မ်က္စိပါ၀ါဘယ္လုိခ်မလဲ (သုိ႔) မ်က္စိအားေကာင္းေအာင္ အလြယ္ဆုံးလုပ္နည္း

Posted on

ယေနေခတ္မွာ အီလက္ထေရာနစ္ပစၥည္းေတြ အရမ္းေပါမ်ားလာတဲ့အတြက္ မ်က္မွန္တပ္ရသူေတြ ပုိမုိမ်ားလာေနပါၿပီ။ အရင္ကဆုိ မ်က္မွန္တပ္တဲ့သူေတြဟာ ရွားေပမယ့္ အခုေတာ့ အရမ္းမ်ားလာေနပါၿပီ။ မူလဗီဇအရ အျမင္အာရုံနည္းသူဟာ အနည္းငယ္သာရွိၿပီး အမ်ားစုကေတာ့ ဖုန္း ၊ တီဗီ နဲ႔ ကြန္ပ်ဴတာ စတာေတြရဲ႕ screen ကုိ အခ်ိန္ၾကာျမင့္စြာ ၾကည့္ျခင္းေၾကာင့္ ျဖစ္ပါတယ္။ ယေန႔လူငယ္အမ်ားစုဟာ ဒီလုိအနီးကပ္ၾကည့္ျခင္းအတြက္ အေ၀းမႈန္ေတြျဖစ္ေနၾကပါတယ္။

ဒီေတာ့ အျမင္အာရုံတုိးတက္လာေအာင္ မ်က္စိပါ၀ါကုိ ဘယ္လုိခ်မလဲ။ အလြယ္ဆုံးနည္းကေတာ့ ေလဆာနဲ႔ ပါ၀ါေဖ်ာက္တာပါ။ ဒါေပမယ့္ဒီနည္းလမ္းဟာ အကုန္အက်မ်ားၿပီး လူတုိင္းနဲ႔လည္းအဆင္မေျပႏုိင္သလုိ အက်င့္မျပင္ရင္ မ်က္စိပါ၀ါက အရင္အတုိင္းပဲ တုိးလာဦးမွာပါ။ မ်က္စိပါ၀ါက်ေစတယ္ဆုိတဲ့ ေဆး၀ါးအမ်ားအျပားရွိေပမယ့္ ဒါေတြကလည္း အက်င့္မျပင္လုိ႔ကေတာ့ အသုံး၀င္မွာ မဟုတ္ပါဘူး ။ အဲဒီေတာ့ သဘာ၀ နည္းနဲ႔ ေဖ်ာက္ႏုိင္ရင္ အဆင္အေျပဆုံးပါ။ နည္းလမ္းေတြကေတာ့ မလြယ္ေပမယ့္ ခက္လည္းမခက္လွပါဘူး။ ကိုယ့္စိတ္ကုိ ကုိယ္ႏုိင္မယ္ဆုိရင္ေပါ့ေလ။ မ်က္စိအျမင္အာရုံကို ေကာင္းလာေစဖုိ႔ ၊ ပါ၀ါက်ေစဖုိ႔ အတြက္လုပ္သင့္တဲ့ အရာေတြကေတာ့-
၁။ ဖုန္း ၊ တီဗီ ၊ ကြန္ပ်ဴတာ ၾကည့္တာကိုနည္းႏုိင္သမွ် နည္းေစျခင္း ၊
၂။ မ်က္စိအားေကာင္းေစမယ့္ အစားအစာေတြကို ၊ ေဆး၀ါးေတြကုိ စားေပးျခင္း နဲ႔
၃။ မ်က္စိေလ့က်င့္ခန္းပုံမွန္လုပ္ေပးျခင္း တုိ႔ျဖစ္ပါတယ္။ ဒါေတြကုိပုံမွန္လုပ္ေပးျခင္းအားျဖင့္ ရက္ပုိင္းအတြင္း မသိသာေပမယ့္ လပိုင္းၾကာတဲ့အခါ သိသာလာေစမွာပါ။ မပ်င္းဖုိ႔ေတာ့ လုိတာေပါ့ေနာ္ 🙂

၁။ ဖုန္း ၊ တီဗီ ၊ ကြန္ပ်ဴတာ ၾကည့္တာကိုနည္းႏုိင္သမွ် နည္းေစျခင္း

ယေန႔ ကြ်န္ေတာ္တုိ႔ လူတုိင္းလုိလုိရဲ႕ ေန႔စဥ္အခ်ိန္ကို အမ်ားဆုံးယူေနတာဟာ ဖုန္းလုိ႔ေျပာလုိ႔ရပါတယ္။ ဖုန္း screen ကုိၾကည့္ပါမ်ားေလ မ်က္စိ screen ကို ထိခုိက္ေလေလပါ။ အဲဒီေတာ့ ကုိယ့္အတြက္ေထြေထြထူးထူး အလုပ္မရွိရင္ တတ္ႏုိင္သမွ် ဖုန္းသုံးျခင္းကုိေလွ်ာ့ခ်ပစ္ပါ။ တစ္ေန႔ကုိ ဘယ္ႏွခါ မိနစ္ဘယ္ေလာက္စီပဲ ၾကည့္မယ္လုိ႔ စိတ္ပုိင္းျဖတ္ၿပီးေလွ်ာ့ခ်ပစ္ပါ။ တကယ္လုိ႔ အလုပ္ေၾကာင့္ မၾကည့္မေနရ ၾကည့္ေနတဲ့ အုိင္တီသမားေတြလည္း ရွိမွာပါ။ သူတုိ႔ကေတာ့ မ်က္စိစူးစုိက္မႈကုိေျပေလွ်ာ့ေစမယ့္ ၂၀နည္းလမ္းကို သုံးသင့္ပါတယ္။ ၂၀ နည္းလမ္းဆုိတာကေတာ့ တခုခုကို စူးစုိက္ၾကည့္ခ်ိန္ ၂၀မိနစ္ၾကာရင္ ေပ၂၀က အကြာအေ၀းကုိ စကၠန္႔ ၂၀ ခန္႔စူးစုိက္ၾကည့္ေပးရတာျဖစ္ပါတယ္။ ၾကည့္တဲ့အရာက သစ္ပင္တုိ႔လုိ စိမ္းစိမ္းစုိစုိေလးေတြဆုိရင္ မ်က္စိအတြက္ ပုိေကာင္းပါတယ္။

၂။ မ်က္စိအားေကာင္းေစမယ့္ အစားအစာ ၊ ေဆး၀ါးေတြကုိစားေပးျခင္း

န္းမာေသာ မ်က္လံုးရိွေရး အတြက္ က်န္းမာေအာင္ စားတတ္ဖို႔ လည္းလုိပါတယ္။ ဗီတာမင္ဓာတ္၊ သံဓာတ္ ၾကြယ္၀ေသာ ဟင္းသီးဟင္းရြက္ အသားငါးမ်ားဟာ ဇရာေၾကာင့္ မ်က္စိအျမင္ ေ၀၀ါးလာျခင္းမိ်ဳးကိုပါ ေနွးေကြး သြားေစသည္။ အိုမိဂါ-၃ ဓာတ္က မ်က္ရည္ ခမ္းေျခာက္ျခင္းကို ကာကြယ္ေပးျပီး အသက္ ၾကီးလာသည္ အထိ မ်က္စိကို က်န္းမာ အားေကာင္းေနေအာင္ ကူေပးနိုင္ပါတယ္။ အဆီမ်ားေသာ ငါးမ်ားသည္ အိုမီဂါ-၃ ဓာတ္ ေပါၾကြယ္၀စြာ ေပးနိုင္ၿပီး ခိ်စ္၊ နို႔နွင့္ ၾကက္ဥ ဘဲဥမ်ားတြင္ ပါေသာ သြပ္ဓာတ္သည္လည္း မ်က္စိအျမင္ ၾကည္လင္ေအာင္ အားေပးနိုင္ပါတယ္။ စိမ္းစားဥတုိ႔ ၊ မုန္လာဥနီတုိ႔ကလည္း မ်က္စိကို အားေကာင္းေစတဲ့ အစားအစာေတြျဖစ္ပါတယ္။ မ်က္စိအားေကာင္္းေစမယ့္ တရား၀င္ေဆး၀ါး(Icare တုိ႔လုိ) ေတြကိုသုံးစြဲတာ မ်က္စိအလြန္သုံးရသူမ်ား မ်က္စိေအးေစဖုိ႔ မ်က္စဥ္းခတ္ေပးတာေတြကုိလည္း ျပဳလုပ္ေပးသင့္ပါတယ္။

၃။ မ်က္စိေလ့က်င့္ခန္း ပုံမွန္လုပ္ျခင္း

ဒီေနရာမွာ တစ္ခုေျပာခ်င္ပါတယ္။ အဲဒါကေတာ့ မနက္အိပ္ယာႏုိးတဲ့အခါ လုပ္ရမွာျဖစ္ပါတယ္။ ကြ်န္ေတာ္တုိ႔အမ်ားစုဟာ အိပ္ယာထတဲ့အခါ မ်က္ႏွာစသစ္ေလ့ရွိပါတယ္။ ဒါဟာအလြန္မွားပါတယ္။ မ်က္ႏွာကိုေရနဲ႔စထိတဲ့အတြက္ ကုိယ္ခႏၶာက ရွိသမွ်အပူေတြဟာ မ်က္စိေနရာကို ကန္တက္လာႏုိင္တဲ့အတြက္ေၾကာင့္ျဖစ္ပါတယ္။ ဒါေၾကာင့္ မနက္အိပ္ယာထတဲ့အခါ ေရကို ဒူးေခါင္းကေန ၃ခြက္အရင္ေလာင္းေပးပါ။ ၿပီးတဲ့အခါ ေရကုိငုံၿပီးမွ မ်က္ႏွာသစ္တာေတြ ေရခ်ဳိးတာေတြကို လုပ္ေပးပါ။ အခ်ိန္နည္းနည္းၾကာလုိ႔ ငုံထားတဲ့ေရကို ေထြးလုိက္တဲ့အခါ ပူေနတာကို ေတြ႔ရပါလိမ့္မယ္။ မ်က္စိအတြက္ ေလ့က်င့္ခန္းလုပ္ျခင္းဟာ အလြန္အေရးပါတဲ့ အလုပ္တစ္ခုျဖစ္ပါတယ္။ ငါးမိနစ္ေတာင္ မၾကာျမင့္တဲ့အတြက္ လုပ္ဖုိ႔မပ်င္းပါနဲ႔။ လြယ္လြယ္ကူကူနည္းလမ္းေလးေတြျဖစ္ၿပီး တစ္ေန႔ကို မနက္ ေန႔လည္ ညေန ၃ခါေလာက္ လုပ္ေပးရုံနဲ႔ မ်က္စိကုိ အေထာက္အကူူျပဳတာကို ေတြ႔ရပါလိမ့္မယ္။ ေလ့က်င့္ခန္းဗီဒီယုိကိုေတာ့ ေအာက္မွာၾကည့္ႏုိင္ပါတယ္။ လုပ္ပါမ်ားရင္ အလြတ္ရသြားပါလိမ့္မယ္။ ဒီနည္းလမ္း ၃ခုကို ပုံမွန္လုပ္ေပးႏုိင္ရင္ မ်က္စိအားေကာင္းလာတာ ၊ မ်က္စိနဲ႔ပတ္သတ္တဲ့ အာရုံေၾကာ ၊ ဇက္ေၾကာတက္တာေတြသက္သာေစတာ ၊ မ်က္စိပါ၀ါက်တာ စတဲ့အက်ဳိးေတြကို ပုိင္ဆုိင္ေစလိမ့္ပါမယ္။ ၾကည္လင္အားေကာင္းတဲ့ မ်က္စိမ်ားကို ပုိင္ဆုိင္ႏုိင္ၾကပါေစဗ်ာ။

VIDEO –


မျက်စိပါဝါဘယ်လိုချမလဲ (သို့) မျက်စိအားကောင်းအောင် အလွယ်ဆုံးလုပ်နည်း (unicode)

ယနေခေတ်မှာ အီလက်ထရောနစ်ပစ္စည်းတွေ အရမ်းပေါများလာတဲ့အတွက် မျက်မှန်တပ်ရသူတွေ ပိုမိုများလာနေပါပြီ။ အရင်ကဆို မျက်မှန်တပ်တဲ့သူတွေဟာ ရှားပေမယ့် အခုတော့ အရမ်းများလာနေပါပြီ။ မူလဗီဇအရ အမြင်အာရုံနည်းသူဟာ အနည်းငယ်သာရှိပြီး အများစုကတော့ ဖုန်း ၊ တီဗီ နဲ့ ကွန်ပျူတာ စတာတွေရဲ့ screen ကို အချိန်ကြာမြင့်စွာ ကြည့်ခြင်းကြောင့် ဖြစ်ပါတယ်။ ယနေ့လူငယ်အများစုဟာ ဒီလိုအနီးကပ်ကြည့်ခြင်းအတွက် အဝေးမှုန်တွေဖြစ်နေကြပါတယ်။

ဒီတော့ အမြင်အာရုံတိုးတက်လာအောင် မျက်စိပါဝါကို ဘယ်လိုချမလဲ။ အလွယ်ဆုံးနည်းကတော့ လေဆာနဲ့ ပါဝါဖျောက်တာပါ။ ဒါပေမယ့်ဒီနည်းလမ်းဟာ အကုန်အကျများပြီး လူတိုင်းနဲ့လည်းအဆင်မပြေနိုင်သလို အကျင့်မပြင်ရင် မျက်စိပါဝါက အရင်အတိုင်းပဲ တိုးလာဦးမှာပါ။ မျက်စိပါဝါကျစေတယ်ဆိုတဲ့ ဆေးဝါးအများအပြားရှိပေမယ့် ဒါတွေကလည်း အကျင့်မပြင်လို့ကတော့ အသုံးဝင်မှာ မဟုတ်ပါဘူး ။ အဲဒီတော့ သဘာ၀ နည်းနဲ့ ဖျောက်နိုင်ရင် အဆင်အပြေဆုံးပါ။ နည်းလမ်းတွေကတော့ မလွယ်ပေမယ့် ခက်လည်းမခက်လှပါဘူး။ ကိုယ့်စိတ်ကို ကိုယ်နိုင်မယ်ဆိုရင်ပေါ့လေ။ မျက်စိအမြင်အာရုံကို ကောင်းလာစေဖို့ ၊ ပါဝါကျစေဖို့ အတွက်လုပ်သင့်တဲ့ အရာ

တွေကတော့-
၁။ ဖုန်း ၊ တီဗီ ၊ ကွန်ပျူတာ ကြည့်တာကိုနည်းနိုင်သမျှ နည်းစေခြင်း ၊
၂။ မျက်စိအားကောင်းစေမယ့် အစားအစာတွေကို ၊ ဆေးဝါးတွေကို စားပေးခြင်း နဲ့
၃။ မျက်စိလေ့ကျင့်ခန်းပုံမှန်လုပ်ပေးခြင်း တို့ဖြစ်ပါတယ်။ ဒါတွေကိုပုံမှန်လုပ်ပေးခြင်းအားဖြင့် ရက်ပိုင်းအတွင်း မသိသာပေမယ့် လပိုင်းကြာတဲ့အခါ သိသာလာစေမှာပါ။ မပျင်းဖို့တော့ လိုတာပေါ့နော် 🙂

၁။ ဖုန်း ၊ တီဗီ ၊ ကွန်ပျူတာ ကြည့်တာကိုနည်းနိုင်သမျှ နည်းစေခြင်း
ယနေ့ ကျွန်တော်တို့ လူတိုင်းလိုလိုရဲ့ နေ့စဉ်အချိန်ကို အများဆုံးယူနေတာဟာ ဖုန်းလို့ပြောလို့ရပါတယ်။ ဖုန်း screen ကိုကြည့်ပါများလေ မျက်စိ screen ကို ထိခိုက်လေလေပါ။ အဲဒီတော့ ကိုယ့်အတွက်ထွေထွေထူးထူး အလုပ်မရှိရင် တတ်နိုင်သမျှ ဖုန်းသုံးခြင်းကိုလျှော့ချပစ်ပါ။ တစ်နေ့ကို ဘယ်နှခါ မိနစ်ဘယ်လောက်စီပဲ ကြည့်မယ်လို့ စိတ်ပိုင်းဖြတ်ပြီးလျှော့ချပစ်ပါ။ တကယ်လို့ အလုပ်ကြောင့် မကြည့်မနေရ ကြည့်နေတဲ့ အိုင်တီသမားတွေလည်း ရှိမှာပါ။ သူတို့ကတော့ မျက်စိစူးစိုက်မှုကိုပြေလျှော့စေမယ့် ၂ဝနည်းလမ်းကို သုံးသင့်ပါတယ်။ ၂၀ နည်းလမ်းဆိုတာကတော့ တခုခုကို စူးစိုက်ကြည့်ချိန် ၂ဝမိနစ်ကြာရင် ပေ၂ဝက အကွာအဝေးကို စက္ကန့် ၂၀ ခန့်စူးစိုက်ကြည့်ပေးရတာဖြစ်ပါတယ်။ ကြည့်တဲ့အရာက သစ်ပင်တို့လို စိမ်းစိမ်းစိုစိုလေးတွေဆိုရင် မျက်စိအတွက် ပိုကောင်းပါတယ်။

၂။ မျက်စိအားကောင်းစေမယ့် အစားအစာ ၊ ဆေးဝါးတွေကိုစားပေးခြင်း
န်းမာသော မျက်လုံးရှိရေး အတွက် ကျန်းမာအောင် စားတတ်ဖို့ လည်းလိုပါတယ်။ ဗီတာမင်ဓာတ်၊ သံဓာတ် ကြွယ်၀သော ဟင်းသီးဟင်းရွက် အသားငါးများဟာ ဇရာကြောင့် မျက်စိအမြင် ဝေဝါးလာခြင်းမျိုးကိုပါ နှေးကွေး သွားစေသည်။ အိုမိဂါ-၃ ဓာတ်က မျက်ရည် ခမ်းခြောက်ခြင်းကို ကာကွယ်ပေးပြီး အသက် ကြီးလာသည် အထိ မျက်စိကို ကျန်းမာ အားကောင်းနေအောင် ကူပေးနိုင်ပါတယ်။ အဆီများသော ငါးများသည် အိုမီဂါ-၃ ဓာတ် ပေါကြွယ်ဝစွာ ပေးနိုင်ပြီး ချိစ်၊ နို့နှင့် ကြက်ဥ ဘဲဥများတွင် ပါသော သွပ်ဓာတ်သည်လည်း မျက်စိအမြင် ကြည်လင်အောင် အားပေးနိုင်ပါတယ်။ စိမ်းစားဥတို့ ၊ မုန်လာဥနီတို့ကလည်း မျက်စိကို အားကောင်းစေတဲ့ အစားအစာတွေဖြစ်ပါတယ်။ မျက်စိအားကောင်းစေမယ့် တရားဝင်ဆေးဝါး(Icare တို့လို) တွေကိုသုံးစွဲတာ မျက်စိအလွန်သုံးရသူများ မျက်စိအေးစေဖို့ မျက်စဉ်းခတ်ပေးတာတွေကိုလည်း ပြုလုပ်ပေးသင့်ပါတယ်။

၃။ မျက်စိလေ့ကျင့်ခန်း ပုံမှန်လုပ်ခြင်း
ဒီနေရာမှာ တစ်ခုပြောချင်ပါတယ်။ အဲဒါကတော့ မနက်အိပ်ယာနိုးတဲ့အခါ လုပ်ရမှာဖြစ်ပါတယ်။ ကျွန်တော်တို့အများစုဟာ အိပ်ယာထတဲ့အခါ မျက်နှာစသစ်လေ့ရှိပါတယ်။ ဒါဟာအလွန်မှားပါတယ်။ မျက်နှာကိုရေနဲ့စထိတဲ့အတွက် ကိုယ်ခန္ဓာက ရှိသမျှအပူတွေဟာ မျက်စိနေရာကို ကန်တက်လာနိုင်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ ဒါကြောင့် မနက်အိပ်ယာထတဲ့အခါ ရေကို ဒူးခေါင်းကနေ ၃ခွက်အရင်လောင်းပေးပါ။ ပြီးတဲ့အခါ ရေကိုငုံပြီးမှ မျက်နှာသစ်တာတွေ ရေချိုးတာတွေကို လုပ်ပေးပါ။ အချိန်နည်းနည်းကြာလို့ ငုံထားတဲ့ရေကို ထွေးလိုက်တဲ့အခါ ပူနေတာကို တွေ့ရပါလိမ့်မယ်။ မျက်စိအတွက် လေ့ကျင့်ခန်းလုပ်ခြင်းဟာ အလွန်အရေးပါတဲ့ အလုပ်တစ်ခုျဖစ်ပါတယ်။ ငါးမိနစ်တောင် မကြာမြင့်တဲ့အတွက် လုပ်ဖို့မပျင်းပါနဲ့။ လွယ်လွယ်ကူကူနည်းလမ်းလေးတွေဖြစ်ပြီး တစ်နေ့ကို မနက် နေ့လည် ညနေ ၃ခါလောက် လုပ်ပေးရုံနဲ့ မျက်စိကို အထောက်အကူပြုတာကို တွေ့ရပါလိမ့်မယ်။ လေ့ကျင့်ခန်းဗီဒီယိုကိုတော့ အောက်မှာကြည့်နိုင်ပါတယ်။ လုပ်ပါများရင် အလွတ်ရသွားပါလိမ့်မယ်။ ဒီနည်းလမ်း ၃ခုကို ပုံမှန်လုပ်ပေးနိုင်ရင် မျက်စိအားကောင်းလာတာ ၊ မျက်စိနဲ့ပတ်သတ်တဲ့ အာရုံကြော ၊ ဇက်ကြောတက်တာတွေသက်သာစေတာ ၊ မျက်စိပါဝါကျတာ စတဲ့အကျိုးတွေကို ပိုင်ဆိုင်စေလိမ့်ပါမယ်။ ကြည်လင်အားကောင်းတဲ့ မျက်စိများကို ပိုင်ဆိုင်နိုင်ကြပါစေဗျာ။

 

Leave a Reply