ကမာၻေက်ာ္သြားခဲ့တဲ့ ဓာတ္ပုံတစ္ပုံ (သုိ႔) ရင္နင့္ဖြယ္ ျဖစ္ရပ္မွန္တစ္ခုအေၾကာင္း

Posted on

Written By Myanmar Freethinker Community

၁၉၈၅ ခုႏွစ္ နိုဝင္ဘာ ၁၃ ရက္မွာ ကိုလံဘီယာမွာရွိတဲ့ နီဗာဒို ဒယ္လ္ရဇ္ (Nevado del Ruiz ) မီးေတာင္ေပါက္ကဲြမွုျဖစ္ေတာ့ ေက်ာက္ရည္ေခ်ာ္ပူရည္ေတြဟာ ရြာေပါင္း ၁၃ ရြာနဲ့ လူ အသက္ေပါင္း ၂၃၀၀၀ ေက်ာ္ကို ပ်က္ေၾကြေစခဲ့တယ္။ ဒီမီးေတာင္က ေခ်ာ္ရည္က လာဗား (lava)လိုု႔ေခၚတဲ့ ေက်ာက္ရည္ပူ အမ်ဳိးအစား မဟုုတ္ပဲ လာဟာ (lahar) လိုု႔ေခၚတဲ့ ရြႊံ႔ေရာေက်ာက္ရည္ေတြျဖစ္ျပီး အင္မတန္ျမန္ဆန္တဲ့အရွိန္နဲ႔ အလြာလိုုက္ တဟုုန္ထိုုးဆင္းလာတာျဖစ္တယ္။အဲဒီ ရံႊ႔လႊာၾကီးျဖတ္အသြားမွာ အျပင္ဘက္က ေဆာင္းရာသီ ေရခဲမွုုန္ေတြနဲ႔ ေတြ႔ျပီး ေက်ာက္ရည္ေတြဟာ သက္ရွိသက္မဲ့ အကုုန္ကိုု ကြန္ကရိနဲ႔မံထားသလိုု ေအးခဲသြားေစတယ္။

အဲဒီထဲက အျပစ္မဲ့ သားေကာင္ တစ္ဦးျဖစ္တဲ့ အသက္ ၁၃နစ္အရြယ္ Omayra Sánchez Garzón (အိုုေမရာ ဆန္းခ်က္ဇ္ ဂါရ္ဇြန္) ရဲ႔ အျဖစ္အပ်က္ဟာ ရင္ကြဲစရာ ဓါတ္ပံုုတစ္ပံုုအျဖစ္နဲ႔ သက္ေသခံ က်န္ရစ္ခဲ့ပါတယ္။ ႏုိဝင္ဘာ ၁၃ရက္ညမွာ မီးေတာင္ ေပါက္ကဲြရာက ထြက္လာတဲ့ ေခ်ာ္ရည္ေတြဟာ အိုုေမရာ တိုု႔ရဲ႔ အာရ္ေမရိုေက်းရြာကိုု လႊမ္းျခံဳသြားခဲ့တယ္။ ရႊံ႔ရည္ေတြ တအိမ္လံုုးကိုု တိုုးဝင္လာတဲ့ အခ်ိန္မွာ သူတိုု႔ အိမ္ေလးမွာ အိုုေမရာရယ္ ၊ သူ႔ အေဖရယ္ အေဒၚရယ္ ေမာင္ေလးရယ္ အားလံုုး မအိပ္ပဲ စိုုးရိမ္တၾကီး မီးေတာင္ ေပါက္ကြဲမွုုကိုု ေစာင့္စားေနၾကခ်ိန္ျဖစ္တယ္။ ဒါေပမဲ့ ေခ်ာ္ရည္ေတြ ဒီေလာက္ ျမန္ျမန္ေရာက္လာလိမ့္မယ္လိုု႔ သူတိုု႔ မမွန္းထားခဲ့ဘူး။ သူ႔အေမကေတာ့ ခရီးထြက္သြားေတာ့ အိမ္မွာမရွိဘူး။

ေခ်ာ္ရည္ေတြ ဝင္လာေတာ့ အိုုေမရာဟာ ခါးေအာက္ပိုုင္းကေန ဘိလပ္ေျမငံုုထားသလိုု အိမ္အပ်က္အစီးေတြၾကားထဲ ရြံ႔ရည္ေတြနဲ႔ ေရာျပီး နစ္ေနခဲ့တယ္။ ရႊံ႔ရည္ေတြ တျဖည္းျဖည္း လည္ပင္းအထိ နစ္လာေပမဲ့ သူ႔လက္တဖက္ ထြက္ေနတဲ့ အတြက္ ရွာေဖြေရး သမားေတြက သူ႔ကိုု ေတြ႔ျပီး သိပ္ျပီး မမာေသးတဲ့ ရႊံ႔ရည္ေတြကိုု ယက္ထုုတ္ပစ္ခဲ့ၾကတယ္။ ခါးေအာက္ပိုုင္းကေတာ့ ဘိလပ္ေျမနဲ႔ မံထားသလိုု လံုုးဝလွဳပ္လိုု႔ မရေတာ့ဘူး။ ေကာင္မေလးကိုု ကယ္ဆယ္ေရးေတြ အတတ္နိုုင္ဆံုုး ၾကိဳးစားျပီး ကယ္ခဲ့ၾကတယ္။ ဒါေပမဲ့ သူ႔ကိုု ဆဲြမလိုုက္တိုုင္း လပ္သြားတဲ့ ေနရာမွာ ေရေတြ ဒလေဟာ ဝင္လာေတာ့ သူ႔လည္ပင္းမွာ ကားတာယာကြင္းစြပ္ထားေပးျပီး မ်က္နွာ ေရေပၚေပၚေအာင္ ထားထားရတယ္။

ဒီလိုု အသက္ဆက္ထားရေပမဲ့ အိုုေမရာဟာ စိတ္ဓါတ္က်ပုုံမျပခဲ့ဘူး။ ကယ္ဆယ္ေရး သမားေတြ ဂ်ာနယ္လစ္ေတြနဲ႔ သီခ်င္းအတူ ဆိုုေနခဲ့တယ္။ သူစားခ်င္တဲ့ဟာဆိုုရင္လည္း အခ်ုုိစားမယ္ အေအးေသာက္မယ္နဲ႔ နည္းနည္းစီ စားတယ္။ ကေလးပီပီ တခါတရံမွာေတာ့ ေၾကာက္ျပီး ငိုုတာေတြ ဆုုေတာင္းတာေတြလည္း ရွိတယ္။ သူေက်ာင္းေနာက္မက်ခ်င္ဘူး သခ်ၤာေျဖရအံုုးမွာလိုု႔ေျပာေနခဲ့ေသးတယ္။ ၃ ရက္ တိုုင္တိုုင္ ေတာင့္ခံ အျပီးမွာ အိုုေမရာရဲ႔ မ်က္နွာ ေရာင္တက္လာျပီး လက္ေတြက ျဖဴေရာ္လာတယ္။

အင္မတန္ ဝမ္းနည္းေနၾကတဲ့ ကယ္ဆယ္ေရး သမားေတြက ေရစုုပ္စက္ၾကီးတစ္လံုုးနဲ႔ ျပန္ေရာက္လာျပီး သူမ ကိုု ကယ္ဖိုု႔ တခါလုုပ္ၾကျပန္တယ္။ ေဘးကေရေတြကိုု စုုပ္ထုုတ္ပစ္ၾကတယ္။ အဲဒီခါက်မွ အိုုေမရာ ဟ ဒူးေထာက္ လ်က္သား အေနအထားနဲ႔ သူ႔အိမ္ရဲ႔ တံခါးဝမွာ နစ္ေနတာမွန္း ေတြ႔ၾကရတယ္။ သူမရဲ႔ ေပါင္ရင္းကေန ေျခေထာက္မျဖတ္ပဲ အိုုေမရာ့ကိုု ဆဲြထုုတ္ဖိုု႔ မျဖစ္နိုုင္ဘူး။ ဒါေပမဲ့ သူတိုု႔မွာ ခဲြစိတ္မယ့္ ကိရိယာ တန္ဆာပလာနဲ႔ ကၽြမ္းက်င္သူေတြ ဘာမွ မရွိတာေၾကာင့္ ကေလးမကိုု ဒီအတိုုင္း ထားလိုုက္တာက ပိုုျပီး သူ႔အတြက္ သက္သာေစမယ္လိုု႔ ဆုုံးျဖတ္လိုုက္ရတယ္။

အိုုေမရာရဲ႔ ေနာက္ဆံုုးအခ်ိန္မွာ မ်က္လံုုးေတြဟာ ေသြးပုုပ္ေရာင္ ျဖစ္လာတယ္။ ရႊံ႔ရည္နစ္ျပီး နာရီေပါင္း ၆၀ ခန္႔အၾကာမွာေတာ့ ကေယာင္ကတမ္းေရရြတ္ရင္း ကယ္ဆယ္ေရးေတြရဲ႔ ေရွ႔တင္ပဲ သူမ ေသဆံုုးသြားခဲ့တယ္။ သူေသဆံုုးျပီးမွ ကြန္ကရိျပင္ကိုု ခဲြထုုတ္ျပီး သူမ ခႏၶာကိုုယ္ကိုု ထုုတ္ယူခဲ့ၾကတယ္။ အဲဒီအခါက်မွ ဒူးေထာက္လ်က္ ရွိေနတဲ့သူ႔ေျခရင္းမွာ သူ႔အေဒၚရဲ႕အေလာင္းကိုုပါ ေတြ႔ခဲ့ၾကရတယ္။ အိုုေမရာရဲ႔ မိခင္နဲ႔ ေမာင္ေလးတိုု႔ အသက္ရွင္လြတ္ေျမာက္ခဲ့ျပီး တအိမ္သားလံုုး အသက္ဆံုုးရွံဳးခဲ့ရတယ္။

သူမ မေသခင္ နာရီပိုုင္း အလိုုမွာ ရိုုက္ထားတဲ့ ဓါတ္ပံုုဆရာ ဖရန္႔ခ္ ေဖာ္နီယာ(Frank Fournier) ရဲ႕ဓါတ္ပံုုဟာ တစ္ကမၻာလံုုးကိုု ကိုုင္လွဳပ္ခဲ့တယ္။ ဓာတ္ပုံဆရာကုိယ္တုိင္လည္း ဘာအကူအညီမွ မေပးပဲ ဓာတ္ပုံရုိက္ဖုိ႔ပဲသိတယ္ ဆုိၿပီး အျပစ္တင္ခံခဲ့ရေပမယ့္ ရုိက္ကူးထားတဲ့ ဗီဒီယုိေတြနဲ႔ ဓာတ္ပုံေတြအရ သူလည္းဘာမွမတတ္ႏုိင္ခဲ့ဘူးဆိုတာ ေတြ႔ရပါတယ္။ အစိုုးရရဲ႔ တာဝန္မဲ့မွုု၊ အေရးေပၚအေျခအေနအတြက္ ၾကိဳတင္ျပင္ဆင္ျခင္း မရွိမွုု၊ ကယ္ဆယ္ေရး အစီအစဥ္ ေႏွာင့္ေနးၾကန္႔ၾကာမွုု၊ ကယ္ဆယ္ေရးသမားေတြအတြက္ အဓိကလိုုအပ္တဲ့ ပစၥည္းေတြကိုု ေထာက္ပံ့ျခင္း မရွိမွုု စတာေတြဟာ ဘြင္းဘြင္းၾကီးေပၚထြက္လာခဲ့တယ္။

ဒီအျဖစ္အပ်က္ကိုု ဖတ္ရင္းနဲ႔ သတိရတာကေတာ့ နာဂစ္ပါ။ သူတိုု.ရဲ႔လူေသဆံုုးမွုုက ၂၄၀၀၀။ ကၽြန္မတိုု.ဆီမွာ လူတစ္သိန္းေက်ာ္တယ္။ အိုုးမဲ့ အိမ္မဲ့နဲ႔ ဘဝပ်က္ရတဲ့ လူေတြ ကိုု ထည့္တြက္ရင္……….. နာဂစ္အတြက္ ျပင္ဆင္ရေအာင္ ေသေသခ်ာခ်ာ ၾကိဳတင္သတိေပးခ်က္မရွိခဲ့။ ျဖစ္ျပီးတဲ့ေနာက္ပိုုင္း ကယ္ဆယ္မွုုကိုု ေသခ်ာေအာင္ မလုုပ္နုုိင္ခဲ့။ အရပ္ကူပါ လူဝိုုင္းပါ အားလံုုး ဝိုုင္းလုုပ္ေပးခဲ့ရျပီး သြားလွဴတာေတာင္ ဘယ္အဖဲြ.အစည္း ကလူမိုု.လိုု ဆိုုျပီး လမ္းက ဆီးဖမ္းတာေတြ ရွိခဲ့တယ္။ ကမၻာက အကူအညီေပးမွာကိုုလည္း အလိုုအပ္ဆံုုးအခ်ိန္မွာ လက္မခံပဲ ျငင္းဆန္ခဲ့တယ္။ အျပာေရာင္ဖ်င္တဲေတြ အလွ ေဆာက္ျပထားျပီး လမ္းေလွ်ာက္ၾကည့္တဲ့ ဗိုုလ္ခ်ဳပ္မွဴးၾကီးကုုိ ဒုုကၡသည္ေတြ လက္အုုပ္တခ်ီခ်ီနဲ. လုုပ္ေနရတာ တီဗီြမွာ ျမင္လိုုက္ပါေသးတယ္။ လူ တစ္သိန္းေက်ာ္ေသတာေတာင္ ေရြးေကာက္ပဲြကိုု ရေအာင္လုုပ္ခဲ့ေသးတယ္ေလ။ လူ႔အသက္ေတြ မေသသင့္ပဲေသခဲ့ရတယ္။ ကၽြန္မတိုု႔နုုိင္ငံမွာ အိုုေမရာေတြ သိန္းနဲ႔ခ်ီျပီးရွိေနေရာ့မယ္။

အရမ္းဝမ္းနည္းတတ္ရင္ ဒီလင့္ထဲက video ကို ဝင္မၾကည့္ပါနဲ


ကမ္ဘာကျော်သွားတဲ့ ဓာတ်ပုံတစ်ပုံ (သို့) ရင်နင့်ဖွယ် ဖြစ်ရပ်မှန်တစ်ခု (unicode)

Written By Myanmar Freethinker Community

၁၉၈၅ ခုနှစ် နိုဝင်ဘာ ၁၃ ရက်မှာ ကိုလံဘီယာမှာရှိတဲ့ နီဗာဒို ဒယ်လ်ရဇ် (Nevado del Ruiz ) မီးတောင်ပေါက်ကွဲမှုဖြစ်တော့ ကျောက်ရည်ချော်ပူရည်တွေဟာ ရွာပေါင်း ၁၃ ရွာနဲ့ လူ အသက်ပေါင်း ၂၃၀၀၀ ကျော်ကို ပျက်ကြွေစေခဲ့တယ်။ ဒီမီးတောင်က ချော်ရည်က လာဗား (lava)လို့ခေါ်တဲ့ ကျောက်ရည်ပူ အမျိုးအစား မဟုတ်ပဲ လာဟာ (lahar) လို့ခေါ်တဲ့ ရွှံ့ရောကျောက်ရည်တွေဖြစ်ပြီး အင်မတန်မြန်ဆန်တဲ့အရှိန်နဲ့ အလွာလိုက် တဟုန်ထိုးဆင်းလာတာဖြစ်တယ်။အဲဒီ ရွှံ့လွှာကြီးဖြတ်အသွားမှာ အပြင်ဘက်က ဆောင်းရာသီ ရေခဲမှုန်တွေနဲ့ တွေ့ပြီး ကျောက်ရည်တွေဟာ သက်ရှိသက်မဲ့ အကုန်ကို ကွန်ကရိနဲ့မံထားသလို အေးခဲသွားစေတယ်။

အဲဒီထဲက အပြစ်မဲ့ သားကောင် တစ်ဦးဖြစ်တဲ့ အသက် ၁၃နစ်အရွယ် Omayra Sánchez Garzón (အိုမေရာ ဆန်းချက်ဇ် ဂါရ်ဇွန်) ရဲ့ အဖြစ်အပျက်ဟာ ရင်ကွဲစရာ ဓါတ်ပုံတစ်ပုံအဖြစ်နဲ့ သက်သေခံ ကျန်ရစ်ခဲ့ပါတယ်။ နိုဝင်ဘာ ၁၃ရက်ညမှာ မီးတောင် ပေါက်ကွဲရာက ထွက်လာတဲ့ ချော်ရည်တွေဟာ အိုမေရာ တို့ရဲ့ အာရ်မေရိုကျေးရွာကို လွှမ်းခြုံသွားခဲ့တယ်။ ရွှံ့ရည်တွေ တအိမ်လုံးကို တိုးဝင်လာတဲ့ အချိန်မှာ သူတို့ အိမ်လေးမှာ အိုမေရာရယ် ၊ သူ့ အဖေရယ် အဒေါ်ရယ် မောင်လေးရယ် အားလုံး မအိပ်ပဲ စိုးရိမ်တကြီး မီးတောင် ပေါက်ကွဲမှုကို စောင့်စားနေကြချိန်ဖြစ်တယ်။ ဒါပေမဲ့ ချော်ရည်တွေ ဒီလောက် မြန်မြန်ရောက်လာလိမ့်မယ်လို့ သူတို့ မမှန်းထားခဲ့ဘူး။ သူ့အမေကတော့ ခရီးထွက်သွားတော့ အိမ်မှာမရှိဘူး။

ချော်ရည်တွေ ဝင်လာတော့ အိုမေရာဟာ ခါးအောက်ပိုင်းကနေ ဘိလပ်မြေငုံထားသလို အိမ်အပျက်အစီးတွေကြားထဲ ရွံ့ရည်တွေနဲ့ ရောပြီး နစ်နေခဲ့တယ်။ ရွှံ့ရည်တွေ တဖြည်းဖြည်း လည်ပင်းအထိ နစ်လာပေမဲ့ သူ့လက်တဖက် ထွက်နေတဲ့ အတွက် ရှာဖွေရေး သမားတွေက သူ့ကို တွေ့ပြီး သိပ်ပြီး မမာသေးတဲ့ ရွှံ့ရည်တွေကို ယက်ထုတ်ပစ်ခဲ့ကြတယ်။ ခါးအောက်ပိုင်းကတော့ ဘိလပ်မြေနဲ့ မံထားသလို လုံးဝလှုပ်လို့ မရတော့ဘူး။ ကောင်မလေးကို ကယ်ဆယ်ရေးတွေ အတတ်နိုင်ဆုံး ကြိုးစားပြီး ကယ်ခဲ့ကြတယ်။ ဒါပေမဲ့ သူ့ကို ဆွဲမလိုက်တိုင်း လပ်သွားတဲ့ နေရာမှာ ရေတွေ ဒလဟော ဝင်လာတော့ သူ့လည်ပင်းမှာ ကားတာယာကွင်းစွပ်ထားပေးပြီး မျက်နှာ ရေပေါ်ပေါ်အောင် ထားထားရတယ်။

ဒီလို အသက်ဆက်ထားရပေမဲ့ အိုမေရာဟာ စိတ်ဓါတ်ကျပုံမပြခဲ့ဘူး။ ကယ်ဆယ်ရေး သမားတွေ ဂျာနယ်လစ်တွေနဲ့ သီချင်းအတူ ဆိုနေခဲ့တယ်။ သူစားချင်တဲ့ဟာဆိုရင်လည်း အချိုစားမယ် အအေးသောက်မယ်နဲ့ နည်းနည်းစီ စားတယ်။ ကလေးပီပီ တခါတရံမှာတော့ ကြောက်ပြီး ငိုတာတွေ ဆုတောင်းတာတွေလည်း ရှိတယ်။ သူကျောင်းနောက်မကျချင်ဘူး သင်္ချာဖြေရအုံးမှာလို့ပြောနေခဲ့သေးတယ်။ ၃ ရက် တိုင်တိုင် တောင့်ခံ အပြီးမှာ အိုမေရာရဲ့ မျက်နှာ ရောင်တက်လာပြီး လက်တွေက ဖြူရော်လာတယ်။

အင်မတန် ဝမ်းနည်းနေကြတဲ့ ကယ်ဆယ်ရေး သမားတွေက ရေစုပ်စက်ကြီးတစ်လုံးနဲ့ ပြန်ရောက်လာပြီး သူမ ကို ကယ်ဖို့ တခါလုပ်ကြပြန်တယ်။ ဘေးကရေတွေကို စုပ်ထုတ်ပစ်ကြတယ်။ အဲဒီခါကျမှ အိုမေရာ ဟ ဒူးထောက် လျက်သား အနေအထားနဲ့ သူ့အိမ်ရဲ့ တံခါးဝမှာ နစ်နေတာမှန်း တွေ့ကြရတယ်။ သူမရဲ့ ပေါင်ရင်းကနေ ခြေထောက်မဖြတ်ပဲ အိုမေရာ့ကို ဆွဲထုတ်ဖို့ မဖြစ်နိုင်ဘူး။ ဒါပေမဲ့ သူတို့မှာ ခွဲစိတ်မယ့် ကိရိယာ တန်ဆာပလာနဲ့ ကျွမ်းကျင်သူတွေ ဘာမှ မရှိတာကြောင့် ကလေးမကို ဒီအတိုင်း ထားလိုက်တာက ပိုပြီး သူ့အတွက် သက်သာစေမယ်လို့ ဆုံးဖြတ်လိုက်ရတယ်။

အိုမေရာရဲ့ နောက်ဆုံးအချိန်မှာ မျက်လုံးတွေဟာ သွေးပုပ်ရောင် ဖြစ်လာတယ်။ ရွှံ့ရည်နစ်ပြီး နာရီပေါင်း ၆၀ ခန့်အကြာမှာတော့ ကယောင်ကတမ်းရေရွတ်ရင်း ကယ်ဆယ်ရေးတွေရဲ့ ရှေ့တင်ပဲ သူမ သေဆုံးသွားခဲ့တယ်။ သူသေဆုံးပြီးမှ ကွန်ကရိပြင်ကို ခွဲထုတ်ပြီး သူမ ခန္ဓာကိုယ်ကို ထုတ်ယူခဲ့ကြတယ်။ အဲဒီအခါကျမှ ဒူးထောက်လျက် ရှိနေတဲ့သူ့ခြေရင်းမှာ သူ့အဒေါ်ရဲ့အလောင်းကိုပါ တွေ့ခဲ့ကြရတယ်။ အိုမေရာရဲ့ မိခင်နဲ့ မောင်လေးတို့ အသက်ရှင်လွတ်မြောက်ခဲ့ပြီး တအိမ်သားလုံး အသက်ဆုံးရှုံးခဲ့ရတယ်။

သူမ မသေခင် နာရီပိုင်း အလိုမှာ ရိုက်ထားတဲ့ ဓါတ်ပုံဆရာ ဖရန့်ခ် ဖော်နီယာ(Frank Fournier) ရဲ့ဓါတ်ပုံဟာ တစ်ကမ္ဘာလုံးကို ကိုင်လှုပ်ခဲ့တယ်။ ဓာတ်ပုံဆရာကိုယ်တိုင်လည်း ဘာအကူအညီမှ မပေးပဲ ဓာတ်ပုံရိုက်ဖို့ပဲသိတယ် ဆိုပြီး အပြစ်တင်ခံခဲ့ရပေမယ့် ရိုက်ကူးထားတဲ့ ဗီဒီယိုတွေနဲ့ ဓာတ်ပုံတွေအရ သူလည်းဘာမှမတတ်နိုင်ခဲ့ဘူးဆိုတာ တွေ့ရပါတယ်။ အစိုးရရဲ့ တာဝန်မဲ့မှု၊ အရေးပေါ်အခြေအနေအတွက် ကြိုတင်ပြင်ဆင်ခြင်း မရှိမှု၊ ကယ်ဆယ်ရေး အစီအစဉ် နှောင့်နေးကြန့်ကြာမှု၊ ကယ်ဆယ်ရေးသမားတွေအတွက် အဓိကလိုအပ်တဲ့ ပစ္စည်းတွေကို ထောက်ပံ့ခြင်း မရှိမှု စတာတွေဟာ ဘွင်းဘွင်းကြီးပေါ်ထွက်လာခဲ့တယ်။

ဒီအဖြစ်အပျက်ကို ဖတ်ရင်းနဲ့ သတိရတာကတော့ နာဂစ်ပါ။ သူတို.ရဲ့လူသေဆုံးမှုက ၂၄၀၀၀။ ကျွန်မတို.ဆီမှာ လူတစ်သိန်းကျော်တယ်။ အိုးမဲ့ အိမ်မဲ့နဲ့ ဘဝပျက်ရတဲ့ လူတွေ ကို ထည့်တွက်ရင်……….. နာဂစ်အတွက် ပြင်ဆင်ရအောင် သေသေချာချာ ကြိုတင်သတိပေးချက်မရှိခဲ့။ ဖြစ်ပြီးတဲ့နောက်ပိုင်း ကယ်ဆယ်မှုကို သေချာအောင် မလုပ်နိုင်ခဲ့။ အရပ်ကူပါ လူဝိုင်းပါ အားလုံး ဝိုင်းလုပ်ပေးခဲ့ရပြီး သွားလှူတာတောင် ဘယ်အဖွဲ.အစည်း ကလူမို.လို ဆိုပြီး လမ်းက ဆီးဖမ်းတာတွေ ရှိခဲ့တယ်။ ကမ္ဘာက အကူအညီပေးမှာကိုလည်း အလိုအပ်ဆုံးအချိန်မှာ လက်မခံပဲ ငြင်းဆန်ခဲ့တယ်။ အပြာရောင်ဖျင်တဲတွေ အလှ ဆောက်ပြထားပြီး လမ်းလျှောက်ကြည့်တဲ့ ဗိုလ်ချုပ်မှူးကြီးကို ဒုက္ခသည်တွေ လက်အုပ်တချီချီနဲ. လုပ်နေရတာ တီဗွီမှာ မြင်လိုက်ပါသေးတယ်။ လူ တစ်သိန်းကျော်သေတာတောင် ရွေးကောက်ပွဲကို ရအောင်လုပ်ခဲ့သေးတယ်လေ။ လူ့အသက်တွေ မသေသင့်ပဲသေခဲ့ရတယ်။ ကျွန်မတို့နိုင်ငံမှာ အိုမေရာတွေ သိန်းနဲ့ချီပြီးရှိနေရော့မယ်။

 

Leave a Reply