Posted on
၃။ သိပ္ပံပညာရှင်များလေ့လာမိသမျှ စကြာဝဠာထဲတွင် ကမ္ဘာဟာ လေထု ၊ ရေထုများရှိပြီး သက်ရှိများရှင်သန်နေထိုင်လို့ရတဲ့ တစ်ခုတည်းသောဂြိုဟ်ဖြစ်သည်။
သင်မသိလောက်သေးတဲ့ ကမ္ဘာမြေရဲ့ ဗဟုသုတအချက်အလက်လေးတစ်ချို့ (unicode)
၁။ ကမ္ဘာမြေကြီးရဲ့အလေးချိန်ဟာ တန်ပေါင်း ၆ဘီလီယံ ထရီလီယံ ရှိပါတယ်။ ဒါကိုချရေးမယ်ဆိုရင် ၆ ရဲ့နောက်မှာ သုည ၂၁လုံး ကိုထည့်ရပါမယ်။
၂။ ကမ္ဘာကြီးဟာ သူ့ရဲ့ဂြိုလ်ပတ်လမ်းကြောင်းပေါ်မှာ ၁နာရီကို ၁၀၇၂၀၀ ကီလိုမီတာ အမြန်နှုန်းနဲ့ရွေ့လျားနေပါတယ်။
၃။ သိပ္ပံပညာရှင်များလေ့လာမိသမျှ စကြာဝဠာထဲတွင် ကမ္ဘာဟာ လေထု ၊ ရေထုများရှိပြီး သက်ရှိများရှင်သန်နေထိုင်လို့ရတဲ့ တစ်ခုတည်းသောက်ဂြိုဟ်ဖြစ်သည်။
၄။ ကမ္ဘာကြီးရဲ့ ဧရိယာစုစုပေါင်း ၁၀၀%ကိုရေမျက်နှာပြင် ၇၀.၈% နဲ့ ကုန်းမြေ ၂၉.၂% နဲ့ဖွဲ့စည်းထားပါတယ်။
၅။ ကမ္ဘာ့ရေထု၏ ၉၇% မှာ ရေငန်ဖြစ်ပြီး သောက်သုံးလို့ရသည့်ရေမှာ ၃% သာ ရှိသည်။ ထို ၃% ၏ ၃ပုံ၂ပုံမှာ ရေခဲများဖြစ်သည်။
၆။ နေဟာ ကမ္ဘာထက် အဆပေါင်း ၃၃၀၃၃၀ ကြီးပါတယ်။
၇။ အစပိုင်းတွင် ကမ္ဘာသည် စကြဝဠာ၏ ဗဟိုချက်ဖြစ်ပြီး ကမ္ဘာကိုအခြားဂြိုဟ်များက လှည့်ပတ်နေသည်ဟု လူသားများကယုံကြည်ထားကြသည်။ သူတို့၏ ယုံကြည်ချက်ကိုချိုးဖျက်ပြီး နေသည်သာ ဗဟိုဖြစ်ကြောင်း ပြခဲ့သူမျာ ကော်ပါးနိကပ် ဖြစ်သည်။
၈။ ၁၉၇၀ ဧပြီ ၂၂ရက်နေ့ကို ပထမဆုံးကမ္ဘာမြေရဲ့နေ့အဖြစ်သတ်မှတ်ခဲ့ကြပါတယ်။ ဒီနေ့ဟာ ရုရှခေါင်းဆောင် လီနင် ရဲ့မွေးနေ့(မွေးရက်မွေးလ)နဲ့တူညီနေပါတယ်။
၉။ နေ့တစ်နေ့ရဲ့ကြာချိန်ဟာ နှစ်ပေါင်း၁၀ဝကို ၁၇မီလီစက္ကန့်တိုးတိုးလာပါတယ်။
၁၀။ သက်ရှိမျိုးစိတ်ပေါင်း ၁၀-၁၄ မီလီယံခန့် နေထိုင်ကြပြီး လူသားမျိုးနွယ်တို့မှာ အရေအတွက်အားဖြင့် ၇.၆ ဘီလီယံခန့်ဖြစ်သည်။
၁၁။ တကယ်တော့ ကမ္ဘာကြီးဟာ အတိအကျ လုံးဝန်းမနေပါဘူး။ အီကွေတာ က ဝင်ရိုးတစ်ခုနဲ့တစ်ခု ဆက်ထားတဲ့နေရာဟာ ၂၆.၅မိုင် ကွာခြားနေပါတယ်။
၁၂။ ကမ္ဘာမြေဆွဲအား ဟာလည်းမတူညီပါဘူး။ အီကွေတာမှာ ၁၅၀ပေါင် ရှိတဲ့လူတစ်ယောက်ဟာ မြောက်ဝန်ရိုးပေါ်မှာတော့ ၁၅၁ ပေါင်ဖြစ်သွားပါလိမ့်မယ်။
၁၃။ ကမ္ဘာဟာ ရိုးရိုးဂြိုလ်တစ်လုံးဖြစ်တဲ့အတွက်သူ့မှာနာမည်မရှိပါဘူး။ ကမ္ဘာ (world) ဆိုတဲ့ စကားလုံးကို ဂရိတ်ဗြိတိန်မှာ နေထိုင်ကြတဲ့ Anglo Saxons လို့ခေါ်တဲ့ လူမျိုးစုတွေက စတင်သတ်မှတ်ခဲ့ကြတာဖြစ်ပါတယ်။
၁၄။ အာရှတိုက်သည် အကျယ်အဝန်းမှာ ကမ္ဘာကုန်းမြေ၏ ၃၀% သာ ရှိသော်လည်း လူဦးရေမှာမှု ကမ္ဘာကြီး၏ ၆၀ ရာခိုင်နှုန်းကျော် နေထိုင်ကြသည်။
၁၅။ ကမ္ဘာမြေရဲ့ အအေးဆုံး အပူချိန်ကတော့ -၁၂၈.၆ ဒီဂရီ ဖာရင်ဟိုက် ပဲဖြစ်ပါတယ်။ ၁၉၈၃ ဇူလိုင်လ ၂၁ရက်နေ့မှာ အန္တာတိကတိုက်က Vostok Station မှာတိုင်းယူရရှိခဲ့တာပဲဖြစ်ပါတယ်။ အမြင့်ဆုံးအပူချိန်က ၁၃၆ ဒီဂရီ ဖာရင်ဟိုက် ပဲဖြစ်ပါတယ်။ ၁၉၂၂ခု စက်တင်ဘာ ၁၃ရက်နေ့က လစ်ဗျားနိုင်ငံမှာ မှတ်တမ်းတင်ခဲ့တာပဲဖြစ်ပါတယ်။
Leave a Reply