အသက္ ၃၇ ႏွစ္ အရြယ္ အသက္အႀကီးဆုံးပန္ဒါ Basi ေသဆုံး

Posted on

ကမာၻ႔အသက္အႀကီးဆုံးပန္ဒါျဖစ္တဲ့ Basi ဟာ ၿပီးခဲ့တဲ့ရက္က ေသဆုံးသြားခဲ့ၿပီလုိ႔ သူ႔ကုိထိန္းသိမ္းထားတဲ့ Straits Giant ပန္ဒါသုေတသနစင္တာ က ေၾကျငာလုိက္ပါတယ္။ သူဟာ အသက္ ၃၇ႏွစ္အရြယ္မွ ေသဆုံးခဲ့တာျဖစ္တာေၾကာင့္ လူေတြရဲ႕သက္တမ္းနဲ႔ဆုိရင္ အႏွစ္ ၁၀၀ထက္ ပိုေနရတယ္လုိ႔ ဆုိႏုိင္ပါတယ္။ ပုံမွန္ပန္ဒါတစ္ေကာင္ရဲ႕ သက္တမ္းဟာ ၁၄ႏွစ္ကေန ၂၀အတြင္းသာ ရွိတာျဖစ္တာေၾကာင့္ Basi ဟာ သက္တမ္း ၂ဆနီးပါး အသက္ရွည္ခဲ့ပါတယ္။

သူမအသက္ ၄ႏွစ္အရြယ္မွာ ေတာင္ၾကားတစ္ခုကေန ကယ္ဆယ္ခဲ့ၿပီးေနာက္ Fuzhou မွာရွိတဲ့ ပန္ဒါေစာင့္ေရွာက္ေရးစခန္းမွာ ေမြးျမဴထားခဲ့တာျဖစ္ပါတယ္။ “စိတ္မေကာင္းစြာနဲ႔ ဒီေန႔မနက္ ၈နာရီ မိနစ္ ၅၀ အခ်ိန္မွာ က်မတုိ႔ရဲ႕အခ်စ္ေတာ္ Basi ေသဆုံးခဲ့ၿပီဆုိတာ ေၾကျငာလုိက္ပါတယ္” လုိ႔ ပန္ဒါသုေတသနစင္တာက တရား၀င္ေၾကျငာလုိက္တာျဖစ္ပါတယ္။ သူမရဲ႕ စ်ာပနအခမ္းအနားပြဲကုိ စင္တာက ျပည္နယ္ရုပ္သံအကူအညီနဲ႔ တုိက္ရုိက္ထုတ္လႊင့္ေပးခဲ့ပါတယ္။

ဒီ၀က္၀ံႀကီးဟာ ပထမဆုံးအာရွအားကစားၿပဳိင္ပြဲေတြရဲ႕ လာဘ္ေကာင္ျဖစ္ၿပီး ျပည္တြင္းေရာ ျပည္ပအတြက္ ခ်စ္ခင္ရင္းႏွီးမႈ တမန္ေတာ္ေလးျဖစ္တယ္လုိ႔ ဆုိပါတယ္။ ပန္ဒါ၀က္၀ံေလးေတြဟာ တရုတ္ႏုိင္ငံရဲ႕ အဓိက သေကၤတျဖစ္ၿပီး အထူးကာကြယ္ထားတဲ့ တိရစာၦန္ေလးေတြျဖစ္ပါတယ္။ ကမာၻေပၚမွာ ပန္ဒါ၀က္၀ံေပါင္း အေကာင္ ၂၀၀၀ ေက်ာ္သာရွိေတာ့တာ ျဖစ္တာေၾကာင့္ အခုလုိ ဂရုတစုိက္ကာကြယ္ေနျခင္းျဖစ္တယ္လုိ႔ သိရပါတယ္။


အသက် ၃၇ နှစ် အရွယ် အသက်အကြီးဆုံးပန်ဒါ Basi သေဆုံး (unicode)

ကမ္ဘာ့အသက်အကြီးဆုံးပန်ဒါဖြစ်တဲ့ Basi ဟာ ပြီးခဲ့တဲ့ရက်က သေဆုံးသွားခဲ့ပြီလို့ သူ့ကိုထိန်းသိမ်းထားတဲ့ Straits Giant ပန်ဒါသုတေသနစင်တာ က ကြေငြာလိုက်ပါတယ်။ သူဟာ အသက် ၃၇နှစ်အရွယ်မှ သေဆုံးခဲ့တာဖြစ်တာကြောင့် လူတွေရဲ့သက်တမ်းနဲ့ဆိုရင် အနှစ် ၁၀ဝထက် ပိုနေရတယ်လို့ ဆိုနိုင်ပါတယ်။ ပုံမှန်ပန်ဒါတစ်ကောင်ရဲ့ သက်တမ်းဟာ ၁၄နှစ်ကနေ ၂ဝအတွင်းသာ ရှိတာဖြစ်တာကြောင့် Basi ဟာ သက်တမ်း ၂ဆနီးပါး အသက်ရှည်ခဲ့ပါတယ်။

သူမအသက် ၄နှစ်အရွယ်မှာ တောင်ကြားတစ်ခုကနေ ကယ်ဆယ်ခဲ့ပြီးနောက် Fuzhou မှာရှိတဲ့ ပန်ဒါစောင့်ရှောက်ရေးစခန်းမှာ မွေးမြူထားခဲ့တာဖြစ်ပါတယ်။ “စိတ်မကောင်းစွာနဲ့ ဒီနေ့မနက် ၈နာရီ မိနစ် ၅၀ အချိန်မှာ ကျမတို့ရဲ့အချစ်တော် Basi သေဆုံးခဲ့ပြီဆိုတာ ကြေငြာလိုက်ပါတယ်” လို့ ပန်ဒါသုတေသနစင်တာက တရားဝင်ကြေငြာလိုက်တာဖြစ်ပါတယ်။ သူမရဲ့ ဈာပနအခမ်းအနားပွဲကို စင်တာက ပြည်နယ်ရုပ်သံအကူအညီနဲ့ တိုက်ရိုက်ထုတ်လွှင့်ပေးခဲ့ပါတယ်။

ဒီဝက်ဝံကြီးဟာ ပထမဆုံးအာရှအားကစားပြိုင်ပွဲတွေရဲ့ လာဘ်ကောင်ဖြစ်ပြီး ပြည်တွင်းရော ပြည်ပအတွက် ချစ်ခင်ရင်းနှီးမှု တမန်တော်လေးဖြစ်တယ်လို့ ဆိုပါတယ်။ ပန်ဒါဝက်ဝံလေးတွေဟာ တရုတ်နိုင်ငံရဲ့ အဓိက သင်္ကေတဖြစ်ပြီး အထူးကာကွယ်ထားတဲ့ တိရစ္ဆာန်လေးတွေဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ ပန်ဒါဝက်ဝံပေါင်း အကောင် ၂၀၀၀ ကျော်သာရှိတော့တာ ဖြစ်တာကြောင့် အခုလို ဂရုတစိုက်ကာကွယ်နေခြင်းဖြစ်တယ်လို့ သိရပါတယ်။

Leave a Reply