အေျဖရွာမရေသာ သေဘၤာတစ္စင္းရဲ႕ ထူးဆန္းတဲ့ ပေဟဌိ (သုိ႔) Mary Celeste

Posted on

သေဘၤာေတြရဲ႕ ထူးျခားဆန္းျပားသမုိင္းမွာ The Flying Duthman နဲ႔ SS Ourang Medan သေဘၤာေတြလုိပဲ မွတ္တမ္း၀င္တဲ့ သေဘၤာတစ္စင္းကေတာ့ Mary Celeste ဆုိတဲ့ သေဘၤာပဲျဖစ္ပါတယ္။ သူ႔ရဲ႕ထူးျခားခ်က္က လည္းတမ်ဳိးဆန္းျပားပါတယ္။ ပညာရွင္မ်ားက အေျဖအမ်ဳိးမ်ဳိးတြက္ထုတ္ဖုိ႔ ႀကဳိးစားခဲ့ေပမယ့္ လုံေလာက္တဲ့ အေျဖမရခဲ့ပါဘူး။

၂၈၂တန္ရွိ ႏွစ္ပင္တုိင္ ရြက္သေဘၤာတစ္စင္းျဖစ္ၿပီး အရွည္ ၁၀၀ေပ ၊ အနံ႔ ၂၃ေပ ႏွင့္ အျမင့္ ၁၂ေပ အရြယ္အစား ရွိပါတယ္။ ကေဒါႏုိင္ငံပုိင္နက္ျဖစ္တဲ့ ႏုိဗာစေကာ္တီးယားက ကြ်န္းတစ္ခုမွာ ၁၈၆၁ခုႏွစ္က တည္ေဆာက္ခဲ့တာျဖစ္ပါတယ္။ သေဘၤာရဲ႕ ပထမဆုံး ခရီးစဥ္က စလုိ႔ျပသနာေပါင္းစုံ ႀကဳံခဲ့ရပါတယ္။ သေဘၤာရဲ႕ပထမဆုံး ကပၸတိန္ Robert McLellan ဟာ သေဘၤာလုိက္ဖုိ႔ စာခ်ဳပ္ခ်ဳပ္ၿပီး ၉ရက္အၾကာမွာ နမုိးနီးယားေရာဂါရခဲ့ပါတယ္။ သေဘၤာရဲ႕ ပထမဆုံးခရီးစဥ္အတြင္းမွာပဲ ေသဆုံးခဲ့တဲ့အတြက္ သူ႔ေနရာမွာ John Parker ဆုိသူနဲ႔ အစားထုိးလုိက္ရပါတယ္။ ဒုတိယေျမာက္ခရီးမွာလည္း ငါးဖမ္းသေဘၤာတစ္စင္းအား တုိက္မိကာ သေဘၤာပ်က္စီးရျပန္ပါတယ္။ ပ်က္စီးတဲ့သေဘၤာကို သေဘၤာက်င္းမွာ ျပဳျပင္ေနစဥ္အတြင္း မီးေလာက္လုိ႔ အစိတ္အပုိင္းတခ်ဳိ႕ ထပ္ပ်က္စီးရျပန္ပါတယ္။ သေဘၤာကို ျပန္လည္ျပဳျပင္ၿပီးတဲ့ေနာက္ ကုန္တင္လုပ္ငန္းလုပ္ဖုိ႔ ခရီးထြက္ျပန္ပါတယ္။ အဲဒီခရီးမွာလည္း အျခားသေဘၤာကို တုိက္မိျပန္တဲ့အတြက္ သေဘၤာကပၸတိန္ကုိ အလုပ္က ထုတ္ပစ္ခဲ့ပါတယ္။


အထက္ပါ ဆုိးရြားမႈမ်ားကို ဆက္တုိက္ႀကဳံၿပီးတဲ့ေနာက္မွာေတာ့ Mary Celeste သေဘၤာရဲ႕ အေျခအေနျပန္လည္ၿငိမ္သက္ခဲ့ၿပီး ဘာမွဆုိးဆုိးရြားရြားမျဖစ္ေတာ့ပဲ အလုပ္ေကာင္းစြာ လုပ္ႏိုင္ခဲ့ၿပီး သေဘၤာပိုင္ရွင္အတြက္ အျမတ္မ်ားစြာကို ရွာေဖြေပးႏုိင္ခဲ့ပါတယ္။ သေဘၤာခရီးကေတာ့ အေမရိကအလယ္ပုိင္း နဲ႔ ေတာင္အေမရိကတ၀ုိက္ျဖစ္ပါတယ္။ သေဘၤာရဲ႕ အထူးဆန္းဆုံး အျဖစ္အပ်က္ကေတာ့ ၁၈၇၂ ခုႏွစ္မွာ စတင္ခဲ့ပါတယ္။ အဲဒီအခ်ိန္တုန္းက သေဘၤာရဲ႕ ကပၸတိန္က Briggs ဆုိသူျဖစ္ပါတယ္။ သူဟာ သေဘၤာမထြက္မီမွာ သူ႔ သူငယ္ခ်င္း ကပၸတိန္တစ္ေယာက္ျဖစ္တဲ့ Oliver Deveau နဲ႔ ညစာ စားခဲ့ပါေသးတယ္။ Oliver Deveau က Dei gratia သေဘၤာရဲ႕ကပၸတိန္ျဖစ္ၿပီး သူတုိ႔ႏွစ္ဦးသြားရမယ့္ လမ္းေၾကာင္းက အတူတူျဖစ္ပါတယ္။ ဒါေပမယ့္ Mary Celeste သေဘၤာက ကပၸတိန္Briggs ၊ ဇနီး နဲ႔သမီးျဖစ္သူတုိ႔အျပင္ ၀ါရင့္သေဘၤာသား ၇ေယာက္တုိ႔နဲအတူတစ္ပတ္ေစာကာ ထြက္ခဲ့ၿပီး Dei gratia ကေတာ့ ကုန္တင္ရင္းဆိပ္ကမ္းမွာ က်န္ခဲ့ပါတယ္။ ခရီးစဥ္ကေတာ့ နယူးေယာက္ဆိပ္ကမ္းကေန အီတလီ ဂ်ီႏုိအာၿမဳိ႕ကို သြားရမွာျဖစ္ၿပီး အတၱလန္တိတ္သမုဒၵရာကို ေက်ာ္ျဖတ္သြားရမွာျဖစ္ပါတယ္။

ေနာက္တစ္ပတ္မွာေတာ့ Oliver Deveau ဟာ သေဘၤာနဲ႔ အတူ ဂ်ီႏုိအာဆိပ္ကမ္းကုိ ထြက္ခြာလာခဲ့ပါတယ္။ လမ္းတစ္ေလွ်ာက္ရာသီဥတု ေကာင္းမြန္တာေၾကာင့္ ေအးေအးေဆးေဆး ေက်ာ္ျဖတ္ႏုိင္ခဲ့ပါတယ္။ ရက္ ၂၀ ခန္႔ ထြက္ခြာလာၿပီးတဲ့ေနာက္ ထူးဆန္းမႈ တစ္ခုကို စေတြ႔ပါတယ္။ ဒါကေတာ့ ငါးမုိင္အကြာမွာ ထူးဆန္းတဲ့ သေဘၤာတစ္စင္းကုိ ေတြ႔လုိက္ရတာပါ။ သေဘၤာဟာ လမ္းေၾကာင္းအတုိင္းတည့္တည့္မသြားပဲ ဘယ္ညာယိမ္းထုိးကာ သြားေနတဲ့အတြက္ေၾကာင့္ျဖစ္ၿပီး သေဘၤာရြက္ေတြဟာလည္း စုတ္ျပတ္ေနပါတယ္။ ပဲ့နင္းျဖစ္သူကို မွန္ေျပာင္းေပးၾကည့္ေတာ့လည္း သူအတုိင္းပဲျမင္တယ္လုိ႔ ဆုိပါတယ္။ ဒါေၾကာင့္ အဲဒီ သေဘၤာနဲ႔ ကိုက္ ၄၀၀ အကြာအေ၀းခန္္႔ အထိ ေမာင္းႏွင္ၿပီးေစာင့္ၾကည့္တဲ့အခါမွာေတာ့ သေဘၤာေပၚမွာ တစ္စုံတစ္ေယာက္မွ မေတြ႔ရေတာ့ပါဘူး။ သေဘၤာကလည္း သူ႔သူငယ္ခ်င္းရဲ႕သေဘၤာ Mary Celeste ျဖစ္ေနတာကိုတြ႔လုိက္ရပါတယ္။ ဒါေၾကာင့္ သေဘၤာဆီကိုတက္ေရာက္ၾကည့္ရႈ႕တဲ့အခါမွာေတာ့ သေဘၤာတစ္စီးလုံး စုိစြတ္ေနၿပီး ရႈပ္ပြေနတာကိုေတြ႔လုိက္ရပါတယ္။ သေဘၤာထဲတြင္ ေရ ၃ေပခန္႔၀င္ေနေသးေသာ္လည္း သေဘၤာမွာ ႀကံ႕ခုိင္စြာ ရွိေနပါေသးတယ္။ အရက္စည္ ၁၇၀၁လုံးကို တင္ထားသည့္ ကုန္ေလွာင္ခန္းမွာလည္း ပိတ္လွ်က္ပင္ ရွိေနသလုိ သေဘၤာသားတုိ႔ရဲ႕အဖုိတန္ ပစၥည္းေတြလည္း ေျခရာလက္ရာ မပ်က္ရွိေနပါတယ္။ အသက္ကယ္ေလွက မရွိေတာ့ေပမယ့္ သုိေလွာင္ထားတဲ့ စားစရာ နဲ႔ ေရေတြကေတာ့ ဒီအတုိင္းပဲ ရွိေနပါေသးတယ္။ ၿခဳံၾကည့္လုိက္ရင္ အသက္ကယ္ေလွနဲ႔ ခ်က္ခ်င္းထြက္ေျပးသြားၾကတယ္လုိ႔ ယူဆလုိ႔ရပါတယ္။

ဒါေပမယ့္ ေမးခြန္းမ်ားစြာဟာ ေမးစရာရွိေနပါတယ္။ ဘာအေၾကာင္းေၾကာင့္ ခ်က္ခ်င္းထြက္ေျပးခဲ့တာလဲ ။ ထြက္ေျပးတဲ့အခါမွာလည္း ေရနဲ႔ အစားအစာေတြ ပစၥည္းေတြကို ဘာလုိ႔ မယူသြားခဲ့သလဲ။ ဘာေၾကာင့္ သေဘၤာေပၚရွိ လူအကုန္လုံးေပ်ာက္ဆုံးသြားရပါသလဲ။ ဒီေမးခြန္းမ်ားအတြက္ အေျဖအျဖစ္ သီအုိရီမ်ားစြာကို ထုတ္ခဲ့ပါတယ္။ လက္အခံဆုံး သီအုိရီကေတာ့ အရက္စည္ေတြ တစ္စိမ့္စိမ့္ေပါက္ကြဲမႈစျဖစ္တာကို ေၾကာက္လန္႔ၿပီးတဲ့ေနာက္ သေဘၤာေပၚရွိ လူအကုန္ထြက္ေျပးၿပီး ေသဆုံးခဲ့ၾကတယ္ ဆုိတဲ့ သီအုိရီပါ။ ဒီသီအုိရီကို လက္မခံသူမ်ားစြာ ရွိေနပါတယ္။ အရက္စည္ ၁၇၀၁ လုံးရွိတဲ့ အနက္ ၉လုံးမွာသာ အရက္မ်ားမရွိေတာ့သာေၾကာင့္ ျဖစ္ပါတယ္။ တကယ္လုိ႔ ေပါက္ကြဲခဲ့လုိ႔ သေဘၤာကိုေစာင့္ၾကည့္ရင္ ဘာမွမျဖစ္မွန္းေတြ႔ခဲ့မွာပါ။ ၀ါရင့္သေဘၤာသားမ်ားျဖစ္လွ်က္နဲ႔ ဘာေၾကာင့္ သေဘၤာေပၚကို ျပန္မတက္ႏုိင္ၾကပါသလဲ။ ေနာက္တစ္ခုကေတာ့ ပင္လယ္ဓားျပမ်ားနဲ႔ ေတြ႔ဆုံခဲ့တယ္ဆုိတဲ့ အယူအဆတစ္ခုပါ။ ဒါေပမယ့္ ဒါကုိလည္း လက္မခံခဲ့ၾကပါဘူး။ ဓားျပမ်ားက ဘာေၾကာင့္ အဖုိးတန္ပစၥည္းမ်ားကို မယူသြားပဲ ေျခရာလက္ရာမပ်က္ထားခဲ့ၾကပါသလဲ။ ရာသီဥတုသာယာေနပါလွ်က္နဲ႔ ဘာေၾကာင့္ ရြက္မ်ားက ဆုိးရြားစြာစုတ္ၿပဲေနရပါသလဲ စသည္စသည္ျဖင့္ ေမးခြန္းမ်ားကို ပညာရွင္းမ်ားရွင္းလင္းေအာင္ မေျဖႏုိင္ခဲ့ၾကသလုိ သေဘၤာကပၸတိန္ မိသားစုနဲ႔ သေဘၤာသားေတြအားလုံးဟာလည္း ဘာသဲလြန္စမွ မရွိပဲေပ်ာက္ဆုံးသြားခဲ့ရပါတယ္။ သူတုိ႔ဘာေတြျဖစ္ခဲ့သလဲ ဆုိတာကေတာ့ သူတုိ႔ကုိယ္တုိင္မွပဲ သိႏုိင္မွာျဖစ္ၿပီး က်န္ရစ္သူမ်ားအတြက္ေတာ့ Mary Celeste သေဘၤာဟာ ပေဟဌိတစ္ခုအျဖစ္ က်န္ရစ္ခဲ့ပါတယ္။

Mary Celeste သေဘာၤသည္ ပိုင္ရွင္ ( ၁၇ )ဦး ေျပာင္းလဲသြားတဲ့ တုိင္ေအာင္ မေတာ္တဆမႈမ်ား ကံဆုိးမႈမ်ား ဆက္တုိက္ျဖစ္ၿပီးတဲ့ေနာက္ ေနာက္ဆုံးပုိင္ရွင္ဟာ ၁၈၈၅ ခုနွစ္မွာ သေဘၤာကို အျပီးတိုင္ဖ်က္ဆီးပစ္လိုက္ပါေတာ့တယ္။


အဖြေရှာမရသော သင်္ဘောတစ်စင်းရဲ့ ထူးဆန်းတဲ့ ပဟေဌိ (သို့) Mary Celeste (unicode)

သင်္ဘောတွေရဲ့ ထူးခြားဆန်းပြားသမိုင်းမှာ The Flying Duthman နဲ့ SS Ourang Medan သင်္ဘောတွေလိုပဲ မှတ်တမ်းဝင်တဲ့ သင်္ဘောတစ်စင်းကတော့ Mary Celeste ဆိုတဲ့ သင်္ဘောပဲဖြစ်ပါတယ်။ သူ့ရဲ့ထူးခြားချက်က လည်းတမျိုးဆန်းပြားပါတယ်။ ပညာရှင်များက အဖြေအမျိုးမျိုးတွက်ထုတ်ဖို့ ကြိုးစားခဲ့ပေမယ့် လုံလောက်တဲ့ အဖြေမရခဲ့ပါဘူး။

၂၈၂တန်ရှိ နှစ်ပင်တိုင် ရွက်သင်္ဘောတစ်စင်းဖြစ်ပြီး အရှည် ၁၀ဝပေ ၊ အနံ့ ၂၃ပေ နှင့် အမြင့် ၁၂ပေ အရွယ်အစား ရှိပါတယ်။ ကဒေါနိုင်ငံပိုင်နက်ဖြစ်တဲ့ နိုဗာစကော်တီးယားက ကျွန်းတစ်ခုမှာ ၁၈၆၁ခုနှစ်က တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ သင်္ဘောရဲ့ ပထမဆုံး ခရီးစဉ်က စလို့ပြသနာပေါင်းစုံ ကြုံခဲ့ရပါတယ်။ သင်္ဘောရဲ့ပထမဆုံး ကပ္ပတိန် Robert McLellan ဟာ သင်္ဘောလိုက်ဖို့ စာချုပ်ချုပ်ပြီး ၉ရက်အကြာမှာ နမိုးနီးယားရောဂါရခဲ့ပါတယ်။ သင်္ဘောရဲ့ ပထမဆုံးခရီးစဉ်အတွင်းမှာပဲ သေဆုံးခဲ့တဲ့အတွက် သူ့နေရာမှာ John Parker ဆိုသူနဲ့ အစားထိုးလိုက်ရပါတယ်။ ဒုတိယမြောက်ခရီးမှာလည်း ငါးဖမ်းသင်္ဘောတစ်စင်းအား တိုက်မိကာ သင်္ဘောပျက်စီးရပြန်ပါတယ်။ ပျက်စီးတဲ့သင်္ဘောကို သင်္ဘောကျင်းမှာ ပြုပြင်နေစဉ်အတွင်း မီးလောက်လို့ အစိတ်အပိုင်းတချို့ ထပ်ပျက်စီးရပြန်ပါတယ်။ သင်္ဘောကို ပြန်လည်ပြုပြင်ပြီးတဲ့နောက် ကုန်တင်လုပ်ငန်းလုပ်ဖို့ ခရီးထွက်ပြန်ပါတယ်။ အဲဒီခရီးမှာလည်း အခြားသင်္ဘောကို တိုက်မိပြန်တဲ့အတွက် သင်္ဘောကပ္ပတိန်ကို အလုပ်က ထုတ်ပစ်ခဲ့ပါတယ်။

အထက်ပါ ဆိုးရွားမှုများကို ဆက်တိုက်ကြုံပြီးတဲ့နောက်မှာတော့ Mary Celeste သင်္ဘောရဲ့ အခြေအနေပြန်လည်ငြိမ်သက်ခဲ့ပြီး ဘာမှဆိုးဆိုးရွားရွားမဖြစ်တော့ပဲ အလုပ်ကောင်းစွာ လုပ်နိုင်ခဲ့ပြီး သင်္ဘောပိုင်ရှင်အတွက် အမြတ်များစွာကို ရှာဖွေပေးနိုင်ခဲ့ပါတယ်။ သင်္ဘောခရီးကတော့ အမေရိကအလယ်ပိုင်း နဲ့ တောင်အမေရိကတဝိုက်ဖြစ်ပါတယ်။ သင်္ဘောရဲ့ အထူးဆန်းဆုံး အဖြစ်အပျက်ကတော့ ၁၈၇၂ ခုနှစ်မှာ စတင်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းက သင်္ဘောရဲ့ ကပ္ပတိန်က Briggs ဆိုသူဖြစ်ပါတယ်။ သူဟာ သင်္ဘောမထွက်မီမှာ သူ့ သူငယ်ချင်း ကပ္ပတိန်တစ်ယောက်ဖြစ်တဲ့ Oliver Deveau နဲ့ ညစာ စားခဲ့ပါသေးတယ်။ Oliver Deveau က Dei gratia သင်္ဘောရဲ့ကပ္ပတိန်ဖြစ်ပြီး သူတို့နှစ်ဦးသွားရမယ့် လမ်းကြောင်းက အတူတူဖြစ်ပါတယ်။ ဒါပေမယ့် Mary Celeste သင်္ဘောက ကပ္ပတိန်Briggs ၊ ဇနီး နဲ့သမီးဖြစ်သူတို့အပြင် ဝါရင့်သင်္ဘောသား ၇ယောက်တို့နဲအတူတစ်ပတ်စောကာ ထွက်ခဲ့ပြီး Dei gratia ကတော့ ကုန်တင်ရင်းဆိပ်ကမ်းမှာ ကျန်ခဲ့ပါတယ်။ ခရီးစဉ်ကတော့ နယူးယောက်ဆိပ်ကမ်းကနေ အီတလီ ဂျီနိုအာမြို့ကို သွားရမှာဖြစ်ပြီး အတ္တလန်တိတ်သမုဒ္ဒရာကို ကျော်ဖြတ်သွားရမှာဖြစ်ပါတယ်။

နောက်တစ်ပတ်မှာတော့ Oliver Deveau ဟာ သင်္ဘောနဲ့ အတူ ဂျီနိုအာဆိပ်ကမ်းကို ထွက်ခွာလာခဲ့ပါတယ်။ လမ်းတစ်လျှောက်ရာသီဥတု ကောင်းမွန်တာကြောင့် အေးအေးဆေးဆေး ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ ရက် ၂၀ ခန့် ထွက်ခွာလာပြီးတဲ့နောက် ထူးဆန်းမှု တစ်ခုကို စတွေ့ပါတယ်။ ဒါကတော့ ငါးမိုင်အကွာမှာ ထူးဆန်းတဲ့ သင်္ဘောတစ်စင်းကို တွေ့လိုက်ရတာပါ။ သင်္ဘောဟာ လမ်းကြောင်းအတိုင်းတည့်တည့်မသွားပဲ ဘယ်ညာယိမ်းထိုးကာ သွားနေတဲ့အတွက်ကြောင့်ဖြစ်ပြီး သင်္ဘောရွက်တွေဟာလည်း စုတ်ပြတ်နေပါတယ်။ ပဲ့နင်းဖြစ်သူကို မှန်ပြောင်းပေးကြည့်တော့လည်း သူအတိုင်းပဲမြင်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် အဲဒီ သင်္ဘောနဲ့ ကိုက် ၄၀ဝ အကွာအဝေးခန့် အထိ မောင်းနှင်ပြီးစောင့်ကြည့်တဲ့အခါမှာတော့ သင်္ဘောပေါ်မှာ တစ်စုံတစ်ယောက်မှ မတွေ့ရတော့ပါဘူး။ သင်္ဘောကလည်း သူ့သူငယ်ချင်းရဲ့သင်္ဘော Mary Celeste ဖြစ်နေတာကိုတွ့လိုက်ရပါတယ်။ ဒါကြောင့် သင်္ဘောဆီကိုတက်ရောက်ကြည့်ရှု့တဲ့အခါမှာတော့ သင်္ဘောတစ်စီးလုံး စိုစွတ်နေပြီး ရှုပ်ပွနေတာကိုတွေ့လိုက်ရပါတယ်။ သင်္ဘောထဲတွင် ရေ ၃ပေခန့်ဝင်နေသေးသော်လည်း သင်္ဘောမှာ ကြံ့ခိုင်စွာ ရှိနေပါသေးတယ်။ အရက်စည် ၁၇၀၁လုံးကို တင်ထားသည့် ကုန်လှောင်ခန်းမှာလည်း ပိတ်လျှက်ပင် ရှိနေသလို သင်္ဘောသားတို့ရဲ့အဖိုတန် ပစ္စည်းတွေလည်း ခြေရာလက်ရာ မပျက်ရှိနေပါတယ်။ အသက်ကယ်လှေက မရှိတော့ပေမယ့် သိုလှောင်ထားတဲ့ စားစရာ နဲ့ ရေတွေကတော့ ဒီအတိုင်းပဲ ရှိနေပါသေးတယ်။ ခြုံကြည့်လိုက်ရင် အသက်ကယ်လှေနဲ့ ချက်ချင်းထွက်ပြေးသွားကြတယ်လို့ ယူဆလို့ရပါတယ်။

ဒါပေမယ့် မေးခွန်းများစွာဟာ မေးစရာရှိနေပါတယ်။ ဘာအကြောင်းကြောင့် ချက်ချင်းထွက်ပြေးခဲ့တာလဲ ။ ထွက်ပြေးတဲ့အခါမှာလည်း ရေနဲ့ အစားအစာတွေ ပစ္စည်းတွေကို ဘာလို့ မယူသွားခဲ့သလဲ။ ဘာကြောင့် သင်္ဘောပေါ်ရှိ လူအကုန်လုံးပျောက်ဆုံးသွားရပါသလဲ။ ဒီမေးခွန်းများအတွက် အဖြေအဖြစ် သီအိုရီများစွာကို ထုတ်ခဲ့ပါတယ်။ လက်အခံဆုံး သီအိုရီကတော့ အရက်စည်တွေ တစ်စိမ့်စိမ့်ပေါက်ကွဲမှုစဖြစ်တာကို ကြောက်လန့်ပြီးတဲ့နောက် သင်္ဘောပေါ်ရှိ လူအကုန်ထွက်ပြေးပြီး သေဆုံးခဲ့ကြတယ် ဆိုတဲ့ သီအိုရီပါ။ ဒီသီအိုရီကို လက်မခံသူများစွာ ရှိနေပါတယ်။ အရက်စည် ၁၇၀၁ လုံးရှိတဲ့ အနက် ၉လုံးမှာသာ အရက်များမရှိတော့သာကြောင့် ဖြစ်ပါတယ်။ တကယ်လို့ ပေါက်ကွဲခဲ့လို့ သင်္ဘောကိုစောင့်ကြည့်ရင် ဘာမှမဖြစ်မှန်းတွေ့ခဲ့မှာပါ။ ဝါရင့်သင်္ဘောသားများဖြစ်လျှက်နဲ့ ဘာကြောင့် သင်္ဘောပေါ်ကို ပြန်မတက်နိုင်ကြပါသလဲ။ နောက်တစ်ခုကတော့ ပင်လယ်ဓားပြများနဲ့ တွေ့ဆုံခဲ့တယ်ဆိုတဲ့ အယူအဆတစ်ခုပါ။ ဒါပေမယ့် ဒါကိုလည်း လက်မခံခဲ့ကြပါဘူး။ ဓားပြများက ဘာကြောင့် အဖိုးတန်ပစ္စည်းများကို မယူသွားပဲ ခြေရာလက်ရာမပျက်ထားခဲ့ကြပါသလဲ။ ရာသီဥတုသာယာနေပါလျှက်နဲ့ ဘာကြောင့် ရွက်များက ဆိုးရွားစွာစုတ်ပြဲနေရပါသလဲ စသည်စသည်ဖြင့် မေးခွန်းများကို ပညာရှင်းများရှင်းလင်းအောင် မဖြေနိုင်ခဲ့ကြသလို သင်္ဘောကပ္ပတိန် မိသားစုနဲ့ သင်္ဘောသားတွေအားလုံးဟာလည်း ဘာသဲလွန်စမှ မရှိပဲပျောက်ဆုံးသွားခဲ့ရပါတယ်။ သူတို့ဘာတွေဖြစ်ခဲ့သလဲ ဆိုတာကတော့ သူတို့ကိုယ်တိုင်မှပဲ သိနိုင်မှာဖြစ်ပြီး ကျန်ရစ်သူများအတွက်တော့ Mary Celeste သင်္ဘောဟာ ပဟေဌိတစ်ခုအဖြစ် ကျန်ရစ်ခဲ့ပါတယ်။

Mary Celeste သင်္ဘောသည် ပိုင်ရှင် ( ၁၇ )ဦး ပြောင်းလဲသွားတဲ့ တိုင်အောင် မတော်တဆမှုများ ကံဆိုးမှုများ ဆက်တိုက်ဖြစ်ပြီးတဲ့နောက် နောက်ဆုံးပိုင်ရှင်ဟာ ၁၈၈၅ ခုနှစ်မှာ သင်္ဘောကို အပြီးတိုင်ဖျက်ဆီးပစ်လိုက်ပါတော့တယ်။

Leave a Reply