ကမာၻေက်ာ္ နာဆာ(NASA) အဖြဲ႔ခ်ဳပ္ ဆုိသည္မွာ

Posted on

နာဆာ ဆုိတာ အမ်ဳိးသား အကာသႏွင့္ ေလေၾကာင္းဦးစီးဌာန(National Aeronautics and Space Administration, NASA) ကို အတုိေကာက္ေခၚဆုိျခင္းျဖစ္ပါတယ္။ အေမရိကန္အစုိးရပုိင္ အကာသေလ့လာေစာင့္ၾကည့္ေရး အဖြဲ႔ႀကီးတစ္ခုျဖစ္ၿပီး ရုံးခ်ဳပ္ကေတာ့ အေမရိကန္ ၀ါရွင္တန္ဒီစီမွာတည္ရွိပါတယ္။

ဒီအဖြဲ႔ႀကီးကို အေမရိကန္ ၃၄ဆက္ေျမာက္ သမၼတ Dwight D. Eisenhower လက္ထက္ ၁၉၅၈ခုႏွစ္ ေအာက္တုိဘာ ၁ ရက္ေန႔မွာ စတင္ဖြဲ႔စည္းခဲ့ၿပီး ပထမဆုံးပေရာဂ်က္ Mercury ကို ေအာက္တုိဘာ ၇ ရက္ေန႔မွာ စတင္ခဲ့ပါတယ္။ အဲဒီအခ်ိန္ကတည္းက အာကာသေလ့လာစူးစမ္းေရးစီမံကိန္းမ်ားကို အေကာင္အထည္ေဖာ္ခဲ့တာျဖစ္ပါတယ္။ စတင္ခ်ိန္မွာ ၀န္ထမ္း ၈၀ နဲ႔ စတင္ခဲ့ေပမယ့္ ယခုအခ်ိန္မွာေတာ့ ၀န္ထမ္း ၁၈၀၀၀ ေက်ာ္ျဖစ္ေနပါၿပီ။

နာဆာရဲ႕ ပထမၫႊန္ၾကားေရးမႉးကေတာ့ ဒုတိယကမၻာစစ္အၿပီး၌ အေမရိကန္ကုိေရာက္လာခဲ့တဲ့ ဂ်ာမန္သိပၸံပညာရွင္ ဝါနာဗြန္ဗေရာင္း ျဖစ္သည္။ ဝါနာဗြန္ဗေရာင္းႏွင့္အဖြဲ႔ဟာ အာကာသသုေတသနျပဳေရး အတြက္ ဆက္တန္ ၁၊ ဆက္တန္ ၁ဘီ ႏွင့္ ဆက္တန္ ၅ အမ်ိဳးအစား ဒုံးယာဥ္မ်ားကို တီထြင္ခဲ့ပါတယ္။

အဆိုပါအဖြဲ႕ဟာ ၁၉၆၂ ခုႏွစ္ ဒီဇင္ဘာလတြင္ ေနစြမ္းအင္ျဖင့္ အသုံးျပဳရေသာ ဗက္ထရီ ပါဝင္ၿပီး အေလးခ်ိန္ ၁၇၂ ေပါင္ ေလးသည့္ ဆက္ သြယ္ေရး ၿဂိဳဟ္တုတစ္ခုကို အာကာသသို႔ ပထမဆုံး လႊတ္တင္ႏုိင္ခဲ့ပါတယ္။ အဲဒီ ၿဂိဳဟ္တုဟာ ေျမျပင္ႏွင့္အနီးဆုံး ၈၁၇ မိုင္ရွိ ကမၻာ ပတ္လမ္းေၾကာင္းမွ ကမၻာကိုပတ္၍ ပ်ံသန္းခဲ့ပါတယ္။

အဲဒီေနာက္ အေလးခ်ိန္ ၇၉ ေပါင္ေလးေသာ ဆန္ကြမ္ ၂ ဆက္သြယ္ေရးၿဂိဳဟ္တုကို ၁၉၆၃ ခုႏွစ္ ဇူလိုင္လ ၂၆ ရက္ ေန႔တြင္ အာကာသသို႔ ထပ္မံလႊတ္တင္ခဲ့ျပန္ပါတယ္။ ဆန္ကြမ္ ၃ ဆက္ သြယ္ေရးၿဂိဳဟ္တုကို ၁၉၆၄ ခုႏွစ္ ဩဂုတ္လ ၁၉ ရက္ေန႔တြင္ အာကာသသို႔ ထပ္မံလႊတ္တင္ခဲ့ရာ အဆိုပါၿဂိဳဟ္တုဟာ ဂ်ပန္ႏိုင္ငံမွာ က်င္းပေနေသာ အိုလင္းပစ္ အားကစားပြဲအား ႐ုပ္ျမင္သံၾကား အစီအစဥ္ျဖင့္ အေမရိကန္ျပည္ေထာင္စုသို႔ ပထမဆုံး လႊင္ေပးႏိုင္ခဲ့ပါတယ္။

နာဆာအဖြဲ႕၏ စီစဥ္ခ်က္ျဖင့္ ၁၉၅၈ ခုႏွစ္မွစ၍ ျပဳလုပ္ခဲ့ေသာ အာကာသသုေတသနျပဳ အစီအစဥ္တြင္ လူမပါေသာ အာကာသယာဥ္ႏွင့္ၿဂိဳဟ္တုမ်ားလႊတ္ျခင္းႏွင့္ လူမပါေသာ အာကာသယာဥ္မ်ား လႊတ္၍ သုေတသနျပဳျခင္းတို႔ ပါဝင္ပါတယ္။

Freedom 7 ဟာ အေမရိကန္ရဲ႕ပထမဆုံး အာကာသယာဥ္ျဖစ္ပါတယ္။ အဲဒီယာဥ္ဟာ အေမရိကန္ရဲ႕အဓိက အာကာသယာဥ္ထုတ္လုပ္ေရးစခန္း Cape Canaveral ကေန ၁၉၆၁ခုႏွစ္မွာ အာကာသယာဥ္မွဴး Alan Shepard က ေမာင္းႏွင္ခဲ့တာျဖစ္ပါတယ္။ Freedom 7 ကုိ Mercury-Redstone 3 လုိ႔လည္းေခၚၾကပါတယ္။ ၁၉၆၀ျပည့္ႏွစ္အဆုံး ဂြ်န္အက္ဖ္ကေနဒီလက္ထက္မွာတည္းက လေပၚကိုေျခခ်ႏုိင္ဖုိ႔ ရည္မွန္းခ်က္ထားခဲ့ၿပီး ၁၉၆၉ခုႏွစ္ ဇူလုိင္ ၂၀မွာေတာ့ ဒီရည္မွန္းခ်က္ကုိ ေအာင္ျမင္ေအာင္ အကာင္အထည္ေဖာ္ႏုိင္ခဲ့ပါတယ္။

လေပၚကိုေျခခ်ျခင္းဟာ Apollo 11 mission ရဲ႕ အစိတ္အပိုင္းတစ္ခုျဖစ္ၿပီး ပထမဆုံးေျခခ်ခဲ့တဲ့သူကေတာ့  Neil Armstrong ျဖစ္ပါတယ္။

၁၉၇၂ခုႏွစ္မွာေတာ့ ၿဂဳိဟ္ထုေပါင္းမ်ားစြာကို အာကာသထဲကုိလႊတ္တင္ခဲ့ၿပီး အဓိကရည္ရြယ္ခ်က္ကေတာ့ ကမာၻေျမရဲ႕မ်က္ႏွာျပင္ကုိ အာကာသကေန ဓာတ္ပုံရုိက္ယူဖုိ႔ျဖစ္ပါတယ္။ နာဆာဟာ အာကာသ ႏွင့္ ပတ္သတ္ေသာစီမံကိန္းမ်ား ၊ စစ္ေရးႏွင့္ စစ္ေရးမဟုတ္ေသာ ေလေၾကာင္းဆုိင္ရာ သုေတသနလုပ္ငန္းမ်ားသာမက အျခားသုေတသနလုပ္ငန္းမ်ားကိုလည္းလုပ္ကိုင္လွ်က္ရွိပါတယ္။

နာဆာအဖြဲ႕ဟာ အာကာသယာဥ္မ်ား ပစ္လႊတ္ေရး အတြက္ တြန္းအားေပး ဒုံးယာဥ္မ်ားကိုလည္း တီထြင္ခဲ့ပါတယ္။ တီထြင္ခဲ့ေသာ တြန္းအားေပး ဒုံးယာဥ္မ်ားအနက္ စေကာက္ဒုံးယာဥ္၊ ေသာေအဂ်ီနာဒုံးယာဥ္၊ အတၱလပ္ ေအဂ်ီနာ ဒုံးယာဥ္၊ ဆက္တန္ဒုံးယာဥ္မ်ားသည္ ထင္ရွားေသာ ဒုံးယာဥ္မ်ိဳး ျဖစ္ပါတယ္။

နာဆာရဲ႕ ေနာက္ထပ္လုပ္ငန္းစဥ္ေတြမွာ ေနအဖြဲ႕အစည္း အတြင္းရွိ ႐ုပ္ဝတၳဳမ်ားကို နယူးေဟာ္ရီဇုန္ကဲ့သို႔ေသာ အဆင့္ျမင့္ ႐ိုေဘာ့မစ္ရွင္မ်ားျဖင့္ ေလ့လာစူးစမ္းျခင္းလည္း ပါဝင္ပါတယ္။ သြားညွိနည္းပညာ ၊ အစင္းရာမထင္တဲ့မွန္ဘီလူး ၊ Insulin Pump ၊ အာကာသသုံး Water filter ၊ ခ်ိန္ညွိႏိုင္တဲ့ မီးခုိးစစ္ေဆးမႈကိရိယာ တုိ႔အျပင္အျခား ကိရိယာနဲ႔ နည္းပညာမ်ားစြာကို တီထြင္ခဲ့ပါတယ္။

အပုိလုိအာကာသယာဥ္မွဴးေတြရဲ႕ အသက္အာမခံကို အာမခံကုမၸဏီေတြက လက္မခံခဲ့ပါဘူး။ အလြန္အႏၱရာယ္မ်ားလြန္းလွတဲ့ ပတ္၀န္းက်င္မွာလုပ္ကုိင္ေနရၿ႔ပီး အခ်ိန္မေရြးထိခုိက္ႏုိင္တဲ့အေျခအေနမွာ ရွိလုိ႔ပါ။ Thad Roberts ဆုိတဲ့အလုပ္သင္ေက်ာင္းသားဟာ လကမာၻေပၚကေက်ာက္တုံးမ်ားခုိးယူၿပီး အဲဒီေက်ာက္တုံးေတြကိုအိပ္ယာလုပ္ကာ ညစ္ညမ္းေစခဲ့မႈအတြက္နဲ႔ ေထာင္၇ႏွစ္က်ခဲ့ပါတယ္။ ဒီျဖစ္ရပ္ဟာ Sex on the Moon လုိ႔နာမည္ႀကီးခဲ့ၿပီး စာအုပ္အျဖစ္ေရးသားထုတ္ေ၀ခဲ့ပါတယ္။

နာဆာရဲ႕ အဓိကပရုိဂရမ္ေနာက္တစ္ခုကေတာ့ အျခားၿဂဳိဟ္ေတြမွာ သက္ရွိေတြရွိမရွိ ေစာင့္ၾကည့္ေရးပါပဲ။ ရွိႏုိင္တယ္လုိ႔ယုံၾကည္ထားၿပီး လက္ရွိအခ်ိန္အထိေတာ့ သက္ရွိရွိႏုိင္တဲ့ၿဂဳိဟ္အနည္းငယ္ကိုေတြ႔ထားရၿ႔ပီျဖစ္ပါတယ္။ ဒါေပမယ့္ အနည္းဆုံးအလင္းႏွစ္ ၄၀ အကြာအေ၀းမွာ ရွိတာေၾကာင့္ တကယ္ရွိမရွိေလ့လာဖုိ႔ေတာ့ မျဖစ္ႏုိင္ေသးပါဘူး။

အင္တာနက္ေပၚမွာ အလြန္နာမည္ႀကီးတဲ့ နာဆာဟာ အာကာသမွာသုံးဖုိ႔ေဖာင္တိန္အတြက္ ေဒၚလာသန္းေပါင္းမ်ားစြာသုံးခဲ့ၿပီး ဆုိဗီယက္အာကာသယာဥ္မွဴးေတြက ခဲတံတစ္ေခ်ာင္းနဲ႔ေျဖရွင္းခဲ့တယ္ဆုိတဲ့ ျဖစ္ရပ္ဟာ တကယ္ေတာ့ ေကာလဟာလသာျဖစ္ပါတယ္။

 

 


နာဆာ(NASA) အဖွဲ့ချုပ် ဆိုသည်မှာ (unicode)

နာဆာ ဆိုတာ အမျိုးသား အကာသနှင့် လေကြောင်းဦးစီးဌာန(National Aeronautics and Space Administration, NASA) ကို အတိုကောက်ခေါ်ဆိုခြင်းဖြစ်ပါတယ်။ အမေရိကန်အစိုးရပိုင် အကာသလေ့လာစောင့်ကြည့်ရေး အဖွဲ့ကြီးတစ်ခုဖြစ်ပြီး ရုံးချုပ်ကတော့ အမေရိကန် ဝါရှင်တန်ဒီစီမှာတည်ရှိပါတယ်။

ဒီအဖွဲ့ကြီးကို အမေရိကန် ၃၄ဆက်မြောက် သမ္မတ Dwight D. Eisenhower လက်ထက် ၁၉၅၈ခုနှစ် အောက်တိုဘာ ၁ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့ပြီး ပထမဆုံးပရောဂျက် Mercury ကို အောက်တိုဘာ ၇ ရက်နေ့မှာ စတင်ခဲ့ပါတယ်။ အဲဒီအချိန်ကတည်းက အာကာသလေ့လာစူးစမ်းရေးစီမံကိန်းများကို အကောင်အထည်ဖော်ခဲ့တာဖြစ်ပါတယ်။ စတင်ချိန်မှာ ဝန်ထမ်း ၈၀ နဲ့ စတင်ခဲ့ပေမယ့် ယခုအချိန်မှာတော့ ဝန်ထမ်း ၁၈၀၀၀ ကျော်ဖြစ်နေပါပြီ။

နာဆာရဲ့ ပထမညွှန်ကြားရေးမှူးကတော့ ဒုတိယကမ္ဘာစစ်အပြီး၌ အမေရိကန်ကိုရောက်လာခဲ့တဲ့ ဂျာမန်သိပ္ပံပညာရှင် ဝါနာဗွန်ဗရောင်း ဖြစ်သည်။ ဝါနာဗွန်ဗရောင်းနှင့်အဖွဲ့ဟာ အာကာသသုတေသနပြုရေး အတွက် ဆက်တန် ၁၊ ဆက်တန် ၁ဘီ နှင့် ဆက်တန် ၅ အမျိုးအစား ဒုံးယာဉ်များကို တီထွင်ခဲ့ပါတယ်။ အဆိုပါအဖွဲ့သည် ၁၉၆၂ ခုနှစ် ဒီဇင်ဘာလတွင် နေစွမ်းအင်ဖြင့် အသုံးပြုရသော ဗက်ထရီ ပါဝင်ပြီး အလေးချိန် ၁၇၂ ပေါင် လေးသည့် ဆက် သွယ်ရေး ဂြိုဟ်တုတစ်ခုကို အာကာသသို့ ပထမဆုံး လွှတ်တင်နိုင်ခဲ့ပါတယ်။ အဲဒီ ဂြိုဟ်တုဟာ မြေပြင်နှင့်အနီးဆုံး ၈၁၇ မိုင်ရှိ ကမ္ဘာ ပတ်လမ်းကြောင်းမှ ကမ္ဘာကိုပတ်၍ ပျံသန်းခဲ့ပါတယ်။

အဲဒီနောက် အလေးချိန် ၇၉ ပေါင်လေးသော ဆန်ကွမ် ၂ ဆက်သွယ်ရေးဂြိုဟ်တုကို ၁၉၆၃ ခုနှစ် ဇူလိုင်လ ၂၆ ရက် နေ့တွင် အာကာသသို့ ထပ်မံလွှတ်တင်ခဲ့ပြန်ပါတယ်။ ဆန်ကွမ် ၃ ဆက် သွယ်ရေးဂြိုဟ်တုကို ၁၉၆၄ ခုနှစ် ဩဂုတ်လ ၁၉ ရက်နေ့တွင် အာကာသသို့ ထပ်မံလွှတ်တင်ခဲ့ရာ အဆိုပါဂြိုဟ်တုဟာ ဂျပန်နိုင်ငံမှာ ကျင်းပနေသော အိုလင်းပစ် အားကစားပွဲအား ရုပ်မြင်သံကြား အစီအစဉ်ဖြင့် အမေရိကန်ပြည်ထောင်စုသို့ ပထမဆုံး လွှင်ပေးနိုင်ခဲ့ပါတယ်။

နာဆာအဖွဲ့၏ စီစဉ်ချက်ဖြင့် ၁၉၅၈ ခုနှစ်မှစ၍ ပြုလုပ်ခဲ့သော အာကာသသုတေသနပြု အစီအစဉ်တွင် လူမပါသော အာကာသယာဉ်နှင့်ဂြိုဟ်တုများလွှတ်ခြင်းနှင့် လူမပါသော အာကာသယာဉ်များ လွှတ်၍ သုတေသနပြုခြင်းတို့ ပါဝင်ပါတယ်။

Freedom 7 ဟာ အမေရိကန်ရဲ့ပထမဆုံး အာကာသယာဉ်ဖြစ်ပါတယ်။ အဲဒီယာဉ်ဟာ အမေရိကန်ရဲ့အဓိက အာကာသယာဉ်ထုတ်လုပ်ရေးစခန်း Cape Canaveral ကနေ ၁၉၆၁ခုနှစ်မှာ အာကာသယာဉ်မှူး Alan Shepard က မောင်းနှင်ခဲ့တာဖြစ်ပါတယ်။ Freedom 7 ကို Mercury-Redstone 3 လို့လည်းခေါ်ကြပါတယ်။ ၁၉၆၀ပြည့်နှစ်အဆုံး ဂျွန်အက်ဖ်ကနေဒီလက်ထက်မှာတည်းက လပေါ်ကိုခြေချနိုင်ဖို့ ရည်မှန်းချက်ထားခဲ့ပြီး ၁၉၆၉ခုနှစ် ဇူလိုင် ၂ဝမှာတော့ ဒီရည်မှန်းချက်ကို အောင်မြင်အောင် အကာင်အထည်ဖော်နိုင်ခဲ့ပါတယ်။

လပေါ်ကိုခြေချခြင်းဟာ Apollo 11 mission ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ပထမဆုံးခြေချခဲ့တဲ့သူကတော့  Neil Armstrong ဖြစ်ပါတယ်။

၁၉၇၂ခုနှစ်မှာတော့ ဂြိုဟ်ထုပေါင်းများစွာကို အာကာသထဲကိုလွှတ်တင်ခဲ့ပြီး အဓိကရည်ရွယ်ချက်ကတော့ ကမ္ဘာမြေရဲ့မျက်နှာပြင်ကို အာကာသကနေ ဓာတ်ပုံရိုက်ယူဖို့ဖြစ်ပါတယ်။ နာဆာဟာ အာကာသ နှင့် ပတ်သတ်သောစီမံကိန်းများ ၊ စစ်ရေးနှင့် စစ်ရေးမဟုတ်သော လေကြောင်းဆိုင်ရာ သုတေသနလုပ်ငန်းများသာမက အခြားသုတေသနလုပ်ငန်းများကိုလည်းလုပ်ကိုင်လျှက်ရှိပါတယ်။

နာဆာအဖွဲ့ဟာ အာကာသယာဉ်များ ပစ်လွှတ်ရေး အတွက် တွန်းအားပေး ဒုံးယာဉ်များကိုလည်း တီထွင်ခဲ့ပါတယ်။ တီထွင်ခဲ့သော တွန်းအားပေး ဒုံးယာဉ်များအနက် စကောက်ဒုံးယာဉ်၊ သောအေဂျီနာဒုံးယာဉ်၊ အတ္တလပ် အေဂျီနာ ဒုံးယာဉ်၊ ဆက်တန်ဒုံးယာဉ်များသည် ထင်ရှားသော ဒုံးယာဉ်မျိုး ဖြစ်ပါတယ်။

နာဆာရဲ့ နောက်ထပ်လုပ်ငန်းစဉ်တွေမှာ နေအဖွဲ့အစည်း အတွင်းရှိ ရုပ်ဝတ္ထုများကို နယူးဟော်ရီဇုန်ကဲ့သို့သော အဆင့်မြင့် ရိုဘော့မစ်ရှင်များဖြင့် လေ့လာစူးစမ်းခြင်းလည်း ပါဝင်ပါတယ်။ သွားညှိနည်းပညာ ၊ အစင်းရာမထင်တဲ့မှန်ဘီလူး ၊ Insulin Pump ၊ အာကာသသုံး Water filter ၊ ချိန်ညှိနိုင်တဲ့ မီးခိုးစစ်ဆေးမှုကိရိယာ တို့အပြင်အခြား ကိရိယာနဲ့ နည်းပညာများစွာကို တီထွင်ခဲ့ပါတယ်။

အပိုလိုအာကာသယာဉ်မှူးတွေရဲ့ အသက်အာမခံကို အာမခံကုမ္ပဏီတွေက လက်မခံခဲ့ပါဘူး။ အလွန်အန္တရာယ်များလွန်းလှတဲ့ ပတ်ဝန်းကျင်မှာလုပ်ကိုင်နေရၿ႔ပီး အချိန်မရွေးထိခိုက်နိုင်တဲ့အခြေအနေမှာ ရှိလို့ပါ။ Thad Roberts ဆိုတဲ့အလုပ်သင်ကျောင်းသားဟာ လကမ္ဘာပေါ်ကကျောက်တုံးများခိုးယူပြီး အဲဒီကျောက်တုံးတွေကိုအိပ်ယာလုပ်ကာ ညစ်ညမ်းစေခဲ့မှုအတွက်နဲ့ ထောင်၇နှစ်ကျခဲ့ပါတယ်။ ဒီဖြစ်ရပ်ဟာ Sex on the Moon လို့နာမည်ကြီးခဲ့ပြီး စာအုပ်အဖြစ်ရေးသားထုတ်ဝေခဲ့ပါတယ်။

နာဆာရဲ့ အဓိကပရိုဂရမ်နောက်တစ်ခုကတော့ အခြားဂြိုဟ်တွေမှာ သက်ရှိတွေရှိမရှိ စောင့်ကြည့်ရေးပါပဲ။ ရှိနိုင်တယ်လို့ယုံကြည်ထားပြီး လက်ရှိအချိန်အထိတော့ သက်ရှိရှိနိုင်တဲ့ဂြိုဟ်အနည်းငယ်ကိုတွေ့ထားရၿ႔ပီဖြစ်ပါတယ်။ ဒါပေမယ့် အနည်းဆုံးအလင်းနှစ် ၄၀ အကွာအဝေးမှာ ရှိတာကြောင့် တကယ်ရှိမရှိလေ့လာဖို့တော့ မဖြစ်နိုင်သေးပါဘူး။

အင်တာနက်ပေါ်မှာ အလွန်နာမည်ကြီးတဲ့ နာဆာဟာ အာကာသမှာသုံးဖို့ဖောင်တိန်အတွက် ဒေါ်လာသန်းပေါင်းများစွာသုံးခဲ့ပြီး ဆိုဗီယက်အာကာသယာဉ်မှူးတွေက ခဲတံတစ်ချောင်းနဲ့ဖြေရှင်းခဲ့တယ်ဆိုတဲ့ ဖြစ်ရပ်ဟာ တကယ်တော့ ကောလဟာလသာဖြစ်ပါတယ်။

Leave a Reply