ေဟာလီးဝုဒ္ ရုပ္ရွင္ေလာကအထိထိုးေဖာက္ေက်ာ္ၾကားသြားသူ ေဟာင္ေကာင္ကြန္ဖူးသမား (သုိ႔) အားလုံးသိခ်င္ေနၾကတဲ့ ဘရုစ္လီအေၾကာင္း

Posted on

ဘရုစ္လီ (Bruce Lee) ရဲ႕ကြန္ဖူးသိိုင္း ရုပ္ရွင္ကားေတြကို ၾကည့္ဖူးၾကမွာပါ။ တကယ္ေတာ့ ဘရုစ္လီရဲ႕ ရုပ္ရွင္ကားေတြေၾကာင့္ အေနာက္ႏိုင္ငံနဲ႔ ဥေရာပကလူေတြ အေရွ႕တိုင္းသိုင္းပညာကို သိလာျပီး စိတ္ဝင္စားခဲ့ၾကတာပါ။ဘရုစ္လီရဲ႕ ဘဝျဖစ္စဥ္ေလးကို ေလ့လာၾကည့္ရေအာင္လား။ 

ဘရုစ္လီကို ၁၉၄၀ ျပည့္ႏွစ္ ႏိုဝင္ဘာလ ၂၇ ရက္ေန႔က အေမရိကန္ႏိုင္ငံ ဆန္ဖရန္စစၥကိုျမိဳ႕မွာ ေမြးဖြားခဲ့လို႔ ေမြးကတည္းက အလိုအေလ်ာက္ အေမရိကန္ႏိုင္ငံသား ျဖစ္ခဲ့ပါတယ္။ ဘရုစ္ဆိုတဲ့နာမည္ကို ေဆးရံုမွာေမြးေပးတဲ့ သူနာျပဳဆရာမတစ္ေယာက္က ေပးခဲ့တာပါ။ အမည္ရင္းက “Lee Jun Fan” ပါ။ သူ႔အေဖက တရုတ္ရိုးရာကပြဲမွာ သီခ်င္းဆိုသူတစ္ေယာက္ပါ။ ဘရုစ္လီဟာ ေမြးခ်င္း ၃ ေယာက္ထဲက အလတ္ပါ။

ဘရုစ္လီကို အေမရိကန္မွာ ေမြးျပီး မၾကာခင္မွာ သူ႔မိဘေတြဟာ ေဟာင္ေကာင္ကၽြန္းက ေကာင္လြန္ျမိဳ႕ကို ေျပာင္းေရႊ႕သြားၾကတယ္။ အဲဒီအခ်ိန္က ေဟာင္ေကာင္ကၽြန္းဟာ ျဗိိတိသွ်ရဲ႕အုပ္ခ်ဳပ္မႈေအာက္မွာ ရွိိပါတယ္။ ဘရုစ္လီဟာ အသက္ ၅ ႏွစ္အရြယ္မွာပဲ ေဟာင္ေကာင္က ရုပ္ရွင္ကား ၂၀ ေလာက္မွာ ကေလးသရုပ္ေဆာင္အျဖစ္ ပါဝင္ခဲ့ျပီးျပီ။

သူ အသက္ ၁၈ အရြယ္မွာ La Salle College တက္ပါတယ္။ ေက်ာင္းသားဘဝမွာ ေဟာင္ေကာင္လမ္းသူရဲေတြရဲ႕ ထိုးၾကိတ္ရိုက္ႏွက္တာခံလိုက္ရတယ္။ ဘရုစ္လီဟာ တရုတ္သိုင္းဆရာၾကီး “Sifu Yip Man” ဆီမွာ သိုင္းပညာသင္ယူတယ္။ Yip Man ရဲ႕ ဝင္ခၽြန္းသိုင္းပညာကို ဆရာဆီမွာသင္တာ အဲဒီတစ္ခါဘဲရွိပါတယ္။ ဘရုစ္လီဟာ အေနာက္တိုင္းအကျဖစ္တဲ့ ခ်ာခ်ာအကကို သင္ယူခဲ့ျပီး အသက္ ၁၈ ႏွစ္အရြယ္မွာ ေဟာင္ေကာင္ႏိုင္ငံရဲ႕ ခ်ာခ်ာ အကျပိဳင္ပြဲမွာ ခ်န္ပီယံဆု ရခဲ့ေသးတယ္။ စိ္တ္ဆတ္ျပီး သိုင္းေတာ္တဲ့ ဘရုစ္လီဟာ ေဟာင္ေကာင္ရဲေတြရယ္၊ ေဟာင္ေကာင္မွာရွိတဲ့ အဂၤလိပ္ေက်ာင္းသားေတြနဲ႔ မၾကာခဏ ရန္ျဖစ္ ျပႆနာတက္ျပီး လမ္းသူရဲအဖြဲ႔ဝင္တစ္ေယာက္လဲ ျဖစ္လာခဲ့တယ္။ သူ႔ေနာင္ေရးကို စိုးရိမ္တဲ့ ဘရုစ္လီရဲ႕အေဖက သူ႔ကိုအေမရိကန္ႏိုင္ငံကို ပို႔လိုက္တယ္။ အဲဒီအခ်ိန္က ၁၉၅၉ ခုႏွစ္ သူ အသက္ ၁၉ ႏွစ္သားေပါ့။

အေမရိကန္ႏိုင္ငံေရာက္ေတာ့ ဘရုစ္လီဟာ ဆန္ဖရန္စၥကိုျမိဳ႕ရဲ႕ခ်ိဳင္းနားေတာင္းက အသိတစ္ေယာက္ရဲ႕ စားေသာက္ဆိုင္တစ္ခုမွာ အလုပ္ဝင္္လုပ္တယ္။ မၾကာခင္ ဝါရွင္တန္ျမိဳ႕က တကၠသိုလ္တစ္ခုမွာ သြားတက္တယ္။ ဒႆနိကဘာသာရပ္ ယူပါတယ္။ ေက်ာင္းဆင္းလို႔ ညေနေရာက္တဲ့အခါ ကြန္ဖူးသိုင္းကို တစ္ေယာက္ထဲ အျပင္းအထန္ ေလ့က်င့္တယ္။ အဲဒီမွာ သူ႔ကိုယ္ပိုင္သိုင္းပညာတစ္မ်ိဳး ထြင္လိုက္ျပီး Jeet Kung Do (ဂ်စ္ကြန္းဒို)လို႔ နာမည္ေပးထားတယ္။ ၁၉၆၃ ခုႏွစ္ေရာက္ေတာ့ တကၠသိုလ္တဝွမ္းမွာ သူ႔ရဲ႕ ဂ်စ္ကြန္ဒိုသိုင္းကို လူသိမ်ားလာတာေၾကာင့္ တကၠသိုလ္နဲ႔ မလွမ္းမကမ္းမွာ သူ႔ရဲ႕ ကြန္ဖူးသင္တန္းေက်ာင္းတစ္ခု ဖြင့္လိုက္တယ္။ ကရာေတး၊ ဂ်ဴဒိုျပိဳင္ပြဲေတြမွာ ဘရုစ္လီဟာ သူ႔ရဲ႕ဂ်စ္ကြန္ဒိုသိုင္းစြမ္းရည္ကို ျပေလ့ရွိတယ္။ ေနာက္တစ္ႏွစ္မွာ သူ႔သင္တန္းလာတက္တဲ့ လင္ဒါအင္မာရီနဲ႔ လက္ထပ္လိုက္တယ္။

သိုင္းျပိဳင္ပြဲတစ္ခုမွာ လာၾကည့္သူေတြထဲက ေဟာလီးဝုဒ္ ရုပ္ရွင္ေလာကမွာ နာမည္ၾကီး ဆံပင္အလွျပဳျပင္သူတစ္ေယာက္နဲ႔ မိတ္ေဆြျဖစ္သြားတယ္။ အဲဒီမိတ္ေဆြရဲ႕ မိတ္ဆက္ေပးမႈေၾကာင့္ တီဗြီရုပ္သံလႊင့္ကုမၸဏီတစ္ခုက ထုတ္လုပ္သူနဲ႔ သိသြားတယ္။ အဲဒီ တီဗြီရုပ္ရွင္အဖြဲ႔က ဘရုစ္လီကို နာမည္ၾကီးဇာတ္လမ္းတြဲျဖစ္တဲ့ “The Green Hornet” အစီအစဥ္မွာ အဓိက ဇာတ္ေဆာင္မင္းသားရဲ႕ ကိုယ္ရံေတာ္အျဖစ္ သရုပ္ေဆာင္ခိုင္းတယ္။ အဲဒီအခ်ိန္မွာပဲ သူဟာ ဒုတိယေျမာက္ ကြန္ဖူးသင္တန္းေက်ာင္းကို ေဟာလီးဝုဒ္နဲ႔နီးတဲ့ အုတ္ကလင္းျမိဳ႕ေလးမွာ ဖြင့္လိုက္ပါတယ္။

“The Green Hornet” ရုပ္သံအစီအစဥ္ဟာ တစ္ႏွစ္ၾကာ အပိုင္း ၂၆ ပိုင္းျပသျပီး ရပ္နားလိုက္ပါတယ္။ အဲဒီအခါမွာ ဘရုစ္လီရဲ႕ ကြန္ဖူးစြမ္းရည္ကို အေမရိကန္က လူေတာ္ေတာ္မ်ားမ်ား သိသြားၾကျပီ။ ဘရုစ္လီရဲ႕ သင္တန္းေက်ာင္းကို ေဟာလီးဝုဒ္မွာ နာမည္ၾကီးေနၾကတဲ့ အက္ရွင္မင္းသားေတြလဲ လာတက္ၾကတယ္။ ဘရုစ္လီဟာ ေနာက္ထပ္ တီဗြီအစီအစဥ္တခ်ိဳ႕မွာလဲ သရုပ္ေဆာင္ခဲ့ပါတယ္။ ဘရုစ္လီရဲ႕ဘဝကို ရုတ္တရက္ေျပာင္းလဲသြားေစခဲ့တာက ၁၉၇၁ ခုႏွစ္မွာပါ။ သူဟာ သူ႔မိဘေတြရွိတဲ့ ေဟာင္ေကာင္ကၽြန္းကို အလည္ျပန္လာခဲ့တယ္။ ေဟာင္ေကာင္ရုပ္ရွင္ေလာက,ကနာမည္ၾကီး ရုပ္ရွင္ထုတ္လုပ္သူ ေရမြန္ေခ်ာင္က ဘရုစ္လီကို ေခါင္းေဆာင္မင္းသားအျဖစ္ တင္ရိုက္ဖို႔ ကမ္းလွမ္းတယ္။ ဘရုစ္လီက လက္ခံလိုက္ျပီး “The Big Boss” ဆိုတဲ့ ကြန္ဖူးသိုင္းရုပ္ရွင္ကားကိုေငြေၾကးမ်ားမ်ား မသံုးဘဲ ရိုက္ျဖစ္တယ္။ အဲဒီရုပ္ရွင္ကားကို ေဟာင္ေကာင္မွာ ရံုတင္တင္ခ်င္း ၾကည့္သူေတြ အရမ္းမ်ားျပီး ဝင္ေငြေကာင္းတဲ့ ရုပ္ရွင္ကားတစ္ခုျဖစ္ခဲ့တယ္။ ဘရုစ္လီတစ္ေယာက္လဲ သူ႔သိုင္းစြမ္းရည္ေၾကာင့္ ေန႔တြင္းခ်င္း နာမည္ၾကီးေဟာင္ေကာင္မင္းသား ျဖစ္သြားခဲ့တယ္။

ဒါေၾကာင့္ ေရမြန္ေခ်ာင္က ဘရုစ္လီနဲ႔ “The Fist of Fury” ဆိုတဲ့ ရုပ္ရွင္ေနာက္တစ္ကား ထပ္ရိုက္တယ္။ ဒီကားကို ေငြေၾကးအေတာ္ အကုန္အက်ခံ ရိုက္လိုက္တယ္။ အဲဒီကားလဲ အရမ္းေအာင္ျမင္သြားျပန္လို႔ ဘရုစ္လီလဲ နာမည္ပိုၾကီးလာခဲ့တယ္။ ေနာက္တစ္ကားျဖစ္တဲ့ “Way of the Dragon” ရုပ္ရွင္ကားကို ၁၉၇၂ ခုႏွစ္မွာ ရိုက္ျပီး ေဟာင္ေကာင္မွာသာမက အေမရိကန္ႏိုင္ငံက ရုပ္ရွင္ေတြမွာ ျပခဲ့တယ္။ ရုပ္ရွင္ကားေကာင္းသလို ဘရုစ္လီရဲ႕ သိုင္းစြမ္းရည္ကို အေနာက္ႏိုင္ငံက သိလာခဲ့ၾကတယ္။

ေနာက္ဆံုးေတာ့ ေဟာလီးဝုဒ္က ရုပ္ရွင္ကုမၸဏီၾကီးေတြက ဘရုစ္လီကို ရုပ္ရွင္ရိုက္ဖို႔ ကမ္းလွမ္းလာခဲ့ၾကတယ္။ “Enter the Dragon” စတဲ့ သိုင္းကားကို ေဟာလီးဝုဒ္က ေဒၚလာတစ္သန္း အကုန္ခံရိုက္ခဲ့တာ ဝင္ေငြ ေဒၚလာသန္း (၂၀၀) ရသြားခဲ့တယ္။ ဘရုစ္လီတစ္ေယာက္အရမ္းနာမည္ၾကီး တက္လာခ်ိန္မွာပဲ ေရတိမ္နစ္သြားခဲ့ရတယ္။ ၁၉၇၃ ခုႏွစ္ ဇူလိုင္လ ၂၀ ရက္ေန႔မွာ ေဟာင္ေကာင္မွာ ရုပ္ရွင္တစ္ကားလာရိုက္ရင္း ေဟာင္ေကာင္ရုပ္ရွင္မင္းသမီးတစ္ေယာက္ရဲ႕အိမ္မွာ ေခါင္းကိုက္လို႔ အကိုက္အခဲေပ်ာက္ေဆးေသာက္ျပီး သတိလစ္သြားတယ္။ ေဆးရံုကို အျမန္ပို႔ေပမဲ့လဲ ဘရုစ္လီတစ္ေယာက္ ကြယ္လြန္ဆံုးပါးသြားခဲ့တယ္။

သူရဲ႕စ်ာပနကို ခ်စ္ခင္ၾကတဲ့ ေဟာင္ေကာင္ပရိသတ္ (၃)ေသာင္းေက်ာ္ တက္ေရာက္ၾကျပီး သူ႔ရုပ္ကလပ္ကို လိုက္ပါပို႔ေဆာင္ခဲ့ၾကတယ္။ အေမရိကန္မွာရွိတဲ့ ေဟာလီးဝုဒ္ ရုပ္ရွင္ေလာက,က လူေတြကလဲ သူ႔အတြက္ ဝမ္းနည္းျခင္း အထိမ္းအမွတ္ေတြ လုပ္ခဲ့ၾကတယ္။ ဘရုစ္လီ ကြယ္လြန္ခ်ိန္မွာ အသက္ ၃၃ ႏွစ္သာ ရွိပါေသးတယ္။ သူ႔ရဲ႕ဇနီး လင္ဒါရယ္၊ သားတစ္ေယာက္၊ သမီးတစ္ေယာက္ က်န္ခဲ့တယ္။ သူ႔သား ဘရင္ဒန္လီဟာလဲ ကြန္ဖူးသိုင္းရုပ္ရွင္မွာ သရုပ္ေဆာင္ရင္း ရိုက္ကြင္းမွာေသနတ္က်ည္ဆံ မေတာ္တဆထိမွန္ျပီး ကြယ္လြန္သြားခဲ့ျပန္တယ္။ ဘရုစ္လီေၾကာင့္ အေရွ႕တိုင္းသိုင္းပညာကို ကမာၻက သိလာခဲ့တာပါ။ သူ႔ရုပ္ရွင္ကားေတြ ၾကည့္ဖူးျပီး သူ႔ကိုခ်စ္တဲ့လူေတြဟာ သူ႔ကို ယေန႔တိုင္ လြမ္းဆြတ္ေနၾကဆဲပါ။

(ဆရာဗန္းေမာ္သိန္းေဖ ရဲ႕ သူတုိ႔ဘာေၾကာင့္ ကမာၻေက်ာ္တာလဲ စာအုပ္မွ)


ဟောလီးဝုဒ် ရုပ်ရှင်လောကအထိထိုးဖောက်ကျော်ကြားသွားသူ ဟောင်ကောင်ကွန်ဖူးသမား (သို့) အားလုံးသိချင်နေကြတဲ့ ဘရုစ်လီအကြောင်း (unicode)

ဘရုစ်လီ (Bruce Lee) ရဲ့ကွန်ဖူးသိုင်း ရုပ်ရှင်ကားတွေကို ကြည့်ဖူးကြမှာပါ။ တကယ်တော့ ဘရုစ်လီရဲ့ ရုပ်ရှင်ကားတွေကြောင့် အနောက်နိုင်ငံနဲ့ ဥရောပကလူတွေ အရှေ့တိုင်းသိုင်းပညာကို သိလာပြီး စိတ်ဝင်စားခဲ့ကြတာပါ။ဘရုစ်လီရဲ့ ဘဝဖြစ်စဉ်လေးကို လေ့လာကြည့်ရအောင်လား။

ဘရုစ်လီကို ၁၉၄၀ ပြည့်နှစ် နိုဝင်ဘာလ ၂၇ ရက်နေ့က အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုမြို့မှာ မွေးဖွားခဲ့လို့ မွေးကတည်းက အလိုအလျောက် အမေရိကန်နိုင်ငံသား ဖြစ်ခဲ့ပါတယ်။ ဘရုစ်ဆိုတဲ့နာမည်ကို ဆေးရုံမှာမွေးပေးတဲ့ သူနာပြုဆရာမတစ်ယောက်က ပေးခဲ့တာပါ။ အမည်ရင်းက “Lee Jun Fan” ပါ။ သူ့အဖေက တရုတ်ရိုးရာကပွဲမှာ သီချင်းဆိုသူတစ်ယောက်ပါ။ ဘရုစ်လီဟာ မွေးချင်း ၃ ယောက်ထဲက အလတ်ပါ။

ဘရုစ်လီကို အမေရိကန်မှာ မွေးပြီး မကြာခင်မှာ သူ့မိဘတွေဟာ ဟောင်ကောင်ကျွန်းက ကောင်လွန်မြို့ကို ပြောင်းရွှေ့သွားကြတယ်။ အဲဒီအချိန်က ဟောင်ကောင်ကျွန်းဟာ ဗြိတိသျှရဲ့အုပ်ချုပ်မှုအောက်မှာ ရှိပါတယ်။ ဘရုစ်လီဟာ အသက် ၅ နှစ်အရွယ်မှာပဲ ဟောင်ကောင်က ရုပ်ရှင်ကား ၂၀ လောက်မှာ ကလေးသရုပ်ဆောင်အဖြစ် ပါဝင်ခဲ့ပြီးပြီ။

သူ အသက် ၁၈ အရွယ်မှာ La Salle College တက်ပါတယ်။ ကျောင်းသားဘဝမှာ ဟောင်ကောင်လမ်းသူရဲတွေရဲ့ ထိုးကြိတ်ရိုက်နှက်တာခံလိုက်ရတယ်။ ဘရုစ်လီဟာ တရုတ်သိုင်းဆရာကြီး “Sifu Yip Man” ဆီမှာ သိုင်းပညာသင်ယူတယ်။ Yip Man ရဲ့ ဝင်ချွန်းသိုင်းပညာကို ဆရာဆီမှာသင်တာ အဲဒီတစ်ခါဘဲရှိပါတယ်။ ဘရုစ်လီဟာ အနောက်တိုင်းအကဖြစ်တဲ့ ချာချာအကကို သင်ယူခဲ့ပြီး အသက် ၁၈ နှစ်အရွယ်မှာ ဟောင်ကောင်နိုင်ငံရဲ့ ချာချာ အကပြိုင်ပွဲမှာ ချန်ပီယံဆု ရခဲ့သေးတယ်။ စိ်တ်ဆတ်ပြီး သိုင်းတော်တဲ့ ဘရုစ်လီဟာ ဟောင်ကောင်ရဲတွေရယ်၊ ဟောင်ကောင်မှာရှိတဲ့ အင်္ဂလိပ်ကျောင်းသားတွေနဲ့ မကြာခဏ ရန်ဖြစ် ပြဿနာတက်ပြီး လမ်းသူရဲအဖွဲ့ဝင်တစ်ယောက်လဲ ဖြစ်လာခဲ့တယ်။ သူ့နောင်ရေးကို စိုးရိမ်တဲ့ ဘရုစ်လီရဲ့အဖေက သူ့ကိုအမေရိကန်နိုင်ငံကို ပို့လိုက်တယ်။ အဲဒီအချိန်က ၁၉၅၉ ခုနှစ် သူ အသက် ၁၉ နှစ်သားပေါ့။

အမေရိကန်နိုင်ငံရောက်တော့ ဘရုစ်လီဟာ ဆန်ဖရန်စ္စကိုမြို့ရဲ့ချိုင်းနားတောင်းက အသိတစ်ယောက်ရဲ့ စားသောက်ဆိုင်တစ်ခုမှာ အလုပ်ဝင်လုပ်တယ်။ မကြာခင် ဝါရှင်တန်မြို့က တက္ကသိုလ်တစ်ခုမှာ သွားတက်တယ်။ ဒဿနိကဘာသာရပ် ယူပါတယ်။ ကျောင်းဆင်းလို့ ညနေရောက်တဲ့အခါ ကွန်ဖူးသိုင်းကို တစ်ယောက်ထဲ အပြင်းအထန် လေ့ကျင့်တယ်။ အဲဒီမှာ သူ့ကိုယ်ပိုင်သိုင်းပညာတစ်မျိုး ထွင်လိုက်ပြီး Jeet Kung Do (ဂျစ်ကွန်းဒို)လို့ နာမည်ပေးထားတယ်။ ၁၉၆၃ ခုနှစ်ရောက်တော့ တက္ကသိုလ်တဝှမ်းမှာ သူ့ရဲ့ ဂျစ်ကွန်ဒိုသိုင်းကို လူသိများလာတာကြောင့် တက္ကသိုလ်နဲ့ မလှမ်းမကမ်းမှာ သူ့ရဲ့ ကွန်ဖူးသင်တန်းကျောင်းတစ်ခု ဖွင့်လိုက်တယ်။ ကရာတေး၊ ဂျူဒိုပြိုင်ပွဲတွေမှာ ဘရုစ်လီဟာ သူ့ရဲ့ဂျစ်ကွန်ဒိုသိုင်းစွမ်းရည်ကို ပြလေ့ရှိတယ်။ နောက်တစ်နှစ်မှာ သူ့သင်တန်းလာတက်တဲ့ လင်ဒါအင်မာရီနဲ့ လက်ထပ်လိုက်တယ်။

သိုင်းပြိုင်ပွဲတစ်ခုမှာ လာကြည့်သူတွေထဲက ဟောလီးဝုဒ် ရုပ်ရှင်လောကမှာ နာမည်ကြီး ဆံပင်အလှပြုပြင်သူတစ်ယောက်နဲ့ မိတ်ဆွေဖြစ်သွားတယ်။ အဲဒီမိတ်ဆွေရဲ့ မိတ်ဆက်ပေးမှုကြောင့် တီဗွီရုပ်သံလွှင့်ကုမ္ပဏီတစ်ခုက ထုတ်လုပ်သူနဲ့ သိသွားတယ်။ အဲဒီ တီဗွီရုပ်ရှင်အဖွဲ့က ဘရုစ်လီကို နာမည်ကြီးဇာတ်လမ်းတွဲဖြစ်တဲ့ “The Green Hornet” အစီအစဉ်မှာ အဓိက ဇာတ်ဆောင်မင်းသားရဲ့ ကိုယ်ရံတော်အဖြစ် သရုပ်ဆောင်ခိုင်းတယ်။ အဲဒီအချိန်မှာပဲ သူဟာ ဒုတိယမြောက် ကွန်ဖူးသင်တန်းကျောင်းကို ဟောလီးဝုဒ်နဲ့နီးတဲ့ အုတ်ကလင်းမြို့လေးမှာ ဖွင့်လိုက်ပါတယ်။

“The Green Hornet” ရုပ်သံအစီအစဉ်ဟာ တစ်နှစ်ကြာ အပိုင်း ၂၆ ပိုင်းပြသပြီး ရပ်နားလိုက်ပါတယ်။ အဲဒီအခါမှာ ဘရုစ်လီရဲ့ ကွန်ဖူးစွမ်းရည်ကို အမေရိကန်က လူတော်တော်များများ သိသွားကြပြီ။ ဘရုစ်လီရဲ့ သင်တန်းကျောင်းကို ဟောလီးဝုဒ်မှာ နာမည်ကြီးနေကြတဲ့ အက်ရှင်မင်းသားတွေလဲ လာတက်ကြတယ်။ ဘရုစ်လီဟာ နောက်ထပ် တီဗွီအစီအစဉ်တချို့မှာလဲ သရုပ်ဆောင်ခဲ့ပါတယ်။ ဘရုစ်လီရဲ့ဘဝကို ရုတ်တရက်ပြောင်းလဲသွားစေခဲ့တာက ၁၉၇၁ ခုနှစ်မှာပါ။ သူဟာ သူ့မိဘတွေရှိတဲ့ ဟောင်ကောင်ကျွန်းကို အလည်ပြန်လာခဲ့တယ်။ ဟောင်ကောင်ရုပ်ရှင်လောက,ကနာမည်ကြီး ရုပ်ရှင်ထုတ်လုပ်သူ ရေမွန်ချောင်က ဘရုစ်လီကို ခေါင်းဆောင်မင်းသားအဖြစ် တင်ရိုက်ဖို့ ကမ်းလှမ်းတယ်။ ဘရုစ်လီက လက်ခံလိုက်ပြီး “The Big Boss” ဆိုတဲ့ ကွန်ဖူးသိုင်းရုပ်ရှင်ကားကိုငွေကြေးများများ မသုံးဘဲ ရိုက်ဖြစ်တယ်။ အဲဒီရုပ်ရှင်ကားကို ဟောင်ကောင်မှာ ရုံတင်တင်ချင်း ကြည့်သူတွေ အရမ်းများပြီး ဝင်ငွေကောင်းတဲ့ ရုပ်ရှင်ကားတစ်ခုဖြစ်ခဲ့တယ်။ ဘရုစ်လီတစ်ယောက်လဲ သူ့သိုင်းစွမ်းရည်ကြောင့် နေ့တွင်းချင်း နာမည်ကြီးဟောင်ကောင်မင်းသား ဖြစ်သွားခဲ့တယ်။

ဒါကြောင့် ရေမွန်ချောင်က ဘရုစ်လီနဲ့ “The Fist of Fury” ဆိုတဲ့ ရုပ်ရှင်နောက်တစ်ကား ထပ်ရိုက်တယ်။ ဒီကားကို ငွေကြေးအတော် အကုန်အကျခံ ရိုက်လိုက်တယ်။ အဲဒီကားလဲ အရမ်းအောင်မြင်သွားပြန်လို့ ဘရုစ်လီလဲ နာမည်ပိုကြီးလာခဲ့တယ်။ နောက်တစ်ကားဖြစ်တဲ့ “Way of the Dragon” ရုပ်ရှင်ကားကို ၁၉၇၂ ခုနှစ်မှာ ရိုက်ပြီး ဟောင်ကောင်မှာသာမက အမေရိကန်နိုင်ငံက ရုပ်ရှင်တွေမှာ ပြခဲ့တယ်။ ရုပ်ရှင်ကားကောင်းသလို ဘရုစ်လီရဲ့ သိုင်းစွမ်းရည်ကို အနောက်နိုင်ငံက သိလာခဲ့ကြတယ်။

နောက်ဆုံးတော့ ဟောလီးဝုဒ်က ရုပ်ရှင်ကုမ္ပဏီကြီးတွေက ဘရုစ်လီကို ရုပ်ရှင်ရိုက်ဖို့ ကမ်းလှမ်းလာခဲ့ကြတယ်။ “Enter the Dragon” စတဲ့ သိုင်းကားကို ဟောလီးဝုဒ်က ဒေါ်လာတစ်သန်း အကုန်ခံရိုက်ခဲ့တာ ဝင်ငွေ ဒေါ်လာသန်း (၂၀၀) ရသွားခဲ့တယ်။ ဘရုစ်လီတစ်ယောက်အရမ်းနာမည်ကြီး တက်လာချိန်မှာပဲ ရေတိမ်နစ်သွားခဲ့ရတယ်။ ၁၉၇၃ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့မှာ ဟောင်ကောင်မှာ ရုပ်ရှင်တစ်ကားလာရိုက်ရင်း ဟောင်ကောင်ရုပ်ရှင်မင်းသမီးတစ်ယောက်ရဲ့အိမ်မှာ ခေါင်းကိုက်လို့ အကိုက်အခဲပျောက်ဆေးသောက်ပြီး သတိလစ်သွားတယ်။ ဆေးရုံကို အမြန်ပို့ပေမဲ့လဲ ဘရုစ်လီတစ်ယောက် ကွယ်လွန်ဆုံးပါးသွားခဲ့တယ်။

သူရဲ့ဈာပနကို ချစ်ခင်ကြတဲ့ ဟောင်ကောင်ပရိသတ် (၃)သောင်းကျော် တက်ရောက်ကြပြီး သူ့ရုပ်ကလပ်ကို လိုက်ပါပို့ဆောင်ခဲ့ကြတယ်။ အမေရိကန်မှာရှိတဲ့ ဟောလီးဝုဒ် ရုပ်ရှင်လောက,က လူတွေကလဲ သူ့အတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ်တွေ လုပ်ခဲ့ကြတယ်။ ဘရုစ်လီ ကွယ်လွန်ချိန်မှာ အသက် ၃၃ နှစ်သာ ရှိပါသေးတယ်။ သူ့ရဲ့ဇနီး လင်ဒါရယ်၊ သားတစ်ယောက်၊ သမီးတစ်ယောက် ကျန်ခဲ့တယ်။ သူ့သား ဘရင်ဒန်လီဟာလဲ ကွန်ဖူးသိုင်းရုပ်ရှင်မှာ သရုပ်ဆောင်ရင်း ရိုက်ကွင်းမှာသေနတ်ကျည်ဆံ မတော်တဆထိမှန်ပြီး ကွယ်လွန်သွားခဲ့ပြန်တယ်။ ဘရုစ်လီကြောင့် အရှေ့တိုင်းသိုင်းပညာကို ကမ္ဘာက သိလာခဲ့တာပါ။ သူ့ရုပ်ရှင်ကားတွေ ကြည့်ဖူးပြီး သူ့ကိုချစ်တဲ့လူတွေဟာ သူ့ကို ယနေ့တိုင် လွမ်းဆွတ်နေကြဆဲပါ။

(ဆရာဗန်းမော်သိန်းဖေ ရဲ့ သူတို့ဘာကြောင့် ကမ္ဘာကျော်တာလဲ စာအုပ်မှ)

Leave a Reply