ဆင္းရဲေပမယ့္ ကမာၻ႔အေပ်ာ္ရႊင္ဆုံးလူေတြေနထုိင္ရာ (သုိ႔) ဘူတန္ႏုိင္ငံအေၾကာင္း

Posted on

ဘူတန္ႏုိင္ငံကို ကမာၻ႔နံပါတ္ ၁ လို႔ဆုိလုိက္ရင္ ဘယ္ေနရာမွာ ၁ တာလဲ၊ အင္အားႀကီးတဲ့ေနရာမွာလား ၊ နည္းပညာမွာလား ၊ ခ်မ္းသာတဲ့ေနရာမွာလား စသျဖင့္ေမးမိၾကမွာပါ။ တကယ္ေတာ့ ဘူတန္ႏုိင္ငံ ကမာၻ႔နံပါတ္ ၁စြဲတဲ့ေနရာကေတာ့ ေပ်ာ္ရႊင္တဲ့ေနရာမွာပါ။ ဟုတ္ပါတယ္။ ဘူတန္ႏုိင္ငံဟာ ကမာၻေပၚမွာ အေပ်ာ္ရႊင္ဆုံးႏုိင္ငံအျဖစ္ သတ္မွတ္ခံထားရတဲ့ ႏုိင္ငံျဖစ္ပါတယ္။ တစ္ကမာၻလုံးက တုိင္းျပည္တစ္ျပည္ရဲ႕စံႏႈန္းကို GDP နဲ႔ တုိင္းေနတဲ့အခ်ိန္မွာ ဘူတန္ႏုိင္ငံကေတာ့ ႏုိင္ငံသားေတြရဲ႕ေပ်ာ္ရႊင္မႈနဲ႔ပဲ တုိင္းပါသတဲ့။ ျပည္သူျပည္သားေတြေပ်ာ္ရင္တုိးတက္တယ္လုိ႔ သတ္မွတ္ထားပါသတဲ့။ အဲဒီေတာ့ စိတ္၀င္စားဖုိ႔ေကာင္းတဲ့ ဘူတန္ႏုိင္ငံရဲ႕အေၾကာင္းကိုေလ့လာၾကည့္ရေအာင္ :)….

ဘူတန္ လုိ႔ေခၚေနၾကေပမယ့္ သူ႔ရဲ႕တကယ့္နာမည္အမွန္က ဘူတန္ဘုရင့္ႏုိင္ငံ(Kingdom of Bhutan) ျဖစ္ပါတယ္။ ဟိမ၀ႏာၱေတာင္တန္းအေရွ႕နားက ကုန္းတြင္းပိတ္ႏုိင္ငံေလးျဖစ္ပါတယ္။ ၁၇ရာစုတုန္းက ပေဒသရာဇ္ႏုိင္ငံငယ္ေလးျဖစ္ခဲ့ၿပီး တိဘက္မွာဘာသာေရးႏွိပ္ကြပ္မႈေတြျပင္းထန္လာတဲ့အခါ လူမ်ားဟာ ထြက္ျပးတိမ္းေရွာင္ခဲ့ၾကၿပီး ဘူတန္ႏုိင္ငံေနရာမွာ ဘူတန္လူမ်ဳိးအျဖစ္ေနထုိင္ခဲ့ၾကပါတယ္။

၂၀ရာစုအေစာပိုင္းမွာေတာ့ ၿဗိတိသွ်လက္ေအာက္ကုိက်ေရာက္ခဲ့ၿပီး အဲဒီေနာက္ေတာ့ အိႏၵိယရဲ႕လႊမ္းမုိးမႈကုိခံခဲ့ရျပန္ပါတယ္။ အက်ယ္အ၀န္း ၃၈၈၁၆စတုရန္းကီလုိမီတာသာက်ယ္၀န္းၿပီး လူဦးေရ ၇သိန္းခန္႔ေနထုိင္ၾကပါတယ္။ အမ်ားစုမွာ ၀ဇီရာယာနဗုဒၶဘာသာကို ကို္းကြယ္ၿပီး ဟိႏၵဴဘာသာ၀င္အနည္းငယ္ရွိပါတယ္။ အဓိကလုပ္ငန္းမွာ လယ္ယာစုိက္ပ်ဳိးေရး ၊ ေမြးျမဴေရး နဲ႔ သစ္ေတာလုပ္ငန္းမ်ားျဖစ္ပါတယ္။ ၿမဳိ႕ေတာ္မွာ  သင္မ္ဖ်ဴး(Thimphu)ျဖစ္ပါတယ္။

တစ္ကမာၻလုံးစာရင္းမွာေတာ့ ဘူတန္ႏုိင္ငံရဲ႕ ေပ်ာ္ရႊင္ျခင္းအဆင့္ကုိ ၅ လုိ႔သာ သတ္မွတ္ထားေပမယ့္ ဒါဟာအလြန္ခ်မ္းသာတဲ့ အျခားႏုိင္ငံမ်ားနဲ႔ ႏႈိင္းယွဥ္ခ်က္ျဖစ္ပါတယ္။ မခ်မ္းသာေပမယ့္ ေပ်ာ္ရႊင္တဲ့ႏုိင္ငံေတြထဲမွာေတာ့ ဘူတန္္ဟာ နံပါတ္ ၁ ျဖစ္ပါတယ္။ ဘူတန္ႏုိင္ငံကုိ ေပ်ာ္ရႊင္ျခင္းႏုိင္ငံျဖစ္အာင္ စြမ္းေဆာင္ႏုိင္ခဲ့တဲ့သူကေတာ့ လက္ရွိဘူတန္ဘုရင္ရဲ႕ဖခင္ Jigme Singye Wangchuck ျဖစ္ပါတယ္။ မတုိးတက္ မခ်မ္းသာေပမယ့္ ဘာေၾကာင့္ ဘူတန္ဟာ အေပ်ာ္ရႊင္ဆုံးႏုိင္ငံျဖစ္ေနရပါသလဲ။ အဓိက အခ်က္ေတြကေတာ့-
ဘူတန္ဟာ သဘာ၀တရားကို လတ္လတ္ဆတ္ဆတ္ထိေတြ႕ခြင့္ရျခင္း ၊

ၿမဳိ႕ႀကီးၿမဳိ႕ငယ္လမ္းအသြယ္သြယ္မွာ ေတာင္းရမ္းစားေသာက္သူမ်ား မရွိျခင္း ၊
ေဆးသမားမ်ား ၊ မိန္းမပ်က္မ်ား မရွိျခင္း ၊
ခမ္းနားႀကီးက်ယ္တဲ့ အိမ္မ်ားမရွိသလုိ ၊ စုတ္ျပတ္ မုိးမလုံတဲ့အိမ္မ်ား မရွိျခင္း၊
တုိင္းျပည္ကုိ အလြန္ခ်စ္တဲ့ဘုရင္ရွိျခင္း စတဲ့အခ်က္ေတြေၾကာင့္ျဖစ္ပါတယ္။

ဘူတန္ဟာ သဘာ၀တရားကို အထိမ္းသိမ္းႏုိင္ဆုံးတုိင္းျပည္ ၊ သစ္ေတာမျပဳန္းတီးဆုံးတုိင္းျပည္ျဖစ္ၿပီး ႏုိင္ငံရဲ႕ ၇၀ရာခုိင္ႏႈန္းေက်ာ္ဟာ သစ္ေတာမ်ားျဖစ္ပါတယ္။ ေဆးလိပ္ေသာက္ျခင္းကိုလည္း အကန္႔အသတ္ဥပေဒနဲ႔ ခြင့္ျပဳထားၿပီး တစ္ႏုိင္ငံလုံးနီးပါးဟာ ေဆးလိပ္မေသာက္ရတဲ့ေနရာမ်ားျဖစ္ပါတယ္။ ပတ္၀န္းက်င္ကုိ ထိမ္းသိမ္းတဲ့အေနနဲ႔ ပလတ္စတစ္တင္သြင္းခြင့္ကိုလည္း ပိတ္ပင္ထားတဲ့ႏုိင္ငံျဖစ္ပါတယ္။ ရာဇ၀တ္မႈျဖစ္ပြားတာလည္း အလြန္နည္းတဲ့ႏုိင္ငံပါ။

ခ်မ္းသာတဲ့တုိင္းျပည္ေတြနဲ႔အၿပဳိင္ လူတုိင္း ေဆးကုခြင့္ ၊ ေက်ာင္းေနခြင့္ကို ရထားသလုိ ေရအားလွ်ပ္စစ္ကုိအသုံးခ်ကာ တုိင္းျပည္ရဲ႕ ေနရာ ၇၀ရာခုိင္ႏႈန္းကို လွ်ပ္စစ္မီးေပးႏုိင္ပါတယ္။ ႏုိင္ငံျခားကုိထြက္ကာ ပညာသင္သူေတြရွိၿပီး ထြက္သြားသူတုိင္းရဲ႕ ၉၉ရာခုိင္ႏႈန္းဟာ တုိင္းျပည္ကုိျပန္လာကာ အလုပ္အေကြ်းျပဳၾကပါတယ္။ အဓိကဥပေဒ တစ္ရပ္ရွိပါေသးတယ္။ အဲဒါကေတာ့ သူတုိ႔လူမ်ဳိးနဲ႔ ဘာသာကို ေစာင့္ထိမ္းတဲ့အေနနဲ႔ သူတုိ႔လူမ်ဳိးေတြကုိ ႏုိင္ငံျခားသားေတြနဲ႔ လက္ထပ္ခြင့္မျပဳတာပါ။

ဘုရင္ကစလုိ႔ ျပည္သူျပည္သားအားလုံးဟာ ရုိးရာ၀တ္စုံကိုသာ ၀တ္ဆင္ေလ့ရွိၾကပါတယ္။ ေယာကၤ်ားေတြကေတာ့ gol လုိ႔ေခၚတဲ့ ဒူးထိရွည္လ်ားတဲ့၀တ္စုံကုိ၀တ္ဆင္ၿပီး မိန္းမေတြကေတာ့ Kira လုိ႔ေခၚတဲ့ ေျခမ်က္စိအထိရွိတဲ့၀တ္စုံကုိ ၀တ္ဆင္ၾကပါတယ္။ ဘူတန္ကုိ ေရာက္တဲ့အခါ မည္သည့္ လူႀကီးကေလးေတြကို ဒီမွာေနရတာအဆင္ေျပလားလုိ႔ ေမးတဲ့အခါ ေက်နပ္တယ္ ေပ်ာ္ရႊင္တယ္ ဆုိတဲ့စကားကိုပဲ ၾကားရမွာျဖစ္ပါတယ္။ တုိင္းျပည္နဲ႔ ျပည္သူခ်စ္တဲ့ ဘုရင္ရွိတဲ့ႏုိင္ငံ ၊ ဘုရင္နဲ႔တုိင္းျပည္ကိုခ်စ္တဲ့ ျပည္သူရွိတဲ့ႏုိင္ငံ ၊ သဘာ၀တရားႀကီးကို လုံး၀လြတ္လပ္စြာခံစားခြင့္ရတဲ့ ႏုိင္ငံျဖစ္တာေၾကာင့္ ဘူတန္ဟာ ဆင္းရဲေပမယ့္ အေပ်ာ္ရႊင္ဆုံးႏုိင္ငံ ျဖစ္တာ သိပ္မဆန္းပါဘူး။ ကြ်န္ေတာ္တုိ႔ႏုိင္ငံကိုလည္း ဒိန္းမတ္တုိ႔ ေနာ္ေ၀တုိ႔လုိ ခ်မ္းသာမႈ ေအးခ်မ္းမႈေတြနဲ႔ျပည့္စုံတဲ့ ႏုိင္ငံမျဖစ္ရင္ေတာင္ ဘူတန္လုိ ေပ်ာ္ရႊင္ျခင္း နဲ႔ ျပည့္တဲ့ႏုိင္ငံျဖစ္ေစခ်င္ပါတယ္..:)

(ဘူတန္ႏုိင္ငံအျခား စိတ္၀င္စားစရာအခ်က္အလက္ေတြရွိေသးရင္ ထပ္ျဖည့္ခဲ့ၾကပါဦး)


ဆင်းရဲပေမယ့် ကမ္ဘာ့အပျော်ရွှင်ဆုံးလူတွေနေထိုင်ရာ (သို့) ဘူတန်နိုင်ငံအကြောင်း (unicode)

ဘူတန်နိုင်ငံကို ကမ္ဘာ့နံပါတ် ၁ လို့ဆိုလိုက်ရင် ဘယ်နေရာမှာ ၁ တာလဲ၊ အင်အားကြီးတဲ့နေရာမှာလား ၊ နည်းပညာမှာလား ၊ ချမ်းသာတဲ့နေရာမှာလား စသဖြင့်မေးမိကြမှာပါ။ တကယ်တော့ ဘူတန်နိုင်ငံ ကမ္ဘာ့နံပါတ် ၁စွဲတဲ့နေရာကတော့ ပျော်ရွှင်တဲ့နေရာမှာပါ။ ဟုတ်ပါတယ်။ ဘူတန်နိုင်ငံဟာ ကမ္ဘာပေါ်မှာ အပျော်ရွှင်ဆုံးနိုင်ငံအဖြစ် သတ်မှတ်ခံထားရတဲ့ နိုင်ငံဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးက တိုင်းပြည်တစ်ပြည်ရဲ့စံနှုန်းကို GDP နဲ့ တိုင်းနေတဲ့အချိန်မှာ ဘူတန်နိုင်ငံကတော့ နိုင်ငံသားတွေရဲ့ပျော်ရွှင်မှုနဲ့ပဲ တိုင်းပါသတဲ့။ ပြည်သူပြည်သားတွေပျော်ရင်တိုးတက်တယ်လို့ သတ်မှတ်ထားပါသတဲ့။ အဲဒီတော့ စိတ်ဝင်စားဖို့ကောင်းတဲ့ ဘူတန်နိုင်ငံရဲ့အကြောင်းကိုလေ့လာကြည့်ရအောင် :)….

ဘူတန် လို့ခေါ်နေကြပေမယ့် သူ့ရဲ့တကယ့်နာမည်အမှန်က ဘူတန်ဘုရင့်နိုင်ငံ(Kingdom of Bhutan) ဖြစ်ပါတယ်။ ဟိမ၀န္တာတောင်တန်းအရှေ့နားက ကုန်းတွင်းပိတ်နိုင်ငံလေးဖြစ်ပါတယ်။ ၁၇ရာစုတုန်းက ပဒေသရာဇ်နိုင်ငံငယ်လေးဖြစ်ခဲ့ပြီး တိဘက်မှာဘာသာရေးနှိပ်ကွပ်မှုတွေပြင်းထန်လာတဲ့အခါ လူများဟာ ထွက်ပြးတိမ်းရှောင်ခဲ့ကြပြီး ဘူတန်နိုင်ငံနေရာမှာ ဘူတန်လူမျိုးအဖြစ်နေထိုင်ခဲ့ကြပါတယ်။ ၂ဝရာစုအစောပိုင်းမှာတော့ ဗြိတိသျှလက်အောက်ကိုကျရောက်ခဲ့ပြီး အဲဒီနောက်တော့ အိန္ဒိယရဲ့လွှမ်းမိုးမှုကိုခံခဲ့ရပြန်ပါတယ်။ အကျယ်အဝန်း ၃၈၈၁၆စတုရန်းကီလိုမီတာသာကျယ်ဝန်းပြီး လူဦးရေ ၇သိန်းခန့်နေထိုင်ကြပါတယ်။ အများစုမှာ ဝဇီရာယာနဗုဒ္ဓဘာသာကို က်ိုးကွယ်ပြီး ဟိန္ဒူဘာသာဝင်အနည်းငယ်ရှိပါတယ်။ အဓိကလုပ်ငန်းမှာ လယ်ယာစိုက်ပျိုးရေး ၊ မွေးမြူရေး နဲ့ သစ်တောလုပ်ငန်းများဖြစ်ပါတယ်။ မြို့တော်မှာ  သင်မ်ဖျူး(Thimphu)ဖြစ်ပါတယ်။


တစ်ကမ္ဘာလုံးစာရင်းမှာတော့ ဘူတန်နိုင်ငံရဲ့ ပျော်ရွှင်ခြင်းအဆင့်ကို ၅ လို့သာ သတ်မှတ်ထားပေမယ့် ဒါဟာအလွန်ချမ်းသာတဲ့ အခြားနိုင်ငံများနဲ့ နှိုင်းယှဉ်ချက်ဖြစ်ပါတယ်။ မချမ်းသာပေမယ့် ပျော်ရွှင်တဲ့နိုင်ငံတွေထဲမှာတော့ ဘူတန်ဟာ နံပါတ် ၁ ဖြစ်ပါတယ်။ ဘူတန်နိုင်ငံကို ပျော်ရွှင်ခြင်းနိုင်ငံဖြစ်အာင် စွမ်းဆောင်နိုင်ခဲ့တဲ့သူကတော့ လက်ရှိဘူတန်ဘုရင်ရဲ့ဖခင် Jigme Singye Wangchuck ဖြစ်ပါတယ်။ မတိုးတက် မချမ်းသာပေမယ့် ဘာကြောင့် ဘူတန်ဟာ အပျော်ရွှင်ဆုံးနိုင်ငံဖြစ်နေရပါသလဲ။ အဓိက အချက်တွေကတော့-
ဘူတန်ဟာ သဘာဝတရားကို လတ်လတ်ဆတ်ဆတ်ထိတွေ့ခွင့်ရခြင်း ၊

မြို့ကြီးမြို့ငယ်လမ်းအသွယ်သွယ်မှာ တောင်းရမ်းစားသောက်သူများ မရှိခြင်း ၊
ဆေးသမားများ ၊ မိန်းမပျက်များ မရှိခြင်း ၊
ခမ်းနားကြီးကျယ်တဲ့ အိမ်များမရှိသလို ၊ စုတ်ပြတ် မိုးမလုံတဲ့အိမ်များ မရှိခြင်း၊
တိုင်းပြည်ကို အလွန်ချစ်တဲ့ဘုရင်ရှိခြင်း စတဲ့အချက်တွေကြောင့်ဖြစ်ပါတယ်။

ဘူတန်ဟာ သဘာဝတရားကို အထိမ်းသိမ်းနိုင်ဆုံးတိုင်းပြည် ၊ သစ်တောမပြုန်းတီးဆုံးတိုင်းပြည်ဖြစ်ပြီး နိုင်ငံရဲ့ ၇ဝရာခိုင်နှုန်းကျော်ဟာ သစ်တောများဖြစ်ပါတယ်။ ဆေးလိပ်သောက်ခြင်းကိုလည်း အကန့်အသတ်ဥပဒေနဲ့ ခွင့်ပြုထားပြီး တစ်နိုင်ငံလုံးနီးပါးဟာ ဆေးလိပ်မသောက်ရတဲ့နေရာများဖြစ်ပါတယ်။ ပတ်ဝန်းကျင်ကို ထိမ်းသိမ်းတဲ့အနေနဲ့ ပလတ်စတစ်တင်သွင်းခွင့်ကိုလည်း ပိတ်ပင်ထားတဲ့နိုင်ငံဖြစ်ပါတယ်။ ရာဇဝတ်မှုဖြစ်ပွားတာလည်း အလွန်နည်းတဲ့နိုင်ငံပါ။ ချမ်းသာတဲ့တိုင်းပြည်တွေနဲ့အပြိုင် လူတိုင်း ဆေးကုခွင့် ၊ ကျောင်းနေခွင့်ကို ရထားသလို ရေအားလျှပ်စစ်ကိုအသုံးချကာ တိုင်းပြည်ရဲ့ နေရာ ၇ဝရာခိုင်နှုန်းကို လျှပ်စစ်မီးပေးနိုင်ပါတယ်။ နိုင်ငံခြားကိုထွက်ကာ ပညာသင်သူတွေရှိပြီး ထွက်သွားသူတိုင်းရဲ့ ၉၉ရာခိုင်နှုန်းဟာ တိုင်းပြည်ကိုပြန်လာကာ အလုပ်အကျွေးပြုကြပါတယ်။ အဓိကဥပဒေ တစ်ရပ်ရှိပါသေးတယ်။ အဲဒါကတော့ သူတို့လူမျိုးနဲ့ ဘာသာကို စောင့်ထိမ်းတဲ့အနေနဲ့ သူတို့လူမျိုးတွေကို နိုင်ငံခြားသားတွေနဲ့ လက်ထပ်ခွင့်မပြုတာပါ။

ဘုရင်ကစလို့ ပြည်သူပြည်သားအားလုံးဟာ ရိုးရာဝတ်စုံကိုသာ ဝတ်ဆင်လေ့ရှိကြပါတယ်။ ယောင်္ကျားတွေကတော့ gol လို့ခေါ်တဲ့ ဒူးထိရှည်လျားတဲ့ဝတ်စုံကိုဝတ်ဆင်ပြီး မိန်းမတွေကတော့ Kira လို့ခေါ်တဲ့ ခြေမျက်စိအထိရှိတဲ့ဝတ်စုံကို ဝတ်ဆင်ကြပါတယ်။ ဘူတန်ကို ရောက်တဲ့အခါ မည်သည့် လူကြီးကလေးတွေကို ဒီမှာနေရတာအဆင်ပြေလားလို့ မေးတဲ့အခါ ကျေနပ်တယ် ပျော်ရွှင်တယ် ဆိုတဲ့စကားကိုပဲ ကြားရမှာဖြစ်ပါတယ်။ တိုင်းပြည်နဲ့ ပြည်သူချစ်တဲ့ ဘုရင်ရှိတဲ့နိုင်ငံ ၊ ဘုရင်နဲ့တိုင်းပြည်ကိုချစ်တဲ့ ပြည်သူရှိတဲ့နိုင်ငံ ၊ သဘာဝတရားကြီးကို လုံးဝလွတ်လပ်စွာခံစားခွင့်ရတဲ့ နိုင်ငံဖြစ်တာကြောင့် ဘူတန်ဟာ ဆင်းရဲပေမယ့် အပျော်ရွှင်ဆုံးနိုင်ငံ ဖြစ်တာ သိပ်မဆန်းပါဘူး။ ကျွန်တော်တို့နိုင်ငံကိုလည်း ဒိန်းမတ်တို့ နော်ဝေတို့လို ချမ်းသာမှု အေးချမ်းမှုတွေနဲ့ပြည့်စုံတဲ့ နိုင်ငံမဖြစ်ရင်တောင် ဘူတန်လို ပျော်ရွှင်ခြင်း နဲ့ ပြည့်တဲ့နိုင်ငံဖြစ်စေချင်ပါတယ်..:)

(ဘူတန်နိုင်ငံအခြား စိတ်ဝင်စားစရာအချက်အလက်တွေရှိသေးရင် ထပ်ဖြည့်ခဲ့ကြပါဦး)

Leave a Reply