ကမာၻေက်ာ္ ႏုိင္းျမစ္အေၾကာင္း သိေကာင္းစရာ

Posted on

ေရွးေခတ္အီဂ်စ္သမုိင္းေတြမွာ ႏုိင္းျမစ္ဟာ မပါမျဖစ္ဆုိတာ အားလုံးသိၿပီးျဖစ္ၾကမွာပါ။ အီဂ်စ္သမုိင္းေတြျဖစ္လာဖုိ႔ ႏုိင္းျမစ္ က အေရးႀကီးတဲ့ေနရာက ပါ၀င္ခဲ့ပါတယ္။ ကမာၻ႔ယဥ္ေက်းမႈဟာ ႏုိင္းျမစ္၀ွမ္းယဥ္ေက်းမႈက စတယ္ ဆုိရင္လည္းမမွားပါဘူး။ အခုႏုိင္းျမစ္နဲ႔ ပတ္သတ္တဲ့အခ်က္ကေလး တခ်ဳိ႕ကို ဗဟုသုတအေနနဲ႔ မွ်ေ၀လုိက္ပါတယ္ 🙂

ႏုိင္းျမစ္ဟာ မုိင္ေပါင္း ၄၂၅၈မုိင္ရွည္လ်ားၿပီး ဆယ္စုုႏွစ္ေပါင္းမ်ားစြာ ကမာၻ႔အရွည္ဆုံးျမစ္အျဖစ္ ရပ္တည္ခဲ့ပါတယ္။ ဒါေပမယ့္ ၂၀၀၇ခုႏွစ္ ဘရာဇီးသိပၸံပညာရွင္ေတြရဲ႕ ကြင္းဆင္းတုိင္းတာခ်က္အရ အေမဇုန္ျမစ္ဟာ ႏုိင္းျမစ္ထက္ ၆၅မုိင္ ပုိရွည္ေၾကာင္းသိခဲ့ရၿပီးတဲ့ေနာက္ ႏုိင္းျမစ္ဟာ ကမာၻ႔ဒုတိယအရွည္ဆုံးျမစ္ ျဖစ္သြားခဲ့ပါတယ္။ အာဖရိက တုိင္မွာတည္ရွိၿပီး ကင္ညာ ၊ ကြန္ဂုိ ၊ အရီႀတီးယား ၊ ဘာရမ္ဒီ ၊ ယူဂန္ဒါ ၊ တန္ဇန္းနီးယား ၊ ယု၀မ္ဒါ ၊ အီဂ်စ္ ၊ ဆူဒန္ ၊ အီသီယုိးပီးယား စတဲ့ႏုိင္ငံမ်ားကို ျဖတ္သန္းစီးဆင္းပါတယ္။

အီဂ်စ္ယဥ္ေက်းမႈျဖစ္ေပၚေစဖုိ႔ ႀကီးစြာအေထာက္အပံ့ျပဳခဲ့ၿပီး လူဇာ နဲ႔ ကုိင္ရိုလုိၿမဳိ႕ႀကီးေတြအပါအ၀င္ ေရွးေဟာင္းအီဂ်စ္ၿမဳိ႕ေဟာင္းအမ်ားစု ဟာ ႏုိင္းျမစ္ကမ္းေပၚမွ တည္ရွိပါတယ္။ ႏုိင္းျမစ္မွာ ႏုိင္းျမစ္ျပာ နဲ႔ ႏုိင္းျမစ္ျဖဴ ဟု ျမစ္ႏွစ္သြယ္ရွိပါတယ္။ ႏုိင္းျမစ္ျပာဟာ အက္ဗီးဆီးနီးယန္း ေတာင္တန္း ေတြကေန ျမစ္ဖ်ားခံၿပီး ႏုိင္းျမစ္ျဖဴကေတာ့ ၀ုိတုိရိယ၊ အဲလ္ဘတ္ ၊ အက္ဒြပ္ အုိင္ေတြ၌ ျမစ္ဖ်ားခံပါတယ္။ သဲကႏာၱရကုိ ျဖတ္သန္းစီးဆင္းရတာေၾကာင့္ ျမစ္ေၾကာင္းတျဖည္းျဖည္းက်ဥ္းလာၿပီး ကုိင္ရုိၿမဳိ႕အနီးေရာက္တဲ့အခါ ေပ ၃၀၀ ခန္္႔ေတာင္မက်ယ္ေတာ့ပါဘူး။ အီဂ်စ္ကိုျဖတ္သန္းၿပီးေနာက္ ေရေၾကာင္းႏွစ္သြယ္ျဖစ္လွ်က္ ေျမထဲပင္လယ္ထဲကုိ စီး၀င္သြားပါတယ္။
ႏုိင္းျမစ္၀ွမ္းဟာ စုိက္ပ်ဳိးေရးအတြက္ ကမာၻ႔အေကာင္းဆုံးေျမၾသဇာရွိရာေဒသမ်ားတြင္ တစ္ခုအပါအ၀င္ျဖစ္ၿပီး ဘီစီ ၅၀၀၀ ခန္႔ကပင္ ေရွးေခတ္အီဂ်စ္လယ္သမားတုိ႔ စုိက္ပ်ဳိးလုပ္ကုိင္ခဲ့ၾကပါတယ္။
ေရွးေခတ္အီဂ်စ္ေတြဟာ ႏုိင္းျမစ္ကုိ ေနရာသုံးမ်ဳိးမွာ သုံးခဲ့ပါတယ္။
– ျမစ္ေၾကာင္းတေလွ်ာက္ကုန္ပစၥည္းမ်ား သယ္ယူပို႔ေဆာင္ေရး
– ေရသြင္းစိုက္ပ်ဳိးေရး
– ျမစ္ကမ္းမွ ရႊံ႕မ်ားျဖင့္ အေဆာက္အအုံမ်ားေဆာက္လုပ္ျခင္း တုိ႔ျဖစ္ပါတယ္။

မၾကာခဏေရလႊမ္းခံရေလ့ရွိၿပီး အထူးခံစားရေသာေဒသမွာ အက္ဆူး၀န္ၿမဳိ႕ေျမာက္ဘက္၀န္းက်င္ေဒသျဖစ္ပါတယ္။ ေနာက္ပုိင္း အက္ဆူး၀န္ဆည္ကုိ ေဆာက္လုပ္လုိက္တဲ့အတြက္ ေရလႊမ္းမုိးမႈ ေလွ်ာ့နည္းသြားပါတယ္။ ႏုိင္းျမစ္ေၾကာင္းတေလွ်ာက္မွာ တိရစာၦန္မ်ဳိးစုံကုိေတြ႔ရတတ္ပါတယ္။ အမ်ားစုကေတာ့ ငါးေတြ ၊ လိပ္ေတြ ၊ ပုတ္သင္ညဳိ ၊ ေရျမင္း ၊ မိေက်ာင္း နဲ႔ ေျမြမ်ဳိးစိတ္ေတြပဲျဖစ္ပါတယ္။ ႏုိင္းမိေက်ာင္းဟာ ကမာၻ႔အႀကီးဆုံးနဲ႔ အႏၱရာယ္အရွိဆုံးမိေက်ာင္းမ်ဳိးျဖစ္ပါတယ္။ ဒီမိေက်ာင္းမ်ဳိးေတြဟာ ေပ ၂၀ခန္႔ အထိ ရွည္လ်ားၿပီး ေပါင္ ၁၅၀၀ ၀န္းက်င္ခန္႔ရွိတတ္ပါတယ္။ေနာက္ႏွစ္ေပါင္းမ်ားစြာ အၾကာမွာ တျဖည္းျဖည္း ရာသီဥတပူျပင္းလာမႈေၾကာင့္ ဒီေဒသတစ္ခုလုံးဟာ သဲကႏာၱရအတိျဖစ္သြားလိမ့္မယ္ လုိ႔ သိပၸံပညာရွင္ေတြက ခန္႔မွန္းထားၾကပါတယ္။


ကမ္ဘာကျော် နိုင်းမြစ်အကြောင်း သိကောင်းစရာ (unicode)

ရှေးခေတ်အီဂျစ်သမိုင်းတွေမှာ နိုင်းမြစ်ဟာ မပါမဖြစ်ဆိုတာ အားလုံးသိပြီးဖြစ်ကြမှာပါ။ အီဂျစ်သမိုင်းတွေဖြစ်လာဖို့ နိုင်းမြစ် က အရေးကြီးတဲ့နေရာက ပါဝင်ခဲ့ပါတယ်။ ကမ္ဘာ့ယဉ်ကျေးမှုဟာ နိုင်းမြစ်ဝှမ်းယဉ်ကျေးမှုက စတယ် ဆိုရင်လည်းမမှားပါဘူး။ အခုနိုင်းမြစ်နဲ့ ပတ်သတ်တဲ့အချက်ကလေး တချို့ကို ဗဟုသုတအနေနဲ့ မျှဝေလိုက်ပါတယ် 🙂

နိုင်းမြစ်ဟာ မိုင်ပေါင်း ၄၂၅၈မိုင်ရှည်လျားပြီး ဆယ်စုနှစ်ပေါင်းများစွာ ကမ္ဘာ့အရှည်ဆုံးမြစ်အဖြစ် ရပ်တည်ခဲ့ပါတယ်။ ဒါပေမယ့် ၂၀၀၇ခုနှစ် ဘရာဇီးသိပ္ပံပညာရှင်တွေရဲ့ ကွင်းဆင်းတိုင်းတာချက်အရ အမေဇုန်မြစ်ဟာ နိုင်းမြစ်ထက် ၆၅မိုင် ပိုရှည်ကြောင်းသိခဲ့ရပြီးတဲ့နောက် နိုင်းမြစ်ဟာ ကမ္ဘာ့ဒုတိယအရှည်ဆုံးမြစ် ဖြစ်သွားခဲ့ပါတယ်။ အာဖရိက တိုင်မှာတည်ရှိပြီး ကင်ညာ ၊ ကွန်ဂို ၊ အရီတြီးယား ၊ ဘာရမ်ဒီ ၊ ယူဂန်ဒါ ၊ တန်ဇန်းနီးယား ၊ ယုဝမ်ဒါ ၊ အီဂျစ် ၊ ဆူဒန် ၊ အီသီယိုးပီးယား စတဲ့နိုင်ငံများကို ဖြတ်သန်းစီးဆင်းပါတယ်။

အီဂျစ်ယဉ်ကျေးမှုဖြစ်ပေါ်စေဖို့ ကြီးစွာအထောက်အပံ့ပြုခဲ့ပြီး လူဇာ နဲ့ ကိုင်ရိုလိုမြို့ကြီးတွေအပါအဝင် ရှေးဟောင်းအီဂျစ်မြို့ဟောင်းအများစု ဟာ နိုင်းမြစ်ကမ်းပေါ်မှ တည်ရှိပါတယ်။ နိုင်းမြစ်မှာ နိုင်းမြစ်ပြာ နဲ့ နိုင်းမြစ်ဖြူ ဟု မြစ်နှစ်သွယ်ရှိပါတယ်။ နိုင်းမြစ်ပြာဟာ အက်ဗီးဆီးနီးယန်း တောင်တန်း တွေကနေ မြစ်ဖျားခံပြီး နိုင်းမြစ်ဖြူကတော့ ဝိုတိုရိယ၊ အဲလ်ဘတ် ၊ အက်ဒွပ် အိုင်တွေ၌ မြစ်ဖျားခံပါတယ်။ သဲကန္တာရကို ဖြတ်သန်းစီးဆင်းရတာကြောင့် မြစ်ကြောင်းတဖြည်းဖြည်းကျဉ်းလာပြီး ကိုင်ရိုမြို့အနီးရောက်တဲ့အခါ ပေ ၃၀၀ ခန့်တောင်မကျယ်တော့ပါဘူး။ အီဂျစ်ကိုဖြတ်သန်းပြီးနောက် ရေကြောင်းနှစ်သွယ်ဖြစ်လျှက် မြေထဲပင်လယ်ထဲကို စီးဝင်သွားပါတယ်။
နိုင်းမြစ်ဝှမ်းဟာ စိုက်ပျိုးရေးအတွက် ကမ္ဘာ့အကောင်းဆုံးမြေဩဇာရှိရာဒေသများတွင် တစ်ခုအပါအဝင်ဖြစ်ပြီး ဘီစီ ၅၀၀၀ ခန့်ကပင် ရှေးခေတ်အီဂျစ်လယ်သမားတို့ စိုက်ပျိုးလုပ်ကိုင်ခဲ့ကြပါတယ်။
ရှေးခေတ်အီဂျစ်တွေဟာ နိုင်းမြစ်ကို နေရာသုံးမျိုးမှာ သုံးခဲ့ပါတယ်။
– မြစ်ကြောင်းတလျှောက်ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ရေး
– ရေသွင်းစိုက်ပျိုးရေး
– မြစ်ကမ်းမှ ရွှံ့များဖြင့် အဆောက်အအုံများဆောက်လုပ်ခြင်း တို့ဖြစ်ပါတယ်။

မကြာခဏရေလွှမ်းခံရလေ့ရှိပြီး အထူးခံစားရသောဒေသမှာ အက်ဆူးဝန်မြို့မြောက်ဘက်ဝန်းကျင်ဒေသဖြစ်ပါတယ်။ နောက်ပိုင်း အက်ဆူးဝန်ဆည်ကို ဆောက်လုပ်လိုက်တဲ့အတွက် ရေလွှမ်းမိုးမှု လျှော့နည်းသွားပါတယ်။ နိုင်းမြစ်ကြောင်းတလျှောက်မှာ တိရစ္ဆာန်မျိုးစုံကိုတွေ့ရတတ်ပါတယ်။ အများစုကတော့ ငါးတွေ ၊ လိပ်တွေ ၊ ပုတ်သင်ညို ၊ ရေမြင်း ၊ မိကျောင်း နဲ့ မြွေမျိုးစိတ်တွေပဲဖြစ်ပါတယ်။ နိုင်းမိကျောင်းဟာ ကမ္ဘာ့အကြီးဆုံးနဲ့ အန္တရာယ်အရှိဆုံးမိကျောင်းမျိုးဖြစ်ပါတယ်။ ဒီမိကျောင်းမျိုးတွေဟာ ပေ ၂ဝခန့် အထိ ရှည်လျားပြီး ပေါင် ၁၅၀၀ ဝန်းကျင်ခန့်ရှိတတ်ပါတယ်။နောက်နှစ်ပေါင်းများစွာ အကြာမှာ တဖြည်းဖြည်း ရာသီဥတပူပြင်းလာမှုကြောင့် ဒီဒေသတစ်ခုလုံးဟာ သဲကန္တာရအတိဖြစ်သွားလိမ့်မယ် လို့ သိပ္ပံပညာရှင်တွေက ခန့်မှန်းထားကြပါတယ်။

Leave a Reply