာခဲ႔ပါသည္။ ထိုအခ်ိန္မွစ၍ ပိုမိုထိတ္လန္႔ဖြယ္ေကာင္းေသာ ပုဏၰကတိုက္မႈမ်ား တိုက္ခန္းငယ္အတြင္း ႀကံဳေတြ႕လာရပါေတာ့သည္။

“ေသြးစြန္းေနေသာ အရုပ္”
ထိုကဲ႔သို႔ေသာ ေၾကာက္မက္ဖြယ္အျဖစ္အပ်က္မ်ား ၂ လခန္႔ႀကံဳေတြ႕ခဲ႔ၾကၿပီးေနာက္ သူနာျပဳေက်ာင္းမွ ပင္ပန္းႏြမ္းနယ္စြာျပန္လာခဲ႔ၾကေသာ Donna ႏွင့္ Angie တို႔သည္ အလိုအေလ်ာက္ ေနရာေရြ႕ေျပာင္းေနေသာ အရုပ္အားအထူးတလည္ ေျခာက္ျခားေနျခင္းမရွိေတာ့ေသာ္လည္း အရုပ္၏လက္တြင္ စြန္းေပေနေသာ ေသြးမ်ားႏွင့္ ရင္ဘတ္တြင္ေပက်ံေနေသာ ေသြးစက္ ၃ စက္တိတိကို ျမင္ေတြ႕လိုက္ခ်ိန္မွစၿပီး သဘာဝလြန္ျဖစ္ရပ္မ်ားတြင္ အေတြ႕အႀကံဳရွိသူ၏ အကူအညီကိုရယူသင့္ၿပီျဖစ္ေၾကာင္း ဆံုးျဖတ္ခ်က္ခ်လိုက္ၿပီျဖစ္သည္။

“ၾကားခံ နတ္ဝင္သည္ႏွင့္ အဆက္အသြယ္ျပဳျခင္း”
အရုပ္တြင္ ေသြးစြန္းေနေသာ အျဖစ္အပ်က္မွစတင္ၿပီး Donna ႏွင့္ Angie တို႔သည္ ေသၿပီးသူမ်ားႏွင့္ ဆက္သြယ္ႏိူင္သည္ဟု နာမည္ႀကီးေသာ ၾကားခံနတ္ဝင္သည္အမ်ိဳးသမီးအား ငွားရမ္းကာ သူမတို႔တိုက္ခန္း၌ ထိုအရုပ္တြင္ ပူးကပ္ေနေသာ ဝိဥာည္ႏွင့္ ဆက္သြယ္ရန္ႀကိဳးစားၾကေလသည္။ ၾကားခံနတ္ဝင္သည္၏ စြမ္ေဆာင္မႈေၾကာင့္ အရုပ္တြင္ပူးကပ္ေနသည္မွာ ၇ ႏွစ္အရြယ္သမီး Annabelle Higgins ၏ ဝိဥာည္ျဖစ္ေၾကာင္း, သူမသည္ ဤတိုင္ခန္းႀကီးမေဆာက္မွီကတည္းကပင္ ဤပတ္ဝန္းက်င္တြင္ ကစားေပ်ာ္ေမြ႕ခဲ႔ေၾကာင္း, သူမေသဆံုးခ်ိန္တြင္ ဤ Reggedy Ann အရုပ္ကေလးႏွင့္အတူ ေသဆံုးခဲ႔ေသာေၾကာင့္ ယခုသူမႏွစ္သက္ေသာအရုပ္ကေလးႏွင့္ သူမက်င္လည္ေဆာ့ကစားခဲ႔ရာ ပတ္ဝန္းက်င္တြင္ ပူးကပ္စြဲၿမဲေနခဲ႔ေၾကာင္း သိရွိရေလသည္။ ထို႔အျပင္ သူမ အခန္းတြင္းအလိုအေလ်ာက္ေရြ႕လ်ားျခင္း, စာတိုေရးသားသတင္းပို႔ျခင္းတို႔မွာ သူမတို႔အား ေျခာက္လွန္႔လို၍ မဟုတ္ပဲ အဆက္အသြယ္ျပဳလို၍ ျဖစ္ေၾကာင္းႏွင့္ သူမတို႔ ၂ ေယာက္ႏွင့္အတူ ဤ အရုပ္ေလးထဲတြင္ ပူးကပ္ေနထိုင္ခြင့္ျပဳရန္ ေတာင္းဆိုလိုက္သည္။ လူနာမ်ား၏ ေဝဒနာမ်ားကို ျမင္ေတြ႕ကိုယ္ခ်င္းစာေလ့ရွိေသာ Donna ႏွင့္ Angie တို႔သည္ ၇ ႏွစ္အရြယ္ Annabelle အားသနားစိတ္ပိုကာ သူတို႔ႏွင့္အတူတိုက္ခန္းထဲတြင္ ေနထိုင္ခြင့္ျပဳလိုက္ၿပီး ထိုအရုပ္ကေလးအားလည္း Annabelle ဟု အမည္ေခၚတြင္လိုက္သည္။ သနားၾကင္နာတတ္ေသာ မိန္းကေလး ၂ ဦးသည္ ထိုကဲ႔သို႔ ခြင့္ျပဳလိုက္သည့္အခ်ိန္မွစ၍ ေၾကာက္မက္ဖြယ္ေကာင္းေသာ အမွားအယြင္းတစ္ခုကို ျပဳလုပ္လိုက္ၿပီျဖစ္ေၾကာင္း သူတို႔ကိုယ္တိုင္လည္း သတိျပဳမိျခင္းမရွိလိုက္ပါေခ်။

“ဝင္ေရာက္လာေသာ အိမ္မက္ဆိုးမ်ား”
မိန္းကေလး ၂ ဦးသည္ Annabelle အား စတင္လက္ခံထားခ်ိန္မွစ၍ စိတ္သက္ေတာင့္သက္သာ ေနထိုင္ႏိူင္ေသာ္လည္း Lou ကမူ ၎မသိစိတ္ထဲ၌ Annabelle ေၾကာင့္ မိမိတို႔တစ္ေန႔ေန႔ ဒုကၡႀကံဳေတြ႕ႏိူင္ေၾကာင္း ခံစားမိၿပီး ေနမထိထိုင္မသာ ျဖစ္ေနေလသည္။ ထို႔ေၾကာင့္ Annabelle ပူးကပ္ေနထိုင္သည့္ အရုပ္အား ေဝးရာသို႔စြန္႔ပစ္ရန္ Donna အား နားခ်ေသာ္လည္း ထိုအရုပ္အား စြန္႔ပစ္ျခင္းသည္ အသက္ ၇ ႏွစ္သာရွိသည့္ Annabelle Higgins အားစြန္႔ပစ္သည္ႏွင့္တူသည္ဟုဆိုကာ Lou ၏ ေျပာဆိုခ်က္အား ျငင္းဆန္ခဲ႔သည္။ ထိုသို႔ အႀကိမ္ႀကိမ္စြန္႔ပစ္ရန္ေျပာဆိုေနမႈမ်ားကို Annabelle မွ သိေနသကဲ႔သို႔ Lou အား မေက်နပ္သည့္အလား Annabelle မွ အိမ္မက္ဆိုးမ်ားျဖင့္ ေႏွာက္ယွက္တတ္သည္ဟု Lou မွ ျပန္ေျပာင္းေျပာဆိုခဲ႔ပါသည္။ တစ္ေန႔ည ၁၁ နာရီခန္႔အခ်ိန္ တိုက္ခန္းတြင္ Donna ရွိမေနပဲ Lou ႏွင့္ Angie သည္ ေနာက္တစ္ေန႔ ေပ်ာ္ပြဲစားခရီးစဥ္အတြက္ အထုပ္အပိုးမ်ား ျပင္ဆင္လ်က္ရွိသည္။ ထိုအခ်ိန္တြင္ Donna ၏ အခန္းထဲမွ ဒုန္းကနဲ အသံတစ္ခုၾကား၍ သူတို႔ ၂ ဦးေျပးၾကည့္ရာ အခန္းေထာင့္တြင္ ေခြေခြေလးက်ေနေသာ Annabelle အားေတြ႕ရေလသည္။ Lou လည္း မဝံ႔မရဲျဖင့္ Annabelle အနားကပ္ၾကည့္ရာ ၎၏အေနာက္ဘက္မွတစ္စံုတစ္ေယာက္က ဆြဲလိုက္သကဲ႔သို႔ ခံစားရသျဖင့္ လွည့္ၾကည့္လိုက္ရာ တစ္စံုတစ္ေယာက္မွမေတြ႕ရဘဲ ရင္ဘတ္ေရွ႕မွ ပူျပင္းစူးရွစြာခံစားရသျဖင့္ Lou မွာ ၾကမ္းျပင္၌လူးလိမ္႔သြားသည္။ ၿပီးေနာက္ Lou ၏ ရင္ဘတ္တြင္ေသြးကြက္မ်ား ဆို႔လာသျဖင့္အက်ၤ ီခြ်တ္ၾကည့္ရာ ရင္ဘတ္၌ အလ်ားလိုက္ ျခစ္ရာ ၄ ေၾကာင္းႏွင့္ ေဒါင္လိုက္ျဖစ္ရာ ၃ ေၾကာင္းအား အံ႔ဖြယ္ေတြ႕ရွိလိုက္ရသည္။ ပိုမိုထူးဆန္းသည္မွာ ထိုအရာမ်ားသည္ ေနာက္ ၄၈ နာရီအတြင္း ေျခရာလက္ရာမက်န္ပဲ လံုးဝေပ်ာက္ကြယ္သြားျခင္းပင္ျဖစ္သည္။ ေနာက္ဆံုး သူငယ္ခ်င္း ၃ ေယာက္သည္ မိမိတို႔ရင္ဆိုင္ေနရသည္မွာ ၇ ႏွစ္အရြယ္ ဝိဥာည္သက္သက္မဟုတ္ပဲ ယင္းထက္မ်ားစြာဆိုးရြားႏိူင္ေၾကာင္း သေဘာေပါက္လာကာ တမလြန္ေလာကႏွင့္ ပက္သက္၍ အေတြ႕အႀကံဳရွိသူမ်ားကို အကူအညီေတာင္းရန္ ႀကိဳးစားလာပါေတာ့သည္။

“Warrens မိသားစုႏွင့္ ေတြ႕ဆံုျခင္း”
ဘုန္းေတာ္ႀကီးမ်ား၏ အဆက္အသြယ္မွတဆင့္ Donna သည္ နာမည္ေက်ာ္ Ed ႏွင့္ Lorraine Warren တို႔ႏွင့္ေတြ႕ဆံုခြင့္ရခဲ႔ေလသည္။ Warrens မိသားစုသည္ Annabelle ႏွင့္ တိုက္ရိုက္ထိေတြ႕ ပက္သက္ခဲ႔ေသာ Donna, Angie ႏွင့္ Lou တို႔အား အေသးစိတ္ေမးျမန္းျခင္း, အရုပ္ႏွင့္ တိုက္ခန္းအတြင္း သဘာဝလြန္စမ္းသပ္စစ္ေဆးမႈမ်ား ျပဳလုပ္အၿပီး Annabelle သည္ ၎တို႔ထင္ထားသကဲ႔သို႔ ၇ ႏွစ္အရြယ္ ဝိဥာည္သက္သက္မဟုတ္ေၾကာင္း ေကာက္ခ်က္ခ်ႏိူင္ခဲ႔ၾကသည္။ Warrens မိသားစုမွ ယင္းမေကာင္းေသာ ဝိဥာည္သည္ ၇ ႏွစ္အရြယ္ကေလး ဝိဥာည္ဟု ယံုၾကည္ေအာင္ မိန္းကေလးမ်ားအား လွည့္စားထားျခင္းျဖစ္ေၾကာင္း, ၎ဝိဥာည္သည္ အရုပ္ထဲတြင္သာ ပူးကပ္ေနခ်င္သည္မဟုတ္ပဲ လူသားစင္စစ္ကိုပါ ပူးကပ္ႏိူင္ေအာင္ ႀကံစည္ေနေၾကာင္းႏွင့္ ခန္႔မွန္းေျခ ေနာက္ ၂-၃ ပတ္အတြင္း တိုက္ခန္းအတြင္းရွိ လူသားမ်ားကိုပင္ အႏၲရာယ္ျပဳႏိူင္သည္အထိ ႀကီးထြားလာႏိူင္ေၾကာင္း ေျပာဆိုၾကသည္။ ထို႔ေနာက္ Ed ႏွင့္ Lorraine Warren တို႔မွ လိုအပ္သည့္ အိမ္တြင္းသန္႔စင္မႈႏွင့္ အရုပ္တြင္ကပ္ၿငိေနေသာ ဝိဥာည္ဖယ္ရွားမႈတို႔ကို ျပဳလုပ္ခဲ႔ေလသည္။ သို႔ေသာ္ Annabelle တြင္ ကပ္ၿငိေနေသာ မေကာင္းသည့္ဝိဥာည္သည္ အၿပီးတိုင္ထြက္ခြာမသြားမည္ကို သံသယရွိေသာေၾကာင့္ Warrens မိသားစုမွ Annabelle အရုပ္အား ေတာင္းခံရာ Donna မွလည္း အလ်င္အျမန္ပင္ လက္ခံခဲ႔ေလသည္။ Warrens မိသားစုမွလည္း ၎တို႔ဘဝ၏ အခက္ခဲဆံုးအမႈထဲမွ တစ္ခုျဖစ္သည့္ Annabelle အတြက္ ဖန္ေခါင္းတလားအထူးတည္ေဆာက္ကာ Connecticut, Monroe ၿမိဳ႕ရွိ Warrens မိသားစု ေမွာ္ႏွင့္ ဂမ႓ီရျပခန္းတြင္ ယေန႔ထက္တိုင္ ျပသထားလ်က္ရွိေနပါေတာ့သည္။

ဤသို႔ဆိုလ်င္
# Monroe ၿမိဳ႕ ျပတိုက္ထဲက Annabelle အရုပ္ထဲမွာ မေကာင္းဆိုးဝါး ဝိဥာည္ေတြဟာ တကယ္သန္႔စင္ကြယ္ေပ်ာက္သြားၿပီလား?
# အသက္ ၇ ႏွစ္အရြယ္ Annabelle Higgins ကေကာ ဒီအရုပ္ထဲ တစ္ကယ္ပူးကပ္ေနခဲ႔တာလား?
# အကယ္၍ Warrens မိသားစုလက္က လႊတ္ေျမာက္သြားရင္ေကာ ဝင္ေရာက္ပူးကပ္ဖို႔ သခင္အသစ္ရွာေဖြဦးမွာလား?ဆိုတာေတြကေတာ့ Annabelle Higgins မွလႊဲ၍ မည္သူတစ္ဦးတစ္ေယာက္မွ မေျဖရွင္းႏိူင္ေသာ ပေဟဌိပုစၦာတစ္ပုဒ္အျဖစ္ က်န္ရွိေနဦးမွာျဖစ္ပါေၾကာင္း…….

Translated by #DrAung

—————-

Annabelle ခေါ် မိစ္ဆာအရုပ်တစ်ရုပ်၏ အတ္ထုပတ္တိ (unicode)

Translated by #DrAung

“The Warren မိသားစု”
အလွန်တရာ ထူးဆန်းပြီး ကြောက်မက်ဖွယ်ကောင်းတဲ့ Amityville case ပုဏ္ဏကတိုက်မှုအား ဖြေရှင်းအပြီး Ed နှင့် Lorraine Warren တို့ရဲ့ ဂုဏ်သတင်းဟာ တမုဟုတ်ချင်းကျော်ကြားလာခဲ့တာပါ။ { စကားချပ်။ ။ နောက်အပိုင်းများတွင် Amityville case အား အလျည်းသင့်သလို ပြန်လည်ဖော်ပြပေးသွားမည်ဖြစ်ပါသည်။} ဒါကြောင့်လည်း ယခုအမျိုးသမီး ၂ ဦးအား မိစ္ဆာအရုပ်တစ်ရုပ်မှ ခြောက်လှန့်တိုက်ခိုက်တဲ့ အမှုကိစ္စကို ကူညီအဖြေရှာပေးဖို့ သူတို့လင်မယား ၂ ယောက် အဖိတ်ခေါ်ခံရပြန်ပါပြီ။ အသက်ခန္ဓာမရှိတဲ့ အရုပ်တစ်ရုပ်က လူသားစင်စစ်ကို ပြန်ပြီးခြောက်လှန့်တယ်ဆိုတာ သာမာန်လူသားတွေအဖို့ အထူးအဆန်းဖြစ်ကောင်းဖြစ်နိူင်ပေမယ့် Warren တို့လင်မယားအတွက်တော့ မဟုတ်ခဲ့ပါဘူး။ ယခု သူတို့ဖြေရှင်းရမယ့် ပုဏ္ဏကတိုက်မှုဟာ နောင်နှစ်ပေါင်း ၄၀ အကြာမှာ ဟောလိဝုဒ်ပိတ်ကားထက်ရောက်သည်အထိ ကြောက်မက်စိတ်လှုပ်ရှားဖွယ်ကောင်းလိမ့်မယ်ဆိုတာ Ed နဲ့ Lorraine တို့ လင်မယားလည်း ကြိုတင်သိရှိနိူင်စွမ်း မရှိခဲ့တာအမှန်ပါ…….

 

“လာခြင်းမကောင်းသော လက်ဆောင်တစ်ထုပ်”
အချိန်ကား ၁၉၇၀ ခုနှစ်။ ရက်စွဲကား အတိအကျမသိတော့…
အမျိုးသမီးကြီးတစ်ယောက် သူနာပြုကျောင်းမှ ဘွဲ့ရရှိတော့မည့် သမီးငယ် Donna အတွက် ရှေးဟောင်းပစ္စည်းအရောင်းဆိုင်အတွင်း မည်သည်ကို မွေးနေ့လက်ဆောင်အဖြစ် ဝယ်ယူလျင်ကောင်းမည်နည်းဟု တွေးတောကာ စဉ်းစားရကျပ်နေလေသည်။ ချောင်ကျကျနေရာ အရောက်တွင် Raggedy Ann အမျိုးအစားအရုပ်ကလေးအားတွေ့မြင်ပြီး သူမခေါင်းထဲ အတွေးစတစ်ခုလင်းလက်သွားသည်။ ငယ်ကတည်းက အရုပ်ကလေးများအား ချစ်မြတ်နိူးတတ်သော Donna အတွက် အသင်တော်ဆုံး မွေးနေ့လက်ဆောင်ဖြစ်မည်ဟု ရွေးချယ်ကာဝယ်ယူခဲ့လေသည်။ Donna မှလည်း သူမ မိခင်၏ လက်ဆောင်အရုပ်ကလေးအား ဝမ်းသာအားရလက်ခံကာ သူမ၏အဆောင်ခန်းသို့ သူမနှင့်အတူ သယ်ဆောင်လာခဲ့ပါသည်။ ထို အရုပ်ကလေးကြောင့် တုန်လှုပ်ခြောက်ခြားဖွယ်အဖြစ်များ ရှေ့လျောက်ဖြစ်ပေါ်လာမလဲဆိုတာ ဆက်လက်လေ့လာကြည့်ရအောင်လားဗျာ။

“ထူးဆန်းသော Raggedy Ann အရုပ်တစ်ရုပ်”
Donna သည် တိုက်ခန်းတစ်ခုတွင် အခန်းဖော်သူငယ်ချင်း Angie နှင့် အတူနေထိုင်လျက်ရှိပြီး လက်ဆောင်အရုပ်ကလေးအား သူမအိပ်ယာပေါ်တွင် သူမနှင့်အတူ ထားလေ့ရှိပါသည်။ အရုပ်ကလေးလက်ခံရရှိချိန် တစ်ပတ်အတွင်း မည်သည့်ထူးဆန်းမှုတစ်စုံတစ်ရာမှ မတွေ့ရသော်လည်း အချိန်ကြာလာသည်နှင့်အမျ Donna နှင့် Angie တို့ သူငယ်ချင်း ၂ ယောက်သည် Raggedy Ann အရုပ်ကလေး၏ နှောက်ယှက်မှုကို တစ်ဖြေးဖြေး ကြုံတွေ့လာရပါတော့သည်။ သူမတို့ ၂ ယောက် အိမ်တွင်မရှိချိန်တွင် အရုပ်၏ အနေအထားပြောင်းနေခြင်း, အရုပ်အား ထားရှိသည့် အခန်း,နေရာတို့ အလိုအလျောက် ပြောင်းရွေ့နေခြင်း တို့ကို ခြောက်ခြားဖွယ်သတိပြုမိလာကြသည်။ ထို့ထက်ဆိုးသည်ကား ညသန်းခေါင်ယံအချိန်များတွင် ထိုအရုပ်အား ပက်လပ်ကုလားထိုင်တွင် ခြေချိတ်လက်ချိတ်၍ ထိုင်နေသည်ကို တွေ့မိခြင်း, မီးဖိုဆောင်တွင် မတ်တပ်အနေအထားဖြင့် တွေ့မိခြင်း, အလုပ်မသွားမှီ အခန်းပြင်ဘက်ရှိ ထိုင်ခုံတွင်တင်ထားခဲ့သော်လည်း အလုပ်မှအိမ်သို့ ပြန်ရောက်ရှိချိန်များတွင် Donna ၏ အိပ်ခန်းထဲတွင် ကျကျနနပြန်လည် ရောက်နေခြင်း အစရှိသည့် ထိတ်လန့်ဖွယ်ရာများနှင့် ကြုံတွေ့လာရပါတော့သည်။

“တမလွန်မှ အမှာစာများ”
သူငယ်ချင်း ၂ ယောက်သည် တဖြေးဖြေး ကြောက်ရွံ့ထိတ်လန့်လာပြီး တိုက်ခန်းသို့ Lou ဟုခေါ်သော သူမတို့ယုံကြည်ရသည့် ယောက်ျားလေးသူငယ်ချင်းအား ခေတ္တခေဏမျ ပြောင်းရွေ့နေထိုင်စေခဲ့ပါသည်။ Donna နှင့် Angie တို့သည် အရုပ်၏ နေရာထိုင်ခင်းအလိုလိုရွေ့နေမှု, ရုတ်တရက် အသက်ဝင်လာမှုတို့အား စိတ်ခြောက်ခြားမှုသက်သက်အဖြစ်သာ ထင်မှတ်နေခဲ့ကြသော်လည်း Lou ကမူ ထိုအရုပ်အား တွေ့လျင်တွေ့ခြင်း မကောင်းသောအနုတ်သဘောဆောင် အငွေ့အသက်များ ပြင်းပြင်းထန်ထန်ခံစားရကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ ခြောက်ခြားမှုများသည် တစ်နေ့ထက်တစ်နေ့ ပိုမိုဆိုးရွားလာပြီး စာရေးသားရေချပ်ပေါ်တွင် ကလေးလက်ရေးဖြင့် ရေးခြစ်ထားသော ‘HELP US’, ‘MISS ME?’ အစရှိသော စာတိုများကို သူတို့ ၃ ဦးထဲမှ မည်သူမျရေးသားခြင်း မရှိပဲ တိုက်ခန်းအတွင်းတွင် တွေ့ရှိလာရပါသည်။ ထို စာတိုများသည် အရုပ်မှနေ၍ မိမိတို့ လူသားများအား တမလွန်မှ အဆက်အသွယ်ပြုလုပ်နေသည်ဟု Lou မှ ယူဆသော်လည်း တမလွန်အားအယုံအကြည်မရှိသည့် သူနာပြုများဖြစ်သည့် Donna နှင့် Angie တို့သည် တစ်စုံတစ်ယောက်မှ သူမတို့အား ကြောက်လန့်အောင် စနောက်ခြောက်လှန့်နေခြင်းဖြစ်မည်ဟု ထင်မြင်နေဆဲဖြစ်သည်။ ထို့ကြောင့် သူမတို့၏ တိုက်ခန်းသော့များ ပြတင်းတံခါးများအား လုံခြုံရေးတိုးမြင့်၍ စောင့်ကြည့်လေ့လာရာတွင်လည်း ထိုစာတိုလေးများမှာ ရောက်ရှိနေမြဲဖြစ်သည်ကို ခြောက်ခြားဖွယ်တွေ့မြင်လာရပါသည်။ တစ်နေ့တွင် Donna သည် ဧည့်ခန်းအတွင်းရှိ ရုပ်ထုတစ်ခုသည် အနားတွင်တစ်စုံတစ်ဦးမျမရှိပဲ လေထဲသို့အလိုအလျောက်ကြွတက်ကာ ပြန်လည်ပြုတ်ကျသည့် ပုဏ္ဏကတိုက်ခြင်းမျိုးအား မျက်ဝါးထင်ထင်ကြုံတွေ့ပြီးမှသာ ထိုအရုပ်ကြောင့် သဘာဝလွန်ဖြစ်ရပ်များ ဖြစ်ပေါ်လာရသည်ဟု ယုံကြည်လာခဲ့ပါသည်။ ထိုအချိန်မှစ၍ ပိုမိုထိတ်လန့်ဖွယ်ကောင်းသော ပုဏ္ဏကတိုက်မှုများ တိုက်ခန်းငယ်အတွင်း ကြုံတွေ့လာရပါတော့သည်။

“သွေးစွန်းနေသော အရုပ်”
ထိုကဲ့သို့သော ကြောက်မက်ဖွယ်အဖြစ်အပျက်များ ၂ လခန့်ကြုံတွေ့ခဲ့ကြပြီးနောက် သူနာပြုကျောင်းမှ ပင်ပန်းနွမ်းနယ်စွာပြန်လာခဲ့ကြသော Donna နှင့် Angie တို့သည် အလိုအလျောက် နေရာရွေ့ပြောင်းနေသော အရုပ်အားအထူးတလည် ခြောက်ခြားနေခြင်းမရှိတော့သော်လည်း အရုပ်၏လက်တွင် စွန်းပေနေသော သွေးများနှင့် ရင်ဘတ်တွင်ပေကျံနေသော သွေးစက် ၃ စက်တိတိကို မြင်တွေ့လိုက်ချိန်မှစပြီး သဘာဝလွန်ဖြစ်ရပ်များတွင် အတွေ့အကြုံရှိသူ၏ အကူအညီကိုရယူသင့်ပြီဖြစ်ကြောင်း ဆုံးဖြတ်ချက်ချလိုက်ပြီဖြစ်သည်။

“ကြားခံ နတ်ဝင်သည်နှင့် အဆက်အသွယ်ပြုခြင်း”
အရုပ်တွင် သွေးစွန်းနေသော အဖြစ်အပျက်မှစတင်ပြီး Donna နှင့် Angie တို့သည် သေပြီးသူများနှင့် ဆက်သွယ်နိူင်သည်ဟု နာမည်ကြီးသော ကြားခံနတ်ဝင်သည်အမျိုးသမီးအား ငှားရမ်းကာ သူမတို့တိုက်ခန်း၌ ထိုအရုပ်တွင် ပူးကပ်နေသော ဝိဥာည်နှင့် ဆက်သွယ်ရန်ကြိုးစားကြလေသည်။ ကြားခံနတ်ဝင်သည်၏ စွမ်ဆောင်မှုကြောင့် အရုပ်တွင်ပူးကပ်နေသည်မှာ ၇ နှစ်အရွယ်သမီး Annabelle Higgins ၏ ဝိဥာည်ဖြစ်ကြောင်း, သူမသည် ဤတိုင်ခန်းကြီးမဆောက်မှီကတည်းကပင် ဤပတ်ဝန်းကျင်တွင် ကစားပျော်မွေ့ခဲ့ကြောင်း, သူမသေဆုံးချိန်တွင် ဤ Reggedy Ann အရုပ်ကလေးနှင့်အတူ သေဆုံးခဲ့သောကြောင့် ယခုသူမနှစ်သက်သောအရုပ်ကလေးနှင့် သူမကျင်လည်ဆော့ကစားခဲ့ရာ ပတ်ဝန်းကျင်တွင် ပူးကပ်စွဲမြဲနေခဲ့ကြောင်း သိရှိရလေသည်။ ထို့အပြင် သူမ အခန်းတွင်းအလိုအလျောက်ရွေ့လျားခြင်း, စာတိုရေးသားသတင်းပို့ခြင်းတို့မှာ သူမတို့အား ခြောက်လှန့်လို၍ မဟုတ်ပဲ အဆက်အသွယ်ပြုလို၍ ဖြစ်ကြောင်းနှင့် သူမတို့ ၂ ယောက်နှင့်အတူ ဤ အရုပ်လေးထဲတွင် ပူးကပ်နေထိုင်ခွင့်ပြုရန် တောင်းဆိုလိုက်သည်။ လူနာများ၏ ဝေဒနာများကို မြင်တွေ့ကိုယ်ချင်းစာလေ့ရှိသော Donna နှင့် Angie တို့သည် ၇ နှစ်အရွယ် Annabelle အားသနားစိတ်ပိုကာ သူတို့နှင့်အတူတိုက်ခန်းထဲတွင် နေထိုင်ခွင့်ပြုလိုက်ပြီး ထိုအရုပ်ကလေးအားလည်း Annabelle ဟု အမည်ခေါ်တွင်လိုက်သည်။ သနားကြင်နာတတ်သော မိန်းကလေး ၂ ဦးသည် ထိုကဲ့သို့ ခွင့်ပြုလိုက်သည့်အချိန်မှစ၍ ကြောက်မက်ဖွယ်ကောင်းသော အမှားအယွင်းတစ်ခုကို ပြုလုပ်လိုက်ပြီဖြစ်ကြောင်း သူတို့ကိုယ်တိုင်လည်း သတိပြုမိခြင်းမရှိလိုက်ပါချေ။

“ဝင်ရောက်လာသော အိမ်မက်ဆိုးများ”
မိန်းကလေး ၂ ဦးသည် Annabelle အား စတင်လက်ခံထားချိန်မှစ၍ စိတ်သက်တောင့်သက်သာ နေထိုင်နိူင်သော်လည်း Lou ကမူ ၎င်းမသိစိတ်ထဲ၌ Annabelle ကြောင့် မိမိတို့တစ်နေ့နေ့ ဒုက္ခကြုံတွေ့နိူင်ကြောင်း ခံစားမိပြီး နေမထိထိုင်မသာ ဖြစ်နေလေသည်။ ထို့ကြောင့် Annabelle ပူးကပ်နေထိုင်သည့် အရုပ်အား ဝေးရာသို့စွန့်ပစ်ရန် Donna အား နားချသော်လည်း ထိုအရုပ်အား စွန့်ပစ်ခြင်းသည် အသက် ၇ နှစ်သာရှိသည့် Annabelle Higgins အားစွန့်ပစ်သည်နှင့်တူသည်ဟုဆိုကာ Lou ၏ ပြောဆိုချက်အား ငြင်းဆန်ခဲ့သည်။ ထိုသို့ အကြိမ်ကြိမ်စွန့်ပစ်ရန်ပြောဆိုနေမှုများကို Annabelle မှ သိနေသကဲ့သို့ Lou အား မကျေနပ်သည့်အလား Annabelle မှ အိမ်မက်ဆိုးများဖြင့် နှောက်ယှက်တတ်သည်ဟု Lou မှ ပြန်ပြောင်းပြောဆိုခဲ့ပါသည်။ တစ်နေ့ည ၁၁ နာရီခန့်အချိန် တိုက်ခန်းတွင် Donna ရှိမနေပဲ Lou နှင့် Angie သည် နောက်တစ်နေ့ ပျော်ပွဲစားခရီးစဉ်အတွက် အထုပ်အပိုးများ ပြင်ဆင်လျက်ရှိသည်။ ထိုအချိန်တွင် Donna ၏ အခန်းထဲမှ ဒုန်းကနဲ အသံတစ်ခုကြား၍ သူတို့ ၂ ဦးပြေးကြည့်ရာ အခန်းထောင့်တွင် ခွေခွေလေးကျနေသော Annabelle အားတွေ့ရလေသည်။ Lou လည်း မဝံ့မရဲဖြင့် Annabelle အနားကပ်ကြည့်ရာ ၎င်း၏အနောက်ဘက်မှတစ်စုံတစ်ယောက်က ဆွဲလိုက်သကဲ့သို့ ခံစားရသဖြင့် လှည့်ကြည့်လိုက်ရာ တစ်စုံတစ်ယောက်မှမတွေ့ရဘဲ ရင်ဘတ်ရှေ့မှ ပူပြင်းစူးရှစွာခံစားရသဖြင့် Lou မှာ ကြမ်းပြင်၌လူးလိမ့်သွားသည်။ ပြီးနောက် Lou ၏ ရင်ဘတ်တွင်သွေးကွက်များ ဆို့လာသဖြင့်အင်္ကျ ီချွတ်ကြည့်ရာ ရင်ဘတ်၌ အလျားလိုက် ခြစ်ရာ ၄ ကြောင်းနှင့် ဒေါင်လိုက်ဖြစ်ရာ ၃ ကြောင်းအား အံ့ဖွယ်တွေ့ရှိလိုက်ရသည်။ ပိုမိုထူးဆန်းသည်မှာ ထိုအရာများသည် နောက် ၄၈ နာရီအတွင်း ခြေရာလက်ရာမကျန်ပဲ လုံးဝပျောက်ကွယ်သွားခြင်းပင်ဖြစ်သည်။ နောက်ဆုံး သူငယ်ချင်း ၃ ယောက်သည် မိမိတို့ရင်ဆိုင်နေရသည်မှာ ၇ နှစ်အရွယ် ဝိဥာည်သက်သက်မဟုတ်ပဲ ယင်းထက်များစွာဆိုးရွားနိူင်ကြောင်း သဘောပေါက်လာကာ တမလွန်လောကနှင့် ပက်သက်၍ အတွေ့အကြုံရှိသူများကို အကူအညီတောင်းရန် ကြိုးစားလာပါတော့သည်။

“Warrens မိသားစုနှင့် တွေ့ဆုံခြင်း”
ဘုန်းတော်ကြီးများ၏ အဆက်အသွယ်မှတဆင့် Donna သည် နာမည်ကျော် Ed နှင့် Lorraine Warren တို့နှင့်တွေ့ဆုံခွင့်ရခဲ့လေသည်။ Warrens မိသားစုသည် Annabelle နှင့် တိုက်ရိုက်ထိတွေ့ ပက်သက်ခဲ့သော Donna, Angie နှင့် Lou တို့အား အသေးစိတ်မေးမြန်းခြင်း, အရုပ်နှင့် တိုက်ခန်းအတွင်း သဘာဝလွန်စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်အပြီး Annabelle သည် ၎င်းတို့ထင်ထားသကဲ့သို့ ၇ နှစ်အရွယ် ဝိဥာည်သက်သက်မဟုတ်ကြောင်း ကောက်ချက်ချနိူင်ခဲ့ကြသည်။ Warrens မိသားစုမှ ယင်းမကောင်းသော ဝိဥာည်သည် ၇ နှစ်အရွယ်ကလေး ဝိဥာည်ဟု ယုံကြည်အောင် မိန်းကလေးများအား လှည့်စားထားခြင်းဖြစ်ကြောင်း, ၎င်းဝိဥာည်သည် အရုပ်ထဲတွင်သာ ပူးကပ်နေချင်သည်မဟုတ်ပဲ လူသားစင်စစ်ကိုပါ ပူးကပ်နိူင်အောင် ကြံစည်နေကြောင်းနှင့် ခန့်မှန်းခြေ နောက် ၂-၃ ပတ်အတွင်း တိုက်ခန်းအတွင်းရှိ လူသားများကိုပင် အန္တရာယ်ပြုနိူင်သည်အထိ ကြီးထွားလာနိူင်ကြောင်း ပြောဆိုကြသည်။ ထို့နောက် Ed နှင့် Lorraine Warren တို့မှ လိုအပ်သည့် အိမ်တွင်းသန့်စင်မှုနှင့် အရုပ်တွင်ကပ်ငြိနေသော ဝိဥာည်ဖယ်ရှားမှုတို့ကို ပြုလုပ်ခဲ့လေသည်။ သို့သော် Annabelle တွင် ကပ်ငြိနေသော မကောင်းသည့်ဝိဥာည်သည် အပြီးတိုင်ထွက်ခွာမသွားမည်ကို သံသယရှိသောကြောင့် Warrens မိသားစုမှ Annabelle အရုပ်အား တောင်းခံရာ Donna မှလည်း အလျင်အမြန်ပင် လက်ခံခဲ့လေသည်။ Warrens မိသားစုမှလည်း ၎င်းတို့ဘဝ၏ အခက်ခဲဆုံးအမှုထဲမှ တစ်ခုဖြစ်သည့် Annabelle အတွက် ဖန်ခေါင်းတလားအထူးတည်ဆောက်ကာ Connecticut, Monroe မြို့ရှိ Warrens မိသားစု မှော်နှင့် ဂမ႓ီရပြခန်းတွင် ယနေ့ထက်တိုင် ပြသထားလျက်ရှိနေပါတော့သည်။

ဤသို့ဆိုလျင်
# Monroe မြို့ ပြတိုက်ထဲက Annabelle အရုပ်ထဲမှာ မကောင်းဆိုးဝါး ဝိဥာည်တွေဟာ တကယ်သန့်စင်ကွယ်ပျောက်သွားပြီလား?
# အသက် ၇ နှစ်အရွယ် Annabelle Higgins ကကော ဒီအရုပ်ထဲ တစ်ကယ်ပူးကပ်နေခဲ့တာလား?
# အကယ်၍ Warrens မိသားစုလက်က လွှတ်မြောက်သွားရင်ကော ဝင်ရောက်ပူးကပ်ဖို့ သခင်အသစ်ရှာဖွေဦးမှာလား?
ဆိုတာတွေကတော့ Annabelle Higgins မှလွှဲ၍ မည်သူတစ်ဦးတစ်ယောက်မှ မဖြေရှင်းနိူင်သော ပဟေဌိပုစ္ဆာတစ်ပုဒ်အဖြစ် ကျန်ရှိနေဦးမှာဖြစ်ပါကြောင်း…….

Translated by #DrAung

Leave a Reply