ကမာၻ႔တန္ဖုိးအႀကီးဆုံးပစၥည္းတစ္ခု (သို႔) အန္တီမက္တာ (Antimatter)

Posted on

အန္တီမက္တာ (Antimatter) ကို အမ်ားစုကေတာ့ သိခ်င္မွသိမွာျဖစ္ေပမယ့္ သိပၸံစိတ္၀င္စားသူေတြကေတာ့ ရင္းရင္းႏွီးႏွီးသိၾကပါတယ္။ အလြန္တန္ဖုိးႀကီးၿပီး အစြမ္းထက္တဲ့ ျဒပ္စင္တစ္မ်ဳိးျဖစ္ပါတယ္။ မီလီဂရမ္ေလာက္ရွိတဲ့ အန္တီမက္တာ (Antimatter) ေလးဟာ ကမာၻက အလြန္ေ၀းတဲ့ အဂၤါၿဂဳိဟ္ကို ရက္ပိုင္းအတြင္းေရာက္ေအာင္ ပို႔ေပးႏုိင္ပါတယ္။ အဲဒီ မီလီဂရမ္ေလာက္ရဖုိ႔ ဖန္တီးရတဲ့တန္ဖုိးကေတာ့ ေဒၚလာ ကုေဋေပါင္းမ်ားစြာ ကုန္က်ႏုိင္ပါတယ္။ သူ႔ရဲ႕ ၁ဂရမ္တန္ဖုိးက  ေဒၚလာ 62.5 ထရီလီယံျဖစ္ၿပီး ဘယ္သူမွ၀ယ္ႏုိင္မွာမဟုတ္သလုိ ၀ယ္လုိ႔လည္းရမွာ မဟုတ္ပါဘူး။ အန္တီမက္တာ (Antimatter) အေၾကာင္းကို မသိေသးတဲ့ မိတ္ေဆြမ်ားအတြက္ ဗဟုသုတအေနနဲ႔ ျပန္လည္ေ၀မွ်လုိက္ပါတယ္။

၁၉၂၈ – ၃၀ ၀န္းက်င္က ရူပေဗဒ ပညာရွင္ ေပါလ္ ဒဲရစ္ (Paul Dirac) ဆိုသူက အန္တီမက္တာ (Antimatter) လို႔ေခၚတဲ့ အယူအဆတစ္ခုကို ေဖာ္ထုတ္ခဲ့ပါတယ္။ Antimatter ဆိုတာ ျပင္ပေလာကထဲက matter(ျဒပ္) ေတြနဲ႔ အတူတူပဲလို႔ ေျပာလို႔ရပါတယ္။ တခုပဲ၊ သူ႔ထဲမွာပါတဲ့ လွ်ပ္စစ္ စြမ္းအင္ေတြဟာ ပံုမွန္ matter ေတြနဲ႔ ေျပာင္းျပန္ျဖစ္ေနတာပါ။ ထူးျခားခ်က္ကေတာ့ ျဒပ္တစ္ခုနဲ႔ ၄င္းရဲ႔ ဆန္႔က်င္ဘက္ ျဒပ္တို႔ ထိေတြ႔ၾကတဲ့အခါမွာေတာ့… ျပင္းထန္စြာေပါင္းစပ္ၾကျပီး ျဒပ္ထုအားလုံးမွာ စြမ္းအင္အျဖစ္သုိ႔လုံး၀ေျပာင္းလဲသြားျခင္းျဖစ္ပါတယ္။ Antimatter ရဲ႕စြမ္းအင္ထုတ္လႊတ္သံုးစဲြႏိုင္စြမ္းဟာ ၁၀၀ ရာႏႈန္းအျပည့္ရိွပါတယ္။ လက္ရိွအသံုးျပဳေနတဲ့ nuclear fission (အႏုျမဴစြမ္းအင္) ဟာေတာ့ ထြက္လာတဲ့ စြမ္းအင္ရဲ႕ ၁.၅ ရာႏႈန္းသာ ထုတ္လုပ္သံုးစဲြႏိုင္တာ ျဖစ္ပါတယ္။ ဒါ့အျပင္ Antimatter ဟာ ပတ္၀န္းက်င္ညစ္ညမ္းမႈလည္းမျဖစ္ေစဘူး၊ nuclear လို ဓါတ္ေရာင္ျခည္သင့္မႈေတြလည္း မျဖစ္ေစဘူး။

ေရစက္ေလးတစ္စက္ေလာက္ရိွတဲ့ Antimatter ဟာ New York လိုၿမိဳ႕ႀကီးတၿမိဳ႕လံုးကို တေနကုန္ မီးေပးထားႏိုင္တယ္လို႔ ဆိုပါတယ္။ အက္စပရင္ေဆးျပား အရြယ္စားခန္႔မွ်သာရွိေသာ matterႏွင့္Antimatter တုိ႔ေပါင္းစပ္မိလွ်င္ပင္ထြက္ေပၚလာေသာစြမ္းအင္ျဖင့္အာကာသယာဥ္တစ္စင္းအား အလင္းႏွစ္ရာေပါင္းမ်ားစြာအထိ အာကာသအတြင္းသုိ႔ပစ္လႊတ္ႏိူင္မွာျဖစ္ပါတယ္။ ယင္းနည္းပညာကုိသာပုိင္ဆုိင္လာပါက လသည္တစ္မိနစ္ခရီးပင္ျဖစ္ျပီး အဂၤါျဂိဳဟ္သည္ တစ္ရက္သာၾကာေတာ့မည့္ခရီးစဥ္ျဖစ္လာမွာ ျဖစ္ပါတယ္။

ခက္တာက…. ျပႆနာေလးတခုရိွေနတယ္။ Antimatter ဟာ လံုး၀တည္ၿငိမ္မႈမရိွဘူး။ တခုခုနဲ႔ ထိလုိက္တာနဲ႔ ေပါက္ကဲြတာပဲ။ ေလနဲ႔ေတာင္ ထိလို႔မရပါဘူး။ Antimatter ၁ ဂရမ္ ဟာ ဟီရိုရွီးမား တၿမိဳ႕လံုး ျပာက်သြားေစခဲ့တဲ့ ၂၀ ကီလိုတန္ nuclear bomb တလံုးနဲ႔ စြမ္းအင္ အတူတူရိွတာမို႔ သိပ္အႏၲရာယ္ႀကီးတယ္ဆိုတာ အထူးေျပာစရာလိုမယ္ မထင္ပါဘူး။ ၂၀၁၀ ခုႏွစ္ကေတာ့ ဆြစ္ဇာလန္ႏိုင္ငံက ကမာၻ႔အႀကီးဆံုး သိပၸံသုေတသန အဖဲြ႔အစည္းႀကီးျဖစ္တဲ့ Conseil Européen pour la Recherche Nucléaire (CERN) ဟာ Antimatter အမႈန္အမႊားေလးေတြကို ပထမဆံုးအႀကိမ္ ေအာင္ေအာင္ျမင္ျမင္ ထုတ္လုပ္ႏိုင္ခဲ့ၿပီျဖစ္ပါတယ္။ ခုထက္ထိေတာ့ CERN ဟာ Antimatter ကို တခါထုတ္ရင္ atom နည္းနည္းေလးနဲ႔ သိပ္ကို နည္းနည္းေလးစီပဲ ထုတ္ေနခဲ့တာပါ။ ဒါေပမယ့္ ခုေတာ့ CERN ဟာ Antimatter အေျမာက္အျမား ထုတ္လုပ္ႏိုင္မယ့္ Antiproton Decelerator ကိုစတင္ေဆာက္လုပ္ေနပါၿပီ။

ေမးစရာတခုေတာ့ ျဖစ္ေနတာေပါ့။ ဒီ သိပ္ကို မတည္မၿငိမ္နဲ႔ ေပါက္ကဲြလြယ္တဲ့ ျဒပ္ပစၥည္းေလးဟာ ကမာၻႀကီးကို ကယ္ဆယ္မွာလား၊ ဒါမွမဟုတ္ လူသားေတြအတြက္ သိပ္ကို ဆိုးရြားတဲ့ အႏၲရာယ္အႀကီးဆံုး လက္နက္ျဖစ္လာမွာလား ဆိုတာ…။

ကိုးကား။ ။ Ko Htue Post & Min Ye Yaza Kyaw Blog (အာကာသႏွင့္ စၾက၀ဠာသို႔ မိတ္ေဆြတစ္ဦးမွ ေပးပို႔ထားေသာ ပို႔စ္ တစ္ခုႏွင့္ ဘေလာ့ခ္တစ္ခုမွ ရရွိသည့္အခ်က္မ်ားကို ျပန္လည္တင္ျပေပးျခင္းသာျဖစ္ပါတယ္.. ရူပေဗဒပညာရွင္မ်ား ပိုမို နားလည္မွာပါ.. က်ေနာ္ကေတာ့ ေလ့လာေနဆဲပါ.. ေက်းဇူးတင္ပါတယ္)

Via: အာကာသႏွင့္ စၾက၀ဠာ


ကမ္ဘာ့တန်ဖိုးအကြီးဆုံးပစ္စည်းတစ်ခု (သို့) အန်တီမက်တာ (Antimatter) (unicode)

အန်တီမက်တာ (Antimatter) ကို အများစုကတော့ သိချင်မှသိမှာဖြစ်ပေမယ့် သိပ္ပံစိတ်ဝင်စားသူတွေကတော့ ရင်းရင်းနှီးနှီးသိကြပါတယ်။ အလွန်တန်ဖိုးကြီးပြီး အစွမ်းထက်တဲ့ ဒြပ်စင်တစ်မျိုးဖြစ်ပါတယ်။ မီလီဂရမ်လောက်ရှိတဲ့ အန်တီမက်တာ (Antimatter) လေးဟာ ကမ္ဘာက အလွန်ဝေးတဲ့ အင်္ဂါဂြိုဟ်ကို ရက်ပိုင်းအတွင်းရောက်အောင် ပို့ပေးနိုင်ပါတယ်။ အဲဒီ မီလီဂရမ်လောက်ရဖို့ ဖန်တီးရတဲ့တန်ဖိုးကတော့ ဒေါ်လာ ကုဋေပေါင်းများစွာ ကုန်ကျနိုင်ပါတယ်။ သူ့ရဲ့ ၁ဂရမ်တန်ဖိုးက  ဒေါ်လာ 62.5 ထရီလီယံဖြစ်ပြီး ဘယ်သူမှဝယ်နိုင်မှာမဟုတ်သလို ဝယ်လို့လည်းရမှာ မဟုတ်ပါဘူး။ အန်တီမက်တာ (Antimatter) အကြောင်းကို မသိသေးတဲ့ မိတ်ဆွေများအတွက် ဗဟုသုတအနေနဲ့ ပြန်လည်ဝေမျှလိုက်ပါတယ်။

၁၉၂၈ – ၃၀ ဝန်းကျင်က ရူပဗေဒ ပညာရှင် ပေါလ် ဒဲရစ် (Paul Dirac) ဆိုသူက အန်တီမက်တာ (Antimatter) လို့ခေါ်တဲ့ အယူအဆတစ်ခုကို ဖော်ထုတ်ခဲ့ပါတယ်။ Antimatter ဆိုတာ ပြင်ပလောကထဲက matter(ဒြပ်) တွေနဲ့ အတူတူပဲလို့ ပြောလို့ရပါတယ်။ တခုပဲ၊ သူ့ထဲမှာပါတဲ့ လျှပ်စစ် စွမ်းအင်တွေဟာ ပုံမှန် matter တွေနဲ့ ပြောင်းပြန်ဖြစ်နေတာပါ။ ထူးခြားချက်ကတော့ ဒြပ်တစ်ခုနဲ့ ၎င်းရဲ့ ဆန့်ကျင်ဘက် ဒြပ်တို့ ထိတွေ့ကြတဲ့အခါမှာတော့… ပြင်းထန်စွာပေါင်းစပ်ကြပြီး ဒြပ်ထုအားလုံးမှာ စွမ်းအင်အဖြစ်သို့လုံး၀ပြောင်းလဲသွားခြင်းဖြစ်ပါတယ်။ Antimatter ရဲ့စွမ်းအင်ထုတ်လွှတ်သုံးစွဲနိုင်စွမ်းဟာ ၁၀၀ ရာနှုန်းအပြည့်ရှိပါတယ်။ လက်ရှိအသုံးပြုနေတဲ့ nuclear fission (အနုမြူစွမ်းအင်) ဟာတော့ ထွက်လာတဲ့ စွမ်းအင်ရဲ့ ၁.၅ ရာနှုန်းသာ ထုတ်လုပ်သုံးစွဲနိုင်တာ ဖြစ်ပါတယ်။ ဒါ့အပြင် Antimatter ဟာ ပတ်ဝန်းကျင်ညစ်ညမ်းမှုလည်းမဖြစ်စေဘူး၊ nuclear လို ဓါတ်ရောင်ခြည်သင့်မှုတွေလည်း မဖြစ်စေဘူး။

ရေစက်လေးတစ်စက်လောက်ရှိတဲ့ Antimatter ဟာ New York လိုမြို့ကြီးတမြို့လုံးကို တနေကုန် မီးပေးထားနိုင်တယ်လို့ ဆိုပါတယ်။ အက်စပရင်ဆေးပြား အရွယ်စားခန့်မျှသာရှိသော matterနှင့်Antimatter တို့ပေါင်းစပ်မိလျှင်ပင်ထွက်ပေါ်လာသောစွမ်းအင်ဖြင့်အာကာသယာဉ်တစ်စင်းအား အလင်းနှစ်ရာပေါင်းများစွာအထိ အာကာသအတွင်းသို့ပစ်လွှတ်နိူင်မှာဖြစ်ပါတယ်။ ယင်းနည်းပညာကိုသာပိုင်ဆိုင်လာပါက လသည်တစ်မိနစ်ခရီးပင်ဖြစ်ပြီး အင်္ဂါဂြိုဟ်သည် တစ်ရက်သာကြာတော့မည့်ခရီးစဉ်ဖြစ်လာမှာ ဖြစ်ပါတယ်။

ခက်တာက…. ပြဿနာလေးတခုရှိနေတယ်။ Antimatter ဟာ လုံးဝတည်ငြိမ်မှုမရှိဘူး။ တခုခုနဲ့ ထိလိုက်တာနဲ့ ပေါက်ကွဲတာပဲ။ လေနဲ့တောင် ထိလို့မရပါဘူး။ Antimatter ၁ ဂရမ် ဟာ ဟီရိုရှီးမား တမြို့လုံး ပြာကျသွားစေခဲ့တဲ့ ၂၀ ကီလိုတန် nuclear bomb တလုံးနဲ့ စွမ်းအင် အတူတူရှိတာမို့ သိပ်အန္တရာယ်ကြီးတယ်ဆိုတာ အထူးပြောစရာလိုမယ် မထင်ပါဘူး။ ၂၀၁၀ ခုနှစ်ကတော့ ဆွစ်ဇာလန်နိုင်ငံက ကမ္ဘာ့အကြီးဆုံး သိပ္ပံသုတေသန အဖွဲ့အစည်းကြီးဖြစ်တဲ့ Conseil Européen pour la Recherche Nucléaire (CERN) ဟာ Antimatter အမှုန်အမွှားလေးတွေကို ပထမဆုံးအကြိမ် အောင်အောင်မြင်မြင် ထုတ်လုပ်နိုင်ခဲ့ပြီဖြစ်ပါတယ်။ ခုထက်ထိတော့ CERN ဟာ Antimatter ကို တခါထုတ်ရင် atom နည်းနည်းလေးနဲ့ သိပ်ကို နည်းနည်းလေးစီပဲ ထုတ်နေခဲ့တာပါ။ ဒါပေမယ့် ခုတော့ CERN ဟာ Antimatter အမြောက်အမြား ထုတ်လုပ်နိုင်မယ့် Antiproton Decelerator ကိုစတင်ဆောက်လုပ်နေပါပြီ။

မေးစရာတခုတော့ ဖြစ်နေတာပေါ့။ ဒီ သိပ်ကို မတည်မငြိမ်နဲ့ ပေါက်ကွဲလွယ်တဲ့ ဒြပ်ပစ္စည်းလေးဟာ ကမ္ဘာကြီးကို ကယ်ဆယ်မှာလား၊ ဒါမှမဟုတ် လူသားတွေအတွက် သိပ်ကို ဆိုးရွားတဲ့ အန္တရာယ်အကြီးဆုံး လက်နက်ဖြစ်လာမှာလား ဆိုတာ…။

ကိုးကား။ ။ Ko Htue Post & Min Ye Yaza Kyaw Blog (အာကာသနှင့် စကြဝဠာသို့ မိတ်ဆွေတစ်ဦးမှ ပေးပို့ထားသော ပို့စ် တစ်ခုနှင့် ဘလော့ခ်တစ်ခုမှ ရရှိသည့်အချက်များကို ပြန်လည်တင်ပြပေးခြင်းသာဖြစ်ပါတယ်.. ရူပဗေဒပညာရှင်များ ပိုမို နားလည်မှာပါ.. ကျနော်ကတော့ လေ့လာနေဆဲပါ.. ကျေးဇူးတင်ပါတယ်)

Via: အာကာသနှင့် စကြဝဠာ

Leave a Reply