ပထမဆုံး ကာယဗလေမာင္ (သုိ႔) ေဝၚလတာခ်စ္ထြန္း

Posted on

ကိုယ္လုံးကိုယ္ေပါက္ ေတာင့္တင္းလွပေအာင္ ကာယဗလလိုက္စား ေလ့က်င့္သည့္ဖက္၌ ျမန္မာႏိုင္ငံတြင္ ေရွးဦးစြာ ထင္ရွားေက်ာ္ၾကားေသာ ပုဂၢိဳလ္မွာ ေဝၚလတာခ်စ္ထြန္းပင္ ျဖစ္သည္။ ကာယဗလ ေလ့က်င့္ေသာ ပုဂၢိဳလ္မ်ားမွာ ေရွးကျမန္မာႏိုင္ငံတြင္ နည္းပါးလွသည္။ ေဝၚလတာခ်စ္ထြန္းမွာ ဤသို႔ေလ့က်င့္ျခင္းျဖင့္ ကိုယ္ကာယအေနအထား လွပေသာေၾကာင့္ အထူးထင္ရွားခဲ့သည္။

ေဝၚလတာခ်စ္ထြန္းကို ၁၈၉၈ ခုႏွစ္ ေအာက္တိုဘာလ ၁၄ ရက္ေန႔တြင္ ေမာ္လၿမိဳင္ၿမိဳ႕၌ အဖဆရာဝန္ႀကီး ဦးခ်စ္ထြန္းႏွင့္ အမိေဒၚသိန္းေငြတို႔မွ ဖြားျမင္စည္။ မြန္အမ်ိဳးသားျဖစ္၍ ခရစ္ယာန္အယူဝါဒကို ကိုးကြယ္ကာ အမည္ကိုလည္း ေဝၚလတာခ်စ္ထြန္းဟု ဖခင္အမည္ကို လိုက္၍ ေခၚတြင္ခဲ့သည္။ ငယ္စဥ္က ရန္ကုန္ စိန္႔ေပါေက်ာင္းႏွင့္ ရန္ကုန္တကၠသိုလ္၊ ကာလကတၱားမ်ားတြင္ ပညာသင္ၾကားၿပီးေနာက္ ေဆးပညာကို ကာလကတၱားတြင္ သင္ယူတတ္ေျမာက္ခဲ့သည္။ စိတ္ႏွင့္ဆိုင္ေသာ ေရာဂါမ်ားကို အထူးကုသႏိုင္၍ ရန္ကုန္ၿမိဳ႕ တံတားကေလး စိတၱဇေဆး႐ုံ၌ ဆရာဝန္အျဖစ္ႏွင့္ အမႈထမ္းခဲ့သည္။

ေဝၚလတာခ်စ္ထြန္းသည္ ၈ ႏွစ္အ႐ြယ္ေက်ာင္းေနစဥ္ကပင္ ကိုယ္ကာယလွပေရးအတြက္ လိုက္စားေလ့က်င့္ခဲ့၍ အေလးမျခင္းကိုလည္း ႏွစ္သက္ဝါသနာပါသည္။ ရင္ပတ္ႀကီးထြားေစေသာ လက္ဆြဲစပရင္မ်ားျဖင့္ စတင္ေလ့က်င့္ခဲ့၍ ၁၆ႏွစ္ အ႐ြယ္သို႔ ေရာက္ေသာအခါ အေလးမျခင္းကို စတင္ေလ့က်င့္သည္။ ေဝၚလတာခ်စ္ထြန္းမွာ ေက်ာင္းသားဘဝ တစ္ေလၽွာက္လုံး အိႏၵိယႏိုင္ငံ ဘဂၤလားနယ္၌ ေနထိုင္ရသျဖင့္ ျမန္မာႏိုင္ငံမွာ ထက္ပင္ ဘဂၤလားနယ္၌ ထင္ရွား၍ လူသိမ်ားသည္။ အသက္ ၂ဝ ႏွင့္ ၃ဝ ၾကားတြင္ အလြန္ အင္အားသန္စြမ္း၍ က်န္းမာ ေရးႏွင့္ အေလးမၿပိဳင္ပြဲ၊ ကိုယ္ကာယအလွၿပိဳင္ပြဲမ်ားကိုလည္း ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့သည္။

ကိုယ္ကာယလွပသျဖင့္ ျမန္မာ႐ုပ္ရွင္မ်ား ေခတ္စားစ အခါက ‘ပန္းပဲေမာင္တင့္တယ္’ဇာတ္ကားတြင္ ေမာင္တင့္တယ္ အျဖစ္ ပါဝင္႐ိုက္ကူးခဲ့ရသည္။ ျမန္မာလူမ်ိဳးထဲမွ ကာယဗလ ေတာင့္တင္းသန္မာေရးကို စတင္မ်က္စိဖြင့္ေပးခဲ့သူ ေက်းဇူးရွင္ ပုဂၢိဳလ္တစ္ဦး ျဖစ္ေပသည္။ ၁၉၄၇ ခုႏွစ္ ႏိုဝင္ဘာလ ၁၉ ရက္ေန႔တြင္ ေမာ္ေတာ္ ဆိုင္ကယ္ စီးသြားစဥ္ မေတာ္တဆ ေမာ္ေတာ္ကား တိုက္မိ၍ ထိုဒဏ္ရာျဖင့္ ကြယ္လြန္သည္။

– ျမန္မာ့စြယ္စုံက်မ္း အတြဲ ၂


ပထမဆုံး ကာယဗလမောင် (သို့) ဝေါ်လတာချစ်ထွန်း (unicode)

ကိုယ်လုံးကိုယ်ပေါက် တောင့်တင်းလှပအောင် ကာယဗလလိုက်စား လေ့ကျင့်သည့်ဖက်၌ မြန်မာနိုင်ငံတွင် ရှေးဦးစွာ ထင်ရှားကျော်ကြားသော ပုဂ္ဂိုလ်မှာ ဝေါ်လတာချစ်ထွန်းပင် ဖြစ်သည်။ ကာယဗလ လေ့ကျင့်သော ပုဂ္ဂိုလ်များမှာ ရှေးကမြန်မာနိုင်ငံတွင် နည်းပါးလှသည်။ ဝေါ်လတာချစ်ထွန်းမှာ ဤသို့လေ့ကျင့်ခြင်းဖြင့် ကိုယ်ကာယအနေအထား လှပသောကြောင့် အထူးထင်ရှားခဲ့သည်။

ဝေါ်လတာချစ်ထွန်းကို ၁၈၉၈ ခုနှစ် အောက်တိုဘာလ ၁၄ ရက်နေ့တွင် မော်လမြိုင်မြို့၌ အဖဆရာဝန်ကြီး ဦးချစ်ထွန်းနှင့် အမိဒေါ်သိန်းငွေတို့မှ ဖွားမြင်စည်။ မွန်အမျိုးသားဖြစ်၍ ခရစ်ယာန်အယူဝါဒကို ကိုးကွယ်ကာ အမည်ကိုလည်း ဝေါ်လတာချစ်ထွန်းဟု ဖခင်အမည်ကို လိုက်၍ ခေါ်တွင်ခဲ့သည်။ ငယ်စဉ်က ရန်ကုန် စိန့်ပေါကျောင်းနှင့် ရန်ကုန်တက္ကသိုလ်၊ ကာလကတ္တားများတွင် ပညာသင်ကြားပြီးနောက် ဆေးပညာကို ကာလကတ္တားတွင် သင်ယူတတ်မြောက်ခဲ့သည်။ စိတ်နှင့်ဆိုင်သော ရောဂါများကို အထူးကုသနိုင်၍ ရန်ကုန်မြို့ တံတားကလေး စိတ္တဇဆေးရုံ၌ ဆရာဝန်အဖြစ်နှင့် အမှုထမ်းခဲ့သည်။

ဝေါ်လတာချစ်ထွန်းသည် ၈ နှစ်အရွယ်ကျောင်းနေစဉ်ကပင် ကိုယ်ကာယလှပရေးအတွက် လိုက်စားလေ့ကျင့်ခဲ့၍ အလေးမခြင်းကိုလည်း နှစ်သက်ဝါသနာပါသည်။ ရင်ပတ်ကြီးထွားစေသော လက်ဆွဲစပရင်များဖြင့် စတင်လေ့ကျင့်ခဲ့၍ ၁၆နှစ် အရွယ်သို့ ရောက်သောအခါ အလေးမခြင်းကို စတင်လေ့ကျင့်သည်။ ဝေါ်လတာချစ်ထွန်းမှာ ကျောင်းသားဘဝ တစ်လျှောက်လုံး အိန္ဒိယနိုင်ငံ ဘင်္ဂလားနယ်၌ နေထိုင်ရသဖြင့် မြန်မာနိုင်ငံမှာ ထက်ပင် ဘင်္ဂလားနယ်၌ ထင်ရှား၍ လူသိများသည်။ အသက် ၂ဝ နှင့် ၃ဝ ကြားတွင် အလွန် အင်အားသန်စွမ်း၍ ကျန်းမာ ရေးနှင့် အလေးမပြိုင်ပွဲ၊ ကိုယ်ကာယအလှပြိုင်ပွဲများကိုလည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

ကိုယ်ကာယလှပသဖြင့် မြန်မာရုပ်ရှင်များ ခေတ်စားစ အခါက ‘ပန်းပဲမောင်တင့်တယ်’ဇာတ်ကားတွင် မောင်တင့်တယ် အဖြစ် ပါဝင်ရိုက်ကူးခဲ့ရသည်။ မြန်မာလူမျိုးထဲမှ ကာယဗလ တောင့်တင်းသန်မာရေးကို စတင်မျက်စိဖွင့်ပေးခဲ့သူ ကျေးဇူးရှင် ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပေသည်။ ၁၉၄၇ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့တွင် မော်တော် ဆိုင်ကယ် စီးသွားစဉ် မတော်တဆ မော်တော်ကား တိုက်မိ၍ ထိုဒဏ်ရာဖြင့် ကွယ်လွန်သည်။

– မြန်မာ့စွယ်စုံကျမ်း အတွဲ ၂

Leave a Reply