ျမန္မာ့ပထမဆုံး ဆရာ၀န္ (သုိ႔) ေဒါက္တာေရွာလူး

Posted on

အေနာက္တိုင္း ေခတ္မီေဆးပညာနည္းျဖင့္ ကုသေသာ ျမန္မာဆရာဝန္မ်ား ေပၚထြန္းသည္မွာ အႏွစ္ တစ္ရာငါးဆယ္ခန႔္ ရွိၿပီးျဖစ္သည္။ ယင္းသို႔ ေပၚထြန္းခဲ့သည့္ ဆရာဝန္မ်ားထဲတြင္ မြန္လူမ်ိဳး ဆရာဝန္ ေဒါက္တာ ေရွာလူးသည္ ပထမဆုံး ျဖစ္ေလသည္။ တစ္နည္းအားျဖင့္ ျမန္မာနိုင္ငံတြင္ ျမန္မာနိုင္ငံသားမ်ားထဲမွ အေနာက္တိုင္း ေဆးပညာကို အစျပဳခဲ့သူမွာ မြန္လူမ်ိဳး ေဒါက္တာ ေရွာလူး(Dr. Shaw Lu)ပင္ ျဖစ္သည္ဟု ဆိုသင့္ေပသည္။

အေမရိကန္ေရာက္ ေဒါက္တာေရွာလူး

သို႔ရာတြင္ ေဒါက္တာေရွာလူးသည္ အေနာက္တိုင္း ေဆးပညာကို ျမန္မာနိုင္ငံသားမ်ားထဲမွ ပထမဆုံး စတင္သင္ယူသူကား မဟုတ္ေပ။ ပထမဆုံး စတင္သင္ယူသူမွာ ျမန္မာနိုင္ငံသား တစ္ဦးျဖစ္သူ အမၼရို႔စ္ ဒီရိုဇားရီးယိုး(Ambrose de Rosario)ဆိုသူ ျဖစ္သည္ဟု ဆိုသည္။ ျမန္မာနိုင္ငံတြင္ ခရစ္ယာန္ သာသနာျပဳ လုပ္ငန္းမ်ားကို လာေရာက္ေဆာင္႐ြက္ေသာ အီတာလ်ံ ဘုန္းေတာ္ႀကီး ဖာသာစင္ဂါမားနိုးသည္ (၁၈၀၆)ခုႏွစ္တြင္ အီတလီျပည္သို႔ ျပန္သြားသည္။ သူႏွင့္အတူ ဒီရိုဇားရီးယိုးသည္ လိုက္ပါသြားကာ အီတလီ၌ ေဆးပညာရပ္မ်ားကို သင္ယူေလသည္။ သို႔ရာတြင္ မည္သို႔ျဖစ္သည္ကို မသိရဘဲ ေဒါက္တာ ဒီရိုးဇားရီးယိုးသည္ အမိျမန္မာနိုင္ငံသို႔ ျပန္လည္ေရာက္ရွိ မလာခဲ့ေပ။ အေနာက္တိုင္း ေဆးပညာကို ပထမဆုံး သင္ၾကားသူ မဟုတ္ေသာ္လည္း ေဆးပညာတတ္ေျမာက္၍ အမိျမန္မာနိုင္ငံသို႔ ပထမဆုံး ျပန္လာအမႈထမ္းသူ (ဝါ) ျမန္မာနိုင္ငံတြင္ အေနာက္တိုင္း ေဆးပညာမ်ိဳးေစ့ ကို စတင္ခ်ခဲ့သူကား ေဒါက္တာ ေရွာလူးပင္ ျဖစ္သည္။

ေဒါက္တာေရွာလူကို ၁၈၃၉ ခုႏွစ္၊ ဇန္နဝါရီလ ၁ ရက္ေန႕တြင္ ေမာ္လၿမိဳင္တြင္ ဖြားျမင္ခဲ့သည္။ အဖ ဦးေ႐ႊသက္၊ အမိ ေဒၚဖြားလွတို႔၏ သားအႀကီးဆုံး ျဖစ္သည္။ ခရစ္ယာန္ဘာသာဝင္ မြန္လူမ်ိဳးမ်ား ျဖစ္ၾကသည္။ မိခင္မွာ မြန္ဘုရင္ ဗညားဒလ၏ ညီေတာ္ ျမဝတီၿမိဳ႕စား (ဗရဲ႕ပတိုင္း) ၏ ျမစ္ေတာ္စပ္သူ ျဖစ္ပါသည္။ ေမာ္လၿမိဳင္တြင္ ခရစ္ယာန္ သာသနာျပဳ ေဒါက္တာ ဂ်ဒ္ဆင္((Adoniram Judson)ႏွင့္ အိမ္နီးခ်င္းျဖစ္သည္။ ေဒါက္တာေရွာလူ၏ ဆရာဝန္မျဖစ္မွီ ငယ္စဥ္ဘဝမ်ားကား ၾကမ္းတမ္းလွေပသည္။ သူသည္ ငယ္စဥ္က ပညာ သင္ၾကားေရးကို စိတ္အားထက္သန္သည္။ သူ၏ဖခင္ ဦးေ႐ႊသက္မွာ အထူးဆုရထားေသာ အဂၤလိပ္အရာရွိမ်ားကို ျမန္မာစာျပေပးရသူ ျဖစ္သည္။ သို႔ေသာ္ ဦးေ႐ႊသက္၏ အရက္အလြန္အကြၽံေသာက္ျခင္းေၾကာင့္ ၁၈၅၄ ခုႏွစ္တြင္ ေဒၚဖြားလွႏွင့္ လမ္းခြဲခဲ့ၾကေလသည္။ မိဘမ်ား၏ အိမ္ေထာင္ေရးဂယက္ေၾကာင့္ ေရွာလူေလးကို အမ်ိဳးမ်ားက တာဝန္ယူ ေစာင့္ေရွာက္ၾကရေပသည္။

၁၈၅၆ ခုႏွစ္၊ ေရွာလူ အသက္ ၁၇ ႏွစ္ အ႐ြယ္တြင္ အိမ္မွစြန္စား၍ ထြက္ေျပးကာ အိႏၵိယနိုင္ငံ ကာလကတၱား၌ သြားေရာက္ပညာသင္သည္။ ထိုအခ်ိန္၌ တနသၤာရီနယ္သာမက ရန္ကုန္အပါအဝင္ ေအာက္ျမန္မာနိုင္ငံ တစ္ရပ္လုံးကို အဂၤလိပ္ ပိုင္ေနၿပီးျဖစ္သည္။ အထက္ ျမန္မာနိုင္ငံကိုမူ သာယာဝတီမင္း စိုးစံေနသည္။ ေမာင္ေရွာလူးသည္ ထူးျခားသူ ျဖစ္သည္။ ငယ္စဥ္ကပင္ ပညာ ဗဟုသုတကို လိုလားသည္။ အထူးသျဖင့္ အေနာက္တိုင္း ေခတ္မွီ ပညာရပ္မ်ားကို ဆည္းပူးေလသည္။ ၁၈၅၇ ခုႏွစ္၊ ႏွစ္ႏွစ္ခန႔္အၾကာတြင္ အိႏၵိယတပ္တြင္ စစ္ဘာရီ (Sepoy Mutiny) ပုန္ကန္မႈႀကီး ေပၚေပါက္လာရာ အိႏၵိယ၌ ဆက္လက္ ပညာသင္ရန္ အခက္အခဲ ႀကဳံလာရသည္။

စစ္ဘာရီမ်ားမွာ အဂၤလိပ္ လက္ေအာက္၌ အမႈထမ္းေနေသာ အိႏၵိယစစ္သားမ်ားျဖစ္သည္။ နယ္ခ်ဲ့ အဂၤလိပ္ လက္ေအာက္၌ ေနရသည္မွာ ဆင္းရဲဒုကၡ ေရာက္ရသျဖင့္ သူတို႔က ဦးေဆာင္ခ်က္ အိႏၵိယအမ်ိဳးသားမ်ားက နယ္ခ်ဲ့ကို ပုန္ကန္ျခင္း ျဖစ္သည္။ ပုန္ကန္မႈ ျပင္းထန္သျဖင့္ ေဘးအႏၲရာယ္ရွိလာသည္။ ဤတြင္ ေမာင္ေရွာလူးကို ဆရာသမား မိဘမ်ားက အိႏၵိယ၌ မေနရန္ တိုက္တြန္းၾကသည္။ ေမာင္ေရွာလူးမွာ ပညာသင္ ေကာင္းဆဲ ျဖစ္သျဖင့္ အိႏၵိယမွလည္း မခြာလို၊ ဆက္လက္ေနထိုင္ရန္လည္း မျဖစ္ႏွင့္ အခက္ႀကဳံေတြ႕ေနရသည္။ (မွတ္ခ်က္။ ။တစ္ခ်ိဳ႕စာအုပ္မ်ားတြင္ ေမာင္ေရွာလူးသည္ ၁၈၅၇-ခုႏွစ္တြင္ ျမန္မာျပည္သို႔ျပန္လာၿပီး သင္းအုပ္ဆရာဦးေ႐ႊေအးမွ ႏွစ္ျခင္းေပးကာ ရိုင္ယာလိက္ Royal Lakes (ယခု ကန္ေတာ္ႀကီး)တြင္ ႏွစ္ျခင္းခရစ္ယာန္ဘာသာ ခံယူခဲ့သည္ဟု ပါရွိေလသည္။)

သို႔ျဖင့္ သူသည္ ကာလကတၱား သေဘၤာဆိပ္၌ ေယာင္လည္လည္ ျဖစ္ေနသည္။ ထိုအခိုက္ အေမရိကန္ျပည္သို႔ သြားမည့္ သေဘၤာတစ္စင္းသည္ ကာလကတၱား သေဘၤာဆိပ္သို႔ ေခတၱဝင္ဆိုက္လာသည္။ သေဘၤာေပၚတြင္ ျမန္မာနိုင္ငံ သုံးဆယ္ၿမိဳ႕၌ ခရစ္ယာန္ သာသနာျပဳ လုပ္ငန္းမ်ားကို ေဆာင္႐ြက္ေနေသာ ဆရာမႀကီး မစၥမာရီယာအင္ေဂါ (Mrs. Marilla Ingalls) ပါလာသည္။ ဆရာမႀကီးသည္ အားလပ္ခြင့္ ရသျဖင့္ အေမရိကန္သို႔ ေခတၱျပန္ျခင္း ျဖစ္သည္။ သူႏွင့္ ေမာင္ေရွာလူးတို႔ ေတြ႕ၾကသည္။ ေမာင္ေရွာလူးက သူကို အေၾကာင္းစုံ ေျပာျပေသာအခါ သူသည္ ပညာလိုလားေသာ သူငယ္ေလးအေပၚ က႐ုဏာ သက္သြားသည္။

ပညာလိုလားသူ ေမာင္ေရွာလူး အေၾကာင္းကို ဆရာမႀကီးက သေဘၤာကပၸတိန္အား တစ္ဆင့္ ေျပာျပေပးသည္။ လမ္းခရီးတြင္ သေဘၤာခအတြက္ သေဘၤာစားေသာက္ခန္း စားပြဲထိုးအျဖစ္ ဝင္ေရာက္လုပ္ကိုင္ခဲ့ရသည္။ ထိုေခတ္ အေမရိကန္သို႔ သေဘၤာခရီးျဖင့္ သြားရသည္မွာ မလြယ္ကူေခ်။ သေဘၤာကလည္း ယေန႕ေခတ္ကဲ့သို႔ ေခတ္မမွီသျဖင့္ ၄ လခန႔္ ၾကာမွသာ အေမရိကန္ျပည္ နယူးေယာက္ၿမိဳ႕သို႔ ေရာက္ရွိေလသည္။ ၁၈၅၇ ခုႏွစ္ ႏွစ္ကုန္ပိုင္းတြင္ နယူးေယာက္ၿမိဳ႕သို႔ ေရာက္ရွိၿပီး ထိုအခ်ိန္က နယူးေယာက္တြင္ လူဦးေရ တစ္သန္းေက်ာ္ သာရွိသည္။ ဆရာမႀကီး၏ ေဆာင္႐ြက္ေပးခ်က္ အရ နယူးေယာက္ၿမိဳ႕မွ ကုန္သည္တစ္ဦးႏွင့္ လူဝီစဗတ္ရွိ တကၠသိုလ္ ( ယခု ဗတ္ကနဲ တကၠသိုလ္) မွ သီအိုလိုဂ်ီ ပါေမာကၡ တစ္ဦးက ေမာင္ေရွာလူးကို ကူညီေထာက္ပံ့ေပးၾကသည္။ ေမာင္ေရွာလူးသည္ သူလိုခ်င္ ေတာင့္တေသာ ပညာရပ္မ်ားကို ဆည္းပူးတိုင္ရန္ ႀကိဳးပမ္းရာ ၁၈၅၉ ခုႏွစ္တြင္ လူဝီစဗတ္ရွိ တကၠသိုလ္သို႔ ဝင္ခြင့္ရသြားသည္။

ထိုတကၠသိုလ္တြင္ ဂရိဘာသာ၊ လက္တင္ဘာသာ၊ သခၤ်ာ၊ ဓာတုေဗဒ၊ ဖီလိုဆိုဖီ၊ ႐ုကၡေဗဒ၊ ဘူမိေဗဒ၊ နိုင္ငံေရး ေဘာဂေဗဒ၊ နကၡတၱေဗဒအေမရိကန္ ဖြဲ႕စည္းအုပ္ခ်ဳပ္ပုံ ဥပေဒ စသည္တို႔ကို ေမာင္ေရွာလူး ေလ့လာ ဆည္းပူးသည္။ သူသည္ ထိုေခတ္အေမရိကန္ ေက်ာင္းသားမ်ားနည္းတူ ေက်ာင္းတက္ရင္း တစ္ဖက္က အလုပ္ လုပ္သည္။ ပါေမာကၡတစ္ဦးအိမ္တြင္ တစ္နာရီ ၁၀ ဆင့္ႏႈန္းျဖင့္ အလုပ္ဝင္လုပ္ခဲ့သည္။ ထိုစဥ္က အေမရိကန္ျပည္တြင္ ကုန္ပစၥည္းမ်ား ေပါမ်ားခဲ့သည္။ ထိုစဥ္က ေကာ္ဖီတစ္ခြက္ကို ၁၀ ဆင့္သာလွ်င္ ေပးရေလသည္။ ေမာင္ေရွာလူးသည္ ေက်ာင္းပိတ္ရက္မ်ားတြင္ အျခားၿမိဳ႕နယ္မ်ားသို႔ လွည့္လည္ သြားကာ ျမန္မာနိုင္ငံအေၾကာင္း၊ ျမန္မာလူမ်ိဳးတို႔၏ ဓေလ့ထုံးစံမ်ားအေၾကာင္း တရားေဟာေျပာသည္။

ထိုအတြက္ ဉာဏ္ပူေဇာ္က ေငြမ်ား ရေသးသည္။ ဤသို႔ ပညာသင္ေနစဥ္အတြင္း ေမာင္ေရွာလူးသည္ အေမရိကန္ျပည္တြင္းစစ္ႏွင့္ ႀကဳံေတြ႕ရျပန္သည္။ ေငြဝယ္ကြၽန္ ျပႆနာႏွင့္ စပ္လ်ဥ္း၍ လင္ကြန္း ဦးေဆာင္ေသာ ေျမာက္ပိုင္းသားမ်ားႏွင့္ ေတာင္ပိုင္းသားမ်ား တိုက္ခိုက္ၾကသည္။ တိုက္ပြဲမ်ား အႏွံ႕အျပား အျပင္းအထန္ ျဖစ္ပြားသည္။ မည္သို႔ပင္ ျဖစ္ေစ ေမာင္ေရွာလူးကား မတုန္လႈပ္၊ အားမေလွ်ာ့ဘဲ ပညာကို ႀကိဳးစားသင္ယူခဲ့သည္။ သို႔ျဖင့္ ၅ ႏွစ္အၾကာ၊ ၁၈၆၄ ခုႏွစ္တြင္ ထိုတကၠသိုလ္မွ ဘီေအဘြဲ႕ရခဲ့ေလသည္။ ဘီေအ ေအာင္ေသာ္လည္း ေမာင္ေရွာလူးသည္ မရပ္တန႔္ေသးေခ်။ ေဆးပညာကို ဆက္လက္ဆည္းပူး၍ရန္ ႀကိဳးပမ္းျပန္သည္။

ထို႔ေၾကာင့္ သူသည္ အိုဟိုင္းယိုး နဥ္၊ ကလိဗလင္း ကုသိုလ္ျဖစ္ေဆ:႐ုံရွိ ေဆးေကာလိပ္ေက်ာင္းတြင္ ေဆးပညာကို ဆက္လက္သင္ယူသည္။ ၃ႏွစ္အၾကာ ၁၈၆၇ ခုႏွစ္တြင္ ေမာင္ေရွာလူးသည္ ေဆးအတတ္ကို ေကာင္းစြာ ေအာင္ျမင္ တတ္ကြၽမ္းေလသည္။ ေဆးပညာ အမ္ဒီဘြဲ႕ ရေလသည္။ ထိုႏွစ္မွာပင္ ဗက္ကနဲ တကၠသိုလ္ကလည္း သူ႕ကို အမ္ေအဘြဲ႕ ခ်ီးျမႇင့္ေလျပန္သည္။ ေမာင္ေရွာလူးဘဝမွ ေဒါက္တာေရွာလူး ဘဝကိုလည္း ခံယူရရွိၿပီး ျဖစ္သျဖင့္ အမိျမန္မာနိုင္ငံသို႔ ျပန္ရန္ ျပင္ဆင္ေလသည္။

မျပန္မီ သူသည္ ထိုႏွစ္ ေအာက္တိုဘာလတြင္ အေမရိကန္ ျပည္ေထာင္စု သမၼတႀကီး အင္ဒ႐ူးဂြၽန္ဆင္ႏွင့္ သြားေရာက္ေတြ႕ဆုံသည္။ သမၼတ ဂြၽန္ဆင္မွာ လင္ကြန္းကြယ္လြန္ၿပီးေနာက္ သမၼတ ရာထူးကို ဆက္ခံရသူ ျဖစ္သည္။ ၁၇ ဆက္ေျမာက္ သမၼတပင္ ျဖစ္သည္။ ေဒါက္တာ ေရွာလူးကို သမၼတ ဂြၽန္ဆင္သည္ ဝမ္းေျမာက္ဝမ္းသာ လက္ခံ ေတြ႕ဆုံသည္။ စင္စစ္ ေဒါက္တာေရွာလူးသည္ အေမရိကန္ နိုင္ငံသို႔ ပညာဆည္းပူးရန္ လာေရာက္သည့္ ပထမဦးဆုံးေသာ ျမန္မာ ေက်ာင္းသားပင္ ျဖစ္ေလသည္။ ေဒါက္တာေရွာလူးက သမၼတႀကီးအား မိမိ အမိနိုင္ငံသို႔ ျပန္ေတာ့မည့္ အေၾကာင္း ေျပာျပသည္။ ဤတြင္ သမၼတႀကီးက မင္းတုန္းမင္းထံ ေဒါက္တာေရွာလူးအတြက္ ေထာက္ခံစာ တစ္ေစာင္အား ေရးေပးလိုက္ေလသည္။

၁၈၆၇ ခုႏွစ္၊ ေအာက္တိုဘာလတြင္ ေဒါက္တာ ေရွာလူးသည္ အမိျမန္မာနိုင္ငံသို႔ ျပန္လာခဲ့သည္။ လမ္းခရီးတြင္ လန္ဒန္တြင္ တစ္လ၊ ပဲရစ္တြင္ တစ္ပတ္ နားေနေလ့လာ၍၊ ေအသင္၊ သီဟိုဠ္ ၊ ကာလကတၱား စသည္တို႔သို႔ ေခတၱ ဝင္ေရာက္ခဲ့ေသးသည္။ ထိုအခ်ိန္က စူးအက္တူးေျမာင္းလည္း မေဖာက္ရေသးေခ်။ ၁၈၆၈ ခုႏွစ္၊ ဇြန္လတြင္ ေဒါက္တာေရွာလူးသည္ ျမန္မာနိုင္ငံသို႔ေရာက္ေသာ္ အေမရိကန္ သမၼတႀကီး၏ သဝဏ္လႊာကို မင္းတုန္းမင္းထံ ဆက္သရန္ ရတနာပုံ မႏၲေလးၿမိဳ႕သို႔ ဆန္တက္ခဲ့သည္။ သရက္ၿမိဳ႕အေရာက္တြင္ မင္းတုန္းမင္း၏ ျမနန္းစၾကာ ေရယာဥ္ျဖင့္ မႏၲေလးၿမိဳ႕သို႔ ခရီးဆက္ၿပီး မင္းတုန္းမင္းႀကီးထံေမွာက္ အခစားဝင္သည္။ မင္းတုန္းမင္းႀကီးသည္ သူ႕ကို ေကာင္းစြာလက္ခံ စကားေျပာေလသည္။ သမၼတ ဂြၽန္ဆင္၏ ေထာက္ခံစာကိုလည္း ဝမ္းေျမာက္ဝမ္းသာ လက္ခံယူသည္။

ထို႔ေနာက္ ေဒါက္တာ ေရွာလူးကို သားေတာ္တစ္ပါးကဲ့သို႔ ျပဳစု ေစာင့္ေရွာက္ကာ ေျမာက္ဥယ်ာဥ္၌ ထားေတာ္မူၿပီး နန္းတြင္းစားေတာ္အုပ္ကို ေန႕စဥ္ပို႔ေစသည္။ ေဒါက္တာေရွာလူးသည္ ရက္ေပါင္း ၂၀ ခန႔္ စည္းစိမ္ခ်မ္းသာ ခံစား၍ ေနခဲ့သည္။ ထို႔ေနာက္ မင္းတုန္းမင္းႀကီးအား သူ႕ကို ဤသို႔ ခ်ီးျမႇောက္သည္ကို ဝမ္းသာ ေက်းဇူးတင္ေၾကာင္း၊ သို႔ေသာ္ သူသည္ စည္းစိမ္ခံ၍ မေနလို၊ သူသင္ယူလာေသာ ပညာမ်ားကို အသုံးျပဳလ်က္ ဆရာဝန္ႏွင့္ ေက်ာင္းဆရာ အလုပ္ကို လုပ္လိုေၾကာင္း ေလွ်ာက္ထားသည္။ မင္းတုန္းမင္ႀကီးကလည္း ၾကည္သာစြာ ခြင့္ေပးသည္။ သူ႕ကို လက္ေဆာင္မ်ားေပးကာ ေအာက္ျမန္မာနိုင္ငံသို႔ ျပန္လႊတ္လိုက္ေလသည္။
ေဒါက္တာ ေရွာလူးသည္ ရန္ကုန္သို႔ ေရာက္ေသာအခါ အလုပ္လုပ္ရန္ ႀကိဳးပမ္းသည္။ သို႔ေသာ္ အဂၤလိပ္အစိုးရက သူတို႔ထံတြင္ အလုပ္လုပ္ခြင့္ မေပးေပ။ မင္းတုန္းမင္ႀကီး၏ အေျမႇာက္စားျခင္းကို ခံခဲ့ရသူ ျဖစ္သျဖင့္ မယုံၾကည္ဟုဆိုကာ အလုပ္မေပးျခင္း ျဖစ္သည္။

သို႔ျဖင့္ ေဒါက္တာ ေရွာလူးသည္ ေမာ္လၿမိဳင္ၿမိဳ႕သို႔ ျပန္ကာ မုတၱမတြင္ ကိုယ္ပိုင္ေက်ာင္း ဖြင့္လ်က္ ေက်ာင္းသား ၃၀ကို စာသင္ေပးသည္။ ထိုေနာက္ ၆ လ အၾကာတြင္ ေမာ္လၿမိဳင္ ေအဘီအမ္ ေက်ာင္း၌ ဆရာဝင္လုပ္သည္။ ၁၀ႏွစ္ၾကာသည္။ ထို႔ေနာက္ ေက်းဇူးရွင္ ဆရာမႀကီး မာရီယာအင္ေဂါကို ေက်းဇူးဆပ္ေသာ အေနျဖင့္ သုံးဆယ္ၿမိဳ႕ရွိ ဆရာမႀကီးေက်ာင္းတြင္ ၃ ႏွစ္တိတိ ဆရာဝင္လုပ္ေပးေလသည္။ ထိုေနာက္ ရန္ကုန္ အစိုးရေက်ာင္း၌ တစ္ႏွစ္ ဆရာဝင္လုပ္ေပးသည္။ အာဏာပိုင္တို႔က သူ၏ အရည္အခ်င္းကို လည္းေကာင္း၊ သူ၏ ေစတနာကိုလည္းေကာင္း သိရွိၾကသျဖင့္ သူ႕ကို ပညာေရးဘက္တြင္ အမႈထမ္းရန္ ရာထူးႀကီး ေပးသည္။

ေဒါက္တာေရွာလူးသည္ လက္မခံခဲ့။ ေက်ာင္းဆရာအလုပ္ကို ေက်နပ္ေအာင္ လုပ္ၿပီးၿပီ ျဖစ္၍ ဆရာဝန္အလုပ္ကိုသာ လုပ္ကိုင္ခ်င္ေနသည္။ ေဆးဘက္တြင္ကား အဂၤလိပ္အစိုးရက ေနရာမေပးေပ။ ေဆးဘက္၌ လစ္လပ္ေသာ ေနရာမရွိ ဟု ဆိုထားသျဖင့္ မရခဲ့။ ထို႔ေၾကာင့္ သူသည္ ေမာ္လၿမိဳင္သို႔ ျပန္ကာ အေမရိကန္ သာသနာျပဳ ဆရာဝန္မႀကီး ေဒါက္တာ အယ္လင္မစ္ခ်ယ္ ထံတြင္ အကူဆရာဝန္ အျဖစ္ ဝင္ေရာက္လုပ္ကိုင္သည္။ ၁၀ ႏွစ္ လုပ္ကိုင္ၿပီးေသာအခါ ကိုယ္ပိုင္ေဆးခန္းဖြင့္ကာ ေဆးကုသည္။ တစ္ဖက္ကလည္း ေမာ္လၿမိဳင္ အစိုးရေက်ာင္းႏွင့္ ေနာ္မယ္ေက်ာင္း အုပ္ခ်ဳပ္ေရးအဖြဲ႕တြင္ ပါဝင္ကာ ပညာေရး လုပ္ငန္းမ်ားကို ေဆာင္႐ြက္ေပးေလသည္။

ေဒါက္တာေရွာလူးသည္ အိမ္ေထာင္ႏွစ္ဆက္ က်ဖဴးသည္။ ရန္ကုန္အစိုးရေက်ာင္း၌ ဆရာလုပ္ေနစဥ္ အဂၤလိပ္စစ္ဗိုလ္ ကပၸတိန္ တစ္ဦး၏ သမီး မစၥလူစီပရဲယားႏွင့္ ၁၈၆၉-ခုႏွစ္ခန႔္တြင္ အိမ္ေထာင္ျပဳခဲ့သည္။ သားသမီး ၇ေယာက္ ရသည္။ အငယ္ဆုံး သတၱမေျမာက္ ကေလးငယ္ကို မီးဖြားစဥ္ ဇနီးသည္ ကြယ္လြန္သြားရွာသည္။ ထို႔ေၾကာင့္ ၂ ႏွစ္အၾကာတြင္ ေဒၚေ႐ႊႏွင့္ ဒုတိယ အိမ္ေထာင္ျပဳသည္။ သားသမီး ၃ ေယာက္ ရရွိသည္။ သူသည္ ပညာကို ႀကိဳးစားသင္ယူသည့္ နည္းတူ အလုပ္ကိုလည္း ႀကိဳးစားလုပ္ကိုင္သူ ျဖစ္သည္။ က်န္းမာေရးလည္း အထူးေကာင္းမြန္သည္။ ၇၄ ႏွစ္အ႐ြယ္အထိ သန္တုန္း ျမန္တုန္းပင္ ျဖစ္ခဲ့သည္။

တစ္ေန႕ နံနက္တြင္ ဇနီး၊ သားသမီးမ်ားအား လိုက္လံႏွိုးကာ ေအာက္ထပ္သို႔ ဆင္းလာၾကရန္ မွာၾကားသည္။ ထိုေနာက္ သူက ဦးစြာဆင္းသြားၿပီး ကြပ္ပ်စ္ထက္၌ လဲေလ်ာင္းေနလိုက္သည္။ မိသားစုက ေဒါက္တာေရွာလူး၏ ထူးျခားေသာ အျပဳအမူေၾကာင့္ ေအာက္ထပ္သို႔ ဆင္းလာၾကရာ ကြပ္ပ်စ္ထက္၌ ကြယ္လြန္သြားၿပီး ျဖစ္ေသာ ေဒါက္တာေရွာလူးကို ေတြ႕ရေလသည္။ ေဒါက္တာေရွာလူးမွာ သူလက္ထပ္စဥ္က ဝတ္ဆင္ခဲ့ေသာ အေနာက္တိုင္း ဝတ္စုံကို ဆင္ျမန္းထားသည္ကို ထူးျခားစြာ ေတြ႕ခဲ့ရေလသည္ဟူ၏။ ၁၉၂၉ ခုႏွစ္၊ ေအာက္တိုဘာလ ၁၀ ရက္ေန႕တြင္ ကြယ္လြန္သြားခဲ့ေသာ ေဒါက္တာေရွာလူး၏ ဈာပနာမွာ စည္းကားလွသည္။ ခရစ္ယာန္ ဘုန္းေတာ္ႀကီးမ်ားသာမက ျမန္မာ ဘုန္းေတာ္ႀကီးမ်ားပါ တက္ေရာက္ခဲ့ၾကေၾကာင္း မွတ္တမ္းမ်ားက ဆိုသည္။ ေဒါက္တာ ေရွာလူးအား ဂူသြင္း သၿဂိဳလ္ၾကၿပီး အုတ္ဂူထက္တြင္
In Sacred Memory of Dr.Shaw Loo
Die 10-10-1929
Age 91 years
“All the way Saviour Leads me”
ဟု ေရးထိုးထားေပးပါသည္။

သူ ကြယ္လြန္ေသာ္လည္း သူ၏ အမည္ကား မေသ။ သူ႕ဇြဲ၊ သူ႕သတၱိကား မကြယ္၊။ သူ႕လုပ္ငန္းကား မမွိန္။ ယေန႕ ျမန္မာ ဆရာဝန္မ်ား၏ ဖခင္ႀကီးအျဖစ္လည္းေကာင္း၊ ျမန္မာနိုင္ငံသားမ်ားထဲမွ အေနာက္တိုင္း ေခတ္မွီ ေဆးပညာကို ျမန္မာနိုင္ငံ၌ အဦးဆုံး မ်ိဳးေစ့ခ်ခဲ့သူ အျဖစ္လည္းေကာင္း၊ ျမန္မာနိုင္ငံ မြန္လူမ်ိဳးတို႔၏ ဂုဏ္ကို ေဆာင္ခဲ့သူအျဖစ္လည္းေကာင္း ေဒါက္တာ ေရွာလူးသည္ ထင္ရွားဆဲပင္ ျဖစ္သည္။ ေဒါက္တာေရွာလူ၏ ပထမ အိမ္ေထာင္ဆက္မွ သမီးမ်ားမွာ ဥေရာပတိုက္သားမ်ားႏွင့္ အိမ္ေထာင္က်ခဲ့ၾကၿပီး ရန္ကုန္ၿမိဳ႕၌ ကြယ္လြန္ခဲ့ၾကသည္။ ဒုတိယ ဇနီးေဒၚေ႐ႊမွာ ထားဝယ္သူ ျဖစ္ၿပီး သမီးႀကီး ေဒၚတင္တင္ (အင္မလီးေရွာလူး-ေမာ္တလိန္းေက်ာင္းဆရာမ)၊ သား ေသာမတ္ေရွာခူး (မီးရထား ဆရာဝန္) ႏွင့္ သမီးငယ္ အဲလစ္ဇတ္ေရွာလူး (စိန႔္မတ္သ႐ူး ေက်ာင္းဆရာမႀကီး)တို႔ကို ဖြားျမင့္ခဲ့ပါသည္။ ေဒါက္တာေရွာလူး၏ သမီးႀကီး ေဒၚတင္တင္မွ ေမြးဖြားသူ ေဒၚေမစီမွာ အဖိုးျဖစ္သူ ေဒါက္တာေရွာလူးအေၾကာင္းကို ေကာင္းမြန္စြာေျပာျပနိုင္ၿပီး အသက္ ၈၂ ႏွစ္ အ႐ြယ္ထိ က်န္းမာေရး ေကာင္းမြန္ေနေၾကာင္း သိရွိရသည္။ မည္သို႔ပင္ ျဖစ္ေစကာမူ ကြၽန္ုပ္တို႔ ျမန္မာနိုင္ငံသားမ်ားထဲ၌ အေနာက္တိုင္း ေဆးပညာတတ္ ဆရာဝန္ သည္ ၁၉ ရာစုကပင္ ေပၚေပါက္ခဲ့သည္မွာ ဂုဏ္ယူစရာပင္ ျဖစ္ေလသည္။

ေဒါက္တာေရွာလူးသည္ ၁၈၇၈-ခုႏွစ္ ေဖေဖၚဝါရီလတြင္ (ပိန္ကီလာ) Painkiller အမည္ရွိ ေဆးက်မ္းငယ္ တစ္ေစာင္ကို ျပဳစုၿပီး ေမာ္လၿမိဳင္ရွိ ေမာ္လၿမိဳင္အေဆြ ပုံႏွိပ္တိုက္မွ ဦးနီက ပုံႏွိပ္ျဖန႔္ခ်ီခဲ့သည္။ နာျခင္းေဝဒနာကို သက္သာေစေသာေဆး အသုံးျပဳနည္း အၫႊန္းစာအုပ္ ျဖစ္သည္။ ေမာ္လၿမိဳင္နယ္တစ္ခြင္တြင္ အားကိုးအားထား ျပဳေနရေသာ ေဆးဆရာႀကီး (ဟၾကာႏြတ္) ဟူ၍ ေက်ာ္ၾကားခဲ့သည္။ ေဒါက္တာေရွာလူးသည္ ျမဝတီၿမိဳ႕စား၏ ျမစ္ေတာ္သည္ဟုလည္း မွတ္တမ္းတစ္ခုက ဆိုေပသည္။ ေဒါက္တာေရွာလူးသည္ အသက္ ၇၄-ႏွစ္တိုင္ေအာင္ က်န္းမာသန္စြမ္းလ်က္ ဘာကနဲ တကၠသိုလ္ႏွင့္ စာခ်င္းဆက္သြယ္ေနတုန္းပင္ ျဖစ္သည္။

ကိုးကား
၂ဝဝ၈-ခုႏွစ္၊ဒီဇင္ဘာလ (၂၄)ရက္ေန႕ထုန္ Weekly Eleven ဂ်ာနယ္မွ ဆရာတင္နိုင္တိုးေရးသားေသာ ေဆာင္းပါးအား အေျခခံထားသည္။
ဆရာ မင္းယုေဝ ေရးသားေသာ ပထမ ျမန္မာမ်ား
စာေပဗိမာန္ထုတ္ ေအာင္မင္းျမတ္၏ ကြယ္လြန္ထင္ရွား ဆရာ ၁၀၀၏ အားမာန္မ်ား စာအုပ္မွ ၂၀၀၉-ခုႏွစ္
Myanmar Wikipedia


မြန်မာ့ပထမဆုံး ဆရာဝန် (သို့) ဒေါက်တာရှောလူး (unicode)

အနောက်တိုင်း ခေတ်မီဆေးပညာနည်းဖြင့် ကုသသော မြန်မာဆရာဝန်များ ပေါ်ထွန်းသည်မှာ အနှစ် တစ်ရာငါးဆယ်ခန့် ရှိပြီးဖြစ်သည်။ ယင်းသို့ ပေါ်ထွန်းခဲ့သည့် ဆရာဝန်များထဲတွင် မွန်လူမျိုး ဆရာဝန် ဒေါက်တာ ရှောလူးသည် ပထမဆုံး ဖြစ်လေသည်။ တစ်နည်းအားဖြင့် မြန်မာနိုင်ငံတွင် မြန်မာနိုင်ငံသားများထဲမှ အနောက်တိုင်း ဆေးပညာကို အစပြုခဲ့သူမှာ မွန်လူမျိုး ဒေါက်တာ ရှောလူး(Dr. Shaw Lu)ပင် ဖြစ်သည်ဟု ဆိုသင့်ပေသည်။

အမေရိကန်ရောက် ဒေါက်တာရှောလူး
သို့ရာတွင် ဒေါက်တာရှောလူးသည် အနောက်တိုင်း ဆေးပညာကို မြန်မာနိုင်ငံသားများထဲမှ ပထမဆုံး စတင်သင်ယူသူကား မဟုတ်ပေ။ ပထမဆုံး စတင်သင်ယူသူမှာ မြန်မာနိုင်ငံသား တစ်ဦးဖြစ်သူ အမ္မရို့စ် ဒီရိုဇားရီးယိုး(Ambrose de Rosario)ဆိုသူ ဖြစ်သည်ဟု ဆိုသည်။ မြန်မာနိုင်ငံတွင် ခရစ်ယာန် သာသနာပြု လုပ်ငန်းများကို လာရောက်ဆောင်ရွက်သော အီတာလျံ ဘုန်းတော်ကြီး ဖာသာစင်ဂါမားနိုးသည် (၁၈၀၆)ခုနှစ်တွင် အီတလီပြည်သို့ ပြန်သွားသည်။ သူနှင့်အတူ ဒီရိုဇားရီးယိုးသည် လိုက်ပါသွားကာ အီတလီ၌ ဆေးပညာရပ်များကို သင်ယူလေသည်။ သို့ရာတွင် မည်သို့ဖြစ်သည်ကို မသိရဘဲ ဒေါက်တာ ဒီရိုးဇားရီးယိုးသည် အမိမြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ မလာခဲ့ပေ။ အနောက်တိုင်း ဆေးပညာကို ပထမဆုံး သင်ကြားသူ မဟုတ်သော်လည်း ဆေးပညာတတ်မြောက်၍ အမိမြန်မာနိုင်ငံသို့ ပထမဆုံး ပြန်လာအမှုထမ်းသူ (ဝါ) မြန်မာနိုင်ငံတွင် အနောက်တိုင်း ဆေးပညာမျိုးစေ့ ကို စတင်ချခဲ့သူကား ဒေါက်တာ ရှောလူးပင် ဖြစ်သည်။

ဒေါက်တာရှောလူကို ၁၈၃၉ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် မော်လမြိုင်တွင် ဖွားမြင်ခဲ့သည်။ အဖ ဦးရွှေသက်၊ အမိ ဒေါ်ဖွားလှတို့၏ သားအကြီးဆုံး ဖြစ်သည်။ ခရစ်ယာန်ဘာသာဝင် မွန်လူမျိုးများ ဖြစ်ကြသည်။ မိခင်မှာ မွန်ဘုရင် ဗညားဒလ၏ ညီတော် မြဝတီမြို့စား (ဗရဲ့ပတိုင်း) ၏ မြစ်တော်စပ်သူ ဖြစ်ပါသည်။ မော်လမြိုင်တွင် ခရစ်ယာန် သာသနာပြု ဒေါက်တာ ဂျဒ်ဆင်((Adoniram Judson)နှင့် အိမ်နီးချင်းဖြစ်သည်။ ဒေါက်တာရှောလူ၏ ဆရာဝန်မဖြစ်မှီ ငယ်စဉ်ဘဝများကား ကြမ်းတမ်းလှပေသည်။ သူသည် ငယ်စဉ်က ပညာ သင်ကြားရေးကို စိတ်အားထက်သန်သည်။ သူ၏ဖခင် ဦးရွှေသက်မှာ အထူးဆုရထားသော အင်္ဂလိပ်အရာရှိများကို မြန်မာစာပြပေးရသူ ဖြစ်သည်။ သို့သော် ဦးရွှေသက်၏ အရက်အလွန်အကျွံသောက်ခြင်းကြောင့် ၁၈၅၄ ခုနှစ်တွင် ဒေါ်ဖွားလှနှင့် လမ်းခွဲခဲ့ကြလေသည်။ မိဘများ၏ အိမ်ထောင်ရေးဂယက်ကြောင့် ရှောလူလေးကို အမျိုးများက တာဝန်ယူ စောင့်ရှောက်ကြရပေသည်။

၁၈၅၆ ခုနှစ်၊ ရှောလူ အသက် ၁၇ နှစ် အရွယ်တွင် အိမ်မှစွန်စား၍ ထွက်ပြေးကာ အိန္ဒိယနိုင်ငံ ကာလကတ္တား၌ သွားရောက်ပညာသင်သည်။ ထိုအချိန်၌ တနင်္သာရီနယ်သာမက ရန်ကုန်အပါအဝင် အောက်မြန်မာနိုင်ငံ တစ်ရပ်လုံးကို အင်္ဂလိပ် ပိုင်နေပြီးဖြစ်သည်။ အထက် မြန်မာနိုင်ငံကိုမူ သာယာဝတီမင်း စိုးစံနေသည်။ မောင်ရှောလူးသည် ထူးခြားသူ ဖြစ်သည်။ ငယ်စဉ်ကပင် ပညာ ဗဟုသုတကို လိုလားသည်။ အထူးသဖြင့် အနောက်တိုင်း ခေတ်မှီ ပညာရပ်များကို ဆည်းပူးလေသည်။ ၁၈၅၇ ခုနှစ်၊ နှစ်နှစ်ခန့်အကြာတွင် အိန္ဒိယတပ်တွင် စစ်ဘာရီ (Sepoy Mutiny) ပုန်ကန်မှုကြီး ပေါ်ပေါက်လာရာ အိန္ဒိယ၌ ဆက်လက် ပညာသင်ရန် အခက်အခဲ ကြုံလာရသည်။ စစ်ဘာရီများမှာ အင်္ဂလိပ် လက်အောက်၌ အမှုထမ်းနေသော အိန္ဒိယစစ်သားများဖြစ်သည်။ နယ်ချဲ့ အင်္ဂလိပ် လက်အောက်၌ နေရသည်မှာ ဆင်းရဲဒုက္ခ ရောက်ရသဖြင့် သူတို့က ဦးဆောင်ချက် အိန္ဒိယအမျိုးသားများက နယ်ချဲ့ကို ပုန်ကန်ခြင်း ဖြစ်သည်။ ပုန်ကန်မှု ပြင်းထန်သဖြင့် ဘေးအန္တရာယ်ရှိလာသည်။ ဤတွင် မောင်ရှောလူးကို ဆရာသမား မိဘများက အိန္ဒိယ၌ မနေရန် တိုက်တွန်းကြသည်။ မောင်ရှောလူးမှာ ပညာသင် ကောင်းဆဲ ဖြစ်သဖြင့် အိန္ဒိယမှလည်း မခွာလို၊ ဆက်လက်နေထိုင်ရန်လည်း မဖြစ်နှင့် အခက်ကြုံတွေ့နေရသည်။ (မှတ်ချက်။ ။တစ်ချို့စာအုပ်များတွင် မောင်ရှောလူးသည် ၁၈၅၇-ခုနှစ်တွင် မြန်မာပြည်သို့ပြန်လာပြီး သင်းအုပ်ဆရာဦးရွှေအေးမှ နှစ်ခြင်းပေးကာ ရိုင်ယာလိက် Royal Lakes (ယခု ကန်တော်ကြီး)တွင် နှစ်ခြင်းခရစ်ယာန်ဘာသာ ခံယူခဲ့သည်ဟု ပါရှိလေသည်။)

သို့ဖြင့် သူသည် ကာလကတ္တား သင်္ဘောဆိပ်၌ ယောင်လည်လည် ဖြစ်နေသည်။ ထိုအခိုက် အမေရိကန်ပြည်သို့ သွားမည့် သင်္ဘောတစ်စင်းသည် ကာလကတ္တား သင်္ဘောဆိပ်သို့ ခေတ္တဝင်ဆိုက်လာသည်။ သင်္ဘောပေါ်တွင် မြန်မာနိုင်ငံ သုံးဆယ်မြို့၌ ခရစ်ယာန် သာသနာပြု လုပ်ငန်းများကို ဆောင်ရွက်နေသော ဆရာမကြီး မစ္စမာရီယာအင်ဂေါ (Mrs. Marilla Ingalls) ပါလာသည်။ ဆရာမကြီးသည် အားလပ်ခွင့် ရသဖြင့် အမေရိကန်သို့ ခေတ္တပြန်ခြင်း ဖြစ်သည်။ သူနှင့် မောင်ရှောလူးတို့ တွေ့ကြသည်။ မောင်ရှောလူးက သူကို အကြောင်းစုံ ပြောပြသောအခါ သူသည် ပညာလိုလားသော သူငယ်လေးအပေါ် ကရုဏာ သက်သွားသည်။ ပညာလိုလားသူ မောင်ရှောလူး အကြောင်းကို ဆရာမကြီးက သင်္ဘောကပ္ပတိန်အား တစ်ဆင့် ပြောပြပေးသည်။ လမ်းခရီးတွင် သင်္ဘောခအတွက် သင်္ဘောစားသောက်ခန်း စားပွဲထိုးအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့ရသည်။ ထိုခေတ် အမေရိကန်သို့ သင်္ဘောခရီးဖြင့် သွားရသည်မှာ မလွယ်ကူချေ။ သင်္ဘောကလည်း ယနေ့ခေတ်ကဲ့သို့ ခေတ်မမှီသဖြင့် ၄ လခန့် ကြာမှသာ အမေရိကန်ပြည် နယူးယောက်မြို့သို့ ရောက်ရှိလေသည်။ ၁၈၅၇ ခုနှစ် နှစ်ကုန်ပိုင်းတွင် နယူးယောက်မြို့သို့ ရောက်ရှိပြီး ထိုအချိန်က နယူးယောက်တွင် လူဦးရေ တစ်သန်းကျော် သာရှိသည်။ ဆရာမကြီး၏ ဆောင်ရွက်ပေးချက် အရ နယူးယောက်မြို့မှ ကုန်သည်တစ်ဦးနှင့် လူဝီစဗတ်ရှိ တက္ကသိုလ် ( ယခု ဗတ်ကနဲ တက္ကသိုလ်) မှ သီအိုလိုဂျီ ပါမောက္ခ တစ်ဦးက မောင်ရှောလူးကို ကူညီထောက်ပံ့ပေးကြသည်။ မောင်ရှောလူးသည် သူလိုချင် တောင့်တသော ပညာရပ်များကို ဆည်းပူးတိုင်ရန် ကြိုးပမ်းရာ ၁၈၅၉ ခုနှစ်တွင် လူဝီစဗတ်ရှိ တက္ကသိုလ်သို့ ဝင်ခွင့်ရသွားသည်။

ထိုတက္ကသိုလ်တွင် ဂရိဘာသာ၊ လက်တင်ဘာသာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ဖီလိုဆိုဖီ၊ ရုက္ခဗေဒ၊ ဘူမိဗေဒ၊ နိုင်ငံရေး ဘောဂဗေဒ၊ နက္ခတ္တဗေဒအမေရိကန် ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေ စသည်တို့ကို မောင်ရှောလူး လေ့လာ ဆည်းပူးသည်။ သူသည် ထိုခေတ်အမေရိကန် ကျောင်းသားများနည်းတူ ကျောင်းတက်ရင်း တစ်ဖက်က အလုပ် လုပ်သည်။ ပါမောက္ခတစ်ဦးအိမ်တွင် တစ်နာရီ ၁၀ ဆင့်နှုန်းဖြင့် အလုပ်ဝင်လုပ်ခဲ့သည်။ ထိုစဉ်က အမေရိကန်ပြည်တွင် ကုန်ပစ္စည်းများ ပေါများခဲ့သည်။ ထိုစဉ်က ကော်ဖီတစ်ခွက်ကို ၁၀ ဆင့်သာလျှင် ပေးရလေသည်။ မောင်ရှောလူးသည် ကျောင်းပိတ်ရက်များတွင် အခြားမြို့နယ်များသို့ လှည့်လည် သွားကာ မြန်မာနိုင်ငံအကြောင်း၊ မြန်မာလူမျိုးတို့၏ ဓလေ့ထုံးစံများအကြောင်း တရားဟောပြောသည်။ ထိုအတွက် ဉာဏ်ပူဇော်က ငွေများ ရသေးသည်။ ဤသို့ ပညာသင်နေစဉ်အတွင်း မောင်ရှောလူးသည် အမေရိကန်ပြည်တွင်းစစ်နှင့် ကြုံတွေ့ရပြန်သည်။ ငွေဝယ်ကျွန် ပြဿနာနှင့် စပ်လျဉ်း၍ လင်ကွန်း ဦးဆောင်သော မြောက်ပိုင်းသားများနှင့် တောင်ပိုင်းသားများ တိုက်ခိုက်ကြသည်။ တိုက်ပွဲများ အနှံ့အပြား အပြင်းအထန် ဖြစ်ပွားသည်။ မည်သို့ပင် ဖြစ်စေ မောင်ရှောလူးကား မတုန်လှုပ်၊ အားမလျှော့ဘဲ ပညာကို ကြိုးစားသင်ယူခဲ့သည်။ သို့ဖြင့် ၅ နှစ်အကြာ၊ ၁၈၆၄ ခုနှစ်တွင် ထိုတက္ကသိုလ်မှ ဘီအေဘွဲ့ရခဲ့လေသည်။ ဘီအေ အောင်သော်လည်း မောင်ရှောလူးသည် မရပ်တန့်သေးချေ။ ဆေးပညာကို ဆက်လက်ဆည်းပူး၍ရန် ကြိုးပမ်းပြန်သည်။

ထို့ကြောင့် သူသည် အိုဟိုင်းယိုး နဉ်၊ ကလိဗလင်း ကုသိုလ်ဖြစ်ဆေ:ရုံရှိ ဆေးကောလိပ်ကျောင်းတွင် ဆေးပညာကို ဆက်လက်သင်ယူသည်။ ၃နှစ်အကြာ ၁၈၆၇ ခုနှစ်တွင် မောင်ရှောလူးသည် ဆေးအတတ်ကို ကောင်းစွာ အောင်မြင် တတ်ကျွမ်းလေသည်။ ဆေးပညာ အမ်ဒီဘွဲ့ ရလေသည်။ ထိုနှစ်မှာပင် ဗက်ကနဲ တက္ကသိုလ်ကလည်း သူ့ကို အမ်အေဘွဲ့ ချီးမြှင့်လေပြန်သည်။ မောင်ရှောလူးဘဝမှ ဒေါက်တာရှောလူး ဘဝကိုလည်း ခံယူရရှိပြီး ဖြစ်သဖြင့် အမိမြန်မာနိုင်ငံသို့ ပြန်ရန် ပြင်ဆင်လေသည်။ မပြန်မီ သူသည် ထိုနှစ် အောက်တိုဘာလတွင် အမေရိကန် ပြည်ထောင်စု သမ္မတကြီး အင်ဒရူးဂျွန်ဆင်နှင့် သွားရောက်တွေ့ဆုံသည်။ သမ္မတ ဂျွန်ဆင်မှာ လင်ကွန်းကွယ်လွန်ပြီးနောက် သမ္မတ ရာထူးကို ဆက်ခံရသူ ဖြစ်သည်။ ၁၇ ဆက်မြောက် သမ္မတပင် ဖြစ်သည်။ ဒေါက်တာ ရှောလူးကို သမ္မတ ဂျွန်ဆင်သည် ဝမ်းမြောက်ဝမ်းသာ လက်ခံ တွေ့ဆုံသည်။ စင်စစ် ဒေါက်တာရှောလူးသည် အမေရိကန် နိုင်ငံသို့ ပညာဆည်းပူးရန် လာရောက်သည့် ပထမဦးဆုံးသော မြန်မာ ကျောင်းသားပင် ဖြစ်လေသည်။ ဒေါက်တာရှောလူးက သမ္မတကြီးအား မိမိ အမိနိုင်ငံသို့ ပြန်တော့မည့် အကြောင်း ပြောပြသည်။ ဤတွင် သမ္မတကြီးက မင်းတုန်းမင်းထံ ဒေါက်တာရှောလူးအတွက် ထောက်ခံစာ တစ်စောင်အား ရေးပေးလိုက်လေသည်။

၁၈၆၇ ခုနှစ်၊ အောက်တိုဘာလတွင် ဒေါက်တာ ရှောလူးသည် အမိမြန်မာနိုင်ငံသို့ ပြန်လာခဲ့သည်။ လမ်းခရီးတွင် လန်ဒန်တွင် တစ်လ၊ ပဲရစ်တွင် တစ်ပတ် နားနေလေ့လာ၍၊ အေသင်၊ သီဟိုဠ် ၊ ကာလကတ္တား စသည်တို့သို့ ခေတ္တ ဝင်ရောက်ခဲ့သေးသည်။ ထိုအချိန်က စူးအက်တူးမြောင်းလည်း မဖောက်ရသေးချေ။ ၁၈၆၈ ခုနှစ်၊ ဇွန်လတွင် ဒေါက်တာရှောလူးသည် မြန်မာနိုင်ငံသို့ရောက်သော် အမေရိကန် သမ္မတကြီး၏ သဝဏ်လွှာကို မင်းတုန်းမင်းထံ ဆက်သရန် ရတနာပုံ မန္တလေးမြို့သို့ ဆန်တက်ခဲ့သည်။ သရက်မြို့အရောက်တွင် မင်းတုန်းမင်း၏ မြနန်းစကြာ ရေယာဉ်ဖြင့် မန္တလေးမြို့သို့ ခရီးဆက်ပြီး မင်းတုန်းမင်းကြီးထံမှောက် အခစားဝင်သည်။ မင်းတုန်းမင်းကြီးသည် သူ့ကို ကောင်းစွာလက်ခံ စကားပြောလေသည်။ သမ္မတ ဂျွန်ဆင်၏ ထောက်ခံစာကိုလည်း ဝမ်းမြောက်ဝမ်းသာ လက်ခံယူသည်။

ထို့နောက် ဒေါက်တာ ရှောလူးကို သားတော်တစ်ပါးကဲ့သို့ ပြုစု စောင့်ရှောက်ကာ မြောက်ဥယျာဉ်၌ ထားတော်မူပြီး နန်းတွင်းစားတော်အုပ်ကို နေ့စဉ်ပို့စေသည်။ ဒေါက်တာရှောလူးသည် ရက်ပေါင်း ၂၀ ခန့် စည်းစိမ်ချမ်းသာ ခံစား၍ နေခဲ့သည်။ ထို့နောက် မင်းတုန်းမင်းကြီးအား သူ့ကို ဤသို့ ချီးမြှောက်သည်ကို ဝမ်းသာ ကျေးဇူးတင်ကြောင်း၊ သို့သော် သူသည် စည်းစိမ်ခံ၍ မနေလို၊ သူသင်ယူလာသော ပညာများကို အသုံးပြုလျက် ဆရာဝန်နှင့် ကျောင်းဆရာ အလုပ်ကို လုပ်လိုကြောင်း လျှောက်ထားသည်။ မင်းတုန်းမင်ကြီးကလည်း ကြည်သာစွာ ခွင့်ပေးသည်။ သူ့ကို လက်ဆောင်များပေးကာ အောက်မြန်မာနိုင်ငံသို့ ပြန်လွှတ်လိုက်လေသည်။
ဒေါက်တာ ရှောလူးသည် ရန်ကုန်သို့ ရောက်သောအခါ အလုပ်လုပ်ရန် ကြိုးပမ်းသည်။ သို့သော် အင်္ဂလိပ်အစိုးရက သူတို့ထံတွင် အလုပ်လုပ်ခွင့် မပေးပေ။ မင်းတုန်းမင်ကြီး၏ အမြှောက်စားခြင်းကို ခံခဲ့ရသူ ဖြစ်သဖြင့် မယုံကြည်ဟုဆိုကာ အလုပ်မပေးခြင်း ဖြစ်သည်။

သို့ဖြင့် ဒေါက်တာ ရှောလူးသည် မော်လမြိုင်မြို့သို့ ပြန်ကာ မုတ္တမတွင် ကိုယ်ပိုင်ကျောင်း ဖွင့်လျက် ကျောင်းသား ၃ဝကို စာသင်ပေးသည်။ ထိုနောက် ၆ လ အကြာတွင် မော်လမြိုင် အေဘီအမ် ကျောင်း၌ ဆရာဝင်လုပ်သည်။ ၁၀နှစ်ကြာသည်။ ထို့နောက် ကျေးဇူးရှင် ဆရာမကြီး မာရီယာအင်ဂေါကို ကျေးဇူးဆပ်သော အနေဖြင့် သုံးဆယ်မြို့ရှိ ဆရာမကြီးကျောင်းတွင် ၃ နှစ်တိတိ ဆရာဝင်လုပ်ပေးလေသည်။ ထိုနောက် ရန်ကုန် အစိုးရကျောင်း၌ တစ်နှစ် ဆရာဝင်လုပ်ပေးသည်။ အာဏာပိုင်တို့က သူ၏ အရည်အချင်းကို လည်းကောင်း၊ သူ၏ စေတနာကိုလည်းကောင်း သိရှိကြသဖြင့် သူ့ကို ပညာရေးဘက်တွင် အမှုထမ်းရန် ရာထူးကြီး ပေးသည်။ ဒေါက်တာရှောလူးသည် လက်မခံခဲ့။ ကျောင်းဆရာအလုပ်ကို ကျေနပ်အောင် လုပ်ပြီးပြီ ဖြစ်၍ ဆရာဝန်အလုပ်ကိုသာ လုပ်ကိုင်ချင်နေသည်။ ဆေးဘက်တွင်ကား အင်္ဂလိပ်အစိုးရက နေရာမပေးပေ။ ဆေးဘက်၌ လစ်လပ်သော နေရာမရှိ ဟု ဆိုထားသဖြင့် မရခဲ့။ ထို့ကြောင့် သူသည် မော်လမြိုင်သို့ ပြန်ကာ အမေရိကန် သာသနာပြု ဆရာဝန်မကြီး ဒေါက်တာ အယ်လင်မစ်ချယ် ထံတွင် အကူဆရာဝန် အဖြစ် ဝင်ရောက်လုပ်ကိုင်သည်။ ၁၀ နှစ် လုပ်ကိုင်ပြီးသောအခါ ကိုယ်ပိုင်ဆေးခန်းဖွင့်ကာ ဆေးကုသည်။ တစ်ဖက်ကလည်း မော်လမြိုင် အစိုးရကျောင်းနှင့် နော်မယ်ကျောင်း အုပ်ချုပ်ရေးအဖွဲ့တွင် ပါဝင်ကာ ပညာရေး လုပ်ငန်းများကို ဆောင်ရွက်ပေးလေသည်။

ဒေါက်တာရှောလူးသည် အိမ်ထောင်နှစ်ဆက် ကျဖူးသည်။ ရန်ကုန်အစိုးရကျောင်း၌ ဆရာလုပ်နေစဉ် အင်္ဂလိပ်စစ်ဗိုလ် ကပ္ပတိန် တစ်ဦး၏ သမီး မစ္စလူစီပရဲယားနှင့် ၁၈၆၉-ခုနှစ်ခန့်တွင် အိမ်ထောင်ပြုခဲ့သည်။ သားသမီး ၇ယောက် ရသည်။ အငယ်ဆုံး သတ္တမမြောက် ကလေးငယ်ကို မီးဖွားစဉ် ဇနီးသည် ကွယ်လွန်သွားရှာသည်။ ထို့ကြောင့် ၂ နှစ်အကြာတွင် ဒေါ်ရွှေနှင့် ဒုတိယ အိမ်ထောင်ပြုသည်။ သားသမီး ၃ ယောက် ရရှိသည်။ သူသည် ပညာကို ကြိုးစားသင်ယူသည့် နည်းတူ အလုပ်ကိုလည်း ကြိုးစားလုပ်ကိုင်သူ ဖြစ်သည်။ ကျန်းမာရေးလည်း အထူးကောင်းမွန်သည်။ ၇၄ နှစ်အရွယ်အထိ သန်တုန်း မြန်တုန်းပင် ဖြစ်ခဲ့သည်။

တစ်နေ့ နံနက်တွင် ဇနီး၊ သားသမီးများအား လိုက်လံနှိုးကာ အောက်ထပ်သို့ ဆင်းလာကြရန် မှာကြားသည်။ ထိုနောက် သူက ဦးစွာဆင်းသွားပြီး ကွပ်ပျစ်ထက်၌ လဲလျောင်းနေလိုက်သည်။ မိသားစုက ဒေါက်တာရှောလူး၏ ထူးခြားသော အပြုအမူကြောင့် အောက်ထပ်သို့ ဆင်းလာကြရာ ကွပ်ပျစ်ထက်၌ ကွယ်လွန်သွားပြီး ဖြစ်သော ဒေါက်တာရှောလူးကို တွေ့ရလေသည်။ ဒေါက်တာရှောလူးမှာ သူလက်ထပ်စဉ်က ဝတ်ဆင်ခဲ့သော အနောက်တိုင်း ဝတ်စုံကို ဆင်မြန်းထားသည်ကို ထူးခြားစွာ တွေ့ခဲ့ရလေသည်ဟူ၏။ ၁၉၂၉ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်နေ့တွင် ကွယ်လွန်သွားခဲ့သော ဒေါက်တာရှောလူး၏ ဈာပနာမှာ စည်းကားလှသည်။ ခရစ်ယာန် ဘုန်းတော်ကြီးများသာမက မြန်မာ ဘုန်းတော်ကြီးများပါ တက်ရောက်ခဲ့ကြကြောင်း မှတ်တမ်းများက ဆိုသည်။ ဒေါက်တာ ရှောလူးအား ဂူသွင်း သဂြိုလ်ကြပြီး အုတ်ဂူထက်တွင်
In Sacred Memory of Dr.Shaw Loo
Die 10-10-1929
Age 91 years
“All the way Saviour Leads me”
ဟု ရေးထိုးထားပေးပါသည်။
သူ ကွယ်လွန်သော်လည်း သူ၏ အမည်ကား မသေ။ သူ့ဇွဲ၊ သူ့သတ္တိကား မကွယ်၊။ သူ့လုပ်ငန်းကား မမှိန်။ ယနေ့ မြန်မာ ဆရာဝန်များ၏ ဖခင်ကြီးအဖြစ်လည်းကောင်း၊ မြန်မာနိုင်ငံသားများထဲမှ အနောက်တိုင်း ခေတ်မှီ ဆေးပညာကို မြန်မာနိုင်ငံ၌ အဦးဆုံး မျိုးစေ့ချခဲ့သူ အဖြစ်လည်းကောင်း၊ မြန်မာနိုင်ငံ မွန်လူမျိုးတို့၏ ဂုဏ်ကို ဆောင်ခဲ့သူအဖြစ်လည်းကောင်း ဒေါက်တာ ရှောလူးသည် ထင်ရှားဆဲပင် ဖြစ်သည်။ ဒေါက်တာရှောလူ၏ ပထမ အိမ်ထောင်ဆက်မှ သမီးများမှာ ဥရောပတိုက်သားများနှင့် အိမ်ထောင်ကျခဲ့ကြပြီး ရန်ကုန်မြို့၌ ကွယ်လွန်ခဲ့ကြသည်။ ဒုတိယ ဇနီးဒေါ်ရွှေမှာ ထားဝယ်သူ ဖြစ်ပြီး သမီးကြီး ဒေါ်တင်တင် (အင်မလီးရှောလူး-မော်တလိန်းကျောင်းဆရာမ)၊ သား သောမတ်ရှောခူး (မီးရထား ဆရာဝန်) နှင့် သမီးငယ် အဲလစ်ဇတ်ရှောလူး (စိန့်မတ်သရူး ကျောင်းဆရာမကြီး)တို့ကို ဖွားမြင့်ခဲ့ပါသည်။ ဒေါက်တာရှောလူး၏ သမီးကြီး ဒေါ်တင်တင်မှ မွေးဖွားသူ ဒေါ်မေစီမှာ အဖိုးဖြစ်သူ ဒေါက်တာရှောလူးအကြောင်းကို ကောင်းမွန်စွာပြောပြနိုင်ပြီး အသက် ၈၂ နှစ် အရွယ်ထိ ကျန်းမာရေး ကောင်းမွန်နေကြောင်း သိရှိရသည်။ မည်သို့ပင် ဖြစ်စေကာမူ ကျွန်ုပ်တို့ မြန်မာနိုင်ငံသားများထဲ၌ အနောက်တိုင်း ဆေးပညာတတ် ဆရာဝန် သည် ၁၉ ရာစုကပင် ပေါ်ပေါက်ခဲ့သည်မှာ ဂုဏ်ယူစရာပင် ဖြစ်လေသည်။

ဒေါက်တာရှောလူးသည် ၁၈၇၈-ခုနှစ် ဖေဖေါ်ဝါရီလတွင် (ပိန်ကီလာ) Painkiller အမည်ရှိ ဆေးကျမ်းငယ် တစ်စောင်ကို ပြုစုပြီး မော်လမြိုင်ရှိ မော်လမြိုင်အဆွေ ပုံနှိပ်တိုက်မှ ဦးနီက ပုံနှိပ်ဖြန့်ချီခဲ့သည်။ နာခြင်းဝေဒနာကို သက်သာစေသောဆေး အသုံးပြုနည်း အညွှန်းစာအုပ် ဖြစ်သည်။ မော်လမြိုင်နယ်တစ်ခွင်တွင် အားကိုးအားထား ပြုနေရသော ဆေးဆရာကြီး (ဟကြာနွတ်) ဟူ၍ ကျော်ကြားခဲ့သည်။ ဒေါက်တာရှောလူးသည် မြဝတီမြို့စား၏ မြစ်တော်သည်ဟုလည်း မှတ်တမ်းတစ်ခုက ဆိုပေသည်။ ဒေါက်တာရှောလူးသည် အသက် ၇၄-နှစ်တိုင်အောင် ကျန်းမာသန်စွမ်းလျက် ဘာကနဲ တက္ကသိုလ်နှင့် စာချင်းဆက်သွယ်နေတုန်းပင် ဖြစ်သည်။

ကိုးကား
၂ဝဝ၈-ခုနှစ်၊ဒီဇင်ဘာလ (၂၄)ရက်နေ့ထုန် Weekly Eleven ဂျာနယ်မှ ဆရာတင်နိုင်တိုးရေးသားသော ဆောင်းပါးအား အခြေခံထားသည်။
ဆရာ မင်းယုဝေ ရေးသားသော ပထမ မြန်မာများ
စာပေဗိမာန်ထုတ် အောင်မင်းမြတ်၏ ကွယ်လွန်ထင်ရှား ဆရာ ၁၀၀၏ အားမာန်များ စာအုပ်မှ ၂၀၀၉-ခုနှစ်
Myanmar Wikipedia

Leave a Reply