ရန္ကုန္တကၠသိုလ္ေက်ာင္းဆရာေလး ဘ၀မွ နာဆာရဲ႕ထိပ္တန္းသိပၸံပညာရွင္ျဖစ္လာသူ (သုိ႔) ေဒါက္တာပေဒသာတင္

Posted on

Written By ခက္ေဇာ္(The Voice)

ရန္ကုန္ၿမိဳ႕၊ ေမာင္ေထာ္ေလးလမ္းရွိ တိုက္ခန္းက်ဥ္းေလးတစ္ခု၏ အေနာက္ဘက္ ဝရံတာတြင္ ကေလးငယ္တစ္ဦး ထိုင္ေနသည္။ ကေလးငယ္သည္ အိမ္၏ အေနာက္ဘက္လမ္းတြင္ ေဆာက္လုပ္ေနေသာ ေဆာက္လုပ္ေရး လုပ္ငန္းခြင္မွ ဝန္ခ်ီစက္မ်ား၊ ကရိန္းမ်ားကို တစ္ေနကုန္ တစ္ေနခန္း ထမင္းေမ့ဟင္းေမ့ ေငးေမာေနျခင္းပင္။ ေနာက္ဆယ္စုႏွစ္ေပါင္း ငါးခုခန္႔ၾကာေသာအခါ ျမန္မာႏိုင္ငံ ရန္ကုန္ၿမိဳ႕၊ ေမာင္ေထာ္ေလးလမ္း ဝရံတာေလးမွ ထိုကေလးငယ္သည္ အာကာသရွိ ၿဂိဳဟ္မ်ားေပၚသို႔ လႊတ္တင္သည့္ ၿဂိဳလ္တုမ်ားတြင္ ပါဝင္ေသာ သံလိုက္စက္ကြင္း တိုင္းတာသည့္ ေလဆာေရာင္ျခည္စက္အား တပ္ဆင္ရာတြင္ မပါမျဖစ္သည့္ သိပၸံပညာရွင္တစ္ဦး ျဖစ္လာသည္ဟု ဆိုပါလၽွင္ …။

“ဆရာငယ္ငယ္က အဲ့ဒီလို ေဆာက္လုပ္ေရး လုပ္ငန္းခြင္ေတြ၊ စက္မႈပိုင္းဆိုင္ရာ လုပ္ငန္းေတြ ေတြ႕ရင္ သိခ်င္စိတ္၊ စူးစမ္းခ်င္စိတ္နဲ႔ တေမ့တေျမာ ေငးေနတတ္တယ္လို႔ အေမတို႔က အၿမဲေျပာေျပာျပတယ္” ဟု အေမရိကန္ႏိုင္ငံ အမ်ိဳးသားအာကာသႏွင့္ သိပၸံေအဂ်င္စီ (NASA)၊ Glenn Research Center မွ Senior Scientist ျမန္မာလူမ်ိဳး ေဒါက္တာပေဒသာတင္က ဆိုသည္။ ေဒါက္တာပေဒသာတင္ကို ရန္ကုန္ၿမိဳ႕ ေမာင္ေထာ္ေလးလမ္းတြင္ ေမြးဖြားခဲ့သည္။ ဖခင္ျဖစ္သူမွာ ျမန္မာလြတ္လပ္ေရး လႈပ္ရွားမႈ သမိုင္းမွ အေရးပါေသာ အထင္ကရ ပုဂၢိဳလ္ႀကီးတစ္ဦး ျဖစ္ခဲ့သူ သခင္ဝတင္ ျဖစ္သည္။ ေဒါက္တာပေဒသာတို႔ ေမာင္ႏွမ ငါးေယာက္သည္ ငယ္စဥ္ကာလကတည္းက ေျဖာင့္မတ္ေသာ ႏိုင္ငံေရးသမားတစ္ဦး အျဖစ္ နာမည္ေက်ာ္ခဲ့သည့္ ဖခင္ျဖစ္သူ သခင္ဝတင္၏ အဆုံးအမမ်ားေအာက္တြင္ ႀကီးျပင္းလာခဲ့ရ၏။

“၁၉၇၂ မွာ ဆရာ ဆယ္တန္းေအာင္တယ္။ ဂုဏ္ထူးေတြပါတယ္။ အမွတ္ေကာင္းတယ္။ အေမကေတာ့ ဆရာဝန္လိုင္း ေလၽွာက္ခိုင္းတယ္။ ဆရာက ဆရာဝါသနာ ပါတဲ့ ႐ူပေဗဒဘာသာရပ္ တစ္ခုပဲ ေလၽွာက္လိုက္တယ္” ဟု ေဒါက္တာ ပေဒသာတင္က ဆိုသည္။ ဆရာဝန္ျဖစ္ေစခ်င္သည့္ မိခင္ျဖစ္သူႏွင့္ ႐ူပေဗဒကို စိတ္ဝင္စားသည့္ ေဒါက္တာပေဒသာတင္ အေလာင္းအလ်ာတို႔ အၾကား ျပႆနာအေခ်အတင္ အနည္းငယ္ ရွိခဲ့ေသာ္လည္း ဖခင္ျဖစ္သူက လြတ္လပ္စြာေ႐ြးခ်ယ္ခြင့္ ေပးလိုက္ေသာေၾကာင့္ အဆင္ေျပသြားခဲ့ရသည္။ ေဒါက္တာပေဒသာတင္သည္ ရန္ကုန္တကၠသိုလ္တြင္ ႐ူပေဗဒျဖင့္ M.Sc ဘြဲ႕ရသည့္အထိ ပညာသင္ၾကား ခဲ့ၿပီးေနာက္ ယင္းတကၠသိုလ္တြင္ပင္ သ႐ုပ္ျပရာထူးျဖင့္ ဆရာဝင္လုပ္ခဲ့သည္။

ရန္ကုန္တကၠသိုလ္တြင္ ငါးႏွစ္ခန္႔ သ႐ုပ္ျပရာထူးျဖင့္ တာဝန္ထမ္းေဆာင္ၿပီးေနာက္ ၁၉၈၄ ႏွစ္တြင္ ပါေမာကၡေဒါက္တာ ေဒၚဝင္းဝင္းသန္းႏွင့္ အိမ္ေထာင္ျပဳခဲ့သည္။ အိမ္ေထာင္ျပဳၿပီး တစ္ပတ္ခန္႔ အၾကာတြင္ပင္ အေမရိကန္ျပည္ေထာင္စု၊ အီလီႏြိဳက္ျပည္နယ္၊ Western Illinnois University သို႔ စေကာလားရွစ္ျဖင့္ ပညာသင္ၾကားရန္ ထြက္ခြာခဲ့သည္။

“ႏိုင္ငံျခားမွာ ေက်ာင္းတက္တယ္ ဆိုေတာ့ ဆရာတို႔ မိဘေတြက သာမန္ခ်ိဳ႕ခ်ိဳ႕တဲ့တဲ့ ႏိုင္ငံေရးသမားေတြပဲ။ သားသမီးအတြက္ ဘာေဒၚလာမွ ေပးလိုက္ႏိုင္တာ မဟုတ္ဘူး။ ဟိုမွာရတဲ့ စေကာလားရွစ္နဲ႔ ခ်ိဳ႕ခ်ိဳ႕တဲ့တဲ့ ေက်ာင္းတက္ခဲ့ရတာ။ ကိုယ္သြားခ်င္တဲ့ေနရာ ေရာက္ဖို႔ မိဘကေပးတဲ့ ပညာအေမြကို အေျချပဳၿပီး ကိုယ့္ဘာသာ ႀကိဳးစားခဲ့ရတာ” ဟု ေဒါက္တာ ပေဒသာတင္က ေျပာျပသည္။ အေမရိကန္ျပည္ေထာင္စု၏ တကၠသိုလ္ပညာေရးတြင္ ေက်ာင္းသားမ်ားအား ပါေမာကၡမ်ား၏ သုေတသန လုပ္ငန္းမ်ားတြင္ ဝင္ေရာက္လုပ္အားေပးျခင္းျဖင့္ ဝင္ေငြရရွိေစရန္ ဖန္တီးေပးထားသည့္အတြက္ အဆိုပါ ဝင္ေငြျဖင့္ ရပ္တည္ႏိုင္ခဲ့ေၾကာင္း ေဒါက္တာပေဒသာတင္ ထံက သိရသည္။

Western Illinnois University မွ MS ဘြဲ႕ ရရွိၿပီးေနာက္ Missouri ျပည္နယ္ရွိ University of Missouri, Rolla တြင္ ေလဆာေရာင္ျခည္ဆိုင္ရာ အထူးျပဳ ႐ူပေဗဒပညာရပ္ျဖင့္ Ph.D ဘြဲ႕ ရရွိရန္ ပညာ ဆက္လက္ဆည္းပူးခဲ့သည္။

“အဲဒီအခ်ိန္က် အမ်ိဳးသမီးကလည္း ေရာက္လာၿပီ။ ကေလးကလည္း ေမြးထားၿပီးၿပီ။ လင္မယား ႏွစ္ေယာက္ရဲ႕ ေက်ာင္းသားလစာ ေဒၚလာ ၄၀၀ ေလာက္ နဲ႔ ရပ္တည္ရတယ္။ အိမ္လခက ၁၅၀၊ ေက်ာင္းလခ၊ စာအုပ္ဖိုးေတြ၊ ကေလးစရိတ္ေတြ ႏုတ္လိုက္ရင္ ေတာ္ေတာ့္ကို ခက္ခက္ခဲခဲ ရပ္တည္ၿပီး ပညာသင္ခဲ့ရတာ” ဟု ေဒါက္တာပေဒသာတင္က အေမရိက ပညာသင္တစ္ေယာက္၏ အခက္အခဲမ်ားကို ေျပာျပသည္။

ဇနီးေမာင္ႏွံႏွစ္ဦးစလုံး ပညာသင္ေက်ာင္းသားမ်ား ျဖစ္သည့္အတြက္ ဝင္ေငြမလုံေလာက္သျဖင့္ ေဒါက္တာ ပေဒသာတင္၏ ဇနီးျဖစ္သူမွာ ေက်ာင္းအား လပ္ခ်ိန္တြင္ ကေလးစရိတ္အတြက္ စားေသာက္ဆိုင္မ်ားတြင္ အခ်ိန္ပိုင္းအလုပ္ လုပ္ခဲ့ရသည္။
“လကုန္ခါနီးဆို ေဈးဖိုးေတာင္ မရွိေတာ့လို႔ လင္မယားႏွစ္ေယာက္ ရွိသမၽွ အေႂကြေလးေတြ ထုတ္ၿပီး တြက္ရခ်က္ရနဲ႔ စိတ္ညစ္ရတာ အႀကိမ္ႀကိမ္ပါပဲ” ဟု ေဒါက္တာပေဒသာတင္က ဆိုသည္။ အခက္အခဲမ်ားစြာကို ေက်ာ္ျဖတ္ၿပီးသည့္ေနာက္ ေဒါက္တာပေဒသာတင္ Ph.D ဘြဲ႕ကို ရရွိခဲ့၏။


အေမရိကန္ျပည္ေထာင္စုတြင္ Ph.D ဘြဲ႕ရ ပညာရွင္မ်ားအတြက္ လုပ္ငန္းခြင္တြင္း ဝင္ေရာက္မည္လား၊ တကၠသိုလ္မ်ားတြင္ပင္ သင္ၾကားေရးႏွင့္ သုေတသနလုပ္ငန္းမ်ား လုပ္ကိုင္ရင္း ဆက္လက္ ပညာဆည္းပူးမည္လားဟု ေ႐ြးခ်ယ္ရန္ ႏွစ္လမ္းရွိသည္။ ေဒါက္တာ ပေဒသာတင္သည္ အေမရိကန္ အမ်ိဳးသားသုေတသန ေကာင္စီက ေပးအပ္ေသာ ဘြဲ႕လြန္ ပါရဂူတန္းဝင္ခြင့္ကို ရရွိခဲ့ၿပီးေနာက္ တကၠသိုလ္တစ္ခုၿပီးတစ္ခုတြင္ သုေတသနလုပ္ငန္းမ်ား လုပ္ကိုင္ခဲ့သည္။ ထို႔ေနာက္ အနည္းဆုံးပမာဏ ရွိေသာ သံလိုက္ စက္ကြင္းမ်ားကို တိုင္းတာရာတြင္ အသုံးျပဳသည့္ ေလဆာေရာင္ျခည္အား အသုံးျပဳသည့္စက္ကို ထိန္းၫွိသည့္ နည္းပညာကို ေဒါက္တာပေဒသာတင္မွ စတင္ အသုံးျပဳႏိုင္ခဲ့သည္။

“ရွိၿပီးသားျဖစ္တဲ့ ေလဆာေရာင္ျခည္ကို ကိုယ္လိုခ်င္တဲ့ အတိုင္းအတာျဖစ္ေအာင္ Tuning အေနနဲ႔ ၫွိေပးတဲ့ နည္းပညာေပါ့။ တူရိယာေတြကို ႀကိဳးၫွိေပးသလိုမ်ိဳး ပါပဲ” ဟု ေဒါက္တာပေဒသာတင္က ဆိုသည္။
အဆိုပါကိရိယာအား လုပ္ေဆာင္ရာတြင္ အေသးစိတ္ စက္ပစၥည္းမ်ားကအစ ကိုယ့္ဘာသာ တီထြင္ဖန္တီး ယူခဲ့ရေၾကာင္း ေဒါက္တာ ပေဒသာတင္ထံမွ သိရသည္။

“အဲဒီစက္ပစၥည္းဆိုတာ အျပင္မွာ ဝယ္လို႔မရဘူး။ ဒီေတာ့ ဆရာကိုယ္တိုင္ လႊတိုက္ရတယ္၊ ဂေဟေဆာ္ရတယ္၊ အေသးစိတ္ အကုန္လုပ္ရတယ္” ဟု ေဒါက္တာပေဒသာတင္က ဆိုသည္။ ေဒါက္တာပေဒသာတင္ ျမန္မာႏိုင္ငံသို႔ ျပန္ေရာက္ ရွိသည့္အခါ တကၠသိုလ္မ်ားမွ ႐ူပေဗဒေက်ာင္းသား အမ်ားစုမွ လႊတိုက္ျခင္း၊ ဂေဟေဆာ္ျခင္းမ်ား ကိုပင္ မလုပ္ေဆာင္တတ္ၾကသည္ကို ေတြ႕ရွိရသျဖင့္ စိတ္မေကာင္း ျဖစ္မိသည္ဟု ဆိုသည္။

“တို႔ႏိုင္ငံက ကေလးေတြဟာ လက္ေတြ႕လုပ္ဖို႔ အခြင့္အေရး မရၾကရွာတာပါ။ အေမရိကန္က ကေလးေတြက် လုပ္ခြင့္ရခဲ့တဲ့အတြက္ လုပ္ႏိုင္ၾကတယ္။ တို႔ႏွစ္ႏိုင္ငံက ပညာေရးမွာ ဒါပဲကြာတာ” ဟု ဆရာႀကီး ေဒါက္တာပေဒသာတင္က ေျပာျပသည္။
Ph.D ဘြဲ႕ရရွိၿပီးေနာက္ အေမရိကန္ရွိ သုေတသနပညာရွင္ ေဒါက္တာပေဒသာတင္အား သုေတသန ဌာနမ်ားက အၿပိဳင္အဆိုင္ ေခၚယူခဲ့ၾကသည္။ ထို႔ေနာက္ အေမရိကန္ျပည္ေထာင္စု၊ မိုးေလဝသႏွင့္ ဇလေဗဒ သုေတသနေအဂ်င္စီတြင္ ေဒါက္တာပေဒသာတင္ စတင္အလုပ္ဝင္ခဲ့၏။ ထိုလုပ္ငန္းသည္ ေဒါက္တာ ပေဒသာတင္အတြက္ ေက်ာင္းသားဘဝၿပီးေနာက္ ပထမဆုံးလုပ္ခဲ့သည့္ ပေရာ္ဖက္ရွင္နယ္ လုပ္ငန္းျဖစ္သည္။

“အဲဒီမွာက် အိုဇုန္းလႊာပါးလႊာမႈကို တိုင္းတာတဲ့ သုေတသနလုပ္ရတယ္။ ကင္းေထာက္ေလယာဥ္ ယူတူးေတြနဲ႔ လုပ္ရတာ။ ကမၻာေပၚက သုေတသနဌာနေပါင္း (၂၀)ေလာက္က ပညာရွင္ေတြ နဲ႔အတူ ပူးေပါင္းသုေတသန လုပ္ခဲ့ၾကရတာ” ဟု ေဒါက္တာ ပေဒသာတင္က ဆိုသည္။ ထိုလုပ္ငန္းတြင္ သုံးႏွစ္ခန္႔ၾကာၿပီးေနာက္ အတူ ပူးတြဲလုပ္ေဆာင္ခဲ့ၾကသည့္ နာဆာမွ သိပၸံပညာရွင္မ်ားက ေဒါက္တာပေဒသာတင္အား နာဆာတြင္ အျပည္ျပည္ဆိုင္ရာ အာကာသစခန္းတြင္ အသုံးျပဳသည့္ ေလဆာႏွင့္ ပတ္သက္ေသာ သုေတသနလုပ္ငန္းမ်ား လာေရာက္ လုပ္ကိုင္ေပးရန္ ဖိတ္ေခၚခဲ့သည္။

“အဲဒီတုန္းက အာကာသထဲရယ္၊ အဂၤါၿဂိဳဟ္၊ ၾကာသပေတးၿဂိဳဟ္ေတြကို အေမရိကန္က ၿဂိဳလ္တုေတြ လႊတ္ေနတာေပါ့။ ၿဂိဳဟ္တုေတြ ေဘးပတ္လည္မွာ သက္ေရာက္ေနတဲ့ သံလိုက္စက္ကြင္း ပမာဏ နည္းနည္းေလးကို တိုင္းလို႔ရတဲ့ ေလဆာက ဆရာလုပ္ထားတဲ့ စက္နဲ႔ဆို ပမာဏပိုၿပီး တိတိက်က်အေသးစိတ္ တိုင္းတာ တြက္ျပလို႔ ရခဲ့တယ္ေပါ့” ဟု ေဒါက္တာ ပေဒသာတင္က ဆိုသည္။

အာကာသဆိုင္ရာ ပညာရပ္မ်ားတြင္ ေရွ႕တန္း ေရာက္လြန္းသည့္ အေမရိကန္တို႔၏ သုေတသနလုပ္ငန္း မ်ားတြင္ ျမန္မာလူမ်ိဳး ပညာရွင္တစ္ေယာက္သည္ အေရးပါေသာ အခန္းက႑တြင္ ပါဝင္လ်က္ရွိေန၏။ တစ္ခ်ိန္က ရန္ကုန္ၿမိဳ႕ေတာ္ရွိ ေဆာက္လုပ္ေရး လုပ္ငန္းခြင္မ်ားကို ေငးေမာစူးစမ္းေနခဲ့ေသာ ကေလးငယ္ တစ္ဦးသည္ အေမရိကန္ျပည္ေထာင္စု၏ အားကိုးရေသာ အထင္ကရ သိပၸံပညာရွင္တစ္ဦး ျဖစ္ေနခဲ့ေလၿပီ။ ထိုသိပၸံပညာရွင္သည္ ျမန္မာႏိုင္ငံ၊ ရန္ကုန္တကၠသိုလ္တြင္ ပညာသင္ယူသြားခဲ့သူ တစ္ဦးလည္း ျဖစ္သည္။

“ျမန္မာႏိုင္ငံနဲ႔ အေမရိကန္ႏိုင္ငံ စာသင္ရတာ ဘာကြာသလဲဆိုေတာ့ ဥပမာ – နယူတန္ရဲ႕ နိယာမကို ႏွစ္ႏိုင္ငံလုံး ဒီစာအတိုင္း သင္သြားရတာပါပဲ။ ဒါေပမဲ့ သင္ပုံသင္နည္း ကြာပါတယ္။ ျမန္မာႏိုင္ငံမွာက နိယာမ တစ္ခုကို အလြတ္က်က္ၿပီး ႏႈတ္တိုက္႐ြတ္ႏိုင္ေအာင္ သင္ေပးတယ္။ ဟိုမွာက သင္ေထာက္ကူ လက္ေတြ႕ပစၥည္းေတြနဲ႔ ေက်ာင္းသားကိုယ္တိုင္ စိတ္ဝင္စားၿပီး လက္ေတြ႕နားလည္ေအာင္ သင္ေပးတယ္ … ဒါပါပဲ” ဟု ေဒါက္တာ ပေဒသာတင္ကဆိုသည္။

ယခုအခါ ေဒါက္တာပေဒသာတင္သည္ ျမန္မာႏိုင္ငံသို႔ တစ္ႏွစ္တစ္ေခါက္ခန္႔ ျပန္လာၿပီး ျမန္မာႏိုင္ငံ အႏွံ႔ရွိ တကၠသိုလ္မ်ားတြင္ ႐ူပေဗဒဘာသာရပ္ဆိုင္ရာ သင္တန္းမ်ားကို ပို႔ခ်ေပးခဲ့သည္။ ျမန္မာတို႔ကား လူညံ့မ်ားမဟုတ္။ အျငင္းအခုံ၊ ပဋိပကၡ၊ အကြဲအၿပဲ ၊ အ႐ႈပ္အေထြး၊ အတိုက္အခိုက္မ်ားၾကားရွိ ျမန္မာ့ပညာေရးစနစ္ နိမ့္က်ခဲ့မႈေၾကာင့္သာ ကမၻာ့အဆင့္ လူေတာ္မ်ားစြာကို ဆုံး႐ႈံး လက္လႊတ္ခဲ့ရျခင္းပင္။

“အဓိက လူငယ္ေတြကို သိေစခ်င္တာ ကိုယ္ဝါသနာပါၿပီး ကိုယ္သိခ်င္တဲ့ ဘာသာရပ္ကို တစိုက္မတ္မတ္ ႀကိဳးစားေလ့လာပါ။ ၿပီးေတာ့ တိုးတက္ႏိုင္မယ့္ နည္းလမ္းကို ကိုယ့္ဘာသာႀကိဳးစားရွာၿပီး ရေအာင္ ရပ္တည္ႏိုင္ရမယ္ဆိုတဲ့ စိတ္ေမြးပါ” ဟု အနာဂတ္ျမန္မာတြင္ ေဒါက္တာ ပေဒသာတင္မ်ားစြာ ေပၚထြက္လာေရး အတြက္ ဆရာႀကီး ေဒါက္တာပေဒသာတင္က ဆုံးမသည္။

ေဒါက္တာပေဒသာတင္ရဲ႕ဖခင္ သခင္၀တင္ကို ဗုိလ္ခ်ဳပ္ေအာင္ဆန္းတုိ႔အဖြဲ႔ႏွင့္အတူ ျမင္ရစဥ္

ရန်ကုန်တက္ကသိုလ်ကျောင်းဆရာလေး ဘဝမှ နာဆာရဲ့ထိပ်တန်းသိပ္ပံပညာရှင်ဖြစ်လာသူ (သို့) ဒေါက်တာပဒေသာတင် (unicode)

Written By ခက်ဇော်(The Voice)

ရန်ကုန်မြို့၊ မောင်ထော်လေးလမ်းရှိ တိုက်ခန်းကျဉ်းလေးတစ်ခု၏ အနောက်ဘက် ဝရံတာတွင် ကလေးငယ်တစ်ဦး ထိုင်နေသည်။ ကလေးငယ်သည် အိမ်၏ အနောက်ဘက်လမ်းတွင် ဆောက်လုပ်နေသော ဆောက်လုပ်ရေး လုပ်ငန်းခွင်မှ ဝန်ချီစက်များ၊ ကရိန်းများကို တစ်နေကုန် တစ်နေခန်း ထမင်းမေ့ဟင်းမေ့ ငေးမောနေခြင်းပင်။ နောက်ဆယ်စုနှစ်ပေါင်း ငါးခုခန့်ကြာသောအခါ မြန်မာနိုင်ငံ ရန်ကုန်မြို့၊ မောင်ထော်လေးလမ်း ဝရံတာလေးမှ ထိုကလေးငယ်သည် အာကာသရှိ ဂြိုဟ်များပေါ်သို့ လွှတ်တင်သည့် ဂြိုလ်တုများတွင် ပါဝင်သော သံလိုက်စက်ကွင်း တိုင်းတာသည့် လေဆာရောင်ခြည်စက်အား တပ်ဆင်ရာတွင် မပါမဖြစ်သည့် သိပ္ပံပညာရှင်တစ်ဦး ဖြစ်လာသည်ဟု ဆိုပါလျှင် …။

“ဆရာငယ်ငယ်က အဲ့ဒီလို ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေ၊ စက်မှုပိုင်းဆိုင်ရာ လုပ်ငန်းတွေ တွေ့ရင် သိချင်စိတ်၊ စူးစမ်းချင်စိတ်နဲ့ တမေ့တမြော ငေးနေတတ်တယ်လို့ အမေတို့က အမြဲပြောပြောပြတယ်” ဟု အမေရိကန်နိုင်ငံ အမျိုးသားအာကာသနှင့် သိပ္ပံအေဂျင်စီ (NASA)၊ Glenn Research Center မှ Senior Scientist မြန်မာလူမျိုး ဒေါက်တာပဒေသာတင်က ဆိုသည်။ ဒေါက်တာပဒေသာတင်ကို ရန်ကုန်မြို့ မောင်ထော်လေးလမ်းတွင် မွေးဖွားခဲ့သည်။ ဖခင်ဖြစ်သူမှာ မြန်မာလွတ်လပ်ရေး လှုပ်ရှားမှု သမိုင်းမှ အရေးပါသော အထင်ကရ ပုဂ္ဂိုလ်ကြီးတစ်ဦး ဖြစ်ခဲ့သူ သခင်ဝတင် ဖြစ်သည်။ ဒေါက်တာပဒေသာတို့ မောင်နှမ ငါးယောက်သည် ငယ်စဉ်ကာလကတည်းက ဖြောင့်မတ်သော နိုင်ငံရေးသမားတစ်ဦး အဖြစ် နာမည်ကျော်ခဲ့သည့် ဖခင်ဖြစ်သူ သခင်ဝတင်၏ အဆုံးအမများအောက်တွင် ကြီးပြင်းလာခဲ့ရ၏။

“၁၉၇၂ မှာ ဆရာ ဆယ်တန်းအောင်တယ်။ ဂုဏ်ထူးတွေပါတယ်။ အမှတ်ကောင်းတယ်။ အမေကတော့ ဆရာဝန်လိုင်း လျှောက်ခိုင်းတယ်။ ဆရာက ဆရာဝါသနာ ပါတဲ့ ရူပဗေဒဘာသာရပ် တစ်ခုပဲ လျှောက်လိုက်တယ်” ဟု ဒေါက်တာ ပဒေသာတင်က ဆိုသည်။ ဆရာဝန်ဖြစ်စေချင်သည့် မိခင်ဖြစ်သူနှင့် ရူပဗေဒကို စိတ်ဝင်စားသည့် ဒေါက်တာပဒေသာတင် အလောင်းအလျာတို့ အကြား ပြဿနာအချေအတင် အနည်းငယ် ရှိခဲ့သော်လည်း ဖခင်ဖြစ်သူက လွတ်လပ်စွာရွေးချယ်ခွင့် ပေးလိုက်သောကြောင့် အဆင်ပြေသွားခဲ့ရသည်။ ဒေါက်တာပဒေသာတင်သည် ရန်ကုန်တက္ကသိုလ်တွင် ရူပဗေဒဖြင့် M.Sc ဘွဲ့ရသည့်အထိ ပညာသင်ကြား ခဲ့ပြီးနောက် ယင်းတက္ကသိုလ်တွင်ပင် သရုပ်ပြရာထူးဖြင့် ဆရာဝင်လုပ်ခဲ့သည်။

ရန်ကုန်တက္ကသိုလ်တွင် ငါးနှစ်ခန့် သရုပ်ပြရာထူးဖြင့် တာဝန်ထမ်းဆောင်ပြီးနောက် ၁၉၈၄ နှစ်တွင် ပါမောက္ခဒေါက်တာ ဒေါ်ဝင်းဝင်းသန်းနှင့် အိမ်ထောင်ပြုခဲ့သည်။ အိမ်ထောင်ပြုပြီး တစ်ပတ်ခန့် အကြာတွင်ပင် အမေရိကန်ပြည်ထောင်စု၊ အီလီနွိုက်ပြည်နယ်၊ Western Illinnois University သို့ စကောလားရှစ်ဖြင့် ပညာသင်ကြားရန် ထွက်ခွာခဲ့သည်။
“နိုင်ငံခြားမှာ ကျောင်းတက်တယ် ဆိုတော့ ဆရာတို့ မိဘတွေက သာမန်ချို့ချို့တဲ့တဲ့ နိုင်ငံရေးသမားတွေပဲ။ သားသမီးအတွက် ဘာဒေါ်လာမှ ပေးလိုက်နိုင်တာ မဟုတ်ဘူး။ ဟိုမှာရတဲ့ စကောလားရှစ်နဲ့ ချို့ချို့တဲ့တဲ့ ကျောင်းတက်ခဲ့ရတာ။ ကိုယ်သွားချင်တဲ့နေရာ ရောက်ဖို့ မိဘကပေးတဲ့ ပညာအမွေကို အခြေပြုပြီး ကိုယ့်ဘာသာ ကြိုးစားခဲ့ရတာ” ဟု ဒေါက်တာ ပဒေသာတင်က ပြောပြသည်။ အမေရိကန်ပြည်ထောင်စု၏ တက္ကသိုလ်ပညာရေးတွင် ကျောင်းသားများအား ပါမောက္ခများ၏ သုတေသန လုပ်ငန်းများတွင် ဝင်ရောက်လုပ်အားပေးခြင်းဖြင့် ဝင်ငွေရရှိစေရန် ဖန်တီးပေးထားသည့်အတွက် အဆိုပါ ဝင်ငွေဖြင့် ရပ်တည်နိုင်ခဲ့ကြောင်း ဒေါက်တာပဒေသာတင် ထံက သိရသည်။

Western Illinnois University မှ MS ဘွဲ့ ရရှိပြီးနောက် Missouri ပြည်နယ်ရှိ University of Missouri, Rolla တွင် လေဆာရောင်ခြည်ဆိုင်ရာ အထူးပြု ရူပဗေဒပညာရပ်ဖြင့် Ph.D ဘွဲ့ ရရှိရန် ပညာ ဆက်လက်ဆည်းပူးခဲ့သည်။
“အဲဒီအချိန်ကျ အမျိုးသမီးကလည်း ရောက်လာပြီ။ ကလေးကလည်း မွေးထားပြီးပြီ။ လင်မယား နှစ်ယောက်ရဲ့ ကျောင်းသားလစာ ဒေါ်လာ ၄၀၀ လောက် နဲ့ ရပ်တည်ရတယ်။ အိမ်လခက ၁၅၀၊ ကျောင်းလခ၊ စာအုပ်ဖိုးတွေ၊ ကလေးစရိတ်တွေ နုတ်လိုက်ရင် တော်တော့်ကို ခက်ခက်ခဲခဲ ရပ်တည်ပြီး ပညာသင်ခဲ့ရတာ” ဟု ဒေါက်တာပဒေသာတင်က အမေရိက ပညာသင်တစ်ယောက်၏ အခက်အခဲများကို ပြောပြသည်။ ဇနီးမောင်နှံနှစ်ဦးစလုံး ပညာသင်ကျောင်းသားများ ဖြစ်သည့်အတွက် ဝင်ငွေမလုံလောက်သဖြင့် ဒေါက်တာ ပဒေသာတင်၏ ဇနီးဖြစ်သူမှာ ကျောင်းအား လပ်ချိန်တွင် ကလေးစရိတ်အတွက် စားသောက်ဆိုင်များတွင် အချိန်ပိုင်းအလုပ် လုပ်ခဲ့ရသည်။
“လကုန်ခါနီးဆို ဈေးဖိုးတောင် မရှိတော့လို့ လင်မယားနှစ်ယောက် ရှိသမျှ အကြွေလေးတွေ ထုတ်ပြီး တွက်ရချက်ရနဲ့ စိတ်ညစ်ရတာ အကြိမ်ကြိမ်ပါပဲ” ဟု ဒေါက်တာပဒေသာတင်က ဆိုသည်။
အခက်အခဲများစွာကို ကျော်ဖြတ်ပြီးသည့်နောက် ဒေါက်တာပဒေသာတင် Ph.D ဘွဲ့ကို ရရှိခဲ့၏။

အမေရိကန်ပြည်ထောင်စုတွင် Ph.D ဘွဲ့ရ ပညာရှင်များအတွက် လုပ်ငန်းခွင်တွင်း ဝင်ရောက်မည်လား၊ တက္ကသိုလ်များတွင်ပင် သင်ကြားရေးနှင့် သုတေသနလုပ်ငန်းများ လုပ်ကိုင်ရင်း ဆက်လက် ပညာဆည်းပူးမည်လားဟု ရွေးချယ်ရန် နှစ်လမ်းရှိသည်။ ဒေါက်တာ ပဒေသာတင်သည် အမေရိကန် အမျိုးသားသုတေသန ကောင်စီက ပေးအပ်သော ဘွဲ့လွန် ပါရဂူတန်းဝင်ခွင့်ကို ရရှိခဲ့ပြီးနောက် တက္ကသိုလ်တစ်ခုပြီးတစ်ခုတွင် သုတေသနလုပ်ငန်းများ လုပ်ကိုင်ခဲ့သည်။ ထို့နောက် အနည်းဆုံးပမာဏ ရှိသော သံလိုက် စက်ကွင်းများကို တိုင်းတာရာတွင် အသုံးပြုသည့် လေဆာရောင်ခြည်အား အသုံးပြုသည့်စက်ကို ထိန်းညှိသည့် နည်းပညာကို ဒေါက်တာပဒေသာတင်မှ စတင် အသုံးပြုနိုင်ခဲ့သည်။
“ရှိပြီးသားဖြစ်တဲ့ လေဆာရောင်ခြည်ကို ကိုယ်လိုချင်တဲ့ အတိုင်းအတာဖြစ်အောင် Tuning အနေနဲ့ ညှိပေးတဲ့ နည်းပညာပေါ့။ တူရိယာတွေကို ကြိုးညှိပေးသလိုမျိုး ပါပဲ” ဟု ဒေါက်တာပဒေသာတင်က ဆိုသည်။
အဆိုပါကိရိယာအား လုပ်ဆောင်ရာတွင် အသေးစိတ် စက်ပစ္စည်းများကအစ ကိုယ့်ဘာသာ တီထွင်ဖန်တီး ယူခဲ့ရကြောင်း ဒေါက်တာ ပဒေသာတင်ထံမှ သိရသည်။

“အဲဒီစက်ပစ္စည်းဆိုတာ အပြင်မှာ ဝယ်လို့မရဘူး။ ဒီတော့ ဆရာကိုယ်တိုင် လွှတိုက်ရတယ်၊ ဂဟေဆော်ရတယ်၊ အသေးစိတ် အကုန်လုပ်ရတယ်” ဟု ဒေါက်တာပဒေသာတင်က ဆိုသည်။ ဒေါက်တာပဒေသာတင် မြန်မာနိုင်ငံသို့ ပြန်ရောက် ရှိသည့်အခါ တက္ကသိုလ်များမှ ရူပဗေဒကျောင်းသား အများစုမှ လွှတိုက်ခြင်း၊ ဂဟေဆော်ခြင်းများ ကိုပင် မလုပ်ဆောင်တတ်ကြသည်ကို တွေ့ရှိရသဖြင့် စိတ်မကောင်း ဖြစ်မိသည်ဟု ဆိုသည်။
“တို့နိုင်ငံက ကလေးတွေဟာ လက်တွေ့လုပ်ဖို့ အခွင့်အရေး မရကြရှာတာပါ။ အမေရိကန်က ကလေးတွေကျ လုပ်ခွင့်ရခဲ့တဲ့အတွက် လုပ်နိုင်ကြတယ်။ တို့နှစ်နိုင်ငံက ပညာရေးမှာ ဒါပဲကွာတာ” ဟု ဆရာကြီး ဒေါက်တာပဒေသာတင်က ပြောပြသည်။
Ph.D ဘွဲ့ရရှိပြီးနောက် အမေရိကန်ရှိ သုတေသနပညာရှင် ဒေါက်တာပဒေသာတင်အား သုတေသန ဌာနများက အပြိုင်အဆိုင် ခေါ်ယူခဲ့ကြသည်။ ထို့နောက် အမေရိကန်ပြည်ထောင်စု၊ မိုးလေဝသနှင့် ဇလဗေဒ သုတေသနအေဂျင်စီတွင် ဒေါက်တာပဒေသာတင် စတင်အလုပ်ဝင်ခဲ့၏။ ထိုလုပ်ငန်းသည် ဒေါက်တာ ပဒေသာတင်အတွက် ကျောင်းသားဘဝပြီးနောက် ပထမဆုံးလုပ်ခဲ့သည့် ပရော်ဖက်ရှင်နယ် လုပ်ငန်းဖြစ်သည်။

“အဲဒီမှာကျ အိုဇုန်းလွှာပါးလွှာမှုကို တိုင်းတာတဲ့ သုတေသနလုပ်ရတယ်။ ကင်းထောက်လေယာဉ် ယူတူးတွေနဲ့ လုပ်ရတာ။ ကမ္ဘာပေါ်က သုတေသနဌာနပေါင်း (၂၀)လောက်က ပညာရှင်တွေ နဲ့အတူ ပူးပေါင်းသုတေသန လုပ်ခဲ့ကြရတာ” ဟု ဒေါက်တာ ပဒေသာတင်က ဆိုသည်။ ထိုလုပ်ငန်းတွင် သုံးနှစ်ခန့်ကြာပြီးနောက် အတူ ပူးတွဲလုပ်ဆောင်ခဲ့ကြသည့် နာဆာမှ သိပ္ပံပညာရှင်များက ဒေါက်တာပဒေသာတင်အား နာဆာတွင် အပြည်ပြည်ဆိုင်ရာ အာကာသစခန်းတွင် အသုံးပြုသည့် လေဆာနှင့် ပတ်သက်သော သုတေသနလုပ်ငန်းများ လာရောက် လုပ်ကိုင်ပေးရန် ဖိတ်ခေါ်ခဲ့သည်။
“အဲဒီတုန်းက အာကာသထဲရယ်၊ အင်္ဂါဂြိုဟ်၊ ကြာသပတေးဂြိုဟ်တွေကို အမေရိကန်က ဂြိုလ်တုတွေ လွှတ်နေတာပေါ့။ ဂြိုဟ်တုတွေ ဘေးပတ်လည်မှာ သက်ရောက်နေတဲ့ သံလိုက်စက်ကွင်း ပမာဏ နည်းနည်းလေးကို တိုင်းလို့ရတဲ့ လေဆာက ဆရာလုပ်ထားတဲ့ စက်နဲ့ဆို ပမာဏပိုပြီး တိတိကျကျအသေးစိတ် တိုင်းတာ တွက်ပြလို့ ရခဲ့တယ်ပေါ့” ဟု ဒေါက်တာ ပဒေသာတင်က ဆိုသည်။

အာကာသဆိုင်ရာ ပညာရပ်များတွင် ရှေ့တန်း ရောက်လွန်းသည့် အမေရိကန်တို့၏ သုတေသနလုပ်ငန်း များတွင် မြန်မာလူမျိုး ပညာရှင်တစ်ယောက်သည် အရေးပါသော အခန်းကဏ္ဍတွင် ပါဝင်လျက်ရှိနေ၏။ တစ်ချိန်က ရန်ကုန်မြို့တော်ရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင်များကို ငေးမောစူးစမ်းနေခဲ့သော ကလေးငယ် တစ်ဦးသည် အမေရိကန်ပြည်ထောင်စု၏ အားကိုးရသော အထင်ကရ သိပ္ပံပညာရှင်တစ်ဦး ဖြစ်နေခဲ့လေပြီ။ ထိုသိပ္ပံပညာရှင်သည် မြန်မာနိုင်ငံ၊ ရန်ကုန်တက္ကသိုလ်တွင် ပညာသင်ယူသွားခဲ့သူ တစ်ဦးလည်း ဖြစ်သည်။
“မြန်မာနိုင်ငံနဲ့ အမေရိကန်နိုင်ငံ စာသင်ရတာ ဘာကွာသလဲဆိုတော့ ဥပမာ – နယူတန်ရဲ့ နိယာမကို နှစ်နိုင်ငံလုံး ဒီစာအတိုင်း သင်သွားရတာပါပဲ။ ဒါပေမဲ့ သင်ပုံသင်နည်း ကွာပါတယ်။ မြန်မာနိုင်ငံမှာက နိယာမ တစ်ခုကို အလွတ်ကျက်ပြီး နှုတ်တိုက်ရွတ်နိုင်အောင် သင်ပေးတယ်။ ဟိုမှာက သင်ထောက်ကူ လက်တွေ့ပစ္စည်းတွေနဲ့ ကျောင်းသားကိုယ်တိုင် စိတ်ဝင်စားပြီး လက်တွေ့နားလည်အောင် သင်ပေးတယ် … ဒါပါပဲ” ဟု ဒေါက်တာ ပဒေသာတင်ကဆိုသည်။

ယခုအခါ ဒေါက်တာပဒေသာတင်သည် မြန်မာနိုင်ငံသို့ တစ်နှစ်တစ်ခေါက်ခန့် ပြန်လာပြီး မြန်မာနိုင်ငံ အနှံ့ရှိ တက္ကသိုလ်များတွင် ရူပဗေဒဘာသာရပ်ဆိုင်ရာ သင်တန်းများကို ပို့ချပေးခဲ့သည်။
မြန်မာတို့ကား လူညံ့များမဟုတ်။ အငြင်းအခုံ၊ ပဋိပက္ခ၊ အကွဲအပြဲ ၊ အရှုပ်အထွေး၊ အတိုက်အခိုက်များကြားရှိ မြန်မာ့ပညာရေးစနစ် နိမ့်ကျခဲ့မှုကြောင့်သာ ကမ္ဘာ့အဆင့် လူတော်များစွာကို ဆုံးရှုံး လက်လွှတ်ခဲ့ရခြင်းပင်။
“အဓိက လူငယ်တွေကို သိစေချင်တာ ကိုယ်ဝါသနာပါပြီး ကိုယ်သိချင်တဲ့ ဘာသာရပ်ကို တစိုက်မတ်မတ် ကြိုးစားလေ့လာပါ။ ပြီးတော့ တိုးတက်နိုင်မယ့် နည်းလမ်းကို ကိုယ့်ဘာသာကြိုးစားရှာပြီး ရအောင် ရပ်တည်နိုင်ရမယ်ဆိုတဲ့ စိတ်မွေးပါ” ဟု အနာဂတ်မြန်မာတွင် ဒေါက်တာ ပဒေသာတင်များစွာ ပေါ်ထွက်လာရေး အတွက် ဆရာကြီး ဒေါက်တာပဒေသာတင်က ဆုံးမသည်။

 

Leave a Reply