စင္ကာပူႏိုင္ငံ အေၾကာင္း သိေကာင္းစရာ

Posted on

Singapura (စင္ဂါပူရ) ေခၚေသာနာမ သည္ မေလးဘာသာစကား Singapura မွ ဆင္းသက္လာၿပီး ကလယ္ႏွင့္ သကၠတဘာသာ(“ျခေသၤ့”၊ သီဟ) ႏွင့္ pura (“ၿမိဳ႕”၊ ပူရ)) တြင္ အရင္းခံသည္။ မေလးရာဇဝင္အရ ထိုနာမည္သည္ ၁၄ ရာစုႏွစ္ စန္းနီလာအုတၱမေခၚေသာ စူမၾတန္မင္းသားသည္ ကၽြန္းတြင္သေဘၤာဆိုက္ၿပီး မဂၤလာနရားေတြ႕ခဲ့ေသာေၾကာင့္ စင္ဂါ (ျခေသၤ့) ဟုနာမည္မွည့္ခဲ့သည္ ဟုဆိုသည္။ သို႔ေသာ္ လတ္တေလာ ရွာေဖြေတြ႕ရွိခ်က္မ်ားအရ ျခေသၤ့သည္ ဘယ္ေသာအခါမွ ေနထိုင္ခဲ့ဖူးျခင္း မရွိေၾကာင္းသိရသည္။ ယုတ္စြအဆုံး အာရွျခေသၤ့ပင္ ေနထိုင္ခဲ့ဖူးျခင္းမရွိေပ။ ထို႔ေၾကာင့္ စန္းနီလာအုတၱမ ျမင္ခဲ့ရေသာ သားရဲတိရစၧာန္မွာ က်ား သာျဖစ္ႏိုင္သည္။ ျဖစ္ႏိုင္ေျခမွာ မေလးရွားက်ား ျဖစ္သည္။

စင္ကာပူႏိုင္ငံႏွင့္ ပတ္သတ္ေသာ ပထမဦးဆုံး အေျခခ်ေနထိုင္မႈ သမိုင္းေၾကာင္းမွာ ေအဒီ ၂ရာစုတြင္ျဖစ္သည္။ စင္ကာပူကၽြန္းသည္ စူမာတယန္ ဆရီဝိဂ်ာယ (Sumatran Srivijaya) အင္ပါယာ၏ အစြန္အဖ်ားျဖစ္ၿပီး မူလပထမအားျဖင့္ ဂ်ာဗားကၽြန္းသား စကားျဖင့္ တီမားဆက္ (Temasek) (ပင္လယ္ၿမိဳ႕) ဟုေခၚသည္။ တီမားဆက္သည္ လၽွင္ျမန္စြာပင္ ကုန္သြယ္မႈအတြက္ အေျခခ်ေနထိုင္ရာ ျဖစ္လာခဲ့ေသာ္လည္း ၁၄ရာစုအတြင္းတြင္ ဆုတ္ယုတ္ပ်က္စီးလာခဲ့သည္။ ေရွးေဟာင္း တီမားဆက္ေခတ္မွ အႂကြင္းအက်န္မွာ အနည္းငယ္သာရွိေသာ္လည္း စင္ကာပူမွ ေရွးေဟာင္းသုေတသနပညာရွင္တို႔က တီမားဆက္ ႏွင့္ အျခားေခတ္မွ လက္မႈပစၥည္းအခ်ိဳ႕ကို ရွာေဖြေတြ႕ရွိခဲ့ၾကသည္။ ၁၆ ရာစုႏွင့္ ၁၉ ရာစုအေစာပိုင္းတြင္ စင္ကာပူကၽြန္းသည္ ဂ်ဟိုးစူလတန္၏နယ္ေျမ (Sultanate of Johor) အတြင္းတြင္ ပါဝင္သည္။ ၁၆၁၃ ခုႏွစ္ မေလး-ေပၚတူဂီစစ္ပြဲအတြင္းတြင္ အေျခခ်ေနထိုင္ရာေနရာအားလုံးကို ေပၚတူဂီတပ္မ်ားက မီး႐ႈိ႕ဖ်က္ဆီးခဲ့သည္။ ထိုရာစုႏွစ္အတြင္းတြင္ စင္ကာပူကၽြန္းကို ေပၚတူဂီတို႔က ဆက္လက္ ထိန္းခ်ဳပ္ခဲ့ၾကၿပီး ၁၇ ရာစုတြင္ ဒတ္ခ္်တို႔က ထိန္းခ်ဳပ္ခဲ့ၾကသည္။ ထိုအခ်ိန္မ်ားတြင္ ကၽြန္းေပၚတြင္ ေနထိုင္သူမ်ားသည္ အဓိကအားျဖင့္ ငါးဖမ္းသမားမ်ားသာ ျဖစ္သည္။

၁၈၂၄ ခုႏွစ္အထိ စင္ကာပူသည္ မေလးစူလတန္အုပ္ခ်ဳပ္ေသာနယ္ေျမ ျဖစ္ခဲ့ၿပီး ၁၈၂၄ ခုႏွစ္ ဩဂုတ္လတြင္မွ ၿဗိတိသၽွကိုလိုနီအျဖစ္ တရားဝင္ျဖစ္လာခဲ့သည္။ စင္ကာပူကၽြန္း၌ ဒုတိယေျမာက္အေျခခ်ေနထိုင္သူ ဂၽြန္ကေရာဖို႔ဒ္သည္ စင္ကာပူကၽြန္းကို အေရွ႕အိႏၵိယကုမၸဏီသို႔လႊဲေျပာင္းေပးရန္ စူလတန္ဟူစိန္ရွားႏွင့္ သေဘာတူညီခ်က္စာခ်ဳပ္ကို ၁၈၂၄ ခုႏွစ္ ဩဂုတ္လ ၂ ရက္ေန႔တြင္ ခ်ဳပ္ဆိုခဲ့ၿပီး စင္ကာပူကၽြန္းတစ္ခုလုံးကို ၿဗိတိသၽွပိုင္ ျဖစ္လာေစခဲ့သည္။ ထိုအခ်ိန္မွစ၍ စင္ကာပူကၽြန္း၏ ေခတ္သစ္တစ္ေခတ္စခဲ့သည္။ ၿဗိတိသၽွ အိႏၵိယ႐ုံးသည္ ၁၈၅၈ ခုႏွစ္မွစ၍ အုပ္ခ်ဳပ္ခဲ့ေသာ္လည္း စင္ကာပူ သည္ ၁၈၆၇ ခုႏွစ္တြင္ မွ ဘုရင္မသို႔ သတင္းပို႔ရေသာ ၿဗိတိသၽွဘုရင္မပိုင္ ကိုလိုနီျဖစ္လာခဲ့သည္။ ၁၈၆၉ ခုႏွစ္တြင္ ကၽြန္းေပၚတြင္ လူ ၁ သိန္းမၽွ ေနထိုင္ခဲ့သည္။

ကိုလိုနီေခတ္ စင္ကာပူ၏ အစပထမၿမိဳ႕တည္ေဆာက္ပုံမွာ အမ်ားအားျဖင့္ ခြဲျခားအုပ္ခ်ဳပ္ေရးစနစ္ အတိုင္းျဖစ္ၿပီး ကြဲျပားျခားနားေသာလူမ်ိဳးစုတို႔သည္ ကၽြန္း၏ေတာင္ဖက္ရွိ ကြဲျပားျခားနားေသာေနရာတို႔တြင္ ေနထိုင္ၾကသည္။ စင္ကာပူျမစ္သည္ ကုန္သည္မ်ား ႏွင့္ ဘဏ္လုပ္ငန္းရွင္တို႔၏ ကုန္သြယ္ေရး အခ်က္အခ်ာေနရာျဖစ္ၿပီး တ႐ုတ္ႏွင့္ အိႏၵိယကူလီ တို႔ bumboats ဟု ေခၚၾကေသာ တုံကင္းမ်ားမွ ကုန္ပစၥည္းမ်ားကို ထမ္းခ်ရာ ႏွင့္ ထမ္းတင္ရာ ေနရာျဖစ္သည္။ ေဒသခံ အိုရန္ေလာ့တ္ (Orang Lauts) မေလးလူမ်ိဳးမ်ားမွာ ငါးဖမ္းသမားမ်ား ႏွင့္ ပင္လယ္ျပင္ ခရီးသြားမ်ားအျဖစ္ အသက္ေမြးၾကသည္။ အာရပ္ကုန္သည္မ်ားႏွင့္ ပညာတတ္လူတန္းစားမ်ားကိုမူ ယေန႔ ကန္ေပါင္း ဂလန္ (Kampong Glam) တည္ရွိရာ ျမစ္ဝ၏ အေရွ႕ေတာင္ဖက္တြင္ ေတြ႕ရသည္။ အနည္းငယ္မၽွေသာ ဥေရာပ အေျခခ်ေနထိုင္သူမ်ားမွာမူ ဖို႔ဒ္ကိန္းနင္းေဟး (Fort Canning Hill) ႏွင့္ စင္ကာပူျမစ္၏ အေပၚပိုင္းေဒသမ်ားတြင္ ေနထိုင္ၾကသည္။ ဥေရာပတိုင္းရင္းသားမ်ားကဲ့သို႔ပင္ အေစာပိုင္း အိႏၵိယမွ ေျပာင္းေ႐ြ႕လာသူတို႔သည္လည္း ကုန္းတြင္းပိုင္းေဒသမ်ားတြင္ အေျခခ်ေနထိုင္ၾကၿပီး ယေန႔ လစ္တဲလ္အင္ဒီးယား (Little India) တည္ရွိရာေနရာျဖစ္သည္။ ကမ္ေပါင္း (kampongs) ဟုေခၚေသာ ေက်းလက္ေဒသ အေျခခ်ေနထိုင္သူမ်ားႏွင့္ ပတ္သက္၍မူ အသိနည္းၿပီး လြတ္လပ္ေရးရၿပီး ၁၉၆၀ခုႏွစ္မ်ား ေႏွာင္းပိုင္း စင္ကာပူအစိုးရမွ ထိုသို႔ေနထိုင္သူမ်ားကို အမ်ားအျပား ေ႐ြ႕ေျပာင္းေနရာခ်သည့္ အခ်ိန္မွသာ သိရွိရသည္။

ဒုတိယကမၻာစစ္အတြင္းတြင္ ဂ်ပန္ဘုရင့္တပ္မေတာ္ (the Imperial Japanese Army) သည္ မလာယာ ကို က်ဴးေက်ာ္ခဲ့ၿပီး စင္ကာပူတိုက္ပြဲကို ျပင္းထန္စြာျဖစ္ေစခဲ့သည္။ ျပင္ဆင္မႈအားနည္း၍ တပ္အေျမာက္အမ်ားမွာ ဥေရာပတြင္ ေရာက္ေနေသာ ၿဗိတိသၽွတို႔မွာ ၆ ရက္အတြင္းတြင္ ႐ႈံးနိမ့္ခဲ့ၿပီး မသိမ္းပိုက္ႏိုင္သည့္ ခံတပ္ဟုဆိုေသာ ေနရာကို ၁၉၄၂ ခုႏွစ္ ေဖေဖာ္ဝါရီလ ၁၅ ရက္တြင္ ဗိုလ္ခ်ဳပ္ႀကီး တိုမိုယူကီ ယာမာရွီတာ (General Tomoyuki Yamashita) သို႔ လက္နက္ခ်ခဲ့ရသည္။ ထိုလက္နက္ခ်မႈႏွင့္ ပတ္သက္၍ “ၿဗိတိသၽွသမိုင္းတြင္ အဆိုး႐ြားဆုံး ကပ္ဆိုက္မႈ ႏွင့္ အႀကီးက်ယ္ဆုံးေသာ လက္နက္ခ်မႈ” ဟူ၍ ၿဗိတိသၽွဝန္ႀကီးခ်ဳပ္ ဝင္စတန္ခ်ာခ်ီက ေဖာ္ျပခဲ့သည္။ ၿဗိတိသၽွ ေရတပ္အေျခစိုက္စခန္းကို ဂ်ပန္တို႔ သိမ္းပိုက္၍ အသုံးမျပဳ ႏိုင္ခင္အခ်ိန္က ပင္ ဖ်က္စီးခဲ့သည္။ ဂ်ပန္တို႔ က စင္ကာပူကို ႐ႈိးနန္တိုး (Shōnantō) ဟုအမည္ေပးခဲ့ၿပီး “Shōwa no jidai ni eta minami no shima” ( “Shōwa no jidai ni eta minami no shima”) သို႔ ႐ႈိဝါေခတ္တြင္ ရရွိခဲ့ေသာ ေတာင္ဖက္ကၽြန္းဟု အဓိပၸါယ္ရသည္။ ဂ်ပန္တို႔သည္ လက္နက္ခ်ၿပီး တစ္လအၾကာ ၁၉၄၅ စက္တင္ဘာလ ၁၂ ရက္အထိကၽြန္းကို သိမ္းယူထားခဲ့ၿပီး ထို႔ေနာက္တြင္ ၿဗိတိသၽွတို႔က ျပန္လည္သိမ္းပိုက္ခဲ့သည္။

စင္ကာပူသည္ ၁၉၅၉ခုႏွစ္တြင္ ၿဗိတိသၽွအင္ပါယာအတြင္း၌ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရျပည္နယ္ ျဖစ္လာခဲ့ၿပီး ယူစြတ္ဘင္ အီရွက္ (Yusof bin Ishak) သည္ ပထမဆုံး Yang di-Pertuan Negara (ျပည္နယ္တစ္ခုလုံး၏ ထင္ရွားေသာအုပ္ခ်ဳပ္သူ) ျဖစ္လာခဲ့ၿပီး လီကြမ္းယု မွာ ပထမဆုံး ဝန္ႀကီးခ်ဳပ္ျဖစ္သည္။ ၿဗိတိန္၏ ေအာက္မွ ၁၉၆၃ ခုႏွစ္ ဩဂုတ္လတြင္ လြတ္လပ္ေရး ေၾကျငာခဲ့သည္။ ၁၉၆၂ စက္တင္ဘာတြင္ ခြဲေရးတြဲေရး ဆႏၵခံယူပြဲ၏ ရလာဒ္ေၾကာင့္ မလာယာ၊ ဆာဘား ႏွင့္ ဆာရာဝက္တို႔ ႏွင့္အတူ မေလးရွား ဖက္ဒရယ္ျပည္ေထာင္စုႏွင့္ ပူးေပါင္းခဲ့သည္။ သို႔ေသာ္ ၂ ႏွစ္အၾကာတြင္ ျပည္နယ္၏ ပီေအပီ အစိုးရႏွင့္ ဖက္ဒရယ္ ကြာလာလမ္ပူ အစိုးရတို႔ အယူအဆပိုင္းဆိုင္ရာ အႀကီးအက်ယ္အျငင္းပြားမႈ တို႔ေၾကာင့္ စင္ကာပူသည္ ဖက္ဒရယ္ျပည္ေထာင္စုမွ ခြဲထြက္ခဲ့သည္။ စင္ကာပူသည္ ၁၉၆၅ ခုႏွစ္ ဩဂုတ္လ ၉ ရက္တြင္ ႏိုင္ငံတစ္ႏိုင္ငံအျဖစ္ တရားဝင္ရပ္တည္ခဲ့သည္။ ယူစြတ္ဘင္အီရွက္သည္ စင္ကာပူ၏ ပထမဆုံးသမၼတအျဖစ္ က်မ္းသစၥာက်ိန္ဆိုခဲ့ၿပီး လီကြမ္းယုမွာ ဝန္ႀကီးခ်ဳပ္အျဖစ္ ဆက္လက္ရွိေနခဲ့သည္။

မိမိဘာသာ ျပည့္စုံလုံေလာက္ေအာင္ ႀကိဳးစားေသာ္လည္း ႏိုင္ငံအသစ္တစ္ခုအေနႏွင့္ စင္ကာပူသည္ အလုပ္လက္မဲ့ဦးေရ ေပါမ်ားျခင္း၊ ေနအိမ္အလုံအေလာက္မရွိျခင္း၊ ေျမေနရာ ႏွင့္ သဘာဝ အရင္းအျမစ္ ရွားပါးျခင္းစသည့္ ျပႆနာမ်ားႏွင့္ ႀကဳံေတြ႕ရသည္။ လီကြမ္းယူ ဝန္ႀကီးခ်ဳပ္အျဖစ္ အုပ္ခ်ဳပ္ခဲ့ေသာ ၁၉၅၉ မွ ၁၉၉၀ အထိအခ်ိန္ကာလအတြင္း သူ၏အစိုးရသည္ အလုပ္လက္မဲ့မ်ားျပားသည့္ ျပႆနာ၊ လူေနမႈအဆင့္အတန္းကို ျမႇင့္တင္ျခင္း ႏွင့္ ျပည္သူ႕အိမ္ရာ စီမံကိန္းအမ်ားအျပားကို အေကာင္အထည္ေဖာ္ျခင္း စသည့္ ျပသနာမ်ားကို ေျဖရွင္းခဲ့သည္။ ထိုအခ်ိန္သည္ ႏိုင္ငံ၏ စီးပြားေရး အေျခခံအေဆာက္အအုံ၏ အုတ္ျမစ္ကို ခ်ေပးခဲ့ေသာ အခ်ိန္ကာလျဖစ္သည္။ လူမ်ိဳးေရးျပသနာမ်ား၏ ၿခိမ္းေခ်ာက္မႈမ်ားကိုလည္း ထိန္းခ်ဳပ္ေပးခဲ့ၿပီး ေယာက္်ားေလးတိုင္း စစ္မႈမထမ္းမေနရစနစ္ျဖင့္ လြတ္လပ္ေသာႏိုင္ငံ၏ ကာကြယ္ေရးစနစ္တကို တည္ေဆာက္ခဲ့သည္။

စကၤာပူႏိုင္ငံသည္ စင္ကာပူကၽြန္း သို႔မဟုတ္ မေလးဘာသာျဖင့္ ပုေလာ ဥဂၽြန္းဟု ေခၚေသာ အဓိက ကၽြန္းႀကီးအပါအဝင္ ကၽြန္းေပါင္း (၆၃) ကၽြန္းျဖင့္ ဖြဲ႕စည္းထားသည္။ လူတို႔ တည္ေဆာက္ထားေသာ မေလးရွားႏိုင္ငံ ဂ်ဟိုးၿမိဳ႕ႏွင့္ ဆက္သြယ္ထားသည့္ တံတား ႏွစ္ခု ရွိသည္။ ပထမတစ္ခုမွာ ေျမာက္ပိုင္းရွိ ဂ်ဟိုး-စင္ကာပူ ေကာ့စ္ေဝး တံတားရွိၿပီး အေနာက္ဘက္တြင္ တြားစ္ ဒုတိယ ဆက္သြယ္ေရးလမ္း တံတား ဟုေခၚေသာ တံတားတစ္စင္း ရွိသည္။ စင္ကာပူရွိ ကၽြန္းငယ္ေလးမ်ားထဲတြင္ ဂ်ဴေရာင္းကၽြန္း၊ ပုေလာတီေကာင္း ကၽြန္း၊ ပုေလာ အူဘင္ ကၽြန္း ႏွင့္ ဆန္တိုဆာ ကၽြန္းတို႔မွာ အႀကီးဆုံး ျဖစ္သည္။ သဘာဝ အေလၽွာက္ အျမင့္ဆုံး ေနရာမွာ ဘူကစ္တီးမားေတာင္ ျဖစ္ၿပီး ၅၃၇ ေပ (၁၆၃.၆၃ မီတာ) ျမင့္သည္။

၁၉၉၀ တြင္ ဂိုခ်ဳပ္ေတာင္မွ လီကြမ္းယု၏ ဝန္ႀကီးခ်ဳပ္ေနရာကို ဆက္ခံခဲ့သည္။ သူ၏အခ်ိန္ကာလအတြင္းတြင္ ၁၉၉၇ အာရွစီးပြားေရး ျပႆနာ ၏ ႐ိုက္ခတ္မႈမ်ား၊ ၂၀၀၃ ခုႏွစ္ ဆားေရာဂါ ပ်ံႏွံ႔မႈ၊ စက္တင္ဘာ ၁၁ရက္ တိုက္ခိုက္မႈအၿပီး ဂ်မားအစၥလာမ္မီးယားအဖြဲ႕၏ အၾကမ္းဖက္တိုက္ခိုက္မည့္ ၿခိမ္းေျခာက္မႈမ်ားကို ေျဖရွင္းေပးခဲ့သည္။ ၂၀၀၄ ခုႏွစ္တြင္ လီကြမ္းယု၏ သားအႀကီးဆုံးျဖစ္သည့္ လီရွန္လုံးသည္ စင္ကာပူ၏ တတိယေျမာက္ ဝန္ႀကီးခ်ဳပ္ျဖစ္လာခဲ့သည္။ သူ၏ ဆုံးျဖတ္ခ်က္မ်ားထဲမွ မွတ္သားေလာက္ေသာ ဆုံးျဖတ္ခ်က္မွာ ႏိုင္ငံျခားကမၻာလွည့္ ခရီးသည္မ်ားကို ဆြဲေဆာင္ႏိုင္ရန္အတြက္ ကာစီႏို ေလာင္းကစား႐ုံဖြင့္လွစ္မည့္ အစီအစဥ္ပင္ ျဖစ္သည္။

စင္ကာပူသည္ ဝက္မင္စတာစနစ္ က်င့္သုံးေသာ ပါလီမန္ ဒီမိုကေရစီႏိုင္ငံျဖစ္ၿပီး အစိုးရတြင္ လႊတ္ေတာ္တစ္ခုတည္းသာရွိ၍ မဲဆႏၵနယ္ အသီးသီးကို ကိုယ္စားျပဳေသာ ကိုယ္စားလွယ္မ်ားပါဝင္သည္။ စင္ကာပူႏိုင္ငံ ဖြဲ႕စည္းပုံအေျခခံဥပေဒအရ ႏိုင္ငံေရးစနစ္ကို ကိုယ္စားျပဳပါဝင္ေသာ ဒီမိုကေရစီစနစ္အျဖစ္ ျပဌာန္းထားသည္။ ဖရီးဒမ္း ေဟာက္စ္မွ စင္ကာပူအား ကမၻာ့လြတ္လပ္မႈ အစီရင္ခံစာတြင္ တစ္စိတ္တစ္ပိုင္း လြတ္လပ္ေသာ ႏိုင္ငံအျဖစ္ ေဖာ္ျပထားၿပီး အီေကာ္ေနာမစ္ မဂၢဇင္းကမူ စင္ကာပူ ႏိုင္ငံအား ဒီမိုကေရစီ ၫႊန္းကိန္းတြင္ ၄ ဆင့္ ရွိသည့္ အနက္ တတိယ အဆင့္ အျဖစ္ သတ္မွတ္ထားသည္။ စင္ကာပူအား အျပည္ျပည္ဆိုင္ရာ ပြင့္လင္းျမင္သာမႈ အဖြဲ႕မွ ကမၻာေပၚတြင္ ျခစားမႈ အကင္းဆုံး ႏိုင္ငံ အျဖစ္ အစဥ္တစိုက္ သတ္မွတ္ေလ့ ရွိသည္။

အုပ္ခ်ဳပ္ေရးအာဏာသည္ ဝန္ႀကီးခ်ဳပ္ႏွင့္ သမၼတ ဦးေဆာင္ေသာ အစိုးရ အဖြဲ႕တြင္ ရွိသည္။ သမၼတအား တစ္ႏိုင္ငံလုံးမွ မဲစနစ္ျဖင့္ ေ႐ြးခ်ယ္ေလ့ ရွိၿပီး ႏိုင္ငံေတာ္၏ပိုင္ဆိုင္မႈမ်ား ႏွင့္ တရားသူႀကီးမ်ား ေ႐ြးခ်ယ္ျခင္းစေသာ ကိစၥရပ္မ်ား ႏွင့္ ပတ္သက္လၽွင္ ဗီတိုအာဏာ က်င့္သုံးႏိုင္ေသာ အခြင့္ရွိၿပီး က်န္ေသာအခ်ိန္မ်ားတြင္မူ ျပယုဂ္ရာထူးတစ္ခုသာလၽွင္ ျဖစ္သည္။

စင္ကာပူႏိုင္ငံ၏ ဥပေဒမွာ အဂၤလိပ္ အမ်ားသုံး ဥပေဒကို အေျခခံထားေသာ္လည္း ကြဲလြဲခ်က္အခ်ိဳ႕ရွိသည္။ ၁၉၇၀ ခုႏွစ္တြင္ ဂ်ဴရီလူႀကီးမ်ားျဖင့္ ဆုံးျဖတ္ေသာ စနစ္ကို ဖ်က္သိမ္းခဲ့ၿပီး တရားစီရင္ျခင္းကို တရားသူႀကီး တစ္ဦးကသာ ဆုံးျဖတ္ေတာ့သည္။ စင္ကာပူတြင္ ႐ုပ္ပိုင္းဆိုင္ရာ ျပစ္ဒဏ္ေပးမႈမ်ား ရွိၿပီး မုဒိမ္းမႈ၊ အဓိက႐ုဏ္းမႈ၊ ဖ်က္ဆီးမႈႏွင့္ အခ်ိဳ႕ေသာ လူဝင္မႈႀကီးၾကပ္ေရးဆိုင္ရာျပစ္မႈမ်ား အတြက္ ႀကိမ္ဒဏ္ေပးေသာ စနစ္ ရွိသည္။ လူသတ္မႈႏွင့္ အခ်ိဳ႕ေသာ မူးယစ္ေဆးဝါးေရာင္းဝယ္မႈ၊ ေသနတ္ႏွင့္ပတ္သက္ေသာ ျပစ္မႈမ်ားအတြက္ မေပးမေနရ ေသဒဏ္စနစ္ ရွိသည္။ အျပည္ျပည္ဆိုင္ရာ လူ႕အခြင့္အေရးအဖြဲ႕၏ အဆိုအရ အခ်ိဳ႕ေသာ တရားဥပေဒက်င့္သုံးမႈမ်ားမွာ အျပစ္ရွိေၾကာင္းမျပႏိုင္မခ်င္း အျပစ္ကင္းမဲ့သည္ ဆိုေသာ တရားခံ၏ ရပိုင္ခြင့္ႏွင့္ ပတ္သက္၍ ႐ႈပ္ေထြးမႈမ်ား ရွိသည္ဟု ဆိုထားၿပီး ကမၻာေပၚတြင္ လူဦးေရ အခ်ိဳးအစားအရ တြက္ၾကည့္လၽွင္ ေသဒဏ္ေပးမႈ အျမင့္မားဆုံး ျဖစ္သည္ဟု ဆိုထားသည္။ အစိုးရက လူ႕အခြင့္အေရး အဖြဲ႕၏ ေျပာၾကားခ်က္ကို ျပန္လည္ ျငင္းခ်က္ ထုတ္ခဲ့သည္။ ၂၀၀၈ ခုႏွစ္ စစ္တမ္းအရ အျပည္ျပည္ဆိုင္ရာ စီးပြားေရးဆိုင္ရာ ဝန္ထမ္းမ်ားက အာရွ၌ စင္ကာပူ ႏွင့္ ေဟာင္ေကာင္တို႔တြင္ အေကာင္းဆုံး တရားစီရင္ေရး စနစ္ ရွိသည္ဟု ယုံၾကည္ၾကသည္။

စင္ကာပူႏိုင္ငံ၏ စစ္တပ္သည္ မည္သို႔ပင္ ဆိုေစကာမူ အေရွ႕ေတာင္ အာရွတြင္ နည္းပညာ အားျဖင့္ အျမင့္မားဆုံး စစ္တပ္ ျဖစ္သည္။ စင္ကာပူ စစ္တပ္တြင္ စစ္ကာပူ ၾကည္းတပ္၊ စင္ကာပူ သမၼတႏိုင္ငံ ေရတပ္ ႏွင့္ စင္ကာပူ သမၼတႏိုင္ငံ ေလတပ္တို႔ ပါဝင္သည္။ စင္ကာပူ စစ္တပ္သည္ ႏိုင္ငံ၏ လြတ္လပ္ေရးကို အာမခံေပးသူ အျဖစ္ ႐ႈျမင္ၾကသည္။စင္ကာပူ၏ စစ္ေရးဆိုင္ရာ အေတြးအေခၚမွာ သံတမန္ေရး ႏွင့္ တားဆီးကာကြယ္ေရး အတြက္ ရည္႐ြယ္သည္။ ထိုအယူအဆမွ ယဥ္ေက်းမႈ အျဖစ္ အသြင္ေျပာင္းၿပီး ႏိုင္ငံသားတိုင္း ႏိုင္ငံ ကာကြယ္ေရး အတြက္ ပါဝင္ ေဆာင္႐ြက္ၾကသည္။အစိုးရသည္ ႏိုင္ငံ ဂ်ီဒီပီ၏ ၄.၉% ကို စစ္တပ္ အတြက္ အသုံးျပဳၿပီး အစိုးရ သုံးစြဲေသာ ေငြ ၄ ေဒၚလာတြင္ ၁ ေဒၚလာမွာ ကာကြယ္ေရး အတြက္ ျဖစ္သည္

စင္ကာပူ စစ္တပ္သည္ သမာ႐ိုးက်ႏွင့္ သမာ႐ိုးက် မဟုတ္ေသာ စစ္ပြဲမ်ား အတြင္း ျပသနာေပါင္း မ်ားစြာကို ေျဖရွင္းေပးႏိုင္ရန္ ေလ့က်င့္ ေပးထားသည္။ ကာကြယ္ေရး သိပၸံ ႏွင့္ နည္းပညာ ေအဂ်င္စီသည္ စစ္တပ္ႏွင့္ ဆိုင္ေသာ အရင္းအျမစ္မ်ား ဝယ္ယူရန္ တာဝန္ရွိသူ ျဖစ္သည္။ စင္ကာပူ၏ ပထဝီ အေနအထား အရ စင္ကာပူ စစ္တပ္အေနျဖင့္ တိုက္ခိုက္မႈကို အျပည့္အဝ တြန္းလွန္ႏိုင္ရန္ ျပင္ဆင္ ထားရၿပီး ဆုတ္ခြာရန္ ႏွင့္ ျပန္လည္ စုစည္းရန္ မျဖစ္ႏိုင္ေပ။ လူဦးေရ အနည္းငယ္မၽွသာ ရွိျခင္းကလည္း စင္ကာပူ စစ္တပ္၏ ဖြဲ႕စည္းပုံကို သက္ေရာက္မႈ ရွိေစသည္။ အၿမဲတမ္း စစ္သား အနည္းငယ္သာ ရွိၿပီး အရန္အင္အားမွာ အမ်ား အျပား ရွိသည္။

စင္ကာပူတြင္ သန္စြမ္းေသာ ေယာက္်ားေလးတိုင္း ၁၈ ႏွစ္တြင္ စစ္မႈ မထမ္း မေနရ အမိန္႔ စတင္သည္။ ရာဇဝတ္မွတ္တမ္း ရွိသူမ်ားႏွင့္ ၎တို႔ မရွိသည့္ အခ်ိန္တြင္ မိသားစု အတြက္ အခက္အခဲမ်ား ခံစားရႏိုင္ေၾကာင္း သက္ေသျပႏိုင္သူမ်ားသာ လြတ္ကင္းသည္။ တကၠသိုလ္ အႀကိဳ ပညာေရးကို မၿပီးဆုံးေသးသူမ်ား ႏွင့္ အမ်ားျပည္သူ ဆိုင္ရာ ဝန္ေဆာင္မႈ ေကာ္မရွင္မွ စေကာ္လာရွစ္ ရရွိထားသူမ်ား အေနႏွင့္ စစ္မႈ မထမ္းမေနရ အခ်ိန္ကို ေ႐ႊ႕ဆိုင္းႏိုင္သည္။ စစ္မႈမထမ္း မေနရ မဟုတ္ေသာ္လည္း စင္ကာပူ စစ္တပ္ အတြင္း မိန္းကေလး ဦးေရမွာ မ်ားျပားလာလၽွက္ ရွိသည္။ ပင္မ ကၽြန္းမႀကီးေပၚတြင္ ေျမေနရာလြတ္ ရွားပါးေသာေၾကာင့္ က်ည္ဆံ အစစ္ျဖင့္ ေသနတ္ပစ္ျခင္း ႏွင့္ ကမ္းတက္ တိုက္ပြဲ ေလ့က်င့္ျခင္း အစရွိေသာ ေလ့က်င့္မႈမ်ားကို အရပ္သားမ်ား ဝင္ေရာက္ရန္ တားျမစ္ထားေသာ ကၽြန္းငယ္ကေလးမ်ားေပၚတြင္ ျပဳလုပ္ေလ့ ရွိသည္။ ထို႔အတြက္ေၾကာင့္ ကၽြန္းမႀကီး ႏွင့္ ၿမိဳ႕အား အႏၲရာယ္ က်ေရာက္မႈမွ ေရွာင္ရွားႏိုင္သည္။ သို႔ေသာ္လည္း ႀကီးမားေသာ ေလ့က်င့္မႈမ်ား အတြက္ ထိုေနရာမ်ားတြင္ ျပဳလုပ္ရန္ အႏၲရာယ္ ရွိသျဖင့္ ၁၉၇၅ မွစ၍ ထိုသို႔ေသာ ေလ့က်င့္မႈမ်ားကို ထိုင္ဝမ္တြင္ ျပဳလုပ္ေလ့ ရွိသည္။ေလ့က်င့္မႈမ်ားကို အျခားေသာ ႏိုင္ငံ တစ္ဒါဇင္ခန္႔တြင္လည္း ျပဳလုပ္ၾကသည္။ ေယဘုယ်အားျဖင့္ ႏိုင္ငံျခား စစ္တပ္မ်ားႏွင့္ တြဲဖက္ ေလ့က်င့္မႈကို တစ္ပတ္လၽွင္ တစ္ႀကိမ္ ႏွစ္ႀကိမ္မၽွ ျပဳလုပ္ေလ့ ရွိသည္။

စင္ကာပူသည္ အခ်ိဳ႕ေသာ စီးပြားေရး က႑မ်ားတြင္ ကမၻာ့ ေရွ႕ေဆာင္ ႏိုင္ငံတစ္ႏိုင္ငံ အျဖစ္တည္ရွိသည္။ စင္ကာပူသည္ ကမၻာ့ စတုတၳေျမာက္ ဦးေဆာင္ဦး႐ြက္ျပဳရာ ေငြေၾကးဌာန တစ္ခု ျဖစ္ၿပီး ကမၻာေပၚတြင္ ဒုတိယေျမာက္ အႀကီးဆုံး ကက္စီႏို ေလာင္းကစား ျပဳရာ ေနရာ ျဖစ္သည့္အျပင္ ကမၻာေပၚရွိ ထိပ္တန္း ေရနံခ်က္လုပ္ရာ ေနရာ သုံးခုတြင္ တစ္ခု အပါအဝင္ ျဖစ္ၿပီး ကမၻာေပၚတြင္ အမ်ားဆုံး ေရနံတူးစင္ ထုတ္လုပ္ရာ ႏွင့္ သေဘၤာမ်ား ျပင္ဆင္ေရး အတြက္ အဓိက ေနရာတစ္ခုလည္း ျဖစ္သည္။ကမၻာ့ဘဏ္မွ စင္ကာပူႏိုင္ငံအား ကမၻာေပၚတြင္ စီးပြားေရး လုပ္ရန္ အလြယ္ကူဆုံး ေနရာ တစ္ခု အျဖစ္ သတ္မွတ္ေဖာ္ျပခဲ့ၿပီး ကမၻာေပၚတြင္ ထိပ္ဆုံး ေထာက္ပံ့ပို႔ေဆာင္ေရး ဌာန တစ္ခု အျဖစ္ အဆင့္သတ္မွတ္ ခဲ့သည္။ စတုတၳအႀကိမ္ ထုတ္ ကမၻာလုံးဆိုင္ရာ စိမ္းလန္းေသာ စီးပြားေရး ၫႊန္းကိန္းမွ ကၽြမ္းက်င္သူမ်ားမွ စင္ကာပူအား ကမၻာေပၚတြင္ သတၱမေျမာက္ အစိမ္းလန္းဆုံး ၿမိဳ႕ေတာ္ တစ္ခု အျဖစ္ အဆင့္သတ္မွတ္ခဲ့သည္။

စင္ကာပူ၏ အႀကီးဆုံး ကုမၸဏီမ်ားမွာ ဆက္သြယ္ေရး၊ ဘဏ္လုပ္ငန္း၊ သယ္ယူပို႔ေဆာင္ေရး ႏွင့္ ကုန္ထုတ္လုပ္ေရး က႑မ်ားတြင္ ပါဝင္ကာ အမ်ားစုမွာ ႏိုင္ငံေတာ္မွ ဦးေဆာင္ဦး႐ြက္ျပဳ လုပ္ကိုင္ရာ စီးပြားေရး လုပ္ငန္းမ်ား ျဖစ္ၿပီး စင္ကာပူ စေတာ့ခ္ အိတ္ခ်ိန္းတြင္ ရွယ္ယာ အေရာင္းအဝယ္ျပဳၾကသည္။ ၎တို႔ ထဲတြင္ ဆင္းတဲလ္ ေခၚ စင္ကာပူ ဆက္သြယ္ေရး ကုမၸဏီ၊ စင္ကာပူ တက္ခေနာ္ေလာ္ဂ်ီ အင္ဂ်င္နီယာရင္း၊ ကပ္ပဲလ္ ေကာ္ပိုေရးရွင္း၊ အိုစီဘီစီ ေခၚ ျပည္ပတ႐ုတ္ဘဏ္လုပ္ငန္း ေကာ္ပိုေရးရွင္း၊ ဒီဘီအက္စ္ ေခၚ စင္ကာပူ ဖြံ႕ၿဖိဳးတိုးတက္ေရးဘဏ္၊ ယူအိုဘီ ေခၚ စည္းလုံးေသာ ျပည္ပဘဏ္ စသည့္ ကုမၸဏီမ်ား ပါဝင္သည္။ ၂၀၁၁ ခုႏွစ္ ကမၻာ့ စီးပြားေရး မတည္ၿငိမ္မႈ မ်ား အတြင္းတြင္ပင္ ဘလြန္းဘတ္၏ စစ္တမ္းအရ အိုစီဘီစီ၊ ဒီဘီအက္စ္ ႏွင့္ ယူအိုဘီ ဘဏ္မ်ားကို ကမၻာ့ နံပါတ္ ၁၊ ၅ ႏွင့္ ၆ တို႔ အေနႏွင့္ အသီးသီး အဆင့္သတ္မွတ္ ေဖာ္ျပခံခဲ့ရသည္။

ကမၻာလွည့္ ခရီးသြားလုပ္ငန္းမွာလည္း စီးပြားေရး၏ ႀကီးမားေသာ အစိတ္အပိုင္း တစ္ခုျဖစ္ၿပီး ၂၀၁၄ ခုႏွစ္တြင္ ကမၻာလွည့္ ခရီးသြားေပါင္း ၁၅ သန္းေက်ာ္တို႔ စင္ကာပူသို႔ လာေရာက္ လည္ပတ္ခဲ့ၾကသည္။ စင္ကာပူသည္ ပညာေရး အခ်က္အျခာ ဌာန တစ္ခုလည္း ျဖစ္ၿပီး ၂၀၀၆ ခုႏွစ္တြင္ ႏိုင္ငံတကာ ေက်ာင္းသားေပါင္း ၈၀,၀၀၀ ေက်ာ္ လာေရာက္ ပညာသင္ၾကား ၾကသည္။ စင္ကာပူသည္ ဖြံ႕ၿဖိဳးၿပီးႏိုင္ငံမ်ား ထဲတြင္ က်န္းမာေရးအသုံးစရိတ္ နည္းပါးေသာ ႏိုင္ငံ ျဖစ္ေသာ္လည္း ေယဘုယ်အားျဖင့္ ထိေရာက္သည့္ က်န္းမာေရး ေစာင့္ေရွာက္မႈ စနစ္ ရွိသည္။ ကမၻာ့ က်န္းမာေရး အဖြဲ႕မွ ကမၻာ့ က်န္းမာေရး အစီရင္ခံစာတြင္ စင္ကာပူ၏ က်န္းမာေရး ေစာင့္ေရွာက္မႈ စနစ္အား ကမၻာ့ အဆင့္ ၆ အျဖစ္ သတ္မွတ္ခဲ့သည္။ ေယဘုယ် အားျဖင့္ စင္ကာပူသည္ ယခင္ ဆယ္စုႏွစ္ ၂ ခု အတြင္း ကမၻာေပၚတြင္ ေမြးကင္းစ ကေလး ေသဆုံးမႈႏႈန္း အနည္းဆုံး ႏိုင္ငံတစ္ႏိုင္ငံလည္း ျဖစ္သည္။

စင္ကာပူတြင္ အင္တာနက္ ခ်ိတ္ဆက္မႈကို အင္တာနက္ ဝန္ေဆာင္သူမ်ားမွ ျပဳလုပ္ေပးၾကၿပီး ၁ စကၠန္႔လၽွင္ ၁ ဂစ္ဂါဘိုက္ အထိ ရွိေသာ အိမ္သုံး အင္တာနက္မ်ားကို တပ္ဆင္ေပးသည္။ ထိုသို႔ ဂစ္ဂါဘစ္ အထိ ျမန္ႏႈန္း ရွိေသာ ကြန္ယက္မ်ားေၾကာင့္ ပို႔ကုန္ တင္ပို႔မႈကို တိုးျမႇင့္ႏိုင္ခဲ့ၿပီး ၂၀၀၆ တြင္ အလုပ္ေပါင္း ၈၀,၀၀၀ ေက်ာ္ကို ဖန္တီး ေပးႏိုင္ခဲ့သည္။မိုဘိုင္းဖုန္း အသုံးျပဳမႈမွာ အလြန္ျမင့္မားၿပီး လူ ၁၀၀ လၽွင္ မိုဘိုင္းဖုန္း ၁၄၈ လိုင္း ရွိသည္။ စင္ကာပူသည္ လူဦးေရ အလြန္သိပ္သည္းေသာ ေသးငယ္ေသာ ကၽြန္းကေလး တစ္ကၽြန္း ျဖစ္သျဖင့္ ပတ္ဝန္းက်င္ ညစ္ညမ္းမႈ ေလၽွာ႔ခ်ႏိုင္ရန္ ႏွင့္ ယာဥ္ေၾကာပိတ္ဆို႔မႈကို ေလၽွာ႔ခ်ႏိုင္ရန္ လမ္းမ်ားေပၚတြင္ သြားလာေနေသာ ကိုယ္ပိုင္ကား စီးေရကို ကန္႔သတ္ ထားသည္။ ကားဝယ္ယူသူမ်ားသည္ ကားတန္ဖိုး၏ ေဈးကြက္ေပါက္ေဈး တစ္ဆခြဲမၽွေသာ အခြန္ကို ေပးေဆာင္ရၿပီး စင္ကာပူ စီအိုအီး ေခၚ ကားပိုင္ဆိုင္ခြင့္ လက္မွတ္ကို ေလလံဆြဲ ဝယ္ယူရၿပီး ထိုလက္မွတ္ ရွိပါက ကားကို လမ္းမေပၚတြင္ ဆယ္စုႏွစ္ တစ္ခုစာမၽွ ေမာင္းႏွင္ ႏိုင္သည္။ စင္ကာပူ ကားပိုင္ဆိုင္ခြင့္ လက္မွတ္တစ္ခု၏ တန္ဖိုးျဖင့္ပင္ အေမရိကန္ျပည္ေထာင္စုတြင္ ေပါ့ရွ္ ေဘာက္စတာ ကားတစ္စင္း ဝယ္ယူႏိုင္သည္။ စင္ကာပူရွိ ကားတန္ဖိုးမွာ အျခား အဂၤလိပ္စကား ေျပာေသာ ႏိုင္ငံမ်ားထက္ သိသိသာသာပင္ မ်ားျပားသည္။ အျခားေသာ ဓနသဟာယႏိုင္ငံမ်ား ကဲ့သို႔ပင္ လမ္းေပၚရွိ ကားမ်ား ႏွင့္ လမ္းေပၚတြင္ ေလၽွာက္ေသာသူမ်ား လက္ဝဲဘက္သို႔ ကပ္၍ သြားၾကသည္။

စင္ကာပူတြင္ လူတိုင္း ေရေကာင္းေရသန္႔ကို သင့္တင့္ေသာ ေဈးျဖင့္ လုံေလာက္စြာ ရရွိႏိုင္သည္။ ထူးျခားဆန္းသစ္ေသာ ေရကို စီမံခန္႔ခြဲမႈ နည္းလမ္းမ်ားျဖစ္သည့္ သုံးၿပီးသားေရကို ျပန္လည္ သုံးစြဲျခင္း၊ မိုးေရကို သိုေလွာင္ထားေသာ ကန္႔သတ္ နယ္ေျမမ်ားကို တည္ေဆာက္ျခင္း၊ ျမစ္ဝ ေနရာကို ေရခ်ိဳ သိုေလွာင္ရာ ေနရာ အျဖစ္ အသုံးျပဳျခင္း၊ ပင္လယ္ေရမွ ဆားကို ဖယ္ထုတ္ျခင္း စသည့္နည္းလမ္းကို ေပါင္းစပပ္ အသုံးျပဳျခင္းျဖင့္ အိမ္နီးခ်င္း မေလးရွားႏိုင္ငံမွ တင္ပို႔ေသာ ေရကို မွီခိုေနျခင္းကို ေလၽွာ႔ခ် ႏိုင္ရန္ ျပဳလုပ္ၾကသည္။

၂၀၁၅ ခုႏွစ္ ႏွစ္လည္တြင္ စင္ကာပူ၏ ခန္႔မွန္း လူဦးေရမွာ ၅,၅၃၅,၀၀၀ ဦး ရွိၿပီး ၃,၃၇၅,၀၀ ဦး(၆၀.၉၈%) မွာ စင္ကာပူႏိုင္ငံသားမ်ား ျဖစ္ၾကသည္။ က်န္ရွိေနေသာ ၂,၁၆၀,၀၀၀ ဦး (၃၉.၀၂%) တြင္ အၿမဲတမ္း ေနထိုင္သူ ၅၂၇,၇၀၀ ဦး ၊ ႏိုင္ငံျခား ေက်ာင္းသား၊ အလုပ္သမား၊ မွီခိုသူေပါင္း ၁,၆၃၂,၃၀၀ ဦး မၽွရွိသည္။ ၂၀၁၀ ခုႏွစ္ ႏိုင္ငံ၏ ေနာက္ဆုံး ေကာက္ခံသည့္ လူဦးေရ စာရင္းတြင္ စင္ကာပူ ႏိုင္ငံသားႏွင့္ အၿမဲတမ္းေနထိုင္သူတို႔၏ ၂၃% မွာ ျပည္ပတြင္ ေမြးဖြားသူမ်ား ျဖစ္ၾကသည္။ စင္ကာပူ ႏိုင္ငံသား၏ ၁၀% မွာ ႏိုင္ငံျခားတြင္ ေမြးဖြားၿပီး ႏိုင္ငံသား အျဖစ္ေျပာင္းလဲလာသူမ်ားဟု ဆိုႏိုင္သည္။ ႏိုင္ငံျခားသားမ်ားကိုပါ ထည့္၍ ေရတြက္မည္ ဆိုလၽွင္ ႏိုင္ငံအတြင္း ေနထိုင္သူ၏ ၄၃% မွာ ႏိုင္ငံျခားတြင္ ေမြးဖြားသူမ်ား ျဖစ္ၾကသည္။ ထိုလူဦးေရ စာရင္းမွ သိရေသာ အျခား အစီရင္ခံခ်က္ တစ္ခုမွာ ႏိုင္ငံအတြင္း ေနထိုင္သူမ်ား၏ ၇၄.၁% မွာ တ႐ုတ္လူမ်ိဳး၊ ၁၃.၄% မွာ မေလးလူမ်ိဳး၊ ၉.၂ % မွာ အိႏၵိယ လူမ်ိဳး ႏွင့္ အျခား ၃.၃% မွာ ယူေရးရွန္း အပါအဝင္ အျခား လူမ်ိဳးမ်ား ျဖစ္သည္။

ဗုဒၶဘာသာသည္ စင္ကာပူတြင္ ကိုးကြယ္သူ အမ်ားဆုံး ဘာသာတစ္ခုျဖစ္ၿပီး ေနာက္ဆုံး လူဦးေရ စာရင္းအရ ေနထိုင္သူ၏ ၃၃% သည္ ဗုဒၶဘာသာ ကိုးကြယ္သူမ်ား အျဖစ္ ေၾကျငာၾကသည္။ ဒုတိယေျမာက္ ကိုးကြယ္သူ အမ်ားဆုံး ဘာသာမွာ ခရစ္ယာန္ဘာသာ ျဖစ္ၿပီး ၎၏ ေနာက္တြင္ အစၥလာမ္ဘာသာ ၊ တာအိုဘာသာ၊ ဟိႏၵဴဘာသာ တို႔က အစဥ္လိုက္ ရွိသည္။ လူဦးေရ၏ ၁၇% မွာ မည္သည့္ဘာသာကိုမၽွ မကိုးကြယ္ေပ။ ၂၀၀၀ ခုႏွစ္ ႏွင့္ ၂၀၁၀ ခုႏွစ္ ၾကားတြင္ ခရစ္ယာန္၊ တာအိုဘာသာ ႏွင့္ ဘာသာမဲ့ ဦးေရမွာ ၃% စီ တိုးတက္လာခဲ့သျဖင့္ ဗုဒၶဘာသာ ကိုးကြယ္သူ ရာႏႈန္းမွာ ေလ်ာ့နည္း သြားခဲ့သည္။ အျခားေသာ ကိုးကြယ္ ယုံၾကည္မႈမ်ား၏ ရာခိုင္ႏႈန္းမွာ ယခင္ အတိုင္း ဆက္လက္ တည္ရွိေနခဲ့သည္။ ျပဴး သုေတသန ဌာန၏ ေလ့လာ ဆန္းစစ္ ခ်က္ အရ စင္ကာပူႏိုင္ငံသည္ ကမၻာေပၚတြင္ ဘာသာတရား အမ်ိဳးမ်ိဳး ကြဲျပားျခားနားရာ အမ်ားဆုံး ႏိုင္ငံတစ္ႏိုင္ငံ အျဖစ္ ေတြ႕ရသည္။

စင္ကာပူတြင္ အဂၤလိပ္၊ မေလး၊ မန္ဒရင္ တ႐ုတ္ ႏွင့္ ကလယ္ ဟူ၍ ဘာသာစကား ေလးမ်ိဳး ရွိသည္။ အဂၤလိပ္ ဘာသာစကားမွာ အမ်ားသုံး ဘာသာစကားျဖစ္ၿပီး စီးပြားေရးလုပ္ငန္းသုံး၊ အစိုးရသုံး ႏွင့္ ေက်ာင္းမ်ားတြင္ သင္ၾကားပို႔ခ်ရာ ၾကားခံဘာသာစကား ျဖစ္သည္။ စင္ကာပူႏိုင္ငံသည္ ပုံမွန္အားျဖင့္ ကမၻာေပၚရွိ ဖြံ႕ၿဖိဳးၿပီး ႏိုင္ငံမ်ားတြင္ အလုပ္လက္မဲ့ႏႈန္း အနည္းဆုံး ႏိုင္ငံတစ္ႏိုင္ငံ ျဖစ္သည္။ ယခင္ ဆယ္စုႏွစ္ မ်ားအတြင္း စင္ကာပူႏိုင္ငံ၏ အလုပ္လက္မဲ့ႏႈန္းမွာ ၄% ထက္ မေက်ာ္ခဲ့ေပ။ ၂၀၀၉ ခုႏွစ္ ကမၻာ့ စီးပြားပ်က္ကပ္ အတြင္း အျမင့္ဆုံး ၃% သို႔ တိုးတက္ခဲ့ၿပီး ၂၀၁၅ တြင္ ၁.၈% သို႔ ျပန္လည္ ေလ်ာ့က် သြားခဲ့သည္။

စင္ကာပူသည္ ကမၻာေပၚတြင္ မူးယစ္ေဆးဝါး သုံးစြဲမႈ အနည္းဆုံး ႏိုင္ငံ တစ္ႏိုင္ငံ ျဖစ္သည္။ ယဥ္ေက်းမႈအားျဖင့္ မူးယစ္ေဆးဝါး သုံးစြဲမႈကို စင္ကာပူ ႏိုင္ငံ သားမ်ားက အလြန္မလိုလားအပ္ေသာ အရာတစ္ခု အျဖစ္ ႐ႈျမင္ၾကသျဖင့္ ဥေရာပ လူ႕အဖြဲ႕အစည္းမ်ား ႏွင့္ မတူေပ။ စင္ကာပူ ႏိုင္ငံသားတို႔ မူးယစ္ေဆးဝါး အေပၚ မလိုလားမႈမွာ အခ်ိဳ႕ေသာ ျပင္းထန္သည့္ မူးယစ္ေဆးဝါး ေရာင္းဝယ္ေဖာက္ကားမႈ မ်ားအတြက္ မေပးမေနရ ေသဒဏ္ သတ္မွတ္ထားေသာ ဥပေဒေၾကာင့္ ျဖစ္သည္။ စင္ကာပူတြင္ လူဦးေရ အခ်ိဳးအစားအားျဖင့္ အနိမ့္ဆုံး အရက္ေသာက္သည့္ ႏႈန္း ရွိၿပီး ၾကမ္းတမ္းသည့္ ရာဇဝတ္မွာမ်ားလည္း အနည္းဆုံးျဖစ္ကာ တကမၻာလုံးတြင္ ရည္႐ြယ္ခ်က္ ရွိစြာ လူသတ္မႈ အနိမ့္ဆုံးေသာ ႏိုင္ငံ ျဖစ္သည္။ ပ်မ္းမၽွ အရက္ေသာက္ႏႈန္းမွာ လူႀကီး တစ္ေယာက္လၽွင္ တစ္ႏွစ္ ၂ လီတာမၽွ ျဖစ္သျဖင့္ တကမၻာလုံးတြင္ အနိမ့္ဆုံး ႏိုင္ငံ တစ္ႏိုင္ငံ ျဖစ္သည္။

ႏိုင္ငံျခားသားမ်ားသည္ လူဦးေရ၏ ၄၂% မၽွ ရွိၿပီး စင္ကာပူ၏ ယဥ္ေက်းမႈ ေပၚတြင္ မ်ားစြာ လႊမ္းမိုးမႈ ရွိသည္။ စီးပြားေရး ဉာဏ္ရည္ဉာဏ္ေသြး ဌာန၏ ၂၀၁၃ ခု မည္သည့္ေနရာတြင္ေမြးဖြားသင့္သနည္း ကိန္းၫႊန္းတြင္ စင္ကာပူအား အာရွတြင္ အေကာင္းဆုံး ဘဝအရည္အေသြး ရွိရာ ေနရာႏွင့္ တကမၻာလုံးတြင္ ဆဌမေျမာက္ ဘဝအရည္အေသြး ရွိရာ ေနရာဟု အဆင့္သတ္မွတ္ ေဖာ္ျပထားသည္။

http://www.schools.com.sg/articles/aboutSingapore.asp
https://freedomhouse.org/report/freedom-world/2013/singapore
Myanmar Wikipedia

————–

စင်ကာပူနိုင်ငံ အကြောင်း သိကောင်းစရာ (unicode)

Singapura (စင်ဂါပူရ) ခေါ်သောနာမ သည် မလေးဘာသာစကား Singapura မှ ဆင်းသက်လာပြီး ကလယ်နှင့် သက္ကတဘာသာ(“ခြင်္သေ့”၊ သီဟ) နှင့် புர पुर pura (“မြို့”၊ ပူရ)) တွင် အရင်းခံသည်။ မလေးရာဇဝင်အရ ထိုနာမည်သည် ၁၄ ရာစုနှစ် စန်းနီလာအုတ္တမခေါ်သော စူမတြန်မင်းသားသည် ကျွန်းတွင်သင်္ဘောဆိုက်ပြီး မင်္ဂလာနရားတွေ့ခဲ့သောကြောင့် စင်ဂါ (ခြင်္သေ့) ဟုနာမည်မှည့်ခဲ့သည် ဟုဆိုသည်။ သို့သော် လတ်တလော ရှာဖွေတွေ့ရှိချက်များအရ ခြင်္သေ့သည် ဘယ်သောအခါမှ နေထိုင်ခဲ့ဖူးခြင်း မရှိကြောင်းသိရသည်။ ယုတ်စွအဆုံး အာရှခြင်္သေ့ပင် နေထိုင်ခဲ့ဖူးခြင်းမရှိပေ။ ထို့ကြောင့် စန်းနီလာအုတ္တမ မြင်ခဲ့ရသော သားရဲတိရစ္ဆာန်မှာ ကျား သာဖြစ်နိုင်သည်။ ဖြစ်နိုင်ခြေမှာ မလေးရှားကျား ဖြစ်သည်။

စင်ကာပူနိုင်ငံနှင့် ပတ်သတ်သော ပထမဦးဆုံး အခြေချနေထိုင်မှု သမိုင်းကြောင်းမှာ အေဒီ ၂ရာစုတွင်ဖြစ်သည်။ စင်ကာပူကျွန်းသည် စူမာတယန် ဆရီဝိဂျာယ (Sumatran Srivijaya) အင်ပါယာ၏ အစွန်အဖျားဖြစ်ပြီး မူလပထမအားဖြင့် ဂျာဗားကျွန်းသား စကားဖြင့် တီမားဆက် (Temasek) (ပင်လယ်မြို့) ဟုခေါ်သည်။ တီမားဆက်သည် လျှင်မြန်စွာပင် ကုန်သွယ်မှုအတွက် အခြေချနေထိုင်ရာ ဖြစ်လာခဲ့သော်လည်း ၁၄ရာစုအတွင်းတွင် ဆုတ်ယုတ်ပျက်စီးလာခဲ့သည်။ ရှေးဟောင်း တီမားဆက်ခေတ်မှ အကြွင်းအကျန်မှာ အနည်းငယ်သာရှိသော်လည်း စင်ကာပူမှ ရှေးဟောင်းသုတေသနပညာရှင်တို့က တီမားဆက် နှင့် အခြားခေတ်မှ လက်မှုပစ္စည်းအချို့ကို ရှာဖွေတွေ့ရှိခဲ့ကြသည်။ ၁၆ ရာစုနှင့် ၁၉ ရာစုအစောပိုင်းတွင် စင်ကာပူကျွန်းသည် ဂျဟိုးစူလတန်၏နယ်မြေ (Sultanate of Johor) အတွင်းတွင် ပါဝင်သည်။ ၁၆၁၃ ခုနှစ် မလေး-ပေါ်တူဂီစစ်ပွဲအတွင်းတွင် အခြေချနေထိုင်ရာနေရာအားလုံးကို ပေါ်တူဂီတပ်များက မီးရှို့ဖျက်ဆီးခဲ့သည်။ ထိုရာစုနှစ်အတွင်းတွင် စင်ကာပူကျွန်းကို ပေါ်တူဂီတို့က ဆက်လက် ထိန်းချုပ်ခဲ့ကြပြီး ၁၇ ရာစုတွင် ဒတ်ခ်ျတို့က ထိန်းချုပ်ခဲ့ကြသည်။ ထိုအချိန်များတွင် ကျွန်းပေါ်တွင် နေထိုင်သူများသည် အဓိကအားဖြင့် ငါးဖမ်းသမားများသာ ဖြစ်သည်။

၁၈၂၄ ခုနှစ်အထိ စင်ကာပူသည် မလေးစူလတန်အုပ်ချုပ်သောနယ်မြေ ဖြစ်ခဲ့ပြီး ၁၈၂၄ ခုနှစ် ဩဂုတ်လတွင်မှ ဗြိတိသျှကိုလိုနီအဖြစ် တရားဝင်ဖြစ်လာခဲ့သည်။ စင်ကာပူကျွန်း၌ ဒုတိယမြောက်အခြေချနေထိုင်သူ ဂျွန်ကရောဖို့ဒ်သည် စင်ကာပူကျွန်းကို အရှေ့အိန္ဒိယကုမ္ပဏီသို့လွှဲပြောင်းပေးရန် စူလတန်ဟူစိန်ရှားနှင့် သဘောတူညီချက်စာချုပ်ကို ၁၈၂၄ ခုနှစ် ဩဂုတ်လ ၂ ရက်နေ့တွင် ချုပ်ဆိုခဲ့ပြီး စင်ကာပူကျွန်းတစ်ခုလုံးကို ဗြိတိသျှပိုင် ဖြစ်လာစေခဲ့သည်။ ထိုအချိန်မှစ၍ စင်ကာပူကျွန်း၏ ခေတ်သစ်တစ်ခေတ်စခဲ့သည်။ ဗြိတိသျှ အိန္ဒိယရုံးသည် ၁၈၅၈ ခုနှစ်မှစ၍ အုပ်ချုပ်ခဲ့သော်လည်း စင်ကာပူ သည် ၁၈၆၇ ခုနှစ်တွင် မှ ဘုရင်မသို့ သတင်းပို့ရသော ဗြိတိသျှဘုရင်မပိုင် ကိုလိုနီဖြစ်လာခဲ့သည်။ ၁၈၆၉ ခုနှစ်တွင် ကျွန်းပေါ်တွင် လူ ၁ သိန်းမျှ နေထိုင်ခဲ့သည်။

ကိုလိုနီခေတ် စင်ကာပူ၏ အစပထမမြို့တည်ဆောက်ပုံမှာ အများအားဖြင့် ခွဲခြားအုပ်ချုပ်ရေးစနစ် အတိုင်းဖြစ်ပြီး ကွဲပြားခြားနားသောလူမျိုးစုတို့သည် ကျွန်း၏တောင်ဖက်ရှိ ကွဲပြားခြားနားသောနေရာတို့တွင် နေထိုင်ကြသည်။ စင်ကာပူမြစ်သည် ကုန်သည်များ နှင့် ဘဏ်လုပ်ငန်းရှင်တို့၏ ကုန်သွယ်ရေး အချက်အချာနေရာဖြစ်ပြီး တရုတ်နှင့် အိန္ဒိယကူလီ တို့ bumboats ဟု ခေါ်ကြသော တုံကင်းများမှ ကုန်ပစ္စည်းများကို ထမ်းချရာ နှင့် ထမ်းတင်ရာ နေရာဖြစ်သည်။ ဒေသခံ အိုရန်လော့တ် (Orang Lauts) မလေးလူမျိုးများမှာ ငါးဖမ်းသမားများ နှင့် ပင်လယ်ပြင် ခရီးသွားများအဖြစ် အသက်မွေးကြသည်။ အာရပ်ကုန်သည်များနှင့် ပညာတတ်လူတန်းစားများကိုမူ ယနေ့ ကန်ပေါင်း ဂလန် (Kampong Glam) တည်ရှိရာ မြစ်ဝ၏ အရှေ့တောင်ဖက်တွင် တွေ့ရသည်။ အနည်းငယ်မျှသော ဥရောပ အခြေချနေထိုင်သူများမှာမူ ဖို့ဒ်ကိန်းနင်းဟေး (Fort Canning Hill) နှင့် စင်ကာပူမြစ်၏ အပေါ်ပိုင်းဒေသများတွင် နေထိုင်ကြသည်။ ဥရောပတိုင်းရင်းသားများကဲ့သို့ပင် အစောပိုင်း အိန္ဒိယမှ ပြောင်းရွေ့လာသူတို့သည်လည်း ကုန်းတွင်းပိုင်းဒေသများတွင် အခြေချနေထိုင်ကြပြီး ယနေ့ လစ်တဲလ်အင်ဒီးယား (Little India) တည်ရှိရာနေရာဖြစ်သည်။ ကမ်ပေါင်း (kampongs) ဟုခေါ်သော ကျေးလက်ဒေသ အခြေချနေထိုင်သူများနှင့် ပတ်သက်၍မူ အသိနည်းပြီး လွတ်လပ်ရေးရပြီး ၁၉၆ဝခုနှစ်များ နှောင်းပိုင်း စင်ကာပူအစိုးရမှ ထိုသို့နေထိုင်သူများကို အများအပြား ရွေ့ပြောင်းနေရာချသည့် အချိန်မှသာ သိရှိရသည်။

ဒုတိယကမ္ဘာစစ်အတွင်းတွင် ဂျပန်ဘုရင့်တပ်မတော် (the Imperial Japanese Army) သည် မလာယာ ကို ကျူးကျော်ခဲ့ပြီး စင်ကာပူတိုက်ပွဲကို ပြင်းထန်စွာဖြစ်စေခဲ့သည်။ ပြင်ဆင်မှုအားနည်း၍ တပ်အမြောက်အများမှာ ဥရောပတွင် ရောက်နေသော ဗြိတိသျှတို့မှာ ၆ ရက်အတွင်းတွင် ရှုံးနိမ့်ခဲ့ပြီး မသိမ်းပိုက်နိုင်သည့် ခံတပ်ဟုဆိုသော နေရာကို ၁၉၄၂ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်တွင် ဗိုလ်ချုပ်ကြီး တိုမိုယူကီ ယာမာရှီတာ (General Tomoyuki Yamashita) သို့ လက်နက်ချခဲ့ရသည်။ ထိုလက်နက်ချမှုနှင့် ပတ်သက်၍ “ဗြိတိသျှသမိုင်းတွင် အဆိုးရွားဆုံး ကပ်ဆိုက်မှု နှင့် အကြီးကျယ်ဆုံးသော လက်နက်ချမှု” ဟူ၍ ဗြိတိသျှဝန်ကြီးချုပ် ဝင်စတန်ချာချီက ဖော်ပြခဲ့သည်။ ဗြိတိသျှ ရေတပ်အခြေစိုက်စခန်းကို ဂျပန်တို့ သိမ်းပိုက်၍ အသုံးမပြု နိုင်ခင်အချိန်က ပင် ဖျက်စီးခဲ့သည်။ ဂျပန်တို့ က စင်ကာပူကို ရှိုးနန်တိုး (Shōnantō) ဟုအမည်ပေးခဲ့ပြီး “Shōwa no jidai ni eta minami no shima” ( “Shōwa no jidai ni eta minami no shima”) သို့ ရှိုဝါခေတ်တွင် ရရှိခဲ့သော တောင်ဖက်ကျွန်းဟု အဓိပ္ပါယ်ရသည်။ ဂျပန်တို့သည် လက်နက်ချပြီး တစ်လအကြာ ၁၉၄၅ စက်တင်ဘာလ ၁၂ ရက်အထိကျွန်းကို သိမ်းယူထားခဲ့ပြီး ထို့နောက်တွင် ဗြိတိသျှတို့က ပြန်လည်သိမ်းပိုက်ခဲ့သည်။

စင်ကာပူသည် ၁၉၅၉ခုနှစ်တွင် ဗြိတိသျှအင်ပါယာအတွင်း၌ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ် ဖြစ်လာခဲ့ပြီး ယူစွတ်ဘင် အီရှက် (Yusof bin Ishak) သည် ပထမဆုံး Yang di-Pertuan Negara (ပြည်နယ်တစ်ခုလုံး၏ ထင်ရှားသောအုပ်ချုပ်သူ) ဖြစ်လာခဲ့ပြီး လီကွမ်းယု မှာ ပထမဆုံး ဝန်ကြီးချုပ်ဖြစ်သည်။ ဗြိတိန်၏ အောက်မှ ၁၉၆၃ ခုနှစ် ဩဂုတ်လတွင် လွတ်လပ်ရေး ကြေငြာခဲ့သည်။ ၁၉၆၂ စက်တင်ဘာတွင် ခွဲရေးတွဲရေး ဆန္ဒခံယူပွဲ၏ ရလာဒ်ကြောင့် မလာယာ၊ ဆာဘား နှင့် ဆာရာဝက်တို့ နှင့်အတူ မလေးရှား ဖက်ဒရယ်ပြည်ထောင်စုနှင့် ပူးပေါင်းခဲ့သည်။ သို့သော် ၂ နှစ်အကြာတွင် ပြည်နယ်၏ ပီအေပီ အစိုးရနှင့် ဖက်ဒရယ် ကွာလာလမ်ပူ အစိုးရတို့ အယူအဆပိုင်းဆိုင်ရာ အကြီးအကျယ်အငြင်းပွားမှု တို့ကြောင့် စင်ကာပူသည် ဖက်ဒရယ်ပြည်ထောင်စုမှ ခွဲထွက်ခဲ့သည်။ စင်ကာပူသည် ၁၉၆၅ ခုနှစ် ဩဂုတ်လ ၉ ရက်တွင် နိုင်ငံတစ်နိုင်ငံအဖြစ် တရားဝင်ရပ်တည်ခဲ့သည်။ ယူစွတ်ဘင်အီရှက်သည် စင်ကာပူ၏ ပထမဆုံးသမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီး လီကွမ်းယုမှာ ဝန်ကြီးချုပ်အဖြစ် ဆက်လက်ရှိနေခဲ့သည်။

မိမိဘာသာ ပြည့်စုံလုံလောက်အောင် ကြိုးစားသော်လည်း နိုင်ငံအသစ်တစ်ခုအနေနှင့် စင်ကာပူသည် အလုပ်လက်မဲ့ဦးရေ ပေါများခြင်း၊ နေအိမ်အလုံအလောက်မရှိခြင်း၊ မြေနေရာ နှင့် သဘာဝ အရင်းအမြစ် ရှားပါးခြင်းစသည့် ပြဿနာများနှင့် ကြုံတွေ့ရသည်။ လီကွမ်းယူ ဝန်ကြီးချုပ်အဖြစ် အုပ်ချုပ်ခဲ့သော ၁၉၅၉ မှ ၁၉၉၀ အထိအချိန်ကာလအတွင်း သူ၏အစိုးရသည် အလုပ်လက်မဲ့များပြားသည့် ပြဿနာ၊ လူနေမှုအဆင့်အတန်းကို မြှင့်တင်ခြင်း နှင့် ပြည်သူ့အိမ်ရာ စီမံကိန်းအများအပြားကို အကောင်အထည်ဖော်ခြင်း စသည့် ပြသနာများကို ဖြေရှင်းခဲ့သည်။ ထိုအချိန်သည် နိုင်ငံ၏ စီးပွားရေး အခြေခံအဆောက်အအုံ၏ အုတ်မြစ်ကို ချပေးခဲ့သော အချိန်ကာလဖြစ်သည်။ လူမျိုးရေးပြသနာများ၏ ခြိမ်းချောက်မှုများကိုလည်း ထိန်းချုပ်ပေးခဲ့ပြီး ယောက်ျားလေးတိုင်း စစ်မှုမထမ်းမနေရစနစ်ဖြင့် လွတ်လပ်သောနိုင်ငံ၏ ကာကွယ်ရေးစနစ်တကို တည်ဆောက်ခဲ့သည်။

စင်္ကာပူနိုင်ငံသည် စင်ကာပူကျွန်း သို့မဟုတ် မလေးဘာသာဖြင့် ပုလော ဥဂျွန်းဟု ခေါ်သော အဓိက ကျွန်းကြီးအပါအဝင် ကျွန်းပေါင်း (၆၃) ကျွန်းဖြင့် ဖွဲ့စည်းထားသည်။ လူတို့ တည်ဆောက်ထားသော မလေးရှားနိုင်ငံ ဂျဟိုးမြို့နှင့် ဆက်သွယ်ထားသည့် တံတား နှစ်ခု ရှိသည်။ ပထမတစ်ခုမှာ မြောက်ပိုင်းရှိ ဂျဟိုး-စင်ကာပူ ကော့စ်ဝေး တံတားရှိပြီး အနောက်ဘက်တွင် တွားစ် ဒုတိယ ဆက်သွယ်ရေးလမ်း တံတား ဟုခေါ်သော တံတားတစ်စင်း ရှိသည်။ စင်ကာပူရှိ ကျွန်းငယ်လေးများထဲတွင် ဂျူရောင်းကျွန်း၊ ပုလောတီကောင်း ကျွန်း၊ ပုလော အူဘင် ကျွန်း နှင့် ဆန်တိုဆာ ကျွန်းတို့မှာ အကြီးဆုံး ဖြစ်သည်။ သဘာဝ အလျှောက် အမြင့်ဆုံး နေရာမှာ ဘူကစ်တီးမားတောင် ဖြစ်ပြီး ၅၃၇ ပေ (၁၆၃.၆၃ မီတာ) မြင့်သည်။

၁၉၉၀ တွင် ဂိုချုပ်တောင်မှ လီကွမ်းယု၏ ဝန်ကြီးချုပ်နေရာကို ဆက်ခံခဲ့သည်။ သူ၏အချိန်ကာလအတွင်းတွင် ၁၉၉၇ အာရှစီးပွားရေး ပြဿနာ ၏ ရိုက်ခတ်မှုများ၊ ၂၀၀၃ ခုနှစ် ဆားရောဂါ ပျံနှံ့မှု၊ စက်တင်ဘာ ၁၁ရက် တိုက်ခိုက်မှုအပြီး ဂျမားအစ္စလာမ်မီးယားအဖွဲ့၏ အကြမ်းဖက်တိုက်ခိုက်မည့် ခြိမ်းခြောက်မှုများကို ဖြေရှင်းပေးခဲ့သည်။ ၂၀၀၄ ခုနှစ်တွင် လီကွမ်းယု၏ သားအကြီးဆုံးဖြစ်သည့် လီရှန်လုံးသည် စင်ကာပူ၏ တတိယမြောက် ဝန်ကြီးချုပ်ဖြစ်လာခဲ့သည်။ သူ၏ ဆုံးဖြတ်ချက်များထဲမှ မှတ်သားလောက်သော ဆုံးဖြတ်ချက်မှာ နိုင်ငံခြားကမ္ဘာလှည့် ခရီးသည်များကို ဆွဲဆောင်နိုင်ရန်အတွက် ကာစီနို လောင်းကစားရုံဖွင့်လှစ်မည့် အစီအစဉ်ပင် ဖြစ်သည်။

စင်ကာပူသည် ဝက်မင်စတာစနစ် ကျင့်သုံးသော ပါလီမန် ဒီမိုကရေစီနိုင်ငံဖြစ်ပြီး အစိုးရတွင် လွှတ်တော်တစ်ခုတည်းသာရှိ၍ မဲဆန္ဒနယ် အသီးသီးကို ကိုယ်စားပြုသော ကိုယ်စားလှယ်များပါဝင်သည်။ စင်ကာပူနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံရေးစနစ်ကို ကိုယ်စားပြုပါဝင်သော ဒီမိုကရေစီစနစ်အဖြစ် ပြဌာန်းထားသည်။ ဖရီးဒမ်း ဟောက်စ်မှ စင်ကာပူအား ကမ္ဘာ့လွတ်လပ်မှု အစီရင်ခံစာတွင် တစ်စိတ်တစ်ပိုင်း လွတ်လပ်သော နိုင်ငံအဖြစ် ဖော်ပြထားပြီး အီကော်နောမစ် မဂ္ဂဇင်းကမူ စင်ကာပူ နိုင်ငံအား ဒီမိုကရေစီ ညွှန်းကိန်းတွင် ၄ ဆင့် ရှိသည့် အနက် တတိယ အဆင့် အဖြစ် သတ်မှတ်ထားသည်။ စင်ကာပူအား အပြည်ပြည်ဆိုင်ရာ ပွင့်လင်းမြင်သာမှု အဖွဲ့မှ ကမ္ဘာပေါ်တွင် ခြစားမှု အကင်းဆုံး နိုင်ငံ အဖြစ် အစဉ်တစိုက် သတ်မှတ်လေ့ ရှိသည်။

အုပ်ချုပ်ရေးအာဏာသည် ဝန်ကြီးချုပ်နှင့် သမ္မတ ဦးဆောင်သော အစိုးရ အဖွဲ့တွင် ရှိသည်။ သမ္မတအား တစ်နိုင်ငံလုံးမှ မဲစနစ်ဖြင့် ရွေးချယ်လေ့ ရှိပြီး နိုင်ငံတော်၏ပိုင်ဆိုင်မှုများ နှင့် တရားသူကြီးများ ရွေးချယ်ခြင်းစသော ကိစ္စရပ်များ နှင့် ပတ်သက်လျှင် ဗီတိုအာဏာ ကျင့်သုံးနိုင်သော အခွင့်ရှိပြီး ကျန်သောအချိန်များတွင်မူ ပြယုဂ်ရာထူးတစ်ခုသာလျှင် ဖြစ်သည်။

စင်ကာပူနိုင်ငံ၏ ဥပဒေမှာ အင်္ဂလိပ် အများသုံး ဥပဒေကို အခြေခံထားသော်လည်း ကွဲလွဲချက်အချို့ရှိသည်။ ၁၉၇၀ ခုနှစ်တွင် ဂျူရီလူကြီးများဖြင့် ဆုံးဖြတ်သော စနစ်ကို ဖျက်သိမ်းခဲ့ပြီး တရားစီရင်ခြင်းကို တရားသူကြီး တစ်ဦးကသာ ဆုံးဖြတ်တော့သည်။ စင်ကာပူတွင် ရုပ်ပိုင်းဆိုင်ရာ ပြစ်ဒဏ်ပေးမှုများ ရှိပြီး မုဒိမ်းမှု၊ အဓိကရုဏ်းမှု၊ ဖျက်ဆီးမှုနှင့် အချို့သော လူဝင်မှုကြီးကြပ်ရေးဆိုင်ရာပြစ်မှုများ အတွက် ကြိမ်ဒဏ်ပေးသော စနစ် ရှိသည်။ လူသတ်မှုနှင့် အချို့သော မူးယစ်ဆေးဝါးရောင်းဝယ်မှု၊ သေနတ်နှင့်ပတ်သက်သော ပြစ်မှုများအတွက် မပေးမနေရ သေဒဏ်စနစ် ရှိသည်။ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးအဖွဲ့၏ အဆိုအရ အချို့သော တရားဥပဒေကျင့်သုံးမှုများမှာ အပြစ်ရှိကြောင်းမပြနိုင်မချင်း အပြစ်ကင်းမဲ့သည် ဆိုသော တရားခံ၏ ရပိုင်ခွင့်နှင့် ပတ်သက်၍ ရှုပ်ထွေးမှုများ ရှိသည်ဟု ဆိုထားပြီး ကမ္ဘာပေါ်တွင် လူဦးရေ အချိုးအစားအရ တွက်ကြည့်လျှင် သေဒဏ်ပေးမှု အမြင့်မားဆုံး ဖြစ်သည်ဟု ဆိုထားသည်။ အစိုးရက လူ့အခွင့်အရေး အဖွဲ့၏ ပြောကြားချက်ကို ပြန်လည် ငြင်းချက် ထုတ်ခဲ့သည်။ ၂၀၀၈ ခုနှစ် စစ်တမ်းအရ အပြည်ပြည်ဆိုင်ရာ စီးပွားရေးဆိုင်ရာ ဝန်ထမ်းများက အာရှ၌ စင်ကာပူ နှင့် ဟောင်ကောင်တို့တွင် အကောင်းဆုံး တရားစီရင်ရေး စနစ် ရှိသည်ဟု ယုံကြည်ကြသည်။

စင်ကာပူနိုင်ငံ၏ စစ်တပ်သည် မည်သို့ပင် ဆိုစေကာမူ အရှေ့တောင် အာရှတွင် နည်းပညာ အားဖြင့် အမြင့်မားဆုံး စစ်တပ် ဖြစ်သည်။ စင်ကာပူ စစ်တပ်တွင် စစ်ကာပူ ကြည်းတပ်၊ စင်ကာပူ သမ္မတနိုင်ငံ ရေတပ် နှင့် စင်ကာပူ သမ္မတနိုင်ငံ လေတပ်တို့ ပါဝင်သည်။ စင်ကာပူ စစ်တပ်သည် နိုင်ငံ၏ လွတ်လပ်ရေးကို အာမခံပေးသူ အဖြစ် ရှုမြင်ကြသည်။စင်ကာပူ၏ စစ်ရေးဆိုင်ရာ အတွေးအခေါ်မှာ သံတမန်ရေး နှင့် တားဆီးကာကွယ်ရေး အတွက် ရည်ရွယ်သည်။ ထိုအယူအဆမှ ယဉ်ကျေးမှု အဖြစ် အသွင်ပြောင်းပြီး နိုင်ငံသားတိုင်း နိုင်ငံ ကာကွယ်ရေး အတွက် ပါဝင် ဆောင်ရွက်ကြသည်။အစိုးရသည် နိုင်ငံ ဂျီဒီပီ၏ ၄.၉% ကို စစ်တပ် အတွက် အသုံးပြုပြီး အစိုးရ သုံးစွဲသော ငွေ ၄ ဒေါ်လာတွင် ၁ ဒေါ်လာမှာ ကာကွယ်ရေး အတွက် ဖြစ်သည်

စင်ကာပူ စစ်တပ်သည် သမာရိုးကျနှင့် သမာရိုးကျ မဟုတ်သော စစ်ပွဲများ အတွင်း ပြသနာပေါင်း များစွာကို ဖြေရှင်းပေးနိုင်ရန် လေ့ကျင့် ပေးထားသည်။ ကာကွယ်ရေး သိပ္ပံ နှင့် နည်းပညာ အေဂျင်စီသည် စစ်တပ်နှင့် ဆိုင်သော အရင်းအမြစ်များ ဝယ်ယူရန် တာဝန်ရှိသူ ဖြစ်သည်။ စင်ကာပူ၏ ပထဝီ အနေအထား အရ စင်ကာပူ စစ်တပ်အနေဖြင့် တိုက်ခိုက်မှုကို အပြည့်အဝ တွန်းလှန်နိုင်ရန် ပြင်ဆင် ထားရပြီး ဆုတ်ခွာရန် နှင့် ပြန်လည် စုစည်းရန် မဖြစ်နိုင်ပေ။ လူဦးရေ အနည်းငယ်မျှသာ ရှိခြင်းကလည်း စင်ကာပူ စစ်တပ်၏ ဖွဲ့စည်းပုံကို သက်ရောက်မှု ရှိစေသည်။ အမြဲတမ်း စစ်သား အနည်းငယ်သာ ရှိပြီး အရန်အင်အားမှာ အများ အပြား ရှိသည်။

စင်ကာပူတွင် သန်စွမ်းသော ယောက်ျားလေးတိုင်း ၁၈ နှစ်တွင် စစ်မှု မထမ်း မနေရ အမိန့် စတင်သည်။ ရာဇဝတ်မှတ်တမ်း ရှိသူများနှင့် ၎င်းတို့ မရှိသည့် အချိန်တွင် မိသားစု အတွက် အခက်အခဲများ ခံစားရနိုင်ကြောင်း သက်သေပြနိုင်သူများသာ လွတ်ကင်းသည်။ တက္ကသိုလ် အကြို ပညာရေးကို မပြီးဆုံးသေးသူများ နှင့် အများပြည်သူ ဆိုင်ရာ ဝန်ဆောင်မှု ကော်မရှင်မှ စကော်လာရှစ် ရရှိထားသူများ အနေနှင့် စစ်မှု မထမ်းမနေရ အချိန်ကို ရွှေ့ဆိုင်းနိုင်သည်။ စစ်မှုမထမ်း မနေရ မဟုတ်သော်လည်း စင်ကာပူ စစ်တပ် အတွင်း မိန်းကလေး ဦးရေမှာ များပြားလာလျှက် ရှိသည်။ ပင်မ ကျွန်းမကြီးပေါ်တွင် မြေနေရာလွတ် ရှားပါးသောကြောင့် ကျည်ဆံ အစစ်ဖြင့် သေနတ်ပစ်ခြင်း နှင့် ကမ်းတက် တိုက်ပွဲ လေ့ကျင့်ခြင်း အစရှိသော လေ့ကျင့်မှုများကို အရပ်သားများ ဝင်ရောက်ရန် တားမြစ်ထားသော ကျွန်းငယ်ကလေးများပေါ်တွင် ပြုလုပ်လေ့ ရှိသည်။ ထို့အတွက်ကြောင့် ကျွန်းမကြီး နှင့် မြို့အား အန္တရာယ် ကျရောက်မှုမှ ရှောင်ရှားနိုင်သည်။ သို့သော်လည်း ကြီးမားသော လေ့ကျင့်မှုများ အတွက် ထိုနေရာများတွင် ပြုလုပ်ရန် အန္တရာယ် ရှိသဖြင့် ၁၉၇၅ မှစ၍ ထိုသို့သော လေ့ကျင့်မှုများကို ထိုင်ဝမ်တွင် ပြုလုပ်လေ့ ရှိသည်။လေ့ကျင့်မှုများကို အခြားသော နိုင်ငံ တစ်ဒါဇင်ခန့်တွင်လည်း ပြုလုပ်ကြသည်။ ယေဘုယျအားဖြင့် နိုင်ငံခြား စစ်တပ်များနှင့် တွဲဖက် လေ့ကျင့်မှုကို တစ်ပတ်လျှင် တစ်ကြိမ် နှစ်ကြိမ်မျှ ပြုလုပ်လေ့ ရှိသည်။

စင်ကာပူသည် အချို့သော စီးပွားရေး ကဏ္ဍများတွင် ကမ္ဘာ့ ရှေ့ဆောင် နိုင်ငံတစ်နိုင်ငံ အဖြစ်တည်ရှိသည်။ စင်ကာပူသည် ကမ္ဘာ့ စတုတ္ထမြောက် ဦးဆောင်ဦးရွက်ပြုရာ ငွေကြေးဌာန တစ်ခု ဖြစ်ပြီး ကမ္ဘာပေါ်တွင် ဒုတိယမြောက် အကြီးဆုံး ကက်စီနို လောင်းကစား ပြုရာ နေရာ ဖြစ်သည့်အပြင် ကမ္ဘာပေါ်ရှိ ထိပ်တန်း ရေနံချက်လုပ်ရာ နေရာ သုံးခုတွင် တစ်ခု အပါအဝင် ဖြစ်ပြီး ကမ္ဘာပေါ်တွင် အများဆုံး ရေနံတူးစင် ထုတ်လုပ်ရာ နှင့် သင်္ဘောများ ပြင်ဆင်ရေး အတွက် အဓိက နေရာတစ်ခုလည်း ဖြစ်သည်။ကမ္ဘာ့ဘဏ်မှ စင်ကာပူနိုင်ငံအား ကမ္ဘာပေါ်တွင် စီးပွားရေး လုပ်ရန် အလွယ်ကူဆုံး နေရာ တစ်ခု အဖြစ် သတ်မှတ်ဖော်ပြခဲ့ပြီး ကမ္ဘာပေါ်တွင် ထိပ်ဆုံး ထောက်ပံ့ပို့ဆောင်ရေး ဌာန တစ်ခု အဖြစ် အဆင့်သတ်မှတ် ခဲ့သည်။ စတုတ္ထအကြိမ် ထုတ် ကမ္ဘာလုံးဆိုင်ရာ စိမ်းလန်းသော စီးပွားရေး ညွှန်းကိန်းမှ ကျွမ်းကျင်သူများမှ စင်ကာပူအား ကမ္ဘာပေါ်တွင် သတ္တမမြောက် အစိမ်းလန်းဆုံး မြို့တော် တစ်ခု အဖြစ် အဆင့်သတ်မှတ်ခဲ့သည်။

စင်ကာပူ၏ အကြီးဆုံး ကုမ္ပဏီများမှာ ဆက်သွယ်ရေး၊ ဘဏ်လုပ်ငန်း၊ သယ်ယူပို့ဆောင်ရေး နှင့် ကုန်ထုတ်လုပ်ရေး ကဏ္ဍများတွင် ပါဝင်ကာ အများစုမှာ နိုင်ငံတော်မှ ဦးဆောင်ဦးရွက်ပြု လုပ်ကိုင်ရာ စီးပွားရေး လုပ်ငန်းများ ဖြစ်ပြီး စင်ကာပူ စတော့ခ် အိတ်ချိန်းတွင် ရှယ်ယာ အရောင်းအဝယ်ပြုကြသည်။ ၎င်းတို့ ထဲတွင် ဆင်းတဲလ် ခေါ် စင်ကာပူ ဆက်သွယ်ရေး ကုမ္ပဏီ၊ စင်ကာပူ တက်ခနော်လော်ဂျီ အင်ဂျင်နီယာရင်း၊ ကပ်ပဲလ် ကော်ပိုရေးရှင်း၊ အိုစီဘီစီ ခေါ် ပြည်ပတရုတ်ဘဏ်လုပ်ငန်း ကော်ပိုရေးရှင်း၊ ဒီဘီအက်စ် ခေါ် စင်ကာပူ ဖွံ့ဖြိုးတိုးတက်ရေးဘဏ်၊ ယူအိုဘီ ခေါ် စည်းလုံးသော ပြည်ပဘဏ် စသည့် ကုမ္ပဏီများ ပါဝင်သည်။ ၂၀၁၁ ခုနှစ် ကမ္ဘာ့ စီးပွားရေး မတည်ငြိမ်မှု များ အတွင်းတွင်ပင် ဘလွန်းဘတ်၏ စစ်တမ်းအရ အိုစီဘီစီ၊ ဒီဘီအက်စ် နှင့် ယူအိုဘီ ဘဏ်များကို ကမ္ဘာ့ နံပါတ် ၁၊ ၅ နှင့် ၆ တို့ အနေနှင့် အသီးသီး အဆင့်သတ်မှတ် ဖော်ပြခံခဲ့ရသည်။

မ္ဘာလှည့် ခရီးသွားလုပ်ငန်းမှာလည်း စီးပွားရေး၏ ကြီးမားသော အစိတ်အပိုင်း တစ်ခုဖြစ်ပြီး ၂၀၁၄ ခုနှစ်တွင် ကမ္ဘာလှည့် ခရီးသွားပေါင်း ၁၅ သန်းကျော်တို့ စင်ကာပူသို့ လာရောက် လည်ပတ်ခဲ့ကြသည်။ စင်ကာပူသည် ပညာရေး အချက်အခြာ ဌာန တစ်ခုလည်း ဖြစ်ပြီး ၂၀၀၆ ခုနှစ်တွင် နိုင်ငံတကာ ကျောင်းသားပေါင်း ၈၀,၀၀၀ ကျော် လာရောက် ပညာသင်ကြား ကြသည်။ စင်ကာပူသည် ဖွံ့ဖြိုးပြီးနိုင်ငံများ ထဲတွင် ကျန်းမာရေးအသုံးစရိတ် နည်းပါးသော နိုင်ငံ ဖြစ်သော်လည်း ယေဘုယျအားဖြင့် ထိရောက်သည့် ကျန်းမာရေး စောင့်ရှောက်မှု စနစ် ရှိသည်။ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့မှ ကမ္ဘာ့ ကျန်းမာရေး အစီရင်ခံစာတွင် စင်ကာပူ၏ ကျန်းမာရေး စောင့်ရှောက်မှု စနစ်အား ကမ္ဘာ့ အဆင့် ၆ အဖြစ် သတ်မှတ်ခဲ့သည်။ ယေဘုယျ အားဖြင့် စင်ကာပူသည် ယခင် ဆယ်စုနှစ် ၂ ခု အတွင်း ကမ္ဘာပေါ်တွင် မွေးကင်းစ ကလေး သေဆုံးမှုနှုန်း အနည်းဆုံး နိုင်ငံတစ်နိုင်ငံလည်း ဖြစ်သည်။

စင်ကာပူတွင် အင်တာနက် ချိတ်ဆက်မှုကို အင်တာနက် ဝန်ဆောင်သူများမှ ပြုလုပ်ပေးကြပြီး ၁ စက္ကန့်လျှင် ၁ ဂစ်ဂါဘိုက် အထိ ရှိသော အိမ်သုံး အင်တာနက်များကို တပ်ဆင်ပေးသည်။ ထိုသို့ ဂစ်ဂါဘစ် အထိ မြန်နှုန်း ရှိသော ကွန်ယက်များကြောင့် ပို့ကုန် တင်ပို့မှုကို တိုးမြှင့်နိုင်ခဲ့ပြီး ၂၀၀၆ တွင် အလုပ်ပေါင်း ၈၀,၀၀၀ ကျော်ကို ဖန်တီး ပေးနိုင်ခဲ့သည်။မိုဘိုင်းဖုန်း အသုံးပြုမှုမှာ အလွန်မြင့်မားပြီး လူ ၁၀၀ လျှင် မိုဘိုင်းဖုန်း ၁၄၈ လိုင်း ရှိသည်။ စင်ကာပူသည် လူဦးရေ အလွန်သိပ်သည်းသော သေးငယ်သော ကျွန်းကလေး တစ်ကျွန်း ဖြစ်သဖြင့် ပတ်ဝန်းကျင် ညစ်ညမ်းမှု လျှော့ချနိုင်ရန် နှင့် ယာဉ်ကြောပိတ်ဆို့မှုကို လျှော့ချနိုင်ရန် လမ်းများပေါ်တွင် သွားလာနေသော ကိုယ်ပိုင်ကား စီးရေကို ကန့်သတ် ထားသည်။ ကားဝယ်ယူသူများသည် ကားတန်ဖိုး၏ ဈေးကွက်ပေါက်ဈေး တစ်ဆခွဲမျှသော အခွန်ကို ပေးဆောင်ရပြီး စင်ကာပူ စီအိုအီး ခေါ် ကားပိုင်ဆိုင်ခွင့် လက်မှတ်ကို လေလံဆွဲ ဝယ်ယူရပြီး ထိုလက်မှတ် ရှိပါက ကားကို လမ်းမပေါ်တွင် ဆယ်စုနှစ် တစ်ခုစာမျှ မောင်းနှင် နိုင်သည်။ စင်ကာပူ ကားပိုင်ဆိုင်ခွင့် လက်မှတ်တစ်ခု၏ တန်ဖိုးဖြင့်ပင် အမေရိကန်ပြည်ထောင်စုတွင် ပေါ့ရှ် ဘောက်စတာ ကားတစ်စင်း ဝယ်ယူနိုင်သည်။ စင်ကာပူရှိ ကားတန်ဖိုးမှာ အခြား အင်္ဂလိပ်စကား ပြောသော နိုင်ငံများထက် သိသိသာသာပင် များပြားသည်။ အခြားသော ဓနသဟာယနိုင်ငံများ ကဲ့သို့ပင် လမ်းပေါ်ရှိ ကားများ နှင့် လမ်းပေါ်တွင် လျှောက်သောသူများ လက်ဝဲဘက်သို့ ကပ်၍ သွားကြသည်။

စင်ကာပူတွင် လူတိုင်း ရေကောင်းရေသန့်ကို သင့်တင့်သော ဈေးဖြင့် လုံလောက်စွာ ရရှိနိုင်သည်။ ထူးခြားဆန်းသစ်သော ရေကို စီမံခန့်ခွဲမှု နည်းလမ်းများဖြစ်သည့် သုံးပြီးသားရေကို ပြန်လည် သုံးစွဲခြင်း၊ မိုးရေကို သိုလှောင်ထားသော ကန့်သတ် နယ်မြေများကို တည်ဆောက်ခြင်း၊ မြစ်ဝ နေရာကို ရေချို သိုလှောင်ရာ နေရာ အဖြစ် အသုံးပြုခြင်း၊ ပင်လယ်ရေမှ ဆားကို ဖယ်ထုတ်ခြင်း စသည့်နည်းလမ်းကို ပေါင်းစပပ် အသုံးပြုခြင်းဖြင့် အိမ်နီးချင်း မလေးရှားနိုင်ငံမှ တင်ပို့သော ရေကို မှီခိုနေခြင်းကို လျှော့ချ နိုင်ရန် ပြုလုပ်ကြသည်။

၂၀၁၅ ခုနှစ် နှစ်လည်တွင် စင်ကာပူ၏ ခန့်မှန်း လူဦးရေမှာ ၅,၅၃၅,၀၀၀ ဦး ရှိပြီး ၃,၃၇၅,၀၀ ဦး(၆၀.၉၈%) မှာ စင်ကာပူနိုင်ငံသားများ ဖြစ်ကြသည်။ ကျန်ရှိနေသော ၂,၁၆၀,၀၀၀ ဦး (၃၉.၀၂%) တွင် အမြဲတမ်း နေထိုင်သူ ၅၂၇,၇၀၀ ဦး ၊ နိုင်ငံခြား ကျောင်းသား၊ အလုပ်သမား၊ မှီခိုသူပေါင်း ၁,၆၃၂,၃၀၀ ဦး မျှရှိသည်။ ၂၀၁၀ ခုနှစ် နိုင်ငံ၏ နောက်ဆုံး ကောက်ခံသည့် လူဦးရေ စာရင်းတွင် စင်ကာပူ နိုင်ငံသားနှင့် အမြဲတမ်းနေထိုင်သူတို့၏ ၂၃% မှာ ပြည်ပတွင် မွေးဖွားသူများ ဖြစ်ကြသည်။ စင်ကာပူ နိုင်ငံသား၏ ၁၀% မှာ နိုင်ငံခြားတွင် မွေးဖွားပြီး နိုင်ငံသား အဖြစ်ပြောင်းလဲလာသူများဟု ဆိုနိုင်သည်။ နိုင်ငံခြားသားများကိုပါ ထည့်၍ ရေတွက်မည် ဆိုလျှင် နိုင်ငံအတွင်း နေထိုင်သူ၏ ၄၃% မှာ နိုင်ငံခြားတွင် မွေးဖွားသူများ ဖြစ်ကြသည်။ ထိုလူဦးရေ စာရင်းမှ သိရသော အခြား အစီရင်ခံချက် တစ်ခုမှာ နိုင်ငံအတွင်း နေထိုင်သူများ၏ ၇၄.၁% မှာ တရုတ်လူမျိုး၊ ၁၃.၄% မှာ မလေးလူမျိုး၊ ၉.၂ % မှာ အိန္ဒိယ လူမျိုး နှင့် အခြား ၃.၃% မှာ ယူရေးရှန်း အပါအဝင် အခြား လူမျိုးများ ဖြစ်သည်။

ဗုဒ္ဓဘာသာသည် စင်ကာပူတွင် ကိုးကွယ်သူ အများဆုံး ဘာသာတစ်ခုဖြစ်ပြီး နောက်ဆုံး လူဦးရေ စာရင်းအရ နေထိုင်သူ၏ ၃၃% သည် ဗုဒ္ဓဘာသာ ကိုးကွယ်သူများ အဖြစ် ကြေငြာကြသည်။ ဒုတိယမြောက် ကိုးကွယ်သူ အများဆုံး ဘာသာမှာ ခရစ်ယာန်ဘာသာ ဖြစ်ပြီး ၎င်း၏ နောက်တွင် အစ္စလာမ်ဘာသာ ၊ တာအိုဘာသာ၊ ဟိန္ဒူဘာသာ တို့က အစဉ်လိုက် ရှိသည်။ လူဦးရေ၏ ၁၇% မှာ မည်သည့်ဘာသာကိုမျှ မကိုးကွယ်ပေ။ ၂၀၀၀ ခုနှစ် နှင့် ၂၀၁၀ ခုနှစ် ကြားတွင် ခရစ်ယာန်၊ တာအိုဘာသာ နှင့် ဘာသာမဲ့ ဦးရေမှာ ၃% စီ တိုးတက်လာခဲ့သဖြင့် ဗုဒ္ဓဘာသာ ကိုးကွယ်သူ ရာနှုန်းမှာ လျော့နည်း သွားခဲ့သည်။ အခြားသော ကိုးကွယ် ယုံကြည်မှုများ၏ ရာခိုင်နှုန်းမှာ ယခင် အတိုင်း ဆက်လက် တည်ရှိနေခဲ့သည်။ ပြူး သုတေသန ဌာန၏ လေ့လာ ဆန်းစစ် ချက် အရ စင်ကာပူနိုင်ငံသည် ကမ္ဘာပေါ်တွင် ဘာသာတရား အမျိုးမျိုး ကွဲပြားခြားနားရာ အများဆုံး နိုင်ငံတစ်နိုင်ငံ အဖြစ် တွေ့ရသည်။

စင်ကာပူတွင် အင်္ဂလိပ်၊ မလေး၊ မန်ဒရင် တရုတ် နှင့် ကလယ် ဟူ၍ ဘာသာစကား လေးမျိုး ရှိသည်။ အင်္ဂလိပ် ဘာသာစကားမှာ အများသုံး ဘာသာစကားဖြစ်ပြီး စီးပွားရေးလုပ်ငန်းသုံး၊ အစိုးရသုံး နှင့် ကျောင်းများတွင် သင်ကြားပို့ချရာ ကြားခံဘာသာစကား ဖြစ်သည်။ စင်ကာပူနိုင်ငံသည် ပုံမှန်အားဖြင့် ကမ္ဘာပေါ်ရှိ ဖွံ့ဖြိုးပြီး နိုင်ငံများတွင် အလုပ်လက်မဲ့နှုန်း အနည်းဆုံး နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ ယခင် ဆယ်စုနှစ် များအတွင်း စင်ကာပူနိုင်ငံ၏ အလုပ်လက်မဲ့နှုန်းမှာ ၄% ထက် မကျော်ခဲ့ပေ။ ၂၀၀၉ ခုနှစ် ကမ္ဘာ့ စီးပွားပျက်ကပ် အတွင်း အမြင့်ဆုံး ၃% သို့ တိုးတက်ခဲ့ပြီး ၂၀၁၅ တွင် ၁.၈% သို့ ပြန်လည် လျော့ကျ သွားခဲ့သည်။

စင်ကာပူသည် ကမ္ဘာပေါ်တွင် မူးယစ်ဆေးဝါး သုံးစွဲမှု အနည်းဆုံး နိုင်ငံ တစ်နိုင်ငံ ဖြစ်သည်။ ယဉ်ကျေးမှုအားဖြင့် မူးယစ်ဆေးဝါး သုံးစွဲမှုကို စင်ကာပူ နိုင်ငံ သားများက အလွန်မလိုလားအပ်သော အရာတစ်ခု အဖြစ် ရှုမြင်ကြသဖြင့် ဥရောပ လူ့အဖွဲ့အစည်းများ နှင့် မတူပေ။ စင်ကာပူ နိုင်ငံသားတို့ မူးယစ်ဆေးဝါး အပေါ် မလိုလားမှုမှာ အချို့သော ပြင်းထန်သည့် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု များအတွက် မပေးမနေရ သေဒဏ် သတ်မှတ်ထားသော ဥပဒေကြောင့် ဖြစ်သည်။ စင်ကာပူတွင် လူဦးရေ အချိုးအစားအားဖြင့် အနိမ့်ဆုံး အရက်သောက်သည့် နှုန်း ရှိပြီး ကြမ်းတမ်းသည့် ရာဇဝတ်မှာများလည်း အနည်းဆုံးဖြစ်ကာ တကမ္ဘာလုံးတွင် ရည်ရွယ်ချက် ရှိစွာ လူသတ်မှု အနိမ့်ဆုံးသော နိုင်ငံ ဖြစ်သည်။ ပျမ်းမျှ အရက်သောက်နှုန်းမှာ လူကြီး တစ်ယောက်လျှင် တစ်နှစ် ၂ လီတာမျှ ဖြစ်သဖြင့် တကမ္ဘာလုံးတွင် အနိမ့်ဆုံး နိုင်ငံ တစ်နိုင်ငံ ဖြစ်သည်။

နိုင်ငံခြားသားများသည် လူဦးရေ၏ ၄၂% မျှ ရှိပြီး စင်ကာပူ၏ ယဉ်ကျေးမှု ပေါ်တွင် များစွာ လွှမ်းမိုးမှု ရှိသည်။ စီးပွားရေး ဉာဏ်ရည်ဉာဏ်သွေး ဌာန၏ ၂၀၁၃ ခု မည်သည့်နေရာတွင်မွေးဖွားသင့်သနည်း ကိန်းညွှန်းတွင် စင်ကာပူအား အာရှတွင် အကောင်းဆုံး ဘဝအရည်အသွေး ရှိရာ နေရာနှင့် တကမ္ဘာလုံးတွင် ဆဌမမြောက် ဘဝအရည်အသွေး ရှိရာ နေရာဟု အဆင့်သတ်မှတ် ဖော်ပြထားသည်။

 

http://www.schools.com.sg/articles/aboutSingapore.asp
https://freedomhouse.org/report/freedom-world/2013/singapore
Myanmar Wikipedia

 

 

Leave a Reply