လူသိနည္းတဲ့ အႏာၱတိကတုိက္ရဲ႕ ထူးျခားဗဟုသုတေလးမ်ား

Posted on

အႏာၱတိကတုိက္ ဟာ ကမာၻ႔ေတာင္ဘက္အစြန္ဆုံးပိုင္းမွာတည္ရွိၿပီး ေတာင္၀န္ရုိးစြန္းရွိတဲ့ေနရာလည္းျဖစ္ပါတယ္။ အက်ယ္အ၀န္းအားျဖင့္ စတုရန္းမုိင္ေပါင္း  ၅.၄ သန္း ရွိပါတယ္။

အႏာၱတိကတုိက္ကို ၁၈၂၀ခုႏွစ္ မတုိင္ခင္အထိဘယ္သူမွ မျမင္ဖူးေသးပါ။ ၁၈၂၀မွာ ျမင္ဖူးတဲ့သူ ရွိေပမယ့္ တုိက္ေပၚကိုေတာ့ ေျခမခ်ရဲခဲ့ၾကပါဘူး။ အႏာၱတိကတုိက္ကို ပထမဆုံးေျခခ်ခဲ့တဲ့သူကေတာ့ ၁၈၉၅ခုႏွစ္ မွာေျခခ်ခဲ့တဲ့ ေနာ္ေ၀ ေ၀လငါးဖမ္းလုပ္ငန္းရွင္ Henrik Johan Bull နဲ႔ သူ႔ရဲ႕၀န္ထမ္းေတြပဲျဖစ္တယ္လုိ႔ ဆုိႏုိင္ပါတယ္။

အႏာၱတိက တုိက္ဟာ ကမာၻေပၚမွာ အေအးဆုံးေနရာျဖစ္ပါတယ္။ ပုံမွန္အပူခ်ိန္မွာေတာင္ -70C ေလာက္ရွိပါသတဲ့။ စံခ်ိန္တင္ အေအးဆုံးအပူခ်ိန္ကေတာ့ ၁၉၈၃ခုႏွစ္ Antarctica’s Vostok စခန္းကေနတုိင္းယူရရွိခဲ့တာျဖစ္ၿပီး -၁၂၈.၅၆ ဒီဂရီဖာရင္ဟုိက္ရွိပါတယ္။

ကမာၻေပၚက ရွိတဲ့ေရခဲစုစုေပါင္းရဲ႕ ၉၀ရာခုိင္ႏႈန္းဟာ အႏာၱတိက တုိက္မွာ ရွိပါတယ္။ အႏာၱတိက တုိက္ဟာ ဥေရာပတုိက္ထက္ ပုိႀကီးၿပီး ၾသစေၾတးလ်တုိက္ထက္ ၂ဆ ပုိႀကီးပါတယ္။

တုိက္ဧရိယာရဲ႕ ၉၈% ကုိ ေရခဲျပင္ေတြနဲ႔ ဖုန္းအုပ္ထားပါတယ္။ ေရခဲလႊာေတြရဲ႕ အထူေတြကလည္း ပ်မ္းမွ်အားျဖင့္၂၅၀၀ မီတာ ရွိၿပီး တခ်ဳိ႕ေနရာေတြမွာဆုိရင္ေတာ့ ၄၀၀၀မီတာေက်ာ္အထိ ထူပါတယ္။ က်န္တဲ့ ၂ရာခုိင္ႏႈန္းကေတာ့ ေရခဲေတြဖုံးလႊမ္းျခင္းမရွိပဲ ေရညွိေတြ ၊ ေမွာ္ပင္ေတြေပါက္ေရာက္ႏုိင္ပါတယ္။

တကယ္လုိ႔မ်ား အႏာၱတိကတုိက္က ေရခဲေတြအကုန္လုံးသာ အေရေပ်ာ္ခဲ့ရင္ ကမာၻ႔သမုဒၵရာေရျပင္ေတြရဲ႕ အျမင့္ဟာ ၇၀မီတာခန္႔ ျမင့္သြားမွာျဖစ္ၿပီး တစ္ကမာၻလုံးနီးပါးေရးလႊမ္းျခင္းကုိ ခံၾကရမွာပါ။

အႏာၱတိကတုိက္မွာ မီးေတာင္ေပါင္း ၁၃၈ ခုရွိၿပီး အထင္ရွားဆုံးကေတာ့ မီးေတာင္ရွင္ Erebus ျဖစ္ပါတယ္။

အႏာၱတိက တုိက္ဟာ လူသားေတြအၿမဲမေနႏုိင္တဲ့ ေနရာျဖစ္ေပမယ့္ လူဦးေရ ၅၀၀၀ခန္႔ကေတာ့ သုေတသန ဆုိင္ရာလုပ္ငန္းမ်ားအတြက္ အဲဒီမွာရွိေနၾကပါတယ္။ အမ်ားစုက သိပၸံ နဲ႔ သုေတသနပညာရွင္ေတြျဖစ္ၿပီး အဲဒီေဒသက မ်ဳိးစိတ္ေတြကိုေလ့လာျခင္း ၊ ကမာၻႀကီးပူေႏြးလာမႈကို သုေတသနျပဳျခင္း ၊ မီးေတာင္မ်ားကိုေလ့လာျခင္း ၊ ၿဂဳိဟ္နကၡတ္ေတြကိုေလ့လာျခင္း ၊ ဥကၠာပ်ံမ်ား ၊ ခရမ္္းလြန္ေရာင္ျခည္ဖ်ာထြက္မႈကိုေလ့လာျခင္း စတဲ့လုပ္ငန္းေတြကုိလုပ္ေဆာင္ေနၾကတာပဲျဖစ္ပါတယ္။

အမ်ားဆုံးေတြ႔ရေလ့ရွိတဲ့ တိရစာၦန္ေတြကေတာ့ ေ၀လငါး ၊ ပင္ဂြင္း ၊ ဖ်ံ နဲ႔ ငါးေတြပဲ ျဖစ္ပါတယ္။

အႏာၱတိကတုိက္ဟာ ႏ်ဴကလီးယားလုိလက္နက္ပစၥည္းမ်ား မစမ္းသပ္ဖုိ႔ ႏုိင္ငံေပါင္း ၄၉ႏုိင္ငံကေန သေဘာတူလက္မွတ္ထုိးထားတဲ့ နယ္ေျမလည္းျဖစ္ပါတယ္။


လူသိပ်မသိသေးတဲ့ အန္တာတိကတိုက်ရဲ့ ထူးခြားဗဟုသုတလေးများ (unicode)

အန္တာတိကတိုက် ဟာ ကမ္ဘာ့တောင်ဘက်အစွန်ဆုံးပိုင်းမှာတည်ရှိပြီး တောင်ဝန်ရိုးစွန်းရှိတဲ့နေရာလည်းဖြစ်ပါတယ်။ အကျယ်အဝန်းအားဖြင့် ၅.၄ သန်း စတုရန်းမိုင်ရှိပါတယ်။

အန္တာတိကတိုက်ကို ၁၈၂ဝခုနှစ် မတိုင်ခင်အထိဘယ်သူမှ မမြင်ဖူးသေးပါ။ ၁၈၂ဝမှာ မြင်ဖူးတဲ့သူ ရှိပေမယ့် တိုက်ပေါ်ကိုတော့ ခြေမချရဲခဲ့ကြပါဘူး။ အန္တာတိကတိုက်ကို ပထမဆုံးခြေချခဲ့တဲ့သူကတော့ ၁၈၉၅ခုနှစ် မှာခြေချခဲ့တဲ့ နော်ဝေ ဝေလငါးဖမ်းလုပ်ငန်းရှင် Henrik Johan Bull နဲ့ သူ့ရဲ့ဝန်ထမ်းတွေပဲဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။

အန္တာတိက တိုက်ဟာ ကမ္ဘာပေါ်မှာ အအေးဆုံးနေရာဖြစ်ပါတယ်။ ပုံမှန်အပူချိန်မှာတောင် -70C လောက်ရှိပါသတဲ့။ စံချိန်တင် အအေးဆုံးအပူချိန်ကတော့ ၁၉၈၃ခုနှစ် Antarctica’s Vostok စခန်းကနေတိုင်းယူရရှိခဲ့တာဖြစ်ပြီး -၁၂၈.၅၆ ဒီဂရီဖာရင်ဟိုက်ရှိပါတယ်။

ကမ္ဘာပေါ်က ရှိတဲ့ရေခဲစုစုပေါင်းရဲ့ ၉ဝရာခိုင်နှုန်းဟာ အန္တာတိက တိုက်မှာ ရှိပါတယ်။ အန္တာတိက တိုက်ဟာ ဥရောပတိုက်ထက် ပိုကြီးပြီး ဩစတြေးလျတိုက်ထက် ၂ဆ ပိုကြီးပါတယ်။

တိုက်ဧရိယာရဲ့ ၉၈% ကို ရေခဲပြင်တွေနဲ့ ဖုန်းအုပ်ထားပါတယ်။ ရေခဲလွှာတွေရဲ့ အထူတွေကလည်း ပျမ်းမျှအားဖြင့်၂၅၀၀ မီတာ ရှိပြီး တချို့နေရာတွေမှာဆိုရင်တော့ ၄၀၀ဝမီတာကျော်အထိ ထူပါတယ်။ ကျန်တဲ့ ၂ရာခိုင်နှုန်းကတော့ ရေခဲတွေဖုံးလွှမ်းခြင်းမရှိပဲ ရေညှိတွေ ၊ မှော်ပင်တွေပေါက်ရောက်နိုင်ပါတယ်။

တကယ်လို့များ အန္တာတိကတိုက်က ရေခဲတွေအကုန်လုံးသာ အရေပျော်ခဲ့ရင် ကမ္ဘာ့သမုဒ္ဒရာရေပြင်တွေရဲ့ အမြင့်ဟာ ၇ဝမီတာခန့် မြင့်သွားမှာဖြစ်ပြီး တစ်ကမ္ဘာလုံးနီးပါးရေးလွှမ်းခြင်းကို ခံကြရမှာပါ။

အန္တာတိကတိုက်မှာ မီးတောင်ပေါင်း ၁၃၈ ခုရှိပြီး အထင်ရှားဆုံးကတော့ မီးတောင်ရှင် Erebus ဖြစ်ပါတယ်။

အန္တာတိက တိုက်ဟာ လူသားတွေအမြဲမနေနိုင်တဲ့ နေရာဖြစ်ပေမယ့် လူဦးရေ ၅၀၀ဝခန့်ကတော့ သုတေသန ဆိုင်ရာလုပ်ငန်းများအတွက် အဲဒီမှာရှိနေကြပါတယ်။ အများစုက သိပ္ပံ နဲ့ သုတေသနပညာရှင်တွေဖြစ်ပြီး အဲဒီဒေသက မျိုးစိတ်တွေကိုလေ့လာခြင်း ၊ ကမ္ဘာကြီးပူနွေးလာမှုကို သုတေသနပြုခြင်း ၊ မီးတောင်များကိုလေ့လာခြင်း ၊ ဂြိုဟ်နက္ခတ်တွေကိုလေ့လာခြင်း ၊ ဥက္ကာပျံများ ၊ ခရမ်းလွန်ရောင်ခြည်ဖျာထွက်မှုကိုလေ့လာခြင်း စတဲ့လုပ်ငန်းတွေကိုလုပ်ဆောင်နေကြတာပဲဖြစ်ပါတယ်။

အများဆုံးတွေ့ရလေ့ရှိတဲ့ တိရစ္ဆာန်တွေကတော့ ဝေလငါး ၊ ပင်ဂွင်း ၊ ဖျံ နဲ့ ငါးတွေပဲ ဖြစ်ပါတယ်။

အန္တာတိကတိုက်ဟာ နျူကလီးယားလိုလက်နက်ပစ္စည်းများ မစမ်းသပ်ဖို့ နိုင်ငံပေါင်း ၄၉နိုင်ငံကနေ သဘောတူလက်မှတ်ထိုးထားတဲ့ နယ်မြေလည်းဖြစ်ပါတယ်။

Leave a Reply