ယေန႔တုိင္ မေျဖရွင္းႏုိင္တဲ့ ကမာၻ႔ထိတ္လန္႔စရာအေကာင္းဆုံး အျဖစ္အပ်က္ေတြနဲ႔ တေစၦသေဘၤာ (သုိ႔) S.S Ourang Medan

Posted on

ကမာၻေပၚမွာ တေစၦသေဘၤာေတြအေၾကာင္းကို မၾကာခဏၾကားဖူးၾကမွာပါ။ အမ်ားစုဟာ ဟုိး ရာစုႏွစ္ေပါင္းမ်ားစြာက ပုံျပင္လုိလုိ ဒ႑ာရီလုိလုိအေၾကာင္းအရာေတြျဖစ္ပါတယ္။ အခုေျပာမွာကေတာ့ တကယ္ျဖစ္ခဲ့တဲ့ သမုိင္းမွတ္တမ္းထဲက S.S. Ourang Medan ဆုိတဲ့ သေဘၤာအေၾကာင္းပါ။ Ourang Medan ဟာ ဒတ္ခ်္ပင္လယ္ကူးသေဘၤာတစ္စင္းျဖစ္ၿပီး ၁၉၄၈ခုႏွစ္ ေဖေဖာ္၀ါရီလက အင္ဒုိနီးရွားကမ္းရုိးတန္းအနီးမွာ ရွိေနခဲ့ပါတယ္။ အနီးဆုံးကယ္ဆယ္ေရး စခန္းဆီကို ဒီသေဘၤာကေန ေၾကးနန္းတစ္ေစာင္နဲ႔ အကူအညီေတာင္းခံခဲ့ပါတယ္။

စာထဲမွာပါတာကေတာ့-သေဘၤာကတ္ပတိန္နဲ႔ အရာရွိေတြအားလုံး မ်က္လုံးပ်ဴးကာေသေနၾကေၾကာင္း ၊ မၾကာမီ သေဘၤာသားေတြအားလုံးလည္း ေသဆုံးကုန္ေတာ့မွာျဖစ္ေၾကာင္း ပါရွိၿပီး ေနာက္ကစာသားေတြကေတာ့ အဓိပၸါယ္ေဖာ္မရတဲ့ စာသားေတြျဖစ္ပါတယ္။ ေနာက္ဆုံးတစ္ေၾကာင္းကေတာ့ ငါလည္းေသၿပီ ဟူသာစာလုံးနဲ႔ အဆုံးသတ္ထားေၾကာင္းကုိ စခန္းမွ အရာရွိမ်ား အထိတ္တလန္႔ဖတ္လုိက္္ရပါတယ္။ ဘာအေၾကာင္းေၾကာင့္ ေသတယ္ဆုိတာကုိေတာ့ ေဖာ္ျပထားျခင္းမရွိပါဘူး။

ခ်က္ခ်င္းပဲ သေဘၤာရွိရာကို ကယ္ဆယ္ဖုိ႔ လုိက္သြားၾကပါတယ္။ သေဘၤာအနီးေရာက္တဲ့အခါ သေဘၤာကုိ အဆက္အသြယ္လုပ္ေပမယ့္ ဘယ္လုိမွဆက္သြယ္လုိ႔မရခဲ့ပါဘူး။ လာေရာက္ကယ္ဆယ္တဲ့ Silver Star သေဘၤာက အခ်က္ျပေပမယ့္ သေဘၤာဆီကဘာမွ အေၾကာင္းမျပန္ခဲ့တာေၾကာင့္ သေဘၤာေပၚတက္ၾကည့္ၾကတဲ့အခါမွာေတာ့ ေသြးပ်က္ဖြယ္ျမင္ကါင္းကုိ ျမင္လုိက္ရပါတယ္။ ေၾကးနန္းစာထဲမွာ ပါတဲ့အတုိင္း အရာရွိေတြဟာ ကြပ္ကဲေရးစင္မွာ ေသဆုံးေနၾကၿပီး သေဘၤာေပၚမွာေတာ့ သေဘၤာသားေတြအားလုံးေသဆုံးေနၾကပါတယ္။ အထူးျခားဆုံး အခ်က္ကေတာ့ ေသဆုံးသူ အားလုံး ဘာဒဏ္ရာမွ မရွိပဲ ေနရွိရာဘက္မ်က္ႏွာလွည့္ေသဆုံးေနၾကတာျခင္း တူညီေနၾကတာပါ။ မ်က္လုံးျပဴးကာ လက္ေတြျပန္႔ကားေနၿပီး အလြန္ထိတ္္လန္႔စရာ အႏၱရာယ္တစ္ခုခုကုိ ျမင္ေတြ႔ခဲ့ရပုံပါ။

လူေတြသာမကပဲ သေဘၤာေပၚမွာ ပါတဲ့ ေခြးအားလုံးလည္း မ်က္စိျပဴးကာ မ်က္ႏွာမ်ားရႈံမဲ့လ်က္ေသဆုံးေနၾကပါတယ္။ Silver Star သေဘၤာနဲ႔ လုိက္ကယ္သူမ်ားဟာ အသက္ရွင္သူ ရွိလုိရွိျငား သေဘၤာေပၚမွာ ပတ္ရွာၾကပါတယ္။ သေဘၤာစက္ခန္းထဲ၀င္တဲ့အခါ ထူးျခားခ်က္တစ္ခုကို ထပ္ႀကဳံၾကရပါတယ္။ သေဘၤာစက္ခန္းဟာ ပုံမွန္အပူခ်ိန္ ၁၁၀ဒီဂရီဖာရင္ဟုိက္ ရွိေနေပမယ့္ ၀င္ေရာက္သူအားလုံး အလြန္တရာေအးစိမ့္ၿပီး လန္႔သလုိလုိခံစားၾကရပါတယ္။

ေနာက္ဆုံးမွာ သေဘၤာကို အနီးဆုံးဆိပ္ကမ္းရွိရာကုိ အကူသေဘၤာတစ္စင္းနဲ႔ ဆြဲဖုိ႔ျပင္ဆင္ၾကပါတယ္။ ဆြဲဖုိ႔လုပ္တဲ့အခ်ိန္မွာပဲ သေဘၤာအလယ္က မီးခုိးမ်ားစြာထြက္လာတဲ့အတြက္ ကယ္ဆယ္ေရး သေဘၤာသားေတြဟာ သေဘၤာကုိ စြန္႔ခြာခဲ့ပါတယ္။ အခ်ိန္ခဏမွာပဲ Ourang Medan သေဘၤာဟာ မီးေတာက္မီးလ်ံမ်ားထြက္လာၿပီး အလုိုလုိေပါက္ကြဲနစ္ျမဳပ္သြားပါတယ္။ သေဘၤာေပါက္ကြဲမႈဟာ သေဘၤာေပၚမွာ ေပါက္ကြဲေစတတ္တဲ့ ဓာတုပစၥည္းမ်ားတင္ေဆာင္လာလုိ႔ လုိ႔ ခန္႔မွန္းၾကေပမယ့္ သေဘၤာသားေတြေသဆုံးခဲ့တဲ့ ကိစၥကုိေတာ့ ဘယ္လုိမွ ခန္႔မွန္းမရပဲ ပရေလာကသားမ်ားေၾကာင့္လုိ႔ပဲ သတ္မွတ္လုိက္ၾကပါတယ္။ သေဘၤာသားေတြ ဘာေၾကာင့္ဘယ္လုိျဖစ္သြားသလဲ ဆုိတာကေတာ့ယေန႔တုိင္ အေျဖရွာမရတဲ့ ထူးဆန္းထိတ္လန္႔ဖြယ္ပုစာၦတစ္ပုဒ္ အျဖစ္က်န္ရစ္ခဲ့ပါတယ္။


ယနေ့တိုင် မဖြေရှင်းနိုင်တဲ့ ကမ္ဘာ့ထိတ်လန့်စရာအကောင်းဆုံး အဖြစ်အပျက်တွေနဲ့ တစ္ဆေသင်္ဘော (သို့) S.S Ourang Medan (unicode)

ကမ္ဘာပေါ်မှာ တစ္ဆေသင်္ဘောတွေအကြောင်းကို မကြာခဏကြားဖူးကြမှာပါ။ အများစုဟာ ဟိုး ရာစုနှစ်ပေါင်းများစွာက ပုံပြင်လိုလို ဒဏ္ဍာရီလိုလိုအကြောင်းအရာတွေဖြစ်ပါတယ်။ အခုပြောမှာကတော့ တကယ်ဖြစ်ခဲ့တဲ့ သမိုင်းမှတ်တမ်းထဲက S.S. Ourang Medan ဆိုတဲ့ သင်္ဘောအကြောင်းပါ။ Ourang Medan ဟာ ဒတ်ချ်ပင်လယ်ကူးသင်္ဘောတစ်စင်းဖြစ်ပြီး ၁၉၄၈ခုနှစ် ဖေဖော်ဝါရီလက အင်ဒိုနီးရှားကမ်းရိုးတန်းအနီးမှာ ရှိနေခဲ့ပါတယ်။ အနီးဆုံးကယ်ဆယ်ရေး စခန်းဆီကို ဒီသင်္ဘောကနေ ကြေးနန်းတစ်စောင်နဲ့ အကူအညီတောင်းခံခဲ့ပါတယ်။

စာထဲမှာပါတာကတော့-သင်္ဘောကတ်ပတိန်နဲ့ အရာရှိတွေအားလုံး မျက်လုံးပျူးကာသေနေကြကြောင်း ၊ မကြာမီ သင်္ဘောသားတွေအားလုံးလည်း သေဆုံးကုန်တော့မှာဖြစ်ကြောင်း ပါရှိပြီး နောက်ကစာသားတွေကတော့ အဓိပ္ပါယ်ဖော်မရတဲ့ စာသားတွေဖြစ်ပါတယ်။ နောက်ဆုံးတစ်ကြောင်းကတော့ ငါလည်းသေပြီ ဟူသာစာလုံးနဲ့ အဆုံးသတ်ထားကြောင်းကို စခန်းမှ အရာရှိများ အထိတ်တလန့်ဖတ်လိုက်ရပါတယ်။ ဘာအကြောင်းကြောင့် သေတယ်ဆိုတာကိုတော့ ဖော်ပြထားခြင်းမရှိပါဘူး။

ချက်ချင်းပဲ သင်္ဘောရှိရာကို ကယ်ဆယ်ဖို့ လိုက်သွားကြပါတယ်။ သင်္ဘောအနီးရောက်တဲ့အခါ သင်္ဘောကို အဆက်အသွယ်လုပ်ပေမယ့် ဘယ်လိုမှဆက်သွယ်လို့မရခဲ့ပါဘူး။ လာရောက်ကယ်ဆယ်တဲ့ Silver Star သင်္ဘောက အချက်ပြပေမယ့် သင်္ဘောဆီကဘာမှ အကြောင်းမပြန်ခဲ့တာကြောင့် သင်္ဘောပေါ်တက်ကြည့်ကြတဲ့အခါမှာတော့ သွေးပျက်ဖွယ်မြင်ကါင်းကို မြင်လိုက်ရပါတယ်။ ကြေးနန်းစာထဲမှာ ပါတဲ့အတိုင်း အရာရှိတွေဟာ ကွပ်ကဲရေးစင်မှာ သေဆုံးနေကြပြီး သင်္ဘောပေါ်မှာတော့ သင်္ဘောသားတွေအားလုံးသေဆုံးနေကြပါတယ်။ အထူးခြားဆုံး အချက်ကတော့ သေဆုံးသူ အားလုံး ဘာဒဏ်ရာမှ မရှိပဲ နေရှိရာဘက်မျက်နှာလှည့်သေဆုံးနေကြတာခြင်း တူညီနေကြတာပါ။ မျက်လုံးပြူးကာ လက်တွေပြန့်ကားနေပြီး အလွန်ထိတ်လန့်စရာ အန္တရာယ်တစ်ခုခုကို မြင်တွေ့ခဲ့ရပုံပါ။

လူတွေသာမကပဲ သင်္ဘောပေါ်မှာ ပါတဲ့ ခွေးအားလုံးလည်း မျက်စိပြူးကာ မျက်နှာများရှုံမဲ့လျက်သေဆုံးနေကြပါတယ်။ Silver Star သင်္ဘောနဲ့ လိုက်ကယ်သူများဟာ အသက်ရှင်သူ ရှိလိုရှိငြား သင်္ဘောပေါ်မှာ ပတ်ရှာကြပါတယ်။ သင်္ဘောစက်ခန်းထဲဝင်တဲ့အခါ ထူးခြားချက်တစ်ခုကို ထပ်ကြုံကြရပါတယ်။ သင်္ဘောစက်ခန်းဟာ ပုံမှန်အပူချိန် ၁၁၀ဒီဂရီဖာရင်ဟိုက် ရှိနေပေမယ့် ဝင်ရောက်သူအားလုံး အလွန်တရာအေးစိမ့်ပြီး လန့်သလိုလိုခံစားကြရပါတယ်။

နောက်ဆုံးမှာ သင်္ဘောကို အနီးဆုံးဆိပ်ကမ်းရှိရာကို အကူသင်္ဘောတစ်စင်းနဲ့ ဆွဲဖို့ပြင်ဆင်ကြပါတယ်။ ဆွဲဖို့လုပ်တဲ့အချိန်မှာပဲ သင်္ဘောအလယ်က မီးခိုးများစွာထွက်လာတဲ့အတွက် ကယ်ဆယ်ရေး သင်္ဘောသားတွေဟာ သင်္ဘောကို စွန့်ခွာခဲ့ပါတယ်။ အချိန်ခဏမှာပဲ Ourang Medan သင်္ဘောဟာ မီးတောက်မီးလျံများထွက်လာပြီး အလိုုလိုပေါက်ကွဲနစ်မြုပ်သွားပါတယ်။ သင်္ဘောပေါက်ကွဲမှုဟာ သင်္ဘောပေါ်မှာ ပေါက်ကွဲစေတတ်တဲ့ ဓာတုပစ္စည်းများတင်ဆောင်လာလို့ လို့ ခန့်မှန်းကြပေမယ့် သင်္ဘောသားတွေသေဆုံးခဲ့တဲ့ ကိစ္စကိုတော့ ဘယ်လိုမှ ခန့်မှန်းမရပဲ ပရလောကသားများကြောင့်လို့ပဲ သတ်မှတ်လိုက်ကြပါတယ်။ သင်္ဘောသားတွေ ဘာကြောင့်ဘယ်လိုဖြစ်သွားသလဲ ဆိုတာကတော့ယနေ့တိုင် အဖြေရှာမရတဲ့ ထူးဆန်းထိတ်လန့်ဖွယ်ပုစ္ဆာတစ်ပုဒ် အဖြစ်ကျန်ရစ်ခဲ့ပါတယ်။

Leave a Reply